မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတဲ့ တရုတ်နှစ်ကူး အခါသမယပါ... ဘလော့ဂ်ကြွာလာ မိတ်သဟာ အပေါင်းတို့...။
အန်ပေါင်းတွေ၊ ဟုန်ပေါင်းတွေလဲ လှိုင်လှိုင်ရကုန်ပြီ ထင်ပါရဲ့....။
ဘလော့ဂ်လေးလဲ ခရီးသွားကတည်းက ပစ်ထားမိတာ ဖုန်တွေ တက်နေလို့။ အမှိုက်တွေ ပွနေလို့။ ပြန်ရှင်းလိုက်ဦးမယ်ဗျာ...။ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပစေလို့ နှုတ်ခွန်းဆက်သရင်း ဘလော့ဂ်လေးကို အသက်ပြန်သွင်းပေးလိုက်ကြပါစို့။
မြန်မာစာပေ ခေတ်ဦးမှာ ရှင်မဟာရဌသာရက ရွှေစက်တော်သွား တောလား၊ နောက်တော့ သိပ္ပံမောင်ဝရဲ့ နယ်လှည့်ရာဇဝင်၊(စာအုပ်နာမည် မှားမှန်း သိတယ်။ ဆြာဂျီး လာမလုပ်နဲ့. မေ့နေလို့ တွေ့ကရာ ကောက်ထည့်တာ. ဖြည့်ဖတ် ဖြည့်ဖတ်) နောက်ဘယ်သူကလဲ မသိဘူး အောက်စဖို့သွား မှတ်တမ်း၊ နောက် ဂျာနယ်ကျော် ဦးချစ်မောင်လား ဘယ်သူလား အဲဒီတုန်း နိုင်ငံတော်ရဲ့ စတုတ္ထ မဏ္ဍိုင်ကို ချီးမြှောက်စဉ်ကာလက စိနတိုင်းက ပီကင်းကို နိုင်ငံတော် စားရိတ်နဲ့ အလည်အပတ် သွားပြီး ပီကင်းပြန် အစရှိတဲ့ ခရီးသွားမှတ်တမ်းတွေ ဘုတ်အုတ်အနေနဲ့ ထုတ်ခဲ့တာ ရှိတာပေါ့။
အတော်လဲ အဖိုးတန်ခဲ့တာပါ။ တစ်အုပ် တစ်အုပ်ကို သုံးထောင်လောက် ပေးရ... အာ... ဘာတွေ လျှောက်ရေးနေမှန်း မသိတော့ဘူး။ အတော့်ကို ဗဟုသုတတွေ ပေးတဲ့ စာအုပ်ပါ။ အခုခေတ်နောက်ပိုင်းမှာ ဖတ်မိတဲ့ထဲက ကြိုက်မိတာကတော့ ဂျူးရဲ့ ချစ်သူရေးတဲ့ ညတွေ ဆိုလား.. ဝတ္ထုထဲက အခန်းတစ်ခုစီမှာ နာမည်ကြီး ပန်းချီကားတွေနဲ့ ရောင်စုံ ကြွေချော စက္ကူနဲ့ ထုတ်တဲ့ စာအုပ်ရယ်၊ ကိုဝမ်းဆိုတဲ့ သင်္ဘောသားရေးတဲ့ စာအုပ်ရယ်၊ အဏ္ဏဝါ စိုးမိုး ရေးတဲ့ ခရီးသွား ဆောင်းပါးရယ်၊ လေသူရဲ ဦးလှဝင်း ရေးတဲ့ ခရီးသွားတာတွေနဲ့ ပါတ်သက်တဲ့ ဆောင်းပါးတွေပါပဲ။

အခုလဲ ခရီးတွေ တောက်လျှောက် ထွက်နေဖြစ်တဲ့ ကိုယ့်အတွက် ကိုယ်သွားလာခဲ့ဖူးတဲ့ နေရာလေးတွေကို အမှတ်ရစိမ့်သောငှာ၊ ဗဟုသုတလေးများ ရနိုင်မလားဆိုတဲ့ အတွေး မရဲတရဲလေးနဲ့ အတွေ့အကြုံလေးတွေ ဝေငှမလားလို့ စိတ်အကြံ ဖြစ်မိတယ်။
သို့သော်လဲပေါ့လေ....
