Saturday, May 16, 2009

Bangkok Trip 7 နတ်မိမယ်တို့ ပျော်စံရာ (၇)

ဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)
Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)
Bangkok Trip 6 နတ်မိမယ်တို့ ပျော်စံရာ (၆)

အချိုတည်းဖို့ ဘေးဘီ လိုက်ရှာတော့ ဒီအသီးအနှံတွေ တွေ့တယ်။ ဈေး မသေးဘူး။ စလုံးဈေးနီးနီးပဲ။ ပိုလတ်တယ်ပေါ့လေ...။ ဘယ်စွန်က သဘောင်္သီး၊ နောက် မာလကာသီး။ အံမယ် သူက အသီးအနှံရောင်းတာ ဆုရတယ်ဆိုလား...။

အဲဒီနောက် ချိန်းထားတဲ့ သယ်ရင်း ရောက်လာလို့ သူနေတဲ့ နေရာကို တုတ်တုတ် စီးပြီး သွားတယ်။ ဘန်ကောက်သာ မီးခိုးတွေ မများဘူးဆိုရင် တုတ်တုတ် ဆိုတဲ့ အရာက အတော်ကို စီးလို့ ကောင်းတာ။ လေတွေက တစ်ဖြူးဖြူး တိုက်နေတာ။ ခက်တာက ပူကလဲ ပူ၊ ကားမီးခိုးတွေ၊ ကာဗွန်မိုနော့ဆိုဒ်တွေက များနဲ့ လူတောင် သေချင်စော်နံသွားတယ်။


သယ်ရင်းဆီ ရောက်တော့ သူတို့ဆီက နယ်က ထွက်တဲ့ ရွှေမန်ကျီးသီးဆိုတာ လာကျွေးတယ်။ တစ်မျိုးကြီးပဲ.. စိမ်းရွှရွှေ ချိုတိုတိုနဲ့။ ဗမာပြည်မှာ အဲဒီ မန်ကျည်းသီးကို ဘယ်လိုခေါ်လဲဟင်။ ယိုးဒယားလို “မာ့ခမ်မ် ထောင်း” ရွှေမန်ကျည်းသီးလို့ ခေါ်တယ်။

ဘယ်ဘက်က ၀က်သားချဉ်၊ သူ့ဘေးက ထမင်းချဉ်ကို ၀က်အူချောင်းထဲ အစာသွတ်ထားတဲ့ ဆိုက်ဆိုလို့ ခေါ်တဲ့ဟာ။

ဒါကျတော့ ရှမ်းစတိုင် လုပ်ထားတဲ့ ခေါက်ဆွဲဖတ်လိပ်။ အဆာပလာကတော့ ကြိုက်ရာပေါ့။ ခုဟာက သတ်သတ်လွတ်။ အဆာပြေပေါ့လေ...။ ရှမ်းပြည်မှာ ဒါမျိုးတွေ ရတယ်...။ ခေါက်ဆွဲဖတ်ကို လိပ်ထားတာ။ အဆာပလာကတော့ တောက်တောက်စင်းထားတဲ့ ၀က်သားကို ကြက်သွန်နီနဲ့ လှိမ့်ထားတာ။

ကွန်ဒိုအောက်ထပ်မှာ ဒီလို စက်လေးတွေ အစီအရီ တွေ့ရတယ်။ ဘာစက်လဲ သိလား။ သောက်ရေသန့်တွေ ရောင်းတဲ့ ကုမ္ပဏီက လာဆင်ထားပေးတာလေ။ ကိုယ့်မှာ လီတာ၂၀ ဗူးရှိရင် အဲဒီအောက်နားက သတ်မှတ်ထားတဲ့ အံခွက်မှာ သွားထည့်လိုက်။ ငွေအကြွေလေး ထည့်လိုက်ရင် ရေက အော်တို ကျလာလိမ့်မယ်။ သတ်မှတ်ထားတဲ့ အခကြေးငွေ အတိုင်းပေါ့။ ရန်ကုန်မှာလို့ ဗူးပေါ် ခြေထောက်တင်လို့ ခြေရာထင်တာတို့၊ ဗူးလည်ပင်းမှာ ရေညှိတွေ တက်နေတာတို့၊ ဖုန်းဆက်ခေါ်နေရတာတို့ ကရိကထ မများတော့ဘူးပေါ့။ သက်သာတယ်နော်။

