Showing posts with label IT. Show all posts
Showing posts with label IT. Show all posts

Tuesday, December 7, 2010

How to use "Places" on FaceBook in iPhone with "HotSpotShield"VPN


အိုင်ဖုန်းထဲက ဖေ့ဘွတ်မှာ ''Places'' ဆိုတဲ့ function ပါလာတာ သုံးလလောက် ရှိနေပါသည်။
By default အရ အမေရိကားနိုင်ငံ တစ်ခုပဲ သုံးလို့ရပါသေးတယ်။
အမေရိကားပြင်ပ နိုင်ငံမှာ သုံးလို့ မရသေးပါဘူး။
လောလောဆယ်တော့ စလုံးမှာတော့ သုံးလို့ရအောင် နည်းလမ်းတစ်ခု တွေ့ထားပါတယ်။
အဲဒါကတော့ HotspotShield VPN ကို ကိုယ့်ဖုန်းထဲမှာ Add လုပ်ဖို့ လို့ပါတယ်။
ကျွန်တော် လက်ရှိ စမ်းသပ်ပြီး သုံးနေတာပါ။ (စလုံးအပြင် တစ်ခြားသော အမေရိကန် ပြင်ပနိုင်ငံများက ဒီနည်းကို သုံးရမရ စမ်းသပ်ကြည့်ပြီး အကျိုးအကြောင်း လာရေးပေးပါဦး။)

အောက်က ပေးထားတဲ့ လင့်ခ်အတိုင်း လုပ်ပေးဖို့ပဲ လိုပါတယ်။

How to set up VPN to use "Places" in iPhone's FaceBook.

Username နဲ့ Password ကို မေးလာရင် Step 2 နားက "Account ID" ကို ကလစ်ခေါက်လိုက်ပါ။ စက်က username နဲ့ password ကို အော်တို generate လုပ်ပေးပါလိမ့်မယ်။

setup configuration များ ပြီးဆုံးသွားလို့ရှိရင်တော့ Wifi နဲ့ VPN ကို ON ပေးဖို့ လိုပါတယ်။ VPN logo လေးက ဖုန်းရဲ့ ညာဘက် အပေါ်ထောင့်မှာ ပေါ်နေပါမယ်။ အဲဒါလေး ပေါ်နေရင်တော့ Places ကို သုံးလို့ ရသွားပါပြီ။

VPN ကို တောက်လျှောက် ON ပေးတဲ့ အတွက် ဖုန်းဘက်ထရီတော့ ကုန်ပါလိမ့်မယ်။ ကျွန်တော့်လို့ External iPhone Battery ဖြစ်တဲ့ Energizer ကို ဝယ်ထားရင်တော့ Battery ကိစ္စ ခေါင်းစားစရာ မလိုပါဘူး။

စာကြွင်း။ ။ အထက်ဖော်ပြပါ အချက်အလက်များ အရင်းအမြစ်၊ သတင်း စစ်မှန်မှု၊ စမ်းသပ်သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာသော အကျိုးအပြစ် တို့သည် စာရေးသူ၌ တာဝန်မရှိကြောင်း....။ (ဟိ ကိုယ်ဖြစ်ကိုယ်ခံပဲ)

Tuesday, June 30, 2009

IT News (300609)

