Sunday, October 31, 2010

Are you Gay or Not..

အသင် ဂေးဟုတ်မဟုတ် စမ်းသပ်ရန်။

http://www.petalia.org/gaytest.swf

Saturday, October 23, 2010

ဘိလပ်မြေ

“ဘော်...............”
ညနေ နေဝင်ချိန် ခြေခင်းသာချိန်လောက်ဆို ဒီလို သဘောင်္ ဥသြဆွဲသံကြားရင် ကိုဘမောင်တို့ ရွာသားတွေ ပျော်ကြတယ်။
ပျော်ကြမှာပေါ့။ အစိုးရ ဘိလပ်မြေတွေ တင်လာတဲ့ သဘောင်္က သူတို့ရွာနားက သိုလှောင်ရုံမှာ ဘိလပ်မြေအိတ်တွေ လာချတော့မှာလေ။
ဘိလပ်မြေအိတ်နဲ့ ရွာသားတွေနဲ့ ဘာဆိုင်လဲ ဆိုတာတော့ မမေးပါနဲ့...။
သဘောင်္ဝမ်းဗိုက်ထဲက ဘိလပ်မြေတွေကို ကုန်းပေါ်ထမ်းသယ်ဖို့ လူလိုတော့မယ်။
ကူလီလုပ်ချင်တဲ့ ရွာသားတွေလဲ အများသား...။
နောက် ကုန်တင်ကုန်ချ လုပ်နေချိန်မှာ ရွာထွက် မုန့်လေး အစားအသောက်လေးလဲ ရောင်းလို့ရတယ်။
သဘောင်္က လူတွေ ကို ရောင်းတာ မဟုတ်ဘူး။
သဘောင်္ဆိုက်ချိန်ကို လာစောင့်နေတဲ့ ရွာနီးချုပ်စပ်က လူတွေ စားဖို့ သောက်ဖို့...။
ဘာလို့ သဘောင်္လာချိန်ကို လာစောင့်ကြလဲ ဆိုတော့ အဖြေရှိတယ်။
သဘောင်္ဝမ်းဗိုက်ထဲက ဘိလပ်မြေအိတ်တွေဟာ တစ်ခါတစ်လေ အထားအသို မမှန်ရင် အိတ်တွေ ပေါက်ပြဲပြီး ပျက်စီး ထွက်ကျကုန်တယ်။ အဲဒါဆို အပျက်အစီးစာရင်းထဲ ထည့်လိုက်ရတယ်။
ဘိလပ်မြေအိတ်တွေကို ကမ်းပေါ်သယ်ပြီးသွာရင် ဝန်ထမ်းတွေက အမှုန်အမွှားတွေကို ပြန်လှဲကျင်းနေရတာကိုက အလုပ်တစ်လုပ်။
အဲဒီတော့ ကူလီ လာလုပ်တဲ့ ရွာသားတွေက သူတို့ မိသားစု မိန်းမ၊ ကလေးတွေ ခေါ်လာပြီး အခပေး သန့်ရှင်းရေး လုပ်ကြတယ်။ အဲဒီမှာ မိန်းမတွေက ဘိလပ်မြေမှုန့်တွေ မြင်တော့ သူတို့အိတ်လေးတွေနဲ့ မလှည်းပဲ သပ်သပ်ဖယ်ထားတဲ့ ဘိလပ်မြေမှုန့်တွေကို ပြန်တဲ့အခါ သယ်သယ်သွားကြတယ်။
ဝန်ထမ်းတွေကလဲ အမှိုက်တွေဆိုတော့ ဘာမှ မပြောကြဘူး။
အဲဒီဘိလပ်မြေမှုန့်တွေက မြေမှုန့်ဘာညာရောလို့ မသန့်ပေမယ့် ရွာထဲက ကုန်စုံဆိုင် သူဌေးက အတီးက လက်ခံ ဝယ်တယ်။
ပြီးတော့ အစစ်တွေထဲ သက်သာတဲ့ နှုန်းနဲ့ ပြန်ရောင်းတယ်။

