Friday, January 30, 2009

IT ပိုင်းဆိုင်ရာ မသမာမှု


Photo Credit : http://www.nwg.net

သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး ဆိုသလိုပါပဲ။ တီထွင်ကြံဆမှုတွေကြောင့် ကွန်ပြူတာ ဆိုတာ ပေါ်လာတယ်။ ကွန်ပြူတာတွေ တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ဖို့ အင်တာနက်ဆိုတာ ပေါ်လာတယ်။ အဲဒီ အင်တာနက်ဆိုတာနဲ့ ဆက်နွယ်ပြီးတော့ ဆာဗာ ဆိုတာ ပေါ်လာတယ်။ အဲဒီ ဆာဗာက ကွန်ပြူတာ အုပ်စုတစ်ခုကို လိုအပ်တဲ့ အချက်အလက်တွေ သိမ်းဆည်းပေးတာ၊ ဖလှယ်ပေးတာ၊ ဘက်က်အပ် လုပ်ပေးတာ အစရှိသဖြင့် လုပ်ဆောင်ပေးပါတယ်။ အကြမ်းဖြင်း ပြောပြတာပါ။

အဲဒီဆာဗာကို ထိန်းချုပ်၊ မွမ်းမံ ပြုပြင်မှုတွေကို အိုင်တီနားလည် တတ်ကျွမ်းတဲ ပုဂ္ဂိုလ် တစ်ယောက်ကို သီးသန့် အက်မင်နီစထရေတာ အဖြစ် ခန့်ထားပြီး လိုအပ်တာတွေကို ဆောင်ရွက်ရပါတယ်။

အခု ပြောပြချင်တဲ့ အိုင်တီပိုင်းဆိုင်ရာ မသမာမှုကတော့ အောက်တိုဘာလတုန်းက အမေရိကားနိုင်ငံ၊ မေရီလန်း ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

Finne Mae Mortgage ဆိုတဲ့ ကုမ္ပဏီမှာ အိန္ဒိယ နွယ်ဖွား ဖြစ်တဲ့ မာကာဝါ (ဗာဂျီးနီးယားတွင် နေထိုင်) ဆိုသူကို IT Admin အနေနဲ့ သုံးနှစ်တာကာလ ခန့်ထားပြီး နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ အောက်တိုဘာ လဆန်းပိုင်းမှာ အကြောင်း အမျိုးမျိုးကြောင့် သူ့ကို ကုမ္ပဏီကနေ ထုတ်ပယ်ခဲ့ရပါတယ်။ အဲဒီလို ထုတ်ပယ်ခံရတာကို မကျေနပ်တဲ့ အတွက် မထွက်ခင်ရက်မှာပဲ သူ့အကောင့်နဲ့ ဆာဗာဖဲ ၀င်ပြီး ဗိုင်းရပ်စ် စကရစ်ဖိုင်တစ်ခုကို ထည့်ထားခဲ့ပါတယ်။

Photo Credit : AskBobRankin

အဲဒီဖိုင်ဟာ သုံးလတာ ကာလအတွင်း ဘာအလုပ်မှ မလုပ်ပဲနဲ့ ဆာဗာထဲမှာ ခိုအောင်းနေမှာပါ။ သုံးလပြည့်တာနဲ့ စတင် အလုပ်လုပ်ပြီး ရှိသမျှဖိုင်တွေကို ဗလာဖိုင်များ အဖြစ် ပြောင်းသွားအောင် လုပ်ပါလိမ့်မယ်။ ဖျက်ဆီးအားက အလွန်ကြောက်စရာကောင်းပါတယ်။ ဖိုင်ကို မတွေ့မိခဲ့ရင် သုံးလပြည့်တဲ့ နေ့ ဖြစ်တဲ့ ဇန်န၀ါရီ ၃၁ မှာ ပထမဦးဆုံး သူခိုအောင်းထားတဲ့ ဆာဗာပေါ်က ဖိုင်တွေကို ဖျက်ပါမယ်။ ဗလာဖိုင်နဲ့ အစားထိုးပါမယ်။ အဲဒီနောက်တော့ သူနဲ့ ချိတ်ဆက်နေတဲ့ ဆာဗာ အလုံးပေါင်း ၄၀၀၀ (လေးထောင်) ဆီကို ကူးသွားပြီး အဲဒီက ဖိုင်တွေအားလုံးကို ဖျက်ပါလိမ့်မယ်။ ဒေါ်လာသန်း ထောင်ပေါင်းများစွာ တန်တဲ့ အချက်အလက်တွေ ပလုံစိသွားပါလိမ့်မယ်။ တော်တော်ကို အန္တရယ်များတဲ့ အကြံအစည်ပါ။

ကုမ္ပဏီက ကံကောင်းတယ် ပြောခဲ့ရမလား မသိ။ သူရေးထားခဲ့တဲ့၊ ထည့်ထားခဲ့တဲ့ ဖိုင်ကို တစ်ခြားသော အိုင်တီ အက်မင်က ငါးရက်အကြာမှာ တွေ့လို့ မူမမှန်မှုတွေကို သတင်းပို့ရာက အခုလို မီးခိုးကြွက်လျှောက် သူ့ကို ဖမ်းမိနိုင်ခဲ့တာပါ။ သူမှန်းသိစေတာကလဲ ဆာဗာထဲကို လော့ဂ်အင် လုပ်တာမှာ ကုမ္ပဏီက သူ့ကို ပေးထားတဲ့ အကောင့်၊ လပ်ပ်တော့ပ်၊ အိုင်ပီ အဒ်ရက်စ်နဲ့ ၀င်ပြီး လုပ်ခဲ့လို့ပါပဲ။ ပိုဆိုးတာက အဖျက် ဗိုင်းရပ်စ် ဖိုင်တွေ ထည့်ပြီး နောက်ပိုင်း ကုမ္ပဏီ အီးမေးလ်ကို အသုံးပြုပြီး သူ့ရဲ့ အိန္ဒိယက ဆွေမျိုး သားချင်းများကို အမေရိကားဆီ မလာဖို့ လှမ်း အကြောင်းကြားတဲ့ မေးလ်ကြောင့်ပါပဲ။

အခုတော့ သူ့ကို ဇန်န၀ါရီလ ၇ ရက်နေ့က ဖမ်းမိပြီး အာမခံ ဒေါ်လာ တစ်သိန်းနဲ့ လွှတ်လိုက်ပါတယ်။ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ် အထိ ကျခံနိုင်ဖွယ်ရာ ရှိပါတယ်။ ကုမ္ပဏီက အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်တယ်လို့ သိရပါတယ်။ အမေရိကားမှာ အိမ်ခြံမြေ လုပ်ငန်း ထိုးကျပြီးနောက်ပိုင်း နောက်ထပ် ထိုးကျစေမယ် ၀ိုက်လက်သီး လို့လဲ ပြောနေကြတယ်။

Source : Information Week, The Register

Tuesday, January 27, 2009

Internet Explorer 8 (RC)

ီMicrosoft ကနေပြီးတော့ သူ့ရဲ့ အင်တာနက်ဘရောက်ဇာကို ဗားရှင်း ၈ (RC) အနေနဲ့ ထုတ်လုပ်လိုက်ပြန်ပါပြီ။
အရင့်အရင် ဗားရှင်းတွေထက် လုံခြုံရေး အရ ပိုကောင်းလာမယ်။ သုံးရပိုလွယ်လာမယ်။ လုပ်ဆောင်ချက် အသစ်တွေ ပါလာမယ်လို့ ဆိုထားပါတယ်။ ကြည့်မိသလောက်တော့ အခု လက်ရှိ မြေခွေးမီးလျှံ ၃.၀၊ Google's Chrome တွေမှာ ပါရှိနေပြီ ဖြစ်တဲ့ အတွက် အသစ်အဆန်းတွေ မဟုတ်လောက်ပဲ သူ့ရဲ့ လုံခြုံရေး ဟာကွက်ကို ပိတ်ထားတဲ့ ဗားရှင်း အဖြစ်သာ မြင်မိပါတယ်။ အိုင်အီး အသုံးပြုသူများအတွက် အဆင့်မြှင့် သုံးစွဲသင့်ပေမယ့် မြေခွေးမီးလျှံ သုံးနေတဲ့ ကျွန်တော်တို့လို FireFox User တွေကတော့ ပြောင်းလဲ သုံးစွဲလိမ့်မယ်လို့ မထင်မိပါ။

သတင်းများကို ဖတ်ချင်ရင်တော့
ဒီမှာဒီမှာ နဲ့ ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

တရုတ်နှစ်ကူးအတွင်း စားမိသော...

ဒီတရုတ်နှစ်သစ်ကူးမှာ ဘယ်မှ အပြင်ကို သိပ်မထွက်ဖြစ်တာနဲ့ အိမ်ထဲမှာ ရှိတာလေးနဲ့ စားလိုက်ရပါတယ်။
ဘလော့ဂ်ကြွလာ မိတ်သဟာများ လာရောက်စားသောက်လှည့်ပါ။ (မုဒိသာ မပွားနိုင်တဲ့ ချို့ချို့တွေအတွက် သွားရည်ယိုကုန်သော်ဝ်...။ )


၁။ မာလာဟင်း
(အစ်ကိုတော်က လုပ်ကျွေးတာ နှစ်ရက်ဆက်တိုက်။) စားချင်စိတ် များသွားတာနဲ့ ပုံမရိုက်လိုက်ရပါ။

၂။ ငါးခြောက်ဆီဆမ်း (မြန်မာပြည်က ပို့လာတာ)

မီးထိုးတာ များသွားလို့ တစ်အား လင်းနေတယ်။ ဒါပေမဲ့ ငါးခြောက်က ငါးခြောက်ပါလေ...။ ဟဲဟဲ။
မီးမထိုးပဲ ရိုက်တာ ... မှောင်နေတယ်ကွယ်။

၃။ ကော်ပြန့်ကြော်။
ကော်ပြန့်ကြော်။ ပြောင်းဖူးစေ့လေးပါ ပါတယ်တဲ့ကွယ်...။

၎။ ငါးခူမန်ကျည်းချက်။

ချဉ်စပ်စပ်နဲ့ဗျား...။

၅။ မန်းလေး ထိုးမုန့်။

အချိုတည်းစရာလေးတွေပေါ့။ အခါးရည်တစ်ကျိုက် ထိုးမုန့်တစ်ကိုက်။ ကိုရီးယားကားလေး ကြည့်လိုက်နဲ့။ မိုက်နေတာ... မိုက်နေတာ။

၆။ ငါးခူကြော်

ငါးခူကြော်က သုံးကောင်မရှိတစ်ရှိပဲ ကျန်တော့တယ်။ ၁၀ ကောင်လောက် ရှိတယ် ထင်တယ်။ ကြွပ်ကြွပ်လေးတွေ။ အနေအထိုင်ကို မတတ်ဘူး ရွနေတာပဲ။ ဟိ။

ရ။ ၀က်သားတုတ်ထိုး။
သူ့ကို နှစ်ရက်ဆက်တိုက် နှစ်ကြိမ်စလုံး လုပ်တာမှာ စားချင်စိတ်က ကြီးစိုးသွားလို့ ဓါတ်ပုံရိုက်ဖို့ မေ့သွားတယ်ကွယ်...။ ကြာဇံကြော်လေးနဲ့။

တော်သေဘီ။
ဟိ

Sunday, January 25, 2009

မေဆွိနှင့် သူ၏ သီချင်းများ

ကျွန်တော်တို့ ငယ်ငယ်ကတည်းက နတ်မြင်းပျံနဲ့ နာမည်ကြီးခဲ့တဲ့ အဆိုတော် (ဒေါ်)မေဆွိ ရဲ့ သီချင်းတွေပါ။ သီချင်းတွေကို တစ်စိုက်မတ်မတ် သီဆိုလာခဲ့သူမို့ သူ့ကို သတိထားမိပါတယ်။ ရုပ်ရှင်တွေ ဘာတွေ သူရိုက်လိုက်ပါသေးတယ်။ သီချင်းဆိုတာ ပိုကောင်းပါတယ်။ ခေတ်ဟောင်း ရုပ်ရှင်မင်းသမီး (အခုခေတ် တစ်ချို့ အမေခန်းတွေမှာ ပါ သရုပ်ဆောင်တဲ့) အန်တီ မြင့်မြင့်ခင်ရဲ့ သမီးပါ။ အဆိုပါရမီကို အတော့်ကို ပါတဲ့ ၊ အတော်ကို ထူးချွန်တဲ့ မဆွေ ခေါ် မေဆွိပါ။ တစ်ခေတ်တစ်ခါ ဆိုသလို မေဆွိ သီချင်းတွေဟာ အတော့်ကို ခေတ်စားခဲ့ပါတယ်။

