Saturday, September 20, 2008

Blog Introduction

ဘလော့ဂ်ကြွလာ မိတ်သဟာ အပေါင်းတို့ခင်ဗျာ...။
ပျော်စရာကောင်းတဲ့ ပိတ်ရက်လေး တစ်ခု ဖြစ်ပါစေဗျာ...။
ဒီတစ်ခါတော့ ဘလော့ဂ်ပေါ်က ကောင်းနိုးရာရာ ဖတ်သင့်တာလေးတွေကို ညွှန်းပေးချင်လို့ပါ...။

သိပ်များများစားစား မဟုတ်ပါဘူး...။
အရယ်သန်တဲ့ ကျွန်တော် မကြခဏ ဖတ်လေ့ရှိတဲ့ ဘလော့ဂ်လေးတွေကို ညွှန်းချင်တာ...။

၁။ ဒီကိုလာ (http://degolar.blogspot.com)
သူကတော့ အရင် ဘလော့ဂ်အဟောင်းကနေ အခု လက်ရှိ ဘလော့ဂ်ကို ပြောင်းခဲ့တာ တစ်နှစ်မကြာသေးဘူး...။ ဘလော့ဂ်အဟောင်းကို ပိုစုံတယ်...။ ပိုရီရတယ်...။ အခု ဘလော့ဂ်လဲ ရီရပါတယ်...။
ဘ၀အစုံစုံ အကြောင်း...
လေယာဉ်ပေါ်က ဘေစင်မှာ ရွှေပန်းနဲ့ ရှုရှုးပန်းတာ...
ဟောင်ကောင် အချုပ်ထဲ အလည်ရောက်ဖူးတာ...
မလေးက ဂျဲန်တင်းတောင် တက်တာ...
အန်တီယု အကြောင်း..
ထိုင်ဝမ်က ဂျပန်စားသောက်ဆိုင်က မျက်နှာ ရဲတွတ်နေတဲ့ ကောင်မလေးနဲ့ သူ့ရဲ့ တစ်ညတာ အကြောင်း...။
အို..... သွားတာ ဖတ်ကြည့်လိုက်ပါလေ...။
အနည်းဆုံးတော့ စိတ်လက်ပေါ့ပါးသွားပါလိမ့်မယ်...။ (သူရေးတဲ့ အရည်မရ အဖတ်မရတွေ ဖတ်ပြီးတော့ပေါ့လေ...။ဟိ)
ဖတ်လို့ မကောင်းရင်တော့ သူရေးတာ မကောင်းလို့ပေါ့ဗျာ...။ ဟဲ...။
ရုပ်ရှင်ဖတ်ညွှန်းများလဲ သူက လုပ်တတ်သေးတာဗျ...။
မလေးရှားကို ဗိုင်းရိတ်စီဒီများ ၀ယ်ပြီးတော့ ဝေဖန်ရေး ၊ လေကန်ရေး လုပ်နေတာ...။
နောက်ဆုံးတစ်ခုကတော့ အုန်းသီးလက်ဝယ်ရောက်နေတဲ့ မျောက်လိုပါပဲ...။
အဲဒီ အုန်းသီး အကြောင်းကို သူတစ်ဖွဖွ ပြောလို့ မဆုံးဘူး...။
ကိုယ့်ငါးဖယ်ကို ကိုယ်ခဏခဏ ချဉ်တတ်တဲ့ ကိုငါးဖယ်ကြီးပေါ့ဗျာ...။ (ဒီစကားပုံလောက်တော့ SMNTL နားလည်လိမ့်မယ်လို့ ယံကြည်ပါတယ်...။)
သူ့လက်ထွက် ငါးဖယ်တွေကို ခဏခဏ ထုတ်ကြွားတတ်ပါတယ်...။
တင်းတင်းလေးကြောင့်သာ ကျွန်တော် အဲဒီ ငါးဖယ်တွေကို အောင့်အီးသည်းညည်းခံ ဖတ်နေရတာပါဗျာ...။
ကြည့်ကျက်ပြီး ဖတ်ကြဗျိုး...။

