ဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းကခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ ၂။
ထမင်းလဲစားရင်း ဘီယာလေးလဲ သောက်ရင်းပေါ့။ သောက်ဖြစ်တဲ့ ဘီယာက ဆင်းဂါးနဲ့ လီယို။
Singh Beer Leo Beer
ပြောလို့ ပြောတာတော့ မဟုတ်ဘူးဗျ...။ ဆင်းဂါးဘီယာက ထုတ်လာတာ ကြာပြီ...။ လီယို ဘီယာက ပေါ်တာလာတာ ၃-၄ နှစ်ပဲ ရှိဦးမယ် ထင်တယ်။ သူလဲ တော်တော် ပေါ်ပြူလာ ဖြစ်နေတယ်။ ဆင်းဂါးက ပိုပြီး smooth ဖြစ်တယ်။ လီယိုက တောချက်နဲ့ ဆင်တယ်။ ဆင်းဂါးကတာ့ ကလပ်စ်စစ် ကျတယ်ပေါ့။ အူနုကင်နဲ့ တွဲလိုက်တော့ ဘီယာပုလင်းတွေ တော်တော်ပုံသွားတယ်။ ၁၂ နာရီထိုးမှ အဲဒီ ထမင်းဆိုင်က ပြန်လာဖြစ်တယ်။ နက်ဖြန်ကို အစ်မက Express နဲ့ ရောက်လာမှာ ဆိုတော့ ကားဂိတ်မှာ သွားကြိုရဦးမယ်လေ။
ကားဂိတ်က အမ်အာတီ အစိမ်းလိုင်း အစ N8 က မော်ချစ် (Mo Chit) မှာ ရှိတယ် ဆိုတော့ အမ်အာတီနဲ့ သွားကြိုလို့ရတယ်။ ဟော်တယ်က ဘိုင်ယုတ်ဟိုတယ်နား တစ်ဝိုက်ဆိုတော့ ကြုံတဲ့ကားသာ စီးလိုက်ရင် ဂိတ်ဆုံး ဖြစ်တဲ့ အနုစာဂါ့ရီ ဆိုတဲ့ Victory Monument ကို တန်းရောက်တယ်။ အဲဒီကနေ အနုစာဝါ့ရီ ဘူတာ N3 ကနေ အမ်အာတီ တက်စီးလိုက်ရင် ဂိတ်စ မော်ချစ်ကို ရောက်တယ်။ အမ်အာတီ နှုန်းက စင်ကာပူက နှုန်းနဲ့ နင်လားငါလားပဲ။ သိပ်တော့ မကွာသလိုပဲ။ သူတို့ဆီမှာတော့ ကြော်ငြာတွေ ကပ်ထားတာ ရောင်စုံပဲ။ ထိုင်းမိန်းကလေးတွေက စင်ကာပူ တရုတ်မများထက် ပိုချောကြတယ်။ ကြည့်လေရာ မျက်စိပသာဒဖြစ်တယ်။ စလုံးတရုတ်မများလို စူပုပ်ပုပ် Artificial အလှ တွေ မဟုတ်ဘူး။ သဘာဝ အလှလေးများ ကိုယ်စီ ပိုင်ဆိုင်ကြသေးတယ်။
(ဖတ်ချင်ရင် သည်းညည်းခံ ဖတ်ကြပါ။ တောရောင် တောင်ရောက် မြောက်ရောက်ပဲ...။)
မနက်နိုးလာတော့ အစ်မတော်က မက်ဆေ့ခ်ျပို့လာတယ်။ အိပ်ရေးဝအောင် အိပ်ပါတဲ့။ သူ့ဟာသူ တက်က်စီနဲ့ လာမယ်ဆိုတော့ ဆက်နှပ်နေလိုက်တယ်။ ခဏနေတော့ ရောက်လုပြီဆိုတာနဲ့ အောက်ဆင်းကြိုလိုက်တယ်။ ဟိုတယ်က လမ်းထဲမှာ။ (တစ်ကယ်က အင်းပါ။ ဟိုတယ် အဆင့်တော့ မဟုတ်ဘူး။) ဆိုတော့ တက်စီသမားတွေ လမ်းမှားတတ်တယ်။ ပစ္စည်းတွေ ကူသယ်ပြီး အခန်းထဲထည့်၊ ရေချိုး၊ အ၀တ်အစားလဲ ပြီးတော့ အောက်ပြန်ဆင်းကြတယ်။ ကားစီးလာတော့ ဗိုက်ဆာတယ်တဲ့။ အနော်လဲ ဆာတာပါပဲ...။ လမ်းထိပ်သလားကြည့်တယ်...။ ရှလွတ်...။ ဘာတွေ့တယ် ထင်လဲ...။ ဟင်းဟင်း...။ အောက်ကပုံထဲက ဆိုင်ဗျ...။
