Friday, February 29, 2008

ဇာတ်တူသား စားခြင်း၏ အကျိုးကျေးဇူး

ငယ်ငယ်တုန်းက ကိုးတန်းလောက်မှာ မြန်မာ ဇာတက ၀တ်ထုတိုများ ဆိုပြီး ပုံပြင်လေးတွေ သင်ခဲ့ရဖူးတယ်...။ ဇာတ်တူသားစားလို့ ဟင်္သာကိုးသောင်း ဇာတ်ပျက်သွားရပုံ အကြောင်းပေါ့လေ...။
မှတ်မိကြဦးမလား...။ မေ့နေရင် အကျဉ်းချုံး ပြီးပြောပြမယ်...။ လာကြ.. လာကြ...။
တစ်ခါတုန်းကပေါ့ကွယ်...။ ကြီးမားတဲ့ ဂူတစ်ဂူထဲမှာ ဟသာင်္ပေါင်း ကိုးသောင်းဟာ ဟင်္သာသဘာဝအလျောက် နေထိုင်ကြသတဲ့...။ ခြေခင်းလက်ခင်းသာတဲ့ နေ့တွေမှာဆို သလေးစပါးနှံရှိရာ စားကျက်ကွင်းဆီကို သွားရောက် အစာရှာလေ့ရှိကြပြီး... ရာသီဥတု မသာယာခဲ့ရင်တော့ ဂူထဲမှာ လက်ဦးမဆွက သိုလှောင်ထားတဲ့ ရိတ်ခါများကို မှီဝဲနေကြသတဲ့...။ အခါတစ်ပါးမှာ ရာသီဥတု ဖောက်ပြန်လို့ ဟသာင်္များ ဂူထဲကနေ ဂူပြင် မထွက်နိုင် ဖြစ်ကြသတဲ့...။ သိုလှောင်ထားတဲ့ စားနပ်ရိတ်ခါများလဲ လုံးပါး ပါးကုန်သတဲ့...။ ဖြစ်ချင်တော့ ဂူဝမှာ လှည်းဘီးပမာဏလောက်ရှိတဲ့ ပင့်ကူကြီးဟာ ကြီးမားတဲ့ ပင့်ကူအိမ်ကြီးကို ဂူပေါက်ဝကို ပိတ်ပြီးတော့ အိမ်ဆောက်နေသတဲ့...။ ဒီတော့ ဟင်္သာတို့လဲ အပြင်ကို မထွက်နိုင် ဖြစ်ကြတော့တာပေါ့...။ စားစရာက ရှားပါးလာတော့ မလုပ်သင့်တာကို လုပ်မိကြသတဲ့...။ ပထမဆုံး ဟင်္သာပေါက်စကို စားကြသတဲ့...။ အဲဒီ ပေါက်စတွေကုန်တော့ ဟင်္သာအိုများ...ထိုမှ တစ်ဆင့် ဟင်္သာမျများ စသဖြင့် စားသောက်ကြသတဲ့...။ ပင့်ကူကလည်း ဖယ်ကို မဖယ်ပေးဘူးတဲ့...။ နောက်ဆုံးမတော့ ကြံရာမရတော့ ခေါင်းဆောင်လုပ်တဲ့ အစုကနေပြီးတော့ ငယ်ရွယ်ပြီး ဖျတ်လတ်သန်မာတဲ့ ဟင်္သာပျိုများကို ပင့်ကူကြီးကို သွားရောက်နှိမ်နင်းဖို့ အတင်းအကျပ် တာဝန်ပေးသတဲ့...။ တာဝန်ပေးအပ်ခြင်းခံရတဲ့ ဟင်္သာများလဲ သူတို့မှာ ရှိတဲ့ အစွမ်းမှန်သမျှ သုံးပြီး တိုက်ခိုက်ပါသော်လည်း ဇာတ်တူသားစားမိတော့ အင်အားချိနဲ့ပြီး ပင့်ကူကြီးရဲ့ အစားကိုခံလိုက်ရတာ ရှိတဲ့ ဟင်္သာပေါင်း ကိုးသောင်း ပြုတ်ပြုတ်ပြုန်းရောဆိုပဲ...။ အဲဒါကြောင့်နေမှာ ခုဆို ဟင်္သာဆိုတာ ပုံပြင်ထဲမျာ၊ ဘုရားကျောင်းနံရံတွေမှာ ပဲမြင်ရတော့တာ...။
လိုရင်းကို ပြန်ချုပ်ရရင်တော့ အခုဒီအကြောင်းကို ပြောပြချင်တဲ့ အကြောင်းရင်းက ဒီနေ့ကြည့်လာခဲ့ရတဲ့ ဗွီဒီယို ကလစ်တစ်ခုကြောင့်ပါ...။ ကင်းမြီးကောက် အချင်းချင်း တစ်ကောင်နဲ့ တစ်ကောင် တိုက်ခိုက်ကြရင်းနဲ့ တစ်ကောင်ကရှုံးသွားပါတယ်...။ နိုင်တဲ့အကောင်က ရှုံးတဲ့အကောင်ပို ပျော်ပျော်ကြီး ပွဲတော်တည်နေချိန်မှာ ကင်းမြီးကောက်စားတဲ့ အကောင်ဖြစ်တဲ့ တော်တွင်းကြွက် တစ်ကောင်က လာရောက်ပြီး အလွယ်တကူ စားသွားတာ ကြည့်ရင်း မိတ်ဆွေတို့ကို မျှဝေပေးချင်လာလို့ ဒီပို့စ်ကို တင်လိုက်ရခြင်း ဖြစ်ပါတယ်...။ ဒီမှာ ကြည့်နိုင်ပါတယ်...။

Assassin Bug Vs. Bats

Think There is nothing scarier than vampire bat? How about the bug that sucks it's blood? Check this out.

The Nature or Act of God?

Poor Penguin. Only paranoid survives ??
How about this video clip? Fate ?? Coincidence ?? Well.. Check this out...

Thursday, February 28, 2008

Opposite Stories of Two Rabbits

အရင်က ရေးပြီးသားတွေပါ...။ ခုများမှာတော့ အဲလို ပြန်မရေးနိုင်တော့လို့ အဟောင်းများထဲက တူးဆွပြီး မဖတ်ဖူးသေးသူများအတွက် ပြန်လည် ဝေငှပေးလိုက်ရပါတယ်...။ ဖတ်ပြီးသူများ ခန်ဒီစတရား လက်ကိုင်ထားပြီး ကျော်သွားကြပါလို့...။
===================================
ယုန်ဆိုတဲ့ သတ္တ၀ါအကြောင်းများ မပြောချင်ပါဘူး...။
မစူးစမ်း မဆင်ခြင်တဲ့ ယုန်သူငယ်တဲ့...။
ငယ်ငယ်တုန်းက ကြားဖူးခဲ့တဲ့ ပုံပြင်လေး အကြောင်းပါ...။
ခင်ဗျားတို့ တစ်တွေလဲ ကြားဖူးကြမှာပေါ့...။
ဥသျှစ်ပင်အောက်မှ ၀ပ်နေတဲ့ ယုန်လေးတစ်ကောင်ဟာ အကြောင်းမဲ့ လျှောက်တွေးတဲ့ အကြောင်း...။ တကယ်လို့ ကမ္ဘာကြီးပေါ်နေနေတဲ့ သူ့အပေါ်ကို ကောင်းကင်ကြီး ဉပိကျလာခဲ့ရင် ဘာလုပ်မလဲလို့ တွေးနေတုန်း...။
ဉဗန်းဆို ဥသျှစ်သီးမှည့် တစ်လုံးကြွေကျလာလေရော...။ သစ်ရွက်ခြောက်ပေါ် ဥသျှစ်သီးမှည့် ကြွေကကျသံဟာ ပြင်းလွန်းလို့ ယုန်သူငယ်ဟာ အကြောင်းခြင်းရာကို သေချာ မစုံစမ်းတော့ပဲ...မိုးကောင်းကင်ကြီး
ပြိုကျလာပါပြီ ဆိုပြီး ထိတ်လန့်တကြား ပြေးမိပြေးရာ ပြေးတော့တာပေါ့...။ ဒါကိုမြင်တဲ့ တိရစ္ဆာန် အပေါင်းက
ယုန်ကို မေးတော့ ယုန်က မိုးကောင်းကင်ကြီး ပြုတ်ကျလာလို့ပါ ဆိုပြီး ပြောလဲပြော ပြေးလဲပြေး ... ပြောပြေးပွဲကြီး ကျင်းပသွားတာပေါ့...။ ဒါကို ကျန်တဲ့ အကောင်ပလောင်တွေကလဲ ဆက်ပြီး မစူးစမ်းပဲ ပြေးကြလိုက်တာ တစ်တောလုံး အုတ်အုတ်ကျက်ကျက် ဖြစ်ရော...။ အဲဒီမှာ တောသုံးထောင်ကို အစိုးရတဲ့ ကေသရာဇာ ခြင်္သေ့မင်းက သိတော့ ဒီအကောင်တွေ ငါမကယ်ရင် ပြေးရင်းနဲ့ အမောဆို့ပြီး သေဖွယ် ရှိတယ်ဆိုပြီး ပြေးနေတဲ့ တိရစ္ဆာန်အုပ်ရှေ့ကနေ ခန့်ညားထည်ဝါတဲ့ အသံကြီးနဲ့ ဟောက်လိုက်တယ်တဲ့...။ ဒီတော့မှ တိရစ္ဆာန်တွေလဲ သတိပြန်ရပြီး သွေးရူးသွေးတန်း ပြေးလွှားရာကနေ ရပ်လိုက်ကြသတဲ့..။ ခြင်္သေ့မင်းက အကြောင်းခြင်းရာကို စူးစမ်း ... ပြီးတော့ အခင်းဖြစ်ရာ နေရာကို မူလ အော်ရီဂျင်နယ် ယုန်နဲ့တကွ သွားကြည့်တော့မှ သစ်ရွက်ခြောက်ပေါ် ကြွေကျ နေတဲ့ ဥသျှစ်သီးမှည့်ကို တွေ့ပါရောလား...။
နောက်ဆုံးတော့ အဖြေမှန် ပေါ်သွားရော ဆိုပါစို့...။
ယုန်သူငယ်ရဲ့ မစူးစမ်း မဆင်ခြင်မှုကြောင့်သားရဲ တိရစ္ဆာန်တွေ ဒုက္ခရောက်ကုန်ပေါ့...။
ဟုတ်တယ်နော်...။ ဒီယုန်... ဦးနှောက် မရှိဘူး...။ စကျူးပစ်ယုန်...။
------------------------------------------

