Movie Review : You Are In So Far Away Nation (Korean Movie)
အခုတစ်ခေါက် ရုပ်ရှင်အမြည်းကဏ္ဍမှာ အလှည့်ကျလာတာကတော့ လောလောလတ်လတ်ကမှ ကြည့်ဖြစ်တဲ့ ကိုးရီးယားကား တစ်ကား ဖြစ်ပါတယ်။
You Are In So Far Away Nation (Korean Movie)

Theatre Date …… 2008
Release Date …… 11/12/08
Audio ……….. …… AC3 224Kbps
Genre ……. ………. Drama, War
Runtime …………… 127 mins
Language …………. Korean
Actor ...................... Uhm Tae-woong
Actress .................. Su Ae
ဒီကားလေးကတော့ ၁၉၇၀ ဝန်းကျင်က ဗီယက်နမ် စစ်ပွဲကာလကို နောက်ခံထားပါတယ်။ သူရို့ဝတ်တဲ့ အဝတ်အစားတွေကို ကြည့်မယ်ဆိုရင် ဆင်ခြေထောက် ဘောင်းဘီ တစ်နည်းအားဖြင့် ခေါင်းလောင်းဘောင်းဘီ လို့ခေါ်တဲ့ ခြေကျင်းဝတ်ကို ကားထွက်သွားတဲ့ ဘောင်းဘီတွေ၊ ကော်လာကြီးကြီးနဲ့ အကျီင်္တွေ စတဲ့ ကျွန်တော်တို့ မိဘခေတ်က ဝတ်စားဆင်ယင်မှုကို တွေ့ရမှာ ဖြစ်ပါတယ်...။
ကိုးရီးယားနိုင်ငံဟာ ဂျပန်တွေလက်ကနေ လွှတ်တော့ မြောက်ပိုင်းဟာ တရုတ်နိုင်ငံရဲ့ လွမ်းမိုးမှုနဲ့ ကွန်မြူနစ်နိုင်ငံ အဖြစ် ရောက်သွားပါတယ်။ တောင်ဘက်ခြမ်းကျတော့ မဟာမိတ် အမေရိကန်နိုင်ငံ လွမ်းမိုးမှုကို ရောက်သွားပါတယ်။ အမေရိကန် မဟာမိတ်၊ အမေရိကန် သြဇာခံ ဖြစ်သွားတာပေါ့လေ။ အဲဒီအတွက်ကြောင့် တောင်ကိုးရီးယားနိုင်ငံမှာ အမေရိကန်ရေတပ် အခြေစိုက် စစ်စခန်း တည်ဆောက်ထားပါတယ်။ (အခုထိပါ။) ဗဟုသုတ အနေနဲ့ ပြောရရင် တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယား နှစ်နိုင်ငံ နယ်စပ်မျဉ်းကို စိတ်ကူးမျဉ်းဖြစ်တဲ့ အရှေ့လတ္တီကျူ့ ၃၈ မျဉ်းပြိုင်ကို ကို သတ်မှတ်ထားပါတယ်။ Korean Demilitarized Zone လို့ သတ်မှတ် ခေါ်ဝေါ်ပါတယ်။
အမေရိကန်နိုင်ငံဟာ သူ့နိုင်ငံထဲကို ကွန်မြူနစ်စနစ် စိမ့်ဝင် အမြစ်တွယ်လာမှာကို အလွန်ကြောက်ပါတယ်။ အဲဒီအတွက် ကမ္ဘာ့နေရာ တစ်နေရာရာမှာ ကွန်မြနစ်ဝါဒ ခေါင်းထောင်လာရင် တစ်နည်း မဟုတ် တစ်နည်း ပျက်ပြားအောင် ကြံဆောင်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ပြင်သစ် အုပ်စိုးမှု