Wednesday, July 22, 2009

Rachel

Photo Credit to Expansys


Dedicated to WaTote ...

Android OS got not much 3rd party software to play around.
Despite the above fact, Sony Ericsson , one of the leading Phonetertainment owner did something unusual after surprisingly announced world first 12 MP phone, yesterday the phone giant again thrill its rivals with another phone so called, Rachel or Xperia X3.
I personally do not like Android, but after seeing the SE UI tweak with Android on Rachel, I'm now able to forget iPhone already.
One of the most fact that taunted me was the big display which is 3.8" and DVD Quality VDO recording. The Improvied UI is a must see one. Dream, I bet you will love this than yr hero HTC. :D
But, it wasn't clear about the spec: in detail such as the storage memory and video call capability.
Must wait and see products.
Expansys, one of the online mobile selling company was announcing this phone and now it can be pre-ordered Here already.
Price and released date are yet to be confirmed, and I hate about this.
You can read some fact about Rachel here and some of the leaked fotos, info here.
To watch the video pls click this link.


Credit to : GSMArena

Technical Details

Display: - 800 x 400 pixels/4" - Touch Sensitive Network: - 2G 850/900/1800/1900 (Quad-Band) - 3G: 900/2100 (Dual-Band) - HSDPA (10Mbps) - HSUPA (2Mbps) Camera: - 8 mega-pixels (auto-focus) - 8 x Digital Zoom - LED Flash - Image Stabilization - Smile Shutter - Face Detection Video: - VGA Video Recording Music: - Supported formats: MP3, AAC, eAAC+ Ringtones: - Monophonic - Polyphonic (64) - MP3 - AAC Messaging: - SMS - MMS (with video) - E-mail (POP3, SMTP, IMAP4, MS Exchange) Memory: - Phone Book - Dialled Calls - Missed Calls - Received Calls - microSDHC (external) Call Features: - Hands Free - Caller ID - Voice Dialling Connectivity: - miniUSB - 3.5mm AV connector - Bluetooth (2.1) - Wi-Fi (IEEE 802.11g) Navigation: - AGPS

ပေါက်တတ်ကရ အိတ်တီ့ အပိုင်း (၁၀)

22 Jul 09, 19:22
Boyz: နှာသံနဲ့ သီချင်းဆိုတယ်ဆိုလို့ ဟိုးတုန်းက ရွာဘုရားပွဲတစ်ပွဲ ရောက်ဖူးတာ မှတ်မိတယ်။ အမှောင်ထဲက ချောင်မှာ ဝါးကျည်တောက်နဲ့ သီချင်းဆိုတာ အဲ့တုန်းက စာဥ သီိချင်း ခေတ်စားတုန်း။
22 Jul 09, 19:23
Boyz: ငါးဆန်ပြုတ်ကို ကြာကွေးနဲ့ ညှပ်စားနေတယ်။ ကြက်သားကုန်းဘောင် အစပ်ချက်နဲ့ တွဲဖက်စားသုံးနေပါတယ်။ မုဒိတာပွားကြပါကုန်။
22 Jul 09, 19:25
Boyz: ကြက်သားကုန်းဘောင်က နည်းနည်းစပ်တော့ ချွေးသီးချွေးပေါက်များ ကျနေတာပေါ့လေ။ ထမင်းစားလို မြိန်သဗျား။ ခင်ရာဆွေမျိုး မြိန်ရာ ဟင်းကောင်းဆိုတော့လဲ...။ လာစားလှည့်ပါဦး။
နှေညိုညို.. တှိမ်တောက်တဲ့အခှါ ရွာလှမ်းနှံဘေးမှာ....။ စှာဟုရေ.. ရွာအရောက်ပြန်ခဲ့ပှါ...။ အိုး.. ဟထိုးသံ သက်သက် ထည့်ဆိုသလား အောက်မေ့ရတယ်။
22 Jul 09, 19:26
Boyz: အသံကို ကြားကတည်းက မသင်္ကာလို့ သေချာ မီးမှိန်မှိန်အောက်မှာ သွားကြည့်တာ..။ ရော်.. ကြွေတော့မယ့် ပန်းနှယ်... ခမျာ... ကိုယ်ပျက်နေရှာတာကိုး...။ နှာခေါင်းက ပဲ့နေပြီ။ နှာနုရိုးများ မြင်နေရတယ်။
22 Jul 09, 19:27
Boyz: ကြက်သားက ဖွယ်တယ်တယ်နဲ့...။ ဒီကကြက်တွေကို မြန်မာကြက်လောက် ခံတွင်းမတွေ့တာ အမှန်ပဲ။ ဆန်ပြုတ်ကတော့ အတော်ပူသဗျား...။
22 Jul 09, 19:28
Boyz: လက်ဖမိုးတစ်ခုလုံးကို ပတ်တီးစီးထားတာ.. ယင်တလောင်းလောင်းနဲ့။ လက်ချောင်းတွေက သုံးလေးချောင်းလားပဲ အကောင်းကျန်တော့တယ်။ ပြတ်ကုန်တာ။ ဘေးနားမှာတော့ သမီးလေး နှစ်ယောက် ဖင်ပူးတောင်းထောင်တမ်း ကစားနေကြတယ်။
22 Jul 09, 19:29
Boyz: ဒီမှာလဲ အီကြာကွေးကို အီကြာကွေးလို့ပဲ ခေါ်သဟ။ ပုံမှန် တစ်ခြမ်းပဲ ပေးတယ်။ အဲဒ့ါ အပို နှစ်ခု ထပ်ဝယ်လာတယ်။ တစ်ခု ငါးမူး။ နှစ်ခုတစ်ကျပ်။ မဆိုးဘူး။ စားလို့ကောင်းတယ်။ ယိုးဒယားငံပြာရည်နည်းနည်း ထပ်ထည့်လိုက်တယ်။
22 Jul 09, 19:30
Boyz: သမီးလေးတွေက ရှိလှ ၃-၄ နှစ်ပေါ့။ ကျောင်းစိမ်း ဂါဝန်တွေ ညစ်ထေးထေးနဲ့။ အဖေလုပ်သူကတော့ သီချင်းဆိုရင်း ရှေ့က ဖြန့်ထားတဲ့ လက်ကိုင်ပုဝါ အနွမ်းလေးမှာ တစ်ဆယ်တန် ခပ်နွမ်းနွမ်းလေးတွေ။ ဝါးကျည်တောင် တစ်ဒုံဒုံနဲ့..။
22 Jul 09, 19:32
Boyz: ဆန်ပြုတ်ကို ဘယ်လို အသံထွက်တာလဲဟင်။ congee ကို ကွန်းညီးလို့ ထွက်တာလား.. ကွန်ဂီးလို့ အသံထွက်တာလားဟင်။ တို့ကတော့ နံပါတ်စဉ်တပ်ထားတာ တွေ့တော့ နံပါတ်ပြောမှာတာပဲ။ အိဟောက်၊ အေ့ဟောက်၊ဆန်းဟောက်... ဟဲ. မိုက်တယ်။
22 Jul 09, 19:34
Boyz: သီချင်းဆိုတာတော့ မဆိုးဘူးဗျ။ ဆိုးတာက နှာသံပါနေတာ။ ရာတန် နှစ်ရွက် ထည့်ခဲ့ပါတယ်။ အဲ့တုန်းက ၉၄ လောက်ထင်ပါ့။ တောင်းစားတာချင်းတူတူ သီချင်းဆိုတောင်းစားတဲ့သူကို ပိုပေးဖြစ်တယ်။
22 Jul 09, 19:35
Boyz: ကြာကွေးကတော့ ကြာကွေးလို့ သိကြတယ်။ လဲန်ကေ့၊ ဆန်ကေ့ နှစ်ခု သုံးခု မှာလိုက်တယ်။ အဆင်ပြေတယ်။ အဆင်မပြေတာ။ ကျသင့်ငွေပဲ။ တစ်ကျပ်နှစ်ကျပ်တွေက ရတယ်။ ပြားသုံးဆယ်တို့ ပြားခြောက်ဆယ်တို့ လာရင် သေရော။
22 Jul 09, 19:36
Boyz: ဆရာသမားက မခေဘူးဗျ။ သိုးမည်းတွေ ရတယ်။ လမ်းကြားထဲမှာ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ခိုးနမ်းတော့ အလစ်သုတ်တဲ့ ဗေဒင်ဆရာက ပိုသိနိုင်မလား ဘာညာတွေ အသေဟဲတာ။ လူတွေ ဝိုင်းလို့ပေါ့ဗျာ။
22 Jul 09, 19:37
Boyz: ကြက်ကုန်းဘောင်ကြော်ကတော့ ပုံတွေ့လို့ လက်ညိုးထိုးမှာတာ။ ပုံက ၆ ပုံလောက်ပဲ ရှိတယ်။ ကျန်တဲ့ ဟင်းအမယ်တွေက ၂၅ မျိုးလောက်ကို တရုတ်စာတွေနဲ့ပဲ ရေးထားတယ်။ လောလောဆယ် ပုံထဲက ဟင်း၆မျိုးမအီသေးခင်တော့ အဆင်ပြေသေးတယ်
22 Jul 09, 19:38
Boyz: တစ်ခါ တစ်ခါ သူ့သမီးလေးတွေက ဝင်ဝင်ကကြတယ်။ တင်တွေ ဘာတွေ တွန့်ပြသေး။ ပရိတ်သတ်တွေကတော့ သဘောကျနေတာပေါ့လေ။ ခေတ်ပေါ် အလွမ်းအဆွေးတင်မက မိုနို မြန်မာသံတွေပါ ရတယ်ဗျ။
22 Jul 09, 19:40
Boyz: တရုတ်စာတွေနဲ့ ရေးထားတာတွေကတော့ နောက်မှ တစ်ခုချင်း လက်ညိုးထိုးပြပြီး ဝယ်စားကြည့်ရမယ်။ အခုတစ်လော ဓါတ်ပြတ်နေတော့ ထမင်းဟင်း မချက်စားချင်တော့ဘူး။ ဝယ်စားတာလဲ စိတ်တိုင်း သိပ်ကျတာ မဟုတ်ဘူး။
22 Jul 09, 19:41
Boyz: မောင့်အချစ်က ပိုတာ ဘကြီးအောင် ညာသွားလို့ ရွှေရုပ်လိုချင်တဲ့ အထိ... သဲပွင့်လေးထဲမှာ ဆပ်ပြာကုန်းကောက်လို့ -င်ပေါ်တဲ့ သီချင်း အဆုံး...။ အံမယ် ကိုယ့်ဆရာက စိုင်းဆိုင်မောဝ်ပါ ဟစ်သေးသဗျ။
22 Jul 09, 19:42
Boyz: ပင်နီစူလားအထိ သွားစားရအောင် ဆိုတာကလဲ အသွားအပြန်နဲ့တင် ဗိုက်က ချောင်နေပါပြီဗျာ။ အသွား နာရီဝက် အပြန် နာရီဝက် အနည်းဆုံး စီးရတယ်။ ရနံ့သစ်၊ ရွှေတြိဂံ၊ လွိုင်နိုင်း၊ အင်းလေး အဆင်ပြေပါတယ်။
22 Jul 09, 19:43
Boyz: မေရယ် အထင်တော့ မလွဲလိုက်နဲ့ဦး စာလွှာများ ရောက်မလာခဲ့ရင် မောင့်အပေါ်မှာ မငြိုငြင်ပါနဲ့နော်။ အစ်ကိုလို စစ်သားဘဝဟာ ချစ်သူကို လွမ်းဖို့ရာ ဆိုပြီး ဟဲလိုက်ရင် xxxxx ဝတ် ကိုကိုများ သဘောကျလို့ ဆုချီးမြင့်သဗျား။

