ဒဏ်ရာများနဲ့ အသည်းက တောင်းဆိုတုန်း...။
xxxxxxxx
xxxxxxxx
တိုးတိတ် လွမ်းလို့နေပါမယ်...။
ဟိုအရင် ကျောင်းသားဘ၀ အဆောင်မှာနေတော့ အရှေ့ဘက်ဆီက ရှမ်းရိုးမဆီမှာ မိုးတွေ ညို့နေရင် တစ်ခုခုကို လွမ်းနေခဲ့တတ်တယ်။ ထိုင်နေတဲ့ စာကြည့်စားပွဲနဲ့ ကပ်ရက် ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်လိုက်ရင် တိမ်ညိုပုပ်ပုပ်တွေက အုံ့မှိုင်းတဲ့ စိတ်ကို အလွမ်းဒီဂရီတွေ ထပ်တိုးစေခဲ့တာပေါ့...။ အဲဒီမှာ ဘေးနားက အခန်းက ကောက်ခါငင်ခါနဲ့ အပေါ်က သီချင်းလေးကို ဖွင့်လိုက်ရော... (ကိုယ်ကပဲ လွမ်းတတ်နေလို့လား မသိ.. heart ထိသွားတာပဲ...။)
နောက်ပိုင်းတော့ အဲဒီ သီချင်းကို နားမထောင်မိတော့ မေ့မေ့ပျောက်ပျောက် ရှိခဲ့ရာမှ မနေ့က စီဘောက်ထဲမှာ တစ်ယောက်က ဒီသီချင်းရဲ့ အော်ရီဂျင်နယ် ဗားရှင်း လာပေးထားတာ တွေ့ရတယ်။ မူရင်းလဲ ဖြစ်ပြန်၊ ဆိုထားတဲ့ အဆိုတော်ကလဲ အသံရော၊ အဆိုပိုင်းရော ဆရာကြီးတစ်ဆူ ဖြစ်နေတဲ့ ဂျပန်အမျိုးသမီး အဆိုရှင် "Mayumi Itsuwa" ဖြစ်ပါတယ်။ သီချင်းလေး နာမည်က “Kokoro no Tomo” ဖြစ်ပါတယ်။ အောက်မှာ တင်ထားတဲ့ ယူထုကနေ နားဆင်ခံစားကြည့်ကြပါ။
Bonus :
မနာလိုတော့ မရှိပါနဲ့...။ ဒီတစ်ခါ ဘောနပ်စ်ကဏ္ဍမှာ အပိုအနေနဲ့ ဒီနေ့ အိမ်ကလူတွေ လုပ်ကျွေးတဲ့ အောက်က အစားအစာတွေနဲ့ ဧည့်ခံလိုက်ပါတယ်...။
စားချင်တယ်
ReplyDeleteအယ်တို့ ဟူးနွေးက ပန်းကန်ပြားနဲ့ စားရတာလား အဟတ်
ReplyDeleteစလုံးစတိုလ်နေမှာ သူများထက်ထူးအောင် စားမယ်ပေါ့လေ
အင်းမြင်သာနဲ့ မနာလိုဘူးဆိုတာပြောရမယ်
မစားရအညှော်ခံ ပေါ့ နှိပ်စက်ပါ့
သီချင်းလေးနားထောင်ပြီး အစားအသောက်များကိုငေးသွားပါတယ်။ပေါက်စီကတော့ မစားချင်ဘူး...ကောက်ညှင်းပေါင်းနဲ့ ထိုဟူးနွေးကိုတော့ စားချင်လိုက်တာ။
ReplyDeleteပေါက်စီက အိမ်မှာလုပ်တာလား