ဒီတစ်ခါတော့ လတ်တလော ဖြစ်ပျက်နေတဲ့ ကမ္ဘာ့ အိုင်တီ သတင်းများကို တင်ပြချင်ပါတယ်။
  • Apple က အရာရှိကြီး Steve Jobs တစ်ယောက် အသည်းအစားထိုး ကုသမှုနဲ့ ဆေးခွင့် ၆လ နားရာကနေ ဒီတနင်္လာနေ့က စပြီး လုပ်ငန်းခွင်ကို ပြန်လည် ၀င်ရောက်လာပါပြီ။ စတိ တစ်ယောက် ဖျားနာနေတုန်းက အကြောင်းရင်း အမှန်ကို ရှယ်ယာဝင်များထံ တရားဝင်အကြောင်း ပြန်ကြားမှုတွေ မလုပ်ခဲ့လို့ Apple ကို အပြစ်တင်နေကြပါတယ်။ စတိရဲ့ ကျန်းမာရေးဆိုင်ရာ ကုသချက်တွေကို ဖုံးကွယ်ပေးခဲ့တဲ့ ဆေးရုံကိုလဲ မီဒီယာက အပြစ်ဖို့ကြပါတယ်။
  • ဒုတိယမျိုးဆက် iPhone မှာ အရင်တုန်းက ဓါတ်ပုံ၊ ဗွီဒီယိုများ ပေးပို့နိုင်တဲ့ MMS မပါပါဘူး။ Apple က OS3.0 ဆိုတဲ့ ဆော့ဖ်ဝဲကို လွင့်တင်လိုက်တဲ့ အခါမှာ Hacker များက JailBreak လုပ်ဖို့ ကြိုးစားရင်းနဲ့ အဆိုပါ ဒုတိယ မျိုးဆက် iPhone 3G မှာ MMS ကို အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပါတယ်။ Apple အရင်က ပြောခဲ့တဲ့ MMS ကို Hardware Radio Function ကြောင့် ထည့်လို့ မဖြစ်ဘူးဆိုတာ စားသုံးသူကို လိမ်ညာတာလားလို့ မေးခွန်း အထုတ်ခံနေရပါတယ်။
  • ဈေးကွက်ထဲကို ရောက်ရှိပြီး တစ်ပတ်တောင် မကြာသေးခင်မှာပဲ တတိယ မျိုးဆက်သစ် iPhone 3GS ဟာ Overheat လို့ ဆိုရမယ့် အပူချိန် လွန်ကဲမှု ပြဿနာကို ကြုံတွေ့နေရပါတယ်။ ပထမဆုံး သတိပြုမိတာကတော့ PCWorld က IT Journalist တစ်ယောက်ပါပဲ။ သူက သာမာန် သီချင်းနားထောင်တာနဲ့ အင်တာနက်ကို သုံးနေတုန်းမှာ ဖုန်းက ပူခြစ်လာတာကို သတိပြုမိတာပါ။ အခု နောက်ဆုံးကတော့ ပြင်သစ်မှာ အဲဒီဖုန်းကို သုံးနေတဲ့ သူတစ်ယောက်က ခေါင်းအုံးအောက်မှာ ထားပြီး သီချင်းနားထောင်နေတုန်းမှာ ပုခုံးကို မီးစနဲ့ ထိုးသလို ခံစားလိုက်ရလို့ သတိပြုမိတာပါ။ ဖုန်းအဖြူရောင်ဟာ လွန်ကဲတဲ့ အပူရှိန်ကြောင့် ပန်းရောင်ဖျော့ဖျော့နဲ့ လိမ္မော်ရောင် အဖြစ်ကို ပြောင်းသွားပါတယ်။ iPhone 3GS မော်ဒယ် အသစ်ကို သုံးစွဲသူများ သတိချပ်သင့်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ Apple က အခုထိ တစ်စုံတစ်ရာသော ဖြေရှင်းချက်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ စားသုံးသူ တစ်ချို့ကတော့ အဆိုပါ ပြစ်ချက်များပါတဲ့ ဖုန်းကို ဈေးကွက်ထဲက ပြန်ရုပ်သိမ်းလေမလား လို့ စောင့်မျှော်နေကြပါတယ်။