အတည်အခံ့တွေ ရေးမယ်ကြံရင် ချော်တောငေါ့တတ်တဲ့ ကိုယ့်ရဲ့လက်ကို သိတဲ့ အတွက်ကြောင့် ဒီပို့စ်ကို ခရီးသွားပို့စ်လို့ မသတ်မှတ်ပဲ ပေါက်တတ်ကရ ပို့စ်အောက်ကို ပို့လိုက်မယ်။ ရွာစားရေ.. မတိမ်းမစောင်း ဗိန်းမောင်းနဲ့ ပို့လိုက်စမ်း။
အဲ... ကိုယ့်ပေါင်ကို လှန်ထောင်းရင် ဖွဖွပဲ ထုထောင်းတတ်သမို့ ခုတော့ သူများတွေ မထောင်းခင် ကိုယ်ပဲ ပြန်ထောင်းလိုက်ပါတယ်။
တောသားမြို့တက်ဆိုတာ ကျွန်တော်လို လူချော မောင်ဘွိုင်းလေး အတွက် အလွန်မှန်ကန်တဲ့ စကားရပ်လေး ဖြစ်ပါတယ်။ မြို့ပြရဲ့ ခေတ်မှီ ပစ္စည်း အသုံးအဆောင်များကို အကျွမ်းတစ်ဝင် မရှိသေးတဲ့ အင်နိုးဆဲန့်လေး မောင်ဘွိုင်းပါဗျာ...။ ခုလဲလေ ကြည့်ပါဦး...။
ခရီးသွားတယ်နော်...။ ညရောက်ရင် အိပ်ဖို့ မလိုဘူးလား...။ လိုတယ်နော်....။
လိုရင် ဟော်တယ်မှာ မတည်းဘူးလား...။ တည်းတယ်နော်...။
တည်းရင် မအိပ်ဘူးလား...။ အိပ်တယ်နော်...။
အိပ်ရင် မနက်ကျ မထရဘူးလား...။ ထတယ်နော်...။
ထရင် မျက်နှာ မသစ်ရလား...။ သစ်တယ်နော်။
အဲဒီမှာ စတွေ့တာပဲ...။
မနက်လင်းလို့ မျက်နှာသစ်ဖို့ ရေချိုးခန်ကို ဝင်တယ်။
ဘေစင်မှာ မျက်နှာသစ်လို့ ကြည့်လိုက်တော့ ဘေစင်က အပေါက်ပိတ်တဲ့ အဖုံးက ပိတ်နေလို့ ရေက မကျဘူး ဖြစ်နေတယ်။ ဒါနဲ့ လက်ညိုးနဲ့ လက်မနှစ်ခုအားနဲ့ မတာပေါ့။ မတယ်......................................... မတယ်....။
အံကြိတ်ပြီးတော့ လက်သည်းနဲ့ ကလော်တယ်...။ အဖုံးက တုတ်တုတ်မျှ မလှုပ်။
နဖူးက ချွေးသည် ခြေမကို ကျချေပြီတည်း...။
ရွာက ဘဘုန်းကြီးသာ ဟောရင်နှင့်ပျံလွန်တော်မူမည်။ မောင်နွားကျောင်းသားက ကျွတ်မည့်ပုံ မပေါ် ဆိုသလို ဒင်းက တုတ်တုတ်မှ ကို တုတ်တုတ်ကနေ မလှုပ်တာ...။
ခက်ချေပြီ...။ ဟောက်ဟ်ကစ်ပ်ပင် တွေ ဝင်လာလို့ ရေမကျပဲ မြင်နေရင် ကွယ်ရာမှာ မေးငေါ့ အတင်းတုပ်မှာကို မြင်ယောင်နေတော့ မလိုလား...။ အဖြစ်မခံဘူး...။