သီချင်းဆိုတာမှာ ရင်ထဲက လာတဲ့ အသံနဲ့ ဆိုပါတယ်။ ဌာန်ကရိုဏ်း မှန်တယ်။ မြင်ဆရာ၊ ကြားဆရာပေါ့။ စိုင်းထီးဆိုင်ပြီးရင် သူ့သီချင်းတွေက ဒုတိယ နားထောင်ဖြစ်တယ်။ ငယ်ငယ်တုန်းက သူ့သီချင်းတွေကို အိမ်က လူကြီးတွေ တော်တော်များများ ဖွင့်ကြလို့ နားထောင်ဖူးပါတယ်။ သီချင်းတွေ ဘာတွေ ဆိုရင် သူ့သီချင်းတွေ ညည်းမိတာ ပိုများပါတယ်။ အဟဲအရှိုက်လေးများဆို သူဆိုပုံဆိုနည်းတွေကနေ အတုယူပါတယ်။

အခုတော့ ခွေမထုတ်တော့ပါဘူး။ အမေရိကားမှာ ကြင်သူသက်ထား ခင်ပွန်းသည်နောက်ကို သျှောင်နောက် ဆံထုံးပါသွားပြီး နောက်ပိုင်း မွေးနေ့ အမှတ်တရ ခွေ ထုတ်တယ်။ နောက်ပိုင်း ထပ်ထုတ်တာ သိပ်မတွေ့တော့သလိုပဲ။ ဗွီစီဒီ ထွက်တဲ့နေ့က မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်ခင်ကသာ လာရောက် လက်မှတ်ထိုးပေးတယ် သိရတယ်။

အခု မေဆွိ သီချင်းတွေကို အင်တာနက်ထဲမှာ အမှတ်မထင် တွေ့ရာက နားထောင်ရင်းနဲ့ နောင်တစ်ချိန်မှာ ကိုယ်ပြန် နားထောင်ချင်ရင်၊ အရုပ်နဲ့ ကြည့်ချင်ရင် ကြည့်လို့ရအောင် စုစည်းသိမ်းထားချင်တဲ့ သဘောပါ။ ဒီအတွက် အခုပို့စ် ဖြစ်လာရပါတယ်။

ပထမဦးဆုံး ကျေးဇူးတင်ချင်တာကတော့ အခုပို့စ်ထဲမှာ ပါတဲ့ Youtube လင့်ခ်ထဲက ဗွီဒီယို တွေကို upload လုပ်ထားတဲ့ USannAung ကိုပါ။ တစ်ဆက်တည်းပဲ ဒီကနေပြီး လင့်ခ်တွေ အသုံးပြုခွင့်ကို တောင်းခံပါတယ်။

ဒေါ်မေဆွိလဲ သူ့သီချင်းတွေကို ဒီမှာ ပရိသတ်တစ်ယောက်က စုစည်းပေးထားတာကို နားလည်ခွင့်လွှတ် ပေးနိုင်မယ်လို့ ယူဆပါတယ်။ ထုတ်လုပ်သူများကလဲ ရှားပါးလှတဲ့ ဒီလို ကလစ်တွေကို အဝေးရောက်သူတွေ အနေနဲ့ ဒီလို တစ်နေရာတည်းမှာ စုစည်းထားရတဲ့ ရည်ရွယ်ချက်ကို သဘောပေါက် ခွင့်လွှတ်မယ် ထင်ပါတယ်။

၀၁။ အိပ်ဆေး မရှိ။
Masterpiece လို့ မဆိုနိုင်ပေမဲ့ ဒီသီချင်းနဲ့ မေဆွိကို တွဲသိကြတာ များပါတယ်။ ငယ်ငယ်က မြန်မာ့အသံမှာ ခေတ်ပေါ်သီချင်းတွေ လာရင် တီဗွီရှေ့ တစ်မေ့တစ်မော သွားကြည့်ကြတဲ့ သီချင်းထဲက တစ်ပုဒ် အပါအ၀င်ပါ။
Link : ဒီမှာပါ။
နောက်ပိုင်း အမေရိကားမှာ ပြန်ဆိုတဲ့ ဗားရှင်းကတော့ ဒီမှာပါ။

၀၂။ ဂီတာတီးပေါ့ ကိုကိုရယ်။
စိတ်ညစ်နေတဲ့ ရည်းစားကို စိတ်ညစ်ပျောက်အောင် ဂီတာတီးခိုင်းတဲ့ သီချင်းပေါ့။ ကျွန်တော်တို့ တစ်တွေ ဖျက်ဆိုတာက စိတ်ညစ်ရင် ဘီယာသောက်ပါလား ကိုကိုရယ်...။
Link : ဒီမှာပါ။

၀၃။ အချစ်ဆူး။
ဒီသီချင်းတော့ ရုပ်ရှင်သီချင်းလား မသိဘူး။ နားထောင်မိတဲ့ အခွေတွေထဲမှာ မကြားမိသလိုပဲ။
Link : ဒီမှာပါ။

၀၄။ မြန်မာပြည်သား။
နိုင်ငံတော် အကျိုးပြု သီချင်းပါ။ အနုပညာရှင် အစုံ ပါဝင်တဲ့ ဒီကလစ်မှာ မေဆွိလဲ ပါဝင်ဆိုထားသေးတယ်။ (အမျိုးသား အနုပညာရှင်များ မိတ်ကပ်တွေ ဖွေးနေတာပဲ။)
Link : ဒီမှာပါ။

၀၅။
မယ်သီတာလို မိန်းမသား။
သီချင်းခေါင်းစဉ်က မှားချင် မှားနိုင်ပါတယ်။ မယ်သီတာလို မိန်းမသား (သို့) ဒဿလို မိန်းမ ဖြစ်မယ်။ ပြင်ပေးကြပါ။ ကျွန်တော် ဒီသီချင်းနဲ့ မဆွေကို စသိခဲ့တာပါ။ မဆွေ အဲဒီသီချင်းဆိုတုန်းက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်လို့ ပြောတယ်။ ဒါပေမဲ့ ပရို တစ်ယောက်လိုပဲ။ အဲဒီတုန်းက အနိုင်တို့ မင်းအောင်တို့ ခေတ်စားနေတုန်း ထင်ပါရဲ့။ သီတာ၊ ရာမ၊ လက္ခဏာ ဆိုတာ ဒီသီချင်း နားထောင်ပြီး စာအုပ်တွေထဲ လိုက်ရှာဖတ်မိတယ်။ ရွှေသွေး အထူးထုတ်ထဲမှပဲ သိတော့တယ်။ အခုသီချင်းကတော့ မူရင်း သီချင်း မဟုတ်ပဲ အမေရိကားက ကွန်ဆတ် တစ်ခုမှာ ဆိုထားတဲ့ သီချင်းပါ။ အဲဒီတုန်းက မဆွေ အက်ဆီးဒင့်ဖြစ်တယ်ဆိုတဲ့ ကောဟလဠတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလ ဖြစ်ပါလိမ့်မယ်။ သီချင်း မဆိုခင်မှာ မဆွေ ဖြေရှင်းချက် ထုတ်ထားတာ တွေ့ရပါတယ်။
ဒီလင့်ခ်တင်သူကတော့ asian4u007 ဖြစ်ပါတယ်။
Link : ဒီမှာပါ။

၀၆။ မင်းအချစ်တွေ ယူ ထွက်မသွားနဲ့။
မြန်မာ့အသံက လွင့်တဲ့ မေဆွိ မွေးနေ့ အမှတ်တရမှာ အဲဒီတုန်းက အပျိုကြီး စာရင်းဝင်တွေလို့ စာနယ်ဇင်းတွေက ခဏခဏ စနေတဲ့ မဆွေနဲ့ တစ်ခေတ်ထဲ သီချင်းဆိုလာတဲ့ မကော် ခေါ် ကော်နီတို့ တူတူ ဆိုတဲ့ သီချင်းပါ။
Link : ဒီမှာပါ။

၀၇။ မယ်သီတာလို မိန်းမသား။
ဒီသီချင်းကို မဆွေ မွေးနေ့ပွဲမှာ နီနီဝင်းရွှေနဲ့ နှစ်ယောက်တွဲပြီး ပြန်ဆိုထားတာပါ။ တစ်ယောက်တစ်ပိုဒ်စီ ဆိုထားတာပေါ့။ အလေးနဲ့ အပေါ့ ရောထားတဲ့ ဟင်းတစ်ခွက်လိုပေါ့...။
Link : ဒီမှာပါ။

၀၈။ နန်းစတော့်ပ် သီချင်း။
ဒီသီချင်းမှာတော့ သီချင်းသုံးလေးပုဒ်ကို တစ်ဆက်တည်း ဆိုထားတာ။ မြန်မာ့အသံနှစ်ပါတ်လည်လား၊ မေဆွိ မွေးနေ့လား မသိဘူး။ ၁၉၉၇ တုန်းက ဆိုထားတာ။ “ကော်နဲ့ ကပ်ထားတယ်”တို့၊ “ကမ်းစပ်နဲ့ ရေလှိုင်း”တို့၊ ကို ဆက်ဆိုထားတာ။ မြူးတယ်။
Link : ဒီမှာပါ။

၀၉။ မမြင်နိုင်သော ကြိုးများ။
ဒီသီချင်းကို ဆရာဝန်၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် စိုးသူနဲ့ နှစ်ယောက်သား ဆိုထားပါတယ်။ ဒီသီချင်းကို နောက်ပိုင်းမှာ သံစဉ်သာ ယူထားပြီး စာသားပြောင်းဆိုထားတဲ့ အငဲနဲ့မဒီ စုံတွဲ ထွက်သေးတယ်။
Link : ဒီမှာပါ။

၁၀။ အချစ်ရဲ့သီချင်း။
သုခမိန်လှိုင်ရေးထားတဲ့ သီချင်းပါ။ လေယာဉ်ပျံ စီးရီးစ်ထဲက ဖြစ်ပါတယ်။ ဒီသီချင်းကို မခိုင်ခေါ် ထွန်းအိန္ဒြာ
ဗိုလ်နဲ့ ဆိုထားပါတယ်။ မဆွေပဲ ပိုကောင်းပါတယ်။ ဒီသီချင်းကို ဇော်ဝင်းထွဋ်လဲ ဆိုထားပါတယ်။
Link : ဒီမှာပါ။

၁၁။ စနိုးဝှိုက်။
ငြိမ်းငြိမ်းအိ သီချင်းကို မဆွေက ဆိုတာပါ။ ဒီမွေးနေ့ အမှတ်တရ ပွဲမှာ မဆွေက ငြိမ်းငြိမ်းအိနဲ့ နှစ်ယောက်တွဲ ဆိုထားပါတယ်။ မဆွေက ဟာမိုနီ လိုက်ပေးထားတယ်။ စွယ်စုံရတဲ့ မဆွေပါ။ မဆွေကို တော်တော် လေးစားပါတယ်။
Link : ဒီမှာပါ။

၁၂။
စကားရှိတိုင်း ပြောရမှာလား။
ဒီသီချင်းကတော့ မြန်မာ့အသံ ခေတ်ပေါ်တေးကဏ္ဍမှာ လွှင့်ထားတဲ့ ကလစ်ပါ။ ဇော်ဝင်းထွဋ်က နောက်စာသားပြောင်းပြီး အရွယ်လွန်အချစ်လို့ ပြန်ဆိုထားတဲ့ သီချင်းပါ။
Link : ဒီမှာပါ။

၁၃။
ဧဒင်ဥယျာဉ်ထဲက အနမ်း။
တေးရေး မျိုးသိင်္ခရဲ့ သီချင်းပါ။ စိမ်းမို့မို့နဲ့ နှစ်ယောက်တွဲ ဆိုထားတာပါ။ Take Me Home Country Road သီချင်းအလိုက် ယူထားတဲ့ သီချင်းပါ။
Link : ဒီမှာပါ။

၁၄။ မောင်။
မေဆွိရဲ့ Masterpiece လို့ဆိုရမယ့် သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းကို မြန်မာ့အသံမှာ ခဏခဏ လွှင့်သလို့ ဗွီဒီယိုရုံတွေမှာ ကားတွေ မပြခင် ပရိသတ်ခေါ်တဲ့ အခါမှာ ဒီသီချင်းကို ခဏခဏ လွှင့်နေကျပါ။ တေးရေးကတော့ အာယု ဖြစ်ပါတယ်။ အာယုဆိုတာ သုမောင်တို့ညီအစ်ကို အာယု၊၀ဏ္ဏ၊ သုခ၊ ဗလ ထံက တစ်ယောက်လား၊ သတ်သတ် အာယုလားတော့ မသိဘူး။ ဒီသီချင်းတစ်ပုဒ်ထဲ ရေးခဲ့တယ်လို့တော့ သိရတယ်...။ (မူရင်း မောင် သီချင်းတော့ မတွေ့မိဘူးဗျာ။ ) Update : မူရင်းသီချင်း တွေ့ပါပြီ။ စာဖတ်သူ ပလုံက လင့်လေး လာပေးထားပါတယ်။ ဒီမှာ မောင်မူရင်းကို နားဆင်နိုင်ပါပြီ။
Link : ဒီမှာပါ။ (ဆန်ဖရန်စ္စကိုမှာ ဆိုထားတဲ့ ဗားရှင်းပါ။ အချီပိုဒ်ပြီးတော့ chorus ပိုဒ်မှာ ဒရမ်ဘိဒ်ကို မြူးမြူး တီးရမှာကို အတီးဆရာတွေ နည်းနည်းမှားသွားတယ်။ မဆွေ နည်းနည်းထိန်းဆိုသွားရတယ်။ မူရင်းကို နားထောင်ဖူးသူဆို သိပါလိမ့်မယ်။)
ဟေမာနေ၀င်း သီဆိုတဲ့ မောင် သီချင်းကတော့ ဒီမှာပါ။ မဆွေ ဆိုထားသလောက်ကို ရင်ထဲ မထိဘူး ဖြစ်နေတယ်။