(ကျန်တာကို နောက်ပိုင်း အော်ပဒါ ဇာတ်ထုတ် ကပြတဲ့ အချိန်မှာပဲ ရှုစားနားသောတ ဆင်တော်မူကြပါ ပိတ်သတ်ကြီးတို့။)

နေကြတ်ခြင်း လိုက်ဖ်ချက်။


ဒီနေ့ နေကြတ်တယ်ဆိုတာကို သတင်းတွေထဲကနေ ကြားနေရတယ်။ ဒီတော့ ရုံးလာတဲ့အချိန်နဲ့ နေကြတ်ချိန်က ကိုက်နေတော့ အလာလမ်းမှာ ဖုန်းထဲက GPS ကိုဖွင့်ပြီး နေကြတ်နေချိန်မှာ ဖြစ်ပျက်နေတာလေးကို တင်ပေးလိုက်တယ်။ အပေါ်က ပုံက စက်ဝိုင်းလေးထဲမှာ E ဆိုတဲ့ နေရာနဲ့ ကပ်ရပ် လကလေး တွေ့မိလား။ အဲဒီမှာ နေနဲ့ လနဲ့ ထပ်နေတာကို ပြထားတာ တွေရပါလိမ့်မယ်။ ဒီဂျီပီအက်စ်က နေမင်းကြီး လမင်းကြီး ရှိရာနေရာကို အချိန်နဲ့ တစ်ပြေးညီ ပြနိုင်တဲ့ လုပ်ဆောင်ချက် ပါပါတယ်။ အပေါ်ဆုံးက လတ္တီကျူ့၊ လောင်ကျီကျူ့ ကိန်းတွေက မိမိ လက်ရှိ ရောက်ရှိရာနေရာကို ဖေါ်ပြတာပါ။ ပုံကြီးကို အောက်မှာ ထပ်ကြည့်လှည့်ပါ။ အရပ်မျက်နှာကတော့ ကားပေါ်မှာ နေရင်းနဲ့ ဂျီပီအက်စ် ဖမ်းနေတာ ဆိုတော့ အရပ်မျက်နှာ အမျိုးမျိုး ပြောင်းနေတာကို တွေ့ရပါလိမ့်မယ်။ ပုံကြီးတွေမှာ E ဆိုတဲ့ အရှေ့အရပ်က အောက်ဘက်ကို ရောက်နေတာ တွေ့ရမယ်။


နေကြတ်တာကို ကြည့်ရင်းနဲ့ စကားစမြည်ထိုင်ပြောနေကြတာပါ။ အဆက်မပြတ် တင်ပေးပါမယ်။ နေကြတ်ရာကနေ ပြန်ပေါ်လာတဲ့ အချိန်ကျမှ ဓါတ်ပုံရိုက် မှတ်တမ်းတင်ဖို့ သတိရသွားတယ်။


(http://www.solar-eclipse-live.info/watch-now/ အဲဒီလင့်ခ်ကနေ အင်တာနက်ကနေ အွန်လိုင်းကြည့်နေကြတာပါ။)

22 Jul 09, 10:48
Boyz: ကဲ.. အလုပ်လေးတွေ ဆက်လုပ်လိုက်ရအောင်လားဗျာ။
22 Jul 09, 10:48
သစ်ဆုံ: နိုင်ငံရေး ဦးတည်ချက်လေးရပ်
22 Jul 09, 10:48
Boyz: အေးဗျာ.. ခုထိ မမြင်လိုက်ရဘူး။
22 Jul 09, 10:47
May Flower: သောတရှင်အပေါင်း ရွှင်လန်းချမ်းမြေ့ ပါစေရှင် (တီးလုံးသံ)
22 Jul 09, 10:47
kom: သူရက်စက်သွားတယ်။ ဟင်း.............
May Flower: ဘာပဲဖြစ်ဖြစ် ရာဟုလက်မှ သူရိန်နေမင်း အောင်မြင်စွာလွတ်မြောက်သွားပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှုင်
22 Jul 09, 10:47
maylay: ဒီမှာ msမှာ နေက လင်းနေပြီ ကိုကြီးရေ watchကို မကြည့်တော့ဘူး လုပ်လုပ်သွားပြီ။
22 Jul 09, 10:46
သစ်ဆုံ: ဟုတ်ပါ့ ဘဏ်လေးရယ်
22 Jul 09, 10:46
May Flower: ရာဟုလက်က လွတ်ခါနီးမှ လိုင်းပြတ်သွားပါတယ်ခင်ဗျား ကြည့်ရသူများ ဆန့် တငင်ငင်ဖြစ်ကုန်ပါတယ်ခင်ဗျား
22 Jul 09, 10:45
maylay: သွားလိုက်ပြီ ပြန်မလာတော့ဘူး။ ခေါ်လို့ရတော့ဘူး
22 Jul 09, 10:44
Boyz: ပြန်ကို မလာတော့ပါလားကွယ်။
22 Jul 09, 10:44
kom: attempting to reconect
22 Jul 09, 10:43
May Flower: မမရေ အပြင်ထွက်ရင် ရာဟုလက်က သူရိန်နေမင်းလွတ်ကာမှ ထွက်ပါလေ မတော် အမှောင်ဖုံးနေသော လောကမှာ လူမိုက်များနှင့်တွေ့ မည်စိုးရိမ်သောကြာင့်ပါ
22 Jul 09, 10:43
maylay: ရဘူး buffering ဖြစ်နေတယ်
22 Jul 09, 10:42
သစ်ဆုံ: အတူတူပဲ မမနဲ့
22 Jul 09, 10:42
kom: attempting to reconect
22 Jul 09, 10:42
May Flower: ဂိုးကာနီး ဂိုးကာနီး (သည်းခံပါရှင်) ရာဟုခံတွင်းကနေ လွတ်ကာနီး လွတ်ကာနီးနေပါပြီ တည်းတည်းလေးပဲလိုပါတော့တယ် (လိုင်းကောင်းပါတယ်)
22 Jul 09, 10:42
Boyz: အင်း.. ပြတ်လိုက် ပြန်လာလိုက်နဲ့ ဖြစ်နေပါတယ်။
22 Jul 09, 10:42
kom: ရဘူး buffering ဖြစ်နေတယ်
22 Jul 09, 10:41
Boyz: ပြန်ရပါပြီ။
22 Jul 09, 10:41
Boyz: အဲ..အခုမှ တို့ဆီက ပြတ်သွားတယ်
22 Jul 09, 10:41
maylay: ပြတ်သွားတယ် ဒီမှာလည်းပဲ မိုးက အပြင်မှာ အုံ့တုန်းပဲ နေကို မမြင်ရသေးဘူး
22 Jul 09, 10:40
Boyz: မပြတ်ပါ။ ကျွန်တော့်ဆီမှာ ကောင်းနေဆဲပါ
22 Jul 09, 10:40
May Flower: လောကအလှ (ကိုဘကိုဗျူးသောဆိုဒ်မဟုတ်) ကို သူရိန်နေမင်းကြီးက မကြာမီအချိန်ပိစိညှောက်တောက်လေးမှာပဲ တာဝန်ကျေပွန်စွာ အလှဆင်ပါတော့မယ် စောင့်မျှော်ကြည့်ကြပါလေ
22 Jul 09, 10:40
သစ်ဆုံ: ဟုတ်တယ် လိုင်းပြတ်သွားပြီ
22 Jul 09, 10:40
kom: လိုင်းပြတ်သွားတယ။် ..........ယယယယယယယယယယယယယယယယယယယ်
22 Jul 09, 10:39
kom: လိုင်းပြတ်သွားပြန်ပြီ။
22 Jul 09, 10:39
maylay: မောနင်းင် ကိုကြီးနဲ့ မမတို့၊ကိုကိုတို့ နေကြတ်တာကြည့်ပြီးရင် လုပ်လုပ် လုပ်တော့နော် ။ ငယ်ငယ်က ကျောင်းတက်ရင်းနဲ့တခါ။ ခုတခါ ကိုကြီးရေ ကျေးဇူး လင့်ခ်ဖွင့်ပြီး ကြည့်ရလို့ ။
22 Jul 09, 10:39
kom: စောင့်နေယ်
22 Jul 09, 10:39
May Flower: သူရိန်နေမင်းကြီးဟာ သူရဲ့ မူလအခြေအနေကို မကြာမီမှာပဲ ပြန်လည်ရရှိတော့မယ်ဖြစ်ပါတယ် အားလုံးပဲ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြပါစို့ လားရှင်

