Saturday, May 31, 2008

အကြင်နာတွေနဲ့ ဖေးကူပါ...။ (မြန်မာ အနုပညာရှင်များ သီဆိုသည်...။)

Update(11 June 2008) : Comment တွင်ရရှိသော request ကြောင့် ဤပိုစ့်တွင် မူလက တင်ထားသော mp3 file ကို ဖယ်ရှားထားပါသည်။ ကိုခင်မောင်သန့်မှ request လုပ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။ စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

I am khin mg thant (Iron Cross)who organized to produce a song regarding to Nargis donation.Our works not finish yet.But the song has been exposed to the website some unscrupulous people.Our intention is to donate for Nargis people . The singers also contributed out of their own heart for donation .Please i have to request not to use this song at this time. After we have donated you can use it If it is in ur blog pls cancel it .By helping us you r helping them also we hope u r in a position to help .Thanks for ur help.Please forward to other blog who might use this song
with thanks,

KMT(IC)

တစ်လောက စင်ကာပူမှာ တရုတ် ငလျင်ဘေးအတွက် ရန်ပုံငွေ ရှာဖွေပွဲအဖြစ် စင်ကာပူကနေ ကမကထလုပ်ပြီး ထင်ရှားတဲ့ အနုပညာရှင်များကို ဖိတ်ခေါ်ကာ အနုပညာစွမ်းနဲ့ လိုက်ဖ်ရှိုးတစ်ခု ကျင်းပခဲ့ပါတယ်...။
ရန်ပုံငွေပေါင်း ဒေါ်လာ သန်းနဲ့ချီပြီး ရသွားပါတယ်...။
အဲဒီပွဲကို ကြည့်ပြီး ကျွန်တော်တို့ မြန်မာပြည်က မုန်တိုင်း ဒုက္ခသည်များအတွက် ဒီလိုရန်ပုံငွေ ရှာဖွေပွဲတစ်ခု လုပ်ပေးနိုင်ခဲ့ကြရင် ကောင်းမှာပဲလို့ ချဉ်ခြင်းတပ်မိပါတယ်...။
မဖြစ်နိုင်မှန်းတော့ သိတာပေါ့...။
ဒီလို ကူညီမှုတွေနဲ့ ပါတ်သက်တဲ့ သီချင်းတွေကလဲ ရှားတော့ ပွဲလုပ်ဖြစ်ရင်တောင်မှာ အချစ်သီချင်း၊ အသဲကွဲ သီချင်းတွေနဲ့ပဲ ဖျော်ဖြေရမှာပါ့ လို့ ထင်မိခဲ့ပါတယ်...။ No offense! Just my thoughts only.
(အိုင်စီ ၁၅ နှစ်မြောက် အန်ပလဂ်တုန်းကတော့ ကွယ်လွန်သူ ထူးအိမ်သင် ရေးတဲ့ “လောကကို အလှဆင်ကြစို့” သီချင်းလား မသိဘူး..။ အဲဒီသီချင်းတစ်ပုဒ်ပဲ အချစ်အကြောင်းနဲ့ ကင်းတာ...။ စောဘွဲ့မှူး သီချင်းများလဲ ရှိရင်ရှိမှာပေါ့...။)
မှတ်မိတဲ့ တစ်ခြား သီချင်းကတော့ ဆောင်းဦးလှိုင်ရေးပြီး ဆောင်းဦးလှိုင်၊ အေးချမ်းမေ၊ စည်သူလွင် ဆိုတဲ့ “ငြိမ်းချမ်းရေး နှင်းဆီ” သီချင်း...
မျိုးကြီးဆိုတဲ့ “နေရောင်အောက်က အသက်ရှုသံများ” သီချင်းတို့....။

အခု နောက်ဆုံး သီဆိုလိုက်ကြတဲ့ သီချင်းကတော့ ရင်ကို တိုက်ရိုက်ထိရှတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်...။
အင်တာနက် ဘလော့ဂ်စာမျက်နှာများ၊ အီးမေးလ်များ၊ အွန်လိုင်း စာမျက်နှာများမှာ လတ်တလော ပျံ့နှံ့နေတဲ့ သီချင်းပါ...။
နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်သွားတဲ့သူတွေကို ရည်စူးပြီး ရေးသားသီဆို ထုတ်လုပ်တဲ့ သီချင်းလို့ ယူဆမိပါတယ်...။ “အကြင်နာတွေနဲ့ ဖေးကူပါ” လို့ အမည်ရပါတယ်...။
ဒီသီချင်းကြောင့် လူသားချင်း စာနာထောက်ထားတဲ့ စိတ်ထားများ ပွားများနိုင်ပါစေ...။
အချင်းချင်း ဒီ့ထက်မက ကူညီနိုင်ကြပါစေ...။ တေးရေးတော့ ဘယ်သူလဲတော့ သေချာ မသိဘူး။ စာသားကြည့်ရတာ ၀င်းမင်းထွေးနဲ့ တစ်ခြားသူနဲ့ ပေါင်းရေးတာလား မသိဘူး...။

သီဆိုတဲ့ အနုပညာရှင်များတော့ နားထောင်မိတဲ့အထဲက မှတ်မိသလောက်
၀၁။ လေးဖြူ
၀၂။ အငဲ
၀၃။ ၀ိုင်ဝိုင်း
၀၄။ မျိုးကြီး
၀၅။ ဇော်ပိုင်
၀၆။ ကြိုးကြာ
ဝရ။ လေးလေးဝါး
၀၈။ ထူးအယ်လင်း
၀၉။ ချောစုခင်
၁၀။ စင်ဒီ ???
၁၁။ ဆုန်သင်းပါရ်
၁၂။ ရှင်ဘုန်း or ခင်ဘုန်း ??? (တယ်လီဖုန်း သီချင်းဆိုတဲ့သူ)
၁၃။ ကိုအောင် ???
၁၄။ အယ်နောင်း ???
၁၅။ ဟန်ထွန်း
၁၆။ ဖြူဖြူကျော်သိန်း
၁၇။ R ဇာနည်
၁၈။ L လွန်းဝါ ???or လင်းနစ် ??? (နောက်ဆုံး chorus ပိုဒ် မတိုင်ခင် အသံချိုချိုနဲ့ ၀င်ဆိုတာ...။)

(???? တွေက မသေချာပါ...။ အသံကို သေချာ မကျက်မိတော့လို့ပါ...။)

တို့ ဖြစ်ပါတယ်...။

(မူရင်း တေးရေး/တေးဆို/ထုတ်လုပ်သူများထံ ခွင့်မတောင်းပဲ မျှဝေခြင်း ဖြစ်ပါသည်...။ စီးပွားရေးအတွက် မျှဝေခြင်း မဟုတ်တဲ့အတွက် နားလည်ကြပါလိမ့်မယ် ထင်ပါတယ်...။ အချိန် အတိုင်းအတာ တစ်ခုအထိသာ ကျွန်တော့် ဘလော့ဂ်ပေါ်မှာ တင်ထားမှာ ဖြစ်ပါတယ်..။ ညာဘက် အပေါ်က side bar မှာ အဲဒီ သီချင်းပေါင်းလေးပုဒ်ကို တင်ထားပေးပါတယ်...။)

အောက်ကတော့ အကြင်နာတွေနဲ့ ဖေးကူပါ သီချင်းရဲ့ စာသားတွေပါ...။


အကြင်နာတွေနဲ့ ဖေးကူပါ..။
နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘ၀တွေ အဆုံးတိုင် ပျက်စီးသွား

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲ အခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော် မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ

ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများမှာ ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြား
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..
သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား
(အူး.. အားလုံးရဲ့အဖြေလား)

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲ အခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

ဆုံးရှုံးခဲ့တဲ့ တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ်
အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..
ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား ...
အိုး ဘ၀တွေ တစ်ခေါက်ပြန်လှစေဖို့
အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ
ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့်လက်များ
ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ (အူး အချစ်နဲ့ဘ၀တွေ နာကြင်ခြင်း)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ
ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ
ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ နာကြင်အဖေါ်မဲ့ ဘ၀တွေ


Song Lyrics Credit to : နေနေနိုင်
ဖြည့်စွက်ချက်။ ။ သီချင်းကို သေချာ နားထောင်ပြီးတဲ့နောက် သီချင်းကို ရေးစပ်သီကုံးသူ တေးရေးဆရာ၊ ပါဝင် သီဆိုကြတဲ့ အနုပညာရှင်များ၊ တီးခတ်ပေးကြတဲ့ အနုပညာရှင်များ၊ ထုတ်လုပ်ပေးတဲ့ ပရိုဂျူဆာများကို သန့်သန့်လေး ကျေးဇူးတင်မိတယ်...။

Wednesday, May 28, 2008

အားဘန်းနဲ့ စိတ်ဖွပ်ရအောင်...။

ခေါင်းစဉ်ကို ကြည့်ပြီး ခေါင်းစားသွားမယ် ထင်တယ်...။
အခုတစ်လော နုနယ်တဲ့ ခံစားလွယ်တဲ့ စိတ်လေးတွေ ညစ်ထေးနေလို့ သန့်စင်သွားအောင် လျှော်ဖွပ်ဖို့ ပြောချင်တာပါ...။
အားလုံးတူတူ ခဏတာလောက် စိတ်ကို အနားပေးလိုက်ရအောင်လား...။

အီးမေးလ်ထဲကို ၀င်လာတဲ့ ဟာသလေးတစ်ခုပါ...။
အဓိက ဇာတ်ကောင်ကတော့ ကာတွန်းကိုတွတ်ပီရဲ့ ဇာတ်ကောင် ကိုစောတင်မောင်လို လုပ်လိုက်ရင် တစ်လွဲ ဖြစ်တတ်တဲ့ “အားဘန်း” လို့ အမည်ရတဲ့ ဇာတ်ဆောင်ပါ...။ မတူတာကတော့ အားဘန်းက ပိုထုံတယ်...။ ပိုတုံးတယ်...။ တစ်ခါတစ်လေ အားဘန်းရဲ့ စဉ်းစားချက်တွေဟာ သာမာန်မဟုတ်တဲ့အတွက် အများ အမြင်မှာ ရီစရာ ဖြစ်နေပါတယ်...။

ရင်မောစရာ ဘ၀အမောများကို ခဏတာလောက် ဘေးဖယ်ထားပြီး ရယ်မောလိုက်ရအောင်လား...။

၁။ ဖုန်းနံပါတ် အသစ် ပြောင်းလဲခြင်း။
အားဘန်း တစ်ယောက် ဖုန်းအသစ်ဝယ်ပြီးတဲ့နောက် သူ့ဖုန်းစာအုပ်ထဲက သူငယ်ချင်းများဆီကို SMS နဲ့ အကြောင်းကြားပါတယ်...။
“ဟေး... သယ်ရင်းတို့...။ ကိုယ်အခု ဖုန်းနံပါတ်အသစ် ပြောင်းလိုက်ပြီ...။ အရင် Nokia 3310 ...အခုတော့ Nokia 6610”
(ဖုန်းနံပါတ်နဲ့ မော်ဒယ်နံပါတ်ကို မခွဲတတ်ပုံ)

၂။ တော်လိုက်တဲ့ ငါ့သား။
အားဘန်း။ ။ ကိုယ့်သားအငယ်ကောင် အခု ဆေးကျောင်းမှာ ရောက်နေတယ်...။ ကိုယ်သူ့အတွက် အရမ်းဂုဏ်ယူတယ်...။
အားဘန်း သူငယ်ချင်း။ ။ ဟုတ်လား။ ဘာမေဂျာနဲ့ ဆေးကျောင်းမှာ စာသင်နေတာလဲ...။
အားဘန်း။ ။ ကိုယ့်သားရဲ့ ထူးခြားတဲ့ ခန္ဒာကိုယ် ကို သူတို့က ပြန်လေ့လာနေတာ...။

၃။ မနက်ဖြန်မှ။
အားဘန်း။ ။ ကျွန်တော် အိပ်မက်ထဲမှာ ညတိုင်း ဘောလုံးကန်နေတယ်လို့ မက်တယ်ဆရာ။ ညတိုင်းပဲ...။
ဆရာဝန်။ ။ ဟုတ်လား။ ဒါဆို ဒီည မအိပ်ခင် ဒီဆေးသောက်လိုက်...။
အားဘန်း။ ။ မနက်ဖြန်ညမှ သောက်လို့ ရမလားဆရာ...။ ဒီနေ့က ဖိုင်နယ်ရောက်နေလို့...။

၎။ တူတူပဲ။
အားဘန်း။ ။ ကိုယ်သေရင် မင်း နောက်အိမ်ထောင်ပြုမလားဟင်။
ဇနီး။ ။ ဟင့်အင်း...။ ညီမလေးနဲ့ပဲ တူတူနေမယ်...။ ရှင်ရော ကျွန်မသေခဲ့ရင် နောက်အိမ်ထောင်ပြုမလားဟင်။
အားဘန်း။ ။ ဟင့်အင်း.. မင်းညီမလေးနဲ့ပဲ တူတူနေမယ်လေ...။

၅။ အိုးမိုင်ဂေါ့ဒ်။
အားဘန်း။ ။ လူတွေက ကိုယ့်ကို ဘုရားသခင် အမှတ်နဲ့ ဆက်ဆံကြတယ်...။
ဇနီးသည်။ ။ ဟုတ်လား။ ရှင် ဘယ်လို သိလို့တုန်း...။
အားဘန်း။ ။ ကိုယ်ပန်းခြံထဲ ၀င်သွားတာနဲ့ အားလုံးက “အိုး ဘုရားရေ... နင်လာပြန်ပြီလား”တဲ့...။

၆။ ချန်ထားခဲ့တယ်။
အားဘန်း။ ။ ရဲမှူးကြီးခင်ဗျား...။ သူခိုးက ကျွန်တော့်အိမ်က တီဗွီကလွဲလို့ ကျန်တဲ့ ပစ္စည်းတွေ မ သွားပါတယ်ခင်ဗျား...။
ရဲမှူးကြီး။ ။ ဘာလို့ သူခိုးက တီဗွီကို ချန်ခဲ့တာတုန်း...။
အားဘန်း။ ။ ကျွန်တော် တီဗွီထိုင်ကြည့်နေလို့ပါ...။

၇။ အားဘန်းကို အတန်းထဲမှာ ဘယ်လို ရှာကြမလဲ...။
အတန်းထဲမှာ ဆရာမက ကူးချစရာစာတွေကို ကျောက်သင်ပုန်းမှာ ရေးပြီးနောက် ပြန်ဖျက်လိုက်တဲ့ အချိန်မှာ မှတ်စုစာအုပ်ထဲက ကူးထားတဲ့ စာတွေကို လိုက်ဖျက်နေတဲ့ ကိုယ်တော်ချောဟာ အားဘန်းပေါ့...။

၈။ ဟုတ်တာပဲ...။။
အားဘန်း။ ။ ဒီအပြေးသမားတွေ ဘာလို့ ပြေးနေကြတာတုန်း...။
နံဘေးကလူ။ ။ အနိုင်ရသူတစ်ယောက်က ဆုဖလားရမှာလေ...။
အားဘန်း။ ။ အနိုင်ရမှာက တစ်ယောက်ထဲကို ဘာလို့ အကုန်လုံးက လိုက်ပြေးနေကြတာတုန်း...။ တစ်ယောက်တည်း ပြေးရင် တော်ရောပေါ့...။

၉။ မှန်လိုက်လေခြင်း။
ဆရာမ။ ။ “I killed a person” ဆိုတဲ့ ၀ါကျကို Future Tense အနေနဲ့ ပြောင်းပြစမ်း... အားဘန်း...။
အားဘန်း။ ။ “You will go to jail” ပါ ဆရာမ...။

၁၀။ ဘာဖြစ်လဲ။
အားဘန်း။ ။ ဟဲ့...ကောင်မလေး...။ ပန်းခြံထဲက အပင်တွေကို ရေထွက်လောင်းလိုက်စမ်း...။
အစေခံ။ ။ မိုးရွာနေတယ် သခင်...။
အားဘန်း။ ။ အဲဒီတော့ ဘာဖြစ်လဲ...။ ထီးမိုးပြီး သွားလောင်းချည်...။ ခိုင်းလိုက်ရင် ဆင်ခြေတွေ ချည်းပဲ...။
အစေခံ။ ။ တိန်...။

ပြုံးပျော်ဟားနိုင်ကြပါစေ။

Monday, May 26, 2008

What a Wonderful and Unfair World ?