ဒါနဲ့ ခရီးဆောင်အိတ်ထဲက ကျောက်လှည့်ကို ယူတယ်...။ ကလော်တယ်....။ အားနဲ့ မနည်း ကလော်မှ ဖွတ်ဆိုပြီး ကျွတ်ထွက်လာတယ်...။ အဲဒီတော့မှ ကိုယ်တော်ချော ရေတွေက ဒလဟော ဆင်းသွားတယ်...။ တစ်ဆက်တည်း တွေးမိတာက ဒီဘေစင်ကို ထုတ်လုပ်တဲ့သူတွေ တော်တော် ရှော်သေးတယ် ဆိုတာကိုပဲ...။ ဘယ့်နှယ်... ရေပေါက်ကို ပိတ်တဲ့ကောင်ကို ခက်အောင် လုပ်ထားတာ....။ ကြည့်ပါဦး... ရေတွေ ပိတ်နေလိုက်တာ...။
(ရေတွေ ပိတ်နေတာပေါ့ဗျာ...။ ဖန်ထွက်နဲ့ ခပ်ထုတ်လိုက်လို့ လျော့သွားတာ။)
သွားမိတဲ့ အခေါက်တိုင်း ဒီအတိုင်း ဖြစ်တယ်...။ နောက်တစ်ခါ ပြန်လာတည်းမိရင် ဒီ အဖုံးကို ဖြုတ်ပြီးမှပဲ ဘေစင်ကို သုံးမယ်လို့ တေးထားတာ အကြိမ်ကြိမ်...။ နောက်ပြီးတော့လဲ ပြန်လာတည်းမိရင်လဲ ဘယ်တော့မှ သတိပြန်ရတယ်ဆိုတာ မရှိဘူး...။ အကြိမ်တိုင်းကို ဖြစ်နေတာ...။ သတိချပ်ကြပေါ့ဗျာ...။
အခုတစ်ခေါက် အလုပ်ကိစ္စနဲ့ သွားဖြစ်တာကတော့ မလေးရှားနိုင်ငံရဲ့ အရှေ့ကျွန်း ဆာရာဝပ်က် ပြည်နယ်က ဘရူနိုင်းနိုင်ငံနဲ့ ကပ်နေတဲ့ မီရီဆိုတဲ့ ကမ်းခြေမြို့ကလေးပါ။ အဲဒီကနေ တစ်ဆင့် ပင်လယ်ထဲကို ချော့ပါ နဲ့ ပြန်သွားရတာပါ။ ချော့ပါတွေကတော့ အဖုံဖုံပါပဲ။ အဓိကကတော့ ဆိုဗီယက်နိုင်ငံလုပ် ချော့ပါတွေ များပါတယ်။ မလေး လေကြောင်းလိုင်းကနေ ကိုင်တွယ်ပါတယ်။ ကမ်းလွန်ရေနံတွင်း၊ ဓါတ်ငွေ့တွင်းများဆီကို အလုပ်သွားလုပ်ကြတဲ့ ရေနံလုပ်သားများကို ချော့ပါနဲ့ ပို့ဆောင်ပေးနေတာပါ။ တစ်ရက်ကို အနည်းဆုံး လူ ၁၄ ယောက်ကနေ လူ ၃၀ အထိ တင်နိုင်တဲ့ Sikorsky အမျိုးအစား ချော့ပါ ကြီး၊ငယ်တွေနဲ့ ခရီးစဉ် ၈ ကြောင်းလောက် အနည်းဆုံး ထွက်ပါတယ်။ တစ်ကြောင်းကို ခရီးသည်တစ်ယောက်ကို စရိတ် ရင်းဂစ် ၃၀၀၀ လောက် ကျသင့်တယ်လို့ မှတ်သားဖူးတယ်။

