ဂျပန်ရောက် မြန်မာမိတ်ဆွေများအားလုံး ဘေးကင်းကြပါစေ။ နောက်ထပ် အသေအပျောက် မရှိပါစေနဲ့...။
Saturday, March 12, 2011
Viber : Temp Substitute for Japan ruptured telecommunication system
ဂျပန်ရောက် မြန်မာမိတ်ဆွေများအားလုံး ဘေးကင်းကြပါစေ။ နောက်ထပ် အသေအပျောက် မရှိပါစေနဲ့...။
ရေးသားသူ
Ko Boyz
at
8:06 AM
1 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: communication, iPhone, Japan, quake, viber
Sunday, May 10, 2009
တစ်ခါက ငယ်သူငယ်ချင်းဆီသို့...။ Kanpai
တစ်ခါတုန်းက အစ်ကိုကြီးတစ်ယောက် ပြောပြဖူးတဲ့ ချစ်သူငယ်ချင်း သုံးယောက် အကြောင်း။
ဂျပန်ရုပ်ရှင်ထဲကလို့ ဆိုပါတယ်။
မောင်ယာမာမိုတို၊ မောင်တာကာရှိနဲ့ မမိုမိုကို လို့ပဲ လွယ်လွယ် နာမည် ပေးလိုက်ပါစို့။
သူတို့ တစ်တွေရဲ့ ငယ်ဘ၀ဟာ မိခင်ဖခင်မဲ့ အနေနဲ့ ကြီးပြင်းခဲ့ရတယ်။
တစ်ယောက်ကို တစ်ယောက် အလွန်ချစ်ကြသတဲ့။ တစ်ဦးက ဒုက္ခရောက်ရင် ကျန်တစ်ဦးက ဖေးမကူညီကြတယ်။ မိတစ်ဆိုး၊ ဖတစ်ဆိုးလေးတွေဆိုတော့ တစ်ယောက်ကို တစ်ယောက် ချစ်ကြတယ်။ နားလည်ကြတယ်။
ဒီလိုနဲ့ သူတို့တတွေ အရွယ်ရောက်လာခဲ့တယ်။ ယာမာမိုတိုနဲ့ တကာရှိတို့ဟာ အခြေအနေကြောင့် ယာကူဆာ မာဖီးယား ဂိုဏ်းဝင်တွေ ဖြစ်သွားကြတယ်။ ယာမာမိုတိုအနေနဲ့ ဒီအလုပ်ကို မပျော်ပိုက်ကြောင်း၊ ဒီအဖွဲ့ကနေ ထွက်ဖို့ အမြဲကြံစည်နေတယ်။ တာကာရှိကို လဲ တိုင်ပင်တယ်။ သို့သော်ငြားလဲ တာကာရှိက ဂိုဏ်းရဲ့ စည်းမျဥ်းစည်းကမ်းကို နားလည်ထားတော့ ဒီအတိုင်းထွက်လို့ မရဘူး။ အသေထွက်မှ ထွက်လို့ရတယ် ဆိုတာကို ယာမာမိုတိုကို ပြောပြတယ်။ ဆိုလိုတာကတော့ သေမှပဲ ယာကူဆာဂိုဏ်းကနေ ထွက်လို့ရတယ်ပေါ့။
မိုမိုကိုကလဲ အရွယ်ရောက်တော့ ချစ်ကြည်နူးစရာ နှင်းဆီငုံလေးလို အလှတရားတွေနဲ့ မြင်သူတိုင်း ကြိုက်တဲ့ ပျိုပျိုမေ ဖြစ်နေတယ်။ ယာမာမိုတို နဲ့ တာကာရှိကလဲ မိုမိုကို ကို ငယ်ငယ်က ဖြူစင်တဲ့ သူငယ်ချင်း အချစ်နဲ့ ချစ်လာရာကနေ အသက်အရွယ်ကလေး ရလာတော့ အရောင်အသွေး စွန်းပေတဲ့ ၁၅၀၀ မေတ္တာနဲ့ တိတ်တခိုး ချစ်မိကြသတဲ့။
တာကာရှီကတော့ စိတ်ကြမ်း ကိုယ်ကြမ်းသမားဆိုတော့ တစ်ဖြည်းဖြည်းနဲ့ သာမာန်ဂိုဏ်းသား အဆင့်ကနေ တစ်ဖြည်းဖြည်းရာထူးကြီးတွေ ပိုင်လာတယ်။ တစ်ရက်သားမယ် ယာမာမိုတိုက မိုမိုကို ကို ချစ်နေမိတဲ့ အကြောင်း၊ ဖွင့်ပြောဖို့ အတွက် သူငယ်ချင်း တာကာရှိနဲ့ လာတိုင်ပင်တယ်။ တာကာရှိခမျာ တစ်ဘက်က ချစ်ရသူ၊ နောက်တစ်ဘက် ငယ်ငယ်ကတည်းက သူ့အတွက် အနစ်နာခံ ပေါင်းလာပေးတဲ့ သူငယ်ချင်း၊ နောက်ပြီး မိုမိုကိုကလဲ မဆွတ်ခင်က တာကာရှိ အပေါ် ညွှတ်ချင်နေသူ၊ သို့သော် သူက စိတ်ကြမ်းကိုယ်ကြမ်းဆိုတော့ မိုမိုကို သူ့ဒဏ်တွေ ခံနိုင် မခံနိုင်၊ အစရှိတဲ့ ၀ိရောဓိတွေ ကြားထဲမှာ ခေါင်းခဲနေခဲ့တယ်။