22 Jul 09, 10:38
သစ်ဆုံ: ဘာမှတွေ့တော့ဘူး ပျောက်သွားပြန်ပြီ
22 Jul 09, 10:38
Boyz: နေအပြည့် လွတ်သွားတာကို ကြည့်ပြီးမှ သွားပါလေ ကေအိုအမ်
22 Jul 09, 10:38
Boyz: တည်းတည်းလေးပဲ ကျန်တော့တယ်။ နေမင်းကြီး ရာဟု ခံတွင်းက လွတ်မြောက်ပါတော့မယ်။
22 Jul 09, 10:37
kom: ရေသွားချိုးလိုက်ဦးမယ်။ အပြင်သွားမလို့။ တို့ကို သတိရပါ။
22 Jul 09, 10:37
Boyz: နားမလည်ရင် ညမှ ဖုန်းဆက်လိုက်ပါ။ ခု ရုံးမှာဆိုတော့ သေချာ ရှင်းပြလို့ မရဘူး ဖြစ်နေတယ်။
22 Jul 09, 10:37
May Flower: ဟော ကြည့်ရင်းကြည့်ရင်း အဓိပါယ်ပေါ်လွင် (သည်းခံပါရှင်) သူရိန်နေမင်းကြီးဟာ အမှောင်ဖုန်းရာမှ လွှတ်မြောက်တော့မည်ဖြစ်ကြောင်း ၀မ်းမြောက်ဝမ်းသာစွာ ပြောကြားအပ်ပါသည် ရှင်
22 Jul 09, 10:37
kom: နားလည်ရဲ့လားမေ။ နားမလည်ရင် ထပ်ရှင်းခိုင်း။
22 Jul 09, 10:36
Boyz: ကြည့်ချင်တာ ဘာညာ လုပ်လို့ရတယ်။ အကောင့်ဆောက်ပြီးရင် ပြောတာ
22 Jul 09, 10:35
Boyz: စတားဟဘ်ဆို အိုင်စီနံပါတ် လိုလိမ့်မယ်။ စတားဟဘ်ဝဘ်ဆိုဒ်မှာ My account manager ဆိုတာကနေ အကောင့်တစ်ခု ဆောက်လိုက်ပါ။ အဲဒီမှာ အိုင်စီနံပါတ် ဘာညာ လိုပါလိမ့်မယ်။ အဲဒီမှာ လိပ်စာပြောင်း၊ ဘီလ်ပြောင်း၊ ဘီလ်အဟောင်
22 Jul 09, 10:31
22 Jul 09, 10:38
သစ်ဆုံ: ဘာမှတွေ့တော့ဘူး ပျောက်သွားပြန်ပြီ
22 Jul 09, 10:38
Boyz: နေအပြည့် လွတ်သွားတာကို ကြည့်ပြီးမှ သွားပါလေ ကေအိုအမ်
22 Jul 09, 10:38
Boyz: တည်းတည်းလေးပဲ ကျန်တော့တယ်။ နေမင်းကြီး ရာဟု ခံတွင်းက လွတ်မြောက်ပါတော့မယ်။
22 Jul 09, 10:37
kom: ရေသွားချိုးလိုက်ဦးမယ်။ အပြင်သွားမလို့။ တို့ကို သတိရပါ။
22 Jul 09, 10:37
Boyz: နားမလည်ရင် ညမှ ဖုန်းဆက်လိုက်ပါ။ ခု ရုံးမှာဆိုတော့ သေချာ ရှင်းပြလို့ မရဘူး ဖြစ်နေတယ်။
22 Jul 09, 10:37
May Flower: ဟော ကြည့်ရင်းကြည့်ရင်း အဓိပါယ်ပေါ်လွင် (သည်းခံပါရှင်) သူရိန်နေမင်းကြီးဟာ အမှောင်ဖုန်းရာမှ လွှတ်မြောက်တော့မည်ဖြစ်ကြောင်း ၀မ်းမြောက်ဝမ်းသာစွာ ပြောကြားအပ်ပါသည် ရှင်
22 Jul 09, 10:37
kom: နားလည်ရဲ့လားမေ။ နားမလည်ရင် ထပ်ရှင်းခိုင်း။
22 Jul 09, 10:36
Boyz: ကြည့်ချင်တာ ဘာညာ လုပ်လို့ရတယ်။ အကောင့်ဆောက်ပြီးရင် ပြောတာ
22 Jul 09, 10:35
Boyz: စတားဟဘ်ဆို အိုင်စီနံပါတ် လိုလိမ့်မယ်။ စတားဟဘ်ဝဘ်ဆိုဒ်မှာ My account manager ဆိုတာကနေ အကောင့်တစ်ခု ဆောက်လိုက်ပါ။ အဲဒီမှာ အိုင်စီနံပါတ် ဘာညာ လိုပါလိမ့်မယ်။ အဲဒီမှာ လိပ်စာပြောင်း၊ ဘီလ်ပြောင်း၊ ဘီလ်အဟောင်
22 Jul 09, 10:31
သစ်ဆုံ: ပို့စ်လုပ်ပြီးတောင်တင်လိုက်သေးတယ်
22 Jul 09, 10:30
သစ်ဆုံ: ဘုရားရေ ကိုဘ ဆားချက်တာဟုတ်ဘူး ငံပြာရည်များချက်နေသလားကွယ်
22 Jul 09, 10:25
May Flower: ကောင်ကောင်မို စောစောစီးစီး လျှောက်ပြောနေတယ် (ကိုဘ Starhub ပါ)
22 Jul 09, 10:24
May Flower: တဖြည်းဖြည်းနဲ့ သူရိန်နေမင်းကြီးဟာ အမှောင်ဖုံးထားရာကနေ တိုးထွက်လာနေပါပြီ သူ့ ရဲ့ ပင်ကိုယ်သဘာဝအလှနဲ့  ကမ္ဘာမြေကို အလင်းဓါတ် အနွေးဓါတ်တွေနဲ့  သူ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ဖို့ အသင့် ဖြစ်နေပါပြီ
22 Jul 09, 10:24
Boyz: တင်ထားတယ် ဘလော့မှာ။
22 Jul 09, 10:24
kom: ဝင်ယောင်ပေးတာပါ။ ဒီလိုဘဲပေါ့. လောကထည်းနေရင် ကိုယ့်ကို သူမြှောက် သူ့ကို ကိုယ်မြှောက်။
22 Jul 09, 10:23
kom: blog မှာ ပုံထည့်ချင်ရင်ထည့်ဘို့။ မထည့်လဲ သဘောပါ။ စောစောက မေ့သွားတယ်။ အခုမှ သတိရတယ်။
22 Jul 09, 10:22
kkmg: အင်း..ပုထုဇနောဥမ္မာတကော..တဲ့..အများမိုးခါးေ၇သောက်တိုင်း..ဘာမှန်းညာမှန်းမသိလိုက်သောက်..သူ့အရပ်နဲ့သူ့ဇာတ်..ဟုတ်နေတာပဲ
22 Jul 09, 10:21
kom: http://img43.yfrog.com/i/image184y.jpg/
22 Jul 09, 10:19
Boyz: တစ်ကမ္ဘာလုံး ပြုံဆွဲတော့ ဆာဗာက မခံနိုင်တော့ဘူး Brute Attck သဘောလို ဖြစ်သွားတာပေါ့။ DDoS လို ဖြစ်သွားတာလဲ ပါပါတယ်။
22 Jul 09, 10:19
kkmg: နေကြတ်တာများ..အထူးအဆန်းလုပ်ပီး..ကြည့်နေကြဒယ်..
22 Jul 09, 10:19
Boyz: ဟုတ်ဘူး။ ဆာဗာဒေါင်းတာက ဟိုလွင့်တဲ့ ဘက်က ဆာဗာ ဒေါင်းတာပါ။
22 Jul 09, 10:18
ဆု: တရုံးလုံး ကြည့်နေကြတယ် ထင်တယ်..ရုံးက Serverခဏခဏ ဒေါင်းနေပြီ... Internal Error တဲ့
22 Jul 09, 10:18
Boyz: Starhub or Singtel ဘဏ်လေး။
22 Jul 09, 10:17
သစ်ဆုံ: ကေကေမောင်လာပြီ အားလုံးကိုနှုတ်ဆက်ပါတယ် ဘိုင်ပါ
22 Jul 09, 10:16
kkmg: ICေ၇ာ..လေးဖြူ..အငဲ..အကုန်လိုဒယ်
22 Jul 09, 10:16
May Flower: နေကြတ်တာလည်း ကြည့်နေတယ် ပါစင်နယ်လည်း မေးချင်တယ် အားရင်ဖြေပေးပါဆရာ
22 Jul 09, 10:15
May Flower: ကိုဘ စကားမစပ် မေးစရာရှိလို့  ဖုန်းဘီလ်ပို့ ဖို့  လိပ်စာပြောင်းတာ စလုံး IC လိုလား (ခုဖုန်းက သူငယ်ချင်းနာမည်နဲ့ ဝယ်ထားတာ) အရင်တခေါက်ပြောင်းတုန်းက သူများပြောင်းပေးတာ မလိုဘူးထင်တာပဲ (အဲ့ဒါလေး သိရင် ပြောပါ
22 Jul 09, 10:11
Boyz: မျောက်လက်ကျနေတာပဲ အငြိမ်ကို မနေနိုင်ပါလား ကင်မရာမင်းရယ်။...
22 Jul 09, 10:10
Boyz: သူတို့ အလင်းအားကို ချဲ့လိုက်တာနေမှာ။ ကျေးဇူးတင်ပါတယ်ဗျာ။ ဆိုဒ်ပိုင်ရှင်ကို
22 Jul 09, 10:10
သစ်ဆုံ: တော်တော်လှတယ်နော်
22 Jul 09, 10:10
Boyz: ဟုတ်ပါ့... လင်းနေတာပဲ။
22 Jul 09, 10:10
သစ်ဆုံ: ကြီးပြီးလင်းနေတာပဲနော်
22 Jul 09, 10:09
Boyz: တို့က ရုံးမှာဆိုတော့ အသံဖွင့်ထားလို့ မဖြစ်ဘူးကွယ်။ ခုနက ဘာသံတွေကြားလဲဆိုတာ ပြောပြပါ ကေအိုအမ်။
22 Jul 09, 10:09
kom: ဒီတစ် ခါ အတော်ကြီးလာတယ။်
22 Jul 09, 10:09
Boyz: မှုန်မှုန်လေး ပြန်ပေါ်လာပြီ။
22 Jul 09, 10:08
kom: ဟင်. ဘာမှ လဲ မကြားရတော့ဘူး။
သစ်ဆုံ: ပျောက်သွားပြီ
22 Jul 09, 10:07
သစ်ဆုံ: နေကာမျက်မှန်တပ်ထားကြဦးနော်
22 Jul 09, 10:06
Boyz: ပြန်မြင်ရပါပြီ။ နေလုံးကြီး ဇောက်ထိုးဖြစ်နေသည်။ မှောက်ခုံကြီးမှ အကြီးကြီး ဖြစ်နေပါသည်။
22 Jul 09, 10:06
သစ်ဆုံ: မိုက်တယ် အခုပေါ်တာကြည့်လိုက်
22 Jul 09, 10:06
Boyz: ခေါ်သံတွေ ကြားလား... ကြားလား.. ကြားလား.. ကြားရဲ့လား....။ (အယ်နောင်း၏ သီချင်းဖြစ်သည်။ မြိုးသိမည် မဟုတ်။ ဆင်ဆင်သာ သိမည်)
22 Jul 09, 10:05
kom: ဟဲလို...............လို....................................ို.ို
22 Jul 09, 10:05
Boyz: ကြားလား... ကြားလား...။
22 Jul 09, 10:04
kom: ဟဲ လို ဟဲလု..ိ................
22 Jul 09, 10:03
Boyz: မရသေးပါဘူးခင်ဗျာ။ လိုင်းက ရီကော်နက်ရှင်းဆိုပြီး ဆက်သွယ်မှု ရဖို့ ကြိုးစားနေတုန်းပါပဲ
22 Jul 09, 10:02
Boyz: အဲ.. လိုင်းပြန်ကောင်းသွားပါပြီ. buffering လုပ်နေပါတယ်။ များမကြာမှီ လိုက်ဖ်နေကြတ်တာကို ချက်တင်လုပ်ပေးပါတော့မယ်။
22 Jul 09, 10:01
Boyz: ပါစင်နယ်များ မေးမြန်းခြင်း သည်းခံပါ။ ဘယ်လိုပြောရမလဲပေါ့နော်။ ဒီလိုပေါ့နော်။ ဟိုလိုပေါ့နော်။ ... ပေါ့နော်။ .. ပေါ့နော်....။ (လိုင်းပြတ်သွား...။)
22 Jul 09, 10:00
Boyz: http://www.solar-eclipse-live.info/watch-now/ ဘဏ်လေး နေကြတ်နေတယ်။ ဒီလင့်ခ်မှာ သွားကြည့်လိုက်။
22 Jul 09, 09:59
May Flower: ကိုဘ မမ မျိုး မေ ပေါက် သစ်သစ် ဆင်ဆင် ညီ ရောသမကေ kkmg နှင့် အားလုံး မင်လာနေ့  ကောင်းသောနေ့  မိုးရွာသောနေ့  ကျန်းမာပျော်ရွှင်ကြပါစေ
22 Jul 09, 09:58
kom: လက် နဲ့စိတ်နဲ့တသားတည်းဖြစ်မဖြစ်သိချင်ပါတယ်။ အမှန်ကိုဖြေပါ။
22 Jul 09, 09:56
Boyz: (အဲလိုပဲ အတည်အတန့်တွေ ရေးလို့ မရတော့ဘူး ဖြစ်နေတယ်။ လက်က ချော်ချော်သွားတယ်)
22 Jul 09, 09:56
သစ်ဆုံ: အတူတူပဲ ဒီမှာလည်း အဖြူကြီးဖြစ်လို့
22 Jul 09, 09:56
Boyz: အော်.. ငါ့မော်နီတာ စကရင်မှာတော့ ဖြူလို့။ ဘာမှ မမြင်ရတော့ဘူး။ လိုင်းပြုတ်သွားပြီ ထင်ပါ့။
22 Jul 09, 09:55
Boyz: ကမ္ဘာဦးက လူသားတွေ အမှောင်တွင်းမှာ နေရာကနေ ပထမဦးဆုံး ထွက်ပေါ်လာတဲ့ နေမင်းကြီးကို မြင်ရသလို လူတွေ အားလုံးဟာ နေမင်းကြီးကို အငမ်းမရ တောင့်တခြင်းများစွာ၊ ငတ်မွတ်ခြင်းများစွာနဲ့ စောင့်မျှော်နေကြတယ်။