ကိုလိုနီအောက်က လွတ်မြောက်လာချိန်မှာ မြောက်ဗီယက်နမ်က ဗီယက်ကောင်းတွေဟာ တရုတ်အကူအညီကို ရယူ တိုက်ထုတ်ခဲ့ပါတယ်။ ပြည်တွင်းစစ်များ ထုံးစံအတိုင်း နှစ်ဖွဲ့ကွဲခဲ့တဲ့ နေရာမှာ ကွန်မြူနစ်ဖက်ကို မယိမ်းတဲ့ တောင်ဗီယက်နမ်ကို အမေရိကန်က ပေါ်တင် အကူအညီ သွားပေးခဲ့ပါတယ်။ အခွန်ထမ်း အမေရိကန် ပြည်သူများ သဘောမတူတဲ့ကြားက အတင်းသွားရောက် ကူညီခဲ့ပါတယ်။ အမေရိကန် လူငယ်လူရွယ်များ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ စစ်ထဲ အတင်းဝင်ခိုင်းပြီး ဗီယက်နမ်ကို ပို့ပါတယ်။ ၂သိန်းကျော်လောက် ဗီယက်နမ် စစ်မြေပြင်မှာ အသက်ဆုံးရှုံးခဲ့ပါတယ်။ အမေရိကန်တို့ဟာ အဲဒီ စစ်ပွဲမှာ ရှုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီ စစ်ပွဲကို သွားရောက်ဆင်နွဲတာ မှားယွင်းကြောင်း သမ္မတ ကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ (ဤကား ဗဟုသုတ။)
အခု ရုပ်ရှင်ကားမှာတော့ တောင်ကိုရီးယားဟာ အမေရိကန်နဲ့ မဟာမိတ် ဖွဲ့ထားလေတော့ အမေရိကန်က ဗီယက်နမ်မှာ စစ်ဝင်တိုက်တာကို စစ်အင်အား အကူအညီ ပေးရပါတယ်။ အဲဒီ အကြောင်းလေးနဲ့ ဇာတ်လမ်း စထားပါတယ်။
တောနယ်မှာ နေထိုင်တဲ့ မုဆိုးမ အဖွားကြီးမှာ တစ်ဦးတည်းသော အိမ်ထောင်ရှင်သားဟာ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စစ်တပ်ထဲမှာ တာဝန် ထမ်းဆောင်နေပါတယ်။ မုဆိုးမမှာ နောက်ထပ် မျိုးဆက် သားယောက်ျားလေး တစ်ယောက် အလိုရှိနေပါတယ်။ အတူနေ ချွေးမကတော့ အဆိုကောင်းတဲ့ သာမာန်အရပ်သူပေါ့။ ကမ္ဘာ့နိယာမ ထုံးစံအရ ယောက္ခမနဲ့ ချွေးမ မတည့်အတူနေပေါ့။ ချွေးမကို လတိုင်း သူ့သားရှိရာ စစ်တပ်ကို အလည်လွှတ်ပြီး <ဆင်ဆာ>xxxxxxxxxx<ဆင်ဆာ>သားသမီး ပွားစီးဖို့ အဖွားကြီး လိုလားပါတယ်။ သားစစ်သားက သူ့မိန်းမကို ရှေးရိုးဆန်တဲ့ နှစ်ဖက်သော မိဘများ ပေးစားလို့သာ ယူရတယ်... သိပ်ပြီးတော့ နှစ်သက်စုံမက် လိုလားပုံမရပါ။