ဒီနေ့ကြားလိုက်ရတဲ့ သတင်း တစ်ခုကြောင့် လောကကြီးကို အရမ်း... အရမ်းကို အံ့သြမိပါကြောင်း...။
လောကပါလ တရားဆိုတာကို ပိုပြီး သံသယဖြစ်မိပါကြောင်း...။
ကောင်းတာ လုပ်ရင် ကောင်းတာရမယ်ဆိုတဲ့ တရားကို မယုံကြည်သလို ဖြစ်လာတဲ့ အကြောင်း...။

အကြည်ဓါတ် ပိုခမ်းသွားပြီ...။
ရေးမလို့ ပြင်နေတဲ့ စာတွေ ပျောက်ကုန်ပြီ...။

စိတ်ကုန်တယ်...။
စိတ်ပျက်တယ်...။
စိတ်လေတယ်...။
ရွံရှာတယ်...။
စက်ဆုပ်တယ်...။

တစ်ကယ်ကို ပြောစရာ စကားတွေ ကုန်သွားပြီ...။
တစ်ကယ်... လေတယ်... ဒီနေ့...။

Saturday, May 24, 2008

ပြန်ရဦးမလား...။

တစ်ခါက ဒါတွေ ရှိခဲ့တာပေါ့လို့ ပြောစမှတ် ပြုရတော့မှာလား...။

၁။ ပုသိမ် ထီး၊ ဟာလ၀ါ။
၂။ ဖျာပုံ ပေါ်ဆန်းမွှေး။
၃။ ဘိုကလေး မီးသွေး၊ ပုဇွန်ခြောက်။
၎။ လပွတ္တာဆား။

ဘယ်တော့များမှ ပုံမှန် အခြေအနေကို ပြန်ရောက်မှာပါလိမ့်...။
ဖန်တီးရှင်များ ဘ၀ကို စာနာမိတယ်...။ သူတို့တစ်တွေ အခြေအနေ ဘယ်လိုရှိနေကြပါလိမ့်...။

History of Fail Efforts (OR) Frustration, False Hopes and Failure

History of Fail Efforts : အောင်မြင်မှု မရှိသော ကြိုးစားအားထုတ်မှု မှတ်တမ်းများ။
Frustration : စိတ်အနှောင့်အယှက် ဖြစ်ခြင်း၊ စိတ်ဆိုး ဒေါသထွက်ခြင်း၊ အမျက်ခြောင်းခြောင်း ထွက်ခြင်း။
False hopes : ဖြစ်နိုင်ချေမရှိသော မျှော်လင့်ချက်၊။
Failure : တစ်စုံတစ်ခုသော ကိစ္စရပ်ကို ပြီးပြည့်စုံအောင် မဆောင်ရွက်နိုင်ခြင်း၊ ပျက်ကွက်ခြင်း။

Source : Google News .


နေရောင်အောက်က အသက်ရှုသံများ။

ခပ်ကြမ်းကြမ်းလေး ၀င်သရမ်းသွားတဲ့
သဘာဝတရားရဲ့ ကျီစယ်မှု...။
ဖန်လုံအိမ်ကြောင့်တဲ့...။
သဘာဝတရားကို လျှော့တွက်တတ်တဲ့
လူ့သဘာဝကြောင့်တဲ့...။
အရိပ်လို ကပ်ပါလာတဲ့
အတိတ်က ကံတရားကြောင့်တဲ့...။

အပြစ်ကင်းတဲ့ ကလေးများရဲ့
ချစ်စဖွယ် ရီသံများနဲ့
စည်ကားနေခဲ့တဲ့ နေရာက
အခုတော့
တစ်စပြင် တစ်ခုလို
တိတ်ဆိတ်လို့...။

အကွယ်အကာမဲ့တဲ့
အမိုးမဲ့တဲ့ဗလာထီးထီး
ကမ္ပလာမြေထု အထက်ဆီမှာ
တစ်ယောက်တည်း ရပ်နေရင်း
အနောက်ဘက်ဆီမှာ
မိုးညို့လာရင်ကို
စိုးထိတ်နေမိပြီ...။

ခိုနားဖို့ အတွက် အရိပ်တစ်ခု...။
နောက်မနက်တစ်ခု အတွက်
အသက်ဆက်ဖို့
ရေကြည်တစ်ပေါက်...။
နေ့သစ်တစ်ခုကို
တစ်ဖန်ပြန်ကြုံရဖို့
လိုအပ်နေတဲ့ အစားတစ်လုတ်...။
ဘယ်မှာလဲ... ဘယ်မှာလဲ... ဘယ်မှာလဲ...။

မျှော်လင့်ခြင်းနဲ့ ငတ်မွတ်နေတဲ့
မျက်လုံးအစုံများ...။
စိုးရိမ်မှုနဲ့ ထုံမွမ်းနေတဲ့
အတွေးနက်နက်များ...။
မရောရာတဲ့ မနက်ဖြန်ပေါင်းမြောက်များစွာ...။


အော်...
ဒါလား သဘာဝတရားရဲ့ ကျီစယ်မှု...။
ဒါလား ဖန်လုံအိမ် အာနိသင်...။
ဒါလား အတိတ်က ကမ္မ အကျိုးအာနိသင်...။

လောကကြီး...
ခင်ဗျား သိပ်ရက်စက်တယ်...။

(မယောင်ရာ ဆီလူးနေကြသော၊ တုံ့ပြန်မှု နှေးကွေးနေသော သူများသို့...။ )

Friday, May 23, 2008

Yesterday .... မနေ့က

မနေ့က
အားကုန်လုဆဲဆဲ ပန်းပွင့်ကို
မြေသြဇာ သွန်းလောင်းနိုင်ခဲ့တယ်...။

မနေ့က
ရွက်ကျပင်ပေါက် တစ်ပင်ရဲ့
တွယ်ရာမဲ့ နိဒါန်းကို
အဆုံးသတ်ဖို့
အစပျိုးတဲ့ ဇာတ်ကွက်ကို
တွေ့ရတယ်...။

မနေ့က
ကိုယ့်အရိပ်ကို ပြန်လန့်နေတဲ့
အတိတ်တစ္တေအခြောက်ခံသူများရဲ့
ဆင်ကန်းတောတိုး ကမူးရှုးထိုး
တုန့်ပြန်မှုကို
ခါတိုင်းလို ကြုံရပြန်တယ်...။

မနေ့က
မနိုင်ဝန်ထမ်းပြီး
မဖြည့်စွမ်းနိုင်တဲ့ ဂတိတွေ
အထပ်ထပ် အခါခါ
ပေးခဲ့တဲ့၊ ပေးနေတဲ့၊ ပေးနေဦးမယ့်
လူတစ်ယောက်ကို တွေ့ခဲ့တယ်...။

မနေ့က
ရှာမှရှားတဲ့ သမိုင်းဝင် ဖြစ်ရပ်တစ်ခု
အစပျိုးခြင်းကို ကြုံလိုက်ရတယ်...။

မနေ့က
တစ်သက်လုံး ကြားလာခဲ့တဲ့
စကားပုံတစ်ခု
ပြောင်းပြန်ဖြစ်တာ
ကြားဖူးသွားတယ်...။

မနေ့က...
မနေ့က...
(မနေ့က...)။

Thursday, May 22, 2008

Keep It Up!!

ဒီခရီးကို ဒီထီးနဲ့ ဆက်သွားမလား...။
ဒီမိုးနဲ့ ဒီလေနဲ့...
ဒီလူနဲ့ ဒီအပူနဲ့...

ဆိုက်ချင်တဲ့ ကမ်းဆိုက်...
ရောက်ချင်တဲ့ သောင်ရောက်...

လက်သည်းကို ဆိပ်မိမှ
လက်ထိပ်နာမယ်...။

တွယ်ရာမဲ့ဗေဒါကို
ပန်းပန်ပေးလိုက်ရအောင်...။

ဒိုက်ဖတ်တွေ
ရေမှော်တွေ
အဝေးကိုသွား...။

ကဲ...လာခဲ့...။

ဟိုး.... အရှေ့မှာ
ရောင်နီပျို့လာပြီ...။
မိုးရိပ်မဆင်ခင်
အရောက်သွားရအောင်...။

(လှမ်းလင့်ကူညီနေကြသော လက်အစုံပေါင်းများစွာသို့...။)

Wednesday, May 21, 2008

ွှThis is Myanmar !!! :(

ညီမလေး နေနေနိုင် ဘလော့ဂ်ထဲက တင်ထားတဲ့ ကာတွန်းလေးကို ရင်နာနာနဲ့ သဘောကျမိလို့ ခံစားမိသမျှ တင်လိုက်ရပါတယ်...။

အော်...။ မြန်မာဆိုတာကို ဒါကြီးနဲ့ တွဲပြီးတော့မှ ကမ္ဘာက သိလာပါလားလို့...။

ပုဂံမှာ ဘုရားပုထိုး စေတီတွေ လက်ညိုးထိုးမလွဲအောင် ပေါတယ်...။
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို ချစ်မြတ်နိုးသူတွေ မြန်မာပြည်ကို လာလည်ကြတယ်...။
အဲဒါကြောင့် မြန်မာကို သိတယ်...။ (ရှားတယ်...။)

ချောက်ကမ်းပါးပေါ်က ကျလုတည်းတည်း တင်ထားတဲ့ ဧရာမ ကျောက်တုံးကြီးပေါ်မှာ စေတီတည်ထားတယ်...။
လေတိုက်လိုက်တိုင်း ကျောက်တုံးကြီးက လှုပ်နေတယ်...။ ဒါပေမဲ့ ကျောက်တုံးကြီးက ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ပြီး အောက်ကို ပြုတ်ကျမသွားဘူး...။
ပါးစပ်ရာဇ၀င်အရ အရင်က ကျောက်တုံးကြီးက မြေကြီးနဲ့ မထိပဲ ကြက်မတစ်ကောင် အဲဒီအောက်ကို သွားပြီး အေးအေးဆေးဆေး ၀ပ်နေနိုင်လောက်တဲ့ အမြင့်လောက် လေထဲ တည်နေတယ်...။
အဲဒီလို ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းများနဲ့ ပြည့်နှက်တဲ့ ကျိုက်ထီးရိုးကြောင့် မြန်မာကို သိတယ်...။ (ရှားတယ်...။)

လှေကို သမားရိုးကျ လက်နဲ့ မလှော်ပဲ ခြေထောက်နဲ့ လှော်ကြတဲ့ လူမျိုးတွေ ရှိတဲ့ နေရာဖြစ်လို့ လူသိများတယ်...။ အင်းသားတွေပေါ့...။ အဲဒီ အင်းသားတွေ နေတဲ့ တောင်ပေါ်က အိုင် “အင်းလေးအိုင်” ကို လာလည်ကြတယ်...။ မြန်မာပြည်ကို သိသွားကြတယ်...။ (ရှားတယ်...။)

ကမ္ဘာပေါ်မှာ အကြီးဆုံး ကျောက်စိမ်းတုံး ထွက်ရှိရာ ဒေသ၊ အကြီးဆုံး ပတ္တမြား ထွက်ရှာရာဒေသ၊ ကမ္ဘာ့အကြီးဆုံး သဘာဝ (သဘာဝ) ပုလဲ ထွက်ရှိရာ ဒေသ၊ ကမ္ဘာ့အကောင်းဆုံး အရည်အသွေး အမြင့်ဆုံး ကျောက်မျက်ရတနာများ ထွက်ရှိရာဒေသ စသည်တို့ကြောင့် လူသိများလာတယ်...။ ကျောက်မျက် ရောင်းဝယ်သူများ လောက်သာ သိကြတယ်...။

သဘောင်္များ တည်ဆောက်ရာမှာ အသုံးပြုလို့ အကောင်းဆုံးသစ်ဖြစ်တဲ့၊ ကမ္ဘာ့အကောင်းဆုံးသစ်လို့ ဆိုရမယ့် ကျွန်းသစ်များ အလျှံပယ် ထွက်ရှိရာ ဒေသ၊ ကမ္ဘာ့ အသန့်စင်ဆုံး ကြေးနီ (၉၉.၉%) ထွက်ရှိရာ ဒေသ၊ ကမ္ဘာ့စပါးကျီ၊ ...၊ ...၊ ......။

ဒါတွေက အခု ဆယ်စုနှစ်တစ်ခုကျော်လော်ကမှ စပြီး သိလာတဲ့ မြန်မာပြည်ပေါ့လေ...။

အရင်ကဆို စီးပွားရေးတွက်တတ်တဲ့ အိမ်နီးချင်းနိုင်ငံကြောင့် မြန်မာပြည်ဟာ ရွှေတြိဂံဆိုတဲ့ နာမည်ဆိုးကြောင့် ကျော်ကြားခဲ့တယ်...။ ဒါကျတော့ တော်တော်များများ (တော်တော်များများ) ကို သိခဲ့ကြတယ်...။
နောက်တော့ အများသိကြတဲ့ သမိုင်း အလှည့်အပြောင်းတစ်ခု ဖြစ်တဲ့ ၈၈ အရေးအခင်းကြောင့် မြန်မာပြည်ကို သိလာကြတယ်...။
အရှေ့တောင် အာရှ...၊ အမျိုးသမီး နိုဘယ်ဆုရှင်၊ ရွှေဝါရောင်၊.....
ဟော အခုတော့ နောက်ဆုံး ကမ္ဘာတစ်ဝှမ်းလုံးက မြန်မာပြည်ရယ်လို့ မှတ်မှတ်ထင်ထင် သိနားလည်လာကြတဲ့ အချက်....။
နာဂစ် တဲ့...။ နာဂစ်နဲ့ တွဲပြီးမှာ သိလာကြတယ်...။ လူပေါင်း သောင်းနဲ့ချီပြီး အသက်ဆုံးရှုံးရ၊ သောင်းနဲ့ချီပြီး ပျောက်ဆုံးကြ၊ သိန်းနဲ့ချီပြီး အိုးအိမ်ပျက်စီးဆုံးရှုံးရ.....
...။
...။

နောက်ဆုံးတော့ မြန်မာပြည်ဟာ အများနဲ့ မတူပဲ အောက်ကကာတွန်းပုံထဲကလို တစ်ကမ္ဘာလုံးက သိရှိသွားပါပြီ...။
အော်.... This is Myanmar!!!

Disasters Around the World

Source : Disasters - 13 May 2008 , TimesFreePress.com - Cartoons

Credit to : Nay Nay Naing

Egg = Hungarian > Steve = Microsoft = Corruption ?

