Thursday, July 9, 2009

ပေါက်တတ်ကရ အိတ်တီ့ အပိုင်း (၉)

ဒီနေ့ ကြာသပတေးနေ့ ဇူလိုင် ၉ ရက်နေ့။
အာခေါင်နဲ့ နှာခေါင်းပြွန် နှစ်ခု ဆုံတဲ့နေရာမှာ နာသလိုလို ဖြစ်နေတယ်။ ဟိုတစ်ညတွေဆီက အကျီင်္ချွတ်နဲ့ နေခဲ့တဲ့ ဒဏ်တွေပေါ့။ ချက်ချင်း မဖြစ်ပဲ စုပြီးခါမှ ဖြစ်နေတယ်။ ခုတစ်လော တုပ်ကွေးလေးများ ခေတ်စားနေတော့ ကွေးမလား မသိဘူး။ ရာသီဥတုက အေးတဲ့ဘက်ကို ကဲလာတယ်။ ညဆို စောင်ပါးပါးတောင် ခြုံနေရတယ်။ အိပ်ရာခင်း မလျှော်ရတာ တစ်ပတ်တောင် ကျော်သွားတယ်။ ဒီစနေတော့ လျှော်လိုက်မယ်လေ။ စကားမစပ် အိမ်မှာ တီဗွီ အသစ်လဲလိုက်တယ်။ မြိုးလမ်းညွှန်ပေးလို့ပါ။ ခုတော့ စိတ်လက်ချမ်းသာစွာနဲ့ ကြည့်နေတယ်။ အရင် အိမ်ရှင့်တီဗွီက စီအာတီ အမျိုးအစား။ ကြည့်လာတာ ကြာပြီ။ လမုတ်မရှိ ဘာမရှိ။ ချန်နယ် ပြောင်းချင်ရင် ရှေ့က ဘုသီးလေး သွားနှိပ်၊ ပိတ်ချင်ရင် ပါဝါခလုတ်ကို ထောက်ကနဲ နှိပ်။ မျက်နှာပြင် ဘေးနှစ်ဘက် အလယ်ကနေ အတွင်းကို ကျုံ့လာတယ်။ ကြာရင် ပျက်တော့မှာပဲ ဆိုပြီး ပစ်ထားတာ။ ပြင်မယ်ဆို ၂၀၀ ကျော်တဲ့။ တော်ပါပြီလေ။ ဆင်ဖိုးထက် ချွန်းဖိုးကြီးနေတယ်။ အခု အသစ်လေးနဲ့ဆိုတော့ ဟန်ကျ။

အဲ.. ခုတစ်ယော စက်ပစ္စည်းနဲ့များ နှစ်ပါးသွားရမလား မသိဘူး။ အရင် အင်တာနက်လိုင်း လျှောက်တုန်းက အခမဲ့ပေးတဲ့ HP iPaq 612C ဆိုတဲ့ ဖုန်းလေးပေါ့။ နောင်တော်ကြီးသုံးနေတာ။ သူက Touch Screen နဲ့ Key Pad ပါတာလေး။ ခုတော့ Touch Screen ဘယ်ဘက်ခလုတ်ကို နှိပ်ရင် အဆင်ပြေနေပေမယ့် ညာဘက်က ခလုတ်ကို နှိပ်ရင် ဘယ်ဘက်ကိုပဲ Active ဖြစ်နေတယ်။ တတ်သလောက် မှတ်သလောက် ပြင်ကြည့်ပါတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ သူက WinMo လို့ခေါ်တဲ့ Windows Mobile 6.0 အမျိုးအစား စက်မောင်းနှင်စနစ် ကို သုံးထားတာလေ။ ဝင်းဒိုးဆိုတာ ဒီမောင်က ကျွမ်းနေပြီးသားဆိုတော့ ကလိတာပေါ့ဗျာ။ ဘယ်လိုမှ ပြန်ပြင်လို့ မရတာနဲ့ စက်ထဲမှာ ပါလာတဲ့ Factory Setting ဆိုတာကို နှိပ်ပစ်လိုက်တယ်။ အေးရော။

ဒါနဲ့ အဆင်ပြေသွားတယ်လို့ မမျှော်လင့်ပါနဲ့။ ဖုန်းကို ပါဝါပြန်ပိတ်ပြီး ပြန်ဖွင့်တော့ ပုံမှန်အတိုင်း ဝင်ဒိုးအသစ် တင်သလိပါပဲ စက်ကို Touch Function အလုပ်လုပ်အောင် Calibration ဆိုတာ လုပ်ပေးရပါတယ်။ သူပြတဲ့ ပွိုင့်တွေမှာ ကိုယ်က stylus ပဲန်လေး တစ်ချောင်းနဲ့ လိုက်ထောက်တာပေါ့ဗျာ...။ သေချာအောင် သူပြတဲ့ တားဂက် အလယ်ကို ထောက်ပြီး ထောက်ထားတာကို သဘောတူကြောင်း ဖိပေးရတယ်ဗျ။ အဲဒီကျတော့မှ စက်က တစ်ခြား ပွိုင့်ကို ပြပြီး ထပ်နှိပ်ခိုင်းတယ်။ ဘယ်၊ ညာ၊ အပေါ်၊ အောက်၊ ထောင့်လေးထောင့်နဲ့ အလယ်တည့်တည့်မှာ ပွိုင့်တွေ နှိပ်ပြီးတာနဲ့ အစကို ပြန်လည်သွားတယ်။ အော် ကိုယ်လုပ်တာ မတိကျလို့ သူအစက ပြန်လုပ်ခိုင်းတာ နေမှာဆိုပြီး ပြန်လုပ်ပေးသေးတယ်။ နောက်တော့ အစကိုပဲ ပြန်ပြန် လည်နေတော့ ဒါ မဖြစ်ချေဘူး ဆိုပြီး စက်ကို ပါဝါပိတ် ပြန်ဖွင့်လုပ်သော်ငြား ဘယ်လိုမှ အဆင်မပြေတော့ပါ။