တစ်ခါသားမှာ စစ်တပ်ထဲမှာ အတူနေ စစ်သား တစ်ယောက်နဲ့ ရန်ဖြစ်လို့ တပ်တွင်းစည်းကမ်းအရ အရေးယူခံရပြီး ဗီယက်နမ် စစ်ပွဲကို အပို့ခံရပါတယ်။ အိမ်ကို လုံးဝ ပြောမသွားပဲ ရှေ့တန်းက စာပို့လာတဲ့ အချိန်မှသာ ဗီယက်နမ် ရောက်နေကြောင်း သိရတဲ့ အမေဖြစ်သူ မုဆိုးမက သားလေးရှိရာကို ချွေးမကို သွားရောက်ရှာဖွေစေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗီယက်နမ်နိုင်ငံဟာ စစ်မက် ဖြစ်ပွားနေတဲ့ နိုင်ငံ ဖြစ်နေလို့ မိမိတို့ နိုင်ငံသားများကို အလည်အပတ် သွားရောက်ခွင့် မပေးတဲ့ အချိန် ဖြစ်နေပါတယ်။ ကြံရာမရတဲ့ ချွေးမ ဖြစ်သူဟာ တေးဂီတဝိုင်းတစ်ခုရဲ့ အဆိုတော်အနေနဲ့ သွားရောက်ဖို့ ကြိုးစားရင်းနဲ့ သူမ ခင်ပွန်းကို ရှာဖွေဖို့ အားထုတ်ပါတော့တယ်။

- မိမိအဖွဲ့သားများအပေါ် ဖြတ်စားလျပ်စား လုပ်တတ်တဲ့ တီးဝိုင်းအဖွဲ့ခေါင်းဆောင်ရဲ့ လိမ်လည်လှည့်ဖျားမှု။
- ဗီယက်နမ်စစ်ပွဲရဲ့ သရုပ်သကန်။
- တစ်စောင်တည်းသော ဗီယက်နမ် ရှေ့တန်းက ခင်ပွန်းရဲ့ စာတစ်စောင်။
- ပွဲလည်မှာ တစ်ခါမှ မဆိုဖူးသေးတဲ့ ။
- သေသလား ရှင်သလား မသိတဲ့ ခင်ပွန်း။
- ကမ္ဘာမီးလောင် သားကောင်ချနင်းရတဲ့ ခေတ်ပျက်ကြီးထဲမှာ ရမ္မက်ကျေးကျွန်ရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့ ကြွေနွမ်းသွားရတဲ့ အရိုင်းစံပါယ်လေး တစ်ပွင့်။
ကြယ်သုံးပွင့် ပေးလိုက်ပါတယ်။
မင်းသမီး ကတော့ မြန်မာလူမျိုးများနဲ့ သိပ်မစိမ်းတဲ့ မင်းသမီးလေးပါ။ အင်နိုးစဲန့် ရုပ်လေးနဲ့...။ သူ့အကြောင်း သိချင်ရင် ဒီမှာ သွားကြည့်ကြပါ...။
Read သွားတယ်။
ReplyDeleteInnocent ..(စာလုံးမပေါင်းတတ်ဘူးလို့ထင်လို့.ပေါင်းပြသွားတယ်။ )
၁၉၇၀ က စကဒ်က တိုလှချည်လား။ ဒါကတော့ အမြဲတိုပါတယ်လေ. နှစ်နဲ့မဆိုင်ဘူး။
ဆင်ဆာက ကိုဘဖြတ်တာလား။ ရုပ်ရှင်ထဲမှာ ကော ဖြတ်သလား။
ကြွေနွမ်းတယ်ဆိုတော့မင်းသမီးသေတယ်ထင်တယ်။ အဲဒီအခွေ ကို မငှားဘူးနော်။ ကြိုပြောထားတယ်။
(ဒီမှာ သွားကြည့်ကြပါ...။)
ဟုတ်ကဲ့။ သွားကြည့်ပြီးပါပြီ. ခိုင်းတာတွေ အားလုံးလုပ်ြီ့ပီးပါပြီ.။
သိချင် ဝယ်ဖတ်... နှစ်ကျပ်ထဲ...။
ReplyDeleteTalkie ကတော့ Dolby ပဲ။ ဧ၀ရက်တို့၊ စိုးသိဏ်းတို့တောင် ထိုင်ငိုလောက်တယ်။ သိုးဆောင်းကားလေးတွေလည်း ဝေဖန်ဦးပေါ့ကွာ။ ကိုရီးယားကျတော့ တို့က အလှမ်းဝေးတယ်။
ReplyDelete