  • iPhone 3GS မှာအရင် မော်ဒယ်အဟောင်းက ပြဿနာတွေ ပြေလည်ခြင်း မရှိသေးပါဘူး။ ဖုန်းပြောပြီးနောက်ပိုင်း ဖုန်းကြောင်လို့ စက်ကို ပိတ်မရတာတို့၊ ဖုန်းချလို့ မရတာတို့ ခုထိ မပြေလည်သေးပါဘူး။ အကောင်းဆုံး အကြံပြုချက်ကတော့ ဖုန်းကို Reset ချလိုက်ဖို့ပါပဲ။ နောက်ပြစ်ချက်တစ်ခုကတော့ Apple က မိတ်ဆက်ပေးခဲ့တဲ့ OS 3.0 ဆော့ဖ်ဝဲကို ဆွဲချ အသုံးပြုခဲ့တဲ့ မျိုးဆက်ဟောင်း ဒုတိယ မျိုးဆက် iPhone 3G တွေမှာ ဘက်ထရီတွေ သိသိသာသာ အကုန်မြန်တာကို တွေ့နေရပါတယ်။
  • PSP ဂိမ်းကိရိယာကို ထုတ်လုပ်တဲ့ ဆိုနီအနေနဲ့ အဆိုပါ PSP များကို ဖုန်းအနေနဲ့ ထုတ်လုပ်နိုင်ခြေ ရှိတယ်လို့ ကောလဟလများ ထွက်ရှိနေပါတယ်။ ဆိုနီက အဲရစ်ဆန် ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဆိုနီအဲရစ်ဆန် ဖုန်းများ ထုတ်လုပ်ရာမှာ Display ကို အကြီးဆုံး ၂.၈ လက်မ သာ ထုတ်လုပ်ခဲ့ပါတယ်။ ဆိုနီ ပရိသတ်များအနေနဲ့ အိုင်ဖုန်းလို မျက်နှာပြင် အကြီးစား (320 x 240) ဖုန်းများကို ဆိုနီကနေ ထုတ်လုပ်ပေးဖို့ အာသီသ ရှိတာ မဆန်းပါဘူး။ အခု PSP များဟာ (480x272) အရွယ်အစား မျက်နှာပြင် ကို အသုံးပြုထားတာ ဖြစ်ပါတယ်။
  • ဥရောပ ဘုံဈေးများ နိုင်ငံတွေက Universal Phone Charger Standard ကို သဘောတူညီလိုက်ပါပြီ။ ဒီ သဘောတူညီချက်ကြောင့် နောင် ၂၀၁၁ မှာ ထုတ်လုပ်တဲ့ ဖုန်းအားလုံးသည် Charger တစ်ခုထဲနဲ့ အသုံးပြုနိုင်ပါပြီ။ အခု လောလောဆယ်မှာတော့ ဆိုနီ ချာဂျာကို နိုကီယာမှာ မသုံးနိုင်သလို ဆမ်ဆောင်းဖုန်းကို အယ်လ်ဂျီ ချာဂျာနဲ့ အားသွင်းနိုင်ခြင်း မရှိသေးပါဘူး။ နောင်ထုတ်လုပ်မယ့် ဖုန်းတွေမှာ ချာဂျင်လုပ်ဖို့ Port ကို အားလုံးက တစ်မျိုးတစ်စားတည်း ထုတ်လုပ်တော့မယ်လို့ သဘောတူညီလိုက်တာပါ။ ဖုန်းကုမ္ပဏီများက ပူးပေါင်း ပါဝင်ဖို့ပဲ လိုတော့တယ်။
  • မကြာတော့တဲ့ အချိန်မှာ ဈေးကွက်ထဲ ဖြန့်ချိမယ့် Windows 7 OS နဲ့ ပတ်သက်ပြီး အငြင်းပွားနေကြပါတယ်။ မိုက်ခရိုဆော့ဖ်က အဆိုပါ ဆော့ဖ်ဝဲကို ဈေးနှုန်းသတ်မှတ်ရာမှာ မြင့်မားလွန်းတယ်လို့ ဝေဖန်သံတွေ ထွက်နေပါတယ်။
  • ဂျပန်နိုင်ငံ တိုယာတာ သုတေသန ဌာနကနေပြီးတော့ ဘီးတပ်ကုလားထိုင်ကို လူ့ဦးနှောက်ရဲ့ အတွေးနဲ့ စေစားခိုင်းစေနိုင်မယ့် စံနစ်ကို အောင်မြင်စွာ တီထွင်လိုက်နိုင်ပြီလို့ သတင်းများက ဆိုပါတယ်။
  • မြောက်ကိုးရီးယားနိုင်ငံရဲ့ တစ်ခုတည်းသော ဆက်သွယ်ရေး ကုမ္ပဏီက ဝန်ဆောင်မှုပေးနေတဲ့ 3G GSM ဖုန်းလုပ်ငန်းဟာ ယခုအခါ သုံးစွဲသူပေါင်း ၁၉၀၀၀ ကျော် ရှိသွားပါပြီ။ ပထမ သုံးလပတ်မှာ အမြတ်ငွေ အမေရိကန် ဒေါ်လာ ၃၂၁,၀၀၀ ရရှိခဲ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
  • Palm Pre ရဲ့ အွန်လိုင်းဆိုင်က ဆော့ဖ်ဝဲကို Download လုပ်သူ လူဦးရေ တစ်မီလီယံ ကျော်သွားပါပြီ။
ဤတွင် သတင်းများကို ကြေငြာလို့ ပြီးပါပြီ။