၁၅။ မီးမီးလေးရဲ့ မေ့မေ့ကျောင်း။
သီချင်းရေးစရာ နေဇော်အောင် ရေးထားတဲ့ သီချင်းပါ။ အဆိုကဝေ၊ ဘုရားပေး အသံပိုင်ရှင် အန်တီနွဲ့ယဉ်ဝင်းနဲ့ တွဲဆိုထားတာပါ။ အမေ့ကျောင်း လား တော့ မသိပါ။
Link : ဒီမှာပါ။

၁၆။ မြန်မာသံ မိုနို သီချင်းတစ်ပုဒ် (နာမည် မသိ)။
ခေတ်ပေါ် သီချင်းသာမက မြန်မာသံကို ပါ ပိုင်နိုင်ကျွမ်းကျင်တဲ့ မေဆွိရဲ့ သီိချင်းတစ်ပုဒ်ပါ။
Link : ဒီမှာပါ။

၁၇။ အိမ်ပြန်ချင်တယ်။
sukiyaki ဆိုတဲ့ နာမည်ကြီး ဂျပန်သီချင်းကို ကော်ပီလုပ်ထားတဲ့ မေဆွိရဲ့ သီချင်း တစ်ပုဒ်ပါ။
Link : ဒီမှာပါ။


၁၈။ ရှေးကုသိုလ်။
မေဆွိနဲ့ အောင်ရင်တို့ နှစ်ယောက် တွဲဆိုထားတဲ့ မြန်မာသံ စုံတွဲ သီချင်းလေး တစ်ပုဒ်ပါ။
Link : ဒီမှာပါ။

၁၉။ နေရာတိုင်းမှာ။
ရင်ထဲက စိုင်းထီးဆိုင်၊ နှလုံးသားထဲက စိုင်းထီးဆိုင် ဆိုပြီး ကိုထီး သီချင်းတွေနဲ့ သီဆိုခဲ့တဲ့ မေဆွိတစ်ယောက် အခု ကလစ်မှာ ကိုထီးနဲ့ တွဲဆိုထားပါတယ်။
Link : ဒီမှာပါ။


၂၀။
အနမ်းပန်း?? အောင်မြင်မှု??။
မေဆွိဆိုရင် ကိုင်ဇာကို မေ့ထားခဲ့လို့ မရပါဘူး။ သူတို့နှစ်ယောက် တစ်ချိန်တည်းလိုလို အောင်မြင်မှုတွေ တူတူ ရခဲ့တဲ့ အနုပညာ မောင်နှမ ဖြစ်ပါတယ်။ ဒီသီချင်းကို သူတို့နှစ်ယောက် ဆယ်တန်းဖြေပြီး နောက်တစ်နေ့မှာ သွင်းခဲ့တယ်လို့ မှတ်သားဖူးတယ်။
Link : ဒီမှာပါ။

၂၁။ သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ်။
စိုင်းထီးဆိုင် သီချင်း တစ်ပုဒ်ဖြစ်တဲ့ သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ် ဆိုတဲ့ သီချင်းတစ်ပုဒ်ပါ။ အမေရိကားမှာ ဆိုထားတဲ့ သီချင်းပါ။ (ဒီသီချင်းက တေးရေးဆရာ စိုင်းခမ်းလိတ်က သူ့မဟေသီ ဒေါ်နွဲ့တင်အတွက် ရေးပေးခဲ့တယ်ဆိုလား။)
Link : ဒီမှာပါ။


၂၂။
အနမ်းပန်း?? အောင်မြင်မှု??။
မေဆွိဆိုရင် ကိုင်ဇာကို မေ့ထားခဲ့လို့ မရပါဘူး။ သူတို့နှစ်ယောက် တစ်ချိန်တည်းလိုလို အောင်မြင်မှုတွေ တူတူ ရခဲ့တဲ့ အနုပညာ မောင်နှမ ဖြစ်ပါတယ်။ ဒီသီချင်းကို သူတို့နှစ်ယောက် ဆယ်တန်းဖြေပြီး နောက်တစ်နေ့မှာ သွင်းခဲ့တယ်လို့ မှတ်သားဖူးတယ်။
Link : ဒီမှာပါ။


၂၃။
နားပန်းဆံ။
မေဆွိနဲ့ သူ့မာတာမိခင် အန်တီမြင့်မြင့်ခင် တို့နှစ်ယောက် တူတူဆိုထားတာပါ။ ဒီသီချင်းက အန်တီ ဒေါ်မြင့်မြင့်ခင်ရဲ့ နာမည်ကျော် သီချင်းပါ။ နတ်မြင်းပျံ စီးရီးစ်မှာ ပါတာလား မသိဘူး။ မှားချင် မှားနိုင်ပါတယ်။ ကျိုင်းတုံ ရှိုးပွဲလာတုန်းက အန်တီ ဒီသီချင်းကို ညတိုင်းညတိုင်း ဆိုတယ်။
Link : မြန်မာ့အသံ ဗားရှင်း ၁၉၉၇ က ဒီမှာပါ။ နောက်ထပ် မွေးနေ့ပွဲ ကျင်းပတော့ ၂၀၀၀ ခု နောက်ပိုင်း ထင်ပါရဲ့။ အဲဒီပွဲက ဗွီစီဒီ ဗားရှင်းကတော့ ဒီမှာပါ။


၂၄။
ကိုကိုစိတ်ကူးယဉ်။
မေဆွိနဲ့ မေခလာတို့ တူတူ တွဲဆိုထားတဲ့ သီချင်းလေးပါ။ အနုပညာ မောင်နှမ နှစ်ယောက် :D ဆိုထားတဲ့ မလေးကော်ပီ သီချင်းတစ်ပုဒ်ပါ။
Link : ဒီမှာပါ။

၂၅။ အချစ်အချစ်အချစ်။
ကုလား သီချင်း တစ်ပုဒ်လို့ သိရပါတယ်။ မှားရင် ပြင်ပေးပါ။
Link : ဒီမှာပါ။


၂၆။
တင့်တင့်တယ်တယ်။
ရွှေတိုင်ညွှန့် (ဇော်ဝင်းထွဋ်တို့ အဖိုး) ရဲ့ သီချင်းကို တွံတေးသိန်းတန်နဲ့ တွဲပြီး ဆိုထားတဲ့ သီချင်းပါ။
Link : ဒီမှာပါ။

၂၇။ အနီးဆုံးလူ။
စိုးပိုင်ရဲ့ သီချင်းတစ်ပုဒ်ပါ။ ရင်ထဲက စိုးပိုင် စီးရီးစ်ထဲမှာ မေဆွိဆိုထားတာပါ။ စိုးပိုင်လဲ တွဲဖက် ပါဝင်ကူညီ သီဆိုပေးထားပါတယ်။
Link : ဒီမှာပါ။


၂၈။
နော်ကိုကိုနော် (ကိုကိုရေ)။
မေဆွိဆိုရင် နော်ကိုကိုနော် သီချင်းကို မေ့ထားလို့ မရပါဘူး။ တစ်ခေတ်တစ်ခါမှာ ပျိုပျိုမေတို့ အသည်းစွဲ သီချင်းလေးပေါ့။ ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ် ဘာညာ စီးရီးစ်ထဲက။
Link : ဒီမှာပါ။

၂၉။ မနဲ့မောင်။
နောက်ဆုံး တစ်ပုဒ်အနေနဲ့ မေဆွိရဲ့ Masterpiece ဖြစ်တဲ့ မနဲ့မောင် သီချင်းကို တင်ချင်ပါတယ်။ အဆိုမှော်အောင်ထားတဲ့ မဆွေ အစွမ်းပြထားတဲ့ သီချင်းပေါ့။ မနဲ့ မောင် ဇာတ်လမ်းလေးတွေ အတွက် ဒီသီချင်းလေးက အသင့်တော်ဆုံးပေါ့။ အဲဒီခေတ်က ရုပ်ရှင်ကားတွေမှာ ပလေးဘက်အနေနဲ့ ခဏခဏ သုံးခဲ့တဲ့ သီချင်းပေါ့။ ကော်ပီ သီချင်း တစ်ပုဒ်။ I've Never Been To You ဆိုလား မသိဘူး။
Link : ဒီမှာပါ။

သီချင်းလေးတွေကတော့ အခုနောက်ပိုင်းကလေးတွေ သိပ်မသိလောက်တော့ပါဘူး။ တစ်ချို့တစ်လေသော သီချင်းတွေကို နောက်ပေါက် အဆိုတော် တစ်ချို့က ပြန်ဆိုထားလို့သာ သိချင် သိနေပါလိမ့်မယ်။ မဆွေ သီချင်းတစ်ပုဒ်ကို ဒီဘက်ခေတ် အဆိုတော်ကောင်မလေး တစ်ယောက်က ပြန်ယူဆိုထားတာကို အန်တီကြီးတစ်ယောက် လိုက်ဆိုတာ သူ့တူမလေး ကြားတော့ ခေတ်မှီတယ်၊ သူတို့ခေတ်က သီချင်းတွေကို အန်တီ လိုက်ဆိုနိုင်တယ် ဆိုပြီး ချီးကျူးနေတော့ သူ့အန်တီခင်မျာ ဘာပြောရမှန်း မသိဘူးတဲ့။

Wednesday, January 21, 2009

ပင်လယ်ပြင်တွင် ခရီးသွားခြင်း စုံစီနဖါ

မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတဲ့ တရုတ်နှစ်ကူး အခါသမယပါ... ဘလော့ဂ်ကြွာလာ မိတ်သဟာ အပေါင်းတို့...။
အန်ပေါင်းတွေ၊ ဟုန်ပေါင်းတွေလဲ လှိုင်လှိုင်ရကုန်ပြီ ထင်ပါရဲ့....။

ဘလော့ဂ်လေးလဲ ခရီးသွားကတည်းက ပစ်ထားမိတာ ဖုန်တွေ တက်နေလို့။ အမှိုက်တွေ ပွနေလို့။ ပြန်ရှင်းလိုက်ဦးမယ်ဗျာ...။ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပစေလို့ နှုတ်ခွန်းဆက်သရင်း ဘလော့ဂ်လေးကို အသက်ပြန်သွင်းပေးလိုက်ကြပါစို့။

မြန်မာစာပေ ခေတ်ဦးမှာ ရှင်မဟာရဌသာရက ရွှေစက်တော်သွား တောလား၊ နောက်တော့ သိပ္ပံမောင်ဝရဲ့ နယ်လှည့်ရာဇဝင်၊(စာအုပ်နာမည် မှားမှန်း သိတယ်။ ဆြာဂျီး လာမလုပ်နဲ့. မေ့နေလို့ တွေ့ကရာ ကောက်ထည့်တာ. ဖြည့်ဖတ် ဖြည့်ဖတ်) နောက်ဘယ်သူကလဲ မသိဘူး အောက်စဖို့သွား မှတ်တမ်း၊ နောက် ဂျာနယ်ကျော် ဦးချစ်မောင်လား ဘယ်သူလား အဲဒီတုန်း နိုင်ငံတော်ရဲ့ စတုတ္ထ မဏ္ဍိုင်ကို ချီးမြှောက်စဉ်ကာလက စိနတိုင်းက ပီကင်းကို နိုင်ငံတော် စားရိတ်နဲ့ အလည်အပတ် သွားပြီး ပီကင်းပြန် အစရှိတဲ့ ခရီးသွားမှတ်တမ်းတွေ ဘုတ်အုတ်အနေနဲ့ ထုတ်ခဲ့တာ ရှိတာပေါ့။

