Saturday, March 12, 2011

Viber : Temp Substitute for Japan ruptured telecommunication system

ဂျပန်နိုင်ငံမှာ မနေ့က ပြင်းထန်စွာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မိုဘိုင်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။ တစ်ချို့သော လှိုင်းဖုန်းများတော့ အလုပ်လုပ်နေတုန်းပါပဲတဲ့။ မနေ့က ဂျပန်က သူငယ်ချင်း တစ်ယောက် ကျွန်တော့်ဆီကို iPhone ကနေတစ်ဆင့် ဆက်သွယ်ရေး apps တစ်ခု ဖြစ်တဲ့ Viber ကို သုံးပြီး ဆက်သွယ်လာပါတယ်။ သူ့ဆီ ကျွန်တော် ဆက်မရသလို သူလဲ ကျွန်တော့်ဆီကို ဆက်လို့ မရပါဘူး။ အခု ဆက်လာတာကတော့ သူ့ဖုန်းဒေတာပလန်ကနေ အင်တာနက်နဲ့ ချိတ်နိုင်လို့ Viber ကို အသုံးပြုပြီး ဆက်သွယ်လာခြင်း ဖြစ်ပါတယ်။ သတင်းကောင်းပါ။ အခုထိတော့ သူတို့ အင်တာနက်နဲ့တော့ အချိတ်အဆက် မပြတ် ရှိနေတုန်း သိရပါတယ်။ စာဖတ်သူ မိတ်ဆွေများလဲ မိမိတို့ အသိရှိခဲ့ရင် (နှစ်ဖက်စလုံးကလဲ အိုင်ဖုန်းသုံးပြီး Viber ကို install လုပ်ထားခဲ့ရင်) အဆက်အသွယ် ပြုလုပ်နိုင်သေးကြောင်း အသိပေးလိုပါတယ်။

ဂျပန်ရောက် မြန်မာမိတ်ဆွေများအားလုံး ဘေးကင်းကြပါစေ။ နောက်ထပ် အသေအပျောက် မရှိပါစေနဲ့...။ 

1 comment:

  1. အဆိုးထဲ က အကောင်းပေါ့ အင်တာနက်တွေကောင်းနေသေးလို့  viber ကwi-fi connection နဲ့  ဆိုမြန်တယ် wi-fi နှေးတယ် delay မရှိရင် စောင့်နေရတာကြာလို့  အိုဘယ့်  အလကားရတော့လဲ သွားဖြဲတော့ပါဘူးဗျာ ပေးသုံးတာပဲကျေးဇူးတင်လှပါပြီ ရွှေပြည်မှာဆို ဖမ်းခံရမယ် တိန် ကိုဘ နေကောင်းရဲ့ လား ပို့ တွေ ကျဲ နေ့လို့ 

    ReplyDelete