Wednesday, May 20, 2009

Bangkok Trip 8 နတ်မိမယ်တို့ ပျော်စံရာ (၈)

ုဆက်စပ်ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)
Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)
Bangkok Trip 6 နတ်မိမယ်တို့ ပျော်စံရာ (၆)
Bangkok Trip 7 နတ်မိမယ်တို့ ပျော်စံရာ (၇)

ရေထိုးမယ့် ဆားချက်မယ့် နံပါတ် ၈ ပေါ့ဗျာ...။
ဘန်ကောက်ရဲ့ ချုပ်ညနေရီချမ်းမှာ အနုစာဝါ့ရီ ရောက်ခဲ့ပြန်ပေါ့။ အဲဒီကနေ နောက်တစ်နေရာကို သွားမယ် ဆိုတော့ ဘန်ကောက်ရဲ့ အမ်အာတီ ကို ခံစားရအောင်ဆိုပြီး အမ်အာတီ ဘူတာ ရှိရာလာခဲ့တယ်။ ဘန်ကောက်က စတေရှင်တွေက ပိုပြီးအရောင်အသွေးတွေ စုံနေသလိုပဲ။ လမ်းသွားလမ်းလာထဲက အမျိုးသမီး ပရိသတ်တွေထဲမှာ ၁၀ ယောက် ဆို ၇ ယောက် ကြည့်ပျော်ရှုပျော်ဖြစ်ပြီး ၄ ယောက်လောက်က အတော်ကို ကြည့်ကောင်းနေခဲ့တယ်။ (စလုံးကျွန်းက လေးလုံးမျက်မှန် မမကြီး၊ အီမို စတိုင် မလေးမတွေနဲ့များ ကွာပါ့။)

မနက်က တွေ့ခဲ့တဲ့ sky train နဲ့ ဟိုတယ်ကို ပြန်မယ် ကြံစည်တယ်။ အမ်အာတီမှာ ရထားစောင့်နေတုန်း လက်ဆော့လိုက်တာ။ ဘူတာနာမည် မေ့နေတယ်။ အနုစာဝါ့ရီနား ဆိုတော့ အနုစာဝါ့ရီ မှတ်တိုင် နေမှာပေါ့ဗျာ။

ရထား တစ်ဖြောင့်တည်း ဖြစ်သွားတဲ့ အချိန်ကို အမိ ဖမ်းလိုက်တာ။ သွားနေတုန်း ရိုက်လိုက်တာ။ ဒီမှာက တစ်ဘူတာနဲ့ တစ်ဘူတာ အတော်လှမ်းသေးသကိုး။ နှစ်ဘူထာတဲ သွားတာ .. ကြာကြာစီးရတယ်။



လူတွေက ချုပ်ညနေရီချမ်း အိမ်ပြန်ချိန်ဆိုတော့ ကြည်အေး စကားနဲ့ ပြောရရင် နွမ်းလျ အိမ်ပြန်ပေါ့ဗျာ။ နွမ်းလျ အိမ်ပြန်ဆိုတဲ့ ကြည်အေးရဲ့ ကဗျာကို သတိရသွားတယ်။ (၀တ္ထု ထင်တယ်...) ။ ရထားက ခါနေတော့ ပုံတွေ တုန်မှုန်ဝါး တာတွေ သည်းခံပါဗျာ။


အဲဒီနောက် ဆင်းမယ့် မှတ်တိုင်ကိုရောက်တော့ ဆင်းခဲ့တယ်။ Grand Hyatt ဟိုတယ်မှာ ဆင်းတာလေ..။ အဲဒီ ဘူတာ နာမည် မေ့သွားပြီ။ လေးမျက်နှာ ဘုရား ဂိတ်ပေါ့။ သွားမယ့်နေရာက ဟိုတယ်ကို ၀င်ပြီး ပြန်ထွက်ရမှာဆိုတော့ ဟော်တယ်အတွင်းပိုင်းကို ရောက်ခဲ့တယ်။ အခုမှ အပူဒဏ် သက်သာသွားတယ်။ ချုပ်ညနေရီချမ်း ဆိုပေမယ့် မတ်လနွေနေရဲ့ အပူရှိန်တွေက တစ်လျှံလျှံ ပူနေတုန်း...။



လေးမျက်နှာ ဘုရားရဲ့ အနောက်ဘက် စောင်းတန်းပေါ့လေ။ ဘုရားကို ပူဇော်ဖို့ ပန်း၊ဆီမီး၊ ရေချမ်း၊ အမွေးတိုင်တွေ ရောင်းနေတာ။