နောက်တစ်ပုဒ်ရော ကြားဖူးကြသလားမသိ...။
ယုန်သူငယ် နှာစေးတဲ့ အကြောင်းလေ...။ ဘိုးတော်ဦးဝိုင်းနဲ့ ဦးပေါ်ဦးတို့တုန်းကပါ...။
ဘိုးတော်ဘုရားက သူ့သားတော် နှစ်ယောက်ထဲက ဘယ်သူ့ကို အိမ်ရှေ့အရာ အပ်နှင်းရင် ကောင်းမလဲပေါ့...။
ညီလာခံပြီးလို့ ဘုရင်လဲ ပင်ပန်းတာနဲ့ စကားမရှိ စကားရှာ ကောက်မေးလိုက်တယ်နဲ့ တူပါတယ်...။
ဘယ်မှူးမတ်မှ မဖြေရဲကြဘူးတဲ့...။ ဘယ်ဖြေရဲမလဲ...။ ခေတ်က ပဒေသရာဇ်ခေတ်လေ...။
အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်၊ အပြောမတော် တစ်ခွန်းဆိုတဲ့ စကားက ရှိတယ်မလား...။
မတော်... ဒီတစ်ယောက်ကို တင်လိုက်ပါဆိုရင် ဟိုတစ်ယောက်က ဟယ်..ငါ့ကျတော့ မတင်ဘူးဆိုပြီး မျက်မှန်တော် ရှပြီး လက်သုံးတော်ဓါးနဲ့ ပိုင်းလိုက်မှဖြင့်.... နောက်နေ့မျက်နှာသစ်စရာ မရှိပဲ ဖြစ်ရော့မယ်...။
ဆိုတော့ကာ ဘယ်သူမှ မဖြေရဲဘူးပေါ့...။ တိတ်တိတ်လေးနေနေကြတာပေါ့...။ ဘုရင်လဲ စိတ်အလိုမကျ ဖြစ်ပြီး သူ့ရဲ့ အမြဲ သုံးနေကျ သံခဲဆေးကြီး အဲအဲ လက်စွဲတော် ပျော်တော်ဆက်ကြီး ဦးပေါ်ဦးကို လှည့်မေးသတဲ့...။ ဦးပေါ်ဦးကလဲ နောက်နေ့ သစ်စရာ မျက်နှာ ရှိအောင် ညဏ်နီညဏ်နက်၊ ညဏ်ရောင်စုံတွေ ထုတ်ရတော့တာပေါ့...။ ၀ှပ်အေစီးလ်လီကွက်ရှင် ဘိုးတော်ဘုရားအစ်စ်အတ်က်စ်ကင်းမီ ဆိုပြီး စိတ်ထဲကလဲ ပွစိပွစိ ရေရွတ်နေမှာပေါ့...။ ဘယ်ရမလဲ..။ ပေါ်ဦး သည်ဂရိတ်ပဲဟာ...။ မဟုတ်မဟတ် ဇာတ်လမ်းလေးတွေ ခင်းပြီး လျှောက်တင်ရမှာပေါ့...။ ဒါမှ ပေါ်ဦးလဲ လျှောက်သာ ၊ ဘိုးတော်ဘုရားလဲ စွဲသာ... အဲအဲ ရှဥ့်လဲ လျှောက်သာ ပျားလဲ စွဲသာ ဖြစ်မှပေါ့....။
ဒိလို ရှိပါတယ် အရှင်ဘုရား...။ ဟိုးယခင်က တောသုံးထောင်ကို အစိုးရတဲ့ ခြင်္သေ့မင်းတစ်ပါးမှာ လက်ယာတော်နံပါးမှာ သမင် ၊ လက်ဝဲတော်နံပါးမှာ ၀က်ငယ်၊ ရှေ့တော်မှောက်မှာ ယုန်သူငယ်ဆိုပြီး ပညာရှိသုံးပါး ရှိသတဲ့...။ တစ်ရက်မှာ တောဘုရင်ကြီးဟာ အစာရေစာ ၀လင်အောင် စားသုံးပြီးသကာလ စက်တော်ခေါ်မူသတဲ့...။ တစ်ပတ်တောင်ကြာတယ်ဆိုပဲ...။ တစ်ပတ်လဲကြာရော အိပ်ရာက နိုးလို့ သမ်းဝေသတဲ့...။ အဲဒီမှာ အစားကောင်း အသောက်ကောင်းတွေ စားပြီး ကိုးလ်ဂိတ်နဲ့ သွားမတိုက်ပဲ အိပ်တော့ အာပုတ်စော်နံတာပေါ့...။ ဒီမှာတင် လက်ယာဖက်မှာ ခစားနေတဲ့ သမင်ဟာ နံလွန်းလို့ နောက်ကို ယို့ပြီး ခစားသတဲ့...။ ဒါကို သတိမူမိတဲ့ ခြင်္သေ့မင်းက ဘာကြောင့်လဲဆိုပြီးေ မးတာပေါ့...။ သမင်ငယ်က
အာပုတ်စော်နံလို့ ဖြစ်ကြောင်း မှန်ရာကို လျှောက်တင်တော့ ခြင်္သေ့မင်းက ငါလို တောဘုရင်ကို ပမာမခန့် မလေးမစား ပြောတယ်ဆိုပြီး သမင်ငယ်ကို ဂုတ်ကဆွဲယူ၊ ဂျိုးဂျိုးကျွတ်ကျွတ်မြည်အောင် ၀ါးစားသတဲ့...။ (သူ့ဟာသူ
အိပ်တာကြာသွားလို့ ဗိုက်ဆာပြီး စားချင်တာကို ရမယ်ရှာတယ် မပြောဘူး...။)
ဒါနဲ့ မပြီးသေးဘူး...။ လက်ဝဲဘက်ကို လှည့်ပြီး နောက်တစ်ခါ သမ်းဝေသတဲ့...။ ဒီအခါမှာလဲ ထိုနည်းလည်းကောင်းပဲ... ၀က်ငယ်ကလဲ ကိုယ်ကို နောက်တွန့်ပြီး ခစားပြန်သတဲ့...။ နံတာကိုး...။ နံတာကို ဘယ်သူကြိုက်ပါ့မလဲ...။ (နံတာကို ပြောတာနော်...။ နန္ဒါကိုပြောတာ မဟုတ်ဘူး...။ လူနန္ဒာကိုတော့ ကြိုက်တယ်...။ ဟီးဟီး...။) အဲအဲ .. ဆက်လိုက်ဦးမယ်...။ အဲဒီမှာ ဘုရင်က ၀က်ပျိုလေးကို ငါ့ခံတွင်းနံ့ ဘယ်လိုလဲလို့ ထပ်မေးပြန်သတဲ့...။ ၀က်ပျိုလေးက စဉ်းစားတယ်...။
အင်း...။ ခုနင်က .. သမင်တော့ မှန်ကန်လို့ ကွဲ ...အဲအဲ အသက်နဲ့ ခန္ဓာ အိုးစားကွဲရတယ်...။ ငါတော့ ဒီလိုတော့ အဖြစ်မခံဘူးဆိုပြီး ... အရှင့်ခံတွင်းနံ့ဟာ ကြာညိုနံ့လိုပဲ သင်းပျံ့ပျံ့မွှေးကြောင်းပါဖျာ့လို့ လိမ်လည် လျှောက်တင်သတဲ့....။ ဒီမှာတင် သမင်တစ်ကောင်တည်း ၀ါးတီးပရိတ်ဖတ်စ် ဖွင့်လိုက်ရလို့ ဒေါသထွက်နေတဲ့ ကိုယ်တော်ချော ရွှေခြသေ့င်္ ၀ါယာကြိုး အဲအဲ... ဘုရင်ကြီးဟာ ရမယ်ရှာပြီး ၀က်ပျိုကလေးကို ဂျွတ်ဂျွတ်မြည်အောင် ၀ါးစားပြန်သတဲ့...။ ငါလို ဘုရင်ကို လိမ်လည် လျှောက်တင်ရကောင်းလား ဆိုပြီးတော့ပေါ့...။ ၀က်ပျိုသားများ တယ်ကောင်းဆိုပဲ...။ ၀က်စ်တမ်း ပတ်က်မှာတောင် ဒီလောက်မကောင်းဘူးဆိုပဲ...။
လက်ဝဲရံလဲကုန်ပြီ...။ လက်ယာရံလဲ မရှိတော့ဘူး...။ ဟိုဒီကြည့်လိုက်တော့ ရှေ့မှာ ခစားနေတဲ့ ယုန်သူငယ်လေးကိုတွေ့ရောတဲ့...။ အင်း.. ဒီငချွတ်လေးနဲ့ပဲ အစာပိတ်ပွဲတော်တည်လိုက်မဟဲ့ဆိုပြီး... အကြံနဲ့ မေးခွန်းဟောင်းကိုပဲ မေးသတဲ့...။ (ဧကန္တ.... ဒီခြသေ့င်္ဟာ စံနစ်ဟောင်းတုန်းက ဆယ်တန်းမေးခွန်းကို ထုတ်ဖူးပုံရတယ်...။ မေးခွန်းဟောင်းတွေကိုပဲ ထပ်တလဲလဲ ပြန်ပြန် မေးနေတယ်...။)
ယုန်သူငယ်ကလဲ ရွှေခြသေ့င်္ရဲ့ တားဂက်ကို ရိပ်မိတော့ အောက်ပါအတိုင်း ပြန်ဖြေသတဲ့...။ အရှင် ခြသေ့င်္မင်းခင်ဗျားပေါ့...။ ကျွန်တော်မျိုး မျက်နှာမွဲ မောင်ရွှေယုန်မှာ အရှင်မင်းကြီးမေးသည့် မေးခွန်းကို ဖြေကြားနိုင်ရန်အတွက် အရှင်မင်းရဲ့ ခံတွင်းတော်မှ ရနံ့ ကို ကြိုးစားရှုပါသော်လည်း ယုန်ကလေးမှာ ခုတစ်လော ငှက်တုပ်ကွေး မိနေ၍ ယုန်ကလေးနှာစေးနေကြောင်းပါ...။ သို့ကလိုကြောင့် ဘာရနံ့မှ မရကြောင်းပါလို့ လျှောက်တင်သတဲ့...။ ဒီအခါမှာ ခြသေ့င်္ကြီးက ယုန်သူငယ်ကို စားချင်ပါသော်လည်း ယုန်သူငယ်က သူ့ထောင်ချောက်ထဲကို တိုးမလာပဲ ပညာရှိနည်းနဲ့ ရှောင်ခွာသွား၍ အကြံမအောင်ပဲ ရှိလေသတဲ့...။
ဦးပေါ်ဦးကလဲ ဘိုးတော်ဘုရားကို အထက်ပါပုံပြင်အတိုင်း ယုန်ကလေး ပေါ်ဦး နှာစေးနေ၍
ဘိုးတော်မေးခွန်းကို မဖြေကြားနိုင်ကြောင်း သံတော်ဦးတင်သတဲ့...။ ဒီမှာတင် ဘိုးတော်က.... ကွယ်...။ မောင်ပေါ်ဦးရယ်...။ မဖြေချင်ရင်လဲ မဖြေချင်ဘူးလို့ ဒဲ့ဒိုး ပြောလဲရရဲ့သားနဲ့ ... ဥပမာ
ဥပမေရတွေနဲ့ ခိုင်းနှိုင်းလိုက်တာ....။ ငါကိုယ်တော်မြတ်လဲ အာပုတ်စော်နံတဲ့ မင်း ဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်ရတယ်ဆိုပြီး... ရယ်ရယ်မောမောနဲ့ ညီလာခံကို ရုပ်သိမ်းပြီး အတွင်းတော်ကို ကြွမြန်းသွားသတဲ့...။
ဒီပုံပြင်နှစ်ခုမှာ ယုန်ဆိုတဲ့ သတ္တ၀ါမျိုးဟာ တစ်ခါတစ်လေမှာ စဉ်းစားညဏ်မရှိပဲ “အ” ချင်ရင် “အ” ပြီး ... တစ်ခါတစ်လေတော့လဲ.... တော်သွားပြန်ရော...။
ဘာရယ်မဟုတ်...။ ဖတ်မိတဲ့ ပုံပြင်တွေထဲက ယုန်နဲ့ပါတ်သက်ပြီး ဆန့်ကျင်ဖက် ဖြစ်နေတဲ့ ဒီပုံပြင်နှစ်ပုဒ်ကို ဘလော့ဂ်ကြွလာ မိတ်သဟာများ ဗဟုသုတ ပွားစေချင်လို့ပါ...။