Friday, January 30, 2009

IT ပိုင်းဆိုင်ရာ မသမာမှု


Photo Credit : http://www.nwg.net

သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး ဆိုသလိုပါပဲ။ တီထွင်ကြံဆမှုတွေကြောင့် ကွန်ပြူတာ ဆိုတာ ပေါ်လာတယ်။ ကွန်ပြူတာတွေ တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ဖို့ အင်တာနက်ဆိုတာ ပေါ်လာတယ်။ အဲဒီ အင်တာနက်ဆိုတာနဲ့ ဆက်နွယ်ပြီးတော့ ဆာဗာ ဆိုတာ ပေါ်လာတယ်။ အဲဒီ ဆာဗာက ကွန်ပြူတာ အုပ်စုတစ်ခုကို လိုအပ်တဲ့ အချက်အလက်တွေ သိမ်းဆည်းပေးတာ၊ ဖလှယ်ပေးတာ၊ ဘက်က်အပ် လုပ်ပေးတာ အစရှိသဖြင့် လုပ်ဆောင်ပေးပါတယ်။ အကြမ်းဖြင်း ပြောပြတာပါ။

အဲဒီဆာဗာကို ထိန်းချုပ်၊ မွမ်းမံ ပြုပြင်မှုတွေကို အိုင်တီနားလည် တတ်ကျွမ်းတဲ ပုဂ္ဂိုလ် တစ်ယောက်ကို သီးသန့် အက်မင်နီစထရေတာ အဖြစ် ခန့်ထားပြီး လိုအပ်တာတွေကို ဆောင်ရွက်ရပါတယ်။

အခု ပြောပြချင်တဲ့ အိုင်တီပိုင်းဆိုင်ရာ မသမာမှုကတော့ အောက်တိုဘာလတုန်းက အမေရိကားနိုင်ငံ၊ မေရီလန်း ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

Finne Mae Mortgage ဆိုတဲ့ ကုမ္ပဏီမှာ အိန္ဒိယ နွယ်ဖွား ဖြစ်တဲ့ မာကာဝါ (ဗာဂျီးနီးယားတွင် နေထိုင်) ဆိုသူကို IT Admin အနေနဲ့ သုံးနှစ်တာကာလ ခန့်ထားပြီး နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ အောက်တိုဘာ လဆန်းပိုင်းမှာ အကြောင်း အမျိုးမျိုးကြောင့် သူ့ကို ကုမ္ပဏီကနေ ထုတ်ပယ်ခဲ့ရပါတယ်။ အဲဒီလို ထုတ်ပယ်ခံရတာကို မကျေနပ်တဲ့ အတွက် မထွက်ခင်ရက်မှာပဲ သူ့အကောင့်နဲ့ ဆာဗာဖဲ ၀င်ပြီး ဗိုင်းရပ်စ် စကရစ်ဖိုင်တစ်ခုကို ထည့်ထားခဲ့ပါတယ်။