၂။ ဏဗဏ (http://navana07.blogspot.com)
သူကတော့ ကျွန်တော်တို့ ပုဂံနေပြည်တော်ဆိုတဲ့ အရပ်မှာ ကျက်စားလာကတည်းက လက်စောင်းထက်ခဲ့တဲ့ အစ်ကိုကြီးပေါ့ဗျာ...။
ကျောင်းမှာလဲ သူက ကျွန်တော်တို့ စီနီယာနောင်တောင်ကြီးဗျ...။
ကျောင်းမှာလဲ တစ်ခေတ်တစ်ခါ သူ့နာမည်တွင်သွားခဲ့တယ်...။
ပုဂံနေပြည်တော်မှာလဲ သူ့စာတွေဆို စောင့်ဖတ်နေကြတဲ့ ပရိသတ်များ ဒုနဲ့ ဒေးပါ...။
ဟော... နေးတစ်နိုင်ငံတော်ကိုလဲ ကျွန်တော်တို့ ပြောင်းလာရော... ကျွန်တော်တို့ အစ်ကိုကြီးလဲ ပါလာသဗျ...။
ဒီမှာလဲ နောက်ထပ် နောက်ထပ် အသစ်အသစ်သော သူရဲ့ ကြုံရဆုံရ ဘ၀အစုံအစုံ အကြောင်းကို ဟာသသောလေးနဲ့ နှောပြီး တင်ပြထားတာ ဖတ်ရပြန်တယ်...။
အခု ကိုဏဗဏက သူအရင်က ရေးထားတဲ့ စာတွေကို ဘလော့စာမျက်နှာထက်ပေါ် စတင်နေပါပြီ...။
ဟိုးအရင် ငယ်ငယ်ကစ၊ ကျောင်းတက်တာ အလယ်..၊ အခု လက်ရှိ အလုပ်လုပ်နေတဲ့ အထိ ပေါ့ဗျာ...။ တင်ထားပါတယ်...။
လက်ရှိ တော့ ကျောင်းတက်တဲ့ အပိုင်းအထိပဲ တင်ထားတာ တွေ့ရတယ်...။
နောက်ဆုံး လက်ရှိအပ်ပ်ဒိတ်အခြေအနေကို ဖတ်ကြည့်ချင်ရင်တော့ ဒီနေရာ (နေးတစ်မြန်မာ)မှာ သွားဖတ်နိုင်ပါတယ်...။
Sing up တော့ ဒီနေရာမှာ Native Myanmar Forum မှာ လုပ်ဖို့ လိုလိမ့်မယ်နော့...။
သမန်ပေါသွပ်နဲ့ ၀င်းဦး စပ်ထားတဲ့ ရုပ်နဲ့ ကျွန်တော့် အစ်ကိုကြီးစာတွေကို သိပ်မညွှန်းတော့ပါဘူးဗျာ...။
သွားသာ ဖတ်ကြည့်လိုက်တော့ဗျိုး...။

အခုညွှန်းထားတဲ့ ဘလော့ဂ်နှစ်ခုကို ဖတ်ပြီးလို့မှ လုံးလုံး မရီရဘူးဆိုရင်တော့....။
မိတ်ဆွေ ဆိုက်ခက်ထရစ်နဲ့ သွားပြီး မက်တီကယ် ထရစ်မဲန့် ယူသင့်ပါပြီလို့...။

2 comments:

  1. Boyz ရေ

    ''ကိုယ့်ငါးဖယ်ကို ကိုယ်ခဏခဏ ချဉ်တတ်တဲ့ ကိုငါးဖယ်ကြီး'' = ''ကိုယ့်ကိုကိုယ် အကောင်းမြင်ခြင်း။''

    အဲဒီလောက်တော့ သိပါတယ်နော်။

    တချို့ဟာတွေ တကယ် မသိရပါ..

    ''မှန်တာပြော သေဌေး ဖြစ်ရပါစေ'' By the way အဲဒါ မမKOM သင်ပေး ထားတာ။

    သိရက်နဲ့ မသိခြင်ယောင် ဆောင်ခြင်း မဟုတ်ပါ။

    သင်ပေးပါ။ လေ့လာပါ့မယ်။

    ကျေးဇူး
    SMNTL

    ReplyDelete
  2. သေဌေး မဟုတ်ပါ...။ သူဌေးပါ...။ အဲဒီအမ်းမား kom စကားလုံးတေံကို သေချာ ဂရုစိုက် သင်ယူပါ...။ သူက စာလုံးပေါင်း သတ်ပုံ ၈ရုစိုက်သူ မဟုတ်ပါ...။ ဟိ
    အမှားကြာတော့ အမှန် ထင် ထင်သွားတတ်လို့ စေတနာနဲ့ ပြင်ပေးတာ ဖြစ်ပါတယ်...။
    အမ်းမား Kom ကိုလဲ ချစ်လို့ ခင်လို့ စ နောက် နေခြင်းသာ ဖြစ်ပါတယ်...။ kom ဗွေယူမယ်ဆိုရင်လဲ ခေါင်းပေါ်က မရှိမဲ့ ရှိမဲ့ ဗွေကိုသာ ယူသွားပါတော့ ... ဟီး။။။

    ReplyDelete