Thursday, April 8, 2010

Shan Foods

ထိုဟူးကြော်များကို ပြန်သုပ်ပေးနေသော အဒေါ်ကြီး။ အင်တာနက်ပေါ် တင်မလို့ ဆိုတာနဲ့ တစ်ပွဲတိတိ အလကား ပေးစားတယ်။ ပိုက်ဆံပေးတာ မယူ။ (ဒါတောင် သူများတွေလို ဒီအက်စ်လယ်အာတွေ မပါသေး။ ဆိုနီ ကင်မလာဖုန်းနဲ့ပဲ ရိုက်ထားတာ။)



ဒီနှစ်မှ ပေါ်လာတဲ့ စားစရာ တစ်မျိုးပါ။ ဘာကောင်လဲတော့ မသိဘူး။ အရသာက ပုဇွန်ခြောက်လိုပဲ။ ကောင်းတယ်။


ဒီဝက်အူချောင်းကတော့ ထမင်းလွတ် စားလိုက်တဲ့ ဝက်အူချောင်း ။ အစိတ်သားလောက်ကို တစ်ထိုင်တည်း စားလိုက်တာ။ ထပ်စားချင်သေးတယ်။ (သူများတွေလို သုံးလေးရက် ကြာမှ စင်ကာပူ ရောက်မှ ပြန်ကြော်တာကို ရိုက်ပြ စားပြတာ မဟုတ်။ ဈေးထဲက လတ်လတ်ဆတ်ဆတ် ဝယ်လာတဲ့ ဟာကို စားတာ။ ပူပူလေး ...။ ရှလွတ်)


မှတ်ချက်။ တီဇက်အေနှင့် ပုံအပြိုင်တင်နေသည်ဟု အမြင်မရောက်စေလို။

ပုံ/ TZA မပါလျင် ခေတ်မမှီဟု အပြောမခံနိုင်သူ တစ်ဦး။

နောက်အများကြီးလာမည်။ မကြာမှီ လာမည်မျှော့......။

Monday, April 5, 2010

သင်္ကြန်အကြို ရာသီစာလေးများ...။

ဘလော့ဂ်ဂါ မင်းသားကြီး

V1 -(ဘလော့ဂါ မင်းသားကြီး ဘလော့ဂ်ဆိုဒ်တစ်ကာ ရောက်ခဲ့ပြီ...။
ဘယ်ဘလော့ဂ်သူ၊ ဘယ်ဆိုဒ်မှန်းမို့ မသိတော့ ခက်သေးသည်။
မနေ့က ပေးတဲ့ ဘလော့လိပ်စာ Thumb Drive စိုလို့ ပျက်ကုန်ပြီ...
မမှတ်မိတော့ ခက်သားလှဒေ၀ီ...။)၂

PreCho : ဘလော့မင်းသမီးကြီး ခြေရာဖျောက်တော့ လိုက်လို့ရှာသည်။

ဟို CBox တွေ့နိုးနိုး.. ဒီ CBox တွေ့နိုးနိုး...
မင်းသားကြီး အလွမ်းဇာတ်က နှစ်သစ်ကူးလေပြီ။
ဘလော့ဂ်မင်းသမီးနဲ့ တွေ့ဖို့ အလွန်ခက်သည်။

V1 - (Solo)

Cho : နေ့သစ်အကူးမှာ ပို့စ်အသစ်လေးတွေ တက်တော့မည်။
Gmail, Native, ပဒုမ္မာ ကျူးပစ်ပလန်းနက်ပါ မကျန်ပြီ...။
ကောမန့်ဘောက်က်မှာ လိုက်ရှာလဲလေ တို့မတွေ့ပြီ။
ဘန်းကျော်ကြောင့်လား တွေးတော့ ဝေးနေပြီ။
မြန်မာဆိုက်ဘာ ယူဆာ လေးနှမငယ် ...
တစ်ချက်စာ Chat မှာ မျက်လှည့်ပြလိုက်ပြီ...။

V1. PreCho:

(မပြီးမချင်း loop ပတ်၍ ပြန်ဆိုရန်။)


- မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှု ရှိက ခွင့်လွှတ်ပါ။
- ရှာပုံတော် မင်းသားကြီး သင်္ကြန်သီချင်းကို မှီငြမ်း ပုံဖျက်ထားသည်။
- မူရင်း သီချင်း နားဆင်လိုသော် အောက်ကပုံကို ကလစ်နှိပ်ပါလေ...။

ရှာပုံတော် မင်းသားကြီး - ဇော်ပိုင်


အရင်က ဘယ်ဘလော့မှာလဲ မသိဘူး။ ဒီလိုဆန်ဆန် ဖျက်ထားတာ ဖတ်ဖူးပါတယ်။ အိုင်ဒီယာ ကြိုက်တာနဲ့ ပြန်တင်မလို့ လုပ်တာ။ မမှတ်မိတော့ ကိုယ့်ဗားရှင်းနဲ့ကိုယ် ပြန်တင်ထားတာကို ဒီနှစ် 2010 အတာနှစ်ကူး အကြိုအနေနဲ့ ဆားချက်လိုက်ပါတယ်။