နောက်ပိုင်း အဲလို လုပ်နိုင်တာလဲ သိတော့ ရွာသားတွေက ဝန်ထမ်းတွေကို အခမဲ့ သန့်ရှင်းရေး လုပ်ပေးမယ်။ ဝမ်းဗိုက်ပေါ် ကျန်နေခဲ့တဲ့ ဘိလပ်မြေအမှုန့်တွေသာ ပေးပါ လို့ တောင်းဆိုတော့ ဝန်ထမ်းတွေက တစ်ချက်ခုတ် နှစ်ချက်ပြတ်လို့ သဘောကျတာနဲ့ ခွင့်ပြုလိုက်တယ်။ ခါတိုင်း သန့်ရှင်းရေးလုပ်လို့ ပေးရတဲ့ အဖိုးအခကို အိတ်ထဲ ထည့်ရတယ်လေ။ နောက် သဘောင်္လဲ သန့်ရှင်းရေး လုပ်ပြီးသား ဆိုတော့ သူတို့အတွက် ရှဥ့်လဲ လျှောက်သာ ပျားလဲ စွဲသာ ဖြစ်သွားတာပေါ့။

အဲဒီတော့ နောက်ပိုင်းတွေမှာ ရွာသားတွေ မည်သူမဆို တံမြက်စည်း ကိုယ်စီနဲ့ တက်လာကြတယ်။ အဲဒီ သတင်းကို ကြားတော့ ရွာနီးချုပ်စပ်က လူတွေပါ လာသယ်ကြတော့တာပေါ့...။
ဒီလိုနဲ့ ဘိလပ်မြေသင်္ဘောလာတဲ့ အချိန်ဆို အဲဒီ ရွာကလေးရဲ့ သဘောင်္ဆိပ်မှာ ပွဲဈေးတန်းလိုကို စည်ကားလို့...။

ဒီလိုနဲ့ လာသယ်တဲ့လူ များလာတော့ လူတွေရတဲ့ ကိုတာ အချိုးတွေက နည်းလာတယ်။ အတီးကလဲ ဈေးပေါပေါနဲ့ ရလေတော့ များများရအောင် ဝန်ထမ်းကို ပေါင်းပြီး လာဘ်ထိုးတယ်။ ဘိလပ်မြေ အိတ်အကောင်းကို ထိုးခွဲပြီး အပျက်အစီး စာရင်း တင်ဖို့။ နောက်ပိုင်းကျတော့ အဲလို တစ်အိတ်စ နှစ်အိတ်စ ထိုးခွဲတာတွေ ဖြစ်လာတယ်။

သယ်တဲ့သူတွေကလဲ သယ်နေတာပဲ။ ကိုတာကလဲ နည်းသထက် နည်းလာတယ်။ ခါတိုင်းဆို အမှိုက်သရိုက်တွေနဲ့ ရောနေတာတွေဆို မြစ်ထဲ ပစ်လိုက်တာကနေ အခုဆို အမှိုက်တွေပါ အိမ်ကို ပြန်သယ်ပြီးမှ သတ်သတ် ထပ်ရွေးရတဲ့ အထိ ဖြစ်လာတယ်...။

ကိုဘမောင်ကတော့ လူရိုးလူအေး ဆိုတော့ သူများတွေလို ဝန်ထမ်းနဲ့ မပေါင်းတတ်...။
လူကလဲ လူဖလံလေးဆိုတော့ ကူလီမထမ်းနိုင်။
သူများတွေလို့ တွန်းထိုးပြီး လုမသယ်တတ်တော့ သိပ်မရရှာဘူးပေါ့။
အဲဒီတော့ သိပ်မကျန်ရှာဘူး။


သူပိုးပန်းနေတဲ့ ရွှေမိကို လက်ဆောင် ပစ္စည်းလေး ရွာဘုရားပွဲ အမှီ ဝယ်ပေးချင်တဲ့ အာသီသလေးကလဲ ရှိရှာတယ်။ ဒီတစ်ခေါက် သဘောင်္လာရင်တော့ ဘယ်သူ့မှ အားနာမနေတော့ပဲ တွန်းတွန်းတိုက်တိုက် လုသယ်မယ် အားခံထားရှာတယ်။