အတော်လဲ အဖိုးတန်ခဲ့တာပါ။ တစ်အုပ် တစ်အုပ်ကို သုံးထောင်လောက် ပေးရ... အာ... ဘာတွေ လျှောက်ရေးနေမှန်း မသိတော့ဘူး။ အတော့်ကို ဗဟုသုတတွေ ပေးတဲ့ စာအုပ်ပါ။ အခုခေတ်နောက်ပိုင်းမှာ ဖတ်မိတဲ့ထဲက ကြိုက်မိတာကတော့ ဂျူးရဲ့ ချစ်သူရေးတဲ့ ညတွေ ဆိုလား.. ဝတ္ထုထဲက အခန်းတစ်ခုစီမှာ နာမည်ကြီး ပန်းချီကားတွေနဲ့ ရောင်စုံ ကြွေချော စက္ကူနဲ့ ထုတ်တဲ့ စာအုပ်ရယ်၊ ကိုဝမ်းဆိုတဲ့ သင်္ဘောသားရေးတဲ့ စာအုပ်ရယ်၊ အဏ္ဏဝါ စိုးမိုး ရေးတဲ့ ခရီးသွား ဆောင်းပါးရယ်၊ လေသူရဲ ဦးလှဝင်း ရေးတဲ့ ခရီးသွားတာတွေနဲ့ ပါတ်သက်တဲ့ ဆောင်းပါးတွေပါပဲ။

အခုလဲ ခရီးတွေ တောက်လျှောက် ထွက်နေဖြစ်တဲ့ ကိုယ့်အတွက် ကိုယ်သွားလာခဲ့ဖူးတဲ့ နေရာလေးတွေကို အမှတ်ရစိမ့်သောငှာ၊ ဗဟုသုတလေးများ ရနိုင်မလားဆိုတဲ့ အတွေး မရဲတရဲလေးနဲ့ အတွေ့အကြုံလေးတွေ ဝေငှမလားလို့ စိတ်အကြံ ဖြစ်မိတယ်။

သို့သော်လဲပေါ့လေ....
အတည်အခံ့တွေ ရေးမယ်ကြံရင် ချော်တောငေါ့တတ်တဲ့ ကိုယ့်ရဲ့လက်ကို သိတဲ့ အတွက်ကြောင့် ဒီပို့စ်ကို ခရီးသွားပို့စ်လို့ မသတ်မှတ်ပဲ ပေါက်တတ်ကရ ပို့စ်အောက်ကို ပို့လိုက်မယ်။ ရွာစားရေ.. မတိမ်းမစောင်း ဗိန်းမောင်းနဲ့ ပို့လိုက်စမ်း။

အဲ... ကိုယ့်ပေါင်ကို လှန်ထောင်းရင် ဖွဖွပဲ ထုထောင်းတတ်သမို့ ခုတော့ သူများတွေ မထောင်းခင် ကိုယ်ပဲ ပြန်ထောင်းလိုက်ပါတယ်။

တောသားမြို့တက်ဆိုတာ ကျွန်တော်လို လူချော မောင်ဘွိုင်းလေး အတွက် အလွန်မှန်ကန်တဲ့ စကားရပ်လေး ဖြစ်ပါတယ်။ မြို့ပြရဲ့ ခေတ်မှီ ပစ္စည်း အသုံးအဆောင်များကို အကျွမ်းတစ်ဝင် မရှိသေးတဲ့ အင်နိုးဆဲန့်လေး မောင်ဘွိုင်းပါဗျာ...။ ခုလဲလေ ကြည့်ပါဦး...။

ခရီးသွားတယ်နော်...။ ညရောက်ရင် အိပ်ဖို့ မလိုဘူးလား...။ လိုတယ်နော်....။
လိုရင် ဟော်တယ်မှာ မတည်းဘူးလား...။ တည်းတယ်နော်...။
တည်းရင် မအိပ်ဘူးလား...။ အိပ်တယ်နော်...။
အိပ်ရင် မနက်ကျ မထရဘူးလား...။ ထတယ်နော်...။
ထရင် မျက်နှာ မသစ်ရလား...။ သစ်တယ်နော်။

အဲဒီမှာ စတွေ့တာပဲ...။
မနက်လင်းလို့ မျက်နှာသစ်ဖို့ ရေချိုးခန်ကို ဝင်တယ်။
ဘေစင်မှာ မျက်နှာသစ်လို့ ကြည့်လိုက်တော့ ဘေစင်က အပေါက်ပိတ်တဲ့ အဖုံးက ပိတ်နေလို့ ရေက မကျဘူး ဖြစ်နေတယ်။ ဒါနဲ့ လက်ညိုးနဲ့ လက်မနှစ်ခုအားနဲ့ မတာပေါ့။ မတယ်......................................... မတယ်....။

အံကြိတ်ပြီးတော့ လက်သည်းနဲ့ ကလော်တယ်...။ အဖုံးက တုတ်တုတ်မျှ မလှုပ်။
နဖူးက ချွေးသည် ခြေမကို ကျချေပြီတည်း...။
ရွာက ဘဘုန်းကြီးသာ ဟောရင်နှင့်ပျံလွန်တော်မူမည်။ မောင်နွားကျောင်းသားက ကျွတ်မည့်ပုံ မပေါ် ဆိုသလို ဒင်းက တုတ်တုတ်မှ ကို တုတ်တုတ်ကနေ မလှုပ်တာ...။
ခက်ချေပြီ...။ ဟောက်ဟ်ကစ်ပ်ပင် တွေ ဝင်လာလို့ ရေမကျပဲ မြင်နေရင် ကွယ်ရာမှာ မေးငေါ့ အတင်းတုပ်မှာကို မြင်ယောင်နေတော့ မလိုလား...။ အဖြစ်မခံဘူး...။

ဒါနဲ့ ခရီးဆောင်အိတ်ထဲက ကျောက်လှည့်ကို ယူတယ်...။ ကလော်တယ်....။ အားနဲ့ မနည်း ကလော်မှ ဖွတ်ဆိုပြီး ကျွတ်ထွက်လာတယ်...။ အဲဒီတော့မှ ကိုယ်တော်ချော ရေတွေက ဒလဟော ဆင်းသွားတယ်...။ တစ်ဆက်တည်း တွေးမိတာက ဒီဘေစင်ကို ထုတ်လုပ်တဲ့သူတွေ တော်တော် ရှော်သေးတယ် ဆိုတာကိုပဲ...။ ဘယ့်နှယ်... ရေပေါက်ကို ပိတ်တဲ့ကောင်ကို ခက်အောင် လုပ်ထားတာ....။ ကြည့်ပါဦး... ရေတွေ ပိတ်နေလိုက်တာ...။

(ရေတွေ ပိတ်နေတာပေါ့ဗျာ...။ ဖန်ထွက်နဲ့ ခပ်ထုတ်လိုက်လို့ လျော့သွားတာ။)

သွားမိတဲ့ အခေါက်တိုင်း ဒီအတိုင်း ဖြစ်တယ်...။ နောက်တစ်ခါ ပြန်လာတည်းမိရင် ဒီ အဖုံးကို ဖြုတ်ပြီးမှပဲ ဘေစင်ကို သုံးမယ်လို့ တေးထားတာ အကြိမ်ကြိမ်...။ နောက်ပြီးတော့လဲ ပြန်လာတည်းမိရင်လဲ ဘယ်တော့မှ သတိပြန်ရတယ်ဆိုတာ မရှိဘူး...။ အကြိမ်တိုင်းကို ဖြစ်နေတာ...။ သတိချပ်ကြပေါ့ဗျာ...။

အခုတစ်ခေါက် အလုပ်ကိစ္စနဲ့ သွားဖြစ်တာကတော့ မလေးရှားနိုင်ငံရဲ့ အရှေ့ကျွန်း ဆာရာဝပ်က် ပြည်နယ်က ဘရူနိုင်းနိုင်ငံနဲ့ ကပ်နေတဲ့ မီရီဆိုတဲ့ ကမ်းခြေမြို့ကလေးပါ။ အဲဒီကနေ တစ်ဆင့် ပင်လယ်ထဲကို ချော့ပါ နဲ့ ပြန်သွားရတာပါ။ ချော့ပါတွေကတော့ အဖုံဖုံပါပဲ။ အဓိကကတော့ ဆိုဗီယက်နိုင်ငံလုပ် ချော့ပါတွေ များပါတယ်။ မလေး လေကြောင်းလိုင်းကနေ ကိုင်တွယ်ပါတယ်။ ကမ်းလွန်ရေနံတွင်း၊ ဓါတ်ငွေ့တွင်းများဆီကို အလုပ်သွားလုပ်ကြတဲ့ ရေနံလုပ်သားများကို ချော့ပါနဲ့ ပို့ဆောင်ပေးနေတာပါ။ တစ်ရက်ကို အနည်းဆုံး လူ ၁၄ ယောက်ကနေ လူ ၃၀ အထိ တင်နိုင်တဲ့ Sikorsky အမျိုးအစား ချော့ပါ ကြီး၊ငယ်တွေနဲ့ ခရီးစဉ် ၈ ကြောင်းလောက် အနည်းဆုံး ထွက်ပါတယ်။ တစ်ကြောင်းကို ခရီးသည်တစ်ယောက်ကို စရိတ် ရင်းဂစ် ၃၀၀၀ လောက် ကျသင့်တယ်လို့ မှတ်သားဖူးတယ်။

ဒီနေ့ ကမ်းကို အပြန်မှာ စီးလာတဲ့ အမျိုးအစား ချော့ပါပေါ့...

အဲဒီမလေးလေကြောင်းလိုင်း (MAS - Malaysia Airlines Services) မှာ မြန်မာ ပိုင်းလော့များလဲ တွေ့ခဲ့တယ်။ ဂုဏ်ယူစရာပါ။ ဥရောပတိုက်သားများ၊ အနောက်နိုင်ငံသားများနဲ့ တန်းတူ မောင်းနေပါတယ်။ ကပ်ပတိန် ပေါ့နော်။ C0-pilot မဟုတ်ပါဘူး။ မလေး ကိုပိုင်းလော့များကိုတော့ အနည်းအကျဉ်းတွေ့ဖူးပါတယ်။ ကျန်တာကတော့ အနောက်နိုင်ငံသား ပိုင်းလော့များသာ များပါတယ်။

သဘာဝက အလကားရထားတဲ့ ရေနံတွေကို ထုတ်ရောင်းစားနေတဲ့ ရေနံကုမ္ပဏီတွေဆိုတော့ ငွေကို ရေလို သုံးနိုင်ပါတယ်။ ကမ်းလွန်က ပလက်ဖေါင်း (ရေနံတူးစင်လုပ်ကွက်ကို ခေါ်တာပါ။) မှာ လုပ်သားတွေ နေထိုင်ဖို့ Living Quarter ဆိုတာ ရှိပါတယ်။ ပင်လယ်တွင်း အလုပ်လုပ်ရတာ ဖြစ်တဲ့ အတွက် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာအောင် ထားပေးပါတယ်။ Safety First ဆိုတဲ့ မူကို လက်ကိုင်ထားပြီး နာမကျန်းဖြစ်ရင် ဆေးမှူးက အတည်ပြုရင် အလုပ်လုပ်စရာ မလိုပါဘူး။ အလုပ်ခွင်မှာ အန္တရာယ် ကင်းရှင်းရေးကို အဓိက ထားပါတယ်။ ဓါတ်ငွေ့နဲ့ ပါတ်သက်ပြီး လုပ်ကိုင်ရတဲ့ နေရာ ဖြစ်တဲ့ အတွက် မီး သတိပြုရပါတယ်။ သတ်မှတ်ထားတဲ့ အခန်းလေးထဲမှာသာ ဆေးလိပ်သောက်ရပါတယ်။ မိုဘိုင်းဖုန်း၊ အီလက်ထရောနစ် ပစ္စည်းများ ယူဆောင်ခွင့်မရှိပါ။ ယူချင်ရင် ခွင့်ပြုချက် လိုပါတယ်။ ခွင့်ပြုချက် မပါပဲ တရားမဝင် သယ်သွားရင် အရေးယူနိုင်ပါတယ်။ (တားကတော့ ခိုးသယ်သွားတာပဲ။) ဒီလေဆိပ်မှာ ဖုန်းကို အပ်ထားစရာ ဆိုင်မှ မရှိတာ။ Shell ကတော့ သိပ်မကျပ်ပါဘူး။ Petronas ကသာ ရစ်တာပါ။ မလေးအပေါ်ပိုင်းက ကာသေ့ ဆိုတဲ့ အရပ်မှာဆို လေဆိပ်မှာ ဖုန်းတွေကို အပ်ထားခဲ့ရပါတယ်။ အိတ်က်စရေးတွေနဲ့ သေချာ စစ်တာပါ။ ဒီဆာရာဝပ်က်က လေဆိပ်တော့ အဲလို မစစ်ပါဘူး။
မီးလန့်တာ ရှိသလို ဂက်စ်ယိုစိမ့်မှုကြောင့် အလမ်းမ် တွေ ထမြည်ရင် ကိုယ်ရောက်တဲ့ နေရာကနေ ကိုယ့်အတွက် စုရပ်အဖြစ် သတ်မှတ်ပေးတဲ့ နေရာကို သွားစုနေရပါတယ်။ အန္တရာယ် ကျရောက်နိုင်မှု အနည်းအများကို လိုက်ပြီတော့ အရေးပေါ် အချက်ပြ အလမ်းမ် တွေ အမျိုးမျိုး သတ်မှတ်ထားပါတယ်။ နေရာတိုင်းမှာ လော် တပ်ထားပါတယ်။ အခန်းထဲက မျက်နှာကျက်မှာ စပီကာ တပ်ထားပါတယ်။ အရေးတစ်ကြီး ပြောစရာ၊ လုပ်စရာ ပေါ်လာရင် အခန်းထဲက စပီကာကနေ တစ်ဆင့် ကြားနိုင်ပါတယ်။ ညဦးပိုင်းဆို ဘယ်သူ့အတွက် ဖုန်းဝင်လာလို့ လိုင်းနံပါတ်ဘယ်လောက်ကို ဆက်ပါ ဆိုတဲ့ ကြေငြာချက်တွေ ကြားနေရတာပဲ။ တစ်ခါသားမယ် ဓါတ်ငွေ့ယိုလို့ အရေဒပေါ် ညကြီးသန်းခေါင် မနက် ၁ နာရီခွဲ လောက် အိပ်လို့ ကောင်းတုန်းကို စုရပ်ထပြေးရတယ်။ မြန်မာပြည်မှာ နေတုန်းက မီးလောင်ရင် အရေးကြီးတာ သယ်ဖို့က အကျင့် ဖြစ်နေတော့ ပိုက်ဆံအိတ်ရယ်၊ ပါတ်စ်ပို့တ်ရယ်ကို လက်မှာ ဆွဲလာမိတယ်။