Monday, February 25, 2008

မာကိုပိုလိုနဲ့ ပျော်ပျော်ပါးပါးကြီး ခရီးသွားရအောင်...။

မင်္ဂလာပါ... ဘလော့ဂ်ကြွလာ မိတ်သဟာ အပေါင်း...။ ကျန်းခန့်သာလို့ မာပါစ...။ ကျွန်တော်တော့ သာလဲသာ မာလဲမာပါကြောင်း နှုတ်ခွန်းဆက်သလိုက်ပါရစေ...။ ဘာရယ်မဟုတ်...။ ခုတစ်လော နည်းနည်း ပေါက်နေလို့ ရယ်စရာ မောစရာများကို ဆက်တိုက်ဆိုသလို တင်ဖြစ်နေတော့တယ်...။

ခုတစ်ခေါက်တော့ ကျွန်တော့်အသည်းကျော်ကြီး နိပွန်ကိုပဲ တင်ဆက်လိုက်ပါ့မယ်...။ မောင်နိပွန်ကို ၁ ကနေ ၁၀၀ အထိ ရေတွက်ခိုင်းပြီးတဲ့နောက် ဒီတစ်ခေါက်တော့ သူ့ကို စာဖတ်သူနဲ့အတူ မာကိုပိုလိုနဲ့ ခရီးသွားခိုင်းလိုက်ပါမယ်...။ ထုံးစံအတိုင်းပဲပေါ့...။ သူ့ကို မာကိုပိုလို ခရီးထွက်တဲ့အကြောင်းကို ဖေါ်ညွှန်းထားတဲ့ အင်္ဂလိပ်စာပိုဒ်တစ်ပိုဒ်ကို ဖတ်ခိုင်းပါမယ်...။ အဲဒါကို ကြည့်ပြီး ရယ်မောခြင်း မပြုမိအောင် နေရပါမယ်...။ ရယ်မောမိရင်တော့ တင်းနစ်ရိုက်တံနဲ့ ဆော်ပလော်တီးခံရမှာ ဖြစ်ပါတယ်...။

ကဲ...။ ဘယ်သူက ကျန်ခဲ့ပြီး ဘယ်သူက အရှိုးရာ ထင်သွားအောင် ရိုက်ခံထိမလဲဆိုတာ ရှု့စားကြပါစို့လား...။

ဟီဟိ...။

Saturday, February 23, 2008

Sharing Joke... Do not watch at work or office

ကဲ...။ ဒီတစ်ခါတော့ ဂျပန်ဆား ပြန်ချက်လိုက်ပါဦးမယ်...။ အများ တောင်းဆိုချက်အရပေါ့လေ...။ ဟီးဟီး...။ (ဆားချက်ရင် ချက်တယ် မပြောဘူး...။)ဒီတစ်ခါတော့ အရင်တစ်ခါတုန်းက ကြည့်ဖူးပြီးသား collection လေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်...။

ကဲ...။ စာသင်ခန်းထဲက ၁ ကနေ ၁၀၀ အထိ ရေတွက်ပြတာကို မရီမအောင် ကြိုးစားပြီး နေရတဲ့ ဂျပန်က အဖွဲ့ကို မှတ်မိမယ် ထင်ပါ့..။ ဒီတစ်ခါလဲ သူတို့ ပါဝင်တဲ့ “မရီရ” ဆိုတဲ့ ဗွီဒီယိုလေး ကြည့်လိုက်ရအောင်...။ တစ်ဆိတ်... Play ခလုတ်ကို နှိပ်ပြီး Pause ခလုတ်ကို ပြန်နှိပ်ပါ...။ အနီရောင်ဘားလေး ပြည့်သွားအောင် စောင့်လိုက်ပါ...။ ပြီးမှ Play ခလုတ်ကို ပြန်နှိပ်လိုက်ပါ...။ (Connection မကောင်းတဲ့ ကိုကိုမမ များကို ရည်ညွှန်းပါတယ်...။)...။



ဒီတစ်ခါတော့ သူတို့ထဲက လေးယောက်ပဲ ကျန်ပါတော့တယ်...။ ဓါတ်ခွဲခန်းထဲမှာ ဓါတ်ခွဲခန်းမှူးက ပေါက်တတ်ကရ လုပ်ပြတာကို ကြည့်ပြီး မရီမိအောင် ထိန်းရတာပါ...။ ဘယ်သူတွေက မရီပဲ နေနိုင်ပြီး ဘယ်သူတွေက တင်းနစ်တံနဲ့ ဆော်ပလော်တီးခံရမလဲ...။ ဆက်လက် ရှုစားကြပါစို့...။



ဆက်လက် ရှုစားရမှာကတော့ မွေ့ရာ အရောင်းကုန်တိုက်က ပြကွက် ဖြစ်ပါတယ်...။ သိကြတဲ့အတိုင်း သူတို့ဆီမှာက ကာစတန်မာတွေ က ကိုယ်ကြိုက်တဲ့ ကုန်ပစ်စည်းကို မ၀ယ်ခင် အစမ်းသဘော သုံးကြည့်ကြပါတယ်။ ကြိုက်မှ ၀ယ်ကြတာလေ...။ အဲဒါကို တီဗွီအစီအစဉ်တစ်ခုကနေပြီးတော့ ဟာသအစီအစဉ်လေးအဖြစ် ဒီလို ရိုက်ကူးခဲ့တာကို ကြည့်ရှုနိုင်ပါတယ်...။ နောက်ပြောင်ခံရသူတွေ မနစ်နာရလေအောင် ပါလာတဲ့ ဖုန်းတို့၊သော့တွဲ ဘာဘာညာညာတို့ကို အပြင်မှာ ထားစေခဲ့ပြီးမှ စမ်းသပ်စေတာ တွေ့ရတော့ သူတို့တစ်တွေ စီစဉ်တာ အကွက်စေ့ပုံကို သဘောကျမိပါတယ်...။



နောက်တစ်ခုကတော့ ဂျပန်ဟာသပြကွက်များကို စုစည်းထားတဲ့ ဗွီဒီယို ဖြစ်ပါတယ်...။



ကဲ...ဒီနေ့တော့ ဒီလောက်နှိပ်စက်ရရင် ပျော်သွားပါပြီ...။ ဂွဒ်ညပါဗျာ...။

Thursday, February 21, 2008

လကြတ်ခြင်း (သို့) Lunar Eclipse

ဒီတခေါက် လကြတ်တာကို ကြိုပြီး မသိလိုက်ရတော့ ထမကြည့်ဖြစ်ခဲ့ဘူး...။ ဗုဒဟူးည ၁၀း၀၀ နာရီ ၀န်းကျင်မှာ ကြတ်ခဲ့တာတဲ့...။ သတင်းတွေ လိုက်ဖတ်မိမှပဲ သိတော့တယ်...။ မြန်မာပြည်မှာတော့ လကြတ်တာနဲ့ ပါတ်သက်ပြီး အမျိုးမျိုးအဖုံဖုံ ဝေဖန်ပြောဆိုနေကြတာပဲ...။ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် သြဂုတ်လတုန်းက လကြတ်ပြီးပြီ..။ ပို့စ်တောင် တင်ထားလိုက်သေးတယ်...။ ဒီမှာ လေ...။ ဘာကြာသေးလို့လဲ...။ အဲဒီ လကြတ်တာနဲ့ ပါတ်သက်ပြီး ဘယ်လို ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့သလဲ... ?? သိသူမြင်သူတွေ ရှိမှာပေါ့။ ဆက်စပ်တွေးတောတတ်သူတွေ သိမှာပေါ့...။ ဘွိုင်းဇ်တို့က ဘာမှ မတွေးတတ်ဘူး...။ ဟီး...။

