Thursday, May 28, 2009

Golden Triangle ရွှေတြိဂံ ရှမ်းစားသောက်ဆိုင် အသစ်

ရှမ်းရိုးရာ အစားအသောက်များ ကောင်းမကောင်းကိုတော့ အထူးအထွေတော့ မညွှန်းလိုပါဘူး။ စားဖူးသူတိုင်း သိကြပါတယ်။ အခု ကျွန်တော်တို့ နေထိုင် ခြင်္သေ့ကျွန်းလေးမှာ ဈေးကွက်လိုအပ်ချက်အရ ရှမ်းစားသောက်ဖွယ်ရာများ ရောင်းချတဲ့ စားသောက်ဆိုင်များ အလျိုလျို ပေါ်လာပါပြီ။ အခုတော့ အသစ်ဖွင့်လာတဲ့ ဆိုင်ကလေး တစ်ဆိုင်နဲ့ မိတ်ဆက်ပေးလိုပါတယ်။ ကိုယ်တိုင် သွားရောက် မြည်းစမ်းကြည့်မှ ကောင်းမကောင်း သိမှာပါ။ ပင်နီစူလား မြေအောက်ထပ်က အိုရီရဲန်တယ် ဆိုင်ဘေးနားမှာဖွင့်ထားတာပါ။ လောလောဆယ် ဆိုင်အခြေအနေအရ ထောင့်ခန်းနားမှာပါ။
လိပ်စာကတော့

Golden Triangle
B1-07,Penisular Plaza
ဖြစ်ပါတယ်။

ရှမ်းပြည် အရှေ့ပိုင်း အစားအစာများ၊ ထိုင်းရိုးရာ အစားအသောက်များကို အဓိကထား ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းချိုသာမှု၊ စွဲမက်ဖွယ်ရာ ရသာစုံ ဟင်းလျာများ၊ ဖေါ်ရွေသော ၀န်ဆောင်မှုများနဲ့ ရွှေတြိဂံခေါ် Golden Triangle စားသောက်ဆိုင်ကို ယနေ့ ၂၈ မေလ မှ စတင်ကာ ဖွင့်လှစ်လိုက်ပါပြီ။

အဖေါ်အပေါင်းတစ်သိုက်နဲ့ သွားရောက် သုံးဆောင်ကြပါလို့ သတင်းပေးလိုက်ပါတယ်။ အောက်မှာတော့ Press Show တုန်းက ရိုက်လာတဲ့ ပုံတွေပါ။ နောက်များမှ ဘယ်ပံက ဘာဆိုတာ အသေးစိတ် တင်နိုင်အောင် ကြိုးစားပါမယ်။ အခုတော့ ပုံကိုပဲ ရှုစားသွားလိုက်ပါဗျား။


၁။ဝက်သားကြော် ထင်တယ်။ ၂။ ကြက်ချိုချဉ်ကြော် ၃။ သဘောင်္သီးထောင်း


၎။ သရက်သီးထောင်း။ ၅။ ၀က်သားလုံး မုန့်တီ ၆။ ထိုဖူးနွေး။


၇။ ကျိုင်းတုံ မုန့်တီရည်ကျဲ ၈။ ကျိုင်းတုံမုန့်တီ အရည်ပျစ် ၉။တိုဟူးနှစ်ပြန်ကြော်။

စားသောက်ဖွယ်ရာ အမျိုးအစားပေါင်း ၃၀ လောက်ရှိတယ်။ မီနူး သေချာ ထွက်လာမှ ရေးပေးမယ်။ ပုံတွေက တင်ရတာ အခက်အခဲ ဖြစ်နေလို့ ဒီလောက်နဲ့ပဲ ကျေနပ်ပါ။

အထက်ပါ ပုံများမှ အစားသောက်များအပြင် လောလောဆယ် သိသလောက် ရနိုင်တဲ့ စားသောက်ဖွယ်ရာ များကတော့
၁။ နာနတ်ထမင်းကြော်၊
၂။ ထိုင်းငပိထမင်းကြော်၊
၃။ လတ်နာ့(ထိုင်းကော်ရည်ခေါက်ဆွဲ)၊
၎။ ဖတ်ထိုင်း (ထိုင်းခေါက်ဆွဲကြော်)၊
၅။ ထိုင်း သာကူကျို၊ မုန့်လက်ဆောင်း။
၆။ ထိုင်းစတိုင် သရက်သီး ကောက်ညှင်း။
၇။ တုံယမ်း ဟင်းချို။
၈။ ၀ွန့်ဆိမ့် (ထိုင်းစတိုင် ကြာဇံသုတ်။ ပုဇွန်ထည့်တယ်။)
၉။ ရှမ်းထမင်းဝါ