ဒါနဲ့ ဆားဗစ်စင်တာကို ညကြီး ၁၂ နာရီလောက်မှာ ဆက်သွယ်ရတာပေါ့။ ဒီအချိန်ကြီးတော့ ဖုန်းsupport တော့ ဘယ်ပေးလောက်တော့မလဲ။ HP Website ထဲမှာ Online Chat Support ဆိုတာ ရှိနေတော့ အဲဒါကို အားကိုးရတာပေါ့။ အိန္ဒိယနာမည်နဲ့ အင်ဂျင်နီယာ တစ်ယောက် တက်လာပါတယ်။ သူက ဖြစ်ကြောင်းရယ် ကုန်စင်ကို စုံကလုံစေ့နေအောင် မေးမြန်းပြီးသကာလ သူပြောတဲ့အတိုင်း လိုက်လုပ်ပါတဲ့။ သူပြောတာတွေက ကိုယ်လုပ်ပြီးသား၊ စမ်းပြီးသားတွေ ဖြစ်နေတယ်။ လုပ်ပြီးသားလို့ ပြောပေမယ့်လဲ ကိုရွှေအိန္ဒိယက လက်မခံပဲ သူပြောတဲ့ အတိုင်း step by step လုပ်ပေးပါတဲ့။ အတွန့်မတက်နဲ့ ဆိုတဲ့ သဘော။ အေးပေါ့လေ. လုပ်ရတာပေါ့။ လုပ်တယ်။ မရပါ။ နောက်တစ်နည်း ပြောင်း မရ...။ နောက်တစ်နည်း မရ။ သူပြောတာတွေက မောင်ဘွိုင်း လုပ်ပြီးသားတွေ။ နောက်ဆို သူတို့ support မှာ ကိုယ်ပဲ သွားလုပ်တော့မယ်။ ဆိုတော့ မနက် ၃း၃၀ နာရီ လောက် ရောက်သွားတယ်။ ကိုယ်လဲ အိပ်ချင်တော့တာနဲ့ မလုပ်တော့ဘူး ဆိုပြီး စက်ပိတ် အိပ်လိုက်တော့တယ်။ နောက်မှ အလက်ဇန္နားလမ်းထဲက သူတို့ ဆားဗစ်စင်တာကိုပဲ ပို့တော့မယ်။ အထဲက 4GB memory card လေးတော့ မှတ်မှတ်ရရ ဖြုတ်ထားလိုက်တယ်။

ဟိုတစ်လောက မောင်မင်းကြီးသား ထိုင်းက ဘလော့ဂါတစ်ယောက်နဲ့ တွေ့ဖို့ချိန်းတဲ့ညမှာ ဖူနန်ကို ရောက်ဖြစ်သေးတယ်။ အပေါ်ဆုံးထပ်က Challenger မှာ တီဗွီနဲ့ချိတ်ဖို့ ကေဘယ်လိုက်ရှာနေတာ။ HDMI Cable ပေါ့။ ရွှေ၂၄ ကာရက် ကွပ်ထားတယ် ဆိုတဲ့ အမျိုးအစားကို ၃ မီတာ အစားထဲက ဝယ်လာတယ်။ HDMI 1.3 အမျိုးအစားပေါ့။ အော်ဒီယို၊ ဗွီဒီယို နှစ်မျိုးစလုံးကို တစ်ကြိုးထဲ သွားတယ်။ HD data များကို streaming ကောင်းကောင်း ပို့နိုင်တယ် ဆိုပဲ။

ဖူနန်ကနေ အင်းလေးကို ရောက်ခဲ့တယ်။ ထိုင်းက လာလည်တဲ့ ဘလော့ဂါနဲ့ တွေ့တယ်။ နောက် စင်ကာပူက ဘလော့ဂါမမ တစ်ယောက်နဲ့ တွေ့တယ်။ စားပြီး သောက်ပြီး ဒူးရင်းသီးဘက် လမ်းလျှောက်ထွက်ခဲ့တယ်။ (စကားမစပ် အဲဒီနေ့က ငါးခူကြော် တော်တော်ငန်တယ်။) ဒါ့ပုံတွေ ရိုက်လို့ပေါ့။ ပြီးတော့ မိုးကြိုးခ ခံရတဲ့ ခြင်္သေ့ကို သွားတယ်။ နောက် ဝမ်းဖူလာတန်ကနေ ဖူလာတန် ဟိုတယ်ကို မြေအောက်ဥမင်ကနေ လျှောက်ပြန်ခဲ့တယ်။ ဘုတ်ကီးနားရောက်တော့ လမ်းခွဲပြန်တယ်။

