Tuesday, December 7, 2010

How to use "Places" on FaceBook in iPhone with "HotSpotShield"VPN


အိုင်ဖုန်းထဲက ဖေ့ဘွတ်မှာ ''Places'' ဆိုတဲ့ function ပါလာတာ သုံးလလောက် ရှိနေပါသည်။
By default အရ အမေရိကားနိုင်ငံ တစ်ခုပဲ သုံးလို့ရပါသေးတယ်။
အမေရိကားပြင်ပ နိုင်ငံမှာ သုံးလို့ မရသေးပါဘူး။
လောလောဆယ်တော့ စလုံးမှာတော့ သုံးလို့ရအောင် နည်းလမ်းတစ်ခု တွေ့ထားပါတယ်။
အဲဒါကတော့ HotspotShield VPN ကို ကိုယ့်ဖုန်းထဲမှာ Add လုပ်ဖို့ လို့ပါတယ်။
ကျွန်တော် လက်ရှိ စမ်းသပ်ပြီး သုံးနေတာပါ။ (စလုံးအပြင် တစ်ခြားသော အမေရိကန် ပြင်ပနိုင်ငံများက ဒီနည်းကို သုံးရမရ စမ်းသပ်ကြည့်ပြီး အကျိုးအကြောင်း လာရေးပေးပါဦး။)

အောက်က ပေးထားတဲ့ လင့်ခ်အတိုင်း လုပ်ပေးဖို့ပဲ လိုပါတယ်။

How to set up VPN to use "Places" in iPhone's FaceBook.

Username နဲ့ Password ကို မေးလာရင် Step 2 နားက "Account ID" ကို ကလစ်ခေါက်လိုက်ပါ။ စက်က username နဲ့ password ကို အော်တို generate လုပ်ပေးပါလိမ့်မယ်။

setup configuration များ ပြီးဆုံးသွားလို့ရှိရင်တော့ Wifi နဲ့ VPN ကို ON ပေးဖို့ လိုပါတယ်။ VPN logo လေးက ဖုန်းရဲ့ ညာဘက် အပေါ်ထောင့်မှာ ပေါ်နေပါမယ်။ အဲဒါလေး ပေါ်နေရင်တော့ Places ကို သုံးလို့ ရသွားပါပြီ။

VPN ကို တောက်လျှောက် ON ပေးတဲ့ အတွက် ဖုန်းဘက်ထရီတော့ ကုန်ပါလိမ့်မယ်။ ကျွန်တော့်လို့ External iPhone Battery ဖြစ်တဲ့ Energizer ကို ဝယ်ထားရင်တော့ Battery ကိစ္စ ခေါင်းစားစရာ မလိုပါဘူး။

စာကြွင်း။ ။ အထက်ဖော်ပြပါ အချက်အလက်များ အရင်းအမြစ်၊ သတင်း စစ်မှန်မှု၊ စမ်းသပ်သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာသော အကျိုးအပြစ် တို့သည် စာရေးသူ၌ တာဝန်မရှိကြောင်း....။ (ဟိ ကိုယ်ဖြစ်ကိုယ်ခံပဲ)

7 comments:

  1. ko boyz iphone4 မှာတော့ Places ကို နှိပ်လိုက်တာနဲ့ VPN logo တက်လာတယ်ြ့ပီးတော့ check in နှိပ်လိုက်တာနဲ့  ကိုယ့် အနီးအနားက သွားစရာလေး ၀ါးစရာ နေရာလေးတွေပေါ်လာတယ်

    ReplyDelete
  2. AMK က ဘယ်အရပ်မှာ နေတာပါလိမ့်။
    ကျွန်တော်တို့ စလုံးမှာတော့ Facebook က သူ့ရဲ့ places ကို တရားဝင် ပေးမသုံးသေးပါဘူး။
    အခုတောင် ကျွန်တော်က ဒီ VPN ကို create လုပ်ပြီးမှသာ သုံးလို့ရတာပါ။
    ကျွန်တော့်ဖုန်းက 3GS, OS ကတော့ 4.0 ပါ...။

    ReplyDelete
  3. တော်တော် အဆင့်မြင့်တယ်။ ဒီအတိုင်လေးဘဲကောင်းပါယ်. ခေတ်နောက်ကျကာမှ ကျကော. ခေါင်းစားတာသက်သာတယ်။

    ReplyDelete
  4. how to watch football live online and football highlight on iphone4?

    ReplyDelete
  5. @Mr.bean, Last time, TVU player is working. But now not sure...

    ReplyDelete
  6. Aus က လောလောဆယ် FaceBook ရဲ့ Place ကို တရားဝင် Support မလုပ်သေးပါဘူး။ AMK ကဘယ်လို သုံးနေတာပါလိမ့်။
    ဖုန်းထဲမှာ VPN တစ်ခုခုများ ဆက်တင် ချိန်ထားတာလား...။

    ReplyDelete