အခု နိုင်ငံတကာမှာ လတ်တလော ဟော့တ်ဖြစ်နေတဲ့ သတင်းကတော့ မြန်မာ Nargis မုန်တိုင်း ကူညီ ကယ်ဆယ်ရေး သတင်းနဲ့ တရုတ်နိုင်ငံက စီချွမ်ငလျင် သတင်းပါ...။

CNN, ABC, Fox, CNA, Reuters, AP စတဲ့ သတင်းဌာနများရဲ့ Homepage တွေမှာ ထိပ်ဆုံး သတင်းအနေနဲ့ အမြဲတမ်း ပါနေခဲ့ပါတယ်...။



Software ဈေးကွက်မှာ မိုနိုပိုလီ လုပ်တာတွေကြောင့် သက်ဆိုင်ရာ နိုင်ငံတွေမှာ ဈေးကွက် လက်ဝါးကြီး အုပ်မှုနဲ့ တရားတဘောင်တွေ မကြာခဏ ရင်ဆိုင်နေရတဲ့ Microsoft ဟာ အခုလဲပဲ နောက်လက်ဝါးကြီး အုပ်မယ်လို့ ယူဆရတဲ့ ခြေလှမ်းတစ်ခုကို စတင်ခဲ့ပါတယ်...။

အဲဒီ နောက်ဆုံး ခြေလှမ်းကတော့ Yahoo ကို ၀ယ်ယူဖို့ ကြိုးစားတာ ဖြစ်ပါတယ်...။ ဒါပေမဲ့ ဒီကမ်းလှမ်းချက်တွေရဲ့ နောက်ကွယ်မှာ Yahoo က လက်မခံနိုင်တဲ့ Terms and Conditions တွေ ပါနေတဲ့ အတွက် Microsoft က ရာဟူးရဲ့ ရှယ်ယာတွေကို ပုံမှန်ထက် ဈေးကြီးပေးဝယ်သောငြား Yahoo မှ တာဝန်ရှိသူများက ငြင်းပယ်လိုက်ပါတယ်...။

သာမာန် အချိန်တွေမှာ ဒီ ဒေါ်လာ မီလီယံချီတဲ့ သတင်းဟာ အုတ်အော်သောင်းနင်း ဖြစ်နိုင်ပေမဲ့ အပေါ်က ဖေါ်ပြခဲ့တဲ့ သတင်းနှစ်ခုကြောင့် လူသိသလောက် မသိခဲ့ပါဘူး...။

အခု တင်ပြချင်တဲ့ သတင်းကတော့ မနေ့ကမှ မိုက်ကရိုဆော့ဖ်က အမှုဆောင် အရာရှိချုပ် Steve Ballmer တစ်ယောက် ကြက်ဥရှောင်တမ်း ကစားလိုက်ရတဲ့ သတင်းပါ...။
ဖြစ်ပုံကတော့ စတိဗ်တစ်ယောက် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့က Budapesti Corvinus Egyetem, university မှာ Lecture ပို့ချနေတုန်းမှာ ထိုင်နေတဲ့ ကျောင်းသားများထဲက တစ်ယောက်က ရုတ်တရက်ဆိုသလို မတ်တပ်ရပ်လိုက်ပြီး မိုက်ကရိုဆော့ဖ်ကြောင့် ဟန်ဂေရီပေးဆပ်လိုက်ရတဲ့ ပျက်စီးဆုံရှုံးမှုတွေကို ပြန်ပေးလို့ အော်ရင်း လက်ထဲက ကြက်ဥ ၃ လုံးနဲ့ ပစ်ပေါက်နေခဲ့ပါတယ်...။ စတိဗ်ခမျာ ဟောပြောစင်မြင့်နောက်မှာ အမြန် ရှောင်တိမ်း ဂျက်စီဂျိမ်း လုပ်လိုက်လို့ ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားတာပါ...။

အရင်တုန်းကလဲ ဘီလ်ဂိတ်တစ်ယောက် ဒီလိုပဲ ပစ်ပေါက်ခံရဖူးပါတယ်...။ ဒါကတော့ ဧည့်ခံပွဲတစ်ခုမှာ စီးပွားရေး လုပ်ငန်းရှင်များက ပြောင်စေပျက်စေ သဘောနဲ့ စနောက်ကြတယ်လို့ ပြောပါတယ်...။ (တစ်ကယ်တော့ အမြင်ကတ်တာက ပိုများတယ်လို့ ပြောကြတယ်...။) အဲဒီတုန်းကတော့ စတိဗ် ခုလို ခံရသလို ကြက်ဥနဲ့ မဟုတ်ပဲ ရေခဲမုန့်တွေသာ ဖြစ်လို့ နည်းနည်းခံသာပါသေးတယ်...။ ခုတော့ ကြက်ဥဆိုတော့...။

သတင်းများကို အကျယ် ဖတ်လိုရင်တော့ ဒီမှာ နဲ့ ဒီမှာ ဖတ်နိုင်ပါတယ်...။

Source : Seattle Times , LA Times

Sunday, May 18, 2008

လာခြင်းမကောင်းခဲ့သော...။

ငါ...
အံကြိတ်နေတယ်။

မနေ့က
တွေ့ဖြစ်သေးတယ်။
ဒီနေ့ မရှိတော့ဘူးတဲ့။
မျှော်လင့်ချက်တွေကို
ရိုက်ချိုးသွားတဲ့
ချိုးဖြူငှက်ကို
ရှားမီးခဲထဲ
ငါ...
စိတ်ကူးနဲ့ ပစ်ထည့်လိုက်တယ်။

မြင်ကွင်းထဲမှာ
(သူတို့တွေ)ရေထဲမှာ မတ်တပ်ရပ်လို့၊
(သူတို့တွေ)အရှက်တရားကို လမ်းဘေးမှာ ခ၀ါချခဲ့လို့၊
(သူတို့တွေ)လှမ်းနေတဲ့ လက်တစ်စုံ၊
(သူတို့တွေ)ပုတ်ချဖို့ ကြိုးစားနေတဲ့ လက်တစ်စုံ၊
လေဟာနယ်ထဲမှာ
ပျောက်ကွယ်သွားတော့မယ့် ၀ိညာဉ်တစ်ခု၊
အော်.... ဒီလိုနဲ့ မိုးချုပ်သွားပြီလေ။

မနက်ဖြန်မှာ ပြူထွက်မယ့် နေမင်းတစ်စင်းကို
မြင်နိုင်ဖို့ အခွင့်အလမ်း...။
နေ့သစ်တစ်ခုကို စတင်မယ့် အခွင့်အလမ်း။
လတ်တလော ဟာနေတဲ့ ၀မ်းကို
ဖြည့်ပေးမယ့် အာဟာရ တစ်ခု။
သူတို့တစ်တွေ
လောကဓံရဲ့ အလှည့်အပြောင်းမှာ
ဘယ်လောက်ကြာကြာ
အံတုနိုင်မှာလဲ...။

“အဘတို့ အစ်မတို့ကလဲ ကြာလိုက်တာ”တဲ့...။
ဂျာရစ်က ဦးခွေးကို ပြောနေတုန်းလား။
ဘုန်းဘုန်း ကျက်သရေခန်းထဲက ငှက်ပျောသီးရော
ရှိသေးရဲ့လား...။

“မကြာခင် မင်းနို့စို့ရမှာပါ”တဲ့...။
အမေပျောက်နေတဲ့ သားကလေးကို
ဇနီးပျောက်နေတဲ့ အဖေက နှစ်သိမ့်ရင်း
ဘယ်တော့မှ မတွေ့နိုင်တော့တဲ့
သူ့ကြင်သူသက်ထားကို မျှော်နေတယ်...။

“ကျွန်တော်ပါ လိုက်သွားရမှာ”တဲ့...။
သစ်ကိုင်းကို ဖက်တွယ်ရင်း
သူတို့ကလေး ရေထဲမျှောသွားတာကို
မိန်းမ သိအောင် ပြောလိုက်လို့
နောင်တရနေတဲ့ သူတစ်ယောက်။
သိသိချင်း သစ်ကိုင်းကို လွှတ်လိုက်တဲ့
မိန်းမကို သူမြင်ယောင်နေမလား...။

ငါ...
အံကြိတ်နေတယ်။

(နာဂစ်ရေ...။
တစ်ကယ်တော့ မင်းဟာ
ဘယ်တုန်းကမှ
လာခြင်းကောင်းသော ဧည့်သည်တစ်ယောက်
မဟုတ်ခဲ့ဘူးဆိုတာ ...။)

Friday, May 16, 2008

မြန်မာပြည်ကို မေလ ၂၂ ရက်နေ့ မတိုင်ခင် ဖုန်း ဖရီးခေါ်ကြရအောင် ...။

rebtel.com မှာ Account တစ်ခု လုပ်ပြီးရင် မြန်မာပြည် ကို ၂ နာရီ ကြာ Free ဖုန်းခေါ်လို့ ရကြောင်း သိရပါတယ်။ အင်တာနက်ကို သုံးပြီးခေါ်ရ တာ မဟုတ်ပဲ ကိုယ့်ရဲ့ ဖုန်းကနေ တိုက်ရိုက် ခေါ်ဆိုရတာ ဖြစ်တဲ့ အတွက် သုံးရတာ ပိုပြီး အဆင်ပြေပါတယ်။


Free 2 hours call to Myanmar until 22-05-2008


အသုံးပြုရတာ လွယ်ကူ ပါတယ်။
- rebtel.com မှာ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့်တစ်ခု အရင်လုပ်ရပါမယ်။
- ပြီးရင် ကိုယ်ခေါ်ချင်တဲ့ (မြန်မာပြည်) က ဖုန်းနံပါတ်ကို ထည့်လိုက်ပါ။
- Local phone Number တစ်ခု ပေးပါလိမ့်မယ်။ ကိုယ်ဆက်သွယ်ခေါ်ဆိုရမယ် Local Number ကို Webpage မှာ ပြပေးသလို့  မိုဘိုင်းဖုန်း နဲ့  Register လုပ်ထားတယ် ဆိုရင် အဲ့ဒီ ဖုန်းကို SMS ၀င်လာပါတယ်။

ဒါဆို ကိုယ့်ရဲ့ Resigster လုပ်ထားတဲ့ ဖုန်းကနေပြီး အဲ့ဒီ သူတို့ ပေးတဲ့ နံပါတ်ကို တိုက်ရိုက် ခေါ်လိုက်ရင် (ရန်ကုန်က) ကိုယ် ခေါ်ချင်တဲ့ ဖုန်းကို ရောက်သွားပါမယ်။ အဲဒီလို ခေါ်တဲ့ အတွက် rebtel က သူတို့ ရဲ့ Service (IDD Call) ကို Free ပေးပေမယ့် ကိုယ့်ရဲ့ ဖုန်းမှာတော့ Local Charge နဲ့ ပေးရ ပါလိမ့်မယ်။ (Update: သူငယ်ချင်းတစ်ယောက် စမ်းကြည့်တာ Mobile နဲ့  SignUp လုပ်ခဲ့ပေမယ့် Home Phone ကိုသုံးပြီး Rebtel ကပေးတဲ့ Local Number ကို ခေါ်တာလဲ ခေါ်လို့ ရပါတယ်)။

နိုင်ငံတိုင်းကတော့ ဒီ Service ကို သုံးလို့  မရပါဘူး။ US, Canada, UK, Singapore, Japan, Australia နဲ့  EU နိုင်ငံတွေက ဖုန်းတွေနဲ့ ဆို Register လုပ်လို့ ရပါတယ်။ Thailand, Malaysia , Korea စတဲ့ နိုင်ငံတွေကတော့ သုံးလို့  မရပါဘူး။ တခြား ဘယ်နိုင်ငံတွေက Register လုပ်ပြီး အသုံးပြုနိုင်သလဲ သိချင်တယ်ဆို Rebtel-countries မှာ ကြည့်လို့ ရပါတယ်။

Phone number တစ်ခု ( Account တစ်ခု) က နေ မြန်မာပြည်ကို ၂ နာရီ IDD Free ပေးတာဆိုတော့ အိမ်ဖုန်း၊ အလုပ်ကဖုန်း၊ မိုဘိုင်းဖုန်း ရှိသမျှ ဖုန်းအကုန်လုံးနဲ့ account တွေ လုပ်ပြီးခေါ် လို့ ရတာပေါ့။ ဖုန်း ၅ လုံး ရှိတယ်ဆိုရင် မြန်မာပြည်ကို ၁၀ နာရီ စကား ပြောလို့  ရပြီ။ ရှိတဲ့ ဖုန်းတစ်လုံးနဲ့  Register လုပ်ပြီးပေမယ့် ရန်ကုန်ကို ခေါ်မကြည့်ရသေးဘူး။ စမ်းခေါ်ကြည့်ပြီးတဲ့ သူတွေ ပြောတာ ကတော့ အဆင်ပြေတယ်။ တချို့ဆို ၁ နာရီလောက်တောင် ပြောဖြစ်တယ်လို့ ပြောပါတယ်။ တချို့ကလည်း အသံ သိပ်မကြည်ဘူး ပြောတာ။ ဘာပဲဖြစ်ဖြစ် အလကားခေါ်လို့  ရနေတုန်း အမြန် ခေါ် သင့်တယ်။

Credit to : ညီမလေး Nay Nay Naing

Wednesday, May 14, 2008

မုန်တိုင်း နောက်တစ်လုံး လာနိုင်မလား.. သတိထားကြပါ...။

ဒီစာကို ရေးနေတဲ့အချိန်ဟာ မြန်မာ စံတော်ချိန် ၄း၃၀ နာရီ ရှိနေပါပြီ...။ မုတ္တမ ပင်လယ်မှာ တိမ်တွေ တစ်အားထူနေပါတယ်...။ လေတိုက်နှုန်းက တစ်နာရီကို ၃၀-၄၀ ရေမိုင်နှုန်းနဲ့ တိုက်ခတ်နေပါတယ်...။
အင်တာနက်ပေါ်မှာတော့ မုန်တိုင်းဖြစ်နိုင်ချေ သတိပေးချက်များ အဆက်မပြတ် ထွက်ပေါ်နေပါတယ်...။

မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမျာ လေဖိအားနည်း ရပ်ဝန်းတစ်ခု သိသိသာသာ
ဖြစ်ပေါ်နေပါတယ်...။ ဖုန်းသတင်းအရ ဖျာပုံမှာ လေတိုက်နှုန်း တော်တော် ပြင်းနေပါတယ်...။ ယူအန်က ထုတ်ပြန်တဲ့ ကြေငြာအချက်အရ ၁၈ နာရီမှ ၂၄ နာရီအတွင်း ဆိုင်ကလုံး မုန်တိုင်းတစ်ခု ဖြစ်ပေါ်ဖွယ်ရာ ရှိတယ်လို့ သိရပါတယ်...။ ယူအက်စ် မိုးလေ၀သ ခန့်မှန်းရေးဌာနကလဲ ဆိုင်ကလုံး ဖြစ်ပေါ်နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းထားပါတယ်...။

ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဖူးပြီးသားမို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားစေချင်ကြပါတယ်...။ ရန်ကုန်အောက်ပိုင်းကနေ ကုန်းတွင်းပိုင်းကို စတင် ၀င်ရောက်ပြီး ရန်ကုန်မြို့ကို အဖျားခတ်သွားကာ အနောက်မြောက် (မြောက်) အရပ်သို့ ရွေ့လျားဖွယ်ရာ ရှိကြောင်း ခန့်မှန်းထားပါတယ်...။


Google Earth က မြေပုံကတော့ အခု အချိန် မိုးလေ၀သ အခြေအနေကို ပြသနေပြီး


နောက်တစ်ပုံကတော့ တွက်ချက်ထားတဲ့ မုန်တိုင်းလမ်းကြောင်းပါ...။
ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားဖို့ နီးစပ်ရာကို သတိပေးကြပါ...။ အိမ်က မှန်တံခါးတွေကို သစ်သားနဲ့ လိုက်ရိုက်ပိတ်ထားပါ..။ အရေးကြီးပါတယ်...။
အောက်ကပုံကတော့

Monday, May 12, 2008

Nargis True Story ...

နေးတစ်ဖိုရမ်က ကိုမင်းအို တင်ထားတဲ့ စာလေးတစ်ပုဒ်ပါ...။ သူကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်...။

“ကျွန်တော် ငိုနေခဲ့တယ်...။ ကျွန်တော့် မျက်လုံးက မျက်ရည်တွေ စီးကျလာတယ်...။ လူမမြင်အောင် တစ်ဖက်လှည်ပြီး သုတ်နေရတယ်...။

ထမင်းစားတာဗျာ... ငရုတ်သီးနဲ့ စားနေရလို့...။

...ကျွန်တော် ထမင်းဆာနေတယ်အစ်ကို... ခင်ဗျားဘယ်မှာနေလို့လဲ... ဒုက္ခသည်စခန်းမှာပါ... ခင်ဗျားတို့စခန်းက ထမင်းမကျွေးဘူးလား... ကျွေးပါတယ်အစ်ကို... ဒါပေမယ့် ကျွန်တော် မစားနိုင်ဘူးဖြစ်နေတယ်... ဟင်းမကောင်းလို့လား... မဟုတ်ဘူးအစ်ကို ကျွန်တော် ရူးနေပြီ၊ ကျွန်တော် ဘာမှ စားမ၀င်တော့ဘူး၊ အဲဒီနေ့က ကျွန်တော်ရယ် ကျွန်တော့်မိန်းမရယ် သမီးသုံးယောက်ရယ် အတူတူရှိနေခဲ့တယ်၊ ၀ုန်းဆိုတဲ့အသံကြီးနဲ့အတူ အိမ်က ပွင့်ထွက်သွားပြီး ရေတွေထဲကို ကျွန်တော်ရောက်သွားတယ်၊ ကျွန်တော် သတိရတော့ ကျွန်တော့် မိန်းမနဲ့ သမီးလေးတွေ မရှိတော့ဘူး၊ ဘယ်မှမှ ရှာမတွေ့တော့ဘူး၊ ကျွန်တော့်သမီးအကြီးလေးဆို ၁၈နှစ်ပြည့်တာ လပိုင်းပဲ ရှိသေးတယ်...