Blu Ray Player များ လိုက်ဖတ်ကြည့်တော့ သူ့မှာ ဗားရှင်းတွေ သုံးမျိုး ရှိသတဲ့။ profile 1.0, profile 1.1, profile 2.0 ဆိုပြီး ခွဲထားသတဲ့။ profile 1.0 က စစဦးဆုံး ပလေယာတွေမှာ ပါလာတာ ဖြစ်တယ်။ သူက ဘလူးရေး အခွေတွေကို ကြည့်ရုံသာ ကြည့်နိုင်တယ်လို့ ပြောတယ်။ profile 1.1 ပလေယာများမှာကျတော့ မူရင်းဇာတ်လမ်း ကြည့်နေတုန်း scene တစ်ခုရောက်နေရင် အဲဒီ scene ကို ဘယ်လို ရိုက်ခဲ့ရတယ် ဆိုတာကို သရုပ်ဆောင်များ၊ ဒါမှ မဟုတ် ဒါရိုက်တာက ပြောပြတာကို ပုံအသေးလေးနဲ့ ထောင့်မှာပေါ်နေအောင် လုပ်ပေးနိုင်တဲ့ function လို့ ဆိုပါတယ်။ နောက်ဆုံး အမျိုးအစား ဖြစ်တဲ့ profile 2.0 ကျတော့ ပလေယာမှာ အင်တာနက်နဲ့ ချိတ်ဆက်ဖို့ Ethernet Port, USB port များ ပါလာပြီး အခွေတစ်ခွေ ထည့်လိုက်ရင် အဲဒီ အခွေနဲ့ ပါတ်သက်တာတွေကို အင်တာနက်ကနေ ဒေါင်းလုဒ် အော်တိုလုပ်ပေးတဲ့ ဖန်ရှင် ပါတယ်လို့ ဆိုပါတယ်။ နောက်ဆုံးရ သတင်းများအရ အဆိုပါ profile တွေဟာ ဘလူးရေး နည်းပညာ စထွင်ကတည်းက တွေ့ရှိပြီးသား ဖြစ်ပေမယ့် ထုတ်လုပ်သူများက တစ်ခါတည်း ထည့်ပေးလိုက်ရင် စားပေါက်ပိတ်မှာ စိုးရိမ်ကြပြီး တစ်ဆင့်ပြီးတစ်ဆင့် အဆင့်ဆင့် ထုတ်ရောင်းတာ လို့ ဆိုပါတယ်။ အဲဒီအချက်တွေကြောင့် တစ်ချို့သော ထုတ်လုပ်သူတွေဟာ အသစ်အဆန်း မဟုတ်တဲ့ ဒီနည်းပညာကို profile ထိန်ချန်ခြင်း မပြုပဲ အကုန်ထည့်သွင်းပြီး ထုတ်လုပ်ဖို့ ပြင်ဆင်နေပါ့တယ်။ နောက်တစ်ခုကတော့ ဈေးနှုန်းတွေဟာ ထိုးကျလာတော့မယ် ဆိုတာပါပဲ။ အရင်တုန်းက ဘလူးရေး ပလေယာတစ်ခုဟာ ထောင်ဂဏန်းချီ ပေးရပါတယ်။ အခုတော့ ရာဂဏန်း အနည်းငယ်သာ ကျသင့်တော့မယ်လို့ သိရပါတယ်။

ဘလူးရေး ဆိုတာ အကြမ်းဖျင်း ပြောရရင်တော့ ပုံဖေါ်စွမ်းရည် ၁၉၂၀ x ၁၀၈၀ ရှိတဲ့ နည်းပညာ ဖြစ်ပါတယ်။ ပုံဖေါ်စွမ်းရည် များလေ ရုပ်ပုံများ အသေးစိတ်မြင်ရလေ ဖြစ်ပါတယ်။

Wednesday, July 8, 2009

Starhub : Internet on Mobile အကြောင်း သိကောင်းစရာ။

တိုးတက်လာတဲ့ နည်းပညာများကြောင့် အခုအခါ မိုဘိုင်းဖုန်းတွေမှာ အင်တာနက်တွေ သုံးစွဲလို့ရနိုင်ပါပြီ။ ကျွန်တော်လဲ သူများ သုံးတာ မြင်တော့ သုံးချင်တာမို့ ဘယ်လိုလုပ်ရမလဲဆိုပြီး ကိုယ် Voice Plan ယူထားတဲ့ Telco ဖြစ်တဲ့ Starhub ဆီမှာ အင်တာနက်ပလန်လေးများ ရှိကောင်းပါရဲ့ဆိုပြီး စုံစမ်းထားတာလေးတွေ ဝေမျှချင်တာပါ။ (၂၀၀၉၊ ဇူလိုင် ၇ရက်နေ့အထိ Update ပါ။)

Star Hub Mobile Internet plan ကို Max Mobile ဆိုပြီး ခေါ်ဆိုကြပါတယ်။ အဲဒီမှာ နှစ်မျိုး နှစ်စား ရှိပါတယ်။