အဲဒါနဲ့ ပန်းနဲ့ အမွေးတိုင်တွေ ၀ယ်ခဲ့တယ်။ ဘုရားထဲမှာလဲ ရောင်းတာ ရှိတယ်။ တူတူပါပဲ။ ဘုရားထဲမှာကျတော့ ကန်တော့ပွဲတွေ ဘာတွေ အဆာချဲ့ရင် ချဲ့သလို ရှိတယ်။



လေးမျက်နှာ ဘုရားတဲ့။ ဟိန္ဒူယဉ်ကျေးမှုက ဆင်းသက်လာတာ။ ယပက်လက်တွေကတော့ “ကျောက်ထိ” ဆိုလား.. ခေါ်တယ်တဲ့...။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အရူးတစ်ယောက် (ဆိုပဲ) အဲဒီ ဘုရားမျက်နှာကို တူနဲ့ ထုတာ ပြုတ်သွားတယ်။ အဲဒီအရူးကိုလဲ ဘေးနားက လူတွေက ၀ိုင်းသမလိုက်တာ အရူးလျှောသွားတယ်။ လိုရာဆုတောင်း ပြည့်တယ်တဲ့။



လေးမျက်နှာ ဘုရားမှာ ဆုတောင်းတဲ့သူတွေ မနည်းဘူး...။


နေရာလေးက ကျဉ်းကျဉ်းလေး။

အမွေးတိုင်ကို ဖန်အိမ်ထဲက မီးခွက်ထဲမှာ မီးငြိကြတယ်...။ လေတိုက်လဲ မငြိမ်းအောင် ဖန်အိမ်ထဲ ထည့်ပြီး တံခါးလေး တပ်ထားတယ်။ Candle in the wind .. အဲ.. Light in the wind ပေါ့လေ...။
ပျိုပျိုအိုအို ကျားမမရွေး လာပြီး ဆုတောင်းကြတဲ့ နေရာပေါ့..။
ကိုယ်သန်ရာ သန်ရာရှိခိုးကြတာပဲ။ မတ်တပ်ရပ် ရှိခိုးတာက စလုံးတရုတ်ပဲ။ စလုံးတွေ တော်တော်များတယ်။ ငါစင်ကာပူရောက်နေတာလား.. ဘန်ကောက်ရောက်နေတာလား ဆိုတာ တစ်ခါတစ်ခါ ပြန်စဉ်းစားနေရတယ်။ ခရီးသွားလာရေးကို အားပေးတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် လာလည်တဲ့ လူမျိုးစုံတယ်။

ဘုရားကို အကနဲ့လဲ ပူဇော်လို့ ရတယ်။
အဓိဌာန်ထားတာ အောင်မြင်ရင်လဲ အကနဲ့ လာပူဇော်တာပေါ့။ တစ်ချို့က တောင်းတဲ့ဆု ပြည့်ရင် အကနဲ့ လာပူဇော်ပါ့မယ် ဆိုပြီး အဓိဋ္ဌာန်ကြတယ်။ တစ်ခါကရင် ဘတ် ၂၀၀၊ ၄၀၀၊ ၆၀၀၊ ၈၀၀ အစားစား ရှိတယ်။ ကတဲ့ ကြာချိန် ကွာသွားတာပေါ့လေ...။

အတီးသမားတွေပေါ့။
ကတာကတော့ အစားစားပဲ။ ထိုင်ကတာ ပါမယ်။ မတ်တပ်ရပ်ကတာ ပါမယ်။ အဲဒီအက ကတဲ့သူတွေကို လိဂေး လို့ ခေါ်တယ်။ လက်မှာ လက်သည်းရှည်ရှည် တပ်ထားကြတယ်။ သူတို့လဲတစ်နေ့ တစ်နေ့ ကလိုက်ရတာ ၀င်ငွေတော်တော် ရကြတယ်။ သေချာ စံနဲ့ ရွေးထားတာ။ ကတတ်တိုင်း ကလို့ရတာ မဟုတ်ဘူး။ အရင်ကဆို အပျိုဆိုတာ စစ်မှ ကရတာတဲ့။ ရုပ်ရည်ကောင်းခြင်း၊ ဆံပင်၏ ကောင်းခြင်း၊ သာယာသော အသံရှိခြင်း၊ အရပ်အမောင်း၏ ကောင်းခြင်း၊ ပြေပြစ်သော အသားအရည် ရှိခြင်း၊ သမင်မ၏ မျက်လုံး၊ သောက်ရှုးကြယ် ကဲ့သို့သော မျက်လုံးပိုင်ဆိုင်ခြင်း... စတာတွေနဲ့ ပြည့်စုံရတယ် ဆိုပဲ။ ခုတော့လဲ အဲလို ပြည့်စုံတာတွေ ရှားတော့ တင်းကျပ်ချက်တွေ၊ သတ်မှတ်ချက်တွေ လဲ လျှော့လောက်ရောပေါ့။