ယာကူဆာ ဂိုဏ်းမှာ အဆင့် တစ်ဆင့် ပြီး တစ်ဆင့် တက်သွားရင် တက်တူးတွေ ထိုးရတယ်။ အဲဒီတက်တူးတွေ ကြည့်ပြီး ဘယ်သူက ဘယ်အဆင့် ဆိုတာ သိတယ်။ အခု တာကာရှိက ၀မ်းဗိုက်ကနေ ထိုးလာတာ ရင်ဘတ် ရောက်နေပြီ။ လက်မောင်းမှာပဲ ထိုးဖို့ ကျန်တော့တယ်။ အဲဒီနေရာက ဘော့စ်ရဲ့ လူယုံ ညာလက်ရုံး ဒုတိယ အမြင့်ဆုံး နေရာပေါ့။ သူ့ကို ဘော့စ်ကလဲ သားအရင်း တစ်ယောက်လို ချစ်နေပြီ။ သူ့ကိုတောင် ဂိုဏ်းခေါင်းဆောင် အဖြစ် မြောက်ပေးဖို့ အထိ ဘော့စ်က စကားဦး သန်းထားတယ်။ တစ်ချိန်ထဲမှာပဲ ယာမာမိုတိုနဲ့ မိုမိုကိုတို့ သမီးရည်းစား နှစ်ယောက် ထွက်ပြေးဖို့ ကြိုးစားတာကို မာဖီးယားဂိုဏ်းသားတွေ သိသွားပြီး အပြစ်ပေးဖို့ ဘော့စ်ရှေ့ရောက်လာတယ်။
တာကာရှိခများ အချုပ်အနှောင်ခံနေရတဲ့ သူငယ်ချင်းနှစ်ယောက်ကို မြင်ရပြီး ရင်ထု မနာ ဖြစ်တာပေါ့လေ...။ သူ့ရဲ့ ချစ်သူငယ်ချင်း နှစ်ယောက် လွှတ်မြောက်အောင် သူဘယ်လို ကြံဆောင်ရမလဲ...။ နောက်ဆုံးတော့ သူကိုယ်တိုင် ဘော့စ်ကို သွား အကျပ်ကိုင်တော့တယ်။ သူ့သူငယ်ချင်း နှစ်ယောက် ထွက်ပြေးခွင့်ပေးပါ။ မပေးရင် သူ့ကိုယ်သူ သတ်သေပါ့မယ် ဆိုပြီး ခြိမ်းခြောက်တော့တယ်။ သားအရင်းလို ဖြစ်နေတဲ့ ဒုတိယ ညာလက်ရုံးရဲ့ ခံစားချက်ကို သဘောပေါက်တဲ့ ဘော့စ်ဟာ ဂိုဏ်းစည်းကမ်းကို ဖေါက်လိုက်ရတယ်။ ၂၄ နာရီအတွင်း ထွက်ပြေးခွင့်ပေးမယ်။ လွှတ်အောင် မပြေးနိုင်ရင် အဲဒီ နှစ်ယောက်ကို တာကာရှိကပဲ တာဝန်ယူ သုတ်သင်ရမယ် လို့ အမိန့်ချလိုက်တယ်။
ဒီလိုနဲ့ ချစ်သူ နှစ်ယေက်အတွက် ထွက်ပြေးရမယ့် ရက်ကို ရောက်လာတယ်။ တာကာရှိကို လာနှုတ်ဆက်ချင်ပေမယ့် တာကာရှိ အတွေ့မခံဘူး...။ ဘော့စ်ကလဲ သူ့လူတွေ အကုန်လုံးကို ဖြန့်ကျက်ပြီး လူစုခွဲထားခိုင်းတယ်။
တာကာရှိတစ်ယောက် အခန်းတစ်ခုမှာ တစ်ယောက်တည်း ထိုင်နေပြီး သူတို့ သုံးယောက် ငယ်ငယ်တုန်းက ရိုက်ထားတဲ့ ဓါတ်ပုံကို ကြည့်ပြီး ဆာကေး သောက်နေတယ်။ သူ့သူငယ်ချင်းတွေကိုလဲ ဘာအကြောင်းပဲ ဖြစ်ဖြစ် သူနဲ့ အဆက်အသွယ် မလုပ်ဖို့၊ သူတို့တစ်တွေ ဘေးအန္တရာယ် ကင်းရှင်းကြောင်းနဲ့ အေးအေးချမ်းချမ်း၊ သက်သက်သာသာ ရှိနေတယ် ဆိုတာကို သိရအောင် ရောက်ရာ အရပ်တိုင်းကနေ သူ့ဆီကို တစ်နှစ်တစ်ခါ ပိုစ့်ကဒ်တွေ မှန်မှန်ပို့ပေးဖို့ပဲ မှာလိုက်တယ်။ အခုအချိန်လောက်ဆို ချစ်သော သူငယ်ချင်း နှစ်ယောက် ဘေးလွှတ်ရာကို ရောက်လောက်ပြီ ဆိုပြီး ဂုဏ်ပြုတဲ့ အနေနဲ့ လက်ထဲက ဆာကေးခွက်ကို မိုးပေါ်မြှောက်ပြီး ကောင်းချီး ပေးလိုက်ပါတယ်...။
နားဆင်လိုသူများ အောက်က ယူထုမှာ နားဆင်နိုင်ပါတယ်။
ဝိုင်ဝိုင်း “ဖြေသိမ့်လိုက်” LIVE ဗားရှင်း
အင်္ဂလိပ် ဗားရှင်းတဲ့ အောက်က လင့်ခ်မှာ ကလစ်နှိပ်ပြီး နားဆင်နိုင်ပါတယ်။
(မကောင်းရင် ကျွန်တော့် အပြစ် မဟုတ်ပါ။ လာရောက်ဝေမျှသူ နိုင်းနိုင်း အပြစ်သာ ဖြစ်ပါကြောင်း။)ဟိဟိ
KanPai အင်္ဂလိပ်ဗားရှင်း
--------------------------------------------xxx------------------------------------------
--------------------------------------------xxx------------------------------------------
--------------------------------------------xxx------------------------------------------
''BONUS''
-----------xxx-----------
မုဒိတာ ပွားနိုင်ကြပါကုန်။
ရေးသားသူ
Ko Boyz
at
3:00 PM
30
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Saturday, May 9, 2009
"Kokoro No Tomo" by "Mayumi Itsuwa"
ဒဏ်ရာများနဲ့ အသည်းက တောင်းဆိုတုန်း...။
xxxxxxxx
xxxxxxxx
တိုးတိတ် လွမ်းလို့နေပါမယ်...။
ဟိုအရင် ကျောင်းသားဘ၀ အဆောင်မှာနေတော့ အရှေ့ဘက်ဆီက ရှမ်းရိုးမဆီမှာ မိုးတွေ ညို့နေရင် တစ်ခုခုကို လွမ်းနေခဲ့တတ်တယ်။ ထိုင်နေတဲ့ စာကြည့်စားပွဲနဲ့ ကပ်ရက် ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်လိုက်ရင် တိမ်ညိုပုပ်ပုပ်တွေက အုံ့မှိုင်းတဲ့ စိတ်ကို အလွမ်းဒီဂရီတွေ ထပ်တိုးစေခဲ့တာပေါ့...။ အဲဒီမှာ ဘေးနားက အခန်းက ကောက်ခါငင်ခါနဲ့ အပေါ်က သီချင်းလေးကို ဖွင့်လိုက်ရော... (ကိုယ်ကပဲ လွမ်းတတ်နေလို့လား မသိ.. heart ထိသွားတာပဲ...။)
နောက်ပိုင်းတော့ အဲဒီ သီချင်းကို နားမထောင်မိတော့ မေ့မေ့ပျောက်ပျောက် ရှိခဲ့ရာမှ မနေ့က စီဘောက်ထဲမှာ တစ်ယောက်က ဒီသီချင်းရဲ့ အော်ရီဂျင်နယ် ဗားရှင်း လာပေးထားတာ တွေ့ရတယ်။ မူရင်းလဲ ဖြစ်ပြန်၊ ဆိုထားတဲ့ အဆိုတော်ကလဲ အသံရော၊ အဆိုပိုင်းရော ဆရာကြီးတစ်ဆူ ဖြစ်နေတဲ့ ဂျပန်အမျိုးသမီး အဆိုရှင် "Mayumi Itsuwa" ဖြစ်ပါတယ်။ သီချင်းလေး နာမည်က “Kokoro no Tomo” ဖြစ်ပါတယ်။ အောက်မှာ တင်ထားတဲ့ ယူထုကနေ နားဆင်ခံစားကြည့်ကြပါ။