၁။ ပထမ တစ်ခုက မိုဘိုင်းပေါ်မှာ သုံးရတဲ့ အမျိုးအစား ဖြစ်ပါတယ်။ အဲဒီမှာ ပလန် သုံးမျိုး ခွဲထားပါတယ်။

၁.က - Max Mobile Lite
သူကတော့ လစဉ်ကြေး မပါပဲ ကြိုက်သလောက်သုံး၊ ကျသလောက်ပေးတဲ့ စံနစ်ပါ။ Excess Charges 1.07 cents/KB နှုန်းနဲ့ ဆောင်ရပါမယ်။ အများဆုံး $၉၄.၁၆ ပေးရပါတယ်။ One Time Registration Fees $၁၀.၇၀ (incld GST) ပေးရပါတယ်။ လောလောဆယ်တော့ အဲဒီ မှတ်ပုံတင်ခကို ဖရီးပေးထားပါတယ်။

၁.ခ- MaxMobile Value
သူကတော့ လစဉ်ကြေး ၁၀.၇၀ ကျပ်ပါ။ လောလောဆယ် လစဉ်ကြေးကို ၅၀% လျှော့ပေးထားပါတယ်။ ၅.၃၅ ကျပ်ပဲ ပေးဆောင်ရပါမယ်။ ၂၀၀၉ ဒီဇင်ဘာအထိ ပရိုမိုးရှင်းပါ။ ဒေတာကို ၁၀ မက်ဂါဘိုဒ် လစဉ် ဖရီး ပေးထားပြီး ဒေတာသုံးစွဲမှု ပမာဏ ကျော်လွန်သွားရင်တော့ Excess Charges 0.32 cents/KB နှုန်းနဲ့ ဆောင်ရပါမယ်။ အများဆုံး $၃၆.၃၇ ပေးရပါတယ်။(လစဉ်ကြေး အပါအ၀င်+ဒေတာ ပိုမိုသုံးစွဲခ) ။ One Time Registration Fees $၁၀.၇၀ (incld GST) ပေးရပါတယ်။ လောလောဆယ်တော့ အဲဒီ မှတ်ပုံတင်ခကို ဖရီးပေးထားပါတယ်။

၁.ဂ- MaxMobile Premium
သူကတော့ လစဉ်ကြေး ၁၉.၉၀ ကျပ်ပါ။ ဒေတာကို ၁ ဂစ်ဂါဘိုဒ် လစဉ် ဖရီး ပေးထားပြီး ဒေတာသုံးစွဲမှု ပမာဏ ကျော်လွန်သွားရင်တော့ Excess Charges 0.32 cents/KB နှုန်းနဲ့ ဆောင်ရပါမယ်။ အများဆုံး $၃၆.၃၇ ပေးရပါတယ်။(လစဉ်ကြေး အပါအ၀င်+ဒေတာ ပိုမိုသုံးစွဲခ) ။ One Time Registration Fees $၁၀.၇၀ (incld GST) ပေးရပါတယ်။ လောလောဆယ်တော့ အဲဒီ မှတ်ပုံတင်ခကို ဖရီးပေးထားပါတယ်။


၂။ နောက်တစ်ခုက ပီစီ၊ လပ်ပ်တော့ပ်များနဲ့ ချိတ်ပြီးတော့ အင်တာနက် သုံးဖို့ အမျိုးအစား ဖြစ်ပါ။ Mobile Broadband လို့လဲ ခေါ်ပါတယ်။ သူက USB Modem Device ထဲမှာ 3G SIM Card ထည့်သုံးရတာမျိုးပါ။ ဗွိုက်ပလန် မယူပဲ ဒေတာ ပလန်သာ ယူချင်သူတွေအတွက် အဆင်ပြေပါတယ်။ Device အတွက် သတ်သတ် ၀ယ်ယူရပါတယ်။ သူလဲ သုံးမျိုး ခွဲထားပါတယ်။

၂.က- Max Mobile SurfLite
သူကတော့
2Mbps download speed mobile broadband plan အမျိုးအစားဖြစ်ပြီး လစဉ်ကြေးကတော့h $38.72 w/GST per month ဖြစ်ပါတယ်။ One Time Registrations Fees $၁၀.၇၀ (incld. GST) ပေးရပါမယ်။ ဆင်းကဒ်အတွက် ၄၇ ကျပ်လောက် ပေးရပါမယ်။ USB Modem Device ကို ဈေးလျှော့ရောင်းချပေးတတ်ပါတယ်။

၂.ခ- MaxMobile Ultimate
သူကတော့ 7.2Mbps download speed mobile broadband plan အမျိုးအစားဖြစ်ပြီး လစဉ်ကြေးကတော့h $72.76 w/GST per month ဖြစ်ပါတယ်။ One Time Registrations Fees $၁၀.၇၀ (incld. GST) ပေးရပါမယ်။ ဆင်းကဒ်အတွက် ၄၇ ကျပ်လောက် ပေးရပါမယ်။ USB Modem Device ကို ဈေးလျှော့ရောင်းချပေးတတ်ပါတယ်။

