Thursday, December 2, 2010

Me & iPhone

အိုင်ဖုန်းနဲ့ ပတ်သက်တဲ့ စုံစီနဖါလေးတွေပါ။

ပြီးခဲ့တဲ့ SITEX2010 တုန်းက အိုင်ဖုန်းနဲ့ ပတ်သက်တာလေးတွေ သေးသေးကွေးကွေး သွားဝယ်လာတယ်။

၁။ Sony MW600 Wiress Earphone
ဒီဆိုနီ နားကျပ်အတွက် ၇၉ ကျပ် ပေးရတယ်။ ဝယ်ထားတာ အဖြူရောင်လေ။ အနက်ရောင်ဆို ၆၉ ကျပ်ပဲ။


၂။ Energiser Power pack for

သူက ၁၂၉ ကျပ် ရောင်းတာကို ၆၉ကျပ်နဲ့ ရလာတယ်။ 1500 mA ပဲ... အနည်းဆုံးတော့ ၁၀၀% တော့ ထပ်သုံးရတာပေါ့။

နောက် စတားဟပ်ကို သွားပြီးတော့ နဂိုအိုင်ဖုန်းနားကျပ် ပျက်နေတာကို ဝါရန်တီကလိမ်း သွားလုပ်လာတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက သွားတော့ နားကျပ်စတော့ ကုန်နေလို့တဲ့။ စတော့ဝင်လာရင် ဖုန်းဆက်ပေးမယ် ဆိုပြီး မှတ်တမ်းတွေ ယူထားတယ်။ တစ်ပတ်နေလဲ မဆက် နှစ်ပတ်နေလဲ မဆက်တော့ ပေါချောင်ကောင်း ၁၂ ကျပ်တန် သွားဝယ်ကြည့်တယ်။ မကြိုက်ဘူး။ အဲဒါနဲ့ အိုင်တီရှိုးမှာ အပေါ်ကပြောခဲ့တဲ့ ဆိုနီ နားကျပ်ဝယ်လိုက်တာ။ ဆိုနီဆိုတော့ သိတဲ့ အတိုင်းပဲ အသံကွာလတီက စိတ်ချရတယ်။

Apple Store က ရောင်းထားတဲ့ သူ approve လုပ်ထားတဲ့ Dr. Dre ဘာညာ မကြိုက်ဘူး။ ဈေးကလဲ ၂၀၀ ကျော် ၃၀၀ ကျော်တွေ ဖြစ်တာလဲ ပါမှာပေါ့လေ။

ဆိုနီကတော့ ကျွန်တော် လက်လှမ်းမီတဲ့ ၁၂၉ ကျပ်ဆိုတော့ ဝယ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ ဖြစ်ချင်တော့ အိုင်တီရှိုးဆိုပြီး ဈေးချထားတာ ၇၉ ကျပ်တဲ့။ ဝယ်လိုက်တယ်။ သဘောကျနေတယ်။ သူက အက်ဖ်အမ် ရေဒီယိုပါ နားကျပ်မှာ တွဲပါလာတယ်။ ဖုန်းနဲ့ ဘလူးတုဒ် မချိတ်ပဲ သူ့အတိုင်းလဲ ရေဒီယို နားထောင်လို့ရတယ်။ မဆိုးဘူးပဲ။
အဲဒီဆိုနီနားကျပ် ဝယ်ပြီးမှ အပြန်မှာTampines က စတားဟပ်ကို ဝင်ပြီး Warranty Claim လုပ်ထားတာကို follow up လာလုပ်တာ ဆိုပြီး ဒေါင်းတင် မောင်းတင် ပြောတယ်။ ဖြစ်ချင်တော့ ငနဲသားက ခေါ်ဖို့ မေ့နေတာ။ အဲဒါကို ဖိပြောလိုက်တာ။ ချက်ချင်းပဲ အသစ်လဲပေးလိုက်တယ်။

အော်ရီဂျင်နယ် အိုင်ဖုန်းနားကျပ် ပြန်ရလေသတည်းပေါ့။ ဆိုးပါ့။ ဆိုနီနားကျပ် ဝယ်ပြီးခါမှ အိုင်ဖုန်းနားကျပ် အသစ် ပြန်ရတယ်။

အမ်အာတီကဒ်တုန်းကလဲ ဒီလိုပဲ။ ကဒ်ပျောက်သွားလို့ ကဒ်ဝယ်ပြီးခါမှ မာရသွန်ပြိုင်ပွဲအတွက် စပွန်ဆာပေးတဲ့ Goodies တွေထဲမှာ အမ်အာတီ ကဒ်သစ် တစ်ကဒ် ဖရီးရတယ်။


အိုင်ဖုန်းကလဲ ဝယ်စကနဲ့ မတူတော့ဘူး။ တိုစိ တိုစိတွေ ဝယ်လာလိုက်တာ accessories တွေက ဖုန်းဈေးနီးပါး တက်လာတယ်။

မှတ်မှတ်ရရ iPhone Skin အတွက် simlim square မှာ လက်ယားပြီး epicenter ကနေ silicon case ကို ၆၉ ကျပ် ပေးဝယ်တယ်။