အဲဒီမလေးလေကြောင်းလိုင်း (MAS - Malaysia Airlines Services) မှာ မြန်မာ ပိုင်းလော့များလဲ တွေ့ခဲ့တယ်။ ဂုဏ်ယူစရာပါ။ ဥရောပတိုက်သားများ၊ အနောက်နိုင်ငံသားများနဲ့ တန်းတူ မောင်းနေပါတယ်။ ကပ်ပတိန် ပေါ့နော်။ C0-pilot မဟုတ်ပါဘူး။ မလေး ကိုပိုင်းလော့များကိုတော့ အနည်းအကျဉ်းတွေ့ဖူးပါတယ်။ ကျန်တာကတော့ အနောက်နိုင်ငံသား ပိုင်းလော့များသာ များပါတယ်။
သဘာဝက အလကားရထားတဲ့ ရေနံတွေကို ထုတ်ရောင်းစားနေတဲ့ ရေနံကုမ္ပဏီတွေဆိုတော့ ငွေကို ရေလို သုံးနိုင်ပါတယ်။ ကမ်းလွန်က ပလက်ဖေါင်း (ရေနံတူးစင်လုပ်ကွက်ကို ခေါ်တာပါ။) မှာ လုပ်သားတွေ နေထိုင်ဖို့ Living Quarter ဆိုတာ ရှိပါတယ်။ ပင်လယ်တွင်း အလုပ်လုပ်ရတာ ဖြစ်တဲ့ အတွက် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာအောင် ထားပေးပါတယ်။ Safety First ဆိုတဲ့ မူကို လက်ကိုင်ထားပြီး နာမကျန်းဖြစ်ရင် ဆေးမှူးက အတည်ပြုရင် အလုပ်လုပ်စရာ မလိုပါဘူး။ အလုပ်ခွင်မှာ အန္တရာယ် ကင်းရှင်းရေးကို အဓိက ထားပါတယ်။ ဓါတ်ငွေ့နဲ့ ပါတ်သက်ပြီး လုပ်ကိုင်ရတဲ့ နေရာ ဖြစ်တဲ့ အတွက် မီး သတိပြုရပါတယ်။ သတ်မှတ်ထားတဲ့ အခန်းလေးထဲမှာသာ ဆေးလိပ်သောက်ရပါတယ်။ မိုဘိုင်းဖုန်း၊ အီလက်ထရောနစ် ပစ္စည်းများ ယူဆောင်ခွင့်မရှိပါ။ ယူချင်ရင် ခွင့်ပြုချက် လိုပါတယ်။ ခွင့်ပြုချက် မပါပဲ တရားမဝင် သယ်သွားရင် အရေးယူနိုင်ပါတယ်။ (တားကတော့ ခိုးသယ်သွားတာပဲ။) ဒီလေဆိပ်မှာ ဖုန်းကို အပ်ထားစရာ ဆိုင်မှ မရှိတာ။ Shell ကတော့ သိပ်မကျပ်ပါဘူး။ Petronas ကသာ ရစ်တာပါ။ မလေးအပေါ်ပိုင်းက ကာသေ့ ဆိုတဲ့ အရပ်မှာဆို လေဆိပ်မှာ ဖုန်းတွေကို အပ်ထားခဲ့ရပါတယ်။ အိတ်က်စရေးတွေနဲ့ သေချာ စစ်တာပါ။ ဒီဆာရာဝပ်က်က လေဆိပ်တော့ အဲလို မစစ်ပါဘူး။
မီးလန့်တာ ရှိသလို ဂက်စ်ယိုစိမ့်မှုကြောင့် အလမ်းမ် တွေ ထမြည်ရင် ကိုယ်ရောက်တဲ့ နေရာကနေ ကိုယ့်အတွက် စုရပ်အဖြစ် သတ်မှတ်ပေးတဲ့ နေရာကို သွားစုနေရပါတယ်။ အန္တရာယ် ကျရောက်နိုင်မှု အနည်းအများကို လိုက်ပြီတော့ အရေးပေါ် အချက်ပြ အလမ်းမ် တွေ အမျိုးမျိုး သတ်မှတ်ထားပါတယ်။ နေရာတိုင်းမှာ လော် တပ်ထားပါတယ်။ အခန်းထဲက မျက်နှာကျက်မှာ စပီကာ တပ်ထားပါတယ်။ အရေးတစ်ကြီး ပြောစရာ၊ လုပ်စရာ ပေါ်လာရင် အခန်းထဲက စပီကာကနေ တစ်ဆင့် ကြားနိုင်ပါတယ်။ ညဦးပိုင်းဆို ဘယ်သူ့အတွက် ဖုန်းဝင်လာလို့ လိုင်းနံပါတ်ဘယ်လောက်ကို ဆက်ပါ ဆိုတဲ့ ကြေငြာချက်တွေ ကြားနေရတာပဲ။ တစ်ခါသားမယ် ဓါတ်ငွေ့ယိုလို့ အရေဒပေါ် ညကြီးသန်းခေါင် မနက် ၁ နာရီခွဲ လောက် အိပ်လို့ ကောင်းတုန်းကို စုရပ်ထပြေးရတယ်။ မြန်မာပြည်မှာ နေတုန်းက မီးလောင်ရင် အရေးကြီးတာ သယ်ဖို့က အကျင့် ဖြစ်နေတော့ ပိုက်ဆံအိတ်ရယ်၊ ပါတ်စ်ပို့တ်ရယ်ကို လက်မှာ ဆွဲလာမိတယ်။
အခုတစ်ခေါက်မှာ ပလက်ဖေါင်းမှာ အချက်ပေး အလမ်းမ် ထထ မြည်တာ တော်တော်များတယ်။ ဒီပလက်ဖေါင်းက ဘေးအန္တရယ် အကင်းဆုံး ပလက်ဖေါင်းဆု ရထားတာ။ တစ်ခြား ရေနံတွင်းတွေက သူ့လောက် ဆေ့ဖ်တီးမှာ သိပ် စိတ်မချရဘူး။ အခု တစ်ခေါက်ကျမှပဲ ၁၂ ကြိမ် ကြုံရတယ်။ နေ့တိုင်းနီးပါးပေါ့။ လန့်တောင် လန့်တယ်။ ၂ ကြိမ်ကတော့ False Alarm (စက်က ကြောင်ပြီး ထမြည်တာ) ဖြစ်ပြီး ကျန်တာကတော့ ဂက်စ်ယိုလို့ မြည်တာ။ အသက်ကို ဖက်နဲ့ ထုတ်ရတဲ့ အလုပ်ဆိုတာ ခုမှ သဘောပေါက်တော့တယ်။ အဲဒီတော့မှ ကမ်းလွန်ရေနံတွင်း လုပ်သားများကို facilities တွေ အပြည့်အဝ ပေးတဲ့ အဓိပ္ပါယ်ကို သိတော့တယ်။ LQ မှာ အစားအသောက်ကတော့ ရှယ်ပဲ။ လိုလေသေး မရှိ။ မူးယစ်စေတတ်တဲ့ သူရာရည်က လွဲပြီးတော့ပေါ့လေ...။
ဒီ LQ ကနေ မလေးပြည်တွင်းကို ဖုန်းအလကား ခေါ်လို့ရတယ်။ ရှဲလ်က လုပ်ပေးထားတာ။ ကုဒ်နံပါတ် သိမှပေါ့လေ။ သူတို့ ဝန်ထမ်းအချင်းချင်းတွေသာ သိတာပေါ။ ဘွိုင်းပဲဟာ။ လေဆိပ်ကနေ ဂျူတီဖရီး မာဘိုရိုလ် တစ်တောင့် သယ်သွားတယ်။ ၂၀ လား ပေးရတယ်။ တစ်တောင့်ကို အလိပ်၂၀ဝင် စီးကရက်ဗူး ၁၀ ဗူးပါတယ်။ ကမ်းလွန် ပလက်ဖေါင်းပေါ်ရောက်တော့ ရောက်နှင့်နေပြီးသား သောက်တတ်တဲ့ လူတွေကို ဝေလိုက်တယ်။ ကိုယ်က မသောက်ပေမယ့် ပေးကမ်းခြင်းသည် အောင်မြင်ရာ၏ ဆိုတဲ့ ထုံးကို နှလုံးမူထားတဲ့အတွက် ဝယ်သွားတာ။ အလုပ်ဖြစ်တယ်လေ။ မလေးက နိုင်ငံခြားခေါ်တဲ့ ကဒ် (iTalk) ဆိုတာလေး ဝယ်သွားတယ်။ ရှဲလ်က ဝန်ထမ်းတွေဆီက ဖုန်းကုဒ်တောင်းပြီး အဲဒါနဲ့ မလေးရှားပြင်ပ နိုင်ငံတွေကို ဆက်တယ်။ ကုမ္ပဏီကို အတွင်းရေးတွေ ပြန်တိုင်ပင်လို့ ရတယ်။ ပလက်ဖေါင်းပေါ်က ဖုန်းအော်ပရေတာကနေ ဆက်လဲ ရတာပဲ။ သို့သော် သူတို့ မသိစေချင်တဲ့ ကိစ္စတွေဆိုရင်တော့ အိုင်တော့ခ်နဲ့ ကိုယ့်အခန်းကနေ ဆက်တာ အဆင်ပြေတယ်။

ကဲဗျာ... တော့ခ်တာတွေ များနေပြီ။ မျက်စိပသာဒလေး ဖြစ်သွားအောင် ပုံလေးတွေနဲ့ တန်ဆာဆင်ပေးလိုက်မှ။
အောက်က ပုံတွေကတော့ မီရီမြို့လေးပေါ်ကို ဝေဟင်ကနေ ဆီးပြီး (ခိုး) ရိုက်ထားတာလေးတွေပါ။ မျှပေးလိုက်ပါတယ်။
လေယာဉ်ခမျာ မောလွန်းလို့ သက်ပြင်းချနေတာ။
(လေယာဉ်တောင်ပံဘေးနားကနေ ရေငွေ့တွေ မှုတ်ထုတ်နေတယ်။)
ကူချင်းကနေ မီရီကို ဂျက်လေယာဉ်နဲ့ လာတုန်းက ရိုက်ထားတာ။
(လေယာဉ်တောင်ပံဘေးနားကနေ ရေငွေ့တွေ မှုတ်ထုတ်နေတယ်။)
ကူချင်းကနေ မီရီကို ဂျက်လေယာဉ်နဲ့ လာတုန်းက ရိုက်ထားတာ။
ကူချင်းမှာတုန်းက အတက်မှာ လမ်းကြောင်းရှင်းနေတာ စောင့်နေတုန်း ဘေးနားက လေယာဉ်က ကုန်သေတ္တာ သိုလှောင်ခန်းမှာ ဗုံးတွေ့တယ် ဆိုလို့ လန့်သွားသေးတယ်။ ရှာတွေ့ မတွေ့တော့ ကျွန်တော်တို့ လေယာဉ်တက်သွားတော့ မသိလိုက်ဘူး။
အဲ... ရေးရင်းနဲ့ ပုံတွေ စာတွေ များသွားတယ်။ ဆားချက်လိုက်တာ လို့ ဆိုချင်ဆိုပါ...။ အဟဲ..။
နောက်ဆုံးအနေနဲ့ကတော့ အမှတ်တရ ဖြစ်စေတဲ့ ပုံလေးတွေ တင်ပေးလိုက်တယ်။
လာလေရော့...။ လက်မနဲ့ လက်ညိုး အားပြုလို့ ကလော်ထုတ်လိုက်မယ်။ ပွင့်စေဟယ်။
အဆို့ ပွင့်သွားပြီ။ လက်သည်းတောင် ပဲ့သွားလား မသိဘူး။ ဘေစင်ထုတ်တဲ့ ကောင်တွေ ချိန်းဘရီးတွေ။ ဦးနှောက် မရှိဘူး။