အခုတစ်ခေါက်မှာ ပလက်ဖေါင်းမှာ အချက်ပေး အလမ်းမ် ထထ မြည်တာ တော်တော်များတယ်။ ဒီပလက်ဖေါင်းက ဘေးအန္တရယ် အကင်းဆုံး ပလက်ဖေါင်းဆု ရထားတာ။ တစ်ခြား ရေနံတွင်းတွေက သူ့လောက် ဆေ့ဖ်တီးမှာ သိပ် စိတ်မချရဘူး။ အခု တစ်ခေါက်ကျမှပဲ ၁၂ ကြိမ် ကြုံရတယ်။ နေ့တိုင်းနီးပါးပေါ့။ လန့်တောင် လန့်တယ်။ ၂ ကြိမ်ကတော့ False Alarm (စက်က ကြောင်ပြီး ထမြည်တာ) ဖြစ်ပြီး ကျန်တာကတော့ ဂက်စ်ယိုလို့ မြည်တာ။ အသက်ကို ဖက်နဲ့ ထုတ်ရတဲ့ အလုပ်ဆိုတာ ခုမှ သဘောပေါက်တော့တယ်။ အဲဒီတော့မှ ကမ်းလွန်ရေနံတွင်း လုပ်သားများကို facilities တွေ အပြည့်အဝ ပေးတဲ့ အဓိပ္ပါယ်ကို သိတော့တယ်။ LQ မှာ အစားအသောက်ကတော့ ရှယ်ပဲ။ လိုလေသေး မရှိ။ မူးယစ်စေတတ်တဲ့ သူရာရည်က လွဲပြီးတော့ပေါ့လေ...။


ဒီ LQ ကနေ မလေးပြည်တွင်းကို ဖုန်းအလကား ခေါ်လို့ရတယ်။ ရှဲလ်က လုပ်ပေးထားတာ။ ကုဒ်နံပါတ် သိမှပေါ့လေ။ သူတို့ ဝန်ထမ်းအချင်းချင်းတွေသာ သိတာပေါ။ ဘွိုင်းပဲဟာ။ လေဆိပ်ကနေ ဂျူတီဖရီး မာဘိုရိုလ် တစ်တောင့် သယ်သွားတယ်။ ၂၀ လား ပေးရတယ်။ တစ်တောင့်ကို အလိပ်၂၀ဝင် စီးကရက်ဗူး ၁၀ ဗူးပါတယ်။ ကမ်းလွန် ပလက်ဖေါင်းပေါ်ရောက်တော့ ရောက်နှင့်နေပြီးသား သောက်တတ်တဲ့ လူတွေကို ဝေလိုက်တယ်။ ကိုယ်က မသောက်ပေမယ့် ပေးကမ်းခြင်းသည် အောင်မြင်ရာ၏ ဆိုတဲ့ ထုံးကို နှလုံးမူထားတဲ့အတွက် ဝယ်သွားတာ။ အလုပ်ဖြစ်တယ်လေ။ မလေးက နိုင်ငံခြားခေါ်တဲ့ ကဒ် (iTalk) ဆိုတာလေး ဝယ်သွားတယ်။ ရှဲလ်က ဝန်ထမ်းတွေဆီက ဖုန်းကုဒ်တောင်းပြီး အဲဒါနဲ့ မလေးရှားပြင်ပ နိုင်ငံတွေကို ဆက်တယ်။ ကုမ္ပဏီကို အတွင်းရေးတွေ ပြန်တိုင်ပင်လို့ ရတယ်။ ပလက်ဖေါင်းပေါ်က ဖုန်းအော်ပရေတာကနေ ဆက်လဲ ရတာပဲ။ သို့သော် သူတို့ မသိစေချင်တဲ့ ကိစ္စတွေဆိုရင်တော့ အိုင်တော့ခ်နဲ့ ကိုယ့်အခန်းကနေ ဆက်တာ အဆင်ပြေတယ်။

ကဲဗျာ... တော့ခ်တာတွေ များနေပြီ။ မျက်စိပသာဒလေး ဖြစ်သွားအောင် ပုံလေးတွေနဲ့ တန်ဆာဆင်ပေးလိုက်မှ။

အောက်က ပုံတွေကတော့ မီရီမြို့လေးပေါ်ကို ဝေဟင်ကနေ ဆီးပြီး (ခိုး) ရိုက်ထားတာလေးတွေပါ။ မျှပေးလိုက်ပါတယ်။
ဒီနေ့ ချော့ပါနဲ့ ပြန်လာတော့ ဖုန်းနဲ့ ခိုးရိုက်တာ။ လှတယ်နော်။

တိမ်ဖြူလွလွလေးတွေ ကိုယ့်နား တိုးခတ်ကျီစယ်သွားတယ်။


လေယာဉ်ခမျာ မောလွန်းလို့ သက်ပြင်းချနေတာ။
(လေယာဉ်တောင်ပံဘေးနားကနေ ရေငွေ့တွေ မှုတ်ထုတ်နေတယ်။)

ကူချင်းကနေ မီရီကို ဂျက်လေယာဉ်နဲ့ လာတုန်းက ရိုက်ထားတာ။

ကူချင်းမှာတုန်းက အတက်မှာ လမ်းကြောင်းရှင်းနေတာ စောင့်နေတုန်း ဘေးနားက လေယာဉ်က ကုန်သေတ္တာ သိုလှောင်ခန်းမှာ ဗုံးတွေ့တယ် ဆိုလို့ လန့်သွားသေးတယ်။ ရှာတွေ့ မတွေ့တော့ ကျွန်တော်တို့ လေယာဉ်တက်သွားတော့ မသိလိုက်ဘူး။

မလေးလေကြောင်းလိုင်းက မြန်မာပြည်က လေကြောင်းလိုင်းနဲ့ တူတူပဲ။ မလေးစကားပြောတာက လွဲပြီးတော့ပေါ့လေ။


အဲ... ရေးရင်းနဲ့ ပုံတွေ စာတွေ များသွားတယ်။ ဆားချက်လိုက်တာ လို့ ဆိုချင်ဆိုပါ...။ အဟဲ..။
နောက်ဆုံးအနေနဲ့ကတော့ အမှတ်တရ ဖြစ်စေတဲ့ ပုံလေးတွေ တင်ပေးလိုက်တယ်။

ဘေစင်မှာ ရေတွေ ပိတ်နေတယ်။ စိတ်ညစ်လိုက်တာ။ အဆို့ကို ဖယ်ရတော့မယ်။

လာလေရော့...။ လက်မနဲ့ လက်ညိုး အားပြုလို့ ကလော်ထုတ်လိုက်မယ်။ ပွင့်စေဟယ်။



အဆို့ ပွင့်သွားပြီ။ လက်သည်းတောင် ပဲ့သွားလား မသိဘူး။ ဘေစင်ထုတ်တဲ့ ကောင်တွေ ချိန်းဘရီးတွေ။ ဦးနှောက် မရှိဘူး။

ဟယ်။ နေပါဦး။ ခုနက ဒီခလုတ်လေးက အောက်ကို ရောက်နေတာ။ ခုမှ ဘာလို့ အပေါ်ကို တက်နေတာလဲ။ ကလိလိုက်ဦးမယ်။ လာလေရော့ ... နှိပ်ချလိုက်မယ်။


နှိပ်လိုက်ပြီ။ အလို ... !!! သေဟဲ့.. နန္ဒိယ။ အဲဒီခလုတ်ကို နှိပ်လိုက်တာ ခုနက အဆို့ကြီး အပေါ်ကို တက်လာပါလား။ ငါတော်တော်တုံးပါလား။ အဆို့ကို ဒီခလုတ်နဲ့ ဖွင့်လို့ရတာကို သက်သက်မယ့် လက်သည်းအပဲ့ခံပြီး ကလော်နေတယ်။
တောသား လူချော မောင်ဘွိုင်းရယ်။


ကြည့်ပါဦး... အောက်က ပုံမှာ အဆို့က ပွင့်နေတာ....။ တိန်...။



BONUS : ဘောနပ်စ်
(တီဇက်အေကို အားကျလို့ ဘောနပ်စ်တွေ တင်ပေးလိုက်ပါတယ်။ အစားအသောက် ပျက်သွားရင် တာဝန်မယူပါ။ ကြည့်သူတာဝန်သာ ဖြစ်ပါတယ်။)
ပင်လယ်ထဲကို အသွားမှာ အိပ်ရာထ နောက်ကျလို့ လေယာဉ်မမှီမှာ စိုးတာနဲ့ ကမန်းကတန်း ထသွားတာ မုတ်ဆိတ် ရိတ်တဲ့ ဂျုတ် ကျန်ခဲ့ပါတယ်။ အဲဒါ ပင်လယ်ထဲမှာ ဂျုတ်မပါလို့ မရိတ်ရတဲ့ ၁၀ ရက်အတွင်း ရှည်ထွက်လာတဲ့ မုတ်ဆိတ် ပိစိ ညှောင့်တောင့်တွေပါ။ လေယူရာတိမ်း ယိမ်းနေလိုက်တာ လက်ယာပါတီကို သဘောကျတယ် ထင်ပါရဲ့။ လယ်ယာဘက်ကို ယိမ်းနေလိုက်တာ။ ကဗျာတော့ အဆန်သား.. အဟိ။ မသိရင်တော့ အသားလတ်တဲ့ မလေးလူမျိုးပုံစံပါပဲ။ (အော့ အော့.... ဝေါ့)





Monday, January 12, 2009

G- Talk Eng-Myanmar Online Dictionary (Partially Finish)

သူငယ်ချင်းတစ်ယောက် ပို့လာတဲ့ မေးလ်ထဲကပါ...။

Gtalk က အင်္ဂလိပ်မြန်မာအဘိဓါန်တဲ့.......