Bonus :
မနာလိုတော့ မရှိပါနဲ့...။ ဒီတစ်ခါ ဘောနပ်စ်ကဏ္ဍမှာ အပိုအနေနဲ့ ဒီနေ့ အိမ်ကလူတွေ လုပ်ကျွေးတဲ့ အောက်က အစားအစာတွေနဲ့ ဧည့်ခံလိုက်ပါတယ်...။
ရေးသားသူ
Ko Boyz
at
11:30 AM
24
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Monday, February 25, 2008
မာကိုပိုလိုနဲ့ ပျော်ပျော်ပါးပါးကြီး ခရီးသွားရအောင်...။
မင်္ဂလာပါ... ဘလော့ဂ်ကြွလာ မိတ်သဟာ အပေါင်း...။ ကျန်းခန့်သာလို့ မာပါစ...။ ကျွန်တော်တော့ သာလဲသာ မာလဲမာပါကြောင်း နှုတ်ခွန်းဆက်သလိုက်ပါရစေ...။ ဘာရယ်မဟုတ်...။ ခုတစ်လော နည်းနည်း ပေါက်နေလို့ ရယ်စရာ မောစရာများကို ဆက်တိုက်ဆိုသလို တင်ဖြစ်နေတော့တယ်...။
ခုတစ်ခေါက်တော့ ကျွန်တော့်အသည်းကျော်ကြီး နိပွန်ကိုပဲ တင်ဆက်လိုက်ပါ့မယ်...။ မောင်နိပွန်ကို ၁ ကနေ ၁၀၀ အထိ ရေတွက်ခိုင်းပြီးတဲ့နောက် ဒီတစ်ခေါက်တော့ သူ့ကို စာဖတ်သူနဲ့အတူ မာကိုပိုလိုနဲ့ ခရီးသွားခိုင်းလိုက်ပါမယ်...။ ထုံးစံအတိုင်းပဲပေါ့...။ သူ့ကို မာကိုပိုလို ခရီးထွက်တဲ့အကြောင်းကို ဖေါ်ညွှန်းထားတဲ့ အင်္ဂလိပ်စာပိုဒ်တစ်ပိုဒ်ကို ဖတ်ခိုင်းပါမယ်...။ အဲဒါကို ကြည့်ပြီး ရယ်မောခြင်း မပြုမိအောင် နေရပါမယ်...။ ရယ်မောမိရင်တော့ တင်းနစ်ရိုက်တံနဲ့ ဆော်ပလော်တီးခံရမှာ ဖြစ်ပါတယ်...။
ကဲ...။ ဘယ်သူက ကျန်ခဲ့ပြီး ဘယ်သူက အရှိုးရာ ထင်သွားအောင် ရိုက်ခံထိမလဲဆိုတာ ရှု့စားကြပါစို့လား...။
ဟီဟိ...။
Saturday, February 23, 2008
Sharing Joke... Do not watch at work or office
ကဲ...။ စာသင်ခန်းထဲက ၁ ကနေ ၁၀၀ အထိ ရေတွက်ပြတာကို မရီမအောင် ကြိုးစားပြီး နေရတဲ့ ဂျပန်က အဖွဲ့ကို မှတ်မိမယ် ထင်ပါ့..။ ဒီတစ်ခါလဲ သူတို့ ပါဝင်တဲ့ “မရီရ” ဆိုတဲ့ ဗွီဒီယိုလေး ကြည့်လိုက်ရအောင်...။ တစ်ဆိတ်... Play ခလုတ်ကို နှိပ်ပြီး Pause ခလုတ်ကို ပြန်နှိပ်ပါ...။ အနီရောင်ဘားလေး ပြည့်သွားအောင် စောင့်လိုက်ပါ...။ ပြီးမှ Play ခလုတ်ကို ပြန်နှိပ်လိုက်ပါ...။ (Connection မကောင်းတဲ့ ကိုကိုမမ များကို ရည်ညွှန်းပါတယ်...။)...။
ဒီတစ်ခါတော့ သူတို့ထဲက လေးယောက်ပဲ ကျန်ပါတော့တယ်...။ ဓါတ်ခွဲခန်းထဲမှာ ဓါတ်ခွဲခန်းမှူးက ပေါက်တတ်ကရ လုပ်ပြတာကို ကြည့်ပြီး မရီမိအောင် ထိန်းရတာပါ...။ ဘယ်သူတွေက မရီပဲ နေနိုင်ပြီး ဘယ်သူတွေက တင်းနစ်တံနဲ့ ဆော်ပလော်တီးခံရမလဲ...။ ဆက်လက် ရှုစားကြပါစို့...။