အဆို့ ပွင့်သွားပြီ။ လက်သည်းတောင် ပဲ့သွားလား မသိဘူး။ ဘေစင်ထုတ်တဲ့ ကောင်တွေ ချိန်းဘရီးတွေ။ ဦးနှောက် မရှိဘူး။
ဟယ်။ နေပါဦး။ ခုနက ဒီခလုတ်လေးက အောက်ကို ရောက်နေတာ။ ခုမှ ဘာလို့ အပေါ်ကို တက်နေတာလဲ။ ကလိလိုက်ဦးမယ်။ လာလေရော့ ... နှိပ်ချလိုက်မယ်။
BONUS : ဘောနပ်စ်
(တီဇက်အေကို အားကျလို့ ဘောနပ်စ်တွေ တင်ပေးလိုက်ပါတယ်။ အစားအသောက် ပျက်သွားရင် တာဝန်မယူပါ။ ကြည့်သူတာဝန်သာ ဖြစ်ပါတယ်။)
ပင်လယ်ထဲကို အသွားမှာ အိပ်ရာထ နောက်ကျလို့ လေယာဉ်မမှီမှာ စိုးတာနဲ့ ကမန်းကတန်း ထသွားတာ မုတ်ဆိတ် ရိတ်တဲ့ ဂျုတ် ကျန်ခဲ့ပါတယ်။ အဲဒါ ပင်လယ်ထဲမှာ ဂျုတ်မပါလို့ မရိတ်ရတဲ့ ၁၀ ရက်အတွင်း ရှည်ထွက်လာတဲ့ မုတ်ဆိတ် ပိစိ ညှောင့်တောင့်တွေပါ။ လေယူရာတိမ်း ယိမ်းနေလိုက်တာ လက်ယာပါတီကို သဘောကျတယ် ထင်ပါရဲ့။ လယ်ယာဘက်ကို ယိမ်းနေလိုက်တာ။ ကဗျာတော့ အဆန်သား.. အဟိ။ မသိရင်တော့ အသားလတ်တဲ့ မလေးလူမျိုးပုံစံပါပဲ။ (အော့ အော့.... ဝေါ့)
အစအဆုံးဖတ်အပြီး လက်ကောက်ကြီး ကြွားထားတဲ့ ပုံကိုပဲ မှတ်မိတော့တယ်..။ ;P ။ (လက်ကောက် ထင်တာပဲ..။)
ReplyDeleteစိတ်ဝင်တစားဖတ်သွားပါတယ်. လူပုံတွေကိုတော့မျက်လုံးကလေး အသာမှိတ်ပြီးကြည့်သွားတယ်။ မူးလဲသွားမှာစိုးလို့။
ReplyDeleteလေယဉ်ပထမဆုံစီးတုံးက အိမ်သာကို ဘယ်လို ရေဆွဲချရမှန်းမသိလို့ချွေးပြန်ခဲ့ရတာ မှတ်မိသေးတယ်။
ပန်းနွယ် အဲဒါ လက်ကောက်မဟုတ်..ဘဘုန်းကြီးပေးထားတဲ့လက်ဖွဲ့ ဖြစ်တယ်။ ဘာစွမ်းသလဲဆိုတာတော့ကိုယ့်ဘာသာ ကြိတ်မေးပေတော့..သိရင် ဖုံးဆက်လိုက်ပါ။
ReplyDeleteအတော်ထူတဲ့ မောင်ဘွိုင်းဇ်..
ReplyDeleteးx)
ဟားဟား ထုံ အကိုကြီး ပြန်လာပြီလား ၀မ်စွေ့ ၀မ်စွေ့ ၀မ့်ဝမ့်စွေ့
ReplyDeleteအမှန်အတိုင်းပြောရရင် ကိုယ်လဲ ဝေဝေဝါးဝါးဘဲ။ ဒီလောက်ရှင်းပြထားတာတောင်...။
ReplyDeleteမီယာ said...
