Friday, June 12, 2009

10 Cool Things About iPhone 3GS

ကျောက်ခေတ်မှာ ကျန်မနေခဲ့ဘူးဆိုရင်တော့ Apple က လတ်တလော ထုတ်ပြန်သွားတဲ့ iPhone နဲ့ပါတ်သက်တဲ့ ကြေငြာချက်ကို သိလောက်ရောပေါ့။ ဖုန်း အသစ်ပါ။ 3G အမျိုးအစား ဖုန်း ဖြစ်ပြီး ၂၀၀၈ ဇွန်လတုန်းက ထုတ်ခဲ့တဲ့ iPhone 3G နဲ့ ဘာကွာလာတာလဲ။ မော်ဒယ်နံပါတ်ကို ကြည့်လိုက်တာနဲ့ သိသာပါတယ်။ အဟောင်းက iPhone 3G ဖြစ်ပြီး အသစ်က iPhone 3GS ဖြစ်ပါတယ်။ S ပိုလာတာပါ။ S က ဘာ့ကြောင့် ပိုလာတာလဲ။ S ဆိုတာ Speed ကို ကိုယ်စားပြုပါသတဲ့။ အရင် မော်ဒယ်များထက် ပိုပြီး မြန်လာတဲ့ သဘောပေါ့ဗျာ...။



အိုင်ဖုန်း သမိုင်းကြောင်းကို နည်းနည်း ငဲ့စောင်းကြည့်လိုက်မယ်ဆိုရင် (ဒီနေရာမှာ မိတ်ဆွေရဲ့ လည်ပင်းကို ငဲ့စောင်းစရာ မလိုပါ။ ရိုးရိုး အနေအထားနဲ့ ဖတ်လို့ ရပါတယ်...။) စစထုတ်ခြင်းမှာ iPhone 2G ဆိုပြီး ထုတ်ခဲ့တယ်။ နောက်တစ်နှစ်ကြာတော့ iPhone 3G ဆိုပြီး ထပ်ထုတ်လာပြန်တယ်။ 4G, 8G, 16G စသဖြင့် ထုတ်လာတာပေါ့။ အိုင်ဖုန်း သရီးဂျီ ထုတ်တဲ့ နှစ်မှာ စမတ်ဖုန်း အများစုဟာ ဗွီဒီယို ရီကော့်ဒင်း၊ မာလ်တီမီဒီယာ မက်ဆေ့ခ်ျဂျင်း၊ ဖိုတိုရွှတ် ဖလက်ရှ် စတာတွေဟာ စမတ်ဖုန်းတစ်လုံးအတွက် မပါမဖြစ် ပါရမယ့် အချက်အလက် ဖြစ်ခဲ့ပေမယ့် အိုင်ဖုန်း သရီးဂျီမှာတော့ ပါမလာခဲ့ပါဘူး။ ဒီလို ပြစ်ချက်တွေကြောင့် အိုင်ဖုန်း အရောင်းထိုင်းမယ် မထင်ပါနဲ့။ Brand Crazy များဟာ အဆိုပါ အိုင်ဖုန်းရဖို့အတွက် ရောင်းချတဲ့ နေရာမှာ ၃ ရက်လောက် ကြိုပြီး တန်းစီနေကြပါတယ်တဲ့။ ဒါကတော့ အက်ပဲက မားကက်တင်း ကောင်းလို့ပေါ့။

နောက်တစ်ခု ဆိုးတာက bluetooth function ဟာ apple product တွေနဲ့သာ အလုပ်လုပ်ပြီး ကျန်သော တစ်ခြား third party တွေနဲ့ အဆင်မပြေပါဘူး။ ဒီအချက်ဟာ အတော်ကို ဆိုးဝါးပါတယ်။ သရီးဂျီ အိုင်ဖုန်း အမျိုးအစားကို ထုတ်ခဲ့တဲ့ နောက်ပိုင်းမှာလဲ သူ့ထဲမှာ ပါတဲ့ ဆော့ဝဲတွေဟာ တစ်ခြားကုမ္ပဏီ တွေရဲ့ မူပိုင်ခွင့်နဲ့ ငြိစွန်းတယ် အစရှိသဖြင့် တရားစွဲဆိုတာကို ခံနေခဲ့ရပါတယ်။ ခုလဲ ကြုံနေတုန်းပါပဲ။