22 Jul 09, 09:54
Boyz: ကောင်းကင်တစ်ခို ပြိုမလို ဖြစ်နေတာ အခုတော့ ကြည်ကြည်လင်လင် ပြန်ဖြစ်သွားပြီ။
22 Jul 09, 09:54
Boyz: ပြိုမလို ဖြစ်နေတဲ့ တိမ်ညိုပုပ်တွေ လေနတ်သားရဲ့ တိုက်ခတ်မှုကြောင့် အဝေးကို လွင့်ပါးသွားပြီ။
22 Jul 09, 09:54
Boyz: အေးစိမ့်နေတဲ့ ပတ်ဝန်းကျင် တစ်ခွင်ဟာ နေမင်းကြီးဆီက တစ်ပိုင်းတစ်စ ပြန်လည်ရလာတဲ့ အနွေးဓါတ်နဲ့ နွေးနွေးထွေးထွေး ဖြစ်လာပြီ။
22 Jul 09, 09:52
Boyz: သြကာသလောကကြီး ရာဟုဂြိုဟ်ဖမ်းစားခြင်းခံရတာကနေ လွတ်မြောက်လာတဲ့ နေမင်းကြီးကို သောင်းသောင်းဖြဖြ ကြိုဆိုနေကြတယ်။
22 Jul 09, 09:51
kom: တို့လဲကြောက်လို့ငြိမ်သွားတယ်။
22 Jul 09, 09:51
kom: ရွေဥဒေါင်း ရှိတယ်မဟုတ်လား။ အဲသလိုဘဲလေ. ဟို................ခေတ်ကိုရောက်သွားတဲဇတ်လမ်း
22 Jul 09, 09:51
Boyz: နေက အတော်ကို လင်းလင်းခြင်းခြင်း ဖြစ်လာပြီ။ ငှက်လေးတွေ စိုးစီစိုးစီ ပြန်အော်လာပြီ။ ခုနက အလန့်တကြား ထအာနေတဲ့ ကျီးကန်းတွေ ငြိမ်သွားပြီ။ စာကလေးတွေ ပကျိပကျိနဲ့ အသိုက်ကနေ ပြူတစ်ပြူတစ် လုပ်နေတယ်။
22 Jul 09, 09:50
သစ်ဆုံ: ဘာမှတောင်မရိုက်ရဲတော့ဘူး
22 Jul 09, 09:50
Boyz: Hero ရုပ်ရှင်ထဲကလိုပဲ။ Hiro Nakamura တစ်ယောက် ဒီလို အချိန်ဆို ဆာမူရိုင်းခေတ်ထဲ ပြန်ရောက်နေလောက်ပြီ။ သူက အတိတ်အနာဂတ်ကို သွားနိုင်လာနိုင်တဲ့သူလေ။
22 Jul 09, 09:44
myo: အော် နေကြတ်တယ် ဆိုတာ ကျောက်သင်ပုန်းလို ဘလက်ဘုဒ်လို မည်းမည်းကြီးကိုးးးးးးးးးးးးးးးးးးးးးးး
သစ်ဆုံ: ၃၀၀ကျော်တောင်ကြည့်နေတာကို
22 Jul 09, 09:41
Boyz: ဝယ်ပေးမယ် အန်တီကို။ ပွက်ဆိတ်သွေးနဲ့ မျော့ရိုးစွပ်ပြုတ်တိုက်ရင် ဝယ်ပေးမယ်။
22 Jul 09, 09:41
သစ်ဆုံ: ရပြီ ပြန်ပေါ်လာပြီ ဘယ်နိုင်ငံကရိုက်ပြီး လွှင့်နေတာလဲဟင်
22 Jul 09, 09:41
Boyz: ဟား.. ပြုတ်သွားပြီ။ Internal Server Error တဲ့။ ကြည့်တဲ့သူ ဆွဲတာများလို့ ဆာဗာတောင် ဒေါင်းသွားတယ်။ ဟားဟားဟား
22 Jul 09, 09:40
kom: အဲဒီလက်စွပ်ကလေး လိုချင်တယ်။ ဝယ်ပေးပါ။
22 Jul 09, 09:40
Boyz: Refresh ပြန်လုပ်လိုက်။ ပြန်မြင်ရပြီ။ နေရဲ့ ဘယ်ဘက် အပေါ်ထောင့်ကနေ လက်စွပ်ပေါ်က စိန်လေး မြင်ရသလို မြင်နေတယ်။
22 Jul 09, 09:40
kom: မျိုးဘယ်က မ လာတာလဲ။
22 Jul 09, 09:39
kom: တို့လဲ မမြင်ရတော့ဘူး.
22 Jul 09, 09:37
Boyz: လိုင်းကျသွားပြန်ပြီထင်တယ်။ တို့လဲ မမြင်ရတော့ဘူး
22 Jul 09, 09:37
သစ်ဆုံ: လုံးဝကိုမမြင်ရတော့တာ
22 Jul 09, 09:36
သစ်ဆုံ: မြင်ရတော့ဘူး
22 Jul 09, 09:35
Boyz: နေလုံးအပေါ်က တစ်ဖြည်းဖြည်း ပြန်ပေါ်လာပါပြီ။
သစ်ဆုံ: ကောင်မလေးဖြစ်သွားပြီ
22 Jul 09, 09:30
သစ်ဆုံ: အင်း ထင်ပါတယ် မြင်လိုက်လို့လန့်ပြီးရိုက်တော့ဘူးလေ
22 Jul 09, 09:30
kom: တို့ကိုတောင် ခွင့်တောင်းပြိး ဓါတ်ပုံရိုက်သွားသေးတယ်
22 Jul 09, 09:29
Boyz: ထပ်ရိုက်ပြန်ပြီ။ မျက်စိကျိန်းပါတယ်ဆို။ ကြည့်ရတာ သူ မောင်ဘွိုင်းကို ကင်မရာထဲကတစ်ဆင့် မြင်လိုက်လို့လား မသိဘူး။
22 Jul 09, 09:29
Boyz: ကောင်လေးက ကင်မရာကြီးရှေ့တည့်တည့် ဒါ့ပုံလာရိုက်တာ မီးတောင် ဖျက်ကနဲ လင်းသွားလို့ လန့်တောင် လန့်သွားတယ်.
22 Jul 09, 09:29
သစ်ဆုံ: ကောင်လေးကချောလားမသိဘူး မှောင်နေတော့မြင်ရဘူး
22 Jul 09, 09:28
kom: ဟုတ်တယ်
22 Jul 09, 09:28
kom: တို့လဲ မြင်တယ် မျိုးလေးရယ်
22 Jul 09, 09:28
သစ်ဆုံ: နေ့ဘက်ကြီး မှောင်သွားတယ်နော်
22 Jul 09, 09:28
Boyz: ကောင်မလေးက ချောတယ်နော် အန်တီ
22 Jul 09, 09:28
Boyz: မြင်တယ် မြိုး။ တို့ဆီမှာ ဆက်တိုက်မြင်နေတယ်
22 Jul 09, 09:28
kom: ကောင်လေးနဲ့ကောင်မလေးတောင် မြင်လိုက်ရသေး.ကောင်မလေးက စကပ်တိုတိုလေးနဲ့ မိုက်တယ်
22 Jul 09, 09:27
kom: အို..မြင်တယ် မြင်တယ်
22 Jul 09, 09:27
myo: Service Temporarily Unavailable The server is temporarily unable to service your request due to maintenance downtime or capacity problems. Please try again later.
22 Jul 09, 09:25
Boyz: http://www.solar-eclipse-live.info/watch-now/ ဒီမှာ နေကြတ်တာ ပြနေတယ်
22 Jul 09, 09:25
kom: မြင်တယ်. မြင်တယ်။ very excitedly
22 Jul 09, 09:25
kom: woo. လူတွေထွက်လာပါလား။ နေကြတတ်တာမှာ. က
22 Jul 09, 09:25
Boyz: နေလုံးဝကြတ်သွားပြီ။ အခုလမ်းပေါ်မှာ ညလိုပဲ လမ်းမီးတွေ လင်းနေတယ်။ လူတွေ လူတွေ လမ်းလျှောက်နေတယ်။ အများကြီးပဲ။ ညဈေးလိုပဲ။
22 Jul 09, 09:24
သစ်ဆုံ: နေကြတ်တာဘယ်မှာကြည့်ရမှာတုန်း ဒီမှာကတော့ မိုးတွေမိလာတယ်
Boyz: အင်း... သူ့ကို ကျိန်ဆဲလိုက်လို့လား မသိဘူး။ အမည်းပဲ ပေါ်တော့တယ်။
22 Jul 09, 09:18
Boyz: ကတောက်... ကင်မရာမန်းက သူ့ကင်မရာနဲ့ မကြည့်ပဲ ကိုယ်ပိုင်မှန်ပြောင်းနဲ့ ကြည့်နေတာလား မသိဘူး။ ကင်မရာ အဲန်ဂယ်ကို လာရွှေ့ပေးဖို့ သတိမရဘူး ဖြစ်နေတယ်။ သူ့ဘကြီးနေမင်းက တစ်နေရာတည်းနေတာကျနေတာပဲ
22 Jul 09, 09:17
Boyz: ရုပ်ရှင်ထဲမှာဆို ဒီအကွက်က ရင်သိမ့်တုန်ပဲ
22 Jul 09, 09:17
Boyz: မကောင်းမှုကျူးလွန်ဖို့ တာစူနေပြီပေါ့ဗျာ။
22 Jul 09, 09:17
Boyz: လက အပေါ်ကနေ အောက်ကို တစ်ဖြည်းဖြည်းချင်း ဆင်းလာပြီး နေကို ကွယ်တာလေ။ အခု နေအောက်ပိုင်းက လခြမ်းကွေးလိုပဲ ဖြစ်နေတယ်။ ၈ပုံတစ်ပုံပဲ လင်းတော့တယ်။ ဒီအချိန်မှာ မကောင်းဆိုးဝါးမိစ္ဆာဂြိုဟ်ကောင်များက
22 Jul 09, 09:16
myo: အခုဘယ်ရောက်သွားပြီလဲ နေက မကြတ်နိုင်သးဘူးလား
22 Jul 09, 09:16
Boyz: နေက ဘယ့်နှယ်ဇောက်ထိုး ဖြစ်မှာလဲဗျာ။ အလုံးကြီးကို အတည့်ရယ် ဇောက်ထိုးရယ်လို့ ခွဲနိုင်သေးတာလား
22 Jul 09, 09:15
myo: ကျောက်သင်ပုန်းထိုင်ကြည့်နေရသလိုပါပဲ.. ဟေ့ တို့မထုံဘူး မိုးအေးအေးနဲ့ ကွေးတာ ပဲကောင်းတယ် နေဇောက်ထိုးဘယ်လိုဖြစ်လဲ သိချင်လိုက်တာ
22 Jul 09, 09:13
kom: ဟော. နေက ဇောက်ထိုးဖြစ်သွားပြီ။
22 Jul 09, 09:12
Boyz: ကင်မရာသမား လက်မငြိမ်ဘူးထင်တယ်။ နေက ဘယ်အပေါ်ထောင့်ကို ကပ်သွားတယ်။
22 Jul 09, 09:12
kom: မြင်လိုက်ရသေးတယ။် အပေါ်ရောက်နေလို့ ကာဆာနဲ့တောင် အောက် ကို ဆွဲချမိသေးတယ်။ အလယ်ရောက်လာအောင်လို့ဆိုပြီ။ အခုတော့မဲမဲကြီးဘဲမြင်ရတော့တယ်။ ဟော ပြနထွက်လာပြီ။ပေါါ်လိုက်ပျောက်လိုက်နဲ့.ရယ်။
22 Jul 09, 09:11
Boyz: F5 ပြန်နှိပ်လိုက် မြိုး။
22 Jul 09, 09:10
myo: မည်းမည်း အကွက်ကြီးက ဘာမှလည်း ပေါ်မလာဘူး ထိုင်စောင့်ကြည့်နေတာ ကော်နက်ရှင်ကလည်း အကောင်းကြီးကို
22 Jul 09, 09:09
Boyz: မြိုးခမျာ အသည်းအသန် ခဲမှန်ရှာပြီး ကျားကုတ်ကျားခဲ ကော်နက်ရှင်မိအောင် လပ်ပတုတ်ကို ပြတင်းပေါက်နား ရွှေ့ဖို့ ကြိုးစားနေလား မသိဘူး။ :rofl:
22 Jul 09, 09:09
Boyz: ဘယ်နိုင်ငံကဟာကို လွင့်နေတာလဲ မသိဘူး။ အခုမှ အပြည့်စကြတ်တော့မယ်။ မြန်မာပြည်တော့ ကြတ်ပြီးသွားရော့...။ ကြည့်ရတာ ဂျပန်နားနီးတစ်ဝိုက်က ဖြစ်လိမ့်မယ်။
22 Jul 09, 09:08
kom: အသံလည်း မထွက်ဘူး..................
22 Jul 09, 09:07
kom: မျိုးလေ.း သနားပါတယ။်
22 Jul 09, 09:07
kom: ဟယယ် အချိန်နဲ့ အမျှ ပြောင်းလဲနေတဲ့လောက ကြီးကို ကိုယ်လေ.............
22 Jul 09, 09:06
Boyz: ကိုယ့်ဘက်က တာစည်းရိုးကို လုံအောင် ကာပြီးမှ မိမိရန်သူကို တိုက်ခိုက်ပါတဲ့။
22 Jul 09, 09:06
kom: မျို.ူ ..ဟိဟိ
22 Jul 09, 09:06
kom: ဟင်. ပြောပြီးကာမှ ရသွားတယ်။ဆောရီး။
22 Jul 09, 09:05
kom: မရဘူး. ကြည့်လို့မရဘူး.........
22 Jul 09, 09:03
Boyz: အခုလိုက်ဖ်ကြည့်နေတယ်။ ကော်နက်ရှင်စုတ်နေရင်တော့ ကောင်းကောင်းကြည့်လို့ရမှာ မဟုတ်ဘူး။
22 Jul 09, 09:02
myo: ကြည့်လို့မရဘူး လင့်က
22 Jul 09, 09:02
myo: နေကြတ်တာကလည်း မိုးတွေ သည်းကြီးမည်းကြီး ရွာတာလား ဘာပဲပြောပြောကွေးလို့ကောင်းတယ်
22 Jul 09, 08:54
Boyz: နေကြတ်တာကို အွန်လိုင်းကနေ live ကြည့်နိုင်ပါတယ်။ http://www.solar-eclipse-live.info/watch-now/