ငယ်ငယ်တုန်းက လကြတ်တာကို အရပ်အခေါ် လငပုပ်ဖမ်းတယ်လို့ ဆိုကြတယ်...။ ဘယ်က ငပုပ်က လကို ဖမ်းတာလဲလို့ ကလေးအတွေးနဲ့ တွေးသေးတယ်...။ အရပ်ထဲက လူတွေက အဲဒီအချိန်ဆို သံပုံးတွေ တီးနေကြပြီ...။ လငပုပ်ဖမ်းတာကို ရှမ်းလို ကိုရွှေဖျားက လမင်းကို စားတယ်လို့ “ဂူပ်းဂိခ်ေလိုခေ်” လို့ ပြောကြတယ်...။ လမင်းအစားခံရတဲ့ ဘ၀က လွှတ်အောင် ဆိုပြီး စားနေတဲ့ ကိုရွှေဖား လန့်သွားအောင် သံပုံးခေါက်ကြ၊တီးကြတယ်လို့လဲ ပြောကြတယ်...။ သံပုံးတီးသံကြားတော့ ကိုရွှေဖားလဲ လန့်ပြီး စားနေတဲ့ လမင်းကို ပြန်အန်ထုတ်တယ်တဲ့...။ ဘာပဲပြောပြော အဲဒီအချိန်မှာ သံပုံးတီးသံတွေ ဆူဝေနေတာပဲ...။ ဘွိုင်းဇ်တို့လဲ ဘယ်နေမှာလဲ...။ သူများယောင်လို့ လိုက်ယောင်တယ်... အမောင်တောင်မှန်း မြောက်မှန်းမသိ ဆိုသလို လိုက်တီးနေတာပေါ့...။ အားရပါးရတီးလိုက်တာ အိမ်က ရေနံဆီထည့်တဲ့ ပုံး ပိန်ရှုဲ့သွားလို့ ဆော်ပလော် အတီးခံဖူးတာ ခုထိ မမေ့သေးဘူး...။ ဟီး...။

မြန်မာပြည်မှာရော အဲဒီအချိန် မနေ့ညက သံပုံးတီးကြသေးလား မသိဘူး...။

လကြတ်တယ်ဆိုတာက လူပိန်းနားလည်အောင် ပြောရရင်တော့ နေက ကမ်ဘာကို ထိုးလို့ ပေါ်လာတဲ့ အရိပ်ထဲကို လမင်းကြီးက ရောက်သွားတဲ့ အခါမှာ ဖြစ်တတ်ပါတယ်...။ လအပြည့်ကြတ်တာနဲ့ တစ်စိတ်တစ်ပိုင်းကြတ်တာ ဆိုပြီး နှစ်မျိုးနှစ်ား ရှိပါတယ်..။ အခုတစ်ခေါက်လကြတ်တာကတော့ လအပြည့်ကြတ်တဲ့ အမျိုးအစား ဖြစ်ပါတယ်...။ လဘာကြောင့်ကြတ်သလဲဆိုတာကို သိပ်ပံနည်းကျ ရှင်းပြထားတာကို Wikipedia က လကြတ်ခြင်း ဆိုတဲ့ ကော်လံမှာ သွားဖတ်ျနိုင်သလို ဒီကနေ့လကြတ်ရတဲ့ အကြောင်းရင်းကိုလဲ ဒီမှာ လဲ သွားဖတ်ကြည့်နိုင်ပါတယ်...။ ကဲ... ဒီတစ်နှစ်အတွက် လကြတ်တာဟာ နောက်ဆုံး ဖြစ်ပါတယ်...။ နောက်တစ်ကြိမ် လကြတ်မှာကတော့ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှပဲ မြင်တွေ့ နိုင်ပါတော့မယ်...။ တိုက်ဆိုင်တယ်နော်...။ ဘာကို တိုက်ဆိုင်သလဲလို့တော့ မမေးနဲ့ ... မပြောဘူး...။

အခုတစ်ခေါက်တော့ လကြတ်တာကို ကြည့်ဖို့ အခွင့်အရေးတစ်ရပ် လက်လွတ်သွားခဲ့တယ်...။ လက်ထဲမှာ ရောက်နေတဲ့ HD Sony HandyCam လေး ထုတ်ကြွားမလို့ဟာ... အခွင့်အရေးတစ်ခု လွတ်သွားတယ်...။ ဘလော့ဂ်ကြွလာ မိတ်သဟာများ မျက်စိနောက် သက်သာသွားတာပေါ့နော...။ ဟဲဟဲ...။ မျက်စိနောက် သက်သာမယ် မထင်နဲ့...။ သူများတွေ တင်ထားတဲ့အထဲက တစ်ချို့ ကြည့်လို့ကောင်းတာတွေ ပြန်ဝေငှပေးလိုက်ပါတယ်...။
ဒီပုံလေးကတော့ လကြတ်တာကို အစအဆုံး ရိုက်ကူးထားခဲ့တဲ့သူက ပြန်တင်ထားတာ ဖြစ်ပါတယ်...။


Tuesday, February 19, 2008

Don't watch it at Work or Office ... ဆားချက်ခြင်း...။

ဆားချက်တယ်လို့ ပြောချင်ပြောကြပါဗျာ...။ အခုတစ်လော အလုပ်တွေရှုပ်လွန်းလို့ပါ...။ မျောက်အုန်းသီး Part 2 ကို မဆက်နိုင်သေးတဲ့အတွက် ဒီပို့စ်နဲ့ပဲ ကျေနပ်ကြပါဦးလို့...။

အခု တင်ပြမယ့် ပို့စ်ကတော့ ရီစရာ မောစရာ ဖြစ်တဲ့ (ရီစရာကတော့ ဟုတ်ပါရဲ့ မောစရာက ဘယ်က ပါလာမှန်းမသိဘူး...။ ဗမာစကာားများ တယ်ရှုပ်တာပဲ...။ :)) ဗွီဒီယိုကလစ်လေးတွေ ပြမလို့ပါ...။

လွန်ခဲ့တဲ့ နှစ်သုံးနှစ်လောက်က စပြီး အင်တာနက် လောကမှာ metacafe ဆိုတဲ့ Application တစ်ခု ပေါ်ခဲ့ပါတယ်...။ အဲဒီ Application က ဘာလေးလဲဆိုတော့ .... (ဟယ်... အဲဒီဟာလေးကို ကလစ်နှိပ်ပြီ ကိုယ်တိုင်သာ သွားကြည့်ပေတော့ :D ...။ လက်ညောင်းလို့...။ ဟီး.. အလကားစတာ...။)


သူ့မှာ မှတ်ပုံတင်ထားရင် ကိုယ့်မှာ ရှိတဲ့ ပုံတွေ အသံဖိုင်တွေ ဗွီဒီယိုဖိုင်တွေကို upload လုပ်ပြီး သူ့server ပေါ်မှာ တင်ထားလို့ရတယ်...။ ကြည့်စေချင်တဲ့သူတွေကိုပဲ ကွက်ပြီး ပေးကြည့်လို့ ရအောင် လုပ်နိုင်သလို အများ အင်တာနက်ပြည်သူများ ကြည့်နိုင်အောင်လဲ လုပ်နိုင်တယ်...။ အဲဒါလေးကို အတော်သဘောကျသမို့ ရန်ကုန်က အင်တာနက်ကဖေးဆိုင်တစ်ခုမှာ ရှိသမျှစက်တွေထဲကို install လုပ်ထားလိုက်တယ်...။ အေးရော...။ အင်း.. စကားကြောရှည်နေတာနဲ့ ပို့စ်ကလဲ လိုရင်းကို မရောက်နိုင်တော့ဘူး...။


ဒီလိုပါ...။ အဲဒီမီတာကဖေးကို ကြည့်ရင်းနဲ့ တစ်နေ့တော့ comedy ဆိုတာလေးကို သွားနှိပ်မိရော...။ အဲဒီမှာ ဟာသတွေနဲ့ စပ်ဆိုင်တဲ့ စာတွေ ဗွီဒီယိုဖိုင်တွေ တွေ့တော့တာပဲ...။ ရေငတ်တုန်း အလယ်ပိုင်း ...အဲ..အဲ.. အယ်လ်ပိုင်း သောက်ရေသန့် သောက်လိုက်ရသလိုပါပဲ...။ (Loi Hein မှ တာဝန်ရှိသူများ ကြော်ငြာခ ပေးကြပါကုန်...။)


အဲဒါနဲ့ ကိုယ်ကြိုက်တဲ့ ဟာသလေးတွေကို စုမိဆောင်းမိခဲ့တာပေါ့...။ ဒါပေမဲ့ ခက်တာက အဲဒီသိမ်းထားတဲ့ Hard Disk က ရန်ကုန်မှာ ကျန်ခဲ့တော့ Blog ပေါ် ဘယ်လို တင်ရမလဲလို့ စိတ်ညစ်နေတာ...။ ရန်ကုန်ကို လှမ်းမှာရအောင်လဲ မလွယ်...။ ဆိုတော့...။

ဆိုတော့ကာ အင်တာနက်ကြီးပေါ် လျှောက် ကြည့်ရင်းနဲ့ အကြံရသွားပြီး youtube ပေါ် googling လုပ်လိုက်တာ ရလာတယ်ဗျား...။


ဘလော့ဂ်ကြွလာ မိတ်သဟာများ စိတ်အဆာပြောသွားအောင် လင့်ခ်များ ချိတ်ကာ ဟားပေတော့ဗျား...။ (တစ်ခုတော့ ရှိသဗျား...။ ကော်နက်ရှင် နှေးတဲ့သူများ Play ခလုတ်ကို အရင် နှိပ်လိုက်ပါ...။ ကိုယ့်စက်က youtube ကို လှမ်းချိတ်ပြီ ဆိုမှ Pause ခလုတ်ကို နှိပ်ထားလိုက်ပါ...။ အဲဒီနားက အနီရောင်ဘားလေး ပြည့်သွားပြီဆိုမှ play ခလုတ်ကို ပြန်နှိပ်လိုက်ပါ...။ အဲဒါမှ ဗွီဒီယို စမ်းရေ တစ်သွင်သွင် စီးခြင်းဆိုတဲ့ Video Streaming အပြည့်အ၀ရပြီး ဗွီဒီယို ကလစ်များကို အရသာအပြည့်အ၀နဲ့ ကြည့်ရှုခံစားနိုင်ပါကြောင်း...။)


ပထမဆုံး တင်ပြချင်တာကတော့ ဂျပန် တီဗီရှိုးမှာ ပြသွားခဲ့တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်...။ ဂျပန်တွေဟာ သိကြတဲ့အတိုင်း အများစုဟာ အင်္ဂလိပ်စာမယ် အားနည်းကြပါတယ်...။ တော်ရုံတန်ရုံလူများ အင်္ဂလိပ်စာကို နားမလည်ကြပါဘူး...။ အခုအစီအစဉ်ကတော့ တီဗွီအစီအစဉ်ရဲ့ ဖိတ်ခေါ်ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြတာကို ထုတ်လွှင့်တဲ့ ပြကွက် ဖြစ်ပါတယ်...။