နောက် သိတဲ့အတိုင်း ဘက်ထရီက အကုန်မြန်တဲ့ အိုင်ဖုန်းအတွက် ရုံးမှာ အားသွင်းဖို့ ချာဂျင်ကြိုးဝယ်တာ အစက third party က ထုတ်တဲ့ Charging Cable ကို ၂၅ ကျပ်နဲ့ ဝယ်တယ်။ စစချင်းတော့ ချာဂျင် ဝင်တယ်။ နောက်ပိုင်းကျတော့ အိုင်ဖုန်းနဲ့ မတည့်တော့ဘူး။ ဒါနဲ့ အော်ရီဂျင်နယ် ဝယ်လိုက်တာ ၅၉ကျပ် ပေးရတယ်။


အိမ်မှာကတော့ Apple Universal Docking ဝယ်လိုက်တာ 84 ကျပ်ကျတယ်။

ဒါတောင် အိုင်တီရှိုးမှာ ၁၂ ကျပ်နဲ့ တွေ့လို့ ဝယ်လာတဲ့ ချာဂျင်ကြိုး ရှိသေးတယ်။

မလေးရှားရောက်တုန်းက screen protector ကွာနေလို့ အသစ် ဝယ်လိုက်တာ ၄၀ ရင်းဂစ်တန် တပ်လိုက်တာ ရှိသေးတယ်။ အခုတော့ Skin Case ဝယ်တော့ ပါလာတဲ့ Crystal Clear Protector နဲ့ ပြန်ကပ်လိုက်တယ်။

အိုင်ဖုန်းများ .... လိုက်မိရင် ကုန်ပေါက်။ ဒါတောင် iPad မပါသေးဘူး။ ဟိုအိုင်ဖုန်းထဲက ဗွီဒီယိုတွေ ဓါတ်ပုံတွေကို တီဗွီမှာ ကြည့်ချင်ရင် သွယ်လို့ရတဲ့ Component Cable ဆိုတာ မဝယ်ရသေးဘူး။ ၇၉ကျပ်တဲ့။ သိပ်မလိုသေးဘူးလားလို့ မဝယ်သေးတာ။ မျက်စောင်းကတော့ ထိုးနေတုန်း။

App Store ထဲကတော့ app တွေ တစ်ခုပဲ ဝယ်ဖြစ်သေးတယ်။ တစ်ယောက်သော သူမက Bejeweled ဆော့ချင်တယ်ဆိုလို့ ၁.၉၉ လား ၂.၉၉ လား မသိဘူး စတိုးကနေ ဝယ်ထားတာ ရှိတယ်။

ကျန်တာ ဖရီးနဲ့သူများ ခရက်လုပ်ပေးထာတာတွေပဲ သုံးနေတယ်။

စလုံးက အိုင်ဖုန်းဒေတာ ပလန်တွေဟာ တစ်ခြားနိုင်ငံကထဲ စာရင် အတော်ကို ဈေးသက်သာတယ်။ အဲဒါကို အကျိုးရှိရှိ အသုံးချတတ်ရင် ဖုန်းဖိုးတွေ မနည်းဘူး သက်သာမယ်။ အခုကျွန်တော် pfingo ဆိုတဲ့ ကောင်လေး သုံးနေတယ်။ သူက ဝိုင်ဖိုင်ရော၊ 3G ရော အကုန်ချိတ်လို့ရတယ်။ pfingo ယူဆာ အချင်းချင်း ဖုန်းဆက်ခေါ်ရင် ဖရီးပဲ။ အဲဒါ သူငယ်ချင်းတွေကို pfingo အကောင့် ဆောက်ခိုင်းပြီး အဲဒါနဲ့ ခေါ်တာ ပွားတာ အတော်ကို ဈေးသက်သာတယ်။ နိုင်ဂျံဂါးက သူငယ်ချင်းလဲ သူ့အကောင့်ကို ခေါ်လိုက်ရင် ဖရီးပဲ။ မိုက်တယ်။

နောက်မှ သုံးလို့ကောင်းတဲ့ apps တွေ လာရေးပြမယ်။
အခုတော့ ဒီလောက်ပါပဲ။

အိုင်ဖုန်းထဲက angry bird လေး ဆော့လိုက်ဦးမယ်။ :P

6 comments:

  1. Ko Boyz Angry Birds Seasons လေးလဲဝယ်အုံးနော် Flick Fishingလဲမိုက်တယ် Gameကောင်းတာလေးတွေ တွေ့ ရင် ပြောအုံးနော့

    ReplyDelete
  2. မရှိတာကောင်းတယ် အလုပ်ရှုပ်ချက်

    ReplyDelete
  3. တစ်ပုဒ်လုံးဖတ်အပြီးမှာတော့ တစ်ယောက်သောသူမဆိုတဲ့ စကားလုံးကို ဟိုမင်္ဂလာဆောင်သွားတဲ့ လူဆီကနေ ခပ်တည်တည် အမွေယူထားလိုက်တယ်ဆိုတာကို သတိထားလိုက်မိတယ်။ ကျန်တာကတော့ သာမန်ကာလျှံကာလောက်ပဲ မှတ်မိလိုက်တယ်။ :P

    ReplyDelete
  4. မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါလား။
    ပေးချင်တာ တစ်ခြား ယူသွားတာ တစ်ခြား။
    ဟိုတစ်ယောက်သုံးထားတာကို သဘောကျလို့ ခပ်တည်တည် ကောက်သုံးပလိုက်ဒယ်...။ ဒါဗြဲ...။ :P

    ReplyDelete
  5. Mate, my third party USB charing/data cost me 2$ including postage :D

    ReplyDelete
  6. @Nyimuyar, so your cable is still working? Mine are not working anymore. I throw all third party.

    ReplyDelete