Sunday, July 19, 2009

အာဇာနည်နေ့ တို့မမေ့

အလေးပြုပါတယ်။
ဆို - မေလှမြိုင်


စီဘောက်ထဲက ကိုJack လာပေးသွားတဲ့ အာဇာနည်နေ့ အမှတ်တရ သီချင်း တစ်ပုဒ်ဖြစ်တဲ့ အလေးပြုပါတယ် ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ်။ အဆိုတော် ဒေါ်မေလှမြိုင်က သီဆိုထားတာ ဖြစ်ပါတယ်။

Thursday, July 9, 2009

ပေါက်တတ်ကရ အိတ်တီ့ အပိုင်း (၉)

ဒီနေ့ ကြာသပတေးနေ့ ဇူလိုင် ၉ ရက်နေ့။
အာခေါင်နဲ့ နှာခေါင်းပြွန် နှစ်ခု ဆုံတဲ့နေရာမှာ နာသလိုလို ဖြစ်နေတယ်။ ဟိုတစ်ညတွေဆီက အကျီင်္ချွတ်နဲ့ နေခဲ့တဲ့ ဒဏ်တွေပေါ့။ ချက်ချင်း မဖြစ်ပဲ စုပြီးခါမှ ဖြစ်နေတယ်။ ခုတစ်လော တုပ်ကွေးလေးများ ခေတ်စားနေတော့ ကွေးမလား မသိဘူး။ ရာသီဥတုက အေးတဲ့ဘက်ကို ကဲလာတယ်။ ညဆို စောင်ပါးပါးတောင် ခြုံနေရတယ်။ အိပ်ရာခင်း မလျှော်ရတာ တစ်ပတ်တောင် ကျော်သွားတယ်။ ဒီစနေတော့ လျှော်လိုက်မယ်လေ။ စကားမစပ် အိမ်မှာ တီဗွီ အသစ်လဲလိုက်တယ်။ မြိုးလမ်းညွှန်ပေးလို့ပါ။ ခုတော့ စိတ်လက်ချမ်းသာစွာနဲ့ ကြည့်နေတယ်။ အရင် အိမ်ရှင့်တီဗွီက စီအာတီ အမျိုးအစား။ ကြည့်လာတာ ကြာပြီ။ လမုတ်မရှိ ဘာမရှိ။ ချန်နယ် ပြောင်းချင်ရင် ရှေ့က ဘုသီးလေး သွားနှိပ်၊ ပိတ်ချင်ရင် ပါဝါခလုတ်ကို ထောက်ကနဲ နှိပ်။ မျက်နှာပြင် ဘေးနှစ်ဘက် အလယ်ကနေ အတွင်းကို ကျုံ့လာတယ်။ ကြာရင် ပျက်တော့မှာပဲ ဆိုပြီး ပစ်ထားတာ။ ပြင်မယ်ဆို ၂၀၀ ကျော်တဲ့။ တော်ပါပြီလေ။ ဆင်ဖိုးထက် ချွန်းဖိုးကြီးနေတယ်။ အခု အသစ်လေးနဲ့ဆိုတော့ ဟန်ကျ။

အဲ.. ခုတစ်ယော စက်ပစ္စည်းနဲ့များ နှစ်ပါးသွားရမလား မသိဘူး။ အရင် အင်တာနက်လိုင်း လျှောက်တုန်းက အခမဲ့ပေးတဲ့ HP iPaq 612C ဆိုတဲ့ ဖုန်းလေးပေါ့။ နောင်တော်ကြီးသုံးနေတာ။ သူက Touch Screen နဲ့ Key Pad ပါတာလေး။ ခုတော့ Touch Screen ဘယ်ဘက်ခလုတ်ကို နှိပ်ရင် အဆင်ပြေနေပေမယ့် ညာဘက်က ခလုတ်ကို နှိပ်ရင် ဘယ်ဘက်ကိုပဲ Active ဖြစ်နေတယ်။ တတ်သလောက် မှတ်သလောက် ပြင်ကြည့်ပါတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ သူက WinMo လို့ခေါ်တဲ့ Windows Mobile 6.0 အမျိုးအစား စက်မောင်းနှင်စနစ် ကို သုံးထားတာလေ။ ဝင်းဒိုးဆိုတာ ဒီမောင်က ကျွမ်းနေပြီးသားဆိုတော့ ကလိတာပေါ့ဗျာ။ ဘယ်လိုမှ ပြန်ပြင်လို့ မရတာနဲ့ စက်ထဲမှာ ပါလာတဲ့ Factory Setting ဆိုတာကို နှိပ်ပစ်လိုက်တယ်။ အေးရော။

ဒါနဲ့ အဆင်ပြေသွားတယ်လို့ မမျှော်လင့်ပါနဲ့။ ဖုန်းကို ပါဝါပြန်ပိတ်ပြီး ပြန်ဖွင့်တော့ ပုံမှန်အတိုင်း ဝင်ဒိုးအသစ် တင်သလိပါပဲ စက်ကို Touch Function အလုပ်လုပ်အောင် Calibration ဆိုတာ လုပ်ပေးရပါတယ်။ သူပြတဲ့ ပွိုင့်တွေမှာ ကိုယ်က stylus ပဲန်လေး တစ်ချောင်းနဲ့ လိုက်ထောက်တာပေါ့ဗျာ...။ သေချာအောင် သူပြတဲ့ တားဂက် အလယ်ကို ထောက်ပြီး ထောက်ထားတာကို သဘောတူကြောင်း ဖိပေးရတယ်ဗျ။ အဲဒီကျတော့မှ စက်က တစ်ခြား ပွိုင့်ကို ပြပြီး ထပ်နှိပ်ခိုင်းတယ်။ ဘယ်၊ ညာ၊ အပေါ်၊ အောက်၊ ထောင့်လေးထောင့်နဲ့ အလယ်တည့်တည့်မှာ ပွိုင့်တွေ နှိပ်ပြီးတာနဲ့ အစကို ပြန်လည်သွားတယ်။ အော် ကိုယ်လုပ်တာ မတိကျလို့ သူအစက ပြန်လုပ်ခိုင်းတာ နေမှာဆိုပြီး ပြန်လုပ်ပေးသေးတယ်။ နောက်တော့ အစကိုပဲ ပြန်ပြန် လည်နေတော့ ဒါ မဖြစ်ချေဘူး ဆိုပြီး စက်ကို ပါဝါပိတ် ပြန်ဖွင့်လုပ်သော်ငြား ဘယ်လိုမှ အဆင်မပြေတော့ပါ။

ဒါနဲ့ ဆားဗစ်စင်တာကို ညကြီး ၁၂ နာရီလောက်မှာ ဆက်သွယ်ရတာပေါ့။ ဒီအချိန်ကြီးတော့ ဖုန်းsupport တော့ ဘယ်ပေးလောက်တော့မလဲ။ HP Website ထဲမှာ Online Chat Support ဆိုတာ ရှိနေတော့ အဲဒါကို အားကိုးရတာပေါ့။ အိန္ဒိယနာမည်နဲ့ အင်ဂျင်နီယာ တစ်ယောက် တက်လာပါတယ်။ သူက ဖြစ်ကြောင်းရယ် ကုန်စင်ကို စုံကလုံစေ့နေအောင် မေးမြန်းပြီးသကာလ သူပြောတဲ့အတိုင်း လိုက်လုပ်ပါတဲ့။ သူပြောတာတွေက ကိုယ်လုပ်ပြီးသား၊ စမ်းပြီးသားတွေ ဖြစ်နေတယ်။ လုပ်ပြီးသားလို့ ပြောပေမယ့်လဲ ကိုရွှေအိန္ဒိယက လက်မခံပဲ သူပြောတဲ့ အတိုင်း step by step လုပ်ပေးပါတဲ့။ အတွန့်မတက်နဲ့ ဆိုတဲ့ သဘော။ အေးပေါ့လေ. လုပ်ရတာပေါ့။ လုပ်တယ်။ မရပါ။ နောက်တစ်နည်း ပြောင်း မရ...။ နောက်တစ်နည်း မရ။ သူပြောတာတွေက မောင်ဘွိုင်း လုပ်ပြီးသားတွေ။ နောက်ဆို သူတို့ support မှာ ကိုယ်ပဲ သွားလုပ်တော့မယ်။ ဆိုတော့ မနက် ၃း၃၀ နာရီ လောက် ရောက်သွားတယ်။ ကိုယ်လဲ အိပ်ချင်တော့တာနဲ့ မလုပ်တော့ဘူး ဆိုပြီး စက်ပိတ် အိပ်လိုက်တော့တယ်။ နောက်မှ အလက်ဇန္နားလမ်းထဲက သူတို့ ဆားဗစ်စင်တာကိုပဲ ပို့တော့မယ်။ အထဲက 4GB memory card လေးတော့ မှတ်မှတ်ရရ ဖြုတ်ထားလိုက်တယ်။