စတာတွေ ဖြစ်ပါတယ်။ မှတ်မိသလောက်သာ ရေးချရတဲ့အတွက် တစ်ခြား ကျန်ခဲ့တဲ့ စားသောက်ဖွယ်ရာများလဲ ရှိနိုင်ပါတယ်။ နောက်ကို မီနူး အပြည့်အစုံ ရခဲ့ရင် ထပ်မံ တင်ပြသွားမှာပါ။

ဆိုင်ရှင်အစ်မကြီးက အတော် သဘောကောင်းပါတယ်။ မျက်မှန်တစ်ဝင်းဝင်းနဲ့ ဖြူဖြူ လုံးလုံးနဲ့ ငါ့အစ်မကြီး...။
ဒီနေ့ ဆိုင်ဖွင့်ပွဲကို မတက်ရောက်နိုင်တဲ့ အတွက် ခွင့်လွှတ်ပါ။

***ဆိုင်ဖွင့်ပွဲ အထူး အစီအစဉ်။***
ပင်နီစူလား သုံးထပ်က ရှမ်းတောင်တန်း စတိုးဆိုင်မှာ (ထိုဟူးကြော် ထင်တယ်) အခမဲ့ စားခွင့် လက်မှတ်များ သွားရောက် ယူနိုင်တယ်လို့ သိရပါတယ်။ ဇွန်လ ၅ ရက်နေ့အထိ အကျုံးဝင်တယ်လို့ သိရပါတယ်။

22 comments:

  1. တိန်.. ဒီနေ့ပဲ ပင်နီစူလာမြေညီထပ်ရောက်တယ်.. ဘာစားရမှန်း မသိတာနဲ့ မန္တလေးကဖေးမှာ မုန့်ဟင်းခါးဝင်တီးလိုက်တယ်။ ပြောပြော စောပါလားကွာ..

    ReplyDelete
  2. ကိုယ်ညံ့တာ ကိုယ်ခံပေါ့။ မျက်စိလေးကို ဟိုဘက် ဒီဘက်လေး ကစားပေးတာ မဟုတ်ဘူး။ ပတ်ဝန်းကျင် စူးစမ်းလေ့လာမှု zero ပဲ။
    မှီသေးတယ်။ အခမဲ့ လက်မှတ်တွေ မြန်မြန် သွားယူချည်။ ရှမ်းတောင်တန်းမှာ (ရဲရင့်လက်ဘက်ရည်ဆိုင်နားက)

    ReplyDelete
  3. ပေါက်စီ မပါဘူးလားဟင်။ ပေါက်စီရောင်းခိုင်းပါ။

    ReplyDelete
  4. အေးလေ ကိုဘိုင်းလို မျက်စိလေးကို ဟိုဘက် ဒီဘက်လေး ကစားပေးတာ မဟုတ်ဘူး။

    ReplyDelete
  5. တိုဟူးနွေးးးးးးးးးးးးးးးးးးး

    ReplyDelete
  6. ပေါက်စီ မရှိပါ။
    မျက်စိ ဟိုဟိုဒီဒီ ကြည့်တာက မျက်စိ လေ့ကျင့်ခန်း လုပ်တာပါ။
    ထိုဟူးနွေးကတော့ ရှယ်ပဲ။ အဲဒီနေ့က ပူပူနွေးနွေး စားလိုက်ရတယ်။

    ReplyDelete
  7. အလကားရတာဆို ကဘွိုက်က ပူပူမပူပူ စားမှာပါ.. အပိုတွေ.. ဟင်း..

    ReplyDelete
  8. ခုပဲ ပြန်ရောက်တာ လွိုင်နိုင်းမှာ တို့ဟူးနွေး ဝင်တီးခဲ့တာ။ ကောင်းတယ်။ အရင်က မကြိုက်ဘူးထင်တာ။ အခုစားကြည့်လိုက်တော့ အရမ်းကောင်း။
    အခုရွှေတြိဂံကတော့ ယိုးဒယားစာပါရတယ်ဆိုတော့ စိတ်ဝင်စားတယ်။ ပြီးခဲ့တဲ့ အပတ်က ဂိုးဒင်းမိုင်းမှာ သွားစားတာ သိပ်အဆင်မပြေဘူး။ ပထမတစ်ခေါက်က ကောင်းတယ်။ အခု ပင်နီဆူလာမှာရတော့ အဆင်ပြေတာပေါ့။

    ReplyDelete
  9. အလကားပါ ကိုဘွိုင်းဇ်က ပေါက်စီရှိမရှိလိုက်ရှာ ဟုတ်တယ်မလား ဝန်ခံလိုက် ပါ ခိခိ ညီမလဲ ပေါက်စီကြိုက်တယ်ဗျိုးးးး
    အယ် ဒါနဲ့ ပြောတော့ ၃ ပါတ်လောက်ပျောက်နေမယ်ဆို မနိုင်းဆီရဲ့ စီဗုံးမှာ အော်သွားတယ် အခုဘီလိုဖစ်တာ တုံး ပြန်လာပြီလား
    နှမတော်ကို သံတော်ဦးလေးဘာလေး တင်ပါဦး ခစ်ခစ်
    လာပေါသွားတယ်နော် ကိုဘွိုင်းဇ်ရေ စားချင်စရာတွေချည်းပဲ ကြာကြာဒီမှာ ဆက်နေရင် ကွန်ပျူတာ ပေါက်ထွက်တော့မယ် လိမ့်တော့မယ်နော်
    တာ့တာ

