Wednesday, May 13, 2009

Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)

ဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းကခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ ၂။
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ ၃။

ကဲ။ အချိုတည်းလို့ဝတော့ ဘယ်သွားမလဲ။ ကိစ္စလေးတွေ သွားဖြတ်တာပေါ့။ ဘာနဲ့ သွားမလဲ။ အတွေ့အကြုံရအောင် ဘတ်စ်ကား စီးရအောင်။ လာလာ ဟိုမှာ ကားတစ်စီး လာနေတယ်။ လှမ်းတားလိုက်ရအောင်။
“ပိုင် အနုစာဝါ့ရီ မိုင်”
“ပိုင်ခရပ်”
“အိုကေ ပိုင်တွေ့”
ကားပေါ်တက်မယ်။ လာလာ။ လက်နှေးနေလို့ မရဘူး။ နောက်ကား လာနေတယ်။
(ဒီအသံ မကြားရတာ ကြာပြီ။ )
ကားပေါ်မှာ လူတွေ ရှင်းလို့ပါလား။ ရှင်းမှာပေါ့။ ရုံးချိန်ကျော်သွားပြီကိုး။


ဟိုနားမှာ မိုးပျံအမ်အာတီ ဂုံးကျော်ကြီး


လက်မှတ်လေးတွေ ၀ယ်ထားမယ်။ (လက်တို့တောင်းရင် ရှက်ဖို့ကောင်းတယ်ဆိုတဲ့ အပြောချိုတဲ့ ရန်ကုန်က ကိုကို ယာဉ်နောက်လိုက်တွေရဲ့ အာဂလောက်ခြစ် အော်တဲ့ အသံကို ပြန်တောင် သတိရလိုက်မိသေး။) သူတို့က လက်တော့ တို့မတောင်းဘူး။ လက်ထဲက အကြွေစေ့ထည့်တဲ့ ၀ါးကျည်တောက်တွေ တစ်ချပ်ချပ် လှုပ်ပြီး အသံပေးတယ်ဗျ။ ၁၀ ဘတ် ကျတယ်။

တစ်ချောက်ချောက်နဲ့ မြည်နေတဲ့ ၀ါးကျည်တောက်.. အဲ.. ကြေးကျည်တောက်

ကဲ.. ညီမလေး ဘယ်သွားမှာလဲ။ ဂိတ်ဆုံးလား။ ၁၀ ကျပါတယ်။ အကြွေမပါလဲ ပြန်အမ်းပါမယ်။ အကြွေတွေ ပေါမှပေါ။ နိုင်ငံတော်ကြီးကလဲ လိုအပ်တဲ့ အချိန်၊ လိုအပ်တဲ့ နေရာမှာ ဘဏ်တွေဆီမှာ ရုံးချိန်အတွင်း အပိုထပ်ဆောင်းစရာ မလိုပဲ သွားရောက်လဲလှယ်နိုင်ပါတယ်။
ကားလက်မှတ်တွေ တစ်ကယ် ပေးတာဗျ။ အဲဒါဆောင်ထားရတယ်။ လက်မှတ်စစ် တက်လာစစ်လို့ရှိရင် လက်မှတ်မပြနိုင်ရင် လက်မှတ်မဲ့ ဒဏ်ငွေ ဘယ်လောက်ဆိုလား ဆောင်ရတယ်တဲ့။ လက်မှတ်ကို ရိုက်ပြတာ နည်းနည်းဝါးသွားလို့ အောက်ကပုံသည် လက်မှတ်ပါလို့ သဘောထား ကြည့်ကြပါကုန်။

ဒီလိုနဲ့ အနုဟာဝါ့ရီ ဆိုတဲ့ ဂိတ်ပေါင်းဆုံရာ နေရာကို ရောက်ခဲ့တယ်။ ရန်ကုန်မှာဆို မြို့တော်ခန်းမနားက မဟာဗန္ဓုလ ပန်းခြံနားက မ.ထ.သ ဂိတ်ပေါင်းစုံလိုပေါ့။ လူတွေ လူတွေ ပျားပန်းခတ် ရှုပ်နေတာ...။ (ဒီပို့စ်တော့ ပုံတွေ များသွားပြီ။)