ReplyDeleteစလုံးကလူတွေ ဖုန်းအသစ် ကိုင်နေကြပြီထင်တယ် လို့မှတ်ပြီး ဖတ်တာ ဟားဟား ရီရတယ်။ နှမြောစရာကြီးနော်။ မီယာလည်း ဖုန်းတစ်လုံး ကို ရေဆေးလိုက်တာ ကြွသွားတယ်။ ကိုဘကြားရင် တော်တော် ထုံတာပဲလို့ ပြောမှာ ကြားယောင်တယ်။
(မီယာ ...သူကများသူများကိုပြောရတယ်ရှိသေးတယ်။ )
တစ်လလုပ်၊ တစ်လနား ကမ်းလွန်မှာ အလုပ်လုပ်နေတဲ့ မိတ်ဆွေတွေ ပြောနေကျစကား ပြန်သတိရလို့ပါ။ ပထမတစ်ပတ်၊ အားလုံးအဆင်ပြေတယ်။ ဒုတိယတစ်ပတ်၊ နည်းနည်းပျင်းလာပြီ။ တတိယတစ်ပတ်၊ အတော်ဂေါက်လာပြီ။ စတုတ္ထအပတ်၊ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ ကုန်းပေါ်ပြန်ရောက်တာနဲ့ တွေ့သမျှ ရွာသူတွေတောင် အတော်လှနေတယ် ဆိုပဲ။ ဟုတ်မဟုတ်တော့ မပြောတတ်ဘူး။ သင်္ဘောသားတွေဆိုရင် ပိုဆိုးမလားပဲ။
ReplyDeleteဟိ.. နာက ချော့ပါဆိုတာ ဓါးကိုပြောတာမှတ်နေတာ....။
ReplyDeleteအောက်ဆုံးပုံကတော့ ဘိုးတော်လုပ်လို့ ရပြီ....။
ဒါပဲလား...၊ သွားတာအကြာကြီး၊ ပြန်ပြောပြတော့ အကျဉ်းချုပ်ကလေး....။
အီး...။ တစ်ညလုံး မအိပ်မနေ ကြိုးစားပြီး ပုံတွေ တင်.. လက်အညောင်းခံပြီး ပို့စ်တွေ ပေရှည်မသွားအောင် ရေးပေးတာကို အကျဉ်းချုပ် လာလုပ်နေသေးတယ်။ သူပြောတဲ့ ချော့ပါဓါးနဲ့ ခုတ်လိုက်ရ...။ ဟင့်...။
ReplyDeleteဒီ post ကရသစုံ ပါဒယ်
ReplyDeleteဟားဟားဟား လို့ ယဉ်ယဉ်လေး ရီသွားပါတယ်၊
ReplyDeleteဟားဟားဟား။
မသိပါဘူး..ယဉ်ယဉ်လေးရူးနေတယ်ထင်လို့။
ReplyDeleteအော့အော့ :P
ReplyDeleteအက်အက်...ပါ။
ReplyDeleteအန်တီ KOM ပေးတဲ့ Comment က အကောင်းဆုံးပဲ။ This post has been removed by the author. တဲ့။
ReplyDeleteကိုBOyz စီဘုံးဘယ်ပျောက် :)
ReplyDeleteမေမိုး စီပုံးအောက်ကို ရွှေ့ထားတယ် ။ ကျယ်ကျယ်မြင်ရအောင်လို့
ReplyDeleteကိုBoyz...မပြုံးပဲ ဝါးလုံးကွဲရယ်မိပါတယ်.။ ကျေးဇူးပါပဲ ။
ReplyDeleteမစိုးသင့်ဆွေရယ်...။
ReplyDeleteဘာကို ရယ်မိတာပါလိမ့်...။
တန်တော့ ငုတ်စိလေးတွေကို နေမှာ...။
လာလည်တဲ့ အတွက် ကျေးဇူးတင်ပါတယ်..။
ကိုဘွိုင်းဇ်.... Toilet က ရေဆွဲချတဲ့ ခလုပ်ကိုရော တွေ့ခဲ့ပါတယ်နော့။း-)
ReplyDeleteတွေ့ပါ့...။ ဖရိခ်ျထဲက ကုဒ်တော့ ကုန်အောင် သောက်လာခဲ့တယ်...။
ReplyDeleteအဲဒါ ကိုဘွိုင်းဇ်.မဟုတ်ပါ. အင်ကြီး.. ရေပိုက်လာပြင်တဲ့ အလုပ်သမား ကို ဆွဲခေါ်ပြီး ရိုက်ဒါးတာဘာ။ N2 ကို မေးကြည့်ပြီးပါပျီ။
ReplyDeleteပုရွက်ဆိတ်တွေအုံနေတာထင်လို့ဗျာ
ReplyDeleteThis comment has been removed by the author.
ReplyDeleteဒီပိုစ်ကို တိုက်ဆိုင်မှုတွေရှိသောကြောင့်သတိရပါသည်.
ReplyDeleteဘာတွေ တိုက်ဆိုင်မှု ရှိတာလဲ အရီးကွန်...
Deleteပြောပြပါ။