သဘောင်္လာတဲ့ နေ့မှာ သူကိုယ်တိုင် စပါယ်ရှယ် ပြင်ဆင်ထားတဲ့ ပုဆိုးစုတ်လေးကို ယူပြီး သဘောင်္ကို ရွာသားတွေနဲ့ အတူ အပြေး လာခဲ့တယ်။

ဘိလပ်မြေတွေ အကုန်သယ်ပြီးတဲ့ အချိန်မှာ သဘောင်္ပေါ်ကို ကုန်းဘောင်တံတား သစ်သားပြားကနေ အပြေးတက်ကြတယ်။

ဝမ်းဗိုက်ထဲကို အကုန် ပြေးဆင်းကြတယ်။ တံမြက်စည်းတွေနဲ့ အပြိုင်ကျုံးကြတာပေါ့။ ဘိလပ်မြေမှုန့်တွေက လေထုထဲမှာ တစ်ထောင်းထောင်းကို ထနေလို့။ အဆုတ်ထဲ အမှုန့်တွေ ဝင်သွားတာကိုလဲ ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူး။ မြန်မြန်ရလေ များများရလေ စောစော ပြန်ရလေ။ စောစောရောင်းရလေ ညနေစာ စောစောစားရလေပေါ့။

လူတိုင်း တစ်ယောက်ကို တစ်ယောက် ဂရုမစိုက်အားတော့ဘူး။ ဘိလပ်မြေမှုန့်တွေ ကပ်နေလို့ မျက်နှာတွေ ဖြူဖွေးကုန်ပြီး မျောက်ရုပ်ပေါက်နေတာကိုလဲ မရယ်အားကြဘူး။ ကိုဘမောင်တစ်ယောက်ကတော့ အရင်ခေါက်ကတည်းက ကြည့်ထားတော့ ဝန်ထမ်းတွေ ထိုးဖောက်ထားတဲ့ ဘိလပ်မြေမှုန့်ကျနေတဲ့ နေရာကို သိနေတယ်။ သူက အေးဆေးပဲ။ သူများတွေလို လုသယ်မနေတော့ပဲ ဘေးနားက ရှပ်ပြီး ဟန်ပြလှဲနေတယ်။ ဒီလိုနဲ့ ဝမ်းဗိုက်နားမှာ ဘိလပ်မြေမှုန့်တွေ အမှိုက်သရိုက်တွေ ကုန်စင်သလောက် ဖြစ်နေပြီ။ ပြန်တဲ့ လူလဲ ပြန်နေပြီ။ ကိုဘမောင်ကတော့ မခွာသေး။ ဝန်ထမ်းတွေကလဲ လူတွေကို မောင်းထုတ်နေပြီ။ နောက်တစ်မြို့ကို သွားစရာ ရှိတယ်လေ။

ဝန်ထမ်းတွေက အကုန်ကုန်သွားပြီ ထင်ပြီး သဘောင်္ကို ကမ်းကနေ ခွာဖို့ လုပ်တယ်။
ကိုဘမောင်ကတော့ သူမြင်ထားတဲ့ ချောင်နားက ဘိလပ်မြေမှုန့်တွေကို စကျုံးတော့တယ်။ သယ်ဖို့ မေ့သွားလို့လား.. ကျန်ခဲ့တာကို မသယ်နိုင်လို့လား မသိဘူး။ ဘိလပ်မြေမှုန့်တွေဟာ အိတ်တစ်ဝက်သာသာလေး ပိုနေတယ်။ ကိုဘမောင် တစ်ယောက် ဒီတစ်ခေါက် သူယူလာတဲ့ ပုစိုးစုတ်က ဆိုဒ်သေးနေလို့ သူ့ကိုယ်သူတောင် အပြစ်တင်နေသေးတယ်။
မျက်လုံးထဲမှာတော့ ရွာဘုရားပွဲမှာ သူဝယ်ပေးတဲ့ ပါတိတ်စလေးနဲ့ လှနေမယ့် သူ့ချစ်သူလေးကို မြင်ယောင်ရင်း ဘိလပ်မြေမှုန့်တွေ ကျုံးသယ်နေတယ်။