ဆက်လက် ရှုစားရမှာကတော့ မွေ့ရာ အရောင်းကုန်တိုက်က ပြကွက် ဖြစ်ပါတယ်...။ သိကြတဲ့အတိုင်း သူတို့ဆီမှာက ကာစတန်မာတွေ က ကိုယ်ကြိုက်တဲ့ ကုန်ပစ်စည်းကို မ၀ယ်ခင် အစမ်းသဘော သုံးကြည့်ကြပါတယ်။ ကြိုက်မှ ၀ယ်ကြတာလေ...။ အဲဒါကို တီဗွီအစီအစဉ်တစ်ခုကနေပြီးတော့ ဟာသအစီအစဉ်လေးအဖြစ် ဒီလို ရိုက်ကူးခဲ့တာကို ကြည့်ရှုနိုင်ပါတယ်...။ နောက်ပြောင်ခံရသူတွေ မနစ်နာရလေအောင် ပါလာတဲ့ ဖုန်းတို့၊သော့တွဲ ဘာဘာညာညာတို့ကို အပြင်မှာ ထားစေခဲ့ပြီးမှ စမ်းသပ်စေတာ တွေ့ရတော့ သူတို့တစ်တွေ စီစဉ်တာ အကွက်စေ့ပုံကို သဘောကျမိပါတယ်...။
နောက်တစ်ခုကတော့ ဂျပန်ဟာသပြကွက်များကို စုစည်းထားတဲ့ ဗွီဒီယို ဖြစ်ပါတယ်...။
ကဲ...ဒီနေ့တော့ ဒီလောက်နှိပ်စက်ရရင် ပျော်သွားပါပြီ...။ ဂွဒ်ညပါဗျာ...။
ရေးသားသူ
Ko Boyz
at
12:03 AM
0
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Tuesday, February 19, 2008
Don't watch it at Work or Office ... ဆားချက်ခြင်း...။
အခု တင်ပြမယ့် ပို့စ်ကတော့ ရီစရာ မောစရာ ဖြစ်တဲ့ (ရီစရာကတော့ ဟုတ်ပါရဲ့ မောစရာက ဘယ်က ပါလာမှန်းမသိဘူး...။ ဗမာစကာားများ တယ်ရှုပ်တာပဲ...။ :)) ဗွီဒီယိုကလစ်လေးတွေ ပြမလို့ပါ...။
လွန်ခဲ့တဲ့ နှစ်သုံးနှစ်လောက်က စပြီး အင်တာနက် လောကမှာ metacafe ဆိုတဲ့ Application တစ်ခု ပေါ်ခဲ့ပါတယ်...။ အဲဒီ Application က ဘာလေးလဲဆိုတော့ .... (ဟယ်... အဲဒီဟာလေးကို ကလစ်နှိပ်ပြီ ကိုယ်တိုင်သာ သွားကြည့်ပေတော့ :D ...။ လက်ညောင်းလို့...။ ဟီး.. အလကားစတာ...။)
သူ့မှာ မှတ်ပုံတင်ထားရင် ကိုယ့်မှာ ရှိတဲ့ ပုံတွေ အသံဖိုင်တွေ ဗွီဒီယိုဖိုင်တွေကို upload လုပ်ပြီး သူ့server ပေါ်မှာ တင်ထားလို့ရတယ်...။ ကြည့်စေချင်တဲ့သူတွေကိုပဲ ကွက်ပြီး ပေးကြည့်လို့ ရအောင် လုပ်နိုင်သလို အများ အင်တာနက်ပြည်သူများ ကြည့်နိုင်အောင်လဲ လုပ်နိုင်တယ်...။ အဲဒါလေးကို အတော်သဘောကျသမို့ ရန်ကုန်က အင်တာနက်ကဖေးဆိုင်တစ်ခုမှာ ရှိသမျှစက်တွေထဲကို install လုပ်ထားလိုက်တယ်...။ အေးရော...။ အင်း.. စကားကြောရှည်နေတာနဲ့ ပို့စ်ကလဲ လိုရင်းကို မရောက်နိုင်တော့ဘူး...။
ဒီလိုပါ...။ အဲဒီမီတာကဖေးကို ကြည့်ရင်းနဲ့ တစ်နေ့တော့ comedy ဆိုတာလေးကို သွားနှိပ်မိရော...။ အဲဒီမှာ ဟာသတွေနဲ့ စပ်ဆိုင်တဲ့ စာတွေ ဗွီဒီယိုဖိုင်တွေ တွေ့တော့တာပဲ...။ ရေငတ်တုန်း အလယ်ပိုင်း ...အဲ..အဲ.. အယ်လ်ပိုင်း သောက်ရေသန့် သောက်လိုက်ရသလိုပါပဲ...။ (Loi Hein မှ တာဝန်ရှိသူများ ကြော်ငြာခ ပေးကြပါကုန်...။)