ReplyDeleteNTUC ပေါက်စီကို ပြန်ပေါင်းလိုက်တာလား။
အချဉ်က ဘာလို့ဟိုက်နေတာလဲ. လက်နဲ့ တှို့စားထားတာလား။
ကောက်ညှင်းပေါင်းလဲပါတယ်။
(သက်ပြင်းချလိုက်သည်။ ကိုယ်ဟာအတော်ဆိုးဝါးနေပါလား။)
မွေတဲ့တစ်ယောက် ကမိန်းကလေးလား
ယောကျာ်းလေးလား လက်စွပ်
ကဘာအဓိပါပါလဲဆိုတာလည်းစဉ်းစားနေတယ်။
တို့ဟူးနွေးလေးက ကောင်းမဲ့ပုံဘဲ။
အပြန်ပြန်အလှန်လှန်သုံးသပ်ကြည့်သွားသည်။
အားလုံးစားချင်တယ။်
အဲဒီသီချင်းလေး နားထောင်ဘူးတယ။် ဘယ်သူဆိုတာလဲမသိဘူး. ။
လုပ်လို့ရတာ အားလုံးလုပ်ပြီး ပြောလို့ရတာ အားလုံးပြောသွားသည်။
အော် .. ခေါက်ဆွဲပြုတ်နဲ့ ဝက်သားပြား နဲ့ ငါးခြောက်ကြော်နဲ့ စားပြီး ဖတ်သွားသည်။ ပေါင်မုန့်လည်းကျန်သေးသည်။
ReplyDeleteမနက်စာမစားရသေးဘူး.. အရင်ဆုံးဝင်လာတာ.. ဒီရောက်တော့ အစားနဲ့ တိုးနေတယ်.. သာဓု သာဓု ကောင်းပါ့...
ReplyDeleteဟင် .. လောကကြီးပဲ လွဲတာလား၊ ကိုယ်ကပဲ လွဲနေတာလား မသိဘူး။
ReplyDeleteသီချင်းအကြောင်းကို ဇောင်းပေးပြီး ပိုစ့်တင်တာ... ကော်မန့်အများစုက ဘောနပ်စ်က အစားအသောက် အကြောင်းတွေချည်းပါလား...။
ဂွီ...။
(အော်.. မာယုမီ..မာယုမီ... အခုခေတ်လူငယ်တွေကို မဆွဲဆောင်နိုင်တော့ပါလား..။ အေးလေ... ခမျာလဲ အသက်ကြီးရှာပြီကိုး..။)
ဟဟ ဒီတခါ တကယ့်ပေါက်စီ အစစ်ပဲနော့် ဟိဟိ ကြိုက်တယ် ပေါက်စီဆိုရင် တို့က ကောင်မလေး ပေါက်စီ ပိုကြိုက်သလိုပဲ ငှဲငှဲ
ReplyDeleteအိမ်မှာ တိုဟူးသုတ်....
ReplyDeleteပေါက်စီက ရယ်ဒီမိတ်ကို ပြန်ပေါင်းထားတာ မဟုတ်လား.... ညှင်းညှင်း
khin oo may said...
ReplyDeleteအဲဒီသီချင်းလေး နားထောင်ဘူးတယ။် ဘယ်သူဆိုတာလဲမသိဘူး. ။
တိုဖူးနွေးစားချင်လိုက်တာ
ReplyDeleteအင်း.. ကြည့်ရတာ ပို့စ်ခေါင်းစဉ်ကို
ReplyDelete- တိုဟူးနွေး နှင့် ကောက်ညှင်းများ ဆိုပြီး ပြောင်းလိုက်ရကောင်းမလား...