ဒီလို အခက်အခဲတွေကြားကပဲ Apple ဟာ အခု နောက်ဆုံးမျိုးဆက်သစ် iPhone 3GS ကို ထုတ်လုပ်လိုက်ပါပြီ။ အခုပို့စ်မှာတော့ ဒီမော်ဒယ်မှာ ပါတဲ့ ထူးခြားချက်များကို တင်ပြသွားမှာ ဖြစ်ပါတယ်။

၁။ လုပ်ဆောင်ချက် ပိုမို မြန်ဆန်လာခြင်း။
ပိုမိုမြန်ဆန်တဲ့ ပရိုဆက်ဆာကို သုံးထားတယ်လို့ ဆိုပါတယ်။ မှတ်ညဏ်ပမာဏ ပိုများလာပါတယ်။ မော်ဒယ်ဟောင်းမှာတော့ သိသိသာသာ နှေးကွေးမှု မရှိပေမယ့် application များ ဖွင့်တာ ပိတ်တာမှာ နှေးကွေးလေးလံပါတယ်တဲ့။ ကြော်ငြာမှာ ပါတဲ့အတိုင်းသာဆို အခု မော်ဒယ်အသစ်ကတော့ တော်တော်မြန်ဆန်ပါတယ်။

၂။ မှတ်ညဏ်ပမာဏ ပိုမိုလာခြင်း။
Apple ကနေပြီးတော့ iPhone 3GS ကို နှစ်မျိုးနှစ်စား ထုတ်လုပ် ရောင်းချပါလိမ့်မယ်။ 16GB နဲ့ 32GB ပါ။ မူလလက်ဟောင်း အိုင်ဖုန်းများကတော့ 4GB, 8GB နဲ့ 16GB အသီးသီး သိုလှောင်မှု ပမာဏတွေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။

၃။ ဗွီဒီယို ရိုက်ကူးနိုင်သော လုပ်ဆောင်ချက် ပါဝင်လာခြင်း။
အခုနောက်ပိုင်း စမတ်ဖုန်းအများစုမှာ မပါမဖြစ် ပါရမယ့် အချက် ဖြစ်ပါတယ်။ မူလလက်ဟောင်း အိုင်ဖုန်းမှာ မပါပဲ အခု အသစ်မှာသာ ထည့်သွင်းလာတာ ဖြစ်ပါတယ်။

၎။ အရည်အသွေး ပိုမိုကောင်းမွန်သော ကင်မရာ။
3-megapixel camera ကို autofocus ပါပါတယ်။ အဟောင်းတုန်းကတော့ 2-megapixel, non-autofocus camera အမျိုးအစားကနေ ပုံဖေါ်စွမ်းရည် တိုးပြီး အော်တို ဖိုးကပ်စ် ဖန်ရှင် ထည့်ပေးလိုက်တာပါ။ ပြောစရာ တစ်ခုကတော့ ဖလက်ရှ် မပါသေးပါဘူး။ ဒါပေမဲ့ Display မှာ ကိုယ်လိုချင်တဲ့ နေရာကို tap လုပ်လိုက်ရင် အဲဒီနေရာကို အလိုအလျောက် အော်တိုဖိုးကပ်စ် ဖြတ်ပေးတဲ့ ဖန်ရှင် ပါလာပါတယ်။

၅။ အသံနှင့် အမိန့်ပေး ခိုင်းစေခြင်း။
Apple က Voice Control လို့ခေါ်တဲ့ voice recognition feature တစ်ခုကို ဒီဖုန်း အသစ်မှာ မိတ်ဆက် ပေးထားပါတယ်။ ဖုန်းများ ခေါ်ဆိုမှုနဲ့ သီချင်း ရွေးချယ် ဖွင့်လှစ်မှုကို အသံနဲ့ အမိန့်ပေး ခိုင်းစေနိုင်ပါတယ်။ ယင်းအပြင် Voice Control ဟာ မိမိတို့ သွင်းထားတဲ့ contacts list ထဲက entry များကို ရှာဖွေပေးနိုင်ပါတယ်။ အသုံးပြုသူအနေနဲ့ မိမိခေါ်ဆိုလိုသူ နာမည် ဒါမှမဟုတ် ဖုန်းနံပါတ်ကို ရွတ်ပြလိုက်ရုံနဲ့ ဖုန်းက အလိုအလျောက်သဘောပေါက် နားလည်ပြီး ခေါ်ဆိုခြင်း အမှုကို ပြုလုပ်ပေးပါလိမ့်မယ်။ Music ကဏ္ဍမှာ ဘယ်သီချင်းကို ဖွင့်နေတာလဲ ဆိုတာကို မေးမြန်းနိုင်ပြီး စက်က အလိုအလျောက် တေးဆို၊ သီချင်းနာမည် စတာတွေကို အလိုအလျောက် ပြန်လည်ဖြေကြားပေးပါလိမ့်မယ်။ ကိုယ့်အကြိုက် သီချင်းများ၊ စုစည်းထားတဲ့ အကြိုက်များကို ဖွင့်ခိုင်းခြင်း စတာတွေကို အသံနဲ့ ခိုင်းစေ အမိန့်ပေးနိုင်ပါတယ်။