၂.ဂ- MaxMobile Prepaid :
ဒီအမျိုးအစားကတော့ ခဏတာ အလည်အပတ် ရောက်ရှိတဲ့ ခရီးသွားဧည့်သည်များ အင်တာနက် ခဏတစ်ဖြုတ် သုံးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ၁၈ ကျပ်တန် ထုတ်ထားတယ် ထင်ပါတယ်။ သူလဲပဲ ယူအက်စ်ပီ ဒီဗိုက် ၀ယ်မှ ရမယ် ထင်တယ်။

တစ်လောက ဖုန်းမှာ အင်တာနက်သုံးချင်လို့ လိုက်ဖတ်ရာက သိထားတဲ့ အချက်တွေပါ။ အပ်ပ်ဒိတ် အချက်အလက်နဲ့ ပရိုမိုးရှင်းကိုတော့ သက်ဆိုင်ရာ စတားဟဘ် ၀က်ဘ်ဆိုဒ်မှာ ဖတ်နိုင်ပါတယ်။

စကားမစပ် အရင်က စတားဟပ်ဘ် ဆိုဒ် လေးအောက်တွေက ဖတ်ရလွယ်တယ်။ အခု ဇူလိုင်လကနေ စပြီးပြောင်းသွားတဲ့ လေးအောက်က မျက်စိလည်စရာကြီး ဖြစ်နေတယ်။

Tuesday, July 7, 2009

IRC Chat မှ ဟာသများ (၃)

T-Wolf : man, my girlfriend left me for some faggot named robert (ငါ့ရည်းစားလေ ရောဘတ်ဆိုတဲ့ ကောင်နောက်ပါသွားတယ်။)
RdAwG20 : you don't live in Hope mills do you? (Hope Mills မှာ နေတာ မင်းလား။)
T-Wolf : ya, why man? (ဟုတ်တယ်လေ ဘာလို့လဲ.)
RdAwG20: lol, just wondering, was her namne alisson? (ဟီး.. သိချင်ရုံ သက်သက်ပါ။ အဲ့ကောင်မလေး နာမည်က Alisson လား)
T-Wolf : you mother f**ker (ေ-ာက်ခွေး..။)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကောင်းကောင်း လက်စားချေလိုက်တယ်။ :P

death09း my girlfriend broke up with me and sent me pix of her and her new boyfriend in bed
ktp753း ouch.
death09း yeah.i sent them to her dad

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တွေ့လား...။ သူတို့ကို ဘယ်သူမှ ဂရုမစိုက်ကြဘူး။

Th3No0bး Im going to be the next hitler
Th3No0bး Im going to kill all the jews and 1 clown
RageAgainsttheAmishး why the clown
Th3No0bး See? no one cares about the jews
RageAgainsttheAmishး lmao

lmao ဆိုတာ Laugh My A** Outရဲ့ အတိုကောက်ပါ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လွဲချက်ကယ်နာ...။

Jeedo : hey baby, whats up?
Indidge : umm....nothing?
Jeedo : So....want me to like come over today so we can xxxx?
Indidge : Wait....did you want to speak to my daughter?
Jeedo : Yes Mrs.Miller.. :-/

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အေး အဲဒါ နင်ပဲ။

Night-hen-gayle : I gotta go. There's a dude next to me and he's watching me type, which is sort of starting to creep me out. Yes dude next to me, I mean you.

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Sonium : someone speak python here?
lucky : HHHHHSSSSSHSSS
lucky : SSSSS
Sonium : the programming language

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Sui88 : 67% of girls are stupid
V-girl : i belong with the other 13%


Monday, July 6, 2009

IRC Chat မှ ဟာသများ (၂)

#330261 +(15348)- [X]

i8b4uUnderground> d-_-b
BonyNoMore> how u make that inverted b?
BonyNoMore> wait
BonyNoMore> never mind

ရှင်းလင်းချက်။ ။ပထမ တစ်ယောက်ကို ဒုတိယလူက b ပြောင်းပြန် ဘယ်လိုလုပ်ရလဲ လို့ မေးပြီးမှ ဘယ်လို လုပ်ရတယ်ဆိုတာ သူပြန်သတိရသွားလို့ wait never mind လို့ ပြန်ပြောလိုက်တာပါ။ ဘဘောပေါက်လား မသိဘူး။ အဲဒါ ဒီပို့စ်ရဲ့အသက်ပဲ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

#23601 +(14245)- [X]

mage> what should I give sister for unzipping?
Kevyn> Um. Ten bucks?
mage> no I mean like, WinZip?