အဲဒါနဲ့ ကိုယ်ကြိုက်တဲ့ ဟာသလေးတွေကို စုမိဆောင်းမိခဲ့တာပေါ့...။ ဒါပေမဲ့ ခက်တာက အဲဒီသိမ်းထားတဲ့ Hard Disk က ရန်ကုန်မှာ ကျန်ခဲ့တော့ Blog ပေါ် ဘယ်လို တင်ရမလဲလို့ စိတ်ညစ်နေတာ...။ ရန်ကုန်ကို လှမ်းမှာရအောင်လဲ မလွယ်...။ ဆိုတော့...။
ဆိုတော့ကာ အင်တာနက်ကြီးပေါ် လျှောက် ကြည့်ရင်းနဲ့ အကြံရသွားပြီး youtube ပေါ် googling လုပ်လိုက်တာ ရလာတယ်ဗျား...။
ဘလော့ဂ်ကြွလာ မိတ်သဟာများ စိတ်အဆာပြောသွားအောင် လင့်ခ်များ ချိတ်ကာ ဟားပေတော့ဗျား...။ (တစ်ခုတော့ ရှိသဗျား...။ ကော်နက်ရှင် နှေးတဲ့သူများ Play ခလုတ်ကို အရင် နှိပ်လိုက်ပါ...။ ကိုယ့်စက်က youtube ကို လှမ်းချိတ်ပြီ ဆိုမှ Pause ခလုတ်ကို နှိပ်ထားလိုက်ပါ...။ အဲဒီနားက အနီရောင်ဘားလေး ပြည့်သွားပြီဆိုမှ play ခလုတ်ကို ပြန်နှိပ်လိုက်ပါ...။ အဲဒါမှ ဗွီဒီယို စမ်းရေ တစ်သွင်သွင် စီးခြင်းဆိုတဲ့ Video Streaming အပြည့်အ၀ရပြီး ဗွီဒီယို ကလစ်များကို အရသာအပြည့်အ၀နဲ့ ကြည့်ရှုခံစားနိုင်ပါကြောင်း...။)
ပထမဆုံး တင်ပြချင်တာကတော့ ဂျပန် တီဗီရှိုးမှာ ပြသွားခဲ့တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်...။ ဂျပန်တွေဟာ သိကြတဲ့အတိုင်း အများစုဟာ အင်္ဂလိပ်စာမယ် အားနည်းကြပါတယ်...။ တော်ရုံတန်ရုံလူများ အင်္ဂလိပ်စာကို နားမလည်ကြပါဘူး...။ အခုအစီအစဉ်ကတော့ တီဗွီအစီအစဉ်ရဲ့ ဖိတ်ခေါ်ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြတာကို ထုတ်လွှင့်တဲ့ ပြကွက် ဖြစ်ပါတယ်...။
ဘယ်လိုလဲဆိုတော့ ပါဝင်သူများကို စာသင်ခန်း တစ်ခုက စာသင်ခုံတွေမှာ ထိုင်ခိုင်းထားပါတယ်...။ ပြီးတော့ အခန်းရှေ့က ကျောက်သင်ပုန်းမှာ ဗွီဒီယို ပြကွက်တစ်ခုကို ပြထားပါတယ်...။ အဲဒီပြကွက်ကို ကြည့်ပြီးတော့ ရယ်မောခြင်း မပြုရပါဘူး...။ ရယ်မောခဲ့ရင် တင်ပါးကို တင်းနစ်ရိုက်တံနဲ့ အားရပါးရ ဆော်မှာ ဖြစ်ပါတယ်...။ ပြကွက်မှာ ပြထားတာကတော့ အင်္ဂလိပ်စာမတတ်တဲ့ ဂျပန်တစ်ယောက်ကို တစ်ကနေ တစ်ရာ အထိ အင်္ဂလိပ်လို ရွတ်ခိုင်းတာပါ...။
အင်္ဂလိပ်စာမကျွမ်းတဲ့သူက ဘယ်လို ရွတ်ပြမလဲဆိုတာကို ပိတ်ကားပေါ်မှာ ... အဲ... ကွန်ပြူတာ အယ်လ်စီဒီ စကရင်မှာသာ ကြည့်ပေတော့ဗျို့...။