ဟိုတစ်လောက မောင်မင်းကြီးသား ထိုင်းက ဘလော့ဂါတစ်ယောက်နဲ့ တွေ့ဖို့ချိန်းတဲ့ညမှာ ဖူနန်ကို ရောက်ဖြစ်သေးတယ်။ အပေါ်ဆုံးထပ်က Challenger မှာ တီဗွီနဲ့ချိတ်ဖို့ ကေဘယ်လိုက်ရှာနေတာ။ HDMI Cable ပေါ့။ ရွှေ၂၄ ကာရက် ကွပ်ထားတယ် ဆိုတဲ့ အမျိုးအစားကို ၃ မီတာ အစားထဲက ဝယ်လာတယ်။ HDMI 1.3 အမျိုးအစားပေါ့။ အော်ဒီယို၊ ဗွီဒီယို နှစ်မျိုးစလုံးကို တစ်ကြိုးထဲ သွားတယ်။ HD data များကို streaming ကောင်းကောင်း ပို့နိုင်တယ် ဆိုပဲ။

ဖူနန်ကနေ အင်းလေးကို ရောက်ခဲ့တယ်။ ထိုင်းက လာလည်တဲ့ ဘလော့ဂါနဲ့ တွေ့တယ်။ နောက် စင်ကာပူက ဘလော့ဂါမမ တစ်ယောက်နဲ့ တွေ့တယ်။ စားပြီး သောက်ပြီး ဒူးရင်းသီးဘက် လမ်းလျှောက်ထွက်ခဲ့တယ်။ (စကားမစပ် အဲဒီနေ့က ငါးခူကြော် တော်တော်ငန်တယ်။) ဒါ့ပုံတွေ ရိုက်လို့ပေါ့။ ပြီးတော့ မိုးကြိုးခ ခံရတဲ့ ခြင်္သေ့ကို သွားတယ်။ နောက် ဝမ်းဖူလာတန်ကနေ ဖူလာတန် ဟိုတယ်ကို မြေအောက်ဥမင်ကနေ လျှောက်ပြန်ခဲ့တယ်။ ဘုတ်ကီးနားရောက်တော့ လမ်းခွဲပြန်တယ်။

Blu Ray Player များ လိုက်ဖတ်ကြည့်တော့ သူ့မှာ ဗားရှင်းတွေ သုံးမျိုး ရှိသတဲ့။ profile 1.0, profile 1.1, profile 2.0 ဆိုပြီး ခွဲထားသတဲ့။ profile 1.0 က စစဦးဆုံး ပလေယာတွေမှာ ပါလာတာ ဖြစ်တယ်။ သူက ဘလူးရေး အခွေတွေကို ကြည့်ရုံသာ ကြည့်နိုင်တယ်လို့ ပြောတယ်။ profile 1.1 ပလေယာများမှာကျတော့ မူရင်းဇာတ်လမ်း ကြည့်နေတုန်း scene တစ်ခုရောက်နေရင် အဲဒီ scene ကို ဘယ်လို ရိုက်ခဲ့ရတယ် ဆိုတာကို သရုပ်ဆောင်များ၊ ဒါမှ မဟုတ် ဒါရိုက်တာက ပြောပြတာကို ပုံအသေးလေးနဲ့ ထောင့်မှာပေါ်နေအောင် လုပ်ပေးနိုင်တဲ့ function လို့ ဆိုပါတယ်။ နောက်ဆုံး အမျိုးအစား ဖြစ်တဲ့ profile 2.0 ကျတော့ ပလေယာမှာ အင်တာနက်နဲ့ ချိတ်ဆက်ဖို့ Ethernet Port, USB port များ ပါလာပြီး အခွေတစ်ခွေ ထည့်လိုက်ရင် အဲဒီ အခွေနဲ့ ပါတ်သက်တာတွေကို အင်တာနက်ကနေ ဒေါင်းလုဒ် အော်တိုလုပ်ပေးတဲ့ ဖန်ရှင် ပါတယ်လို့ ဆိုပါတယ်။ နောက်ဆုံးရ သတင်းများအရ အဆိုပါ profile တွေဟာ ဘလူးရေး နည်းပညာ စထွင်ကတည်းက တွေ့ရှိပြီးသား ဖြစ်ပေမယ့် ထုတ်လုပ်သူများက တစ်ခါတည်း ထည့်ပေးလိုက်ရင် စားပေါက်ပိတ်မှာ စိုးရိမ်ကြပြီး တစ်ဆင့်ပြီးတစ်ဆင့် အဆင့်ဆင့် ထုတ်ရောင်းတာ လို့ ဆိုပါတယ်။ အဲဒီအချက်တွေကြောင့် တစ်ချို့သော ထုတ်လုပ်သူတွေဟာ အသစ်အဆန်း မဟုတ်တဲ့ ဒီနည်းပညာကို profile ထိန်ချန်ခြင်း မပြုပဲ အကုန်ထည့်သွင်းပြီး ထုတ်လုပ်ဖို့ ပြင်ဆင်နေပါ့တယ်။ နောက်တစ်ခုကတော့ ဈေးနှုန်းတွေဟာ ထိုးကျလာတော့မယ် ဆိုတာပါပဲ။ အရင်တုန်းက ဘလူးရေး ပလေယာတစ်ခုဟာ ထောင်ဂဏန်းချီ ပေးရပါတယ်။ အခုတော့ ရာဂဏန်း အနည်းငယ်သာ ကျသင့်တော့မယ်လို့ သိရပါတယ်။

ဘလူးရေး ဆိုတာ အကြမ်းဖျင်း ပြောရရင်တော့ ပုံဖေါ်စွမ်းရည် ၁၉၂၀ x ၁၀၈၀ ရှိတဲ့ နည်းပညာ ဖြစ်ပါတယ်။ ပုံဖေါ်စွမ်းရည် များလေ ရုပ်ပုံများ အသေးစိတ်မြင်ရလေ ဖြစ်ပါတယ်။

Wednesday, July 8, 2009

Starhub : Internet on Mobile အကြောင်း သိကောင်းစရာ။

တိုးတက်လာတဲ့ နည်းပညာများကြောင့် အခုအခါ မိုဘိုင်းဖုန်းတွေမှာ အင်တာနက်တွေ သုံးစွဲလို့ရနိုင်ပါပြီ။ ကျွန်တော်လဲ သူများ သုံးတာ မြင်တော့ သုံးချင်တာမို့ ဘယ်လိုလုပ်ရမလဲဆိုပြီး ကိုယ် Voice Plan ယူထားတဲ့ Telco ဖြစ်တဲ့ Starhub ဆီမှာ အင်တာနက်ပလန်လေးများ ရှိကောင်းပါရဲ့ဆိုပြီး စုံစမ်းထားတာလေးတွေ ဝေမျှချင်တာပါ။ (၂၀၀၉၊ ဇူလိုင် ၇ရက်နေ့အထိ Update ပါ။)

Star Hub Mobile Internet plan ကို Max Mobile ဆိုပြီး ခေါ်ဆိုကြပါတယ်။ အဲဒီမှာ နှစ်မျိုး နှစ်စား ရှိပါတယ်။

၁။ ပထမ တစ်ခုက မိုဘိုင်းပေါ်မှာ သုံးရတဲ့ အမျိုးအစား ဖြစ်ပါတယ်။ အဲဒီမှာ ပလန် သုံးမျိုး ခွဲထားပါတယ်။

၁.က - Max Mobile Lite
သူကတော့ လစဉ်ကြေး မပါပဲ ကြိုက်သလောက်သုံး၊ ကျသလောက်ပေးတဲ့ စံနစ်ပါ။ Excess Charges 1.07 cents/KB နှုန်းနဲ့ ဆောင်ရပါမယ်။ အများဆုံး $၉၄.၁၆ ပေးရပါတယ်။ One Time Registration Fees $၁၀.၇၀ (incld GST) ပေးရပါတယ်။ လောလောဆယ်တော့ အဲဒီ မှတ်ပုံတင်ခကို ဖရီးပေးထားပါတယ်။

၁.ခ- MaxMobile Value
သူကတော့ လစဉ်ကြေး ၁၀.၇၀ ကျပ်ပါ။ လောလောဆယ် လစဉ်ကြေးကို ၅၀% လျှော့ပေးထားပါတယ်။ ၅.၃၅ ကျပ်ပဲ ပေးဆောင်ရပါမယ်။ ၂၀၀၉ ဒီဇင်ဘာအထိ ပရိုမိုးရှင်းပါ။ ဒေတာကို ၁၀ မက်ဂါဘိုဒ် လစဉ် ဖရီး ပေးထားပြီး ဒေတာသုံးစွဲမှု ပမာဏ ကျော်လွန်သွားရင်တော့ Excess Charges 0.32 cents/KB နှုန်းနဲ့ ဆောင်ရပါမယ်။ အများဆုံး $၃၆.၃၇ ပေးရပါတယ်။(လစဉ်ကြေး အပါအ၀င်+ဒေတာ ပိုမိုသုံးစွဲခ) ။ One Time Registration Fees $၁၀.၇၀ (incld GST) ပေးရပါတယ်။ လောလောဆယ်တော့ အဲဒီ မှတ်ပုံတင်ခကို ဖရီးပေးထားပါတယ်။

၁.ဂ- MaxMobile Premium
သူကတော့ လစဉ်ကြေး ၁၉.၉၀ ကျပ်ပါ။ ဒေတာကို ၁ ဂစ်ဂါဘိုဒ် လစဉ် ဖရီး ပေးထားပြီး ဒေတာသုံးစွဲမှု ပမာဏ ကျော်လွန်သွားရင်တော့ Excess Charges 0.32 cents/KB နှုန်းနဲ့ ဆောင်ရပါမယ်။ အများဆုံး $၃၆.၃၇ ပေးရပါတယ်။(လစဉ်ကြေး အပါအ၀င်+ဒေတာ ပိုမိုသုံးစွဲခ) ။ One Time Registration Fees $၁၀.၇၀ (incld GST) ပေးရပါတယ်။ လောလောဆယ်တော့ အဲဒီ မှတ်ပုံတင်ခကို ဖရီးပေးထားပါတယ်။


၂။ နောက်တစ်ခုက ပီစီ၊ လပ်ပ်တော့ပ်များနဲ့ ချိတ်ပြီးတော့ အင်တာနက် သုံးဖို့ အမျိုးအစား ဖြစ်ပါ။ Mobile Broadband လို့လဲ ခေါ်ပါတယ်။ သူက USB Modem Device ထဲမှာ 3G SIM Card ထည့်သုံးရတာမျိုးပါ။ ဗွိုက်ပလန် မယူပဲ ဒေတာ ပလန်သာ ယူချင်သူတွေအတွက် အဆင်ပြေပါတယ်။ Device အတွက် သတ်သတ် ၀ယ်ယူရပါတယ်။ သူလဲ သုံးမျိုး ခွဲထားပါတယ်။

၂.က- Max Mobile SurfLite
သူကတော့
2Mbps download speed mobile broadband plan အမျိုးအစားဖြစ်ပြီး လစဉ်ကြေးကတော့h $38.72 w/GST per month ဖြစ်ပါတယ်။ One Time Registrations Fees $၁၀.၇၀ (incld. GST) ပေးရပါမယ်။ ဆင်းကဒ်အတွက် ၄၇ ကျပ်လောက် ပေးရပါမယ်။ USB Modem Device ကို ဈေးလျှော့ရောင်းချပေးတတ်ပါတယ်။

၂.ခ- MaxMobile Ultimate
သူကတော့ 7.2Mbps download speed mobile broadband plan အမျိုးအစားဖြစ်ပြီး လစဉ်ကြေးကတော့h $72.76 w/GST per month ဖြစ်ပါတယ်။ One Time Registrations Fees $၁၀.၇၀ (incld. GST) ပေးရပါမယ်။ ဆင်းကဒ်အတွက် ၄၇ ကျပ်လောက် ပေးရပါမယ်။ USB Modem Device ကို ဈေးလျှော့ရောင်းချပေးတတ်ပါတယ်။

