မလေးမှာ ပိုင်းရိတ် ဒီဗွီဒီတွေ ဖေါချင်း သောချင်း။ ခြသေ့င်္ကျွန်းမှာ မရတာတွေ ဟိုမှာ အကုန်ရတယ်။ အချိန်ယားလေး၊ ငွေယားလေး ရှိတုန်း ဝယ်လာတယ်။ အဲဒီထဲက ကြည့်ဖြစ်ခဲ့တာလေးတွေ နည်းနည်းပါးပါး မူဗွီစဘွိုင်လာ လုပ်လိုက်တယ်။ ကိုရီးယားကားတွေပဲ ရွေးကြည့်ဖြစ်တယ်။
Ride Away
တိတ်ဆိတ် အေးချမ်းတဲ့ မြို့လေးတစ်မြို့ဆီကို မိသားစု တစ်ခု ပြောင်းလာခဲ့တယ်။
အဖေရယ် သမီးရယ် သားရယ်ပေါ့။
မြို့အ၀င် အဝေးပြေး လမ်းပေါ်မှာ လမ်းပျောက်နေလို့ အဖေ ဖြစ်သူက လမ်းပေါ်က စက်ဘီးနဲ့ ကောင်လေး တစ်ယောက်ကို မေးရာက ဒီဇာတ်လမ်း စခဲ့တယ်။
အဖေက သားငယ်ကို အရင်က အိမ်က ထွက်သွားတဲ့ သားကြီးနဲ့ နှိုင်းနှိုင်းပြီးပြောလို့ မတည့်...။
အမေက ဆုံးပါးသွား။
အဖေနဲ့ မောင်ကြားမှာ ဗျာများရတဲ့ အစ်မ။
စာအုပ်အဟောင်းရောင်းတဲ့ ဆိုင်က စက်ဘီးနဲ့ ကောင်လေး...။
ကောင်မလေးက တိတ်တခိုးကြိုက်...။
ဒါပေမဲ့...။ ကောင်လေးက ခြေထောက် မရှိရှာဘူး (နောက်တာ)။
ဇာတ်လမ်းလေးက အေးပေမယ့် အဆုံးထိ သယ်သွားတယ်။
အေးလွန်းလို့ စောင်ခြုံ.. အဲ.. ပျင်းကုန်မလား မသိဘူး။
ကြယ် ၂ပွင့်ခွဲ...။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxနောက်တစ်ကား....။ သူလဲ ကိုးရီးယားကားပဲ။ အနီးယို ဟပ်စယော်...။
Black Heart (aka Moms and Daughters)

သစ်သီးတွေကို ရောင်းနေရတဲ့ မုဆိုးမတစ်ယောက်။
တီဗွီ အနောင်ဆာ တစ်အား ဖြစ်ချင်တဲ့ သမီးလေး။
အတိတ်မေ့ရောဂါ လို ခဏခဏ သတိမေ့တတ်တဲ့ အဖွား။
မုဆိုးမကို တိတ်တခိုး ကြိုက်နေတဲ့ လူပျိုသိုးကြီးတစ်ယောက်က မနက်တိုင်းကို သစ်သီးသည် ဈေးရောင်း သွားတတ်တဲ့ ကားလမ်းပေါ် သစ်ကိုင်းကြီးကြီးတွေ တမင် ချထားတတ်ပြီး ကားမောင်းလို့ မရအောင် လုပ်တတ်တယ်။
တစ်ခါသားမယ် အဲဒီလမ်းပေါ်မှာ သစ်သီးသည်က လူတစ်ယောက်ကို ၀င်တိုက်မိμ အမှုပတ်မှာစိုးလို့ အိမ်ခေါ်လာပြီး ဆေးကုတယ်။ မဖြစ်စလောက် ဒဏ်ရာလေးပေါ့။ အဲဒါနဲ့ ကောင်လေးက အိမ်မှာ သောင်တင်သွားရော။
ကောင်လေးက မျက်လှည့်လေး ဘာလေး တတ်တယ်။ အိမ်မှာလဲ ကူဖေါ်လော်ဖက် ရတယ်။
ခက်တာက သမီးက မကြည်ဘူး။ ကောင်လေးက သူ့အမေကို ကြိုက်တိုက်တိုက် ဖြစ်နေတာကိုး...။
နောက်ဆုံးတော့ ကောင်လေး ဘယ်ကလာသလဲဆိုတာကို သိလိုက်ကြတဲ့ အခါ....
ကြယ် သုံးပွင့်ခွဲပေးလိုက်တယ်...။
(
ဆားချက်တယ်လို့ ယူဆရင်လဲ နည်းနည်းပါးပါးတော့ မြည်းကြည်ပါဗျာ...။ လပွတ္တာက ဆားချောပါဗျာ...။ aka ဆိုတာ Also Known As ရဲ့ အတိုကောက်ပါ။ Basic နည်းတဲ့သူတွေ လာမေးမယ်ဆိုတာ ကြိုသိနေလို့ ပြောပါတယ်။)