အကနဲ့ ပူဇော်ချင်သူများ အဲဒီကတဲ့ဘေးနားမှာလက်မှတ်ကောင်တာမှာ လက်မှတ်သွားဖြတ်ပြီး ကိုယ့်အလှည့်ကို စောင့်ပေါ့။ အလှည့်ကျရင် ကိုယ်က အဲဒီမှာ ဘုရားရှိခိုးပြီး အရင်အဓိဋ္ဌာန်အောင်တဲ့ အတွက် အကနဲ့ လာရောက်ပြီး ပူဇော်ပါတယ်။ နောက်ထပ် အဓိဋ္ဌာန်အောင်ပါစေ ကူညီမစပါ ဘာညာ ဆုတောင်းကြတယ်။

ဒါက ဖြတ်ပိုင်းလေး။
၂ယောက်ဆို ဘတ် ၂၆၀ ကျတယ်။
၎ယောက်ဆို ဘတ် ၃၆၀ ကျတယ်။
၆ယောက်ဆို ဘတ် ၆၂၀ ကျတယ်။
၈ယောက်ဆို ဘတ် ၇၁၀ ကျတယ်။
အားလုံး၁၅ မိနစ်လောက် ကပေးတယ်။

ကဲ..ဒီတစ်ခေါက်တော့ လေးမျက်နှာ ဘုရား ခေါ် ဖုရာ့ဖရုမ်း သို့ အလည်ခရီး နဲ့ တော်လိုက်ဦးမယ်။

(ဖြတ်ပိုင်းကို ကူညီကိုင်ပေးတဲ့သူက လိုက်ပါပို့ဆောင်ပေးတဲ့ အစ်မတော်ပါ။ အခုလို လက်မော်ဒယ် လုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။)

13 comments:

  1. အပေါ်ဆုံးက နှာခေါင်းကိုင်နေတဲ့ ခန္တာကိုယ် အလယ်ပိုင်းက ကိုဘလား....။
    ဖြတ်ပိုင်းမှာ နယူးဇီလန်အပေါ်က correction နဲ့ဖျက်ထားတာ ဘာတုံး...။
    အစ်မတော် ရဲ့ နှလုံးလမ်းကြောင်းကတော့ ထင်းထင်းပဲကွဲ့၊ အချစ်ရေးကံကောင်းမယ်...၊ ဘယ်ဖက်လက်သူကြွယ်မှာလည်း လက်စွပ်ဝတ်ထားတယ် ဆိုတော့ကာ... စွံပြီးသားတောင်ဖြစ်ကောင်းဖြစ်နိုင်တယ်...။ :)

    ReplyDelete
  2. စင်စင်ကပို့စ်နဲ့ဆိုင်တာပဲမန့်လေ.. ကိုဘကယိုးဒယားအကြောင်းရေထားတာ
    အောက်ဆုံးကရေရင် ၃ ပုံမြောက် ၃ပုံက ကိုဘ.. ခေါင်းပဲပါတယ်။

    ဘုရားကို ကိုယ်တိုင်ဝင်ကပြီးတော့ရော ပူဇော်လို့ရလား..။

    ReplyDelete
  3. ဆင်ဆင် - အစ်မတော်ကို ပြောပြလိုက်ပါမယ်...။

    မြိုး - ကိုယ်တိုင် ၀င်ကချင်တယ်ဆိုရင်တော့ စပါယ်ရှယ် ကေ့စ်အနေနဲ့ စဉ်းစားပေးပါမယ်။ အခုထိ ဒီဘလော့ဂ်မှာ ကိုယ်တိုင်ရေးပုံတူတွေ မထည့်ဖြစ်သေးပါ။ ကြည့်ချင် မြင်ချင်သူများ လူအရှင်လတ်လတ်ကိုသာ ပင်နီစူလားက လွိုင်နိုင်းထိုဟူးနွေးနဲ့ မျှားပြီး လာကြည့်လှည့်ပါ။

    ReplyDelete
  4. ဟိုက် စုံထောက်ကြီး ဆင်ဒန်လား ...