ဘယ်လိုလဲဆိုတော့ ပါဝင်သူများကို စာသင်ခန်း တစ်ခုက စာသင်ခုံတွေမှာ ထိုင်ခိုင်းထားပါတယ်...။ ပြီးတော့ အခန်းရှေ့က ကျောက်သင်ပုန်းမှာ ဗွီဒီယို ပြကွက်တစ်ခုကို ပြထားပါတယ်...။ အဲဒီပြကွက်ကို ကြည့်ပြီးတော့ ရယ်မောခြင်း မပြုရပါဘူး...။ ရယ်မောခဲ့ရင် တင်ပါးကို တင်းနစ်ရိုက်တံနဲ့ အားရပါးရ ဆော်မှာ ဖြစ်ပါတယ်...။ ပြကွက်မှာ ပြထားတာကတော့ အင်္ဂလိပ်စာမတတ်တဲ့ ဂျပန်တစ်ယောက်ကို တစ်ကနေ တစ်ရာ အထိ အင်္ဂလိပ်လို ရွတ်ခိုင်းတာပါ...။

အင်္ဂလိပ်စာမကျွမ်းတဲ့သူက ဘယ်လို ရွတ်ပြမလဲဆိုတာကို ပိတ်ကားပေါ်မှာ ... အဲ... ကွန်ပြူတာ အယ်လ်စီဒီ စကရင်မှာသာ ကြည့်ပေတော့ဗျို့...။



နောက်ထပ်ပြချင်တဲ့အကွက်လဲ ထိုနည်းတူ ပါဝင်ယှဉ်ပြိုင်မှုပါပဲ...။ ဒီတစ်ခါတော့ စာသင်ခန်းမှာ လုပ်တာ မဟုတ်ပဲ အများပြည်သူ စာကြည့်တိုက်ထဲမှာ သွားလုပ်တာပါ...။ ပါဝင်သူ ခြောက်ယောက် ရှိပါတယ်...။ စားပွဲတစ်ခုမှာ သုံးယာက်စီ မျက်နှာခြင်းဆိုင် ထိုင်ပြီးတော့ စားပွဲထိပ်မှာတော့ လုပ်ရမယ့်အစီအစဉ်များကို ရေးထားတဲ့ စာရွက်တစ်ထပ်ပါတဲ့ stand တစ်ခု ထောင်ထားပါတယ်...။

ပါဝင်သူများကို ကဒ်ပြားခြောက်ခု၊ တစ်ယောက်တစ်ခု ဝေပါမယ်...။ မှောက်ထားတဲ့ ကဒ်တွေထဲက ကိုယ်ကြိုက်တဲ့ကဒ်ကို ရွေးရြတာပါ...။ ကြက်ခြေခတ် အျမှတ်အသားပါတဲ့ ကဒ်ကို ရွေးမိသူက stand ပေါ်က စာရွက်မှာ ရေးထားတဲ့အတိုင်း လုပ်ရတာ...ဒါမှမဟုတ် အလုပ်ခံရတာပါ...။ ဘယ်သူက ကံဆိုးသူ မောင်ရှင် ဖြစ်ပြီး ဘယ်လို အလုပ်ခံရမယ်ဆိုတာကို အောက်က ဗွီဒီယိုကလစ်မှာ ကြည့်လိုက်ကြပါစို့...။ ပြောထားတယ်နော်...။ အလုပ်ထဲမှာ ရုံးထဲမှာ မကြည့်နဲ့...။ ပြသနာ တက်လိမ့်မယ်...။ ဟီဟိ...။




Wednesday, February 13, 2008

မျောက်အုန်းသီးရခြင်း အပိုင်း (၁)

အခုတစ်လော ဘွိုင်းဇ်တစ်ယောက် မျောက်အုန်းသီးရသလို ဖြစ်နေတာ ပတ်ဝန်းကျင်က မျက်စိနောက်လောက်အောင်ကိုပါပဲ...။ သူလိုချင်တဲ့ ဖုန်းတစ်လုံးကို သူရသွားလို့လေ...။ ဖုန်းတစ်လုံးရတဲ့အရေးကို ဒီလောက်တောင် ဇာချဲ့ရသလားလို့ တစ်ချို့က မေးငေါ့ကြလိမ့်မယ်...။ ကျွန်တော့်အတွက်ကတော့ ဇာချဲ့ရမှာပါ့...။ ဖုန်းတစ်လုံးကို လက်လွတ်စပါယ် မ၀ယ်ချင်ဘူလေ...။ အသုံးတည့်မယ်...။ လိုချင်တဲ့ function အပို လုပ်ဆောင်ချက်တွေ ပါမယ်ဆို ပိုမကောင်းလားဗျာ...။
အဲဒါနဲ့ ကိုယ်လိုချင်တဲ့ ဖုန်းတစ်လုံးကို ဇွဲနဘဲရှိရှိနဲ့ စောင့်ခဲ့တာပေါ့...။

သိကြတဲ့အတိုင်း ကျွန်တော်တို့ ရွှေနိုင်ငံတော်ကြီးမှာ လက်ကိုင်ဖုန်းဆိုတာ မရှိမဖြစ် အနေအထားဆိုပေမဲ့ အခြေအနေက သုံးနိုင်တဲ့ လူတန်းစားတွေအတွက် လူဂုဏ်တန်ပြယုဂ် တစ်ခုကနေ တက်မလာဘူးလေ...။ အဲဒီတော့ ခပ်ချာချာ (ချာ အရှေ့မှာ “ေ” ထည့်ဖတ်လဲ စိတ်မဆိုးတတ်ပါဘူးဗျာ...။) မောင်ဘွိုင်းဇ်တစ်ယောက် သူများတွေလို ဟဲန်းဖုန်းတစ်ကားကားနဲ့ ဟန်ရေးပြခွင့်မရခဲ့ဘူးပေါ့...။ ပြင်ပပေါက်ဈေး ၃၅ သိန်းလောက်တောင် ရှိခဲ့ဖူးသဗျ...။ အခုတော့ Prepiad ဖုန်းများ ချပေးတော့မယ်ဆိုတော့မှ ဖုန်းဈေးတွေ ပြုတ်ကျလာတယ်တဲ့ဗျား...။ ဒါတောင် ၂၂ သိန်းတဲ့...။ ဖလား...ဖလား...။

ဖုန်းအကြောင်းဆိုတော့လဲ နည်းနည်းတော့ ရှည်လိုက်ရမှ...။ ကမ်ဘာပေါ်မှာ ဖုန်းစနစ် အစုံဆုံး နိုင်ငံကို ပြပါဆိုရင်တော့ မြန်မာနိုင်ငံကိုပဲ ပြရမှာပ...။ GSM တဲ့...။ CDMA တဲ့...။ TDMA တဲ့....။ စုံပလုံစိနေတာပဲ...။ အခုနောက်ဆုံးတော့ GSM ကို ကြိုက်နေကြတာပေါ့...။ ကြိုက်ဆို GSM က ကမ်ဘာအနှံ့ သုံးနေတာကိုး...။ (တောင်ကိုးရီးယားကတော့ ခြွင်းချက်အနေနဲ့ CDMA စံနစ်ကို တစ်နိုင်ငံလုံး တွင်တွင်ကျယ်ကျယ် သုံးနေပါတယ်...။)

အခု ရန်ကုန်မှာ GSM ဖုန်းအချင်းချင်းပဲ SMS ပို့လို့ရသေးတယ်...။ MMS တို့... Voice Mail တို့ တော့ အိပ်မက်မက်လိုက်ဦးတော့...။ အင်း... ရေးရင်း..ရေးရင်းနဲ့ မြန်မာနိုင်ငံ ဆက်သွယ်ရေးအကြောင်း ရောက်သွားတယ်...။ Off Topic တောင် ဖြစ်နေပေါ့...။ ပြန်တည့်လိုက်ဦးမှ...။

ကျွန်တော်ဗျာ.. ဒီခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်းကျွန်းကို စစရောက်တော့ ဆက်သွယ်ရေးက အရေးကြီးတယ်ဆိုတော့ ကြုံရာ ဖုန်းတစ်လုံးကို ဟို ၂၄ နာရီဖွင့်တယ်ဆိုတဲ့ ဖာရာပါ့ခ်က အာရပ်ကြီးဆိုင်မှာ သွားပြေးဝယ်ရတာပေါ့...။ မှတ်မှတ်ရရ အခုလို တုံချမ်းတုံချမ်းနဲ့ ဗျောက်တွေ တစ်ဒိုင်းဒိုင်းဖောက်ပြီး လမ်းပေါ်ကို တိုးတွေ နဂါးတွေ တက်ဆော့နေတဲ့ အချိန်ပေါ့...။ အလကားပေးရသလား ထင်ရလောက်အောင် တိုးနေတဲ့ လူထူထူကြားမှာ ဘကုန်းကုလား၊ မ' ကုလားတွေကြားမှာ ဖုန်းကူဝယ်ပေးခဲ့တဲ့ Dream နဲ့ ယုန်လေးတို့ကို ကျေးဇူးတောင် တင်မိသေး...။ အဲဒီတုန်းက ၀ယ်ခဲ့တဲ့ ဖုန်းက ဆိုနီအဲရစ်ဆန် အမျိုးအစားဖြစ်ပြီး မော်ဒယ်ကတော့ W700i ပါတဲ့...။
ဒီဖုန်းပေါ့...။


သူက 3G ဆိုတာကြီး မရပေမဲ့... ကိုယ်လိုချင်တဲ့ function တွေ အကုန်ပါတယ်ဆိုတော့ သူ့ပဲ ရွေးခဲ့တာလေ...။ 3G မရတော့ ဘာအအရေးလဲ...။ Video Call မရဘူးပေါ့...။ အလို...ဘယ်သူကများ ကိုယ့်ဘော့စ်နဲ့ ဖုန်းပြောရင် သူ့မျက်နှာကြည့်ပြီး ပြောချင်မှာပါလိမ့်....။ နော့...။ ဆိုတော့...ဆိုတော့...။ ဒီဖုန်းပဲပေါ့...။ (အမှန်က 3G ဖုန်း ရရင် ယူချင်နေတာ...။ ကိုယ့်ဘတ်ဂျက်က အဲလောက်ပဲ တတ်နိုင်လို့...။ အာဟိ...။)

အဲဒီတော့ ကိုယ်က နဂိုကတည်းက Music Crazy ဆိုတော့ Sony ဆိုတာကြီးကို Walkman Player တွေ ထုတ်ကတည်းက သဘောကျခဲ့တာ...။