၂.ဂ- MaxMobile Prepaid :
ဒီအမျိုးအစားကတော့ ခဏတာ အလည်အပတ် ရောက်ရှိတဲ့ ခရီးသွားဧည့်သည်များ အင်တာနက် ခဏတစ်ဖြုတ် သုံးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ၁၈ ကျပ်တန် ထုတ်ထားတယ် ထင်ပါတယ်။ သူလဲပဲ ယူအက်စ်ပီ ဒီဗိုက် ၀ယ်မှ ရမယ် ထင်တယ်။

တစ်လောက ဖုန်းမှာ အင်တာနက်သုံးချင်လို့ လိုက်ဖတ်ရာက သိထားတဲ့ အချက်တွေပါ။ အပ်ပ်ဒိတ် အချက်အလက်နဲ့ ပရိုမိုးရှင်းကိုတော့ သက်ဆိုင်ရာ စတားဟဘ် ၀က်ဘ်ဆိုဒ်မှာ ဖတ်နိုင်ပါတယ်။

စကားမစပ် အရင်က စတားဟပ်ဘ် ဆိုဒ် လေးအောက်တွေက ဖတ်ရလွယ်တယ်။ အခု ဇူလိုင်လကနေ စပြီးပြောင်းသွားတဲ့ လေးအောက်က မျက်စိလည်စရာကြီး ဖြစ်နေတယ်။

Tuesday, July 7, 2009

IRC Chat မှ ဟာသများ (၃)

T-Wolf : man, my girlfriend left me for some faggot named robert (ငါ့ရည်းစားလေ ရောဘတ်ဆိုတဲ့ ကောင်နောက်ပါသွားတယ်။)
RdAwG20 : you don't live in Hope mills do you? (Hope Mills မှာ နေတာ မင်းလား။)
T-Wolf : ya, why man? (ဟုတ်တယ်လေ ဘာလို့လဲ.)
RdAwG20: lol, just wondering, was her namne alisson? (ဟီး.. သိချင်ရုံ သက်သက်ပါ။ အဲ့ကောင်မလေး နာမည်က Alisson လား)
T-Wolf : you mother f**ker (ေ-ာက်ခွေး..။)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကောင်းကောင်း လက်စားချေလိုက်တယ်။ :P

death09း my girlfriend broke up with me and sent me pix of her and her new boyfriend in bed
ktp753း ouch.
death09း yeah.i sent them to her dad

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တွေ့လား...။ သူတို့ကို ဘယ်သူမှ ဂရုမစိုက်ကြဘူး။

Th3No0bး Im going to be the next hitler
Th3No0bး Im going to kill all the jews and 1 clown
RageAgainsttheAmishး why the clown
Th3No0bး See? no one cares about the jews
RageAgainsttheAmishး lmao

lmao ဆိုတာ Laugh My A** Outရဲ့ အတိုကောက်ပါ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လွဲချက်ကယ်နာ...။

Jeedo : hey baby, whats up?
Indidge : umm....nothing?
Jeedo : So....want me to like come over today so we can xxxx?
Indidge : Wait....did you want to speak to my daughter?
Jeedo : Yes Mrs.Miller.. :-/

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အေး အဲဒါ နင်ပဲ။

Night-hen-gayle : I gotta go. There's a dude next to me and he's watching me type, which is sort of starting to creep me out. Yes dude next to me, I mean you.

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Sonium : someone speak python here?
lucky : HHHHHSSSSSHSSS
lucky : SSSSS
Sonium : the programming language

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Sui88 : 67% of girls are stupid
V-girl : i belong with the other 13%


Monday, July 6, 2009

IRC Chat မှ ဟာသများ (၂)

#330261 +(15348)- [X]

i8b4uUnderground> d-_-b
BonyNoMore> how u make that inverted b?
BonyNoMore> wait
BonyNoMore> never mind

ရှင်းလင်းချက်။ ။ပထမ တစ်ယောက်ကို ဒုတိယလူက b ပြောင်းပြန် ဘယ်လိုလုပ်ရလဲ လို့ မေးပြီးမှ ဘယ်လို လုပ်ရတယ်ဆိုတာ သူပြန်သတိရသွားလို့ wait never mind လို့ ပြန်ပြောလိုက်တာပါ။ ဘဘောပေါက်လား မသိဘူး။ အဲဒါ ဒီပို့စ်ရဲ့အသက်ပဲ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

#23601 +(14245)- [X]

mage> what should I give sister for unzipping?
Kevyn> Um. Ten bucks?
mage> no I mean like, WinZip?

ရှင်းလင်းချက်။ ။ mage က သူ့ညီမလေးကို Unzipping အတွက် ဘာပေးရမလဲ မေးတာကို Kevyn က ပိုက်ဆံ တစ်ဆယ်ပေးပြီး unzip လုပ်ခိုင်းတာပါ။ ကိုယ်သန်ရာသန်ရာ တွေးကြတာပေါ့လေ။ နောက်မှ mage သဘောပေါက်သွားပြီး သူ unzip လုပ်ချင်တာက ကွန်ပြူတာထဲက WinZip Software ကို Unzip လုပ်ခိုင်းတာပါ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

#835030 +(14089)- [X]

Khassaki> HI EVERYBODY!!!!!!!!!!
Judge-Mental> try pressing the the Caps Lock key
Khassaki> O THANKS!!! ITS SO MUCH EASIER TO WRITE NOW!!!!!!!
Judge-Mental> fcuk me

ရှင်းလင်းချက်။ ။ပထမ တစ်ယောက်ကို ဒုတိယလူက စာလုံးကြီးနဲ့ မရေးဖို့ Caps Lock key ကို Press လုပ်ပြီး ပိတ်ခိုင်းတာပါ။ သူထင်နေတာ ပထမတစ်ယောက်က အဲဒါကို On ထားတယ် ထင်လို့ပါ။ တစ်ကယ်တော့ ပထမ တစ်ယောက်က Shift key ကို နှိပ်ပြီး စာလုံးကြီးတွေ ရိုက်နေရတာပါ။ ဒုတိယ လူ အကြံပေးတော့ shift နှိပ်စရာ မလိုတော့လို့ ကျေးဇူးတင်တာမှာ ဒုတိယလူ ဘုရားတ ရတော့တာပဲ။ (ဘာသာပြန်လိုက်ရင် မကျွမ်းတော့ အရသာ ပေါ့သွားတယ်ဗျာ။)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

#258908 +(13469)- [X]

Ben174> : If they only realized 90% of the overtime they pay me is only cause i like staying here playing with Kazaa when the bandwidth picks up after hours.
ChrisLMB> : If any of my employees did that they'd be fired instantly.
Ben174> : Where u work?
ChrisLMB> : I'm the CTO at LowerMyBills.com
*** Ben174 (BenWright@TeraPro33-41.LowerMyBills.com) Quit (Leaving)

Ben174 က သူ့ရုံးမှာ အိုတီ လုပ်တာ ၉၀%က သူချက်ဝင်တာ ဘာညာ ပေါ့လေ။ ရုံးက မသိဘူး ဆိုပြီး ရုံးကို သူတစ်ပတ်ရိုက်နိုင်တာကို ChrisLMBကို ပြောနေတာ။ ChrisLMBက ငါ့ဆီက ဝန်ထမ်းသာ အဲလိုလုပ်ရင် တစ်ခါတည်း ဖြုတ်မယ်လို့ ပြောတာပေါ့။ အဲဒီမှာ Ben174 က နင်ဘယ်မှာ လုပ်တာလဲလို့ မေးတော့ Chris က ငါက LowerMyBills.com က CTO လို့လဲ ဆိုရော Ben174 က လစ်ပြေးပါလေရော။ Ben174 ရဲ့ အီးမေးလ်နားက ဒိုမိန်းကို သတိထားဖတ်ကြည့်ပါ။ ဟားဟား။

အင်း။ နားမလည်တဲ့သူတွေ များတယ်ဆိုလို့ ရှင်းလင်းချက်ကို နောက်မှ ထပ်ဖြည့်လိုက်တာပါ။ ဒီမိုး၊ ဒီလေ၊ ဒီရေနဲ့ဆို ဒီလိုပို့စ်တွေ ဆက်တင်ချင်မှ တင်ဖြစ်တော့မယ် ထင်ပါ့။

Sunday, July 5, 2009

လူမိုက်

ခွင့်သာခိုက်မှ မလိုက်ချင်
အမိုက် နင့်ပြင် ရှိသေးလား။
ခွင့်သာတုန်းမှ မရုန်းချင်
အရှုံးနင့်ပြင် ရှိသေးလား။
ခွင့်သာဆဲမှ မခဲချင်
အလွဲနင့်ပြင် ရှိသေးလား။

မာန်လည်ဆရာတော် ရေးစပ်ခဲ့တဲ့ ကဗျာတစ်ပုဒ်လို့ သိရပါတယ်။ အဲဒီကဗျာထဲ ပါတဲ့အတိုင်း လောကကြီးမှာ ရခဲလှတဲ့ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ခြင်း မပြုပဲ လက်လွှတ်လိုက်တဲ့ လူ့အန္ဓ၊ ဗာလနံ၊ လူမိုက်များစွာ ရှိသေး/ဆဲ/လတ္တံ့ ဆိုတာကို သိလိုက်ရတယ်။

ဆင်သေထက်က ကျီးငမိုက်သား။

Saturday, July 4, 2009

Bangkok Trip 9 နတ်မိမယ်တို့ ပျော်စံရာ (၉)

ဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)
Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)
Bangkok Trip 6 နတ်မိမယ်တို့ ပျော်စံရာ (၆)
Bangkok Trip 7 နတ်မိမယ်တို့ ပျော်စံရာ (၇)
Bangkok Trip 8 နတ်မိမယ်တို့ ပျော်စံရာ (၈)

အခုတစ်ခေါက်တော့ ပုံတွေပဲ တင်သွားပါမယ်။ လိုအပ်တဲ့ နေရာမှာ စာညွှန်းလေး ထည့်ပေးပါမယ်။

လိမ္မော်ရည်တွေ။ အသီးကနေ လတ်လတ်ဆတ်ဆတ် ညစ်ပေးထားတာ။ ဘတ်၂၀တဲ့။

ဖရဲသီး လတ်လတ်ဆတ်ဆတ်... ဂျွမ်းကနဲ ကိုက်စားလိုက်တယ်...။

အုန်းစိမ်းရည်တွေ တစ်လုံး ဘယ်လောက်ပါလိမ့်... မေ့သွားပြီ...။ ၁၀ ဘတ် ထင်တယ်။

အော်တိုပတ်စ်ကင်... “အားဟန်ထလေး” တွေ...။

ဝက်အူချောင်းနဲ့ အီဆန် ထမင်းချဉ်တွေ...။ ဆိုက်ကလော် နဲ့ ဆိုက်အို...။

ဒါက ဆိုက်အိုစစ်စစ်...။

ငြုပ်သီးထောင်းမလား...။ ငြုပ်ဆုံ ကောင်းကောင်းတော့ လိုလိမ့်မယ်။ လာနော်.. ဆုံကောင်းကောင်းတွေ...။

ညရောက်တော့ လမ်းဘေးမှာ ၀မ်းဖြည့်ကြတယ်။ ငါးက တစ်တောင်လောက် ရှိတာ အရိုးပဲ ကျန်တော့တယ်...။

(ခဏနားမယ်။)