ရှင်းလင်းချက်။ ။ mage က သူ့ညီမလေးကို Unzipping အတွက် ဘာပေးရမလဲ မေးတာကို Kevyn က ပိုက်ဆံ တစ်ဆယ်ပေးပြီး unzip လုပ်ခိုင်းတာပါ။ ကိုယ်သန်ရာသန်ရာ တွေးကြတာပေါ့လေ။ နောက်မှ mage သဘောပေါက်သွားပြီး သူ unzip လုပ်ချင်တာက ကွန်ပြူတာထဲက WinZip Software ကို Unzip လုပ်ခိုင်းတာပါ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

#835030 +(14089)- [X]

Khassaki> HI EVERYBODY!!!!!!!!!!
Judge-Mental> try pressing the the Caps Lock key
Khassaki> O THANKS!!! ITS SO MUCH EASIER TO WRITE NOW!!!!!!!
Judge-Mental> fcuk me

ရှင်းလင်းချက်။ ။ပထမ တစ်ယောက်ကို ဒုတိယလူက စာလုံးကြီးနဲ့ မရေးဖို့ Caps Lock key ကို Press လုပ်ပြီး ပိတ်ခိုင်းတာပါ။ သူထင်နေတာ ပထမတစ်ယောက်က အဲဒါကို On ထားတယ် ထင်လို့ပါ။ တစ်ကယ်တော့ ပထမ တစ်ယောက်က Shift key ကို နှိပ်ပြီး စာလုံးကြီးတွေ ရိုက်နေရတာပါ။ ဒုတိယ လူ အကြံပေးတော့ shift နှိပ်စရာ မလိုတော့လို့ ကျေးဇူးတင်တာမှာ ဒုတိယလူ ဘုရားတ ရတော့တာပဲ။ (ဘာသာပြန်လိုက်ရင် မကျွမ်းတော့ အရသာ ပေါ့သွားတယ်ဗျာ။)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

#258908 +(13469)- [X]

Ben174> : If they only realized 90% of the overtime they pay me is only cause i like staying here playing with Kazaa when the bandwidth picks up after hours.
ChrisLMB> : If any of my employees did that they'd be fired instantly.
Ben174> : Where u work?
ChrisLMB> : I'm the CTO at LowerMyBills.com
*** Ben174 (BenWright@TeraPro33-41.LowerMyBills.com) Quit (Leaving)

Ben174 က သူ့ရုံးမှာ အိုတီ လုပ်တာ ၉၀%က သူချက်ဝင်တာ ဘာညာ ပေါ့လေ။ ရုံးက မသိဘူး ဆိုပြီး ရုံးကို သူတစ်ပတ်ရိုက်နိုင်တာကို ChrisLMBကို ပြောနေတာ။ ChrisLMBက ငါ့ဆီက ဝန်ထမ်းသာ အဲလိုလုပ်ရင် တစ်ခါတည်း ဖြုတ်မယ်လို့ ပြောတာပေါ့။ အဲဒီမှာ Ben174 က နင်ဘယ်မှာ လုပ်တာလဲလို့ မေးတော့ Chris က ငါက LowerMyBills.com က CTO လို့လဲ ဆိုရော Ben174 က လစ်ပြေးပါလေရော။ Ben174 ရဲ့ အီးမေးလ်နားက ဒိုမိန်းကို သတိထားဖတ်ကြည့်ပါ။ ဟားဟား။

အင်း။ နားမလည်တဲ့သူတွေ များတယ်ဆိုလို့ ရှင်းလင်းချက်ကို နောက်မှ ထပ်ဖြည့်လိုက်တာပါ။ ဒီမိုး၊ ဒီလေ၊ ဒီရေနဲ့ဆို ဒီလိုပို့စ်တွေ ဆက်တင်ချင်မှ တင်ဖြစ်တော့မယ် ထင်ပါ့။

Sunday, July 5, 2009

လူမိုက်

ခွင့်သာခိုက်မှ မလိုက်ချင်
အမိုက် နင့်ပြင် ရှိသေးလား။
ခွင့်သာတုန်းမှ မရုန်းချင်
အရှုံးနင့်ပြင် ရှိသေးလား။
ခွင့်သာဆဲမှ မခဲချင်
အလွဲနင့်ပြင် ရှိသေးလား။

မာန်လည်ဆရာတော် ရေးစပ်ခဲ့တဲ့ ကဗျာတစ်ပုဒ်လို့ သိရပါတယ်။ အဲဒီကဗျာထဲ ပါတဲ့အတိုင်း လောကကြီးမှာ ရခဲလှတဲ့ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ခြင်း မပြုပဲ လက်လွှတ်လိုက်တဲ့ လူ့အန္ဓ၊ ဗာလနံ၊ လူမိုက်များစွာ ရှိသေး/ဆဲ/လတ္တံ့ ဆိုတာကို သိလိုက်ရတယ်။

ဆင်သေထက်က ကျီးငမိုက်သား။

Saturday, July 4, 2009

Bangkok Trip 9 နတ်မိမယ်တို့ ပျော်စံရာ (၉)

ဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)
Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)
Bangkok Trip 6 နတ်မိမယ်တို့ ပျော်စံရာ (၆)
Bangkok Trip 7 နတ်မိမယ်တို့ ပျော်စံရာ (၇)
Bangkok Trip 8 နတ်မိမယ်တို့ ပျော်စံရာ (၈)

အခုတစ်ခေါက်တော့ ပုံတွေပဲ တင်သွားပါမယ်။ လိုအပ်တဲ့ နေရာမှာ စာညွှန်းလေး ထည့်ပေးပါမယ်။