ဟောဒါက နောက်တစ်မျိုး။ အ၀တ်လျှော်တဲ့ စက်။ လျှော်ပြီး၊ ညှစ်ပြီး၊ ခြောက်ပြီး အသင့်ပဲ။ တစ်ခါလျှော် ၅ကီလို ကို ဘတ်၂၀။ ၁၁ ကီလိုကို ဘတ် ၄၀ တဲ့။ အ၀တ်လေး လာထည့်။ အကြွေစေ့ ၁၀ ဘတ်တန် ၂ စေ့ထည့်။ ခလုတ်နှိပ်။ အချိန်တန်ပြန်လာယူ။ ဟုတ်နေတာပဲ။ ၂၄ နာရီ ကြိုက်တဲ့ အချိန် သွားလျှော်ရုံပဲ...။ ဘန်ကောက်နီးယားတွေ ဆိုတော့ အလုပ်က ပြန်လာတဲ့ ညဆို တန်းစီနေတာပဲတဲ့။ အ၀တ်လှမ်းစရာ ၀ရန်တာ သိပ်မရှိဘူးတဲ့။


အဲဒီကနေ အပြန်မှာ အနုစာဝါ့ရီကို ပြန်ရောက်တော့ မှောင်စပြိုးနေပြီ။ ကဗျာဆရာ တင်မိုးရဲ့ ဧည့်သည်ကဗျာ ကို သတိရမိသေးတယ်။ ဘာတဲ့။
ဆေးလိပ်လဲတို
နေလဲညိုပြီ
ငါ့ကို အိမ်ပြန်ပို့ကြပါတော့

ဆိုလား..။ မချိုသင်း အမှားလာပြင်လှည့်ပါ။

ခုလဲ ၀င်လုဆဲဆဲ နေလုံးကြီးကို ကြည့်ပြီး တစ်ခုခုကို ရွတ်ချင်လာတယ်။ ကဲ..လာလေရော့...။

နေ၀င်စဖျိုးဖျ
ဆည်းဆာအလှမှာ
ပုဇွန်ဆီရောင်သန်း
ချုပ်ညနေရီချမ်းရဲ့
ညီအစ်ကို မသိတစ်သိချိန်မယ်
ွနွားရိုင်းတွေ သွင်းခါ မောင်းကြတယ်
ကျည်းတန်သူ လှတဲ့ပွဲ။
အဲ့လိုပဲ ဒီအချိန်တွေကို တင်စားပြောကြတယ်။ ဒါ့ကြောင့်နေမှာ ကျောင်းဆောင်တွေမှာဆို ဒီအချိန် အဆောင်သူတွေ အဆောင်ရှေ့ ဟန်ရေးထွက်ပြလို့ ကောင်းတဲ့ အချိန်။ ဂေါ်ချင်တဲ့ ငနဲသားတွေကလဲ ရေနီမြောင်းထိပ်က အကြော်တွေ ၀ယ်ပြီးတော့ စားတော်ဆက်တဲ့ အချိန်ပေါ့လေ...။ သတိရမိသေးတယ် မိပေါက်ရယ်...။ နင့်ရဲ့ ကုလားပဲအိုး မှောက်ကျတဲ့ သနပ်ခါး ဘဲကျားကွက် ညနေခင်းတွေ...။

ဘောနပ်စ်
အောက်က ပုံက အမေရိကန်က ထုတ်တဲ့ HumVill ကား အစစ်။ အီရတ်အတွက် သတ်သတ် ထုတ်ထားတာကနေ ဘယ်လိုလုပ်ပြီး ဘန်ကောက်ကို ရောက်လာတယ် မသိဘူး။ မသက်ဆိုင်ပေမယ့် ဘောနပ်စ် အနေနဲ့ ထည့်ပေးလိုက်တယ်နော့။

ပုံတွေနဲ့ ဆားချက်ရတာ သက်သာလိုက်ထှာ...။

13 comments:

  1. တရုတ်မန်ကျည်းသီး (သို့) မန်ကျည်းကောက်ကွေး

    ReplyDelete
  2. တရုတ်မန်ကျည်းလား တလုပ်မန်ကျည်းလားမသိ ငယ်ငယ်က ကြိုက်တယ်။ အညာမှာလည်းပေါတယ်။ ခေါက်ဆွဲဖတ်လိပ်လည်း စားချင်သား။ ကောင်းပါ့ ကောင်းပါ့

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. ဒီမှာလည်းဘန်ကောက်။ဟိုဘက်က မိုးကောင်းသူကလည်းဘန်ကောက်။မရောက်ဖူးသူကိုနှိပ်စက်နေကြတာ။အ၀တ်လျှော်စက်ကမိုက်တယ်။မန်ကျည်းသီးကတော့ရိုးရိုးမန်ကျည်းပဲသိတယ်။
    ပုံ/ဘီလူး

    ReplyDelete
  5. လမ်းလျှောက်ပြီးလာတယ်
    took took စီးပြီးပြန်သွားပြီ

    ReplyDelete
  6. ထိုင်းကရိုးရိုးမန်ကျည်းသီးမှည့်လဲ စားကောင်းတယ်
    တအားချိုတယ်..
    အောက်ဆုံးက စစ်ကားကိုကြိုက်တယ်..