    ReplyDelete
  10. သဘောင်္သီးထောင်း စားချင်တယ်။ great Singapore sale ကျရင် သွားရ ကောင်းမလား စဉ်းစားနေတယ်။ အစားစားဖို့က အဓိကပါ။

    ReplyDelete
  11. အင်းလာစားမယ် ကြည့်ရင်းသရေယိုနေပြီ
    အရင်ဆုံး ဘာစားမလည်းဆိုတော့
    အကုန်လုံးစားချင်တာပဲ
    ပေါက်စီတော့ စားချင်တော့ဘူး အီနေပြီ ကြည့်ပဲနေတော့မယ် အလှကြည့်လေ

    ReplyDelete
  12. ရွှေတြီဂံနဲ့  အလုပ်ဖြစ်နေကြတယ်ပေါ့လေ...

    ReplyDelete
  13. မနေ့က လေယာဉ်ကြီးစီးတာက ပင်နီစူးလားသွားဖို့လား
    သိပါဘူးအေ့... ခပ်ဝေးဝေးများလားလို့
    စင်ကာပူက ရှမ်းစာကိုတော့ လာစားတော့ဘူး.. ပူလွန်းလို့
    တာချီလိတ်မှာပဲ စားတော့မယ်း)

    ReplyDelete
  14. ဈေးနှုန်းလေးပါရေးပေးမှပြည့်စုံမှာပေါ့ ကဘွိုင်းရဲ့ ...တော်နေ ဈေးကြီးနေမယ်။ ၄ ကျပ်ကျော်ရင်စားချင်တော့ဘူးရယ် ..ဈေးပါရေးပေးပါ။

    ReplyDelete
  15. ကြည့်ပြီး ဗိုက်ဆာလိုက်တာ..
    အားလုံးစားချင်တယ်..
    တမျိုးချင်းစီကို စားဦးမယ်...
း)

    ReplyDelete
  16. ဒီနေ့သွားစားမယ်

    ReplyDelete
  17. hi there....
    i'm from qatar....i lok all of ur food items photos....
    think that will be so delicious...it makes me so hungry now...
    coz i can't get like that food in the middle east...so that i wanna taste really....thanks for ur sharing...bye

    ReplyDelete
  18. `ဒီခေါက်ဆွဲ ကောင်းလွန်းလို့ စားတာလား။ ဆိုင်ရှင်ကြီး လှလွန်းလို့ စားတာလား။´ (ခွိခွိ)

    အသေးစိတ်တွေ သိပ်ရှင်းမပြနဲ့။ ရှမ်းခေါက်ဆွဲဆို တော်ပြီပေါ့။ ချက်ဆို နားခွက်က မီးတောက်တယ်။ သွားဖုံးကြားက သွားရည်တွေ လည်ချောင်းထဲ တစိမ့်စိမ့်ကျတဲ့ အထိပဲ။

    ပုံ - မထုံတက်တေး လူလည်လေး `ဆြာကေ´

    ReplyDelete
  19. သွားစားမယ်။ ပြီးရင် ကိုဘ စာရင်းထဲ ထည့်မှတ်ခိုင်းလိုက်မယ်နော်။

    ReplyDelete
  20. ဓာတ်ပုံရိုက်တဲ့ နေ့က တို့က မြင်လိုက်တယ် အဲဆိုင်ကို

    ReplyDelete
  21. နောက်တစ်ခေါက် ပင်နစူးလားဖက်ရောက်ရင် ၀င်စားမယ်။ ရှမ်းစာ ယပလက်စာ အကုန်ကြိုက်။ ကျေးဇူး။

    ReplyDelete
  22. 'မျက်မှန်တစ်ဝင်းဝင်းနဲ့ ဖြူဖြူ လုံးလုံးနဲ့ ငါ့အစ်မကြီး' ဆိုတာကိုတွေ့ခဲ့ပါတယ်..
    သင်္ဘောသီးထောင်းတဲ့ ငရုပ်ဆုံကြီးကတော့ တကယ့်ကို အကြီးကြီးပဲ..
    မုန့်ညင်းချဉ်ပေးတာကို ကြိုက်တယ်.. စားလို့ကောင်းပါတယ်..
    ဆိုင်ခန်းကနည်းနည်းကျဉ်းတယ်။

    ReplyDelete