ဒါမှမဟုတ်
- ပေါက်စီဋီကာ နောက်ဆက်တွဲများ ဆိုပြီး
ပြောင်းလိုက်ရင် ကောင်းမလား စဉ်းစားနေတယ်။
မာယုမီခမျာ.. ဆိုနေတာ အသံဝင်တော့မယ်။ သူ့အကြောင်း တစ်ယောက်စ နှစ်ယောက်စပဲ ပြောကြတော့တယ်...။
ခွိ...။
တိုဖူးနွေးဆိုလို့ လာအားပေးသွားပါတယ် Ko Boyz ရေ.... မနိုင်းနိုင်းအိမ်
ReplyDeleteမှာဖိတ်ခေါ်ထားတာတွေ့လို့ ရောက်လာတာပါ... သီချင်းလေးလဲ နားထောင်
ရင်းပေါ့နော်...း)
(ဒဏ်ရာများနဲ့ အသည်းက တောင်းဆိုတုန်း...။)!! ဆိုတော့ကာ (ဟေ့လူ) အသည်းက တောင်းတိုင်းတော့ သိပ်မသောက်နဲ့လေ။ ဒဏ်ရာတွေ ပိုများလာမှာပေါ့။
ReplyDelete`လိုင်းစပိဒ်´ (ခေါ်) `ကိုးနတ်ရှင်´ မကောင်းတဲ့ကြားက သီချင်းဆုံးအောင် ပေကပ်ပြီး နားထောင်သွားတယ်။ သိပ်ကြိုက်ခဲ့တာပေါ့။ `ဂျပန်´သီချင်းမှန်းတော့ ခုမှသိမယ်။ (ခုဒေါ့ တားတားတိပါဘီ။)
`ပေါက်စီ အစစ်လား´ စိတ်မ၀င်စားဘူး။ နိမိတ်ပုံဆန်တဲ့ `ပေါက်စီအတု´တွေပဲ ထပ်ကျွေးပါ။
နေ့လည်စာအတွက်ဆိုရင် `ထိုဖူးနွေး´။ (ဒါပေမဲ့)စားချင်စဖွယ်ကျတော့ `ထိုဟူးနွေး´။ ဘာကွာလဲ စဉ်းစားနေတယ်။ (ပုံ!!ဟုန်ဟုန်!! - အပြစ်မရှိ အပြစ်ရှာတတ်သူ။)
မ၀ါရေ...။ သီချင်းကြိုက်လား။ လာလည်တဲ့အတွက် ကျေးဇူးပါ..။
ReplyDeleteကိုကေ - ဘယ်သူဆိုထားလဲဆိုတာ သိလားဗျ။ ပိုးပိုးလား မသိဘူးနော်။ ပိုးပိုးဆိုလို့ တစ်ခါတုန်းက အမ်အိုင်တီက ဗုဒ္ဓဘာသာ အသင်း ရန်ပုံငွေ ဖန်းဖဲယားမှာ ပေါက်ချလာတယ်။ ကျောင်းကလူတွေ သူ့ကို သိပ်မသိကြဘူးရယ်။ သူကတော့ လူတွေ မသိလေ ပိုကောင်းလေ... လွတ်လွတ်လပ်လပ် ကဲတော့တာပဲ။ အတန်းထဲက ကောင်မလေးတွေက လက်မှတ် လိုချင်တယ်ဆိုလို့တောင် သွားတောင်းပေးလိုက်သေးတယ်။
ကျွန်တော်တို့အရပ်မှာ ထိုဖူးနွေး၊ ထိုဟူးနွေး ၂ ခုစလုံး သိကြတယ်။
အလား..လား.. အဲတာ ဘွိုင်းဇ်ရဲ့ ထိုဟူးနွေးခွက်လား..
ReplyDeleteလျှံတောင်ကျတယ်.. ကျွတ်... ကျွတ်...
အော်.. သေချာကြည့်တော့ ပန်းကန်ပြားနဲ့ ထည့်ထားတာကို
ရုတ်တရက်က ပန်းကန်လုံးလျှံနေသလားလို့.. ဟီး
သီချင်းအတွက် ရှဲ့ရှဲ့နီ
စားချင်ဇောနဲ့ မြန်မြန်အေးအောင် ပန်းကန်ပြားထဲ ထည့်စားတာလေ။ မိုက်တယ်နော်...။
ReplyDeleteနေပါဦး ကျောင်းမှာဈေးပွဲတော်ဖြစ်တာ ဘယ်နှစ်နှစ်လဲ။ကိုဘွိုင်းဇ် ဘယ်နှစ်တန်းတုန်းက ပိုးဒါလီသိန်းတန် လာတာလဲ။ကျနော်တို့ နှစ်တန်းတုန်းက အဲ့ကြမှ ကိုယ့်နှစ်က ကင်းဆိုတာကို မြင်ဖူးတော့တာပဲ။
ReplyDeleteအဲလို ၀ိုင်အိုင်တီပြီးတဲ့သကာလ မြန်မာသီချင်းကိုကြားဖူးနေတယ်။မူရင်း ဂငယ်သီချင်းမှန်းကတော့ ခုမှနားထောင်ပြီး သိရတယ်။ကဘွတ်ဇ်လည်း ရှေးသီချင်း အလွန်ကြိုက်တာကိုး...1980မှာ အရှေ့တောင်အာရှမှာ အရမ်းခေတ်စားခဲ့တဲ့ သီချင်းပါတဲ့...အင်ဒိုနီးရှားမှာဆိုရင် မသိသူမရှိတဲ့ သီချင်းပါတဲ့ ခင်ဗျာ။ဆိုတော့ ကော်ပီတာ မြန်မာတွေတင် မဟုတ်လောက်ဘူး ထင်ပါရဲ့...
