Friday, November 22, 2013

အမျိုးသားများ သိကောင်းစရာ

ကင်ဆာဆိုလို့ဗျာ...။
ဖတ်ဖူး မှတ်ဖူးတာတွေ ပြောပြချင်ပါတယ်။
မှားနေရင်လည်း သိတဲ့သူများ ဝင်ပြောပေးကြပါ...။

ယောက်ျားလေးတွေ မုတ်ဆိတ်ရိတ်ရင် မုတ်ဆိတ်ရိတ်ဓါးနဲ့ ရိတ်တာ များပါတယ်။
ကျွန်တော်လဲ မုတ်ဆိတ်ရိတ်ဓါးတွေ သုံးပါတယ်။ ဘလိတ်သွား နှစ်ခု သုံးခု ပါတယ်ဆိုတဲ့ အမျိုးအစားတွေ။
တစ်လောက အသည်းလေးက စက်နဲ့ ရိတ်တဲ့ ရိတ်စက် မသုံးဘူးလားလို့ မေးတယ်။
အဲဒီမှာ ကျွန်တော် ငယ်ငယ်က ဖတ်ဖူးတဲ့ စာလေး မှတ်မိသွားတယ်။
သုတစွယ်စုံလား သိပ္ပံမဂ္ဂဇင်းလားတော့ မသိဘူး။
စာခေါင်းစဉ်က အသံတိတ် လူသတ်သမားတဲ့။
မုတ်ဆိတ်ရိတ်ဓါးနဲ့ မုတ်ဆိတ်တွေ ရိတ်နေရင်းနဲ့ ကိုယ့်အသားအပေါ်ယံလွှာကိုပါ ရိတ်နေသလို ဖြစ်နေတယ်တဲ့။ ကြာလာရင် အရေပြားကင်ဆာ ဖြစ်လာနိုင်တယ်တဲ့။
အဲဒါလေးပဲ မှတ်မိတော့တယ်။ မဖြစ်အောင် ဘယ်လို ကာကွယ်မယ်ဆိုတာ ရေးထားလား ရေးမထားလား မမှတ်မိတော့ဘူး။

နောက်တစ်ခုက မိတ်ဆွေအပေါင်းအသင်းများဆီက ကြားဖူးတာ။
အမျိုးသမီးတစ်ယောက်ပေါ့လေ။ သူ့ယာကျာ်းက အရှက်သည်းတယ်။
ဝမ်းသွားရင် ကြာတယ်။ ဝမ်းချုပ်တတ်တဲ့ အကျင့် ရှိတယ် ထင်ပါတယ်။
အဲဒါ နေလာတာ.. သားသမီး ပွားစီးပြီး ငါးနှစ်လောက်လဲ ရောက်တော့ လိပ်ခေါင်း ဖြစ်နေတယ်ဆိုပြီး ခွဲဖြတ်လိုက်ရတယ်။ နောက်မှ သိတာက စအို ကင်ဆာတဲ့။
ခွဲပြီးနောက်ပိုင်း လူကောင်းသူကောင်းရယ် မဖြစ်တော့ပဲနဲ့ ဆုံးသွားရှာတယ်။

အခုလဲ တစ်ယောက်က လာပြလို့ ယူထုလင့်ခ်တစ်ခု တွေ့လိုက်ရတယ်။
ယောက်ျားသားများမှာ ဖြစ်တတ်တဲ့ ဝှေးစေ့ ကင်ဆာတဲ့...။
မဖြစ်ခင် ကြိုသိရင် ကာကွယ်နိုင်တယ်တဲ့...။
ကိုယ်တိုင် လက်နဲ့ စမ်းသပ်ပြီး ဖြစ်မဖြစ် သိရှိနိုင်ပါတယ်တဲ့။
အောက်က ကော်မန့်တွေမှာတော့ ကောင်လေးတစ်ယောက် အဲဒီ ယူထုကို ကြည့်ပြီး စမ်းလိုက်တာ သံသယ ရှိလို့ ဆရာဝန် သွားပြတော့ ပထမဆုံး အဆင့် ဖြစ်နေတာတဲ့..။ အဲဒါနဲ့ ကုလိုက်တာ ပျောက်သွားပြီတဲ့။
ကိုယ်တိုင် စမ်းပြီး ဘာကို တွေ့မှ ဖြစ်တယ် မဖြစ်ဘူးဆိုတာ သိပ်တော့ နားမလည်ဘူး။ ဆရာဝန်ဆီ ပြမှပဲ သိမယ် ထင်ပါ့။
အမျိုးသားများ ဆင်ခြင်နိုင်အောင်ပါ။
(ဗီဒီယိုကတော့ မဆိုစလောက်လေး ကြမ်းမယ်။ ၁၈+ လို့ ခပ်ပါးပါး တပ်ပေးလိုက်တယ်ဗျာ။)
https://www.youtube.com/watch?v=oGgByLLQwSw