လိမ္မော်ရည်တွေ။ အသီးကနေ လတ်လတ်ဆတ်ဆတ် ညစ်ပေးထားတာ။ ဘတ်၂၀တဲ့။

ဖရဲသီး လတ်လတ်ဆတ်ဆတ်... ဂျွမ်းကနဲ ကိုက်စားလိုက်တယ်...။

အုန်းစိမ်းရည်တွေ တစ်လုံး ဘယ်လောက်ပါလိမ့်... မေ့သွားပြီ...။ ၁၀ ဘတ် ထင်တယ်။

အော်တိုပတ်စ်ကင်... “အားဟန်ထလေး” တွေ...။

ဝက်အူချောင်းနဲ့ အီဆန် ထမင်းချဉ်တွေ...။ ဆိုက်ကလော် နဲ့ ဆိုက်အို...။

ဒါက ဆိုက်အိုစစ်စစ်...။

ငြုပ်သီးထောင်းမလား...။ ငြုပ်ဆုံ ကောင်းကောင်းတော့ လိုလိမ့်မယ်။ လာနော်.. ဆုံကောင်းကောင်းတွေ...။

ညရောက်တော့ လမ်းဘေးမှာ ၀မ်းဖြည့်ကြတယ်။ ငါးက တစ်တောင်လောက် ရှိတာ အရိုးပဲ ကျန်တော့တယ်...။

(ခဏနားမယ်။)

Friday, July 3, 2009

Yoo Ye Eun

သမီးနာမည်က Yoo Ye Eun ဖြစ်ပါတယ်ရှင့်။
သမီးက အခု အသက် ငါးနှစ် ရှိပါပြီ။ သမီး ကျောင်းမတက်သေးပါဘူးရှင့်။
မေမေက နောက်ကျရင် တက်ရမှာပေါ့တဲ့။ ကျောင်းဆိုတာ ဘယ်လိုလဲ ဆိုတာ သမီး သိချင်လိုက်တာရှင့်။
သမီး ကျောင်းတက်ချင်တယ်။ အခုတော့ သမီးက အိမ်မှာ မေမေနဲ့ တစ်ယောက်တည်း နေရတယ်ရှင့်။
ဒါပေမယ့် မေမေက သမီးကို အပြင်ကို အလည်ပို့ပါတယ်။ တစ်ပတ်တစ်ခါလောက်ပါရှင့်။
တစ်ပတ်ဆိုတာ ဘယ်လောက် ရှိတယ်ဆိုတာ သမီး မသိပါဘူးရှင့်။
အဲဒီလို အပြင်ကို သွားရမယ့် နေ့တွေဆို သမီး တစ်အား ပျော်တာရှင့်။

အခုလဲ ဒီနေ့ မေမေက သမီးကို ပြောတယ်။ သမီး အပြင်သွားရမှာ။
လူတွေ အများကြီးနဲ့ တွေ့ရမှာတဲ့။ အပြင်သွားရမယ်ဆို သမီးက အရမ်းပျော်တာရှင့်။
အပြင်သွားရမယ်ဆိုတော့ သမီးက အရမ်းပျော်နေတာ။
အခု သမီးလေး အခန်းတစ်ခုမှာ ရောက်နေတယ်။ အပြင်မှာ လက်ခုပ်သံတွေ ဆူညံနေတာပဲ။
ခဏနေတော့ အန်တီကြီးတစ်ယောက်က သမီးကို စင်ပေါ်ကို လိုက်ပို့တယ်။
အဲဒီမှာ ဦးဦး တစ်ယောက်က သမီးကို ခေါ်ပြီး သူ့ပေါင်ပေါ်မှာ ထိုင်ခိုင်းတယ်။
သမီးထွက်လာတော့ လူတွေ အံ့အားသင့်နေတာပဲ။ တစ်ဟင်ဟင်.. တစ်ဟယ်ဟယ်နဲ့ပေါ့။

နောက် ဦးဦးက သမီးကို မေးတယ်။ သမီးနာမည်တွေ အသက်တွေပေါ့။
နောက် သမီးကို ပီယာနို တီးတတ်လားတဲ့။ ပီယာနိုလား။ တီးတတ်တာပေါ့။ သမီးက အိမ်မှာ ပီယာနို တီးနေတာပဲဟာ။ ဦးဦးက သမီးကို တီးတတ်ရင် တီးပြပါလားတဲ့။
သမီးလဲ သီချင်း တစ်ပုဒ် တီးပြလိုက်တယ်။ အိမ်မှာ မေမေ ဖွင့်ပြလို့ သမီး နားထောင်နေကျ သီချင်းလေ။
သီချင်းက “Fur Elise” ပေါ့။ တစ်ပုဒ်လုံး တီးပြတယ်။ (စကားချပ် - ဒီမှာ နားထောင်ကြည့်ပါ။)
Beethoven Für Elise Rondo.ogg
Beethoven - Für Elise)
လူတွေ အများကြီး ဟာ တွေ ဟင်တွေ ဖြစ်နေတယ်။ ဘာလို့လဲ မသိဘူးနော်။
နောက် တစ်ပုဒ် ထပ်တီးခိုင်းတယ်။ သမီးလဲ တီးပေးတယ်။ ဦးဦးက “ဟာ အဲဒါ.. Fantastic Impromtu” လို့ အော်လိုက်တယ်။
လူတွေ အများကြီး လက်ခုပ် ထပ်တီးတယ်ရှင့်။