“ဘော်.........”
ဘဘောင်္ထွက်ဖို့ အသံပေးတဲ့ ဥသြသံကြားမှ ကိုဘမောင် ကမ်းပေါ် ပြန်တက်ဖို့ သတိရတော့တယ်။ ရသလောက်ကို သယ်လာတာ လူတောင် လှမ်းရတာ အနိုင်နိုင်။ သဘောင်္ ကုန်းပတ်ပေါ် ရောက်တော့ ဝန်ထမ်းတွေက ကိုဘမောင်ကို မြင်တော့တယ်။ ကမ်းကလဲ ခွာနေပြီ။ ကုန်းဘောင်တံတားကိုလဲ သိမ်းထားလိုက်ပြီ။ မမှီတော့ဘူး။ ကိုဘမောင်က ကမ်းကို ခုန်တက်ဖို့ လုပ်တယ်။ ကမ်းပေါ်က လူတွေက မြင်တော့ ဘိလပ်မြေအိတ်ကို လွှတ်ချပြီး ခုန်ခဲ့ဖို့ ပြောတယ်။ ကိုဘမောင်တစ်ယောက် ချီတုံချတုံ ဖြစ်နေတယ်။ နောက်တော့ မိုက်ရူးရဲစွာနဲ့ ဘိလပ်မြေ ထုတ်ထားတဲ့ ပုဆိုးအိတ်နဲ့အတူ ခုန်ချလိုက်တယ်။

ရေထဲ သူကျသွားတယ်။ အိတ်ကို သူမလွှတ်ထားဘူး။ သူက ရေလဲ သိပ်ကူးတတ်တာ မဟုတ်ဘူး။ ခွေးကူးတောင် အနိုင်နိုင်ရယ်။ အခုလို အလေးအလံ ပစ္စည်းပါ ပါနေတော့ ပိုဆိုးတာပေါ့။ လူက ကူးလေ နစ်လေ ဖြစ်လာတယ်။
နောက်တော့ ခေါင်းတောင် မဖော်နိုင်တော့ဘူး ဖြစ်နေတယ်။ နောက်တော့ စုံးစုံးမြုပ်သွားလေရော....။

ကိုဘမောင် အလောင်းကို နောက်တစ်နေ့နေမှ ရွာအောက်ဖက်လောက်နားက မြစ်ကြမ်းပြင်မှာ တွေ့တော့တယ်။ သူသယ်လာတဲ့ ဘိလပ်မြေအိတ်လေးကို ရင်ခွင်မှာ မလွှတ်တမ်း ပိုက်ပြီး ခွေခွေလေး နစ်နေတာ။ မြင်သူတိုင်း စိတ်မခိုင်ကြဘူး။ မျက်ရည်လွယ်တဲ့ ရွာက မိန်းကလေး တစ်ချို့ ငိုနေကြတယ်။ ကိုဘမောင် ချစ်သူလေးကတော့ မျောသွားလို့ အိမ်ကို ပြန်ခေါ်သွားလိုက်ရတယ်။

ကိုဘမောင်ဟာသူ့ဘိလပ်မြေမှုန့်တွေကို ပလပ်စတစ်အိတ်ထဲ သေချာထည့်ထားပြီး ထုပ်ပိုးထားလေတော့ ရေတစ်စက်မှ မဝင်ဘူး။ အကောင်းအတိုင်း ရှိနေတုန်း။ သူ့လက်ထဲမှာ မလွှတ်တမ်း ဆုပ်ထားတာ လက်ကို မနည်း ဖြည်ရတယ်။ လေသင်တုန်း ရိုက်ခံထားရတဲ့ သူ့အမေ မုဆိုးမကတော့ သားအလောင်းကို မြင်ပြီး အင့်ခနဲ တစ်ချက်ရှိုက်ပြီး မေ့သွားလိုက်တာ မထနိုင်တော့ဘူး။ ကိုဘမောင် အလောင်း မြေကျတဲ့ အထိ အိပ်ရာပေါ်မှာ ကျန်နေခဲ့တယ်။

