Saturday, June 13, 2009

FaceBook With Desired Username


ဒီကနေ့ ဒေသစံတော်ချိန် နေ့ခင်းပိုင်း ၁၂း၀၁ နာရီက စလို့ မျက်နှာစာအုပ် အကောင့်ရှိသူများ ကိုယ်ကြိုက်တဲ့ နစ်နိမ်းနဲ့ ပေးလို့ရပါပြီ။ အရင်ကတော့ ကိုယ် register လုပ်ထားတဲ့ ကိုယ့်ရဲ့ အင်ဖေါ်မေးရှင်း အစစ်အမှန်ထဲက နာမည်အရင်းနဲ့သာ display လုပ်နေရာက အခုတော့ နာမည်ပြောင်နဲ့ ပြောင်းခွင့်ပေးလိုက်ပါပြီ...။ နေ့ခင်းပိုင်း ၁၂ နာရီကျော်တာနဲ့ ပြောင်းလဲခွင့်ကို ပေးမှာ ဖြစ်ပါတယ်။


ဘာထူးလဲ ဆိုတော့ လောလောဆယ် ဘာမှ မထူးသေးဘူး။ http://www.facebook.com/username ဆိုပြီး username မှာ ကိုယ်ပေးထားတဲ့ နာမည်နဲ့ လင့်ခ်တစ်ခု ရလာမယ်။ အဲဒီလင်ခ့်ကို သယ်ရင်းတွေကို ပြလို့ရမယ်...။ ဒါပဲ လောလောဆယ် သိသေးတယ်။ ဆက်စမ်းလိုက်ဦးမယ်...။ ကိုယ်ရွေးထားတဲ့ နာမည်ကို confirm လုပ်ပြီးတာနဲ့ ထပ်ပြောင်းခွင့်မရတော့ဘူး။ မနှိပ်လိုက်တာ။ နာမည်ကလဲ အနည်းဆုံး Alphabet ငါးလုံးနဲ့ အထက်တဲ့။ Boyz လို့ယူတာ မရဘူး။ mr.boyz ဆိုတော့လဲ not available ဖြစ်သွားပြီ။ ဘာယူမယ် ထင်လဲ။

15 comments:

  1. Mr.Boyle ယူပါလား အဟိ။

    ReplyDelete
  2. ယူချင်တာယူပါ...

    mrs.boyz တို့ miss.boyz တို့ မဟုတ်ရင် ဖြစ်ပါတယ်...

းဝ)

    ReplyDelete
  3. Lucy boyz ဆိုရင်ကော.

    ReplyDelete
  4. native.boyz
    nm.boyz means(native Myanmar)
    s.boyz means(sai)
    p.boyz means(p)
    m.boyz means(mr)

    ဘာယူမယ် ထင်လဲ။

    ဆိုတော့ယူပြီးသွားပြီဆိုတဲ့သဘောပေါ့။
    invite လုပ်ပါရစေ။

    ReplyDelete
  5. အို ဒါလေးများ လွယ်လွယ်လေး..
    boyz ယူတာ မရဘူးဆိုရင် girlz ယူမှာပေါ့..
    (ငါးလုံးရှိတယ်)

    ReplyDelete
  6. မေးထားတဲ့ မေးခွန်းကို မဖြေကြပဲနဲ့ ယူစေချင်တာကိုပဲ လာပြောနေကြတယ်...။

    ReplyDelete
  7. အဲဒါအဖြေတွေလေ....
    ကိုယ့်မေးခွန်း ကိုယ်သဘောမပေါက်ဘူးလားငှင်... ။

    ReplyDelete
  8. facebook ကို ခုထိ မသုံးဖူးသေးဘူး...
    add လာလုပ်တဲ့သူတွေကို အီးမေးလ်ကတဆင့်ရပေမယ့် ခုထိမလုပ်ဖြစ်ဘူး
    ဘလော့မှ ဘလော့တစ်ခုထဲရှိတာမို့
    facebook ဆိုတာ ဂျိုနဲ့လားလို့ မေးရမလိုဖြစ်နေတယ် :P

    ReplyDelete
  9. မသုံးဖူးလို့ သုံးမယ်ဆိုရင်တော့ အကြံတစ်ခု ပေးပါရစေ။
    register လုပ်တဲ့ အချိန်မှာ ကိုယ်ရဲ့ အင်ဖေါ်မေးရှင်း အစစ်တွေ မပေးလိုက်ပါနဲ့။ နာမည်ရင်းနဲ့ အကောင့်ရမှာ ဖြစ်ပြီး ဖျက်လို့ မရတဲ့ အတွက် စိတ်ညစ်ရပါတယ်။

    ReplyDelete
  10. :O
    If you don't give your true information, what's the meaning of joining community network? If you are quite worry about your leakage of your personal information, you can simply protect by not using untrusted application and just make friends with those who you know outside. :D
    As for me, it's my real profile and make myself findable by my old buddies from High School, my friends who have reached different countries and have no contact with me. I just accept/request as friends to those whom I know well outside. So, I think my information are quite safe. But I use some quiz apps sometimes. So what? I ain't a celebrity and my info are that ain't important. Btw, I don't understand what you mean with that word "Undeletable"? You mean Facebook account? If that so, it can be done here. http://www.facebook.com/group.php?gid=16929680703
    Sorry for my English. I can't type Myanmar font and I can't also copy paste in the comment box (I don't know why).

    ReplyDelete
  11. ဖျက်လို့ မရဘူး ဆိုတာက နာမည်အရင်းကို ဖျက်လို့ မရတာ ပြောတာပါ။ အကောင့်တစ်ခုလုံးကတော့ ဖျက်လို့ ရပါတယ်။ အဟဲ.. အင်ဖေါ်မေးရှင်း အမှန်တွေ မပေးချင်တာက ဖေ့စ်ဘွတ်ထဲမှာ ကိုယ့် အလုပ်ရှင်က ၀င်လာတတ်တယ်လေ။ ကိုယ့်နာမည်နဲ့ ကုမ္ပဏီ နာမည် တစ်ခုခုနဲ့ search လုပ်လိုက်ရင် ကိုယ့်ကို အလွယ် ရှာတွေ့နိုင်တယ်။ တစ်ခါတစ်လေ ကိုယ်က စိတ်လွတ်လက်လွတ် ကိုယ့်ကုမ္ပဏီ အကြောင်း အတင်းကလဲ တုပ်ချင်သေးတာကလား.. ဆိုတော့ ဘော့စ်မသိစေချင်တာလဲ ပါတာပေါ့နော်... ဟဲဟဲ..။

    ReplyDelete
  12. If that so, just ignore if the boss request as friend. :P

    ReplyDelete
  13. How about "BoyzTheBoss" :D
    (ကိုဘွတ်ဇ်၊ နာမီအရင်းက ဖျက်လို့ရပါတယ် ကိုဘွတ်ဇ်ရဲ့၊ ပြောင်းလို့လဲ ရပါတယ်။)

    ReplyDelete