နောက်ထပ်ပြချင်တဲ့အကွက်လဲ ထိုနည်းတူ ပါဝင်ယှဉ်ပြိုင်မှုပါပဲ...။ ဒီတစ်ခါတော့ စာသင်ခန်းမှာ လုပ်တာ မဟုတ်ပဲ အများပြည်သူ စာကြည့်တိုက်ထဲမှာ သွားလုပ်တာပါ...။ ပါဝင်သူ ခြောက်ယောက် ရှိပါတယ်...။ စားပွဲတစ်ခုမှာ သုံးယာက်စီ မျက်နှာခြင်းဆိုင် ထိုင်ပြီးတော့ စားပွဲထိပ်မှာတော့ လုပ်ရမယ့်အစီအစဉ်များကို ရေးထားတဲ့ စာရွက်တစ်ထပ်ပါတဲ့ stand တစ်ခု ထောင်ထားပါတယ်...။
ပါဝင်သူများကို ကဒ်ပြားခြောက်ခု၊ တစ်ယောက်တစ်ခု ဝေပါမယ်...။ မှောက်ထားတဲ့ ကဒ်တွေထဲက ကိုယ်ကြိုက်တဲ့ကဒ်ကို ရွေးရြတာပါ...။ ကြက်ခြေခတ် အျမှတ်အသားပါတဲ့ ကဒ်ကို ရွေးမိသူက stand ပေါ်က စာရွက်မှာ ရေးထားတဲ့အတိုင်း လုပ်ရတာ...ဒါမှမဟုတ် အလုပ်ခံရတာပါ...။ ဘယ်သူက ကံဆိုးသူ မောင်ရှင် ဖြစ်ပြီး ဘယ်လို အလုပ်ခံရမယ်ဆိုတာကို အောက်က ဗွီဒီယိုကလစ်မှာ ကြည့်လိုက်ကြပါစို့...။ ပြောထားတယ်နော်...။ အလုပ်ထဲမှာ ရုံးထဲမှာ မကြည့်နဲ့...။ ပြသနာ တက်လိမ့်မယ်...။ ဟီဟိ...။
Monday, October 22, 2007
Let's Watch Movie online
ခုတစ်လော ပျင်းပျင်းရှိတာနဲ့ ရုပ်ရှင်တွေ ထိုင်ကြည့်နေတာ ...။ အရင်ကတည်းက ကြည့်လာတဲ့ ဆိုဒ်မှာ အသစ်ဘာတွေ တင်နေလဲလို့ သွားကြည့်တာ...။ မဆိုးဘူးရယ်.. အသစ်တွေ တော်တော်များ တွေ့နေတာနဲ့ တစ်နေကုန် ထိုင်ကြည့်နေလိုက်တယ်...။ ကိုးရီးယားကားနဲ့ ဂျပန်ကားများသာ တင်ထားပါတယ်။ ကြည့်ချင်သူများ အဆင့်အတန်းမှီ အင်တာနက် ကော်နက်ရှင် ရှိဖို့ လိုပါလိမ့်မယ်...။ လင့်ခ်ကတော့ အောက်မှာပါ။
http://www.mysoju.com
Wednesday, September 12, 2007
Apartment 1303

ခုတစ်လော ရုပ်ရှင်ကြည့်တာ ဓါတ်ကျနေတယ်။ ရေးမိတိုင်းလဲ ရုပ်ရှင်အကြောင်းတွေချည်းပဲ။ ဒီတစ်ခေါက် ကြည့်မိတဲ့ ကားကတော့ ဂျပန် ထိတ်လန့်သည်းဖို ကားတစ်ကားပါ ...။ ဂျပန်ထိတ်လန့် သည်းဖိုကားတွေက The Ring့ နဲ့ နာမည်ရလာခဲ့တာ ဆိုတော့ ခု ဒီဇာတ်ကားကိုလဲ အဆိုပါ ကားများနဲ့ တန်းတူ သဘောထားပြီး သွားကြည့်ခဲ့ပါတယ်။ အဖေါ်ပါရင် ပိုကောင်းမယ်...။ ကြည့်မယ်ဆိုရင် အဖေါ်နဲ့ သွားကြည့်ကြနော...။
ဇာတ်လမ်းအကျဉ်းပဲ ရေးပြတော့မယ်။ ကွန်ဒိုမီနီယံ တစ်ခုမှာပေါ့...။ ည သန်းခေါင်ကျော် တစ်ယောက်တည်း ပြန်လာလို့ ဓါတ်လှေကား တက်စီးရင် ဗြုန်းဆို ကိုယ့်ဘေးနားမှာ ဂျပန်ကီမိုနို ၀တ်ထားတဲ့ မျက်နှာတစ်ခုလုံးကို ဆံပင်ရှည် အဖြူနဲ့ ဖုံထားတဲ့ အမျိုးသမီးတစ်ယောက် ပေါ်လာပြီး ဓါတ်လှေကား တက်စီးလေ့ ရှိသတဲ့။ ၁၃ ထပ်ကို ရောက်ရင် ဒီအထပ်က ၁၃ ထပ်လားဆိုပြီး မပီမသ မေးတတ်တယ်။ အမေးခံရသူက ကောင်ူကောင်းမကြားလို့ ပြန်မေးမိရင် ငါ့မျက်လုံး ပြန်ပေးဆိုပြီး ဟောက်ပက် ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ လှမ်းတောင်းတတ်သတဲ့...