Friday, July 3, 2009

Yoo Ye Eun

သမီးနာမည်က Yoo Ye Eun ဖြစ်ပါတယ်ရှင့်။
သမီးက အခု အသက် ငါးနှစ် ရှိပါပြီ။ သမီး ကျောင်းမတက်သေးပါဘူးရှင့်။
မေမေက နောက်ကျရင် တက်ရမှာပေါ့တဲ့။ ကျောင်းဆိုတာ ဘယ်လိုလဲ ဆိုတာ သမီး သိချင်လိုက်တာရှင့်။
သမီး ကျောင်းတက်ချင်တယ်။ အခုတော့ သမီးက အိမ်မှာ မေမေနဲ့ တစ်ယောက်တည်း နေရတယ်ရှင့်။
ဒါပေမယ့် မေမေက သမီးကို အပြင်ကို အလည်ပို့ပါတယ်။ တစ်ပတ်တစ်ခါလောက်ပါရှင့်။
တစ်ပတ်ဆိုတာ ဘယ်လောက် ရှိတယ်ဆိုတာ သမီး မသိပါဘူးရှင့်။
အဲဒီလို အပြင်ကို သွားရမယ့် နေ့တွေဆို သမီး တစ်အား ပျော်တာရှင့်။

အခုလဲ ဒီနေ့ မေမေက သမီးကို ပြောတယ်။ သမီး အပြင်သွားရမှာ။
လူတွေ အများကြီးနဲ့ တွေ့ရမှာတဲ့။ အပြင်သွားရမယ်ဆို သမီးက အရမ်းပျော်တာရှင့်။
အပြင်သွားရမယ်ဆိုတော့ သမီးက အရမ်းပျော်နေတာ။
အခု သမီးလေး အခန်းတစ်ခုမှာ ရောက်နေတယ်။ အပြင်မှာ လက်ခုပ်သံတွေ ဆူညံနေတာပဲ။
ခဏနေတော့ အန်တီကြီးတစ်ယောက်က သမီးကို စင်ပေါ်ကို လိုက်ပို့တယ်။
အဲဒီမှာ ဦးဦး တစ်ယောက်က သမီးကို ခေါ်ပြီး သူ့ပေါင်ပေါ်မှာ ထိုင်ခိုင်းတယ်။
သမီးထွက်လာတော့ လူတွေ အံ့အားသင့်နေတာပဲ။ တစ်ဟင်ဟင်.. တစ်ဟယ်ဟယ်နဲ့ပေါ့။

နောက် ဦးဦးက သမီးကို မေးတယ်။ သမီးနာမည်တွေ အသက်တွေပေါ့။
နောက် သမီးကို ပီယာနို တီးတတ်လားတဲ့။ ပီယာနိုလား။ တီးတတ်တာပေါ့။ သမီးက အိမ်မှာ ပီယာနို တီးနေတာပဲဟာ။ ဦးဦးက သမီးကို တီးတတ်ရင် တီးပြပါလားတဲ့။
သမီးလဲ သီချင်း တစ်ပုဒ် တီးပြလိုက်တယ်။ အိမ်မှာ မေမေ ဖွင့်ပြလို့ သမီး နားထောင်နေကျ သီချင်းလေ။
သီချင်းက “Fur Elise” ပေါ့။ တစ်ပုဒ်လုံး တီးပြတယ်။ (စကားချပ် - ဒီမှာ နားထောင်ကြည့်ပါ။)
Beethoven Für Elise Rondo.ogg
Beethoven - Für Elise)
လူတွေ အများကြီး ဟာ တွေ ဟင်တွေ ဖြစ်နေတယ်။ ဘာလို့လဲ မသိဘူးနော်။
နောက် တစ်ပုဒ် ထပ်တီးခိုင်းတယ်။ သမီးလဲ တီးပေးတယ်။ ဦးဦးက “ဟာ အဲဒါ.. Fantastic Impromtu” လို့ အော်လိုက်တယ်။
လူတွေ အများကြီး လက်ခုပ် ထပ်တီးတယ်ရှင့်။

နောက်တော့ အန်တီ တစ်ယောက်က လာပြောတယ်။ သူသီချင်း တစ်ပုဒ်ဆိုမယ် .. သမီးက လိုက်တီးပေးနိုင်မလားတဲ့။ သမီးကြိုးစားပေးပါ့မယ်ရှင့်။
အန်တီက အသံကြီးကြီးနဲ့ သီချင်းဆိုတယ်။ သမီးလဲ အန်တီ့အသံနဲ့ လိုက်မယ့် ကီး လိုက်ရှာရတာပေါ့။ ခဏနေတော့ ကီးကိုက်သွားတယ်။ အန်တီလဲ သီချင်းဆိုတာ သမီးနာမည်ပါ ထည့်ဆိုတယ်။ နောက်တော့ သမီးလေး လက်ကို ကိုင်ချင်လို့ပါ ဆိုပြီး သမီးလက်ကို လာကိုင်တယ်။ ဦးဦးကလဲ သမီး နဖူးကို နမ်းတယ်။ လူတွေလဲ တစ်အားပဲ လက်ခုပ်တီးတယ်။
သမီးပျော်လိုက်တာလေ...။ လူတွေ အများကြီး လက်ခုပ်သံတွေ...။
အိမ်မှာလဲ သမီး ပီယာနိုတီးရင် လူတွေ လာလာ နားထောင်ကြတယ်။ လူတွေ လာရင် သမီးပျော်တယ်ရှင့်။
မေမေက သီချင်းကြိုက်တတ်တော့ သူသီချင်း အသစ်ဖွင့်ရင် သမီးသေချာ နားထောင်ပြီး ပြန်ပြန်တီးပြတယ်။ မေမေဆို ပျော်နေတာ...။

ဒါပေမယ့် တစ်ခါတစ်လေ သမီး စိတ်မကောင်းဘူးရှင့်။
တစ်ခါတစ်ခါ မေမေက သမီးကို ဖက်ထားပြီး ငါ့သမီးလေး ကံဆိုးလိုက်တာ...။ ကံဆိုးလိုက်တာနဲ့။
ပြီးတော့ မျက်နှာနားက အပေါက် နှစ်ခုက ရေနွေးနွေးတွေ ကျကျတယ်။
မေမေ့ကို မေးကြည့်တော့ မေမေငိုတာတဲ့။
ငိုတယ်ဆိုတာ။ ဟို မျက်နှာက အပေါက် နှစ်ပေါက်နားက ရေတွေ ကျလာတာ ဟုတ်သလားရှင့်...။
ပြီးတော့လဲ ပြောသေးတယ်။ ငါ့သမီးလေး ကံဆိုးရှာတယ်။ မွေးကတည်းက စက္ခုနှစ်ကွင်း အလင်းမရရှာဘူးတဲ့။ အလင်းဆိုတာ ဘာလဲဟင်။ သိတဲ့သူတွေ ပြောပြပါလား။
အလင်းဆိုတာ ကွေးကွေးလေးလားဟင်။ အေးရော အေးလား။ နောက်ပြီး မြင်တယ်ဆို ဘာလဲဟင်...။



Credit : ozwally

Ye Eun လေးဟာ မွေးကတည်းက မျက်စိ မမြင်ခဲ့ရှာပါဘူး။ အခု လက်ရှိအမေက မွေးစား အမေ ဖြစ်ပါတယ်။ အသက်သုံးနှစ်အရွယ်လောက်မှာ အမေက သီချင်းတစ်ပုဒ်ကို ဖွင့်တော့ သူလေးက နားထောင်ပြီး ချက်ချင်းပဲ ပီယာနိုနဲ့ ပြန်တီးပြခဲ့ရာက သူလေးရဲ့ ပါရမီကို သတိထားမိတာပါ။ ခုနက Fur Elise ကိုလဲ ဘယ်သူကမှ သင်မပေးရပါပဲနဲ့ တစ်ခေါက်သာ နားထောင်ပြီး လက်တန်းတီးတာပါ။ ဘယ်မြူးဇစ်Sheet အကူမှ မပါပဲ တစ်ယောက်တည်း တီးတာပါ။ ပါရမီရှင်မလေးပါ။ အခုတော့ စတားကင်းအစီအစဉ်ကနေ ပြသရတဲ့အထိ နာမည်ကျော်သူလေးပါ။


(မနေ့က စီဘောက်ပရိတ်သတ် မျိုးက ဗွီဒီယိုကလစ် တစ်ခုကို မေးလ်နဲ့ ပို့လာပါတယ်။ ဖွင့်ကြည့်တော့ Koraen က တီဗွီ အစီအစဉ် တစ်ခုဖြစ်တဲ့ Star King အစီအစဉ်မှာ ဒီကလေးမလေး လက်စွမ်းပြတာကို တင်ဆက်တဲ့ ကလစ်လေး ဖြစ်ပါတယ်။ ဒါ့ကြောင့် သူနဲ့ ပတ်သက်တာလေးတွေကို ယူထုမှာ လိုက်ရှာမိတော့ တွေ့မိတာနဲ့ ဒီမှာပဲ မျှဝေပေးလိုက်ပါတယ်။ တော်တော်ခံစားမိတဲ့ အဖြစ်အပျက်တစ်ခုပါပဲ။)

Thursday, July 2, 2009

Yesterday


မနေ့က
မိုးတွေ ညို့နေခဲ့တယ်။
မနက်ခင်း နိုးထစ အချိန်မှာ
ကောင်းကင်ဟာ ဆန့်ကျင်ဖက် အလှတွေ ပေါင်းစပ်ထားလို့ပေါ့။

အနောက်ဖက်မှာ
မိုးသားတွေ အပေါ်ကို အလုအယက် လုတက်နေကြချိန်
အရှေ့ဖက်မှာတော့
နေမင်းကြီးက ထွန်းလင်းလို့ ကောင်းတုန်း။

ဒီအလှကို တစ်ဒင်္ဂ ငေးမိလို့
ဓါတ်လှေကား သုံးစင်းစာ လွှတ်သွားတယ်။
ဘတ်စ်ကား လေးစင်း ကျော်သွားတယ်။

လမ်းပေါ်မှာတော့ လူတွေ လူတွေ
ပြိုတော့မယ့် မို့ကို စိုးထိတ်တဲ့ မျက်နှာနဲ့ မော့ကြည့်နေကြလေရဲ့...။
ငါ လာရာလမ်းမှာ လူတွေ တစ်သုတ်သုတ် လျှောက်လို့ပေါ့။
မိုးအောက်မှာနေလို့ မိုးစိုတာ မဆန်းဘူး။
အမိုးအကာ ပါရဲ့သားနဲ့ မိုးစိုတာ ဆန်းနေခဲ့တယ်။

ကောင်မလေး တစ်ယောက် ထီးဆောင်းပြီး မိုးရေတွေ စိုရွှဲနေတယ်။
နှုတ်ခမ်းသားလေးက ပြာနေလို့။
ကိုယ်ခေါ်ထားတဲ့ ကားလေး ရောက်လာတယ်။
ကောင်မလေးက မိုးရေတွေ ရွှဲနေတုန်း။
ကိုယ့်ကားကို ပေးလိုက်တယ်။
ကိုယ်ကတော့ မိုးရေတွေ ရွှဲကျန်ခဲ့တယ်။

ကောင်းကင်ကတော့ အငြိုးနဲ့ မိုးတွေ သဲသဲ ရွာချတုန်း။

(လက်ကိုင်ဖုန်းနဲ့ ရိုက်ထားတဲ့ မနေ့က ပုံလေးပါ။)

Wednesday, July 1, 2009

FireFox 3.5 Official Release (Finally!)


Broswer လောကမှာ အခမဲ့ရပြီး သုံးစွဲရလွယ်ကူတဲ့ FireFox Browser ရဲ့ နောက်ဆုံးပေါ် 3.5 Version ကို စတင် Download လုပ်နိုင်ပါပြီ။ ဒီမှာ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။ လောလောဆယ်တော့ Install မလုပ်ရသေးပါဘူး။ ဆွဲချနိုင်တယ်ဆိုတဲ့ သတင်းလေး အရင်လာပေးထားတာပါ။ နောက်မှ သုံးစွဲရတာ ဘယ်လို အဆင်ပြေတယ်ဆိုတာ လာပြောပြပါမယ်။

To Download FireFox 3.5 : Click here