အခု မော်ဒယ်မှာ Walkman Function ပါလို့ ၀ယ်ခဲ့တာပေါ့...။ SMS, MMS, Email ပို့လို့ရတယ်...။ သီချင်းတွေ နားထောင်လို့ရတယ်...။ ဓါတ်ပုံရိုက်လို့ရတယ်...။ Built-in Camera ပေါ့...။ 2 Mega Pixel တော့ ရတာပဲ...။ အပျော်တမ်းပဲဟာ...။ တစ်ကယ့်အရည်အသွေးကောင်းတဲ့ ပုံတွ လိုချင်ရင် ကင်မရာပဲ ၀ယ်လိုက်မှာပေါ့...။ (ဟီး... ကိုယ့်ဟာကို ဆင်ခြေပြန်ပေးနေတာ...။) စကားမစပ်ပါ....။ ဒီဘလော့ဂ်ထဲမှာကော... ကျွန်တော် အမြဲ ၀င်ဖတ်နေကျ နေးတစ်မြန်မာ မှာကော ကျွန်တော် တင်ခဲ့တဲ့ ပုံတွေ အားလုံးနီးပါးဟာ အဲဒီ ကင်မရာနဲ့ ရိုက်ခဲ့တာပါ...။ (ဒါက ကြုံကြွား...။ အဟက်...။)

အဲဒီ ဖုန်းနဲ့ ကျွန်တော် တစ်နှစ်နီးပါး နှစ်ပန်းလုံးနေခဲ့ပါတယ်...။ တော်တော်လည်း အကြမ်းပတမ်းခံပါတယ်...။ ၀ရန်တီတောင် လာမာ့် ၁၆ ရက်နေ့မှ ကုန်မှာ...။ ဒီကြားထဲ ဖုန်းက ရေထဲကျသွားလို့ ဒုက်ခ ရောက်သွားသေးတယ်...။ ခြောက်အောင် ပြန်သုတ်ပြီး ပါဝါပြန်ဖွင့်တော့ ... အမယ်... ဘသားချောက အလုပ်မပျက် ဆက်လက် ချီတက်ဆဲပဲ...။ ဘာဆိုဘာမှ မဖြစ်တာ...။

နောက်တစ်ခါကျတော့ Memory Card ကြောင်လို့ ဖုန်းသုံးမရတာ ဖြစ်သွားတာ...။ သူက နဂို ပါလာတာက 512 MB...။ သီချင်း အပုဒ်ရေ ရာကျော်လာတနဲ့ အဆင်မပြေတော့... သူ့ထက် ပမာဏ ပိုများတဲ့ 2 GB ကဒ် ၀ယ်ထည့်လိုက်တယ်...။ ၅-၆ လလောက်လဲ ကြာရော...ကဒ်က ရုတ်တရက်ကြီး အလုပ်မလုပ်တာ... ဖုန်းပါေ၈ွက်သွားတယ်...။ အစက ကဒ်ကြောင်တာ မသိဘူး..။ ဖုန်းကိုပဲ ပါဝါ ဖွင့်လိုက် ပိတ်လိုက်နဲ့ လုပ်နေတာ... ဘယ်လိုမှ တက်မလာတဲ့အဆုံး ဒီအတိုင်း လက်မှိုင်ချနေလိုက်ရတယ်...။ အဲဒီတုန်းက ဂျိုဟိုးမှာ ၃ ရက်လောက် ရောက်နေတာ...။ အဲဒီ ၃ရက်လောက်မှာ အားလုံးနဲ့ အဆက်အသွယ်ပြတ်သွားရော...။ အဲဒါနဲ့ စလုံးကို ပြန်ရောက်တာနဲ့ ဖုန်းကို ဆိုင် မပို့ခင် နောက်ဆုံး try မယ်ဆိုပြီး... ကဒ်ကို ထုတ်...။ ပြီးတော့ ပြန်သွင်း... ဖုန်းကို ပါဝါ ပြန်ဖွင့် လုပ်လိုက်တာ... ကောင်းသွားရော...။ အဲဒါပဲ...။ ပြောချင်တာက ဖုန်းက တော်တော် အသုံးခံတယ်လို့ ပြောချင်တာ...။ ဒီအထိကို ဖုန်းကို ကန်ထရိုက် မသုံးပဲ... Prepaid နဲ့သုံးနေတာ...။

နောက်တော့ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် အကြောင်းတွေ ဖန်လာတော့ Contract ဖုန်းတွေကို သုံးဖို့ အကြောင်း ဖြစ်လာတယ်...။ အဲဒါနဲ့ ဘယ်အော်ပရေတာက ဘယ်လို ဆားဗစ်ပေးပြီး ဘယ်လို ဈေးချိုတယ် ဆိုတာ စစ်စစ်ပေါက်ပေါက် လိုက်ရှာပြီး သကာလ Star Hub က per second billing ကို နှစ်သက်ပြီး ဒီနှစ် တရုတ်နှစ်ကူး ပရိုမိုးရှင်းမှာ မျောက်အုန်းသီးရဖို့ အကြောင်းဖန်လာပါတော့တယ်...။

ကဲ..ကဲ ဒီနေ့တော့ ဒီလောက်ပဲကွယ်...။ တစ်ခြားနေ့တွေမှ ဘယ်အုန်းသီးရသလဲဆိုတာ ဒီမျောက်ကပဲ အဲ..အဲ ကျွန်တော်ကပဲ ဆက်ရေးပါတော့မယ်...။ တာ့တာ...။

စကားမစပ်ပါ...။ အပေါ်က ပြောခဲ့တဲ့ အာရပ်ဆိုင်ဆိုတာ ဆီရန်ဂွန်းတို့ Little India တို့ လောက်နားက မူစတာဖါး ဆိုင်ကို ပြောတာပါ...။ သူ့ဆိုင်က ရောင်းကုန်တွေဟာ အပြင်ကထက် အမှန်တကယ် ဈေးချိုပါတယ်...။

Tuesday, February 12, 2008

Thai Food @ Golden Mile Supermarketွှ

ပြီးခဲ့တဲ့ အပါတ်က တနင်္ဂနွေနေ့မှာ တစ်နယ်တစ်ကျေးက ဧည့်သည် သူငယ်ချင်းရောက်လာလို့ သူ့အကြောင်းပြပြီး စလုံးက ဂိုးဒင်းမိုင်းနားမှာ ထိုင်းစာတွေ သွားစားပြန်ပါတယ်...။ သိပ်မစားဖြစ်ပါဘူး...။ လေးယောက်ကို ဟင်းငါးမျိုး၊ ခြောက်မျိုးပဲ မှာလိုက်တယ်..။ မကုန်မှာစိုးလို့လေ..။ တစ်ကယ်လဲ မကုန်ကြပါဘူး...။ မှာစားတဲ့ ဟင်းလေးတွေကတော့ သိပ်မထူးဘူး...။ ဒီလိုပါပဲ...။ မီနူးထဲက ကောင်းနိုင်းရာရာ ပုံလေးတွေ လက်ညိုးထောက်ပြီး မှာလိုက်တာပဲ...။ ဆိုင်နာမည်က Daeng Din ဆိုလား...။ Disco Club မရောက်ခင်မှာ သစ်လုံးအိမ်လိုလို ဘာလိုလိုနဲ့...။ ၃-၄ ခါလောက်တော့ သွားစားလာပြီးပြီ...။ ဆိုင်နာမည်ကို တစ်ခါမှ မမှတ်ဖြစ်ဘူး...။ နောက်တစ်ခါမှ မှတ်လာပေးမယ်...။ (အင်း... ဒီတစ်ပါတ်တော့ အစားအသောက်တွေချည်းပဲ တင်မိနေပါလား...။ Food Blog တော့ ဖြစ်တော့မှာပဲ...။)

၁။ ပင်လယ်စာသုပ် ( ยำทะเล -Yum Hta Lay)


အစက စားချင်တာက ကျောက်ပွင့်သုပ်...။ မီနူးထဲမှာ ကျောက်ပွင့်သုပ် မရှိပဲ ကြာဇံသုပ် ရှိတယ်...။ ဒါပေမဲ့ သူရို့ ကြာဇံသုပ်ထဲမှာ ကျောက်ပွင့် ထည့်တတ်လေတော့ သူ့ကို ကြာဇံသုပ်ထဲထည့်တဲ့ ပင်လယ်ထဲကဟာလို့ မှာလိုက်တယ်...(ကျောက်ပွင့်ကို ဘယ်လိုခေါ်ရမှန်းမသိလို့...။) အဲဒါနဲ့ မှာတာ ရောက်လာတော့ ပုဇွန်၊ ကင်းမွန်၊ ပြည်ကြီးငါး စတာတွေကို သုပ်ထားတဲ့ ပင်လယ်စာသုပ်တွေ ဖြစ်နေတယ်..။ ကောင်းရော...။ ကင်းမွန်နဲ့ ပြည်ကြီးငါးကို ဧည့်သည်တွေ ပန်းကန်ထဲ အတင်းထည့်ပြီး ကျန်တဲ့ ပုဇွန်တွေကိုတော့ ကိုယ်ပဲ အနစ်နာခံပြီး စားပေးလိုက်တယ်...။

၂။ ကြက်အရေခွံကြော် (หนังไก่ทอด - Nang Kai Htort)

အဲဒီနေ့က သွားတဲ့သူတိုင်း အကြိုက်တွေ့တဲ့ အစားစရာလို့ ပြောရမယ်...။ ၃ ပွဲတောင်မှာစားကြတယ်...။ ကိုလက်စထရောပါမှာပေါ့လို့ တစ်ယောက်က ၀င်ပြောတယ်...။ ကျွန်တော်က ပြောလိုက်တယ်...။ ကျွတ်နေအောင် ကြော်ထားတာ အဆီတွေ ဘယ်ကျန်မှာလဲလို့...။ ဆင်ခြေတွေ ဆင်ခြေတွေ...။ ဖြစ်ကာမှ ဖြစ်ရောအေ...။ စားချင်နေတာကို...။ ဟာဟ

၃။ ဖါးကြက်သွန်ဖြူကြော် (กบทอดกระเทียม -Koph Htort KrThaem)



