Tuesday, May 26, 2009

နယူးယောက်ကာ မဂ္ဂဇင်း မျက်နှာဖုံး ပန်းချီ

အခု အပတ်ထုတ် NewYorker ဆိုတဲ့ မဂ္ဂဇင်း အဖုံးလေးပါ။
ကြည့်လို့ အဆင်ပြေပါသလား။
မဂ္ဂဇင်းရဲ့ ပင်တိုင် ပန်းချီဆရာက ဆွဲထားတာလေးပါ။
သရုပ်ဖေါ်ပုံလေးက ဆီဆေး ပန်းချီကားနဲ့ ခပ်ဆင်ဆင်ပါ။



ခါတိုင်းရေးဆွဲနေကျ ပန်းချီဆရာ Bob Staake ဟာ Adobe Photoshop 3.0 ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်သူ ဖြစ်ပါတယ်။ အခုတစ်ပတ် မဂ္ဂဇင်းမျက်နှာဖုံးမှာတော့ ရေးဆွဲသူဟာ အခြားသော အရင်ကနဲ့ မတူ ထူးခြားစွာ ရေးဆွဲထားပါတယ်။ မျက်နှာဖုံး တစ်ခုလုံးကို iPhone မှာ ပါလာတဲ့ application တစ်ခုဖြစ်တဲ့ Brushs ဆိုတာလေးနဲ့ ဆွဲထားတာ ဖြစ်ပါတယ်။ အဲဒီဆော့ဖ်ဝဲလေးဟာ US$ 5 ဒေါ်လာပဲ တန်ပါတယ်။ ရေးဆွဲသူ jorge Colombo ဖြစ်ပါတယ်။ iPhone ရဲ့ လွမ်းမိုးမှုကို ပြသတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

Source : MacWorld

8 comments:

  1. မိုက်တယ်.. သူဒီလိုဆွဲပြလိုက်တော့လဲ လွယ်လွယ်လေးပါလား..။

    ReplyDelete
  2. အင်းမသိတော့လည်း ဒီလိုပဲငေးကြည့်ပြီး
    သူတော်တာလေးကို သိသွားတာပေါ့
    ဒီလိုရှာရှာဖွေဖွေ လုပ်တတ်တဲ့ ပီအိုက်လည်းခေ သူမဟုတ် ပါလားနော်

    ReplyDelete
  3. queeky ဆိုတာမှာ ဆွဲဖူးတယ်၊ သူတို့ကျတော့ လွယ်လိုက်တာ.. ပါရမီဆိုတာ အဲ့ဒါမျိုးနေမှာ

    iphone ဝယ်ဖို့ မတတ်နိုင်တော့လဲ ........ ;~(

    ReplyDelete
  4. နောက်ဆုံးကျတော့ အိုင်ဖုန်း မ၀ယ်နိုင်လို့ ဆွဲမပြလိုက်ရတာပါ ဆိုပြီး လျှောချသွားတာပေါ့ကွယ်။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်...။

    ReplyDelete
  5. အိုင်ဖုန်းတွေ၊ အက်ပလီကေးရှင်းတွေထက် အနုပညာအမြင်က ပိုအရေးကြီးသကွဲ့။ ကိုယ်ဘယ်သွားချင်မှန်း တိတိကျတျသိတဲ့နောက် နွားလှည်းနဲ့ပဲဖြစ်ဖြစ်၊ လေယာဉ်ပျံနဲ့ပဲဖြစ်ဖြစ် ရောက်အောင်သွားနိုင် သလိုပေါ့ကွယ်။

    ReplyDelete
  6. CS3 ဖြစ်မှာပါ၊ Brushes ဖြစ်မှာပါ။

    နာတွ.. အခွင့်အရေးရတုန်း တွယ်ထားမှ...

    ReplyDelete
  7. အမောင်တီဇက်ရာ...။
    Brush နဲ့ ဆွဲထားပါတယ်ဆိုနေ...။

    ReplyDelete