...ကျုပ်ဗျာ ဟောဒီလက်နဲ့ ကျုပ်မိသားစုကို ဆုပ်ထားတာ၊ ရေတွေက တ၀ုန်းဝုန်းနဲ့လာရိုက်နေတယ်... လက်တွေက တဆတ်ဆတ်တုန်နေတယ်... ကျုပ်လက်ကို မလွှတ်ဘူး... ဒီဆုပ်ထားတဲ့လက်ကလေးတွေ လွတ်ထွက်သွားရင် သူတို့ကို တစ်သက်လုံး ပြန်တွေ့ရတော့မှာ မဟုတ်ဘူး... ဒါပေမယ့်ဗျာ ကျုပ်ဆုပ်ထားပါလျက်နဲ့ အဲဒီလက်တွေ ပြုတ်ထွက်သွားတယ်... အခု ဒီစခန်းမှာ ကျုပ်တစ်ယောက်တည်း...

... လေတွေက အနီရောင်ကြီး မြင်နေရတာ၊ ကျွန်မတို့ကြည့်နေတုန်းပဲ မီးပွားတွေ လွင့်လာတယ်... ဘယ်ကမီးတွေ ပါလာတာလဲ... သဲတွေက လေထဲမှာ အချင်းချင်းပွတ်ပြီး မီးပွင့်လာတာပြောတာပဲ၊ သေသေချာချာတော့ မသိဘူး၊ ကျွန်မယောက်ျားဆိုရင် ကျောမှာ မီးလောင်ဒဏ်ရာတွေကိုမနည်းဘူး...

... ကျွန်တော်တို့ ဒုက္ခသည်စခန်းကို ရေလည်းမလာပါဘူး၊ စားစရာလည်းမလာပါဘူး၊ အဲဒါနဲ့ အခု ကျွန်တော်နဲ့ ဒီကကောင်လေးတွေ အကူအညီရောက်လာတဲ့ ပစ္စည်းတွေ ကူထမ်းပေးနေတယ်၊ ရတဲ့ ရိက္ခာလေးကို ဒီစခန်းမှာ ပြန်မျှကျွေးနေပါတယ်...

... သူတို့စားတဲ့ဆန်ကို ကြည့်ပါဦးဟယ်၊ ၀ါထိန်နေတာပဲ၊ ပုပ်စော်လည်း နံနေသေးတယ်... အဲဒါရေစိုလို့ ပျက်စီးနေတဲ့ ဆန်တွေလေ... ဟယ် ငါတို့လာလှူတဲ့ ဆန်တွေရော... အဲဒါတွေက ဂိုဒေါင်တွေမှာ သိမ်းထားတယ်... မမိုက်ပါဘူးဟယ်၊ သူတို့က ဆန်စိုက်ပြီး သူတို့ပြန်စားတဲ့ဆန်တွေကျတော့ ဒီလောက်တောင် ဆိုးရသလား...

... ကျွန်တော်က စီဒီအမ်အေဖုန်းကျတယ်ဆိုလို့ ပုသိမ်မှာ ဖုန်းသွားထုတ်တာ... အခုတော့ ကျွန်တော့် တစ်အိမ်လုံးမှာ ကျွန်တော် တစ်ယောက်တည်းကျန်တယ်ဗျာ...

...ဘုန်းကြီးပြော ဘာကိစ္စလည်း... ဒီလိုပါ ဥက္ကဋ္ဌကြီးရယ်၊ ဦးဇင်းကျောင်းမှာ ဒုက္ခသည် ၆၀၀ကျော် ရောက်နေပါတယ်၊ ဦးဇင်းတို့လည်း တတ်နိုင်သလောက် ကျွေးထားပါတယ်၊ အခုဟာက ၆ရက်ရှိသွားပြီ၊ အဲဒါ ဦးဇင်းတို့မှာ ကျွေးဖို့မရှိတော့လို့ အကူအညီလာတောင်းတာပါ... အဲဒီကိစ္စကို ဦးဇင်းတို့ ရ.ယ.က ဥက္ကဋ္ဌနဲ့ပြောပြီး၊ သူထောက်ခံရင် တပည့်တော်နဲ့ ၀န်ကြီးလာကြည့်မယ်၊ အပြည့်တော့မရနိုင်ဘူး၊ ရသလောက် လှူမယ်... ဘယ်အချိန်လောက်လာမလဲ ဒကာကြီး... ဒီမှာ ဒီလောက် အလုပ်များနေတာ ဦးဇင်းတွေ့တာပဲ၊ အားတဲ့အချိန်လာမှာပေါ့၊ အလှည့်ကျလာနေတာပဲဟာကို...

...အဲဒီနားတွေက သွားလို့မရဘူးအစ်ကို၊ ဘေးပတ်လည်မှာ အလောင်းတွေ ပုံနေတာပဲ၊ လူတွေလည်း ၀မ်းရောဂါဖြစ်နေကြတယ်၊ ကယ်ဆယ်ရေးကလည်း အဲဒီဒေသတွေကို မရောက်သေးဘူး၊ သူများတွေပြောတာတော့ အဲဒီလူတွေဆီက ရောဂါပိုးတွေ ဒီဘက်မကူးအောင် သေပလေ့စေလို့များ ပစ်ထားတာတဲ့...

... မြင်မကောင်းပါဘူးဗျာ... သစ်ပင်တွေပေါ်မှာ ချိတ်နေတဲ့ အလောင်းတွေဆိုတာ နည်းမှ မနည်းတာ...

... ပင်လယ်ဝမှာတော့ အများကြီးပဲဗျ... အလောင်းတွေရယ်... ဒီလိုပဲ ရေထဲမှာ ပုပ်ပွနေကြတာပဲ... ဆယ်ရက်လောက်ပါပဲ သူ့ဘာသာ အရိုးကျသွားမှာပါ...

... ကျွန်တော်ဗျာ ရေလုံးကြီးနဲ့ပါသွားပြီး လက်ကို သစ်ကိုင်းတစ်ခုလာထိလို့ ဖမ်းဆွဲထားလိုက်တာ... ရေကျသွားတော့ ကျွန်တော်ရောက်နေတာ အုန်းပင်ထိပ်ဖြစ်နေတယ်...

... လေကြောင့်သေတာမဟုတ်ရပါဘူးဗျာ... ဒီရေက ပေ ၂၀လောက်တက်လာလို့ ကျုပ်တို့ရွာ ရွာလုံးကျွတ်သွားတာ...

ခင်ဗျားတို့ရော မျက်ရည်ကျနေသလား...။

ကျွန်တော့်လိုပဲ ထမင်းဖြူကို ငရုတ်သီးစိမ်းနဲ့ စားမိဟန်တူပါရဲ့...။

ဒီငရုတ်သီး သိပ်စပ်တယ်ဗျာ...။ နော်...။

မနေ့က...။””

နေရောင်အောက်က အသက်ရှုသံများ။ Pls Help Myanmar Nargis Victims

အခုလို အချိန်မှာ ဒီသီချင်းနဲ့ လက်ရှိအခြေအနေဟာ အလိုက်ဖက်ဆုံးပါ...။
တို့လက်တွေ မြဲမြဲတွဲပြီး ကူညီပေးကြပါစို့...။


Get Music Tracks! Create A Playlist!


တစ်လက်စတည်းမှာပဲ ကိုထရက်ရှ် ပြောပြတဲ့ ဒီဇာတ်လမ်းလေး ဖတ်ကြည့်ပါဦး...။
ဖတ်ရင်းနဲ့ ရင်ထဲဆို့သွားတယ်...။
သတ္တ၀ါများ ကျန်းမာပါစေ...။ ချမ်းသာပါစေ...။ ဘေားကင်းကြပါစေ...။
အချင်းချင်း အပေါ်မှာလဲ မေတ္တာ ထားနိုင်ကြပါစေ...။

Friday, May 9, 2008

Nothing To say.....

ပြောစရာ စကားလုံးတွေ ပျောက်နေတယ်....။
ရှားပါးနေတယ်...။
သံစဉ်မဲ့နေတယ်...။

Thursday, May 8, 2008

Help Nargis Victims !! (Aid Agencis and Contacts)


မြန်မာနိုင်ငံ လေဘေးဒုက္ခသည်များကို အကူအညီ ပေးလိုသူများ ဆက်သွယ်နိုင်ရန်အတွက် နိုင်ငံအရပ်ရပ်တွင် ဆောင်ရွက်နေသော လိပ်စာများ....။
(ကိုဟန်သစ်ငြိမ် ဘလော့ဂ်မှ ရရှိသော လိပ်စာများ ဖြစ်ပါသည်...။)
(နိုင်ငံတကာ အဖွဲ့အစည်းတွေ)

http://www.unicefusa.org/
http://www.icrc.org/
http://www.wfp.org/english/
http://www.savethechildren.org/
http://www.worldvision.org/
http://foundationburma.org/
http://doctorswithoutborders.org/
https://my.care.org/
http://www.reliefweb.int/
http://www.adra.org/

https://www.worldvision.com.au/appeals/myanmarCyclone/Donate.aspx

(အမေရိကားမှာဆို)

http://www.mahasiusa.org/
http://uscampaignforburma.org/index.php
myintw@greenmtn.edu
burmagirl@gmail.com
cyclamen.Mom@gmail.com

(စင်္ကာပူဆိုရင်)

အလှူကောက်ခံနေသော နေရာများမှာ
လင်းလက်၊ ဒုတိယထပ် Peninsula Plaza
Sin Myanmar တတိယထပ် Peninsula Plaza
သပြေနု (ဒေါ်သန်းသန်းနု) နှင့်
လမ်းပြကြယ် စာကြည့်တိုက်တို့မှာဖြစ်ပါတယ်။
http://cyclonerelief.wordpress.com/

သို့မဟုတ် ပြည်ပရောက် မျိုးချစ်မြန်မာများ အဖွဲ့မှ

ကိုအေးကိုကို - ၉၆၃၅ ၂၀၆၄
ကိုဝင်းကျော် - ၈၁၈၉ ၈၄၂၀
ကိုစိုးထွန်း - ၉၄၈၇ ၄၄၁၃
ကိုမင်းသိန်း - ၈၁၈၆ ၀၀၄၂
ကိုညီ - ၉၇၄၂ ၀၉၀၅
ကိုသူရိန်ဝင်း - ၈၁၈၆ ၈၁၅၆
မလဲ့လဲ့ - ၉၂၇၂ ၆၇၄၄ တို့ကိုလည်း ဆက်သွယ်ကာလှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

(ပူးပေါင်းဆောင်ရွက်နေသော အဖွဲ့အစည်းများဖြစ်ပါသဖြင့် မည်သည့်နေရာတွင်မဆို လှူဒါန်းနိုင်ပါတယ်လို့လည်း သိရပါတယ်။)

RIT-Alumni Singapore, jointly with Myanmar Club and BBT, will organize a prayer service and donation drive for our people who have suffered from Cyclone Nargis.

Venue - Burmese Buddhist Temple (BBT)
Time - 11th May (Sunday) 9:30 am
Please forward this massage to reach the whole Myanmar community in Singapore.
“Give a helping hand, Save our people’s lives”
Please see the following link for more information.
http://www.rit-alumni-singapore.org/

ဆက်သွယ်လှုဒါန်းရန် အီးမေးလ်များ

Daw Soe Soe Aung @ Catherine - 92986743
Se Thu Aung @ Chris - 81681121
YeThway @ Danny – 91084611

ရာဇာကျော် (ဒဏ္ဍာရီစာအုပ်ဆိုင်) - ၉၁၈၆၇၃၇၅၆, ၆၃၃၆၁၁၀၇

(မေလကုန် ပိုလီစာမေးပွဲများအပြီးတွင် ရန်ကုန်ပြန်၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်မည့် ပိုလီကျောင်းသားများထံသို့ အလှုငွေများ ပေးအပ်မည် ဖြစ်သည်။ အင်္ကျီအဟောင်းများ အသုံးအဆောင်အဟောင်းများလည်း ပေးနိုင်သည်။)

(သြစတေးလျ ဆိုရင်)

1. World Vision Australia

2. Dr. Soe Htet
69 Glendale Road

Springvale VIC 3171
Melbourne, Australia
Mobile: +61 424 836 727
Email: dr.htet@gmail.com
http://www.soehtet.blogspot.com/

(အင်္ဂလန်မှာ ဆိုရင်)

1.
Sayardaw U San Naw Bar Tha
Bank Name: Barclays
Account Holder Name: Mr A Candobhasa
Sortcode: 20-80-71
AccountNo: 9000 2836
Contact Info: 0787 7297 205,
email: ucandobhasa@googlemail.com
More Info: http://ko-htike.blogspot.com/

2.
Burmese Student Organisation UK
Bank Name: HSBC
Account Holder Name: Burmese Student Organisation UK
Sortcode: 40-01-13
AccountNo: 4154 6694
Ref: CDA-[your mobile number]
Last Day: 10th May, 2008
Contact Info: Ko Win T - 0785 2175 467,
Ko Chan N - 0780 4725 077
More info: http://www.bsouk.org/

3.
Miss Tharaphi Than
Bank Name: Barclays
Account Holder Name: Miss M T Than
Sortcode: 20-89-15
AccountNo: 6055 2232
OR please send a check to
Miss Tharaphi Than
SEAsia Department
SOAS, University of London
London WC1H 0XG
Last Day: She is going to Burma for providing First Aid Support in next three or four days

(ထိုင်းနိုင်ငံမှာ ဆိုရင်)

Ko Kyaw Naing Win
AITMF@ait.ac.th
st105800@ait.ac.th

မကြည်စင်ရွှင် (AIT Student)
Mobile: + (66) (8) 4376 3287
Email: st105907@gmail.com

မျိုးဟန်ထွန်း (ခ) ကိုတိုး
Mobile: + (66) (8) 9994 2042
Email: myohanhtun@gmail.com

(http://www.ait.ac.th/)

(ရုရှမှာ ဆိုရင်)

နတ်သျှင်နောင်ဆီမှ ကူးယူပါသည်

Bauman State University BMSTU

Me: Room no( 607) building 3A . str. Gloylanovskyar . Hostel of B.M.S.T.U index ( 105094)
Ph: +7- 909 -157 -11- 74
Naung Naung :Room no: (508) building 3A . str. Gloylanovskyar . Hostel of B.M.S.T.U index ( 105094) .