နတ်ရှင်နောင်ကြာ်လို့ ကိုဂျေ ပြောတဲ့ဟာ...။ အသားက ကြက်သားထက်တောင် နူးညံ့သေးတယ်...။ သူလဲ ကြက်သွန်ဖြူဆီသတ်နဲ့ အခြောက် ချက် ထားတာ...။ အခြောက်ချက် ဆိုတာက ဟိုမရောက်ဒီမရောက် မောင်မစ်စက ချက်တာ မဟုတ်ဖူး...။ ဆီခြောက်ခြောက်နဲ့ ကြော်ထားတာကို ပြောတာ...။ သုံးလေးခေါက်လောက် ရောက်ဖူးနေတဲ့ မဲမ်ဘာတစ်ယောက်က ကြိုက်တယ်ဆိုလို့ မှာပေးတာ...။ ကိုယ်တို့ကတော့ ကြက်အရေခွံကြော်နဲ့ မလဲနိုင်ပေါင်...။

၎။ တုန့်မ် ယမ်း ဟင်းချို ( ต้มยำทะเล - Toam Yum Hta Lay)


စားပြီးမှ ဓါတ်ပုံရိုက်တင်ဖို့ သတိရသွားလို့ အိုးထဲက ကပ်သပ်ကျန်တာလေးပဲ ရိုက်တင်ပေးလိုက်တယ်...။ ရှောက်ရွက်မပါတော့ အနံ့က တစ်မျိုး ဖြစ်နေတယ်...။ ပင်လယ်စာ တုံ့ယမ်းပါပဲ...။ အချဉ်မှုန့် မသုံးပဲ သံပုရာသီးနိုင်နိုင် ညှစ်ထားလို့ ထင်ပါ့...။ အရည်လေးက သောက်လို့ ကောင်းတယ်...။

၅။ ထိုင်းစတိုင် သဘောင်္သီးထောင်း( ซ่ม-ตำ(ตำไทย) -Somh Dum [Dum Thai])

သဘောင်္းသီထောင်းကတော့ သကြားပါလေရာနဲ့ ငရုတ်သီများများနဲ့ဆိုတော့ ချောမဒီများ ရှုးရှဲကြလေသတည်းပေါ့...။ တစ်ယောက်က သင်္ဘောသီးခြစ်တာ မမြင်ဖူးလို့ အထူးအဆန်းဖြစ်နေသေးတယ်...။

၆။ ငါးသံပုရာပေါင်း ( ปลานึ่งมะนาว - Pala Nuang Mah Nao)
သူက အပေါ်က ဟာတွေ ရောက်လာပြီး စားနေတုန်း တော်တော်ကြာမှ ရောက်လာတာ...။ သိပ်မစားဖြစ်ကြဘူး...။ မနေ့က ငါးတော့ အရသာ အရင်နေ့တွေကလို လျှာသိပ်မတွေ့ဘူးထင်လို့ .. တစ်ခြမ်းလောက်ပဲ စားဖြစ်တယ်...။ ကိုယ်မကြိုက်လို့ ပါလာတဲ့ မဲန်ဘာတွေကို မစားမနေရအောင် အတင်းပဲ အိုးထဲက ခပ်ပြီး သူရို့ ပန်းကန်ထဲ ထည့်လိုက်တယ်...။ အင်းလေ...သူတို့လဲ အများကြီး မဟုတ်တောင် မြည်းလိုက်သည် ဖြစ်သွားအောင်ပါ ...။ ဧည့်ဝတ်ကျေတယ်ပေါ့လေ...။ ဟီဟိ အမှန်က ငါးတစ်ကောင်လုံး မစားပဲ ကျန်နေခဲ့ရင် နှမြောလို့....။
သိပ်မလတ်ဖူးလို့ စားပြီးမှ ပြောဖြစ်တယ်...။ SeaBass ဆိုတဲ့ငါးကို လုပ်ထားတယ် ပြောတာပဲ...။ ငါးအသားက ဖွယ်တယ်တယ်နဲ့...။ နောက်တစ်ခါ မစားတော့ဘူး...။ ဒီကောင်က ကိုယ်အနေနဲ့ ပြောရရင် မတန်ဘူးပဲ...။ အစိတ်တောင်...။ ဟွန့်...။ ကောင်းလဲ မကောင်းပဲနဲ့...။ မှာမစားကြနဲ့...။ ရေချိုငါးနဲ့ဆိုရင်တော့ တစ်မျိုးကောင်းမလားပဲရယ်...။

၇။ ဇင်းမယ်ဝက်အူချောင်း

ဝက်အူချောင်းကတော့ ကျိုင်းတုံ ၀က်အူချောင်းလောက် မကောင်းပေမဲ့ နည်းနည်းတော့ အရသာချင်းက နီးစပ်နေတော့ အာသာပြေ စားလာခဲ့တယ်...။ ဆနွင်းနံ့ နည်းနည်းနံတယ်...။ မီးခိုးနံ့လဲနံသေးတယ်...။ မကောင်းပေမဲ့ အခွင့်ရရင် ထပ်စားချင်သေးတယ်ဟာ...။

ကောက်ညှင်းပေါင်းနဲ့ စားကြတယ်...။ အအေးကတော့ မာလကာသီးဖျော်ရည် မှာသောက်တယ်...။ ထွေရာလေးပါး စကားစမြည် ပြောရင်း ထမင်းလုံးစီကြတယ်...။ နောက်တော့ ဖူနန်ဘက် ပြန်လာ...။ အပေါ်က ဖုကုဒ်မှာ အအေး သောက်ကြ...။ ရေခဲသုပ်ခေါ်မလား... ရေခဲကို မွနေအောင် ခြစ်ပုံထားတဲ့ အပေါ်မှာ ကိုယ်ကြိုက်တဲ့ အသီးယိုတွေကို ထည့်ပေးတာ...။ အတတ်စမ်းပြီး မီနူးထဲမပါတဲ့ ဖန်အိမ်ထဲက မသိတဲ့ ဟာတွေကို ရောခိုင်းလိုက်တယ်...။ နောက်မှ စားကြည့်မှ သိတော့တယ်...။ သြဇာသီးကို ယိုထိုးထားတာ...။ ၃ ကျပ်တဲ့...။
နောက်ထန်းသီးနဲ့ တူတဲ့ဟာ တွေ့ခဲ့တယ်...။ ဗမာလို ဘယ်လို ခေါ်ရမှန်းမသိဘူး...။ သူက ကိုက်လိုက်ရင် သွားတွေမှာ ကပ်ကပ်နေတတ်တဲ့ အသီး...။
အကင်စားချင်တယ်လို့ ညည်းလိုက်တာ...။ အဲဒါနဲ့ နောက်တစ်ပတ်ကို သွားစားဖို့ ယာယီ သတ်မှတ်လိုက်ရင်း အိမ်ပြန်ခဲ့တယ်...။ အဲဒါ ဟိုတစ်နေ့က နေ့လည်စာ သတင်းပေါ့...။ ရောသမမွှေ လုပ်လိုက်တာ...။

Sunday, February 10, 2008

ခေါက်ဆိမ့် (သို့) ကျိုင်းတုံမုန့်တီ (သို့) Keng Tung Shan Spaghetti

အခုတစ်လော ပါးစပ် လပ်ကီး ကောင်းနေတယ်...။ စားကောင်းသောက်ကောင်းတွေနဲ့ချည်းတိုးနေတယ်...။ လောလောဆယ်တော့ ဒီနေ့မနက် စားခဲ့ရတဲ့ အဓိက Main Dish ကို ဦးစားပေး တင်ပြပါမယ်...။ ကျိုင်းတုံမုန့်တီ (သို့) ရှမ်းလို ခေါက်ဆိမ့် လို့ ခေါ်တဲ့ ကျိုင်းတုံ ရှမ်းရိုးရာ မုန့်တီ အကြောင်းပါ...။ လွယ်လွယ်ပြောရရင်တော့ ခရမ်းချဉ်သီးအနှစ်နဲ့ တောက်တောက်စင်းထားတဲ့ ၀က်သားများ ထည့်ပြုတ်ထားတဲ့ ဟင်းရည်ထဲကို နန်းကြီးထည့်ပြီး စားရတဲ့ ရှမ်းတိုင်းရင်းသား ရိုးရာ အစားအစာ ဖြစ်ပါတယ်...။
ဒီမုန့်တီကို ကနေ့မနက်က တိုပါးယိုး ဘုန်းကြီးကျောင်းမှာ စင်ကာပူရောက် ရှမ်းမိသားစုများက အလှူဒါန ပြုတာ ဖြစ်ပါတယ်...။
ဒီပုံကတော့ ကျိုင်းတုံမုန့်တီ သို့မဟုတ် ခေါက်ဆိမ့်လို့ ခေါ်တဲ့ ရှမ်းစပက်ဂက်တီ ဖြစ်ပါတယ်...။

ပြုလုပ်ပုံအဆင့်ဆင့်ကိုတော့ တတ်သလောက် မှတ်သလောက် တင်ပြသွားပါမယ်။ပထမဦဆုံး ကြက်သွန်နီ/ဖြူများကို နွာပြီး တောက်တောက်စင်းပါမယ်...။

အဲဒီနောက် ၀က်သား (သုံးထပ်သား)ကို အနေတော် တစ်မတ်သား အတုံးလေးများ ဖြစ်အောင် တုံးရပါမယ်...။ ဒီပုံကတော့ တုံးပြီးသား ၀က်သားများ ဖြစ်ပါတယ်...။

ကြက်သွန်နဲ့ တုံးပြီးသား ၀က်သားများကိုမီးအနေတော် မြှင်းမြှင်းလေးနဲ့ ချက်ပေးရပါတယ်...။ တည်နေချိန်မှာ တစ်ယောက်က ယောက်မနဲ့ အဆက်မပြတ် မွေပေးရပါတယ်...။ အိုးဖင် ကြက်သွန်ကပ်သွားမှာ စိုးလို့ပါ။

ဆီသတ်ပြီးလို့ ကျက်လောက်ပြီထင်ရင် အိုးကြီးထဲကို ပြောင်းထည့်ပြီး ပဲပုပ်ချပ်များ အိုးထဲ ထည့်ပေးရပါတယ်...။ ရေထည့်ပေးပြီးတဲ့နောက် မီးပြင်းပြင်းနဲ့ အဆက်မပြတ် မွှေပေးလို့ အိုးထဲက ဟင်းအနှစ်များ ပွက်ပွက်ဆူလာပြီဆိုရင်ဖြင့် မီးဖိုပေါ်က ချလို့ ရပါပြီ...။