။ အဲဒီလို သတင်းတွေနဲ့ နာမည်ကြီးနေတဲ့ တိုက်ရဲ့ အထပ် ၁၃ ထပ်မြောက်က အခန်း နံပါတ် ၃ ကို လာငှားတဲ့ သူတိုင်း တိုက်ပေါ်က တစ်နည်းနည်းနဲ့ ပြုတ်ကျ၊ ခုန်ချကြပြီး သေတာချည်းပဲတဲ့...။ (အခန်းခကလဲ ဈေးချိုလွန်းသတဲ့။) သေတဲ့သူတွေဟာ ၂၀ ၀န်းကျင်တွေ ဖြစ်ပြီး အမျိုးသမီး တွေသာ ဖြစ်ပါတယ်။ အိမ်ကနေ ပထမဦးဆုံး တစ်ယောက်ထည်း အခန်းငှားနေတဲ့သူတွေ ဖြစ်ကြောင်း ရဲမှတ်တမ်းများ အရ တိုက်ဆိုင်နေပါတယ်။ ဒီလို ဆုံးသွားတဲ့ သူတွေထဲက တစ်ယောက်ရဲ့ အစ်မဖြစ်သူဟာ ဒီအကြောင်းကို မကျေနပ်လို့ နယ်မြေတာဝန်ခံ ရဲတစ်ယောက်နဲ့ ပူးပေါင်း စုံစမ်းလိုက်တဲ့အခါ...။
ဒန်တန့်တန်...။
ရင်ခုန်ခြောက်ခြားဖွယ်အတိပါတကား...။ ဓါတ်လှေကားက အခန်းကကတော့ ဟောင်ကောင်မင်းသမီ ရှုကြည်သရုပ်ဆောင်တဲ့ မျက်လုံးဇာတ်ကားနဲ့ ခပ်ဆင်ဆင်ရယ်...။ အဲဒီဟောင်ကောင်ကားကြည့်ပြီးကတည်းက ဓါတ်လှေကားတွေကို တတ်နိုင်သမျှ ရှောင်ထားခဲ့တာ...။ အခုဒီရောက်မှ ပြန်စီးဖြစ်တယ်။ အခု ဒီကားကို ပြန်ကြည့်တော့ ည ည ညဥ့်နက်အချိန်ပိုက ပြန်လာတဲ့ ကျွန်တော့်အတွက် ၈ ထပ်ကို လှေကားနဲ့ပဲ ကုန်းကြောင်းတက်ရမလို ဖြစ်နေပြီ...။
အဲဒီနေ့က ကျွန်တော်ထိုင်တဲ့ ခုံတန်းမှာ ကျွန်တော် တစ်ယောက်တည်းပဲ ရှိပါတယ်။ ရေကြည့်လိုက်မှ ဟိုးနှစ်တန်းကျော်လောက်က လူ ၃ ယောက်ရယ်..။
ကျွန်တော်ရယ် ကျွန်တော်ရယ် အဲဒီ ၃ ယောက်ရယ်မှ ပေါင်း ၄ ယောက်တည်းနဲ့ ည ၁၁း၃၀ ရှိုးကို ကြောက်ကြောက်လန့်လန့်ကြည့်ပြီး အပြန် ရုပ်ရှင်ရုံက ဓါတ်လှေကားနဲ့ အဆင်းမှာ ဂျမ်း ဖြစ်သွားရင်း၊ အခန်းကို အပြန်မှာ မီးကို ချွေတာတဲ့အနေနဲ့ တစ်တိုင်ခြား လမ်းမီးလင်းနေတဲ့ မှောင်မဲမဲ တိုက်ကြားမှာ ပြန့်ကျဲနေတဲ့ တစေကြီးပွဲက စက်ကူဝါ၀ါတွေကြားမှာ ဟိုးပရလောကသားတွေဆီ ဟွန်ဒီလွဲပေးတုန်းက ငွေစက်ကူမီးရှို့လို့ ထွက်လာတဲ့ မီးခိုးမြူဆိုင်းဆိုင်းကြားမှာ သုတ်သုတ်နဲ့ ပြန်ခဲ့တုန်း ခွေးချေးပုံလား ကြောင်ချေးပုံလား မသိ တက်နင်းခဲ့ရတဲ့ ကားတစ်ကားပါ...။ (ကြောက်မလားလို့ ရေးလာလိုက်တာ နောက်ဆုံးခန်းမှ နံလိုက်တာ..။)
ရေးသားသူ
Ko Boyz
at
11:18 PM
0
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: 1303, Apartment, Ghost Festival, Japan, movies