    ReplyDelete
  7. ရွှေမန်ကျည်းတောင့်ဆိုရင် ဥစ္စာစောင့်မှရတာ.....။
    ကိုဘ.. အဝတ်လျှော်စက်က ကိုယ် အကြောင်းတစ်စုံတရာကြောင့် အချိန်မီ ပြန်လာမယူဖြစ်ရင် သူများယူထုတ်သွားလို့ ရလား..။

    ReplyDelete
  8. အသီးအနံဆုရတယ်ဆိုတာ စိတ်ကူးပေါက်သလိုလျောက်ပြောတာ နေပါလိမ့်မယ။် ဘယ်သူသိတာမှတ်လို့..

    တုတ်တုတ်စီးရင်ဟိုတုံးက သုံးဘီးကားစီးတာကို သတိရတယ။် သိတ်တူတာဘဲ။ ဘွိုက်စ တို့တော့ကြားဘူးရုံဘဲ ရှိမယ်

    ရွေမန်ကျည်းသီးတင်ထားတဲ့ ကျွန်းစားပွဲမျိုး တို့တွေ အိမ်မှာရှိဘူးတယ်။ အခုတော့ အစ်မအကြီးအိမ် ကိုပြောင်းသွားပြီ။ အဖေ့အမွေ ပေါ့။ မြန်မာပြည်မှာတုံးက အဲသလို မန်ကျည်းသီးမမြင်ဘူးပါ။

    ဆိုက်ဆို မစားဘူးပါ။ ဘယ်လိုနေမလဲမသိ.။

    ခေါက်ဆွဲဖတ်ကိုလိပ်ထားတာ။ မမြင်ဘူးဘူး ရန်ကုန်သူကတော့ကော်ပြန့်လိပ်ဘဲသိပါတယ်

    ရေသန့်စက် အဝတ်လျော်စက်များကို မမြင်ဘူးသောကြောင့်သေချာကြည့်သွားသည်

    ပုံတွေ နဲ့ဆားချက်ရတာ မသက်သာပါဘူးဟယ်.........(ကိုယ့်ကို စောင်းပြောသည်ထင်၍ှရှင်းပြသွားသည်)

    ကဗျာလေးလည်း နစ်ခါ သုံးခါ ရွတ်ကြည့်သွားတယ်။ ပေါက် ကိုပြောချင်တာကိုး......

    ReplyDelete
  9. Humvee မဟုတ်ပါ၊ ရိုးရိုးဂျစ်ကားပါဘဲ ပြင်ထားတာပါ။ Humvee ကအများကြီး ကြီးပါတယ်။

    ReplyDelete
  10. ဒီလို မကျည်းသီးပင်မျိုး အိမ်နားမှာလဲရှိ ဒဂုံတက္ကသိုလ် ရိုပါသည်။
    ကုလားမကျည်းသီး လို့ ခေါ်တာပဲ..အပျော်တော့ စားလိုက်တာပဲ...
    ဖန်တန်တန် နဲ့ သိပ်တော့မကောင်း

    ReplyDelete
  11. မာမီ “ဘွိုဇ်”...

    Wrangler Jeep ကြီးပါ...
    HumVill တော့ မကြားဖူးပါ. HumVee ဆိုရင်တော့ ဒီမှာပါ 1989 ( Panama) မှာ စသုံးပါတယ်.
    ထိုင်း တွေ ဝယ်စရာမလိုပါ. U.S နဲ့ စစ်ရေးပူးတွဲ လေ့ကျင့်ပီးရင် မကောင်းမကန်းလေးတွေ ထားပစ်ခဲ့ကြတယ်.နယ်စပ်ဖက်မှာ မမြင်ချင်အဆုံး အင်အားပြနေပါ၏...

    “Victory Monument” ပုံတွေ အတော်များသား..အပင်ပန်းခံ အဝေးကြီးသွားပီး ရိုက်ခဲ့တဲ့ပုံတွေအတွက် ขอบคุณยกใหญ่ ပါ.

    ReplyDelete
  12. ကျေးဇူပါဗျို့...။ အမှားပြင်ပေးတာ။ အဲဒီကွန်ဒိုနားနေတဲ့ သူငယ်ချင်းက ဟမ်းဗီးဆိုလို့ ကိုယ်လဲ ဗီးလိုက်တာ။ ကားဆို ဆလွန်း၊ဂျစ်လောက်သာ ကိုယ်က သိတာ။

    ReplyDelete
  13. သင်္ဘောမန်းကျည်းသီး ဖြစ်ပါသည်...

    ReplyDelete