Wednesday, May 27, 2009

ဆူစန်ဘွိုင်းလ်ကို ယှဉ်မယ့် Shaheen Jafargholi

Britain's Got talent Semi Final ၂ မှာ ဆူစန် တစ်ယောက် ဖိုင်နယ်ကို ၀င်ခွင့်ရသွားပါပြီ။ ဒီနှစ်ပြိုင်ပွဲမှာ ဆူစန် တစ်ယောက် ပရိသတ်အားပေးမှုကို အတော်ရခဲ့ပါတယ်။ ဒါပေမယ့် သူ့အတွက် ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက် တစ်ယောက်လဲ မေ ၃၀ ဖိုင်နယ်ကို တူတူ တက်လှမ်းလာပါပြီ။

Britain's Got talent Semi Final ၃ ကို 26 ရက်နေ့ညက ကျင်းပခဲ့ပါတယ်။ အဲဒီမှာ အသက် ၁၃ နှစ်အရွယ် Shaeen Jafargholi ဆိုတဲ့ ချာတိတ်လေးလဲ ခေသူ မဟုတ်ပါ။ ဆိုရခက်ခဲလှတဲ့ Jennifer Holiday ရဲ့And I Am Telling You ဆိုတဲ့ သီချင်းနဲ့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တာပါ..။

ပြိုင်ဘက်အားလုံးကို အပြတ်အသတ် အနိုင်ယူပြီး Shaheen တစ်ယောက် ဖိုင်နယ်ကို တက်လှမ်းသွားပါပြီ။ အောက်က ယူထုမှ Shaheen ရဲ့ ဆီမီးဖိုင် ပွဲစဉ် ၃ မှာ ပါဝင်ယှဉ်ပြိုင်မှုကို ရှုစားကြစို့လား။ ဆူစန်နဲ့ ရှဟင်း ဘယ်သူ့ကို အားပေးမလဲ။



5 comments:

  1. နှစ်ယောက်စလုံးကိုအားပေးပါတယ်။နှစ်ယောက်စလုံးကောင်းသား။

    စကားမစပ်....congratulation ပါဘွိုက်ရေ။
    လောကအလှစာမျက်နှာပေါ်က "နှလုံးသားရပ်ဝန်းမှအသံများကိုနားထောင်ခြင်း" ကို ခုမှဖတ်ဖြစ်တယ်။ ဘွိုက်ရဲ့ ဘ၀ဖြစ်သန်းမူ့ကို ဖတ်ရပြီဆိုတော့ကာ စာဖတ်တာ၊ သီချင်းနားထောင်ရတာကိုကြိုက်တာတော့သိပြီးသားမို့ မပြောတော့ပါဘူး။ အားလပ်ချိန်မှာ သူမနဲ့ ဘယ်သို့ဘယ်ပုံလျောက်လည်တာတွေမပါလို့ ဖတ် ရတာ မပြည့်စုံသေးဘူးလို့ယူဆမိပါတယ်..နောက်တစ်ခါဆိုပြည့်ပြည့်စုံစုံဖြေပါလို့ အကြံကောင်းပေးသွားလိုက်ပါတယ်..
    (စပ်စုလိုသူပြည်သူတစ်ဦး)

    ReplyDelete
  2. ဒီလောက်အဆင့်မှာ အချည်တယောက်မှ မပါဘူး။ သူ့အတိုင်းအတာနဲ့သူ လူတော်တွေချည်းပဲ။ နှစ်ယောက်လုံးကို လေးစားသင့်တယ်။ ဖိုင်နယ်မှ ဆုရမရကတော့ ကံတရားရဲ့ ဖေးမမှု၊ ပတ်ဝန်းကျင် အခြေအနေတွေနဲ့ပါ အများကြီးဆိုင်သွားပြီ။

    (စကားမစပ်) သဘောပေါက်တယ်နော် ကိုယ့်လူ။ ပရိတ်သတ်တွေက ဘာကို သိချင်လဲဆိုတာ။ (ငှဲငှဲ)။

    ReplyDelete
  3. လိုရင်းကို အသားပေးပါ။

    ReplyDelete
  4. အင်း စောင့်ကြည့်ဆိုလို့ စောင့်ပြီးကြည့်ရတာပေါ့

    ReplyDelete
  5. Susan Boyle ရော Shaeen ရော ဘယ်သူမှ ပထမ ဆုမရဘူး..
    Diversity ဆိုတဲ့ Dancer အဖွဲ့ က ပထမ ဆု ရသွားတယ်..
    http://www.youtube.com/watch?v=B-o8egEWiZE

    Susan က ဒုတိယ ဆု

    ReplyDelete