MIET

MIET မှ ကျောင်းသားများ မြန်မာပြည် မုန်တိုင်းဒဏ်ခံနေရသော ပြည်သူများ အတွက် အလှူငွေများကို အောင်စိုးလွင် (၄၄၂၃) တွင် ထည့်ဝင် လှူဒါန်းနိုင်ပါသည်။

ရုရှားနိုင်ငံရောက် ကျောင်းသားများ အနေနဲ့ မုန်တိုင်းဒဏ်ကယ်ဆယ်ရေး အတွက် အလှူငွေများကို မိမိကျောင်း မှ ကျောင်းသား ခေါင်းဆောင်များနဲ့ အတူ မော်စကိုမြို့ Mephi ကျောင်းမှ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များ အသင်း (YMBA ) ymba.mephi@gmail.com Ph:897420905,894874413,81898420 ကို ဆက်သွယ် လှူဒါန်း နိုင်ပြီး ၊

စင်္ကာပူ နိုင်ငံမှာဆိုရင်တော့ ကိုအေးကိုကို Ph:96352064 ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ ။

ရုရှားနိုင်ငံတွင် ပညာသင်ကြားနေကြသော မြန်မာကျောင်းသားများ အနေဖြင့်လည်း အသေးစိတ် အချက်အလက်များကို သိရှိနိုင်ရန်နှင့် အလှူငွေများ ဆက်သွယ် လှူဒါန်းနိုင်ရန် အောက်ပါ လိပ်စာများသို့ ဆက်သွယ် မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်း။

ဖုန်းနံပါတ်- +၇၉၂၆-၁၃၇-၄၃၅၉ | အီးမေးလ် - ( myanmarpyithar1@gmail.com)
ဖုန်းနံပါတ် - +၇၉၂၆-၃၉၈-၀၆၇၄ | အီးမေးလ် - ( songster.boy@gmail.com )
ဖုန်းနံပါတ် - +၇၉၂၆-၁၃၇-၈၅၃၁ | အီးမေးလ် - ( adawe46@gmail.com )

(ဂျပန်မှာ ဆိုရင်)

http://www.unicef.or.jp
phone 0120-88-1052

(မလေးရှားမှာ ဆိုရင်)

Blank Paper
ဖုန်း-0173109722
ဖုန်း-0162645761
blankpaperofme@gmail.com
ordinaryguyz@gmail.com

(မြန်မာပြည်တွင်းမှာ ဆိုရင်)

ဒေါ်သန်းမြင့်အောင် (ကလျာမဂ္ဂဇင်း) 01- 579920
ဒေါက်တာတင်တင်ဝင်း (ဆရာမဂျူး) 09-5009600, 01-704656
နာရေးကူညီမှုအသင်း (ရန်ကုန်) သို့လည်း ဆက်သွယ်နိုင်ပါသည်။
yangonthiha@gmail.com - ကိုသီဟဟာ ရန်ကုန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်။ သူ့ဆီကို အီးမေးလ်ပို့ ဆက်သွယ်လှုဒါန်းနိုင်ပါတယ်။

Wednesday, May 7, 2008

Google Helps Myanmar Victims of Nargis Cyclone

နာမည်ကြီး ရှာဖွေရေး အင်ဂျင် တစ်ခုဖြစ်တဲ့ Google ကနေပြီးတော့ သူ့ရဲ့ Home Page မှာ မြန်မာ မုန်တိုင်းဒုက္ခသည်များကို အကူအညီပေးဖို့ ဖန်ရှင်တစ်ခု လုပ်ထားပေးပါတယ်...။

http://www.google.com ကို နှိပ်လိုက်ရင် အောက်က Home Page ပေါ်လာပါလိမ့်မယ်...။




အဲဒီနောက် မင်နီနဲ့ ၀ိုင်းပြထားတဲ့ ခလုတ်ကို နှိပ်လိုက်ရင် အောက်က မြန်မာမုန်တိုင်း ဒုက္ခသည်များကို ငွေကြေး ပါဝင်လှူဒါန်းရန်အတွက် Homepage ပေါ်လာပါလိမ့်မယ်...။



ဒီနေရာမှာ ယူနီဆက်ဖ်ကနေတစ်ဆင့် လှူဒါန်းချင်တယ်ဆိုရင် အပြာရောင် ယူနီဆက်ဖ် လိုဂိုဘေးက အကွက်ထဲမှာ ကိုယ်လှူချင်တဲ့၊ ကူညီချင်တဲ့ ငွေပမာဏကို ရိုက်သွင်းလိုက်ပြီး ဘေးနားက Donate ဆိုတဲ့ အပြာရောင် ခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ...။

အဲဒီဒိုနိတ် ဆိုတဲ့ ခလုတ်ကို နှိပ်ပြီးလိုက်တာနဲ့ နောက် စာမျက်နှာမှာ ကိုယ့်ရဲ့ ကိုင်ဆောင်ထားတဲ့ ခရဒ်ဒစ်ကဒ်၊ Credit Card, Master Card, Visa Card, American Express Card စတာတွေရဲ့ အချက်အလက်တွေ ထည့်သွင်းပေးရပါလိမ့်မယ်...။ ကျန်တာတော့ လွယ်သွားပါပြီ...။

မြန်မာနိုင်ငံကို ကူညီမယ့် မိတ်ဆွေများအတွက် မိမိ ကူညီလိုကတဲ့ ငွေတွေဟာ ချက်ချင်းပဲ ယူအန်၊ ယူနီဆက်ဖ်ရဲ့ မြန်မာ့မုန်တိုင်း ကူညီကယ်ဆယ်ရေး ရန်ပုံငွေ အကောင့်ထဲကို တိုက်ရိုက်ရောက်သွားနိုင်တဲ့ နည်းလမ်းတစ်ခုပါ...။

စင်ကာပူ၊ ယူအက်စ်၊ ယူကေက အဝေးရောက် မြန်မာများအနေနဲ့လဲ မိမိတို့မှာ အထက်ပါ ကဒ်
များ ကိုင်ဆောင်ထားရင် ချက်ချင်း လှူဒါန်းနိုင်တဲ့ အခွင့်အရေး တစ်ရပ်ပါ...။ အကယ်၍ အထက်ပါ ကဒ်ထဲမှ တစ်ခုခု ကိုင်ဆောင်ထားခြင်း မရှိရင် မိမိတို့နဲ့ နီးစပ်ရာ မိတ်ဆွေထဲက ကဒ် ကိုင်ဆောင်သူကို တစ်ဆင့် အကူအညီ တောင်းခြင်းဖြင့် ပါဝင် ကူညီ လှူဒါန်းနိုင်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်...။

Tuesday, May 6, 2008

Nargis နောက်ဆက်တွဲများ...။ (23:40 6 May '08)

ဒီစာကို ရေးနေချိန်မှာ ချန်နယ်နယူးစ်အေးရှားကနေ စာတမ်းထိုးပေးနေပါတယ်...။
သေဆုံးသူဦးရေ - ၂၂,၅၀၀
ပျောက်ဆုံးဦးရေ - ၄၁,၀၀၀

နိုင်ငံတကာက အကူအညီ စပေးနေပါပြီ...။ အမေရိကန်၊ ဂျာမဏီ၊ ထိုင်း၊ စင်ကာပူက ဂျပန်အဖွဲ့အစည်း ...။
အဝေးရောက် မြန်မာများလဲ အလှူငွေ စတင်ကောက်ခံနေပါပြီ...။

စီအန်အန်မှ နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှု သတင်းများကို အဆက်မပြတ် တင်ပေးနေပါတယ်...။

လူပေါင်းတစ်သောင်းကျော် အသက်ဆုံးရှုံးခဲ့တဲ့ ဘိုကလေးမြို့ကို ပထမဆုံးရောက်သွားတဲ့ နိုင်ငံခြားသား သတင်းထောက် ဖြစ်တဲ့ စီအန်အန်က သတင်းထောက် ဒန်ရီးဗါးစ်က အောက်ပါအတိုင်း သတင်းပေးပို့ထားပါတယ်...။

မြန်မာစစ်အစိုးရက အင်္ဂါနေ့မှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုကို ကြေငြာချက် ထုတ်ပြန်ပါတယ်..။ လူပေါင်း ၂၂၀၀၀ ကျော် သေဆုံးပြီး ၄၁၀၀၀ ပျောက်ဆုံးနေတယ်...။ အတိအကျ ပြောရရင်တော့ ၂၂၄၆၄ ဖြစ်တယ်လို့ မြန်မာ့အသံကို ကိုးကားပြီး ရီးဗါးစ်က သတင်းပေးပို့သွားပါတယ်...။

ယူအန်က ခန့်မှန်းချက်တစ်ခုမှာတော့ လူပေါင်း သန်းနဲ့ချီပြီး အိုးမဲ့ အိမ်မဲ့ ဖြစ်ဖို့များပါတယ်...။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနကတော့ ဘိုကလေးမြို့တစ်ခုတည်းမှာတင် လူပေါင်း တစ်သောင်း အနည်းဆုံး အသက်အိုးအိမ် ဆုံးရှုံးမှု ရှိနိုင်တယ်လို့ အစိုးရ အရာရှိများရဲ့ ပြောကြားချက်ကို ကိုးကားသွားပါတယ်...။ ဘိုကလေးမြို့မှာ သေဆုံးသူအလောင်းများကို မြစ်ကြောတလျှောက် မျှောနေတာကို တွေ့ရပါတယ်...။

ဒန်ရီးဗါးစ်တစ်ယောက်ဟာ ဘိုကလေးမြို့ရဲ့ အပျက်အစီးများကို ကီလိုမီတာ ၃၀ ပတ်လည်အတွင်းမှာ တွေ့မြင်နေရပါတယ်...။

အိမ်ခြေပေါင်း ၃၆၉ အိမ် ရှိခဲ့ဖူးတဲ့ နေရာမှာတော့ ၄ အိမ်သာ ကျန်ရစ်ခဲ့တာကို မြင်တွေ့ရပါတယ်...။ အသက်မသေပဲ ကျန်ရစ်တဲ့သူတွေဟာ ကင်းဗတ်ဖျင်စ၊ မိုးကာဖျင်စတွေကို အမိုး လုပ်ပြီး နေရပါတယ်...။ စားသောက်ဖို့ ကြက်ဥနဲ့ စားစရာ အနည်းငယ်သာ ရှိပါတယ်...။ လယ်ကွင်းများ အကုန်ပျက်စီးကုန်ပြီး ကျန်ရစ်သူများ အတွက် ၅ ရက်စာ ရိက္ခာသာ ရှိပါတယ်...။


စစ်သားများနဲ့ ကြက်ခြေနီများကို နေရာအနှံ့မှာ တွေ့ရပါတယ်...။ ရာသီဥတုကတော့ ဆိုးရွားမြဲ ဆိုးရွားနေပါတယ်...။ ရေပိုက်များ အားလုံးနီးပါး ပျက်စီးလျက်ရှိပြီး လောင်စာဆီ ဈေးနှုံးဟာ အလွန်မြင့်တက်လျက် ရှိနေပါတယ်...။


မြန်မာစစ်အစိုးရမှ နိုင်ငံတကာ အကူအညီများကို လက်ခံလျက်ရှိနေပါတယ်...။ ယူအန် ကူညီမှု အဖွဲ့အစည်းမှ ကယ်ဆယ်ရေး လုပ်သားများဟာ ပြည်ဝင်ခွင့် ဗီဇာ အတွက် စောင့်ဆိုင်းလျက် ရှိနေပါတယ်...။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့အစည်းနဲ့ အခြားသော ကူညီရေး အသင်းအဖွဲ့များဟာ လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေး ပစ္စည်းများကို စုဆောင်းလျက် ရှိနေပါတယ်...။


အမေရိကန် အစိုးရမှ လိုအပ်ပါက မြန်မာနိုင်ငံနဲ့ ၄ရက်ကြာ ခရိးအကွာမှာ ရှိတဲ့ အမေရိကန် ရေတပ်ပိုင် သင်္ဘောနဲ့ ပျောက်ဆုံးနေသူများ ရှာဖွေဖို့ အကူအညီ ပေးရန် အသင့်ရှိကြောင်း ပြောကြားပါတယ်...။

စားနပ်ရိက္ခာနဲ့ လူမှုဖူလုံရေး ၀န်ကြီး မောင်မောင်ဆွေမှ အကူအညီများကို လက်ခံကြောင်း၊ တစ်ဆက်တည်းမှာပဲ လူဦးရေ ၁၉၀၀၀ ကျော် ရှိတဲ့ ဘိုကလေးမြို့ဟာ ၉၅ % ပျက်စီးဆုံးရှုံးမှု ရှိတယ်ဆိုတာ ထုတ်ဖော်ပြောကြားသွားပါတယ်...။ သေဆုံးသူအများစုဟာ ၁၂ ပေ အမြင့်ရှိတဲ့ လှိုင်းလုံးများကြောင့် ဖြစ်တယ်လို့လဲ ထည့်သွင်း ပြောကြားသွားပါတယ်...။

ယူအန် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကလဲ စားနပ်ရိက္ခာများ ပေးပို့ရန် အသင့် ရှိနေကြာင်း၊ လူဦးရေ သန်းနဲ့ချီ အိုးမဲ့ အိမ်မဲ့ ဖြစ်နိုင်ကြောင်း သတင်းထုတ်ပြန်သွားပါတယ်...။

နောက်ဆုံး လက်ခံရရှိတဲ့ ဂြိုဟ်တုမြေပုံများအရ လူဦးရေ ၅၇ သန်းကျော် နေထိုင်တဲ့ စတုရန်းကီလိုမီတာ ၃၀၀၀၀ ကျော် အကျယ်အ၀န်းရှိတဲ့ မုတ္တမကမ်းရိုးတန်းနဲ့ ဧရာဝတီ လွင်ပြင်ကို မုန်တိုင်းက တိုက်ခတ် ဖျက်ဆီးသွားတာ ဖြစ်ပါတယ်...။


နာဂျစ်မုန်တိုးဟာ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ကို သောကြာနေ့ညပိုင်းက စလို့ စနေနေ့ အထိ ၁၀ နာရီကြာ တိုက်ထတ်ခဲ့ပါတယ်...။ မိုးရေချိန် လက်မ ၂၀ အထိ ရွားသွန်းခဲ့ပြီး လေတိုက်ခတ်နှုန်းဟာ တစ်နာရီကို ကီလိုမီတာ ၂၄၀ အထိ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်...။

၁၉၇၂ ခုနှစ် လူပေါင်း ၄၀၀၀ ကျော် သေဆုံးခဲ့တဲ့ ပုသိမ်မုန်တိုင်းနောက်ပိုင်း အပြင်းထတ်ဆုံး မုန်တိုင်း တစ်ခု ဖြစ်ပါတယ်...။

Nargis နောက်ဆက်တွဲများ...။ Update 6

စီအန်အန်က အခု Update တင်ပေးနေတဲ့ သတင်းပါ...။
မြန်မာ အစိုးရရဲ့ တရားဝင် ကြေငြာချက်အရ သေဆုံးသူဦးရေ ၁၅,၀၀၀ ကျော်သွားပြီလို့ သိရပါတယ်...။

အကျယ်ကို ဒီလင့်ခ် နဲ့ ဒီလင့်ခ် မှာ ကြည့်နိုင်ပါတယ်..။

မြန်မာရုပ်မြင်သံကြား နဲ့ မြ၀တီတို့က လွှင့်သွားခဲ့တဲ့ မုန်တိုင်းသတင်း၊ အခြေအနေ များကို အောက်က ဗွီဒီယိုမှ ကြည့်နိုင်ပါတယ်...။ Credited to Myo Myint Aung



Fromm CNN updated news on Myanmar Cyclone death toll. (12:57 S'pore Time of 06 May 08)

YANGON, Myanmar (CNN) -- The death toll from the Myanmar cyclone is more than 15,000 people, Myanmar's government has said, with at least 10,000 killed in the township of Bogalay alone, according to the Chinese state-run news agency Xinhua.

Survivors were facing their third night without electricity in the aftermath of the historic cyclone that also clogged roads with thousands of downed trees.

Diplomats were summoned to a government briefing Monday as the reclusive southeast Asian country's ruling military junta issued a rare appeal for international assistance in the face of an escalating humanitarian crisis.

A state of emergency was declared across much of the country following the 10-hour storm that left swathes of destruction in its wake.

The death toll of more than 15,000, official sources told Xinhua, makes the weekend cyclone the deadliest natural disaster to hit Myanmar in recent history, according to figures compiled by a U.N.-funded disaster database.

The toll eclipses that from a 1926 wind storm the killed about 2,700 people in the country, according to the database.

The government of neighboring Thailand said Myanmar's leaders had already requested food, medical supplies and construction equipment, AP reported. The first plane-load of supplies was due to arrive Tuesday, a Thai spokesman said.

United Nations Secretary-General Ban Ki-moon said in a statement he was "deeply saddened by the loss of life and the destruction suffered by the people of Myanmar" and pledged to mobilize international aid and assistance as needed.

A United Nations Disaster Assessment and Coordination team is on stand-by to assist the government in responding to humanitarian needs if required, the statement said.

Scenes of the destruction showed extensive flooding, boats on their sides in Yangon harbor, roofs ripped off buildings, uprooted trees and downed power lines after cyclone Nargis battered the Irrawaddy delta with 150 mile (240 km/h) an hour winds throughout Friday night and Saturday morning, dumping 20 inches of rain.

Residents of Yangon trudged through knee-deep swirling brown waters Monday as the delta city remained mostly without electricity and phone connections.

The U.S. Embassy in Myanmar has issued a "disaster declaration" in the country and authorized the release of $250,000 for cyclone relief efforts, Deputy State Department spokesman Tom Casey said Monday.

A disaster relief team is standing by, Casey said, but the Myanmar government had not given permission for the team to enter the country.

U.S. first lady Laura Bush blasted the military government, saying the lack of warning before the deadly cyclone hit was the latest example of "the junta's failure to meet its people's basic needs."

Hakan Tongkul, with the United Nation's World Food Programme, said residents in Yangon needed urgent assistance. "This has pushed people to the edge. All that they have has been blown away." Video Watch the cyclone hammer Yangon »

Michael Annear, regional disaster manger for the Red Cross, said the group was helping provide safe drinking water.

Relief agencies met at the United Nations' Bangkok headquarters Monday to coordinate their response to the disaster. The International Federation of Red Cross and Red Crescent Societies said it had released 200,000 Swiss Francs (about $190,000) to help with the aftermath.

