Saturday, May 2, 2009

လမ်းပေါ်မှ ...

နေက ကျဲကျဲတောက် ပူနေတယ်ဗျာ...။
ကားတွေက ကျပ်တောက်နေတာပဲ။ ဟိုဘက်ခြမ်းက တီကိုနဲ့ ပုဂ္ဂိုလ်ကလဲ ခေါင်းတစ်ခြမ်း ထိုးထားတာ။
ငါလဲ အရေးကြီးတာပဲ။ ငါလဲ အလုပ် နောက်ကျတော့မယ်။
ဟင်... ဟိုက ဆိုင်ကယ်နဲ့ တစ်ယောက်က ကားရှေ့ကို ဖြတ်တော့မယ်။ သေတော့မှာပဲ...။
ငါ သိမ်းကျုံး ဆဲလိုက်ရင် ကောင်းတော့မယ်။ လူက ညစ်နေပါတယ်ဆို...။
အားလုံးက တစ်ယောက်ကို တစ်ယောက် မသည်းခံနိုင်တော့ပါလား။
တောက်.. ကားကျပ်နေပါတယ်ဆို မီးပွိုင့်က အလုပ်မလုပ်ပြန်ဘူး...။
ဒီမိုး ဒီလေ ဒီရေနဲ့တော့ ဟုတ်နေပါပြီ။
မီးပွိုင့်ပျက်တော့ ကားတွေက ထွက်ချင်တိုင်းထွက် တိုးချင်တိုင်းတိုးနေတာပေါ့။
အဲ မဟုတ်ဘူးဟ...။ လမ်းပြ ပုလိပ် ရှိနေတယ်...။ လမ်းပြနေတာပဲ...။
အော် .. တော်သေးတာပေါ့...။
အဲ.. ပုလိပ်က လမ်းပြတာ ရိုးရိုးမပြပဲ ဘယ်လို ပြနေပါလိမ့်...။

အော်.. သူက အကလေးပါ တွဲဖက်ပြီး ပြနေတာကိုး...။ ဒီတစ်ယောက်က တရုတ်ပြည်ကပါ။ သူ့အကကို ဘီဘီစီက တွေ့မိပြီး သူတို့ သတင်းပေါ် တင်ထားပေးတာ တွေ့ရတယ်...။ သီချင်းလေးပါ တွဲထည့်ထားပေးတာကိုး။ အင်း... ရဲမင်းကြီးက ဒါကို မြင်သွားပြီး သူ့ကို အလုပ်ဖြုတ်ရင်တော့ မတတ်နိုင်ဘူး။ ဒါမှမဟုတ် တစ်နိုင်ငံလုံးက လမ်းပြရဲတွေ သူ့အတိုင်း လုပ်စေ ဆိုရင်တော့ ... ဟိဟိ။ ဘီဘီစီလင့်ခ်ကို အရင် ကြည့်ပါလား...။ ပြီးမှ အောက်က ယူထု လင့်ခ်ကို ကြည့်ပေါ့နော့။


တရုတ်ပြည်က လမ်းပေါ် ပုလိပ်အက



ဒါက ဖိလစ်ပင်က လမ်းပြရဲ အက



ဒါက မက်ဆီကိုက လမ်းပေါ် အက


အဲ... ဒီအက ဆိုရင်ကော.. အဆုံးထိ ကြည့်လိုက်ပါဦး...။



သေတတ်သည်။ သတိထားလို့ တားရမယ့် ပုံ ပေါက်နေပြီ။

Morale of the Story : Don't try too much different. :D

2 comments:

  1. အရင်ကတော့ ဘွိုင်းဆိုတာ အသံသာကြားဖူးပြီး စာတွေသာဖတ်ဖူးတာ.. အခုတော့ ရုပ်မြင်ရရုံတင်မဟုတ် အနေအထိုင် အလေ့အကျင့်လေးတွေပါ ကြည့်ရတာပေါ့ဗျာ... ကောင်းပါတယ်။

    ReplyDelete
  2. လမ်းပြပုလိပ် ကြည့်ပြီး အသည်းယားလိုက်တာဗျာ။ ကျွန်တော်သာဆို သူ့ ငေးရင်း တခုခု တိုက်မိမလားပဲ။

    ReplyDelete