တစ်ယောက်က ဟင်းအနှစ်များ တည်နေချိန်မှာ ကျန်တဲ့ တစ်ယောက်က နံနံပင်ကို လှီးပြီးနှမ်းထောင်း ဖြူးထားရပါမယ်...။ တစ်လက်စတည်းမှာပဲ တရုတ်စကားဝါပွင့်များကို ပြုတ်ထားရပါမယ်...။ တရုတ်စကားဝါပွင့်ဆိုတာ အောက်က ပုံပါ...။ ဗမာပြည် ကျိုင်းတုံမြို့ကနေ စင်ကာပူကို ဒီပွဲအတွက် စပါယ်ရှယ် Export သွင်းလာတာပါ...။


အဆာပလာအဖြစ်ကတော့ ၀က်ခေါက်ကြော်ပေါ့...။
ကဲ...။ လိုအပ်တာတွေ ပြင်ဆင်ပြီးသွားရင်တော့ စားသောက်ဖို့ အသင့် ဖြစ်နေပါပြီ...။ ပထမဦးဆုံး မုန့်တီကို ပန်းကန်လုံးထဲထည့်ပါ...။ (စကားမစပ်... ပုံထဲက မုန့်တီပန်းကန်ထဲကို ဟင်းရည်လောင်းထည့်ပေးပြီး ပဲပေးနေတဲ့သူက အဲ..အဲ... မုန့်တီပွဲ ပြင်ဆင်ပေးသူက ကမကထ ပြုလုပ်တဲ့ အစ်မကြီးပါ...။)


ပြီးရင် တရုတ်စကားဝါပွင့်ကို ထည့်ပါ...။ ပွက်ပွက်ဆူနေတဲ့ ဟင်းရည်အနှစ်ကို ပန်းကန်လုံးထဲ လောင်းထည့်ပါ...။ နှမ်းထောင်းဖြူးထားတဲ့ နံနံပင်လေးအုပ်လိုက်ပါ...။ ဆားအပေါ့အငန်ကတော့ ကိုယ့်အကြိုက်ကို လိုက်လို့ ချင့်ချိန်ထည့်နိုင်ပါတယ်...။ အဲဒီအခါမှာ စားချင်စဖွယ် ကျိုင်းတုံ မုန့်တီပူပူလေး ရရှိပါပြီ...။


ဝက်ခေါက်ကြော်ပွနဲ့တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ...။
စကားမစပ်ပါ...။ မနေ့က အဲဒီ မုန့်တီ အတွက် ဘုန်းကြီးကျောင်းမှ ၀က်သားခုတ်ကူတာ လက်မှ သွေးခြေဥသွားတယ်...။ လုပ်အားပေးသူများကို ကျိုင်းတုံမုန့်တီကြော်နဲ့ ပြန်ဧည့်ခံပါတယ်...။ အောက်ကပုံမှာ ငမ်းသွားနိုင်ပါတယ်...။


Friday, February 8, 2008

ဝခေ်းမှိုင်းတ'း (OR) Shan State Day (OR)ရှမ်းပြည်နယ်နေ့

မင်္ဂလာပါ ဘလော့ဂ်ကြွလာ မိတ်သဟာ အပေါင်းတို့ခင်ဗျာ...။
၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့ဟာ ၆၁ နှစ်မြောက် ရှမ်းပြည်နယ်နေ့ ဖြစ်ပါတယ်...။
မြန်မာနိုင်ငံတွင်း နေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသားများဟာ ဒီနေ့ရောက်တိုင်း ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို စဉ်ဆက်မပြတ် ကျင်းပခဲ့ကြပါတယ်...။ ရန်ကုန်မြို့မှာတော့ ၁၉၆၃ ခုနှစ်ကတည်းက စပြီး နှစ်စဉ်မပြတ် ကျင်းပခဲ့ကြတတယ်လို့ မှတ်တမ်းမှတ်ရာများအရ သိရှိရပါတယ်...။
ဒီနှစ်မှာလဲပဲ စင်ကာပူရောက် ရှမ်းညီအစ်ကို မောင်နှမများ စုစည်းပြီးတော့ ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပွဲတော်တစ်ခုကို ကျင်းပခဲ့ကြပါတယ်။
ပွဲတော် မကျင်းပခင် ၅ရက်အလိုမှာတုန်းက ရိုးရာမပျက် ရှမ်းလို "တူဂ်းသူး" မြန်မာလို "တုတ်ဆူး" ခေါ် Carol Singing သဘောမျိုး တစ်အိမ်တက်ဆင်း သီချင်းဆိုကြတဲ့ အစီအစဉ် လုပ်ခဲ့ကြပါတယ်...။
ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာတော့ East Coast မှာ BBQ အစီအစဉ်လေး လုပ်ကြပါတယ်...။ စင်ကာပူမှာ ရောက်ရှိနေတဲ့ ရှမ်းညီအစ်ကို မောင်နှမများ အားလုံးနီးပါး (တစ်ချို့ မအားလပ်လို့ မလာနိုင်တာကလွဲပြီးတော့) ပျော်ပျော်ပါးပါး ၀ိုင်းဖွဲ့စားသောက် တီးမှုတ် ကခုန်ခဲ့ကြပါတယ်...။
အောက်မှာတော့ ပွဲတော်ညအတွင်းက မှတ်တမ်းတင်ခဲ့တဲ့ ပုံတစ်ချို့ကို မျှဝေပေးထားတာ ဖြစ်ပါတယ်...။
ပထမဆုံးပုံကတော့ ဘာဘီကျူး ကင်နေကြတဲ့ပုံပါ...။ Let's BBQ!!!





မုးလေရှူည်း... ဂျီ,ခေိုဝ့်... ဂျီ,ခေိုဝ့်...
ကင်မယ်...စားမယ်...။ လာကြဟေ့...။



ရှူည်း... ယု,မုး ရှိမ်က၀် ခေိုဝ့်ဂ', ပွတ်းလူင်ခွင်ရှဝ်း...။ နာ့ကြက်သားတုံးကြီး လာမလုနဲ့...။ Dun dare to eye on my chicken drumlet... :D lolz....



~~၀ခေ်း....၀ခေ်းမှိုင်းတ'း... ~~ ရွှင့်ဂ၊မ်းလူည်;ဂခေ်


မုးလေ;... ရှဝ်းဂု;လမ်းဝူင်း... Let's Dance!!! တူတူကရအောင်လား...။
video

All the fotos and video were taken juz using Phone Camera function built-in from Sony Ericsson W960i, pls bare the quality... (မသိမသာလေးနဲ့ ဆိုနီဖုန်းကို ကပ်ကြွားသွားတာ...။) တီဇက်အေကိုတော့ သတိရမိသား...။ သူပါလာရင် သူ့အုန်းသီးနဲ့ ကောင်းကောင်းလေး ရိုက်နေမှာ...။ သူ့ဖုန်းခေါ်တော့ သူ့ရည်းစားက ကိုယ်စားဖြေ ဖြေနေတော့တာပဲ...။ လူကြီးမင်း..လူကြီးမင်းနဲ့...။ မောင်ရင် ငတ်ပေါ့ကွယ်...။

Wednesday, February 6, 2008

CJ7 သို့မဟုတ် ထင်သလောက် မအောင်မြင်သော စတီဖင်ချောင်း၏ ဟာသကားသစ်တစ်ကား


ဒီနေ့တော့ အားနေတာနဲ့ အစ်ကို့ကို ခေါ် ပြီး sneak view ပြနေတဲ့ CJ7 ရုပ်ရှင်ကို သွားကြည့်လာတယ်...။ အခု နာမည်ကြီးတန်းဝင်လာတဲ့ စတီဖင်ချောင်း (Kung Fu Hustel ရိုက်ကူး/သရုပ်ဆောင်သူ) ပါဝင်သရုပ်ဆောင် ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ကိုယ်တိုင် ၀င်ရိုက် ဒါရိုက်တာ လုပ်တဲ့ ကား ဖြစ်ပါတယ်...။ ကလေးများအတွက် ရည်ရွယ်ပြီး ရိုက်ထားတဲ့ ကားဖြစ်ကြောင်းကို ရုံထဲရောက်ပြီး နာရီဝက်လောက်မှ သိလိုက်ရပါတယ်။ ကြည့်ပျော်တဲ့ ကားတစ်ကားပါ။ ကလေးသရုပ်ဆောင်လေး မဆိုးဘူး...။ အပြစ်ကင်းတဲ့ မျက်နှာပေးလေးနဲ့ သူ့ဇာတ်ရုပ်ကို သူ ပီပီပြင်ပြင် သရုပ်ဆောင် သွားနိုင်တယ်...။ ဒီကားက စတီဖင်ချောင်းဇာတ်ရုပ် သိပါမပေါ်ပဲ ကလေးကို အသားပေး ရိုက်သွားတဲ့ ကား ဖြစ်ပါတယ်...။ ကလေးလေးကလဲ ပိုင်နိုင်စွာ သရုပ်ဆောင် သွားပါတယ်...။
ဇာတ်လမ်းအကျဉ်း ပြောရရင်တော့ စတီဖင်ချောင်းက ပညာမတတ်တဲ့ ဆောက်လုပ်ရေး အလုပ်ကြမ်းသမား၊ ကလေးတစ်ယောက် အဖေ မုဆိုးဖို ဖြစ်ပါတယ်...။ သူ့သားကို ကျောင်းဝတ်စုံတောင် အနိုင်နိုင် ဆင်ပေးရရှာတဲ့ ဆင်းရဲသား လူတန်းစားပေါ့...။ တစ်နေ့မှာ သူ့သားလေးအတွက် အရုပ်ဝယ်မပေးနိုင်လို့ စိတ်မကောင်း ဖြစ်ပြီး လမ်းဘေး အမှိုက်ပုံက ကောက်လာတဲ့ အရုပ်လေးတစ်ရုပ်ကို ပေးပါတယ်...။ တစ်ကယ်တော့ အဲဒီ အရုပ်ကလေးဟာ တစ်ခြားဂြိုဟ်က လာတဲ့ ဂြိုဟ်သားတွေဆီက ကျန်ရစ်ခဲ့တဲ့ ဂြိုဟ်သားလေး ဖြစ်နေပါတယ်...။ အဲဒီမှာ...

ပိတ်ကားပေါ် ဆက်လက်ကြည့်ရှုပါကုန်...။ ဒီကားကို စတီဖင်ချောင်းရဲ့ အရင်ကား ကွန်ဖူးဟပ်စ်တယ်လို တန်းမီမယ်လို့ ထင်ထားပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါဘူး...။ ကြည့်ပျော်တဲ့ သာမာန် မိသားစုကားလေး တစ်ကားပါ...။ ကလေး ပညာပေးကားတစ်ကား ဖြစ်ပါကြောင်း...။