ကိုဘမောင် အလောင်းကို မြေမြုပ်ပြီး ဂူသွင်းလိုက်ကြတယ်။ သူသယ်လာတဲ့ ဘိလပ်မြေမှုန့်တွေနဲ့ အုတ်ဂူ ဆောက်ပေးလိုက်တာပေါ့။

နောက်တော့လဲ ရွာလေးလဲ သူ့ပုံမှန် အနေအထားအတိုင်း ပြန်ဖြစ်သွားလေရဲ့။



xxxxxxxxxxxxxxxxxxxxxxxx

“ဘော်...................”
ညနေ နေဝင်ချိန် ခြေခင်းသာချိန်လောက်ဆို ဒီလို သဘောင်္ ဥသြဆွဲသံကြားရင် ကိုဘမောင်တို့ ရွာသားတွေ ပျော်ကြတယ်။
ကိုဘမောင် အုတ်ဂူလေးကတော့ ရွာထိပ်က ညောင်ပင်အောက်မှာ ရေညှိတွေ တက်လို့.....။


=======================================================

မှတ်ချက်။ ။
ငယ်ငယ်တုန်းက ဖတ်မိတဲ့ ဝတ္ထုတစ်ပုဒ်ပါ...။
အဲဒါဘယ်သူရေးတာလဲ မသိဘူး။ မိုးမိုးလား မစန္ဒာလား...။
ဝတ္ထုတိုအနေနဲ့ မဟေသီလား သပြေလား ပါလာတတ်တယ်လေ။
ကိုယ်အဲဒီဝတ္ထုငယ်ငယ်က ဖတ်မိပြီး သနားလိုက်တာ
ကိုယ်သနားတဲ့ ဇာတ်ကောင်က သူက အဲဒီလို တက်ကျုံးတဲ့ ရွာသားထဲက တစ်ယောက်...။
ဘယ်နေရာမှ ကိုယ်မခံစားဘူး။ မြစ်ကြမ်းပြင်မှာ ဘိလပ်မြေထုတ်ကို လက်က မလွှတ်တမ်း ရင်ခွင်ထဲပိုက်လို့ ခွေခွေလေး ဆိုတာပဲ ဖတ်မိပြီး မြင်ယောင် စိတ်မကောင်း ဖြစ်နေတာ။

ဝတ္ထုနာမည်လေးနဲ့ စာရေးသူလေး သိချင်တယ်။
အခုက ကိုယ်ဖတ်ထားလို့ မှတ်မိသမျှလေးကို ပြန်ဆန်းသစ်လိုက်တာ။

ဝတ္ထုထဲမှာ ဘိလပ်မြေကို ဘယ်လို ထုပ်ထားတယ် ဆိုတာ မပါဘူး။ ပါလား မပါလား ဆိုတာ ကိုယ်မသေချာပါ။ ကိုယ်လဲ သတိမထားမိဘူး။ ကြီးလာမှ စဉ်းစားမိတာက တစ်ကယ်လို့ ပုဆိုးနဲ့ ထုပ်ထားရင် ရေစိမ့်ဝင်ပြီး ဘိလပ်မြေတွေ ခဲကုန်မှာပေါ့လို့။ (အခုတော့ နည်းနည်း ယုတ္တိတန်အောင် ပလပ်စတစ်နဲ့ ထုပ်ထားပေးလိုက်တယ်။ )
အရင်တုန်းက ဘိလပ်မြေ ဆိုတာ မရှိပဲ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ လုပ်တာတွေကို မြေစေးလား သရွတ်လား ခေါ်တာ ရှိပါတယ်။ အခုခေါ်နေတဲ့ ဘိလပ်မြေက အင်္ဂလိပ်တွေဆီကနေ တင်သွင်းလာတာ ဖြစ်လေတော့ ဘိလပ်က လာတဲ့ မြေ.. ဘိလပ်မြေလို့ ခေါ်ကြတာလို့ မှတ်ဖူးတယ်။