Photo Credit : AskBobRankin

အဲဒီဖိုင်ဟာ သုံးလတာ ကာလအတွင်း ဘာအလုပ်မှ မလုပ်ပဲနဲ့ ဆာဗာထဲမှာ ခိုအောင်းနေမှာပါ။ သုံးလပြည့်တာနဲ့ စတင် အလုပ်လုပ်ပြီး ရှိသမျှဖိုင်တွေကို ဗလာဖိုင်များ အဖြစ် ပြောင်းသွားအောင် လုပ်ပါလိမ့်မယ်။ ဖျက်ဆီးအားက အလွန်ကြောက်စရာကောင်းပါတယ်။ ဖိုင်ကို မတွေ့မိခဲ့ရင် သုံးလပြည့်တဲ့ နေ့ ဖြစ်တဲ့ ဇန်န၀ါရီ ၃၁ မှာ ပထမဦးဆုံး သူခိုအောင်းထားတဲ့ ဆာဗာပေါ်က ဖိုင်တွေကို ဖျက်ပါမယ်။ ဗလာဖိုင်နဲ့ အစားထိုးပါမယ်။ အဲဒီနောက်တော့ သူနဲ့ ချိတ်ဆက်နေတဲ့ ဆာဗာ အလုံးပေါင်း ၄၀၀၀ (လေးထောင်) ဆီကို ကူးသွားပြီး အဲဒီက ဖိုင်တွေအားလုံးကို ဖျက်ပါလိမ့်မယ်။ ဒေါ်လာသန်း ထောင်ပေါင်းများစွာ တန်တဲ့ အချက်အလက်တွေ ပလုံစိသွားပါလိမ့်မယ်။ တော်တော်ကို အန္တရယ်များတဲ့ အကြံအစည်ပါ။

ကုမ္ပဏီက ကံကောင်းတယ် ပြောခဲ့ရမလား မသိ။ သူရေးထားခဲ့တဲ့၊ ထည့်ထားခဲ့တဲ့ ဖိုင်ကို တစ်ခြားသော အိုင်တီ အက်မင်က ငါးရက်အကြာမှာ တွေ့လို့ မူမမှန်မှုတွေကို သတင်းပို့ရာက အခုလို မီးခိုးကြွက်လျှောက် သူ့ကို ဖမ်းမိနိုင်ခဲ့တာပါ။ သူမှန်းသိစေတာကလဲ ဆာဗာထဲကို လော့ဂ်အင် လုပ်တာမှာ ကုမ္ပဏီက သူ့ကို ပေးထားတဲ့ အကောင့်၊ လပ်ပ်တော့ပ်၊ အိုင်ပီ အဒ်ရက်စ်နဲ့ ၀င်ပြီး လုပ်ခဲ့လို့ပါပဲ။ ပိုဆိုးတာက အဖျက် ဗိုင်းရပ်စ် ဖိုင်တွေ ထည့်ပြီး နောက်ပိုင်း ကုမ္ပဏီ အီးမေးလ်ကို အသုံးပြုပြီး သူ့ရဲ့ အိန္ဒိယက ဆွေမျိုး သားချင်းများကို အမေရိကားဆီ မလာဖို့ လှမ်း အကြောင်းကြားတဲ့ မေးလ်ကြောင့်ပါပဲ။

အခုတော့ သူ့ကို ဇန်န၀ါရီလ ၇ ရက်နေ့က ဖမ်းမိပြီး အာမခံ ဒေါ်လာ တစ်သိန်းနဲ့ လွှတ်လိုက်ပါတယ်။ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ် အထိ ကျခံနိုင်ဖွယ်ရာ ရှိပါတယ်။ ကုမ္ပဏီက အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်တယ်လို့ သိရပါတယ်။ အမေရိကားမှာ အိမ်ခြံမြေ လုပ်ငန်း ထိုးကျပြီးနောက်ပိုင်း နောက်ထပ် ထိုးကျစေမယ် ၀ိုက်လက်သီး လို့လဲ ပြောနေကြတယ်။

Source : Information Week, The Register

Sunday, March 16, 2008

စုံစီနဖါ Miscellaneous

ဒီတစ်ခေါက်တော့ ပြီးခဲ့တဲ့ အပတ်ထဲက မြင်တာ တွေ့တာ သိတာ ကြားတာလေးတွေ စုစည်းတင်ပြ လိုက်ရပါတယ်...။