A state of emergency was declared Sunday across five regions: the city of Yangon, Irrawaddy, Pegu and the states of Karen and Mon. All flights to Yangon, the former capital, were canceled.

"Most Burmese with whom we've been in touch report they lost their roofs, although so far everyone we have been able to contact reports that they and their families are safe," said a Yangon-based diplomat who requested anonymity because he was not authorized to speak to the media. Photo See photos of the destruction »

Most telephone and cell phone service was down in Yangon, a city of about 6.5 million people, according to Dan Rivers, a CNN correspondent in the country.

In some places, the price of fuel had quadrupled to $10 a gallon. Even with that price lines for gas stretched around the block and some sought to buy gas on the black market.

The main water supply has been cut in many areas and power lines are down, Rivers reported.

Earlier Monday, an editor for an independent Myanmar newspaper based in Thailand told CNN that people in the Southeast Asian nation were angry over the response to the disaster by the ruling military junta.

"People are very angry with the slow response coming from the military government," said Aung Zaw of Irrawaddy news magazine.

Khin Maung Win, a spokesman for the Democratic Voice of Burma -- a broadcast media group run by opposition expatriates -- said the whole of the delta region had been affected and entire villages had disappeared.

Pictures from inside the country showed a cyclone-ravaged region with tin huts crushed under trees. Bicyclists navigated around large branches that littered the deserted roads.

A man with his pant legs rolled up waded through knee-deep water and strained to clear massive limbs that were blocking the entrance to a house.

Despite widespread damage, Myanmar's junta plans to proceed with a referendum on the country's constitution on May 10 -- the fourth step of a "seven-step road map to democracy" -- according to state-run media reports

A critic of Myanmar's government said the referendum must be postponed.

Nargis နောက်ဆက်တွဲများ...။ (May 05 Update)

ဒီစာကို ရေးနေချိန်မှာ စီအန်အေ သတင်းကိုလဲ အဆက်မပြတ်ကြည့်နေပါတယ်...။
ပထမတော့ လူ ၃၀၀ ကျော် သေဆုံးတယ်လို့ ပြောပါတယ်...။
နောက်တစ်ခါမှာတော့ လူ ၃၀၀၀ ကျော်လို့ ဖတ်လိုက်ရတယ်...။ မျက်စိမှားသလားဆိုပြီး သတင်းတစ်ကျော့ ပြန်လာတော့ သေချာကြည့်ပါတယ်...။ ဟုတ်ပါတယ်...။ ၃၀၀၀ ကျော်ပါ...။
နောက်တစ်ခါမှာတော့ နိုင်ငံခြားရေး ဦးညဏ်ဝင်းကို ကိုးကားပြီး ၁၀,၀၀၀ ကျော် သေဆဆွုးမှု ရှိတယ်လို့ ပြောပါတယ်...။
ကျွန်တော် တီဗွီကို မကြည့်ရဲတော့ပါဘူး...။
ဒါပေမဲ့ တီဗွီကို ဖွင့်နေဆဲပါ...။
အင်တာနက်မှာ သတင်းတွေ၊ ဘလော့ဂ်တွေ လိုက်ဖတ်နေပါမယ်...
နာဂစ်စ် သတင်းတွေချည်းပါပဲ...။

နောက်ဆုံး ည၁၂း၃၀ သတင်းမှာ သတင်းကြေညာသူ အမျိုးသမီးခမျာ သူဖတ်ပြမယ့် သတင်းကို ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ တစ်လုံးချင်း သေချာဖတ်ပြပါတယ်...။

" Death Tolls from Nargis Cyclone in myanmar hits over 13,000"
ပါတဲ့...။ ဟုတ်ကဲ့ ...။ တစ်သောင်းနဲ့ သုံးထောင် ကျော်သွားပါပြီ...။ တီဗွီ ဆက်မကြည့်နိုင်တော့ပါဘူး...။

စင်ကာပူမှာ မြန်မာပြည်မုန်တိုင်း ဒုက္ခသည်များ ကို ကူညီနိုင်ဖို့ အလှူငွေများ ကောက်ခံပေးလျက် ရှိပါတယ်...။
မြန်မာများ စုဝေးလေ့ရှိတဲ့ ပင်နီစူလား ပလာဇာက အောက်ပါနေရာများမှာသွားရောက် ကူညီနိုင်ပါတယ်...။
သတ်မှတ်ထားသော အလှူခံဌါနများ (Peninsular Plaza)

* နှစ်ထပ်တွင် လင်းလက်ဆိုင်

* သုံးထပ်တွင် စင်းမြန်မာဆိုင်

* ငါးထပ်တွင် သပြေနုဆိုင် နှင့် လမ်းပြကြယ်စာကြည့်တိုက

ဒီမှာလဲ လူကိုယ်တိုင် ဖုန်းဆက် အကူအညီပေး နိုင်ပါတယ်...။

ကိုအေးကိုကို 96352064
ကိုဝင်းကျော် 81898420
ကိုစိုးထွန်း 94874413
ကိုမင်းသိန်း 81860042
ကိုညီညီအောင် 97420905
ကိုသူရိန်ဝင်း 81868156
မလဲ့လဲ့ 92726744



Update (12:55 am 06/05/08) From XinHua News :

At least 15,000 killed in violent cyclone in Myanmar

YANGON, May 5 (Xinhua) -- At least 15,000 people have been killed in two divisions of Yangon and Ayeyawaddy in a violent cyclone storm Nargis that swept Myanmar's five divisions and states on last Friday and Saturday, according to official sources Monday evening.

It is estimated that the casualties in Ayeyawaddy division's Bogalay alone will exceed 10,000 and at least 1,000 in Laputta in the same division.

Earlier official figures show that 3,880 people were killed in Ayeyawaddy division including 20 in Bogalay and excluding Laputta, and 59 in Yangon division.

The sources said that 2,375 people in Ayeyawaddy division and 504 in Yangon division are missing.

In Haing Kyi island in the Ayeyawaddy division alone, nearly 20,000 houses were destroyed, leaving 92,706 people homeless, earlier report said.

The deadly cyclone, which occurred over the Bay of Bengal, hit five divisions and states -- Yangon, Bago, Ayeyawaddy, Kayin and Mon.

Myanmar has declared the five divisions and states as disaster-hit regions.

The government has formed a national central committee for prevention of natural disaster to promptly and effectively carry out relief and resettlement tasks.

Sunday, May 4, 2008

Nargis နောက်ဆက်တွဲများ...။

ရန်ကုန်က မိတ်ဆွေတစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ မုန်တိုင်းဖြစ်စဉ် တစ်ပိုင်းတစ်စပါ...။
ဆက်သွယ်ရေးက ပြတ်တောက်နေတော့ ရှားရှားပါးပါး တက်လာနိုင်တဲ့ ဒီသတင်းကိုပဲ ဝေမျှပေးနိုင်ပါတယ်...။
“မနေ့က မသေခဲ့လို့ ဒီနေ့ xxxxxx

၂ ရက်နေ့က ရုံးစောစောဆင်းလို့ရတယ်ပြောပေမယ့် လုပ်စရာတွေ မပြတ်သေးတာကြောင့် ၄ နာ၇ီကျော်မှ ပြန်လာဖြစ်တယ်။ xxxxx မင်္ဂလာဆောင်တောင် ယောက်ျားပဲ သွားလိုက်တယ်။ မိုးထဲလေထဲကနေ ရွှဲရွဲစိုပြိး အိမ်ပြန်ရောက်တော့ အိမ်သော့က မနေ့က ၀တ်ခဲ့တဲ့ ကုတ်အကျီ င်္ထဲမှာ ကျန်ခဲ့ပြီဆိုတာ သတိရတယ်။
မိုးကလည်း ကြီး...။ ယောက်ျားကိုလည်း ဖုန်းခေါ်မရ ရေရွဲရွဲစိုနဲ့ အိမ်ပေါက်ဝမှာ ငုတ်တုတ် ၄၅ မိနစ်လောက် စောင့်ရတယ်။

ချမ်းတာနဲ့ လေထဲမိုးထဲ စောစောအိပ်လိုက်တယ်။ တရေးနိုးတော့ ည ၁၁ နာရီ လေတွေ မိုးတွေ ၀ုန်းတိုင်းကြဲနေပါပြီ။ ပြတင်းမှန်က ချောင်းကြည့်တော့ အုန်းပင်တွေယိမ်းထိုးနေတာတွေ့ရတယ်။ လေတိုက်သံတွေကလည်း တရွီးရွီးနဲ့။

ခနနေတော့ မီးတွေ ပျက်သွားပါရော.......။

ည ၂ နာရီလောက်ကျတော့ အိမ်ပါ သိမ့်ခနဲ သိမ့်ခနဲ ငလျင်လှုပ်သလို လှုပ်တော့ ပြန်နိုးလာပါတယ်။
ခေါင်မိုးသွပ်ချပ်တွေလည်း လန်ကုန်သွားမပြောတတ်ပါဘူး။ မိုးတွေ လည်း ဟိုနားကယို ဒီနားကယို နဲ့ လင်မယားနှစ်ယောက် ရှိသမျှ ပုံးတွေ ခွက်တွေ ခံရတယ်။ သုတ်စရာ ဂျာနယ်တွေ အပုံလိုက်ကို တစ်အိမ်လုံးလိုက်ခင်း..။ အိပ်ယာထဲလည်း မိုးတွေ ယို..။ နံရံနဲ့ ကပ်နေတဲ့ ဗီဒိုတွေလည်း မိုးယိုမှာ စိုးလို့ ပလပ်စတစ်စကြီးတွေ လိုက်အုပ် နဲ့.. ဗျာများနေရတယ်။ အိမ်ထဲရေ၀င်တာတွေလည်း ခပ်တုတ်ရသေးတယ်။

အပြင် ကလည်း ၀ုန်းဒိုင်းတွေ ကြဲနေပါတယ်။ ဘာတွေ ကျကွဲမှန်းမသိတဲ့ တခွမ်းခွမ်း အသံတွေ လည်းကြားနေရတယ်။ သွပ်မိုးတွေပေါ်ကို ဒလိမ့်တုန်းနဲ့ လာလှိမ့်သလို အသံတွေလည်း ထွက်နေပါတယ်။

တော်တော်ကြမ်းတဲ့ နာဂီပါ။ အိမ်ကို ဖုန်းဆက်ကြည့်တော့ ကံကောင်းစွာ ဖုန်းလိုင်းက ရနေပါတယ်။ အိမ်ကလူတွေလည်း ငုတ်ထုတ်ထထိုင်နေကြတယ်ဆိုပါတယ်။

ကြောက်လိုက်ရတာများ အသက်ပါ ပါပြီမှတ်တာပဲ။.. နေတာက ခြောက်ထပ်တိုက် အပေါ်ဆုံး။ တိုက်က လှုပ်နေတော့ တိုက်များ ပြိုကျရင် ပြီးပါရော မှတ်တာပဲ ။ အောက်ဆင်းပြေးရအောင်ကလည်း အပြင်မှာက ဖြစ်ချင်တိုင်း ဖြစ် အုန်းဒိုင်းကျဲနေတာ။

ဒီလောက်ကြီးကြမ်းမယ့်ဟာကို ဘာမှ သတိပေးခြင်းမရှိခဲ့ဘဲ.. မဲရုံ မဲရုံ မဲရုံဆီသို့ ပဲ တချိန်လုံးလုပ်နေခဲ့တာကို တွေးပြီး ဒေါသတွေ ထွက်နေမိပါတယ်။

မနက် ၅ နာရီလောက်ကျတော့ နည်းနည်း လင်းလာတာမို့ အပြင်ကို မြင်ရပါတယ်။ လေကတော့ ကြမ်းတုန်းပဲ မို့ မှန်ပေါက်ကချောင်းကြည့်ုလိုက်ရင် သွပ်ချပ်ကြီးတွေ တ၀ှီးဝှီးလွင့်နေတာ မြင်နေရတယ်။ သစ်ပင်တွေလည်း ကြိုးတဲ့ဟာကြိုး။ လေသံကြီးကလည်း ရွှီးရွီး နဲ့နေတာပဲ။

ဘုရားခန်းလေးကမိုးလွတ်တော့ အဲနားမှာ ဖျာလေးခင်းပြီး မောမောနဲ့ တမှေးမှေးလိုက်ရသေးတယ်။ လူသံတွေ ကြားတော့ ပြန်နိုးလာတော့ မနက် မိုးလင်းနေပြီ။ လေနည်းနည်း ငြိမ်နေတာမို့.. လူတွေ အပြင်ထွက်ပြီး ရုံးစုရုံးစုနဲ့..စကားတွေ ပြောနေကြပါတယ်။ ရုံးက ဒရိုင်ဘာဆီက ဖုန်းလာတယ်။ ဟန်းဖုန်းနဲ့ ဆက်တာ..။ (လိုင်းဖုန်းတော်တော်များများ ပျက်ကုန်ပါပြီ။ အပင်တွေလဲလို့) သူတို့အိမ်ပေါ် ကုကိုလ်ပင် လဲကျလို့.. ပြားသွားပါသတဲ့.. အိမ်ရှေ့ပိုင်းကို လူတွေ တော့ ဘာမှ မဖြစ်ဘူး ဘေးက အဒေါ်အိမ်မှာ ခဏနေရတယ် အကြောင်းကြားပါတယ်။ နောက်ဝန်ထမ်းတစ်ယောက် ဆီက ဖုန်းလာပြန်ပါတယ်။ အပေါ်ဆုံးထပ်မှာ နေတာမို့ .. အမိုးတွေ ပွင့်ထွက်သွားပြီဆိုပါတယ်။ ဘာမှ မတတ်နိုင်ဘူး...။ ဟုတ်လား။ စိတ်မကောင်းပါဘူး ပဲပြောရတယ်။

ဝမ်းရေးက ရှိသေးတာကြောင့် လေထဲမိုးထဲ ကပဲ ဂတ်စ်မီးဖိုလေးနဲ့ ချက်ပြုတ်စားရတယ်။ အားလုံး ညနေ ၃ နာရီ ခွဲလောက်မှ ငြိမ်သက်သွားပါတယ်။ xxxxxxxxxxxxxx။ ယောက်ျားက မထွက်သင့်သေးဘူး ဆိုလို့.. ပြတင်းပေါက်ကနေဘဲ အပြင်ကိုကြည့်တော့.. ဘုန်းကြီးကျောင်းခေါင်မိုးတွေ လွင့်ထွက်ကုန်တာ.. အပေါက်တွေ အပေါက်တွေ နဲ့.. အင်တာနာတွေအကုန် ကျိုးကျ.. တိုးလိုးတန်းလန်း.. စလောင်းတွေ လည်းကျိုးတဲ့ဟာကျိုး.. တ၀က်တပျက် တန်းလန်းကြီးတွေ ကျတဲ့ဟာကျ .. အလုံးလိုက်ကြီး လမ်းပေါ် ပြုတ်ကျနေတာတွေရော.. တလမ်းလုံး မွစာကြဲနေတာပါပဲ..။

ခေါက်ဆွဲလေး ပြုတ်စားပြီး အရမ်းကို အပြင်ထွက်ချင်နေတာနဲ့ ညနေ ၅ နာရီလောက် ထွက်လာခဲ့ပါတယ်။ တားမရတဲ့အဆုံး ယောက်ျားကလည်း သွားချင်ရင်လည်း သွားဆိုပြီး လွှတ်လိုက်ပါတယ်။ သူလည်း မိုးယိုတာဘာညာနဲ့ တစ်ညလုံး မအားရတာနဲ့ အိပ်ပျော်သွားတာနဲ့.. တစ်ယောက်တည်း ထွက်ချလာလိုက်တယ်။

နေတာက ဗဟန်းနားဆိုတော့ လမ်းထိပ်ထွက်လိုက်တာနဲ့ ကန်တော်ကြီးပန်းခြံထဲက သစ်ပင်ကြီးတွေ အတုံးအရုံး လမ်းပေါ်လဲကျပြီးတစ်လမ်းလုံး ရစရာမရှိပါဘူး။ .. တက်စီငှားလို့ရတာနဲ့ ရုံးရှိတဲ့ မြို့ထဲဘက်ထွက်တာ.. လမ်းတိုင်းဟာ သစ်ပင်ကြီးတွေ ပြိုလဲ ထားလို့ ပိတ်နေပါတယ်။ ပြည်လမ်းတစ်လမ်းလုံးလည်း ရစရာမရှိအောင် ပျက်စီးလို့..။ တိုက်တန်းလျားတွေရဲ့ အပေါ်ဆုံးထပ် ခေါင်မိုးတွေ လုံးဝမရှိတော့ဘူး.. ဟောင်းလောင်း.. လူတွေ ဘယ်ရောက်ကုန်သလဲ မသိရ........။