- ပုံမှန် Gtalk ကနေ add တဲ့နည်းအတိုင်းပဲ။
- add box ကစာသားဖြစ်တဲ့ user@gmail.com အားလုံးကိုဖျက်လိုက်ပါ။
- ပြီးရင် en2mm@mmgeeks.org ကို add လိုက်ပါ။ပြီရင် finish ပေါ့
-အကယ်လို့ ကြားထဲမှာ တဆင့်ခံနေသေးရင် next ကိုသာနှိပ်လိုက်ပါ။
-ကိုယ် Gtalk box မှာ add လုပ်လိုက်တာလေးက မီးစိမ်းသည်ဖြစ်စေ မစိမ်းသည်ဖြစ်စေ
ဖွင့်ပြီး cat, arrow. eat စသည်ဖြင့်ရိုက်ကြည့်လိုက်ပါ။


လေ့လာ စမ်းသပ်သူ မောင်ဘွိုင်း ၏ သုံးသပ်ချက်။
==============================

- ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါသည်။
- လိုအပ်ချက်များ ရှိပါသေးသည်။
- အသုံးများ စကားလုံးများ မပါဝင်သည်ကို တွေ့ရှိရသည်။
- ဥပမာ - အင်္ဂလိပ်လ နာမည်များ။ အင်္ဂလိပ် ဂဏန်းများ ကို ရိုက်ထည့်ကြည့်ရာ “Your word is not found in our dictionary.” ဟူသော အသိပေးချက် ပေါ်သည်။
- die ဟူသည့် စာလုံးကို ရိုက်ကြည့်ရာ Sorry, your word is not in dictionary. ဟု သတိပေးချက် ပေါ်သည်။

စာလုံးများ ထပ်မံဖြည့်တင်းပေးမည် ဟု မျှော်လင့်ရသည်။ အခမဲ့လော၊ အခကြေးငွေနှင့်လော ဆိုသည်ကိုမူ သတင်းမရသေးချေ။

Sunday, January 11, 2009

Movie Review : You Are In So Far Away Nation (Korean Movie)

Movie Review : You Are In So Far Away Nation (Korean Movie)

အခုတစ်ခေါက် ရုပ်ရှင်အမြည်းကဏ္ဍမှာ အလှည့်ကျလာတာကတော့ လောလောလတ်လတ်ကမှ ကြည့်ဖြစ်တဲ့ ကိုးရီးယားကား တစ်ကား ဖြစ်ပါတယ်။

You Are In So Far Away Nation (Korean Movie)

Director…………… Lee Jun-ik(이준익)
Theatre Date …… 2008
Release Date …… 11/12/08
Audio ……….. …… AC3 224Kbps
Genre ……. ………. Drama, War
Runtime …………… 127 mins
Language …………. Korean
Actor ...................... Uhm Tae-woong
Actress .................. Su Ae

ဒီကားလေးကတော့ ၁၉၇၀ ဝန်းကျင်က ဗီယက်နမ် စစ်ပွဲကာလကို နောက်ခံထားပါတယ်။ သူရို့ဝတ်တဲ့ အဝတ်အစားတွေကို ကြည့်မယ်ဆိုရင် ဆင်ခြေထောက် ဘောင်းဘီ တစ်နည်းအားဖြင့် ခေါင်းလောင်းဘောင်းဘီ လို့ခေါ်တဲ့ ခြေကျင်းဝတ်ကို ကားထွက်သွားတဲ့ ဘောင်းဘီတွေ၊ ကော်လာကြီးကြီးနဲ့ အကျီင်္တွေ စတဲ့ ကျွန်တော်တို့ မိဘခေတ်က ဝတ်စားဆင်ယင်မှုကို တွေ့ရမှာ ဖြစ်ပါတယ်...။

ကိုးရီးယားနိုင်ငံဟာ ဂျပန်တွေလက်ကနေ လွှတ်တော့ မြောက်ပိုင်းဟာ တရုတ်နိုင်ငံရဲ့ လွမ်းမိုးမှုနဲ့ ကွန်မြူနစ်နိုင်ငံ အဖြစ် ရောက်သွားပါတယ်။ တောင်ဘက်ခြမ်းကျတော့ မဟာမိတ် အမေရိကန်နိုင်ငံ လွမ်းမိုးမှုကို ရောက်သွားပါတယ်။ အမေရိကန် မဟာမိတ်၊ အမေရိကန် သြဇာခံ ဖြစ်သွားတာပေါ့လေ။ အဲဒီအတွက်ကြောင့် တောင်ကိုးရီးယားနိုင်ငံမှာ အမေရိကန်ရေတပ် အခြေစိုက် စစ်စခန်း တည်ဆောက်ထားပါတယ်။ (အခုထိပါ။) ဗဟုသုတ အနေနဲ့ ပြောရရင် တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယား နှစ်နိုင်ငံ နယ်စပ်မျဉ်းကို စိတ်ကူးမျဉ်းဖြစ်တဲ့ အရှေ့လတ္တီကျူ့ ၃၈ မျဉ်းပြိုင်ကို ကို သတ်မှတ်ထားပါတယ်။ Korean Demilitarized Zone လို့ သတ်မှတ် ခေါ်ဝေါ်ပါတယ်။

အမေရိကန်နိုင်ငံဟာ သူ့နိုင်ငံထဲကို ကွန်မြူနစ်စနစ် စိမ့်ဝင် အမြစ်တွယ်လာမှာကို အလွန်ကြောက်ပါတယ်။ အဲဒီအတွက် ကမ္ဘာ့နေရာ တစ်နေရာရာမှာ ကွန်မြနစ်ဝါဒ ခေါင်းထောင်လာရင် တစ်နည်း မဟုတ် တစ်နည်း ပျက်ပြားအောင် ကြံဆောင်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ပြင်သစ် အုပ်စိုးမှု ကိုလိုနီအောက်က လွတ်မြောက်လာချိန်မှာ မြောက်ဗီယက်နမ်က ဗီယက်ကောင်းတွေဟာ တရုတ်အကူအညီကို ရယူ တိုက်ထုတ်ခဲ့ပါတယ်။ ပြည်တွင်းစစ်များ ထုံးစံအတိုင်း နှစ်ဖွဲ့ကွဲခဲ့တဲ့ နေရာမှာ ကွန်မြူနစ်ဖက်ကို မယိမ်းတဲ့ တောင်ဗီယက်နမ်ကို အမေရိကန်က ပေါ်တင် အကူအညီ သွားပေးခဲ့ပါတယ်။ အခွန်ထမ်း အမေရိကန် ပြည်သူများ သဘောမတူတဲ့ကြားက အတင်းသွားရောက် ကူညီခဲ့ပါတယ်။ အမေရိကန် လူငယ်လူရွယ်များ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ စစ်ထဲ အတင်းဝင်ခိုင်းပြီး ဗီယက်နမ်ကို ပို့ပါတယ်။ ၂သိန်းကျော်လောက် ဗီယက်နမ် စစ်မြေပြင်မှာ အသက်ဆုံးရှုံးခဲ့ပါတယ်။ အမေရိကန်တို့ဟာ အဲဒီ စစ်ပွဲမှာ ရှုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီ စစ်ပွဲကို သွားရောက်ဆင်နွဲတာ မှားယွင်းကြောင်း သမ္မတ ကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ (ဤကား ဗဟုသုတ။)

အခု ရုပ်ရှင်ကားမှာတော့ တောင်ကိုရီးယားဟာ အမေရိကန်နဲ့ မဟာမိတ် ဖွဲ့ထားလေတော့ အမေရိကန်က ဗီယက်နမ်မှာ စစ်ဝင်တိုက်တာကို စစ်အင်အား အကူအညီ ပေးရပါတယ်။ အဲဒီ အကြောင်းလေးနဲ့ ဇာတ်လမ်း စထားပါတယ်။

တောနယ်မှာ နေထိုင်တဲ့ မုဆိုးမ အဖွားကြီးမှာ တစ်ဦးတည်းသော အိမ်ထောင်ရှင်သားဟာ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စစ်တပ်ထဲမှာ တာဝန် ထမ်းဆောင်နေပါတယ်။ မုဆိုးမမှာ နောက်ထပ် မျိုးဆက် သားယောက်ျားလေး တစ်ယောက် အလိုရှိနေပါတယ်။ အတူနေ ချွေးမကတော့ အဆိုကောင်းတဲ့ သာမာန်အရပ်သူပေါ့။ ကမ္ဘာ့နိယာမ ထုံးစံအရ ယောက္ခမနဲ့ ချွေးမ မတည့်အတူနေပေါ့။ ချွေးမကို လတိုင်း သူ့သားရှိရာ စစ်တပ်ကို အလည်လွှတ်ပြီး <ဆင်ဆာ>xxxxxxxxxx<ဆင်ဆာ>သားသမီး ပွားစီးဖို့ အဖွားကြီး လိုလားပါတယ်။ သားစစ်သားက သူ့မိန်းမကို ရှေးရိုးဆန်တဲ့ နှစ်ဖက်သော မိဘများ ပေးစားလို့သာ ယူရတယ်... သိပ်ပြီးတော့ နှစ်သက်စုံမက် လိုလားပုံမရပါ။

တစ်ခါသားမှာ စစ်တပ်ထဲမှာ အတူနေ စစ်သား တစ်ယောက်နဲ့ ရန်ဖြစ်လို့ တပ်တွင်းစည်းကမ်းအရ အရေးယူခံရပြီး ဗီယက်နမ် စစ်ပွဲကို အပို့ခံရပါတယ်။ အိမ်ကို လုံးဝ ပြောမသွားပဲ ရှေ့တန်းက စာပို့လာတဲ့ အချိန်မှသာ ဗီယက်နမ် ရောက်နေကြောင်း သိရတဲ့ အမေဖြစ်သူ မုဆိုးမက သားလေးရှိရာကို ချွေးမကို သွားရောက်ရှာဖွေစေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗီယက်နမ်နိုင်ငံဟာ စစ်မက် ဖြစ်ပွားနေတဲ့ နိုင်ငံ ဖြစ်နေလို့ မိမိတို့ နိုင်ငံသားများကို အလည်အပတ် သွားရောက်ခွင့် မပေးတဲ့ အချိန် ဖြစ်နေပါတယ်။ ကြံရာမရတဲ့ ချွေးမ ဖြစ်သူဟာ တေးဂီတဝိုင်းတစ်ခုရဲ့ အဆိုတော်အနေနဲ့ သွားရောက်ဖို့ ကြိုးစားရင်းနဲ့ သူမ ခင်ပွန်းကို ရှာဖွေဖို့ အားထုတ်ပါတော့တယ်။

- မိမိအဖွဲ့သားများအပေါ် ဖြတ်စားလျပ်စား လုပ်တတ်တဲ့ တီးဝိုင်းအဖွဲ့ခေါင်းဆောင်ရဲ့ လိမ်လည်လှည့်ဖျားမှု။
- ဗီယက်နမ်စစ်ပွဲရဲ့ သရုပ်သကန်။
- တစ်စောင်တည်းသော ဗီယက်နမ် ရှေ့တန်းက ခင်ပွန်းရဲ့ စာတစ်စောင်။
- ပွဲလည်မှာ တစ်ခါမှ မဆိုဖူးသေးတဲ့ ။
- သေသလား ရှင်သလား မသိတဲ့ ခင်ပွန်း။
- ကမ္ဘာမီးလောင် သားကောင်ချနင်းရတဲ့ ခေတ်ပျက်ကြီးထဲမှာ ရမ္မက်ကျေးကျွန်ရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့
ကြွေနွမ်းသွားရတဲ့ အရိုင်းစံပါယ်လေး တစ်ပွင့်။

ကြယ်သုံးပွင့် ပေးလိုက်ပါတယ်။

မင်းသမီး ကတော့ မြန်မာလူမျိုးများနဲ့ သိပ်မစိမ်းတဲ့ မင်းသမီးလေးပါ။ အင်နိုးစဲန့် ရုပ်လေးနဲ့...။ သူ့အကြောင်း သိချင်ရင် ဒီမှာ သွားကြည့်ကြပါ...။

EZ Link ကဒ်အသစ် အကြောင်း တစ်စေ့တစ်စောင်း (တစ်လုံးအတည့်)။

ခြသေ့င်္ကျွန်းရဲ့ အထင်ကရ သယ်ယူပို့ဆောင်ရေး စနစ် ဖြစ်တဲ့ အမ်အာတီ ရထားကို စီးသူတွေ ကြားမှာ အခုတစ်လော ရေပန်းစားနေတဲ့ EZ Link ကဒ် အသစ်အကြောင်းကို ကျွမ်းကျင်သူ နှစ်ယောက် အချီအချ ဒူးတိုက် ဆွေးနွေးခဲ့ကြတဲ့ အပိုင်းကို တင်ဆက်လိုက်ပါတယ်။

ဂရင်းနစ် စံတော်ချိန် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၆း၀၀ နာရီ အချိန်လောက်က ဖြစ်ပါတယ်...။

(ဆက်စပ် ဖတ်ရှုနိုင်တဲ့ ပို့စ်တွေကတော့ ညီမူရာ နဲ့ နေနေနိုင် တို့ပို့စ်တွေ ဖြစ်ပါတယ်။)


<<< .Card Exchange Period/ Duration : .09 Jan '09 - 30 Sept '09.>>>

MRT အရေး ကျွမ်းကျင်သူနှစ်ယောက်၏ ဆွေးနွေးခန်း။
(Greenwich STD time 2009, Jan 10th 18:00 hr)