၆။ လမ်းညွှန် အိမ်မြောင်။
Built-in digital compass တစ်ခု ပါပါတယ်။ ဒီမော်ဒယ်မှာပါတဲ့ feature အသစ်ပါ။ လူတိုင်း အသုံးမပြု ပေမယ့် Google Maps နဲ့ တွဲဖက် အသုံးပြုမယ်ဆိုရင်တော့ Maps ဟာ အမြဲတမ်းလိုလို မြောက်ဘက်ကို လှည့်နေမှာ မဟုတ်ပဲ ကိုယ်မျက်နှာမူရာဘက်ကို ညွှန်ပြနေမယ့် ကြည့်ရလွယ်ကူမယ့် မြေပုံ အဖြစ်သို့ ပြောင်းလဲ ပေးနိုင်မှာပါ။

၇။ Internet tethering
ဒီလုပ်ဆောင်ချက်ကတော့ ဖုန်းကို မိုဒမ်လို အသုံးပြုနိုင်တာပါပဲ။ ကွန်ပြူတာကို အင်တာနက်နဲ့ ချိတ်ဆက်အသုံးပြုချင်ရင် ကြားခံ မိုဒမ် ဆိုတာ လိုပါတယ်။ အခု ထုတ်လုပ်လိုက်တဲ့ iPhone 3GS ဟာ မိုဒမ် တစ်လုံးကဲ့သို့ ပြုမူ ဆောင်ရွက်နိုင်ပါတယ်။ Mac သို့မဟုတ် PC ကို USB or Bluetooth ကနေတစ်ဆင့် ချိတ်ဆက်နိုင်ကာ အင်တာနက်နဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်။ အမေရိကားကို အိုင်ဖုန်းကို တစ်ဦးတည်း ဖြန့်ချိခွင့်ရထားတဲ့ AT&T ဖုန်းကုမ္ပဏီကတော့ ဒီ featureကို support မလုပ်သေးပေမယ့် သြစတေးလျက Optus ကတော့ ဒီဝန်ဆောင်မှုကို ပေးနိုင်မယ်လို့ ကြေငြာထားပါတယ်။ Telstra နဲ့ Vodafone ကတော့ ကြေငြာချက်များ ထုတ်ပြန်ခြင်း မပြုသေးပါဘူး။

၈။ တစ်ခြားသော လုပ်ဆောင်ချက်များ။
မသန်မစွမ်းသူများ ပါ အသုံးပြုနိုင်အောင် တစ်ခြားသော လုပ်ဆောင်ချက်များကိုလဲ ထည့်သွင်းလာပါတယ်။ VoiceOver function ဖြစ်ပါတယ်။ အသံထွက် ဖတ်ပေးပါတယ်။ Zoom function ကတော့ ငါးဆ အထိ ချဲ့ပေးနိုင်ပါတယ်။ မျက်စိ အမြင်အာရုံ မှုန်ဝါးသူများအတွက် အဆင်ပြေပါတယ်။

၉။ Nike+ iPod integration
အရင်တုန်းကတော့ အချို့သော iPod nano models မှာသာ အသုံးပြနိုင်တဲ့ လုပ်ဆောင်ချက်ပါ။ အခုတော့ ဒီဖုန်းထဲမှာပါ ထည့်သွင်းလာပါပြီ။ ဒီလုပ်ဆောင်ချက်ကတော့ fitness system တစ်ခု ဖြစ်ပြီး Nike shoe နဲ့ iPod နဲ့ အလိုအလျောက် ဆက်သွယ်ချိတ်ဆက်မှုကို ပြုလုပ်ပေးနိုင်ပါတယ်။ iPhone 3G S နဲ့ Nike ဖိနပ်တို့ ချိတ်ဆက်မှုတွေ ပြုလုပ်ပြီး real time walking နဲ့ running statistics တို့ကို ပြသနိုင်မှာ ဖြစ်ပါတယ်။