သက်စု
ReplyDelete- ကိုဘွိုင်းတို့ ၃ တန်းတုန်းက ဒီ ကျောင်းအ၀င်ဘက် တမာတန်းမှာ ရန်ပုံငွေ ရှာပွဲလုပ်တယ်။ အတန်းကြီး အတန်းငယ်တွေက ကိုယ့်မေဂျာကိုယ်စီနဲ့ပေါ့။ စာပုတီးတို့က ဂုံးဂင်းဝိုင်းနဲ့ လေးကောင်ဂျင် ထောင်တယ် ထင်တယ်။ ကိုဘွိုင်းတို့ အီးစီ၃တန်းက ခေါက်ဆွဲရောင်းတယ်။ အဲဒီမှာ ပိုးပိုးတို့ လာတာပဲ။ ညိုချော ဆိုတာ သူ့ကို ပြောတာပေါ့ဟယ်။ အတန်းထဲက ကောင်မလေးတွေက လက်မှတ်မတောင်းရဲလို့ သွားတောင်းခိုင်းတာနဲ့။ ပိုးဒါလီ သိန်းတန်ဆိုတာ ဒီတစ်ယောက်လား ဆိုပြီးတော့ ပြောပြီး လက်မှတ်ထိုးခိုင်းတာ မှတ်မိတယ်။ (ဒါဆို ဗုဒ္ဓဘာသာ ဓမ္မါရုံ ကျောင်းဆောက်ဖို့ ရန်ပုံငွေပွဲကို သက်စုတို့ မမှီခဲ့ဘူးပေါ့။ ကျောင်းကလဲ အခုထိ ဓမ္မါရုံတောင် ဆောက်ဖြစ်ခဲ့လား မသိဘူးရယ်။)
- ရှေးသီချင်းကြိုက်ဆို ကိုယ်တို့တစ်တွေက အဒေါ်တွေနဲ့ နေရတာများတော့ သူတို့ နားထောင်တာပဲ နားထဲစွဲခဲ့တာကိုးဟ...။
ကိုဘွိုင်းဇ် ၃တန်းဆိုရင် ကျနော် ၁တန်းမှာ လုပ်တဲ့ပွဲပေါ့။တစ်ခါပဲ လုပ်လိုက်နိုင်တယ် ထင်တာပဲ။နှစ်တန်းရောက်မှ ကိုယ့်နှစ်က ကင်းကို မြင်ဖူးရင်တော့ သိပ်မမိုက်သေးဘူး။၁တန်းဖြစ်ပါလိမ့်မယ်။၂တန်းလည်း ကျောင်းကောင်းကောင်း မတက်လိုက်ရပါဘူး။ကျနော်တို့က အကြော်ရောင်းတယ်။ဆိုင်နာမည်ကို အဲဒီတုန်းက မြန်မာစာ ဆရာမ ရွေးပေးတာ တမာရိပ်တဲ့...