Boyz
: အခု ကဒ်က အက်အမ်အာတီ တက်စီစီးလဲ ပေးလို့ရတယ်။ 7 11 မှာ ပေးလို့ရတယ်
Boyz: နောက်တစ်ခြား သုံးလို့ ရတာတွေ အများကြီး ရှိတယ်။ ကြည့်ရတာ သူတို့ NETS system ကို မိုနိုပိုလီ လုပ်ချင်တာလား မသိဘူး။
Boyz: နက်စ်မှာ ဝင်သွားမယ့် ပိုက်ဆံတွေကို သူတို့ဆီ ရောက်အောင် လုပ်ပြီး ငွေကို လှည့်သုံးချင်တာ နေမှာ။
Boyz: အဲဒါကြောင့် ခရီးသွားတစ်ယောက်ဆီက အတိုးမဲ့ရထားတဲ့ deposite ၃ ကျပ်ကို အဆုံးခံ ပြန်အမ်းပြီးတော့ ကဒ်စနစ်ကို ပြန်အဆင့်မြှင့်ပြီး သူတို့ထဲ ပိုဝင်လာအောင် လုပ်တာ။ ဒီအတိုင်းတော့ ဘယ် ၃ ကျပ်ကို အလွယ်တကူ လက်လွတ်မှာလဲ။
Boyz: အခုဆို အမ်အာတီကဒ်ကိုင်ဆောင်သူပေါင်းက မီလီယံနဲ့ချီပြီး ရှိတယ်။ အဲဒါကို ၃ နဲ့မြှောက်လိုက်။ ထွက်လာတဲ့ တန်ဖိုးသည် SMRT ကနေပြီးတော့ အလကားအတိုးမဲ့ ရထားတဲ့ ချေးငွေပဲ...။
kom: သဘောပေါက်ပါပြီ..
Boyz: အဲဒိကိစ္စကို တစ်ချို့က complaint တက်တော့ ငွေပြန်အမ်းပြီး NETS ကို monopolized လုပ်ဖို့ ကြံနေတာ
kom: အစကတော့မပေါက်ပါ။
Boyz: စီးပွားရေးသမားတွေနော.....။ နည်းတဲ့ ဦးနှောက် မဟုတ်ဘူး...။
kom: တော်ပါသည်။
Boyz: ၃ ကျပ် ဒီပိုစစ်တင်တုန်းက ကဒ်ကို အနှုတ်အထိ လက်ခံတယ်။ ခုတော့ လက်မခံဘူးတဲ့။ ကဒ်ထဲမှာ အနည်းဆုံး ၃ ကျပ်ကျန်မှ ခရီးသွားတာ ကောင်းပါတယ် ဘာညာနဲ့ စေတနာ လာပိုနေတာ...။
Boyz: ကုလားကြီးနဲ့ အရာကြီးနဲ့ တူတူပဲ...။
Boyz: အခုတော့ ၃ ကျပ်ကို ဒီပိုစစ်တင်ထားရတယ်ဆိုတဲ့ နာမည်ပျက်က လွတ်သွားတာပေါ့။
Boyz: ကဒ်ကို နေရာတစ်ကာမှာ သုံးလို့ရအောင် လုပ်ခြင်းအားဖြင့် သူတို့ဆီကို Cash Flow တွေ ပိုဝင်လာမယ်။ အဲဒီ ဝင်လာတဲ့ ငွေတွေနဲ့ တစ်ခြားမှာ သူတို့ လှည့်သုံးနိုင်မယ်။
kom: ကဲ.ဆက်ပြော။
Boyz: သူတို့ အခု ရင်းနှီးရမှာကတော့ ကဒ်အဆင့်မြင့်လိုက်တဲ့ အတွက် ကဒ်ဖိုးနဲ့ ဆော့ဖ်ဝဲဖိုး၊ နောက်ပြီး ကဒ်ကို ဖတ်ဖို့ Card Reader။ ဒါပဲ...။ ကဒ်ဖိုးက ထူးပြီးကုန်ကျတာ မဟုတ်
Boyz: သူတို့က ကဒ်ကို စဉ်ဆက်မပြတ် ထုတ်နေတာ။
Boyz: တစ်ကယ်ကုန်ကျတာက ကဒ်ရိဒ်ဒါတွေပဲ..။ ဒါလဲ နောက်တော့ ငွေပြန်ပေါ်မှာပဲ။ ဆိုင်တွေမှာ ထားမယ်ဆိုရင် သူက စက်အာမခံကြေး စပေါ် တောင်းချင် တောင်းလိမ့်မယ်။ ပထမ ၃-၄ လတော့ စပေါ်ကို ပရိုမိုးရှင်းအနေနဲ့ မတောင်းဘူးပေါ့။
Boyz: လည်တယ်ဗျာ...။
Boyz: လူတွေရဲ့ စားဝတ်နေရေးမှာ အခရာကျတာကို ချုပ်ကိုင်ထားတာ
Boyz: လူတိုင်း မသုံးမဖြစ် ဖုန်းကုမ္ပဏီ၊ စားသောက်ကုန်ရောင်းတဲ့ အန်တီယူစီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း အက်စ်အမ်အာတီ
Boyz: အခရာကျတဲ့ အခြေခံ လိုအပ်ချက် အကုန်လုံးကို ကိုင်ထားတယ်။
kom: အင်း.. (စကားကို ထောက်ပေးနေခြင်း)
Boyz: ဦးနှောက်အတော်ပြေးတယ်။
ksanchaung: hello! seems like uh, the night is still young.
danTanDan: ဒို့လဲတိတ်တိတ်လေးဖတ်နေဒယ်
Boyz: တစ်ကယ်လို့ ခု ကိုင်နေတဲ့ ez link ကဒ်တွေကို လူတွေက ကက်ရှ်ကဒ်လို အစားထိုး သုံးလာမယ်ဆိုရင် အခု သုံးနေကြတဲ့ ဘဏ်ကဒ်က ဝန်ဆောင်မှု ဖြစ်တဲ့ NETS စနစ်က ပျောက်ကွယ် သွားနိုင်တယ်။
kom: ဒါပေမံဲ့အေ. ဘဏ်ကဘန် ပါဘဲ။ ဘန်ကဒ်ဘဲသုံးဖြစ်ဘို့များပါတယ်
Boyz: မဟုတ်ဘူးလေ။ ဘဏ်ကဒ်က ရထားစီးလို့ အဆင်မပြေဘူးလေ။
kom: ဘန်က ဘန်း ရထားကဒ်က ရထားက်ဒ်..
danTanDan: သူများကဒကယ်ဖတ်နေဘာဒယ်ရှိုမှ အဟင့် .. joinထားဒယ်
Boyz: တက်စီစီးရင် နက်စ်နဲ့ ပေးရင် သူက ပင်နံပါတ်တွေ ဘာတွေ နှိပ်ရသေးတယ်။ ခု အီးဇီးလင့်ခ်ကဒ်က ကက်ရှ်ကဒ်လိုပဲ Tap လုပ်လိုက်ရုံနဲ့ ပိုက်ဆံကို ကျသင့်သလောက် ဖျက်သွားပေးမယ် သဘောမှာ ရှိတယ်။
Boyz: ဘဏ်ကဒ်က ပိုက်ဆံ ထုတ်တဲ့ အချိန် တစ်ခုမှာပဲ သုံးလို့ရသွားမယ် အခြေအနေ ဖြစ်သွားနိုင်တယ်။ အီးဇီးလင်ခ့်ကဒ်ရဲ့ benefit ကို ဖတ်ကြည့်ရသလောက် သူက အစုံလုပ်နိုင်မယ့် သဘော။ လူတွေက ကဒ်တစ်ခုထဲမှာ အကုန်လုပ်နိုင်မယ်ဆို အဲဒီအစုံလုပ်နိုင်တဲ့ ကဒ်ပဲ ကိုင်တော့မှာလေ။
kom: မကိုင်ပါဘူး.
Boyz: ဒါဆို NETS card, Cash Card တွေ အလားအလာ သိပ်မကောင်းတော့ဘူး...။
kom: အီးကပ်ထဲမှာ ဘာလို့ပိုက်ဆံအများကြီးထည့်ထားမလဲ။ လိုသလောက်ဘဲပေါ့၊
Boyz: အီးကဒ်က နေရာတိုင်းမှာ အလွယ်တကူ သုံးလို့ ရနေတယ် ဆို အမ်းမား အလုပ်ရှုပ်ခံပြီါ် ကဒ်တွေကို သယ်နေမလား။
Boyz: All in One ကဒ်ကိုပဲ သယ်မလား။ လူ့မနောနဲ့ပဲ သေချာစဉ်းစား
kom: သယ်မှာဘဲ
kom: ဘန်ကက် က သူများကောက်ရ၇င် သုံးလို့မရဘူး
kom: ပင်နံပါတ် လိုတယ်
kom: အီးကက် က ပင်နံ့ပါတယ် မလိုဘူး
Boyz: ကျွန်တော်သာဆို less hassle ဖြစ်မဲ့ ဟာကိုပဲ ရွေးဖြစ်မှာပဲ။ ERP, Parking Fee, MRT, SMRT Taxi, Seven Eleven, Shopping Mall နေရာ အစုံ သုံးနိုင်မယ်လို့ သူတို့က ကြေငြာထားတယ်...။
kom: သူများကောက်ရ၇င် ကိုယ့်ပိုက်ဆံသုံးသွားမှာပေါ့။
Boyz: ဒါကတော့ ကဒ်မပျောက်အောင် ဂရုစိုက်လေ....။
kom: accident is accident ကိုဘ.
Boyz: NETS Card က MRT စီးလို့ မရဘူး...။ လူတိုင်း နေ့တိုင်း အမ်အာတီ စီးတယ်။
kom: ဟုတိပါပြီ။
Boyz: အမ်အာတီကဒ် နေ့တိုင်းဆောင်ရတယ်။ ဆိုတော့ အမ်အာတီကဒ်နဲ့ ငွေတွေ အလွယ်တကူ ချေနိုင်မယ်ဆိုရင် အဲဒ့ါကို ရွေးကြမှာပဲ...။
kom: ကဲ ၁၀၀ ဘဲ ထည့်ထားမယ်ကွာ။ ဘန်ကဒ်ကတော့သယ်ဦးမှာဘဲ။ ၁၀၀၀ တော့မထည့်ထားနိုင်ဘူး. :zonked:
Boyz: သူပေးထားတဲ့ benefit, previlege တွေက မက်စရာတွေ.. All in one..
kom: pros and cons
Boyz: တစ်ထောင်တော့ ဘယ်သူက ကုန်အောင် သုံးမှာလဲ အမ်းမားရာ...။
kom: ဟိ
Boyz: ၅၀၀ အထိပဲ သူက ထည့်ခွင့်ပေးထားတယ်။ အမ်းမား ၁၀၀၀ ထည့်ချင်လဲ သူက လက်မခံဘူး..။ :D
kom: မစန္ဒာ ဝတ်ထူထဲကလိုဖြစ်နေပြီ..
Boyz: 1818 card လိုပေါ့...။ ကဒ်နှစ်ခုပေါင်းတာ ၂၀ ထက် ပိုထည့်ခွင့်မပေးဘူး...။
kom: လုံချည်ကို မိးပူတိုက်တဲ့သူက အတည့်တိုက်တဲ့သူက အတည့်တိုက်တယ်။ တသက်လုံး
Boyz: လုပ်ပါဦး.. နားထောင်နေတယ်
kom: ပြောင်းပြန် တိုက် တဲ့သူက ပြောင်းပြန်မီးပူတိုက်တယ် တသက်လုံး။
kom: ဘယ်လိုငြင်းငြင်း. သူကောင်းတယ် ငါကောင်းတယ်နေ့
kom: နောက်ဆူံး ကေိုယ်လုပ်ချင်တာ လုပ်ဘီု့ ဆွေးနွေးပြီး ကြေအေးလိုက်ကြတယ်
kom: အခုလဲ ဓီလိုဘဲ
Boyz: ခေါက်ရိုးကျိုး၊ တစ်သက်လုံး အရိုးစွဲလာတာကို လွယ်လွယ်နဲ့ မဖျောက်ချင်တာလား။ အဲဒါက ရှေးတုန်းက အမ်းမားရ
Boyz: အခုခေတ်နောက်ပိုင်း လူတွေက အသစ်အဆန်း၊ အလွယ်နောက်ကို လိုက်တာများတယ်။
kom: အမ်းမားပါဆိုနေမှ. conservative
Boyz: မယုံကြည့်နေပါ။ နက်စ်စနစ်ကို အသုံးချတဲ့ ဘဏ်တွေ တစ်ခုခု လုပ်လာမှာပါ...
kom: boy ဘဲ ခေတ်ရှေ့ကသွား
Boyz: ခုတောင် နက်စ်နဲ့ ၅၀ ဖိုး ဝယ်ရင် ဆူဇူကီး ကားကံစမ်းမဲ ပေးနေတယ်လေ...။ အဲဒါ နက်စ်ဘက်က ဈေးကွက်မပျောက်ဖို့ တိုက်ပွဲအတွက် ခြေလှမ်းတစ်ခု စလိုက်တာပဲ...။
Boyz: အွန်လိုင်းမှာကိုယ်ဝယ်လာတဲ့ နက်စ် ၅၀ ဖိုး ဖြတ်ပိုင်းကို register လုပ်ပြီး ကံစမ်းမဲတွေ ပေးနေတယ်။

လရောင်လွမ်းတဲ့ည

Photo Credit : http://www.sciam.com

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က သာခဲ့တဲ့ လမင်းကြီးကို သတိရမိကြသေးလား...။ အဲဒီညမှာ သာခဲ့တဲ့ လဟာ ခါတိုင်းသာနေကျ လပြည့်ညတွေထက်ကို အရွယ်အစားအားဖြင့် ၁၂% ပိုမိုကြီးမားပြီး တောက်ပနှုန်းက ၃၀% တောက်ပနေခဲ့ပါတယ်။