ပြီးခဲ့တဲ့ နှစ်ပါတ် သုံးပါတ်လောက်က ၀ုဒ်လဲန်းမှာ ချင်းဂေး ပွဲတော် ရှိသဗျား...။ ချင်းပြည်က ဂေးတွေအကြောင်းလို့တော့ မတွေးပါနဲ့ဗျာ...။ ချင်ကာပူက ဂေးတွေ အကြောင်းပါ... ဟဲဟဲ နောက်တာ..။ မဟုတ်ဖူး...။ အဲဒီပွဲက ဘာပွဲလဲ ဆိုတာ ဒီမှာ သွားဖတ်လိုက်ဗျာ...။ ပျင်းတယ်...။ ဓါတ်ပုံရိုက်ထားတာ ရှိတယ်...။ မျောက်အုန်းသီးနဲ့ ရိုက်လာတာ...။ အောက်က ပုံပဲဗျ...။ ဗွီဒီယိုက ရှည်လွန်းလို့ ဘယ်လို ဖြတ်ပြီး တင်ရမလဲ ကြံနေတာ...။ အဲဒီမယ်... မဒီချောချောများ ပါတယ်ဗျ...။ အသေအချာကို ပြင်ဆင်ထားတာ... သူနိုင်ကိုယ်နိုင် အပြိုင်ကြဲ၊ အပြိုင်လှနေကြတာ...။ အဆင်ပြေမှ ဗွီဒီယို တင်ပေးမယ်ဗျာ...။



စနေနေ့ကျတော့ အိုင်တီရှိုးကို သွားတာပေါ့...။ မိုက်တယ်ဗျာ...။ အိုင်တီထုတ်ကုန်တွေ ပြောတာနော်...။ ဟီး...။ မိုက်မမိုက်ကတော့ အောက်ကပုံမှာသာ ကြည့်ပေတော့ဗျာ...။ ရေစိုခဲ့တဲ့ ကွန်ပြူတာဗျ...။ ပန်နာဆိုးနစ်က ထုတ်ထားတာ...။ အပေါ်ကနေ ရေလောင်းချပြနေတာ...။ ရေစိမ်ခံလားတော့ မသိ...။ မေးတာကို ဟိုကောင်မလေးက မသိနိုးနား လုပ်သွားတယ်...။ အစိမ်မခံလို့ နေမှာပေါ့နော...။



ဟဲဟဲ... ဒီပုံက လီနိုဗိုပြခန်းကဗျ...။ လီနိုဗို ဗျာ...။ မိုက်တယ်ဗျာ... နော့...။ လီနိုဗိုကို အိတ်ခ်ျပီအတွက် နို့ဘွတ်တွေ ဆင်ပေးကတည်းက သဘောကျနေတာဗျ...။ အခုလဲ ပိုပြီးတော့ သဘောကျတယ်...။ ပြိုင်ကား အဖြူလေးကို ပြောတာနော်...။ ဘေးက မော်ဒယ်ကတော့ ချောလား မချောလား မသိဘူး...။ ယောင်လို့တောင် မာကည့်မိပါဘူး... ကားကိုပဲ အာရုံ စိုက်နေလို့...။

အော် အဟုတ်ပါဗျ...။ ကိုယ်က ကိုယ့်အုန်းသီးလေးနဲ့ ကားကို သေချာ ချိန်တာကို သူတို့များ ရိုက်နေတယ် ထင်လား မသိ.. ပေိးလုက်တဲ့ ပို့စ်တွေ ထုတ်လိုက်တဲ့ အိုက်တင်တွေ ..။ အဲဒီတော့ကိုယ်လဲ အားနာပါးနာ ရိုက်ပေးလိုက်ရတယ်...။ ဖုန်းကနဲ အုန်းကနဲပဲ...။ ကြယ်တွေလတွေတောင် ပွင့်သွားလား မသိ...။