ReplyDeleteဒါဆို သေချာတယ်။ တမာရိပ်ဆိုတာ တွေ့လိုက်သေးတယ်။ တစ်နှစ်ထဲပဲ။ ကိုဘွိုင်းလဲ အဲဒီ တစ်နှစ်ပဲ ကြုံဖူးလိုက်တယ်။
ReplyDeleteတမာရိပ်တဲ့။ အဲ့တုန်းက တမာပင်တွေက အခုလောက် မမြင့်ဘူး။ ဒီတိုင်း လက်နဲ့ လှမ်းလိုက်ရုံနဲ့ အကိုင်းတွေ ဆွဲဆွဲချိုးတာ မှတ်မိနေတယ်။ ပွဲမတိုင်ခင်ညမှာ မြေမှုန့်တွေ သိပ်အောင် ရေနီမြောင်းထဲက ရေတွေ ခပ်ပြီး ဖျန်းတာမှတ်မိသေးတယ်။ ခေါက်ဆွဲတွေရောင်းကောင်းလို့ ကြိုရောင်ထားတဲ့လက်မှတ် ကိုင်တဲ့သူတွေ လာတာ နောက်ကျတော့ အရည်တွေ ရေထိုးရတာ မှတ်မိသေးတယ်။
ReplyDeleteတမာပင်တွေလား။ ခုတော့ အုပ်အုပ်ဆိုင်းဆိုင်းဖြစ်လို့ တောကြီးကို ဖြစ်လို့ အတွဲတွေချိန်းတွေ့လို့ အလွန်ကောင်းတဲ့ နေရာ ဖြစ်သွားပါပကော။ လူဝင်သွားရင် ပျောက်တောင် ပျောက်တယ်။
စကားမစပ် - ကျောင်းစစတက်တုန်းက ဘာပင်မှ မရှိ လွင်တီးခေါင်ကို မြင်တော့ ငိုချင်တယ်။ ရန်ကုန်ပြောင်းမယ်ဆိုပြီး ကျောင်းသားရေးရာသွားတာ ဖျူးချား ပလဲန်ဆိုပြီး ကျောင်းပလန်ပုံကို မြင်တော့ ဟား.. အပျံစားတွေဗျ။ ရေကူးကန်တောင် ပါလိုက်သေး။ မဆိုးဘူးဟ ဆိုပြီး ဆက်နေနေလိုက်တာ။ ခုထိတောင် ရေကူးကန်ဆိုတာ အကောင်အထည် ပေါ်သေးလား မသိဘူး။
အဲလိုနဲ့ ကျောင်းအကြောင်း ရောက်သွားပြီ။အဆောင်ရှေ့က အကြော်သည်နဲ့ ကျနော်တို့နဲ့ ခင်တယ်။ပျင်းနေ သူ့ဆီသွား အကြော်ထိုင်ကြော်ပေးနေလို့...တို့ဘူးကြော်ဆို လှီးရင်းပိုတဲ့ ဘေးသားလေးတွေလည်း စားချင်လို့ပါ။မန်းချယ်ရီသူများတော့ အဲလို ငတ်ကြီးကျတာ... :D အဆောင်ကကျွေးတဲ့ ထမင်းဟင်းက မကောင်း...သူများလို ကန်တင်းကနေ ၀ယ်လာပို့မဲ့သူကလည်း မရှိ...ပိုက်ပိုက်ကလည်း မရှိနဲ့ စဉ်းစားကြည့် တော်တော်ဘူစရာကောင်းပေမဲ့ အဲ့တုန်းကတော့ ပျော်လိုက်တာ...
ReplyDeleteပြောသာ ပြောတာ။ အဲဒီ အကြော်ကို တစ်ခါမှ မစားဖူးဘူး။ မန်းချယ်ရီက ဘယ်ကောင်မလေးဆီမှ သွားမလည်ဘူးဆို ယုံမလား မသိ။ ဟိ
ReplyDeleteရန်ကင်းတောင်ခြေက ထန်းတောကို ဂဒီးဂဒီး ရောက်ဖူးတယ်။
တောင်ခြေကွေ့နားက စားသောက်ဆိုင်ဆို သူတို့ ကားဘီးဖိုး တစ်ဘက်စာက ကိုဘွိုင်း အစုရှယ်ယာ ၀င်ထားတာ။ မြို့ထဲက အပြန်တိုင်း၊ ကျောင်းက အဖေါ်ကောင်းတိုင်း အဲဒီဆိုင်မှာ သွားသောက်နေကျ။