Thursday, October 21, 2010

"New ButterFly Dream " : Justic Pao's Movies Theme Song (ပြည်သူ့တရားရှင် ပေါင်ချိန် ဇာတ်ဝင်သီချင်း)



တစ်ခေတ်တစ်ခါက မြဝတီ ရုပ်မြင်သံကြားမှာ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ထုတ်လွှင့်ပြသသွားတဲ့ ပြည်သူ့တရားရှင် ပေါင်ချိန် ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်သီချင်းပါ။
ဒီသီချင်းသံကြားရင် အိပ်ချိန်တန်ပြီဆိုတာ အလိုလို သိတယ်။ အဲဒီတုန်းက အဖေက ဆေးရုံတက်နေတုန်း။
ဆေးရုံမှာ အဖေ့ကို စောင့်အိပ်ရင်းနဲ့ စစ်စတာတွေ အခန်းထဲ တီဗွီ သွားကြည့်ကြတယ်။ နာတာရှည် လူနာတွေနဲ့ အတူတူ ကြည့်ကြတာပေါ့။ ပေါင်ချိန် လာချိန်ဆို ဆရာမတွေလဲ ဝတ်ကျေတန်းကျေပဲ ရောင်းလှည့်တော့တယ်။ ဘယ်လှည့်မှာလဲ။ လူနာခန်းထဲက လူနာတွေ အကုန်လုံး လူနာရော လူနာရှင်ရော တီဗွီခန်း ရောက်နေတာကိုး။
ဒီသီချင်းနဲ့ ဇာတ်လမ်းပိတ်ချိန်ဆို အပြီးထိ ကြည့်ကြတာ များတယ်။ သီချင်းကလဲ ကောင်းတာကိုးဗျ...။
ဒီသီချင်းလေးကို အင်တာနက်ပေါ်မှာ တွေ့မိလို့ ထပ်လိုက်ရှာလိုက်တာ စာသားတွေပါ ရလာတယ်။ သီဆိုသူကတော့ Huang An လို့ သိရပါတယ်။ သီချင်းနာမည်ကတော့ အင်္ဂလိပ်လိုဆို New Butterfly Dream လို့ မှည့်ထားတယ်။ တရုတ်လိုကတော့ Xin Yuan Yang Hu Die meng လို့ ခေါ်ပါသတဲ့။


ဖိုးဆိုချင် မယ်ဆိုချင်များ လိုက်ဆိုလို့ရနိုင်အောင် အသံထွက်တွေကို အနီးစပ်ဆုံး ပေါ်ဖော်မော်ဖော် နဲ့ ရေးထားတယ်။


Huang An - Xin Yuan Yang Hu Die Meng


新鸳鸯蝴蝶梦 - 黄安

昨日像那东流水
Zuo Ri Xiang Na Dong Liu Shui
离我远去不可留
Li Wo Yuan Qu Bu Ke Liu
今日乱我心多烦忧
Jin Ri Luan Wo Xin Duo Fan You
抽刀断水水更流
Chou Dao Duan Shui Shui Geng Liu
举杯消愁愁更愁
Ju Bei Xiao Chou Chou Geng Chou
明朝清风四飘流
Ming Chao Qing Feng Si Piao Liu
由来只有新人笑
You Lai Zhi You Xin Ren Xiao
有谁听到旧人哭
You Shui Ting Dao Jiu Ren Ku
爱情两个字好辛苦
Ai Qing Liang Ge Zi Hao Xin Ku
是要问一个明白
Shi Yao Wen Yi Ge Ming Bai
还是要装作糊涂
Hai Shi Yao Zhuang Zuo Hu Tu
知多知少难知足
Zhi Duo Zhi Shao Nan Zhi Zu
看似个鸳鸯蝴蝶
Kan Shi Ge Yuan Yang Hu Die
不应该的年代
Bu Ying Gai De Nian Dai
可是谁又能摆脱人世间的悲哀
Ke Shi Shui You Neng Bai Tuo Ren Shi Jian De Bei Ai
花花世界
Hua Hua Shi Jie
鸳鸯蝴蝶
Yuan Yang Hu Die
在人间已是癫
Zai Ren Jian Yi Shi Dian
何苦要上青天
He Ku Yao Shang Qing Tian
不如温柔同眠
Bu Ru Wen Rou Tong Mian