၁၀။ New headphones
iPhone 3G S မှာ Apple's remote headphones ပါလာပါမယ်။ Multi-button remote and volume control keys၊ voice calls ခေါ်ဆိုမှု ပြုလုပ်နိုင်တဲ့ microphone တို့လဲ ပါလာပါလိမ့်မယ်။

(အသစ်ထပ်တိုးတဲ့ လုပ်ဆောင်ချက်များကိုတော့ အပေါ်က ဗွီဒီယိုမှာ ကြည့်လိုက်ပါ။)

13 comments:

  1. ဖုန်းအသစ်ဝယ်နိုင်တေးဘူး.. ဒါ့ကြောင့် ဗီဒီယိုကြည့်ဘူးဟာ... ဘာဖစ်လဲ....။

    ReplyDelete
  2. ကျောက်ခေတ်လူသားကြီး ဆင်ဆင်

    ReplyDelete
  3. ပြောလို့ရရင်တော်ရောပေါ့။

    ReplyDelete
  4. ဖုန်းသာဆိုတယ် ဖုန်းနဲ့ပက်သက်တဲ့ အသံကြည်တာတို့ ဘာတို့လဲ မပါပါလား ခွိခွိ

    ReplyDelete
  5. ကိုဘ..
    iPhone 3GS လိုချင်တဲ့ရောဂါထနေတယ်..
    မနက်ကလည်း ထပ်တလဲလဲ ကြည့်နေမိတယ်..
    ကိုဘ ထီပေါက်ရင် ကျနော်တို့ကို လက်ဆောင်ဝယ်ပေးပါ။။
    (မမ က မလိုချင်ဘူးဆိုရင် ကျနော်ဆီ ပစ်ပေးလိုက်ပါ။။)

    ReplyDelete
  6. ကလူသစ် - ဖုန်းက နဂိုကတည်းက အသံက ကြည်လင်ပြတ်သားပြီးသားမို့လို့ ထည့်မပြောတာပါ။

    ပေါက် - ထီပေါက်လို့ကတော့ လိုချင်တာ ၀ယ်ပေးမယ်။

    ReplyDelete
  7. အိုင်ဖုန်း မကဘူး။ ယူဖုန်းပါ ၀ယ်ပေးမယ်။

    ReplyDelete
  8. ပြန်ရောက်ပြီဆိုရင်လဲ အိမ်လာလည်တော့လေ...
    အကောင်းတွေ အများကြီးလွတ်ကုန်ပြီ...
    ကိုဘိုင်းအကြောင်း ပိုစ့်ထဲမှာ ထည့်ရေးထားတယ်..
းဝ)

    ReplyDelete
  9. မသိဘူးအေ့ မသိဘူး.ကျောက်ခေတ်မှာပဲ ကျန်နေတယ် ထားလိုက်ပါတော့။
    ဖုန်းဆက်မယ့်သူ မရှိလို့ ဖုန်းလိုင်းတောင် ပြန်အပ်လိုက်ပါပြီဆို။
    ဘာမှ အိုင်ဖုန်းတွေ ဂျေဖုန်းတွေ လာမလုပ်နဲ့။
    ဒါပဲ။

    ReplyDelete
  10. မလိုချင်ဘူးပေါ်က်.
    ပေါက်ဘဲယူလိုက်.
    တို့က အခြောက်ဖုံးတွေ မကြိုက်ဘူး
    ဂျီဖုန်းတို့အိုင်ဖုံးတို့ဂျေဖုံးတို့ ယူဖုံးတို့ ကြိုက်ဘူး
    စစ်မှ.

    ReplyDelete
  11. ထီကော ထိုးရဲ့လားမေးပါဦး
    လေဘဲလာတာဖြစ်နေဦးမယ်

    ReplyDelete
  12. သူတို့ခေတ်ရောက်မှ ဖုန်းက အထီးအမ ခွဲတော့တယ်။ ဒွတ်ခ။
    ထီထိုးပြီး မတိုက်ဖြစ်တာ တော်တော်တောင် ကြာနေရော့..။

    ReplyDelete
  13. fuck apple , it not worth to buy because today i have brought 3gs 16 gb apple for twoo year payment ,it can not compare to samsaung phone
    and apple it not so easy to manage to your music ipod until now i dont know how to delete my song from my phone so fuckkkkkkkkkkkkkkkkkkkkkkkkkkk apple iphone 3gs

    ReplyDelete