အဲ.. ဒီအောက်ကပုံကတော့ ဘာဖြစ်လို့ ဖြစ်မှန်းတော့ မသိဘူး...။ ဖူနန် ကို ဒီနေ့ရောက်သွားတော့ ဖူနန် အောက်ထပ် ကေအက်ဖ်စီ ရှေ့က ဟာဗေးနော်မန် တည့်တည့်မှာ ရဲတွေ အရပ်ဝတ်နဲ့၊ ၀တ်စုံနဲ့ ရှုပ်ရှက်ခတ်နေတာပဲ...။ ကြည့်တဲ့သူတွေရော၊ လမ်းသွားလမ်းလာရော၊ ခရီးသွား လုပ်သားပြည်သူတွေရော၊ စပ်စုချင်သူရော၊ မဆိုင်သူတွေရော တွေ့တယ်...။ သတင်းထောက်တွေကလဲ ဓါတ်ပုံတွေ တစ်ဖျတ်ဖျတ် ရိုက်လို့ပေါ့..။ ဗွီဒီယို ကင်မရာသမားလဲ ပုခုံးပေါ်ကဟာကြီးကို သေချာချိန်ပြီး မလွှတ်တမ်း လိုက်ရိုက်နေလေရဲ့...။



ရဲအချုပ်ကားက ၄-၅ စီးလောက်မှာ အကျီအနီဝတ်များကို အပြုံလိုက် ဖမ်းပြီး ကားပေါ်တင်ထားတာ တွေ့ရတယ်...။ ဘာနှစ်ပါတ်လည်နေ့ အထိမ်းအမှတ်နဲ့ ဆနပြကြတာပါလိမ့်...။ လွှတ်တော်ပါလီမန် အဆောက်အဦနဲ့လဲ နီးတယ်...။ ချင်ကာပူ အတိုက်အခံက ဒေါက်တာချီးများလား...။ လမ်းလျှောက်တဲ့ ကိုကို မမ တို့များလား မသိ...။ ဘေးနားက လူတွေလဲ မေးကြည့်လို့မရ...။




ရဲအချုပ်ကားပေါ် ပါသွားတဲ့ထဲက ကောင်မလေးတစ်ယောက်က အပြင်ကို လက်ထုတ်ပြီး လက်ညိုးနဲ့ လက်ခလယ် ထောင်ပြသွားလေရဲ့... ။ လူနှစ်ယောက် လာပါလို့ ပြောချင်တာလား...။ နောက်ထပ် နှစ်ခါ ထပ်ဖြစ်ဦးမယ်လို့ ပြောချင်တာလား...။ ရဲကား နှစ်စီးစာ ကျန်နေသေးတယ်လို့ ပြောချင်တာလား...။ ကော်ဖီနှစ်ခွက်လို့ ပြောချင်တာလား...။ ...လား... လား... လား...။ လားပေါင်းများစွာ... ဒန်းကီးပေါင်းများစွာ... မြင်းပေါင်းများစွာနဲ့.. ကျွန်တော် လားအုပ်ကြီးအလယ်မှာ ကျန်နေခဲ့တယ်...။ တော်သေးတယ်...။ ဗဒင်ရဲ့ သိုးမည်းကြီး ပါမလာလို့...။ နို့မို့ မေရီ သိုးဘယ်နှစ်ကောင် ဆိုတာ မအိပ်ခင် ရေတွက်နေသလို ရေရဦးမယ်...။


ဓါတ်ပုံထဲမှာတော့ တော်တော်ဝါးနေလို့ ရသလောက်ပုံပဲ တင်လိုက်တယ်..။ ဒီနေ့ သတင်း ထိုင်စောင့်နေတာ...။ ဘာမှလဲ မပြဘူး...။ ဒီချင်ကာပူက ဒီလိုပဲ...။ သူများ သတင်းတွေသာ ဇွတ်တင်ပြီး သူတို့ဟာကျတော့ မတင်ဘူး...။ ဟိုဝရမ်းပြေးလဲ ခုထိ ဖမ်းလို့ကို မမိနိုင်သေးဘူး...။ သေသွားပြီလား မသိ (ထောင်ထဲမှာ..။)