ဝက်စတူး ဆိုင်ဗျ...။ ဆဲဗင်း အီလဲဗင်းနဲ့ မျက်စောင်းထိုးမှာ...။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မျက်စပစ်ပြီး ဆိုင်ထဲကို ဒိုင်ဗင် ပစ်လိုက်တာပဲ။ ထမင်းပေါ် ဟင်းပုံကို တစ်ပွဲ ၂၅ ဘတ်။ အဲဒါ ပေါင်လိုင်းသားကို အူမကြီးနဲ့ ရှယ်ထည့်ခိုင်းတယ်။ တစ်ပွဲ။ နောက်တစ်ပွဲကျတော့ နားရွက်နဲ့ ဦးနှောက်ကို မျက်လုံး အဆစ်ပါတဲ့ ဗိုက်သား...။ တစ်ပွဲကို ၃၅ ဘတ်စီ။ အအီပြေအောင် ငရုတ်သီးကို ပါးပါးလှီးပြီး ယိုးဒယား ပဲငံပြာရည် ဆမ်းထားတဲ့ အချဉ်ရည်...။ အား.. ဗိုက်ကို တင်းကားသွားတာပဲ။ ထိုင်းဆန်နဲ့ ချက်ထားတဲ့ ထမင်းပူပူလေဗျာ။ လူကို တင်းကားသွားတာ။ ပက်ပ်စီနဲ့ ပြန်ပိတ်။ လမ်းနည်းနည်းပါးပါး လျှောက်။ အဲ... အချိုတည်းမယ်။ လာဗျာ။

စားပါလေ့။ ငှက်ပျောမုန့်၊ သာကူမုန့်၊ ပြောင်းဖူးမုန့်၊ ပိန်းဥမုန့် .. အို စားပါ။ လာပါ။ ယူပါ။ စားပါ လို့ ဖိတ်ခေါ်နေသယောင်။ အကုန်ထည့်ခိုင်းလိုက်တယ်။ ဟိုဟာ ဒီဟာ အဲ့ဟာလေးလဲ လိုချင်တယ်။ အို.. အကုန်ထည့်ပေးလိုက်ပါ။ ၁၀ ဘတ်ဖိုးစီ ထည့်ပေးလိုက်ပါ။ ခေါ့ပ်ခွန်းခရပ်။ အလွိုင်ကျင်ကျင်။
ခက်ဆစ်။
၁။ “ခေါ့ပ်ခွန်းခရပ်” = “ကျေးဇူးတင်ပါတယ်”။
၂။ “အလွိုင်ကျင်ကျင်”=“စားလို့ အရမ်းကောင်းတာပဲ”

13 May 09, 21:59
ReplyDeleteုkom: ကောက်ညှင်းထုတ် စားချင်တယ။် ဆက်ရေးပါ။
13 May 09, 21:58
ုkom: တို့လဲ ဝက်စတူးကြိုက်တယ်။ အများကြီးတော့မစားနိုင်ဘူး။ (စလုံးနဲ့ကွန်ဗားရှင်း နဲနဲထည့်ပေးပါဆို. ပရိသတ်က စလုံးက များတဲ့ဥစ္စာ. အဲဒါမှ ချိန်ကြည့်လို့ရမှာပေါ့။ ) ခေါ့ပ်ခွန်းခရပ်။ အလွိုင်ကျင်ကျင်။ (အဲဒါဘာလဲ။ )
13 May 09, 21:57
ုkom: အခုသောက်နေတာ ထင်မိသေးတယ။် အရင်ပိုစ် ကဆက်လာတယ် ဆိုတာ အခု မှ ပြန်သတိရတယ။် (ဖတ်ရင်းနဲ့သည်းခံရတာပေါ့ လေ။ ဒီလူနဲ့ဒီလူ ဆိုတော့မသည်းခံလို့မှ မရဘဲ။ ) ဘန်ကောက်ကိုကျွမ်းတဲ့ပုဘဲ။
13 May 09, 21:54
ုkom: အေးစက်နေတဲ့ပုံဘဲ ကွယ် ဘီယာခွက် က မိုက်လာတာ. ကိုယ်ပါ သောက်ချင်စိတ်တွေ ဖြစ်လာပြီ.. တခွက်လောက်.. မြည်းစမ်းကြည့်ပါရစေ. ကောင်းမဲ့ပဲုဘဲ။
13 May 09, 21:53
ုkom: ကြည့် သုံး တက်လာတာလည်းမပြောဘူး စိတ်ပုတ်ကြီး အဲဒါကြောင့် မိန်းမမရတာ.
ဘီယာခွက်တွေ ကို ကြည့်လို့ မဝဘူး။
ReplyDelete13 May 09, 22:41
ReplyDeleteBoyz: “ခေါ့ပ်ခွန်းခရပ်” = “ကျေးဇူးတင်ပါတယ်”။ “အလွိုင်ကျင်ကျင်”=“စားလို့ အရမ်းကောင်းတာပဲ”
ဟာ ..မမ တစ်ယောက်ထဲ ဒိုင်ခံမန့်နေပါလား။ ကြည်လာပြီ။
ReplyDeleteလီယိုတော့ မကြားဖူးပါ..ထိုင်းမှာ ဆင်းဂါးကိုတော်တော်သောက်ကြတယ်လို့တော့ကြားဖူးတယ်။
ReplyDeleteဗန်းထဲက ၀က်စတူးတွေကို ကြည့်ပြီး အားလုံးကိုတစ်ယောက်ထဲ အကုန်ထိုင်စားချင်တော့တာပဲ။ ပြီးတော့ အချိုပွဲဆက်စား...မထနိုင်လည်း ခဏထိုင်နေလိုက်တာပေါ့။
ReplyDelete၀က်စတူးများ နူးသလား မမေးနဲ့ ဆိုသလိုပါပဲ။ သွားဖုံးနဲ့ လျှာနဲ့ သိပ်လိုက်တာ ကြေသွားတယ်။ အဲ့လောက်ကို နူးတာ...။
ReplyDelete