Friday, October 1, 2010

Free Surgery by Team of German Doctors in Myanmar

အီးမေးလ်ထဲက ရလာတာလေးပါ။
ဂျာမဏီက ဆရာဝန်တွေ ကုသိုလ်ဖြစ် ဆေးကုပေးမယ့် အစီအစဉ်လို့ သိရပါတယ်။
နှုတ်ခမ်းကွဲ၊ နှာခေါင်းမှာ ဘုကြီးကြီးတွေ ထွက်တာ ဘာညာ ရောဂါတွေကို ခွဲစိတ်ပေးမယ့် အလှူလို့ သိရပါတယ်။
၂၀၁၁ ခုနှစ် ဇန်နဝါရီ လမှာ မြန်မာပြည်ကို လာပါမယ်တဲ့။
ရခိုင်ပြည်နယ် ငပလီနဲ့ သံတွဲအရပ်တွေမှာ အခမဲ့ ခွဲစိတ်ပေးမယ်လို့ သိရပါတယ်။
သွားစရိတ် နေစရိတ်ကတော့ ကိုယ်တိုင် ကျခံရမယ့် သဘော ထင်ပါတယ်။
အသေးစိတ် သိလိုသူများ အောက်က စာကို ဖတ်ပါ။
အချင်းချင်း လက်တို့ပေးလိုက်ကြပါလား။

Credit to : Ngu War Hlaing, MgLuAye Blog
-----------------------------------------------------------------------------------------------
Dear All,

Please distribute this mail to as widely as possible as it might help many children and young adults.

On January 1 to January 10, 2011 a team of German Doctors, Dr.Heinz Schoeneich and Interplast, will be Thandwe/ Ngapali to do free surgery of

- Cleft lips and cleft palates
- severe injuries from burns
- facial tumors, deformities, and fusions
- other skin tumors, e.g. on the back

The medical treatments/surgeries are organized by my friend Oliver E. (Esser) Soe Thet who lives in Yangon and his team.

Furthermore, Oliver arranges Meningocele operations in Yangon at the Neurological Department of the General Hospital. (Meningocele is a defect in the skull or spinal column forming a cyst filled with fluid which circulates around the brain or spinal cord; most visible kind of meningocele is a big cyst at the base of the nose forming a sort of "elephant nose").

If you have potential patients for the German team or for meningocele surgery please provide Oliver with

Name of the Patient (Male/Female)
Name of Father
Birthday of Patient
Village Name
Township, Area
Contact Number (Phone close by)
Description of Health Defect

Please call Oliver in Yangon at Tel 01 501123 or 09 5138411.

You can also send an email to Oliver, in particular if you should have any photos of the patient (you can copy me if you want): Oliver's email address is: angel@myanmar.com.mm.

Please don't hesitate to forward this email to Bishops, priests, other men and women congregations, religious communities, Karuna, YMCA, MCC, Christian Churches, Buddhist Monks and Muslim communities. Because of the location of the medical team and transport issues preference is on patients from Rakhine State and Chin State.

I hope you can help many members of your communities..

May God bless you all.

Gerhard

Dr Gerhard Baumgard

PEOPLE IN NEED - Gerhard Baumgard Stiftung,
Sakura Residence,
9, Inya Road, Kamaryut Township,
Yangon, Myanmar
Tel. +95 1 525001
Email: gerhardbaumgard@gmail.com