ဓာတ်တိုင်တွေရော သစ်ပင်ကြီးတွေရော အတုံးအရုံးလဲပြီး လမ်းတွေ ဟာ မှတ်မိစရာမရှိအောင် ဖြစ်နေပါတယ်။

အဲဒါတွေ ရှင်းဖို့ ဆို အနည်းဆုံး ၂ ပတ်ကနေ ၃ ပတ်လောက်ကြာနိုင်တယ်။

အဲသည် ဟာကြီးတွေ မရှင်းနိုင်သေးရင် မီးကလည်း ပြန်လာမှာ မဟုတ်ပါဘူး။

ဖုန်းလိုင်းတွေလည်း တော်တော်များများပျက်ပါတယ်။ သစ်ပင်ကြီးတွေ လည်း ချက်ချင်း မဖယ်ရှားနိုင်သေးဘူး။ ဒီမနက် ထပ်ထွက်လာတော့.. အပင်ကြီးတွေ မဖယ်ရှားနိုင်သေးပေမယ့် လမ်းပေါ်လဲကျနေတဲ့ အပိုင်းတွေ လွှဲနဲ့ တိုက်ဖြတ်ထားတော့ တစ်စီးစား သွားလို့ရအောင် လုပ်ပေးထားတာ တွေ့ရတယ်။

အိမ်တွေကတော့ ကိုယ်ထူကိုယ်ထ သွပ်ပြားတွေဝယ် ခေါင်မိုးတွေ ပြန်မိုးလုပ်နေကြတာတွေ့ရတာပဲ။
လမ်းတွေ က ပိတ်နေတော့ တစ်နေရာနဲ့ တစ်နေရာ သွားလာဖို့ကမလွယ်ပါဘူး။
ဖုန်းလိုင်းတွေလည်း ပြတ်၊ အင်တနာတွေကျိုးစလောင်းတွေပြုတ်ကျ၊ မီးကမလာဆို တော့ ဘာသတင်းမှ မသိရပါဘူး။
ရေဒီယိုလည်း မရပါဘူး။

မြို့ထဲ ကိုယ်နေတဲ့နေရာလောက်ပဲ သိရတယ်။ ကျန်တဲ့အပိုင်းတွေ ဘာဖြစ်ကြတယ်တော့မသိရသေးဘူး။”


ဒီနေ့နေ့လည်က သိရတဲ့ သတင်းပါ...။ ရန်ကုန် ဗဟန်းနားတစ်ဝိုက် အခြေအနေပေါ့...။

Nargis Hits Yangon : ရက်စက်ပါ့ နာဂျစ်ရယ်...။

ရန်ကုန်မြို့ကို မိုးဦးပိုင်းမှာ မျက်စိလည် လမ်းမှားရောက်လာတဲ့ နာဂျစ် မုန်တိုင်းဟာ ပျက်စီးဆုံးရှုံးတွေ ဘယ်လောက် ဖြစ်ပွားစေတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး...။


Credited to DVB




Credited to Xinhua News Agency
ဒီပုံကတော့ ဆင်ဟွာ သတင်းဌာနက တင်ထားတဲ့ ပုံပါ...။ သစ်ပင်ကြီး တစ်ခုလုံး အမြစ်ကနေ ကျွတ်ထွက်သွားပါတယ်..။ ဘယ်လောက်တောင် အားပြင်းတဲ့ မုန်တိုင်းလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်...။


ရန်ကုန်မှာ နေထိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က မုန်တိုင်းတိုက်နေစဉ်နဲ့ စဲသွားချိန်မှာ သူ့ဖုန်းကင်မရာနဲ့ ရိုက်ပေးထားတာကို ယူကျူ့မှာ တင်ထားပေးတာ တွေ့လိုက်ရပါတယ်...။ အောက်က ဗွီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်...။



လောလောဆယ်မှာတော့ အရေးပေါ် ကယ်ဆယ်ရေးစခန်းအဖြစ် စမ်းချောင်း ဟံသာဝတီလမ်းက မူးယစ်ဆေးဝါးပြတိုက်ကို ယာယီ ကယ်ဆယ်ရေး စခန်းအဖြစ် သတ်မှတ်ထားတယ်လို့ ကြားသိရပါတယ်...။
ဖုန်း၊ အင်တာနက်၊ မီး အဆက်အသွယ် အားလုံးနီးပါး ပြတ်တောက်နေတယ်လို့ ကြားသိရပါတယ်...။


ရက်စက်ပါ့... နာဂျစ်ရယ်...။

Thursday, May 1, 2008

Love Me သီချင်း (သို့)Laptop Sound Card ကို စမ်းသပ်ခြင်း။

ရန်ကုန်မှာတုန်းက Desktop Computer သုံးတော့ Sound Card လေးတစ်ခု စိုက်ထားတာပေါ့...။ Vibra 125 ပေါ့လေ...။ တရုတ်က လာတဲ့ မိုက်ကရိုဖုန်း တစ်လုံး ၀ယ်ထားတယ်...။ sound card က Midi ၀င်ပေါက်လေး ရှိတော့ ကလိလို့ ကောင်းတာပေါ့...။ အခန်းကလဲ အလုံ ဆိုတော့ ဘယ်သူ့ကိုမှ အားနာ စရာမလိုပဲ တစ်ယောက်တည်း ဆော့ချင်သလို ဆော့လို့ရတယ်...။ ကြိုက်တဲ့ သီချင်းလေးတွေ ဘာတွေကို ကလိလို့ ရတယ်...။ Sony Acid သီချင်းဖန်တီးတဲ့ ဆော့ဖ်ဝဲနဲ့ပေါ့....။

အခု လောလောဆယ်တော့ ဒက်စ်တော့ပ် မရှိလို့ လပ်ပ်တော့ပ်ပဲ သုံးနေရတယ်...။ Sound Card က Built-in ဆိုတော့ အဖြစ်ပဲ ရှိတာပေါ့...။ အခု အဲဒီကဒ်ကလေး ကောင်းမကောင်း စမ်းထားတယ်...။ Earphone နဲ့ Mic နဲ့ တစ်ခါတည်း တွဲတပ်ထားတဲ့ နားကျပ်နဲ့ အသံသွင်းထားတယ်...။ အိတ်ခ်ျပီကွန်ပက် Compaq nx6120 လပ်ပ်တော့ပ်ပါ...။ နားကျပ်ကတော့ မလေးရောက်တုန်းက ၀ယ်လာတဲ့ မလေးလုပ် နားကျပ်ပေါ့...။ ဆော့ဖ်ဝဲကတော့ pirated copy တွေ မသုံးရဲလို့ ဆိုနီ ၀က်ဘ်ဆိုဒ်က အလကားရတဲ့ ဟာလေးပဲ စမ်းကြည့်ရတယ်...။ သူက အသံသွင်းရုံပဲ ရတယ်...။ အသံကို ဖြတ်တောက်၊ ပြင်ဆင်တာ မရဘူး...။ နဂို ပလိန်းအတိုင်းပဲ ထွက်တယ်...။ အသံသွင်းတဲ့ အခန်းကလဲ ကားပါတ်ကင်တွေ ဘေးနားမှာ ဆိုတော့ ဆူညံသံနည်းနည်းပါသွားတယ်...။ (အဆီပါ အစားအစာများ ရှောင်သင့်ပြီ ဆိုတဲ့ သင်ခန်းစာ ရလိုက်ပါတယ်...။)

ကိစ္စတော့ မရှိဘူးကွယ်...။ လောလောဆယ် စမ်းမှာက အသံကဒ် ကွာလတီဆိုတော့ ဘာပဲဖြစ်ဖြစ် အရေးမကြီးဘူးပေါ့...။ ကဲ... အဖျက်ခံမယ့် သီချင်းကတော့ Collin Rayes ရဲ့ Love Me သီချင်း ဖြစ်ပါတယ်...။
အောက်က Plyaer ကိုနှိပ်လို့ အလုပ်လုပ်မရင် ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့်လို့ သဘောထားပြီး ဒီနားက လင့်ခ်မှာ တိုက်ရိုက် ဒေါင်းလုဒ် ဆွဲချပြီး နားဆင် ဝေဖန် အကြံပေးနိုင်ပါတယ်...။ ဖိုင်ဆိုဒ်က နည်းနည်းကြီးတော့ Player ရဲ့ Pause ခလုတ်ကို ခဏနှိပ်ထားပြီး ၁၀၀% ပြည့်ပြီဆိုမှ Play ခလုတ်ကို နှိပ်ပြီး သီချင်းကို ဆက်နားထောင်ကြပါလို့...။

(ဒီနေ့တော့ ဘလော့ဂ်ကြွလာ မိတ်သဟာ အပေါင်းကို မျက်စိ ဒုက္ခ၊ နားဒုက္ခ ပေးတာ ဒီမျှနဲ့ နိဌိတံ လိုက်ပါဦးမယ်...။ နောက်နေ့တွေမှ ဆက်လက်နှိပ်စက်ပါဦးမယ့် အကြောင်း...။)
စာကြွင်း။ ။ ဒီသီချင်းရဲ့ ကာရာအိုကေ ဗားရှင်းကို ရှာပေးတဲ့ အမည်မဖော်လိုသူ ညီမလေး ပူတူးကို ကျေးဇူးတင်ရှိပါကြောင်း...။


Get Music Tracks! Create A Playlist!




Le Grand Chef (OR) ဟိုးရှေးရှေးတုန်းက....

တစ်ခါသားတုန်းကပေါ့...။ ကျောင်းမှာ ကျောင်းသားတို့ထုံးစံ အဆောင်နေရတော့ အတူနေ သူငယ်ချင်းများ တစ်ယောက်တစ်လှည့် ဟင်းချက်ကြတာပေါ့...။ အဲဒီထဲမယ်... တစ်ယောက်ကတော့ ထူးထူးခြားခြား ဟင်းချက် အလွန်ကောင်းပါတယ်...။ သူချက်တဲ့ ဟင်းတိုင်း အကြိုက်တွေ့ပါတယ်...။ သူ့ကို ဘာကြောင့် ဟင်းချက် တော်ရသလဲလို့ မေးမိတော့ သူက ပြန်ပြောပြပါတယ်...

တစ်ခါကတဲ့...။ သူတို့နေတဲ့အရပ်က မြို့ကလေးကို ပါတ်လည်ဝိုင်းထားတဲ့ တောင်ပေါ်ကို ကိစ္စတစ်ခုနဲ့ တစ်ညအိပ် ရောက်သွားဖူးတယ်...။ သူငယ်ချင်းက သူ့အမျိုးတွေဆီ သွားစရာရှိလို့ အဖေါ်ခေါ်တာနဲ့ လိုက်သွားတာပါ...။ ရွာကလေးက သာယာပါတယ်...။ နေချင်စရာလေးပါ...။ ဆားထောင်းနေတဲ့ ရွာသူတွေ၊ တလင်းထဲမှာ စပါးနယ်နေတဲ့ ရွာသားတွေ၊ ရိုင်ပတ်ဖျာတွေပေါ်ကို စပါးပင်တွေ ရိုက်ရိုက်ပြီး စပါးခြွေနေသူတွေနဲ့ သူ့
ဟာလေးနဲ့ သူ သာယာနေပါတယ်...။

ရွာထဲ လျှောက်သွားရင်းနဲ့ ရွာအပြင်ဖက်ရောက်တော့ တဲအိမ်လေးတစ်လုံး ရွာအပြင်မှာ
ထီးထီးငုတ်တို ဖြစ်နေတာတွေ့လို့ သူငယ်ချင်းကို စပ်စုတော့ အဲဒီမှာ နေတဲ့ အဖိုးကြီး အကြောင်းကို ပြောပြတယ်...။
နယ်ခံရွာသား မဟုတ်တဲ့ အကြောင်း၊ ဒါပေမဲ့ ဒီရောက်နေတာ တော်တော် ကြာသွားပြီဆိုတဲ့ အကြောင်း...။ ဒီက ရွာသားတွေနဲ့ သိပ်ပြီး အ
ဆက်အဆံ မလုပ်ကြောင်း၊ ဘာမှ လုပ်တာ မတွေ့ပေမယ့် တစ်ပါတ်တစ်ခါ မြို့ကို ဆင်းသွားပြီး စားသောက်စရာများ သယ်လာတတ်ကြောင်း၊ ရွာသူကြီးနဲ့တော့ စကား အပြောအဆိုများ ရှိကြောင်း၊ ရွာသူကြီးရဲ့ ပြောပြချက်အရ ဒီအဖိုးကြီး ဟင်းချက်တာ အလွန်တော်ကြောင်း၊ ထမင်းဆိုင် ဖွင့်ဖူးခဲ့မယ်လို့ ရွာသူကြီးက ထင်ကြောင်း ပြောပြပါတယ်...။

စိတ်ဝင်စားလာတာနဲ့ အဲဒီ အဖိုးကြီးနဲ့ စကားပြောကြည့်ချင်တယ် ဘာညာနဲ့ ပြောတော့ သူငယ်ချင်းက သူကြီးမြေးလေးကတော့ အဲဒီ အဖိုးကြီးနဲ့ အဆင်ပြေကြောင်း၊ သူ့ကို အကူအညီ တောင်းမှ ရနိုင်မယ့်အကြောင်း ပြောပြီး လုပ်ပေးရှာပါတယ်...။


လိုရင်းပြောရရင်တော့ အဲဒီ အဖိုးကြီးနဲ့ စကားလက်ဆုံကျဖြစ်ပါတယ်...။ (သူငယ်ချင်းပြောပြတဲ့ စကားများဟာ
ရှေးဟန် အလွန်ဆန်သမို့ မူရင်းအတိုင်း ဖေါက်သည်ချရရင် စာဖတ်သူများ နားမလည်နိုင်မှာ စိုးတာနဲ့ အများ နားလည်နိုင်မယ့် စကားတွေနဲ့ပဲ တစ်ဆင့် ပြန်လည် ရေးသားပါမယ်...။)

သူ့ဖခင်ဟာ ငယ်ငယ်တုန်းက ရှမ်းစော်ဘွားတစ်ဦးထံမှာ စားတော်ကဲအဖြစ် အမှုတော်ထမ်းခဲ့တာပါ...။ အဲဒီ စော်ဘွားဟာ စားကောင်းသောက်ဖွယ်ရာများကို ခုံမင်နှစ်သက်လေ့ ရှိပါသတဲ့။ သူ့ဖခင်ကိုလည်း လက်လှမ်းမီရာ ချက်ပြုတ်နည်းတွေကို သင်ထားစေပြီး တစ်နေ့ တစ်မျိုး မရိုးရအောင် ချက်စေသတဲ့...။ ကိုယ်တိုင်လဲ တီထွင်ချက်ပြုတ်စေသတဲ့...။ အဲဒီအထဲကမှ ဟင်းအမယ် ၃ မျိုးဟာ စော်ဘွားရဲ့ ဖေးဖရတ်ဖြစ်တယ်တဲ့...။ စားတော်ကဲ သူ့ဖခင်ရဲ့ ကောင်းသတင်းတွေဟာလဲ အဲဒီနယ်တစ်လွားမှာ ကျော်ကြားနေသတဲ့...။

ဒီလိုအမှုတော် ထမ်းလာရင်းနဲ့ တစ်နေ့မှာ သူတို့နေတဲ့ မြို့ကို ရန်သူတွေ ၀ိုင်းတော့ အားမတန် မာန်လျှော့ရသတဲ့...။ သူ့အရှင်က ခဏတစ်ဖြုတ် ရှောင်တိမ်းဖို့ ထွက်သွားတော့ သူ့ဖခင်နေမကောင်းလို့ မလိုက်နိုင်တာနဲ့ ချန်ခဲ့ပါတယ်...။ နေကောင်းတာနဲ့ သူ့အရှင်နောက်ကို လိုက်ခဲ့ပါလို့ သေချာ မှာခဲ့သတဲ့...။ ဒါပေမဲ့ သူ့အရှင်ဟာ လမ်းခရီးမှာ ငှက်ဖျားမိပြီး ကံကုန်သွားတယ်...။