နောက်တော့ အန်တီ တစ်ယောက်က လာပြောတယ်။ သူသီချင်း တစ်ပုဒ်ဆိုမယ် .. သမီးက လိုက်တီးပေးနိုင်မလားတဲ့။ သမီးကြိုးစားပေးပါ့မယ်ရှင့်။
အန်တီက အသံကြီးကြီးနဲ့ သီချင်းဆိုတယ်။ သမီးလဲ အန်တီ့အသံနဲ့ လိုက်မယ့် ကီး လိုက်ရှာရတာပေါ့။ ခဏနေတော့ ကီးကိုက်သွားတယ်။ အန်တီလဲ သီချင်းဆိုတာ သမီးနာမည်ပါ ထည့်ဆိုတယ်။ နောက်တော့ သမီးလေး လက်ကို ကိုင်ချင်လို့ပါ ဆိုပြီး သမီးလက်ကို လာကိုင်တယ်။ ဦးဦးကလဲ သမီး နဖူးကို နမ်းတယ်။ လူတွေလဲ တစ်အားပဲ လက်ခုပ်တီးတယ်။
သမီးပျော်လိုက်တာလေ...။ လူတွေ အများကြီး လက်ခုပ်သံတွေ...။
အိမ်မှာလဲ သမီး ပီယာနိုတီးရင် လူတွေ လာလာ နားထောင်ကြတယ်။ လူတွေ လာရင် သမီးပျော်တယ်ရှင့်။
မေမေက သီချင်းကြိုက်တတ်တော့ သူသီချင်း အသစ်ဖွင့်ရင် သမီးသေချာ နားထောင်ပြီး ပြန်ပြန်တီးပြတယ်။ မေမေဆို ပျော်နေတာ...။

ဒါပေမယ့် တစ်ခါတစ်လေ သမီး စိတ်မကောင်းဘူးရှင့်။
တစ်ခါတစ်ခါ မေမေက သမီးကို ဖက်ထားပြီး ငါ့သမီးလေး ကံဆိုးလိုက်တာ...။ ကံဆိုးလိုက်တာနဲ့။
ပြီးတော့ မျက်နှာနားက အပေါက် နှစ်ခုက ရေနွေးနွေးတွေ ကျကျတယ်။
မေမေ့ကို မေးကြည့်တော့ မေမေငိုတာတဲ့။
ငိုတယ်ဆိုတာ။ ဟို မျက်နှာက အပေါက် နှစ်ပေါက်နားက ရေတွေ ကျလာတာ ဟုတ်သလားရှင့်...။
ပြီးတော့လဲ ပြောသေးတယ်။ ငါ့သမီးလေး ကံဆိုးရှာတယ်။ မွေးကတည်းက စက္ခုနှစ်ကွင်း အလင်းမရရှာဘူးတဲ့။ အလင်းဆိုတာ ဘာလဲဟင်။ သိတဲ့သူတွေ ပြောပြပါလား။
အလင်းဆိုတာ ကွေးကွေးလေးလားဟင်။ အေးရော အေးလား။ နောက်ပြီး မြင်တယ်ဆို ဘာလဲဟင်...။



Credit : ozwally

Ye Eun လေးဟာ မွေးကတည်းက မျက်စိ မမြင်ခဲ့ရှာပါဘူး။ အခု လက်ရှိအမေက မွေးစား အမေ ဖြစ်ပါတယ်။ အသက်သုံးနှစ်အရွယ်လောက်မှာ အမေက သီချင်းတစ်ပုဒ်ကို ဖွင့်တော့ သူလေးက နားထောင်ပြီး ချက်ချင်းပဲ ပီယာနိုနဲ့ ပြန်တီးပြခဲ့ရာက သူလေးရဲ့ ပါရမီကို သတိထားမိတာပါ။ ခုနက Fur Elise ကိုလဲ ဘယ်သူကမှ သင်မပေးရပါပဲနဲ့ တစ်ခေါက်သာ နားထောင်ပြီး လက်တန်းတီးတာပါ။ ဘယ်မြူးဇစ်Sheet အကူမှ မပါပဲ တစ်ယောက်တည်း တီးတာပါ။ ပါရမီရှင်မလေးပါ။ အခုတော့ စတားကင်းအစီအစဉ်ကနေ ပြသရတဲ့အထိ နာမည်ကျော်သူလေးပါ။


(မနေ့က စီဘောက်ပရိတ်သတ် မျိုးက ဗွီဒီယိုကလစ် တစ်ခုကို မေးလ်နဲ့ ပို့လာပါတယ်။ ဖွင့်ကြည့်တော့ Koraen က တီဗွီ အစီအစဉ် တစ်ခုဖြစ်တဲ့ Star King အစီအစဉ်မှာ ဒီကလေးမလေး လက်စွမ်းပြတာကို တင်ဆက်တဲ့ ကလစ်လေး ဖြစ်ပါတယ်။ ဒါ့ကြောင့် သူနဲ့ ပတ်သက်တာလေးတွေကို ယူထုမှာ လိုက်ရှာမိတော့ တွေ့မိတာနဲ့ ဒီမှာပဲ မျှဝေပေးလိုက်ပါတယ်။ တော်တော်ခံစားမိတဲ့ အဖြစ်အပျက်တစ်ခုပါပဲ။)