Saturday, March 26, 2011

Myanmar Earth Quake Update Image 25/03/2011

မနေ့က ရစ်ခ်ျတာစကေး ၆.၉ အဆင့်ရှိတဲ့ ငလျင်တစ်ခု ကျိုင်းတုံမြို့နယ် လွယ်မွေရွာအနီးမှာ ဗဟိုပြု လှုပ်ရှားခဲ့ပါတယ်။ အဲဒီ ငလျင်လှုပ်ပြီး နောက်ပိုင်း ဒီကနေ့မှာ တာလေကို ဒုက္ခသည်များကို တတ်နိုင်သလောက် အကူအညီပေးဖို့ ရောက်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်က သူမှတ်တမ်းတင်ခဲ့တာကို မေးလ်ထဲပို့လာလို့ အားလုံးကို မျှဝေပေးလိုက်ပါတယ်။

သူပြောကြားချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- တာလေမှာ အိမ်တွေ ပြိုတာပြို၊ ပြားပြားဝပ်တာ ဝပ်ကုန်တယ်။
- လူတွေက ၂၅ ရက်နေ့ည တစ်နာရီလောက်ကို နောက်ထပ် ငလျင်လာမယ်ဆိုလို့ ကြောက်လန့်ကြပြီး ဘော်လုံးကွင်းပြင်မှာပဲ နေနေကြတယ်။ အမိုးအကာ မရှိတာ မရှိ ဖြစ်နေကြတယ်။
- သက်ဆိုင်ရာကျိုင်းတုံဖက်က ကယ်ဆယ်ရေး အသင်းတွေ ဒီနေ့ တာလေကို ရောက်လာကြပြီး ကူညီကြတယ်။
- တာလေနားက တံတားကို ကားငယ်တွေ အသွားအလာ လုပ်နိုင်အောင် သဲအိတ်တွေနဲ့ သေချာ ပြန်ဖို့ထားတယ်။ ကားကြီးတော့ မသွားနိုင်သေး။
- တာလေက တစ်ဆင့် သွားရတဲ့ ကျကူနီ ဆိုတဲ့ ရွာမှာ နေတဲ့သူတွေ ပိုအဖြစ်ဆိုးပါတယ်တဲ့။ သူတို့တစ်တွေက တိုက်နဲ့ မနေကြပဲ သက်ကယ်တဲလေးတွေနဲ့ နေကြတာပါ။ ရွာရဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း Church ထဲကို သွားရောက် နေနေတုန်းမှာ ငလျင်က လှုပ်တော့  ဘုရားရှိခိုးကျောင်း အဆောက်အအုံက အက်နေရာကနေ အကုန်ပြိုကျပြီး အထဲက ခိုနေတဲ့သူတွေ အကုန်သေကုန်တယ်လို့ ပြောပါတယ်။
- တာလေမှာတော့ တစ်မြို့လုံးနီးပါး ပျက်စီးတယ် ပြောပါတယ်။
- ငလျင်ဒဏ်ခံရသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ကြောက်လန့်မှုတွေ ဖြစ်နေပြီး စကားမေးမြန်းပြောဆိုမှုတွေမှာ အဆီအငေါ်မတည့်သလို ဖြစ်နေပါတယ်။
- ငလျင် မလှုပ်မီမှာ တော်လဲသံလိုလို ကြိုကြားနေရပါတယ်။ အခုလဲ နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်နေတာမို့ လူတွေက အဲဒီလို တော်လဲသံတွေ ကြားတော့ အမိုးအကာအောက်မှာ မနေရဲတော့ပါဘူး။ အားလုံးက ခြေမြန်တပ်ရင်း ၃၁၆ တပ်ဘေးနားက ဘော်လုံးကွင်းမှာ တဲထိုးနေကြပါတယ်။ တစ်ချို့ကတော့ အမျိုးအဆွေတွေ ရှိရာ တစ်ခြား မိုင်းကိုး တာချီလိတ် မှာ သွားနေကြတယ် ပြောပါတယ်။

နောက်ဆက်တွဲ သတင်းများသိရင် ထပ်တင်ပေးပါမယ်။(ပုံတွေ များပါတယ်။ သည်းခံပေးပါ။)

















5 comments:

  1. ကြောက်စရာပဲနော်..။
    လမ်းမကြီးတွေများ ပက်ကြားအက်သွားလိုက်တာ။

    ReplyDelete
  2. This comment has been removed by a blog administrator.

    ReplyDelete
  3. ငါတို့တိုင်းပြည်လဲ တနစ်တမျိုး မရိုးရအောင်ကို ဒုက္ခရောက်နေပါ ပကောလားးးးး

    ReplyDelete
  4. မြန်မာပြည် မှာဘုရားတရားအမြဲသတိရှိ ပါ

    ReplyDelete
  5. မြေမြိုတယ်ဆိုတာ တကယ် ဖြစ်ဖို့ နီးစပ်လာပြီထင်တယ်နော်
    သူရဲ ကားတကားလောက် ရိုက်မှ

    ReplyDelete