မြို့စောင့်တပ်သာ ကျန်ခဲ့တဲ့ သူတို့ မြို့ကလေးကို ရန်သူဘက်က အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပါတယ်...။
ရန်သူ့ဖက်က အကြီးအကဲက စားတော်ကဲရဲ့ သတင်းကို ကြားတော့ အဲဒီ နာမည်ကျော် ဟင်းအမယ် ၃ မျိုးကို သူတို့ရဲ့ မြိုသိမ်းပွဲ အောင်ပွဲ အထိမ်းအမှတ် ညစာစားပွဲမှာ တည်ခင်းဧည့်ခံဖို့ စီစဉ်သတဲ့...။ စားတော်ကဲကိုလည်း မူလအရသာ မပျက်အောင် ချက်ခိုင်းဖို့ လူလွှတ်မှာလိုက်သတဲ့...။

စားတော်ကဲဟာ သူ့အရှင်က လွဲပြီးတော့ ဘယ်သူ့ကိုမှ သစ္စာစောင့်သိမှု မပြုဘူးလို့ သူကိုယ်သူ ကတိပေးထားတော့ မချက်နိုင်ဘူးလို့ အကြောင်းပြန်လိုက်သတဲ့...။ အဲဒီအတွက်လဲ သူ့အသက်အန္တရာယ်နဲ့ ကြုံမှာကို သူသိထားပြီး ဖြစ်ပေမယ့် မမှုဘူးတဲ့...။ လောလောဆယ်တော့ ဒီည စားပွဲမှာ သူမချက်နိုင်အော
င် တစ်ခုခုကို သူ စီစဉ်ရမယ်ဆိုပြီး သူ့ကိုခေါ်သတဲ့...။ ပြီးတော့ မိုင်းကိုင်စက္ကူလိပ်တစ်ခုကို သံကျည်တောက်ထဲ ထည့်ပြီး သူ့ကို ပေးထားသတဲ့...။ သေချာ သိမ်းခိုင်းသတဲ့...။

နောက်တော့ မီးဖိုထဲ ခဏ ၀င်သွားတယ်တဲ့...။ ကြာလွန်းလို့ သူ့အဖေကို သူမသင်္ကာတော့ ၀င်သွားကြည့်တော့ သတိလစ်နေတာ တွေ့ရသတဲ့...။ သူ့အဖေက သူ့လက်ကို ဓါးနဲ့ ခုတ်လိုက်တာ ဒဏ်ရာက သွေးထွက်လွန်ပြီး မေ့နေတာကို တွေ့ရတော့ ဆေးမှုးခေါ်ပြီး ဆေးကုပေးသတဲ့...။ ရန်သူ့အကြီးအကဲက ဟင်းချက်ဖို့ လာခေါ်တဲ့ တပ်သားတွေ တွေ့သွားပြီး သူတို့ အကြီးအကဲဆီ ဖြစ်ကြောင်းကုန်စင်ကို သတင်းပို့သတဲ့...။


အကြီးအကဲ အဲဒီ သတင်းကြားတဲ့ အခါ ဒေါသ အလွန်ထွက်သွားပါတယ်...။ စားတော်ကဲကို ဒဏ်ရာပျောက်ကင်းအောင် ကုသစေပြီး သတိပြန်လည်လာရင် ဟင်းချက်နည်း မရရအောင် မေးခိုင်းပြီး သူ့စားဖိုမှူးနဲ့ ချက်ခိုင်းမယ်လို့ အမိန့်ချတယ်...။

စားတော်ကဲလဲ ညဘက်ရောက်တော့ သတိရလာသတဲ့...။ ဖြစ်ကြောင်းကုန်စင်ကို သူပြန်သိရတော့ သူ့သားကို သံပုရာရည် တစ်ခွက် ဖျော်ခိုင်းတယ်...။ သူ့သားကို ဒီနယ်မှာ မနေစေပဲ ဝေးနိုင်သမျှ ဝေးဝေးကို ရှောင်ပုန်းစေတယ်...။ သူက ကျန်ခဲ့တာတဲ့...။ သားဖြစ်သူက အဖေမှာတဲ့အတိုင်း သံပုရာရည် ဖျော်ပေးတယ်...။ စားတော်ကဲက သူ့လည်ပင်းမှာ ဆောင်ထားတဲ့ ကြုတ်ကလေးကို ဖွင့်ပြီး အထဲက ဖြူဖြူမှုန့်တွေကို သံပုရာရည်ထဲ ထည့်လိုက်တယ်...။ ရေတွေ ခဏလောက်ဆူလာပြီးနောက် အရောင်လေး မဆိုစလောက် ပြောင်းသွားတာ တွေ့ရတယ်...။

အဲဒီနောက် စားတော်ကဲဟာ သူ့သားကို ခုပဲ အထုပ်အပိုးပြင်ပြီး ချက်ချင်းထွက်ပြေးဖို့ ခိုင်းသတဲ့...။ သူကတော့ လက်က ဒဏ်ရာကြောင့် မထူးတော့ဘူး သေတော့မှာပဲလို့ ပြောသတဲ့...။ အခုလဲ ဒဏ်ရာက အနာရှိန်ကြော
င့် မခံနိုင်တော့ဘူးတဲ့...။ သူ့အရှင်မရှိတော့တဲ့ နောက်မှာ သူဘယ်သူ့ကိုမှ သစ္စာစောင့်သိစရာမလိုတော့တဲ့ အတွက် သူ့ဘ၀ကို ဒီမှာတင် တစ်ခန်းရပ်လိုက်တော့မယ်တဲ့...။ အခု ခွက်ထဲကို ထည့်လိုက်တာ အဆိပ်မှုန့်တွေ ဖြစ်တယ်...။ အဲဒါတွေကို သူသောက်ပြီး သူ့ကိုသူ အဆုံးစီရင်လိုက်တော့မယ်လို့ မှာတမ်းခြွေသတဲ့...။

သူ့ဖခင် ခံစားနေရတဲ့ ဝေဒနာကို မကြည့်ရက်လို့ မသောက်ပါနဲ့လို့ တားချင်ပေမယ့် ဒီနည်းဟာ
၁။) ရန်သူ့အပေါ် သစ္စာမစောင့်ချင်တဲ့ သူ့အဖေအတွက် ထွက်ပေါက်တစ်ခု ဆိုတဲ့ အချက်
၂။) လက်က ဒဏ်ရာဝေဒနာကို ခံစားနေရတဲ့ အဖြစ်ကနေ သက်သာစေနိုင်တာ ဒီထွက်ပေါက်တစ်ခုသာ ဖြစ်တယ်ဆိုတဲ့ အချက်

စတာတွေရယ်ကြောင့် သူဟာ သူ့အဖေ အဲဒီ သံပုရာရည် ကို သောက်တာကို မတားရက်တော့ပါဘူး...။

အဲဒီညမှာပဲ သူဟာ သူနေတဲ့ မြို့ကလေးကနေ ပုန်းရှောင်ထွက်ခွာလာခဲ့ပါတယ်...။ အခု နေနေတဲ့ နေရာမတိုင်ခင် အနယ်နယ်မှာ နေခဲ့ဖူးပေမယ့် ဒီနေရာရောက်တော့ အခြေချ နေထိုင်ဖို့ အဆင်အပြေဆုံး အနှောင့်အယှက်ရန်ကလည်း အကင်းဆုံး ဖြစ်တဲ့အတွက် ဒီမှာပဲ ခေါင်းချ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာတဲ့...။

သားထောက်သမီးခံများ မရှိဘူးလားလို့ မေးကြည့်တော့ နယ်တကာလှည့် ရှောင်တိမ်းနေရတော့ သံယောဇဉ် အမျှင်မတန်းမိအောင် သတိထားနေခဲ့တဲ့အတွက် အိမ်ထောင်မရှိဘူးတဲ့...။ သံကျည်တောက်ထဲက မိုင်းကိုင် စက္ကူလိပ်အကြောင်း သတိရလို့ မေးကြည့်တော့ နာမည်ကြီး ဟင်းအမယ် ၃ မျိုး ချတ်ပြုတ်နည်းကို ရေးထားတဲ့ စက္ကူဖြစ်ကြောင်း၊ အန္တရာယ် များလွန်းလို့ မီးရှို့ပစ်လိုက်ပြီလို့ ပြောပါတယ်...။

နှမြောမိတဲ့အတွက် မျက်နှာမကောင်းဖြစ်နေတဲ့ သူငယ်ချင်းကို အဖိုးကြီးမြင်တော့ ဒီလို အဖိုးတန် ပညာရပ်ကို သူလွယ်လွယ်ကူကူ မဖျက်ဆီးပစ်ပါဘူး...
သူကိုယ်တိုင် နှုတ်ငုံဆောင်ပြီး ဦးဏှောက်ထဲ သိမ်းထားပါတယ်ဆိုပြီး ပြောပြပြပါတယ်...။ အလုပ် လုပ်ကိုင်စားသောက်တာလဲ မဟုတ်ပဲနဲ့ နေ့စဉ် စားသောက်ဖို့ ဘယ်လို စီစဉ်တာလဲဆိုတော့ သူ့အဖေ စားတော်ကဲကို အလွန် မြတ်နိုးလှတဲ့ စော်ဘွားဟာ သူမသေခင်မှာ သူ့ဘဏ္ဍာထိန်းကို စားတော်ကဲဖြစ်ဖြစ် သူ့ရဲ့ဆွေမျိုးသားရင်းထဲကပဲဖြစ်ဖြစ် သက်ရှိ ထင်ရှားရှိနေခဲ့ရင် တစ်နည်းနည်းနဲ့ ရအောင် ဆက်သွယ်ပြီး ထောက်ပံ့ကြည့်ရှုရမယ်လို့ မှာထားခဲ့တယ်တဲ့...။ ဘဏ္ဍာထိန်းလဲ မှာတဲ့အတိုင်း အခုထိ သူိ့ကု ထောက်ပံ့နေတဲ့အကြောင်း မြို့ပေါ် တစ်ပတ်တစ်ခါ မှန်မှန် တက်သွားတာလဲ အဲဒီအတွက် ဖြစ်ကြောင်း ပြောပြသတဲ့...။

တစ်လလောက် အဖိုးကြီးဆီ သွားသွားလည်တဲ့နောက် သူငယ်ချင်းဟာ ဟင်းချက်အတတ်ပညာကို အတော်လေး ရလာပါတယ်...။ နောက်ရက်တွေမှာ အချိန်တန်လို့ အိမ်ပြန်ကြတော့မယ်လုပ်တော့ အဖိုးကြီး ကိုယ်တိုင် လာနှုတ်ဆက်ပါတယ်..။ အဖိုးကြီးလဲ သူ့ကို သံယောဇဉ် ဖြစ်နေပါပြီ...။ မျက်ရည်အ၀ိုင်းသားနဲ့ သူ့ကို တိုးတိုးလေး နှုတ်ဆက်သတဲ့...။ သူ့အဖေထားခဲ့တဲ့ ပညာကို သူသေသွားရင် သေရွသာပါသွားမယ် ဆိုပြီး ဒီပညာရပ်ကို သူတိုရရဲ့ ရန်သူ အမျိုးအနွယ်တွေဆီ မရောက်ပါစေနဲ့...။ စားလဲမစားပါရစေနဲ့လို့ ကတိတောင်းပြီး သူငယ်ချင်းကို နှုတ်တိုက် ရွတ်ပေးသတဲ့...။ သူငယ်ချင်းလဲ ရေးမှတ်စရာ မပါတာနဲ့ ဒီအတိုင်း ဦးဏှောက်နဲ့ပဲ မှတ်ခဲ့ရသတဲ့...။

အခု အဆောင်မှာ ချက်ကျွေးတာတွေက အဖိုးကြီးဆီက သင်လာတဲ့ နည်းတွေအတိုင်း ဖြစ်သတဲ့...။ နာမည်ကြီး ဟင်း ၃မျိုးကိုတော့ အခုထိ ဘဏ္ဍာထိန်း အဖိုးကြီးကလွဲပြီး ဘယ်သူ့ကိုမှ ချက်မကျွေးရသေးတဲ့အကြောင်း၊ အခုတော့ ဘယ်သူမှလဲ မရှိတော့ ချက်ချင်တဲ့အကြောင်း၊ အရသာက ဘယ်လိုကောင်းတဲ့ အကြောင်း ပြောပြတော့ ကျွန်တော်တို့လဲ တိုက်တွန်းကြတာပေါ့...။ သူက ကျွန်တော်တို့ မျိုးရိုးများကို သေချာ စိစစ်မေးမြန်းပြီး သူကတိပေးထားတဲ့ အမျိုးအနွယ် မပါဘူးဆိုတာ သေချာမှ ချက်ကျွေးပါတယ်...။

သူချက်ကျွေးတဲ့ ဟင်းအမည်များ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်...။

၁။ မင်းကလေးငို ၀က်ပျိုပွင့်ကြော်။
၂။ ရွှေပြားခတ် ၀က်ပါးကြော်။
၃။ ဟန်မူရာကြော့ ထိုဖူးပျော့ကြော်။

တို့ ဖြစ်ပါတယ်...။ နန်းတွင်း အစားအစာများပေပဲ...။

ဝှီး...။ ဖြူး....။ မောသွားတာပဲ...။


ဒီနေ့ဟာဖြင့် အလုပ်သမားနေ့ ဖြစ်တဲ့ အတွက် လေဘာဒေးကို ဂုဏ်ပြုသောအားဖြင့် နေ့လည်စာကို အိမ်မှာ စပါယ်ရှယ် ချက်ပြုတ်မယ်လို့
ဆုံးဖြတ်လိုက်ပါတယ်...။ (မနက်ကတည်းက ဟော်ကာစင်တာမှာ ဖက်ထုပ်ကြော်နဲ့ ချာပါတီ သွားတီးပြီး ပြန်လာကတည်းက ပြန်အိပ်နေတာ...။ ခုမှ ထလာတော့ ဗိုက်က ဆာလာတာ...။)

ရေခဲကြောင်အိမ်ထဲကို ဘာတွေ ၀ယ်ထည့်ထားသလဲဆိုတာ သွား check ကြည့်လိုက်ပါတယ်...။ ကိုယ့်ဟာ ဟုတ်မဟုတ်ကို အပြင်ရောက်နေတဲ့ အစ်ကိုကို လှမ်းကွန်ဖမ်းလုပ်ပါတယ်...။ ဟီး နမော်နမဲ့နိုင်ချက်ကတော့ အရင်က သူများဟာတွေကို တစ်ခါ သွားယူချက်မိလို့ တစ်ခါသေဖူးထားတော့ ပျဉ်းကတိုးသား ဘယ်လောက် ဈေးကြီးတယ်ဆိုတာ မှတ်သွားဖူးပါပြီ...။

ကြက်သား၊ ၀က်သား၊ ပဲစိမ်း၊ ပဲပင်ပေါက်၊ ဂျပန် ထိုဖူး အစရှိသဖြင့် အစရှိသဖြင့်...။ အင်း... တစ်ပါတ်လုံးလုံး အလုပ်လုပ်ထားတဲ့ ကိုယ့်ကိုယ်ကို စပါယ်ရှယ် ချက်ပေးလိုက်မယ်...။ စဉ်းစားထားတဲ့ ဟင်းအမယ်များကတော့ သူငယ်ချင်းဆီကနေ မေးထားတဲ့ ဟင်းအမယ်များပေါ့လေ...။ သူပြောထဲ့တဲ့ ချက်နည်းအတိုင်းပေါ့...။

လာလေရော့...။ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဂက်စ်ဖွင့်...။ တောက် ကနဲ မီးထ...။ လိုအပ်တာတွေ အကုန်လုပ်...။ ကိုယ့်ကိုယ်ကို အဆာပြေ ချက်ထားပေးတဲ့ ဒီစားသောက်ဖွယ်ရာလေးများကို တည်ခင်းပေးလိုက်ပါတယ်...။

ကဲ လာလေရော့... အပ်ချလောင်း...။

၁။ မင်းကလေးငို ၀က်ပျိုပွင့်ကြော်။






၂။ ရွှေပြားခတ် ၀က်ပါးကြော်။



၃။ ဟန်မူရာကြော့ ထိုဖူးပျော့ကြော်



မယုံရင် ပုံပြင်လို့ မှတ်ယူနိုင်ပါကြောင်း...။ :P