အခု လပြည့်ည ဖြစ်တဲ့ ပြာသို လပြည့်ညမှာလဲ အဆိုပါ ဖြစ်ရပ်ကဲ့သို့ သာနေခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ လအရွယ်အစား အကြီးဆုံးဖြစ်မယ့် လပြည့်ညပါ...။ နာဆာက ထုတ်ပြန်ချက်အရတော့ ဒီဇင်ဘာည လလောက်နီးပါး ရှိမယ် ဆိုတာပါပဲ...။

ဘာ့ကြောင့် ဒီလို ဖြစ်ရလဲ ဆိုတာ ဆန်းစစ်ကြည့်ရအောင်။ လဟာ ကမ္ဘာမြေကြီးကို ဘဲဥပုံ လမ်းကြောင်းအတိုင်း ပတ်နေပါတယ်။ ဆိုတော့ အစွန်းတစ်ဘက် အခြား အစွန်းတစ်ဘက်ထက် ကမ္ဘာမြေနဲ့ ပိုနီးပါတယ်။ ပိုနီးတဲ့ အစွန်းကို Perigee လို့ ခေါ်ပြီး ပိုဝေးတဲ့ အစွန်းကိုတော့ Apogee လို့ခေါ်ပါတယ်။ ဒီညမှာ လဟာ ပယ်ရီဂီးဖက်ကို ရောက်သွားလို့ ဒီလို ဖြစ်တာပါ။

နာဆာအဖွဲ့ကတော့ ဒီ ပယ်ရီဂီးလနဲ့ ပါတ်သက်ပြီးတော့ အတော်ကို စိတ်လှုပ်ရှားနေကြပါတယ်။ ဒီညလ အလင်းရောင်နဲ့ သတင်းစာဖတ်တာ၊ စက်ဘီးစီးတာ၊ စာရေးတာ၊ ကြယ်တွေ ရေတွက်တာ လုပ်နိုင်သတဲ့။ (အောင်မလေး နာဆာရယ်.. ဒါတွေကို ဘယ်လိုလုပ်ပြီး တစ်ပြိုင်နက် လုပ်နိုင်ပါ့မလဲ။ စမ်းမကြည့်နဲ့ဗျို့...။ ကျားကိုက်လိမ့်မယ်...။ )

တော်ပြီကွယ် .. ဒါ့ပုံတွေ ရိုက်ပြီးတော့ ကောင်းမယ် ထင်တာကို တင်လိုက်တယ်...။ Phone Camera လေးနဲ့ ရိုက်တာဆိုတော့ ကွာလတီ မကောင်းဘူးကွယ်...။ ၁၀ ရက်နေ့ညက ရိုက်တာပါ...။

Photo Credit : Boyz

Friday, January 9, 2009

New System in MRT


ခြသေ့င်္ကျွန်းက သယ်ယူပို့ဆောင်ရေး စံနစ်ဟာ စင်းလုံးချော မဟုတ်သည့်တိုင် ခရီးသွားများအတွက် အဆင်ပြေပြေနဲ့ သက်တောင့်သက်သာဖြစ်အောင် စီစဉ်ထားပါတယ်။ အခု အထူးပြု ရေးသားပေးမှာကတော့ တစ်မြို့လုံးနီးပါး (အဲလေ) တစ်နိုင်ငံလုံးနီးပါး အားထားစီးနေရတဲ့၊ စီးနင်းကြတဲ့ MRT (Mass Rapid Transport) လို့ခေါ်တဲ့ ရထား ပို့ဆောင်ရေးစံနစ်ပါ။

ဒီအမ်အာတီ စံနစ်မှာ တစ်ကြောင်းကို ရထားတွဲပါင်း အနည်းဆုံး ၆ တွဲ တပ်ဆင်ထားပြီး ပြေးဆွဲပေးပါတယ်။ စီးနင်းလိုကပါသူများကို ကြေငြာချက်များ ထုတ်ပြန်ပေးပါတယ်။ ၁၀၉ မျိုးသော လူမျိုးများအတွက် ဘုံဘာသာ စကားလေးမျိုးနဲ့ ပီအေစံနစ်တွေ တပ်ဆင်ထားပါတယ်။ အင်္ဂလိပ်၊ မလေး၊ အိန္ဒိယ၊ တရုတ် စတဲ့ ဘာသာ စကားတွေနဲ့ ကြေငြာပေးပါတယ်...။

ဒါပေမဲ့လဲ ဒီကြေငြာတဲ့ စံနစ်မှာ ချို့ယွင်းချက် ဟာကွက်တွေ ရှိပါတယ်။ ရထားတွဲတစ်တွဲရဲ့ အလယ်မှာ ရှိနေတဲ့ ခရီးသည်ဟာ အဆိုပါ ကြေငြာချက်ကို ပီသကြည်မြစွာ နားဆင်နိုငပေမယ့် ရထားတွဲနှစ်တွဲကြားမျာ ရောက်နေတဲ့ ခရီးသည်များက ကြေငြာချက်ကို ကောင်းကောင်းမကြားရပါဘူး။ အဲဒီအတွက် ကိုယ်ဆင်းရမယ့် မှတ်တိုင်ကို ကျော်ပြီးမှ ဆင်းမိတာတွေ ခဏခဏ ဖြစ်ပါတယ်။ တိုင်ကြားချက်ပေါင်း ၁,၀၀၀,၀၀၀ နဲ့ တစ်ခု တိတိကို ရရှိပြီးနောက်ပိုင်းမှာ အမ်အာတီစနစ်ကို လက်ဝါးကြီး အုပ်ထားတဲ့ ကုမ္ပဏီက ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်ဖို့ ကြံဆလာရပါတော့တယ်။ မလုပ်လို့လဲ မရဘူးလေ။ သတင်းစားများ၊ မီဒီယာများကနေ လူထုအော်သံဆိုပြီးတော့ ရေးရေးနေကြတာကို မျက်ကွယ်ပြု၊ မမြင်ချင်ယောင်ဆောင်လာတာ ၄-၅ နှစ်ရှိပြီဆိုတော့ လုပ်ပေးရတော့မှာပေါ့...။

အဲဒါနဲ့ အစီအစဉ် အသစ်ကို အကောင်အထည်ဖေါ်နေကြပါတယ်။ ဒီအစီအစဉ်ကို ၂၀၀၉ ခုနှစ် ၄ လပိုင်းလောက်မှာ စတင်ပြီး အကောင်အထည်ဖေါ်မှာပါ။ လက်ရှိမှာတော့ ပိုင်းလော့ ပရောဂျက် အဖြစ် အချို့သော ရထားတွဲတွေမှာ စတင်နေပါပြီ...။

အစီအစဉ် အချို့ကို အမြည်းအနေနဲ့ ပြသရရင်တော့

အခုလို တံခါးပေါက် အဝင်အထွက်နေရာမှာ မီးလင်းနေတဲ့ ဆိုင်းဘုတ်ကို တပ်ဆင်ထားပါမယ်။ ဘူတာတစ်ခုတိုင်းကို ပြတဲ့ နေရာမှာ မီးလုံးလေးတစ်လုံးကို တပ်ဆင်ထားပါတယ်။ မရောက်သေးတဲ့ ဘူတာနားက မီးလုံးလေးတွေဟာ စိမ်းနေမှာ ဖြစ်ပြီး ရောက်လတ္တံ့သော ရှေ့မှတ်တိုင် ဘူတာအတွက်ဆိုရင် မီးလုံးလေးက အနီရောင်မှိတ်တုတ် မှိတ်တုတ် ဖြစ်နေမှာပါ။

အောက်က ပုံမှာ ကြည့်ရှုကုန်လော့။ (ဤတွင် ဆားချက်ခြင်း အမှု ပြီးဆုံးပြီတည်း။)

Wednesday, January 7, 2009

Movies Review

မလေးမှာ ပိုင်းရိတ် ဒီဗွီဒီတွေ ဖေါချင်း သောချင်း။ ခြသေ့င်္ကျွန်းမှာ မရတာတွေ ဟိုမှာ အကုန်ရတယ်။ အချိန်ယားလေး၊ ငွေယားလေး ရှိတုန်း ဝယ်လာတယ်။ အဲဒီထဲက ကြည့်ဖြစ်ခဲ့တာလေးတွေ နည်းနည်းပါးပါး မူဗွီစဘွိုင်လာ လုပ်လိုက်တယ်။ ကိုရီးယားကားတွေပဲ ရွေးကြည့်ဖြစ်တယ်။

Ride Away


Photo Credits : www.hancinema.com

တိတ်ဆိတ် အေးချမ်းတဲ့ မြို့လေးတစ်မြို့ဆီကို မိသားစု တစ်ခု ပြောင်းလာခဲ့တယ်။
အဖေရယ် သမီးရယ် သားရယ်ပေါ့။
မြို့အ၀င် အဝေးပြေး လမ်းပေါ်မှာ လမ်းပျောက်နေလို့ အဖေ ဖြစ်သူက လမ်းပေါ်က စက်ဘီးနဲ့ ကောင်လေး တစ်ယောက်ကို မေးရာက ဒီဇာတ်လမ်း စခဲ့တယ်။

အဖေက သားငယ်ကို အရင်က အိမ်က ထွက်သွားတဲ့ သားကြီးနဲ့ နှိုင်းနှိုင်းပြီးပြောလို့ မတည့်...။
အမေက ဆုံးပါးသွား။
အဖေနဲ့ မောင်ကြားမှာ ဗျာများရတဲ့ အစ်မ။

စာအုပ်အဟောင်းရောင်းတဲ့ ဆိုင်က စက်ဘီးနဲ့ ကောင်လေး...။
ကောင်မလေးက တိတ်တခိုးကြိုက်...။
ဒါပေမဲ့...။ ကောင်လေးက ခြေထောက် မရှိရှာဘူး (နောက်တာ)။

ဇာတ်လမ်းလေးက အေးပေမယ့် အဆုံးထိ သယ်သွားတယ်။
အေးလွန်းလို့ စောင်ခြုံ.. အဲ.. ပျင်းကုန်မလား မသိဘူး။

ကြယ် ၂ပွင့်ခွဲ...။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


နောက်တစ်ကား....။ သူလဲ ကိုးရီးယားကားပဲ။ အနီးယို ဟပ်စယော်...။


Black Heart (aka Moms and Daughters)



Photo Credit : www.avistaz.com
သစ်သီးတွေကို ရောင်းနေရတဲ့ မုဆိုးမတစ်ယောက်။
တီဗွီ အနောင်ဆာ တစ်အား ဖြစ်ချင်တဲ့ သမီးလေး။
အတိတ်မေ့ရောဂါ လို ခဏခဏ သတိမေ့တတ်တဲ့ အဖွား။

မုဆိုးမကို တိတ်တခိုး ကြိုက်နေတဲ့ လူပျိုသိုးကြီးတစ်ယောက်က မနက်တိုင်းကို သစ်သီးသည် ဈေးရောင်း သွားတတ်တဲ့ ကားလမ်းပေါ် သစ်ကိုင်းကြီးကြီးတွေ တမင် ချထားတတ်ပြီး ကားမောင်းလို့ မရအောင် လုပ်တတ်တယ်။

တစ်ခါသားမယ် အဲဒီလမ်းပေါ်မှာ သစ်သီးသည်က လူတစ်ယောက်ကို ၀င်တိုက်မိμ အမှုပတ်မှာစိုးလို့ အိမ်ခေါ်လာပြီး ဆေးကုတယ်။ မဖြစ်စလောက် ဒဏ်ရာလေးပေါ့။ အဲဒါနဲ့ ကောင်လေးက အိမ်မှာ သောင်တင်သွားရော။
ကောင်လေးက မျက်လှည့်လေး ဘာလေး တတ်တယ်။ အိမ်မှာလဲ ကူဖေါ်လော်ဖက် ရတယ်။
ခက်တာက သမီးက မကြည်ဘူး။ ကောင်လေးက သူ့အမေကို ကြိုက်တိုက်တိုက် ဖြစ်နေတာကိုး...။

နောက်ဆုံးတော့ ကောင်လေး ဘယ်ကလာသလဲဆိုတာကို သိလိုက်ကြတဲ့ အခါ....

ကြယ် သုံးပွင့်ခွဲပေးလိုက်တယ်...။


(ဆားချက်တယ်လို့ ယူဆရင်လဲ နည်းနည်းပါးပါးတော့ မြည်းကြည်ပါဗျာ...။ လပွတ္တာက ဆားချောပါဗျာ...။ aka ဆိုတာ Also Known As ရဲ့ အတိုကောက်ပါ။ Basic နည်းတဲ့သူတွေ လာမေးမယ်ဆိုတာ ကြိုသိနေလို့ ပြောပါတယ်။)

Monday, January 5, 2009