    ReplyDelete
  5. အတည့်ဖတ်နော် ဆင်ဆင် ပြောင်းပြန်အဖတ်နဲ့

    ReplyDelete
  6. ကိုဒီဘီစုတ် ....။

    ReplyDelete
  7. ရထားထဲက တစ်ပုံက မီးဝါတွေ ထွန်းထားတာလား။ နည်းနည်းမှောင်နေတယ်။ အဲကွန်းမပါဘူးလား။ အိုက်တယ်ဆိုလို့။

    ချွာရှုကန်က ထိုင်းဘုန်းကြီးကျောင်းဝန်းထဲမှာလည်း လေးမျက်နှာဘုရားပုံတူ ပူဇော်ထားတယ်လို့ ထင်တယ်။ တရားပွဲရောက်တုန်းက မြင်ဖူးတယ်။ သိပ်တော့ မသေချာဘူး။

    ဆက်ဦးဗျာ။ မပြီးသေးဘူးမဟုတ်လား

    ReplyDelete
  8. အိုက်တယ်ဆိုတာ ရထား မစီးခင် ပြောတာပါ။ အထဲကတော့ စင်းကျားပိုးက ရထားလိုပဲ အေးစက်နေတာပဲ။

    ရထားမီးလုံးတွေက အဲဒီအရောင်ဗျ။ လင်းလင်းချင်းချင်း မရှိဘူး။
    သုံးရက်သွားတာ ဒါ ပထမရက် တစ်ရက်စာနီးပါးပေါ့ဗျာ...။ (တိန်... ကျန်သေးတယ်တဲ့ လို့ စုံထောက်ကြီး(ပြောင်းပြန်မဖတ်ရ) ဆင်ဆင် ညည်းသွားတာ ကြားလိုက်တယ်။)

    ReplyDelete
  9. ဖတ်သွားကြည့်သွားတယ။် အာရုံမရသေးဘူး။။။။။။။ဟူးး

    ReplyDelete
  10. ပတူနမ်းတို့ ၊ ဘုရင့်နွေရာသီ နန်းတော် ဟွားဟင်တို့ရော ရောက်ဖြစ်ခဲ့သေးလား။ ဆက်လက်မျှော်နေပါဦးမယ် ဒေါ်အုံးကြွယ် ။

    ReplyDelete
  11. သွားလှချည်လား ပီအိုက်တို့ ကတော့ မိုက်တယ်ကွာ
    ဘာဆုတောင်းခဲ့လည်းဟင်
    မပြည့်တဲ့ဆုတောင်းခဲ့တယ်မလား သိနေတယ် ဟွန်းဟွန်း

    ReplyDelete
  12. တခါတခါမှာ နိုင်ငံခြားသားတွေက အဲဒီ လေးမျက်နှာ ဘုရားမှာ ကပြီး ဆုတောင်းပေးနေတဲ့သူတွေကို ထိုင်ထိုင်ကန်တော့ကြတာ တွေ့ဖူးတယ်... သိပ်ရယ်ရတာပဲ.. သူတို့စိတ်ထဲမှာ ပြောင်ပြောင်လက်လက် ဝတ်ထားတာတွေတွေ့တော့ အရိုအသေပြုရမယ်လို့ တွေးမိတယ် ထင်ပါရဲ့... တလွဲတွေ...
    (အဲဒီ့ အနုစာဝါ့ရီ နားမှာ ၄ နှစ်နီးပါ နေခဲ့ဖူးပါတယ်... စလုံးနဲ့ တခြားစီ.. အတော်လဲ ပျော်ခဲ့ပါတယ်... အခုတော့ လွမ်းစရာလေးတွေ ဖြစ်နေတာပေါ့လေ...)

    ReplyDelete
  13. **ခပ်မြင့်မြင့်** - ပရတူနမ့်နဲ့ နီးတဲ့ နေရာမှာ နေတာပါ။ ဈေးထဲတောင် သွားလည်သေးတယ်။ ပစ္စည်းတွေ သုံးထည်နဲ့အထက် ၀ယ်မှ လက်ကားဈေးနဲ့ ရောင်းတဲ့ ဆိုင်တွေမှာ အ၀တ်အထည်တွေ ၀ယ်ခဲ့သေးတယ်။
    ဘုရင့်နန်းတော်၊ မြဘုရား၊ အာရုံဦး ဘုရား၊ မကြာမှီ လာမည်မျှော့...။

    **အိုက်ခီလောက်** - ပြည့်ပြည့် မပြည့်ပြည့် .. ဆုလေး တောင်းလိုက်ရရင် လူကို စိတ်ချမ်းသာသွားတာ ဆိုတော့ အကုန် တောင်းခဲ့တာပဲဗျာ

    **သက်ဝေ** - တစ်ခါတစ်လေလဲ လက်အုပ်ချီတဲ့ အလေ့က နှုတ်ဆက်တဲ့ အလေ့ဆိုတော့ သူရို့ စိတ်ထဲမှာ နားလည်မှု လွဲသွားတာလေး ဖြစ်ချင် ဖြစ်နိုင်တာပေါ့။ ချိုင်မိုင်ခရပ် ဖီ့သက်ဝေ။

    ReplyDelete