မှတ်ချက်။ ။ ငွေကြေးလဲလှယ်နှုန်းက စင်ကာပူ တစ်ဒေါ်လာ = ထိုင်း ၂၂ ဘတ် ပါ။

ခက်ဆစ်။
၁။ “ပိုင် အနုစာဝါ့ရီ မိုင်” = “အနုစာဝါ့ရီကို ရောက်မလား” (တိုက်ရိုက်ပြန်ရင် “အနုစာဝါ့ရီကို သွားမလား”ပေါ့)
၂။ “ပိုင်ခရပ်” = “သွားပါတယ် ခင်ဗျာ့
၃။ “အိုကေ ပိုင်တွေ့”= “အိုကေ လိုက်မယ်။

7 comments:

  1. 13 May 09, 22:39
ုkom: ဝါသနာပါရင်ကလို့တောင် ရတယ် ဆိုတာလေး ပါသတိရမိသေးတယ။် (နောက်တစ်ခေါက် စာများများရေးပါ ကောင်မလေးတွေ ကိုချည်းဘဲ လိုက်ရိုက်မနေပါနဲ့)

    ဈေးနှူံက ဒီလိုလား. ဒီလိုမှ သိမှာပေါ့
    အော်. ဘက်စကားက ပြားငါးဆယ်ဝန်းကျင် ပေးရတယ။် သူတို့သွားမဲ့ခရီးစဉ်မှာ
    အဲသလို စဉ်းစားပြီး ချင့်ချိန်လို့ရတာပေါ့။

    ReplyDelete
  2. လုပ်ပြီ...လက်မှတ်ကိုရိုက်ပြတော့ မပီဝိုးတ၀ါးလေးပဲမြင်ရတယ်...ကောင်မလေးကိုရိုက်ထားတာများ ကြည်လင်ပြတ်သားနေတာပဲ။

    ReplyDelete
  3. ကိုဘ.. ယ ပလက်စကားတတ်တယ်လားးး
    ထိုင်းကကောင်မလေးတွေမှာ Artificial တွေလည်း ရှိပါတယ် ဒါပေမဲ့ လှတယ် :)

    ReplyDelete
  4. ကင်မရာက အနီးမှုန်နေလို့ပါ ကြည်ရယ်.. အနီးမှာကပ်ရိုက်ထားတော့ ဝါးသွားတာပေါ့.. :P

    အူနုကင်၊ ဝက်စတူး၊ ငှက်ပျောမုန့်၊ သာကူမုန့်၊ ဘိန်းမုန့် တွေစားချင်တယ်..

    ၁၊ ၂၊ ၃၊ ၄ တွေ ပေါင်းပြီးမန့်သွားတယ်..။

    ReplyDelete
  5. - ငွေလဲလှယ်နှုန်းကတော့ အဲဒီတုန်းက ၂၂ ဘတ်။အခုတော့ ၂၃ဘတ်ကျော်နေပြီ။
    - ဖုန်းကင်မရာကို အော်တိုဖိုးကပ်လုပ်လိုက်မိလို့ ဖုန်းက နောက်က တံခါးကို ဖိုးကပ်စ် သွားဖြတ်လိုက်တာပါ။
    - ကောင်မလေးကို ရိုက်တော့ ကြည်တယ်ဗျ။ အံ့သြကုန်နိုင်ဖွယ်ပါပဲ။

    ReplyDelete
  6. ဘာမှမပြောလိုပါ ပီအိုက်အကြောင်းကိုသိနေလို့ ပဲ
    အကြောင်းပြချက်နဲ့ ကောင်မလေးကိုရိုက်တာ ရှင်းနေတာကို

    ReplyDelete
  7. အောင်မလေးဗျာ။ တစ်ကယ်တင်မယ်ဆို ဒီထက်လန်းတဲ့ ပုံတွေ အများကြီးပါဗျာ။ ပို့စ်နဲ့ ချော်နေမှာစိုးလို့ မတင်သေးတာ။ ဟဲဟဲ...။

    ReplyDelete