Friday, June 26, 2009

ကြွေလွင့်သွားတဲ့ ကြယ်နှစ်ပွင့်

မနေ့က ကြာသပတေးနေ့ (၂၀၀၉ ဇွန်လ ၂၅ ရက်) မှာ ကမ္ဘာကျော် လူသိထင်ရှားတဲ့ အနုပညာရှင်နှစ်ဦး ကွယ်လွန်သွားပါတယ်။

Fara Fawcett
တစ်ယောက်ကတော့ ၁၉၇၀ နှစ်များဆီက ကိုကိုကာလသားများရဲ့ စိတ်နှလုံးကို ဆွဲယူသိမ်းကျူံး လှုပ်ရှားစေခဲ့တဲ့ မင်းသမီး Farah Fawcett ဖြစ်ပါတယ်။ စအို ကင်ဆာနဲ့ ဆုံးခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၆ တုန်းက ဖြစ်တာ သိရပြီး အမေရိကားမှာ ကုသတာ မအောင်မြင်လို့ ဂျာမဏီမှာ သွားကုသခဲ့ပါသေးတယ်။ မနေ့ကပဲ အဲဒီ ကင်ဆာ ရောဂါနဲ့ ဆုံးပါးသွားပါတယ်။ ဆုံးပါးစဉ်မှာ အသက် ၆၂ နှစ် ရှိပါပြီ။ အကျယ် ဖတ်ချင်ရင် ဒီမှာ သွားဖတ်နိုင်ပါတယ်။ Wiki မှာလဲ ဖာရာဖော့ဆက် အကြောင်းကို ဒီလို ရေးထားပါတယ်။

မရှေးမနှောင်း တစ်ရက်ထဲမှာပဲ နောက်တစ်ယောက် လူသိများတဲ့ အနုပညာရှင် တစ်ယောက် ဆုံးပါးပြန်ပါတယ်။ နှလုံးရောဂါကြောင့်လို့ ဆိုပါတယ်။ ပေါ့ပ်အဆိုတော့ မိုက်ကယ်ဂျက်ဆင်ပါ။ မိုက်ကယ်ဟာ ကျန်းမာရေး အခြေအနေကြောင့် တစ်ချို့သော concert များကို တင်ကြို အကြောင်းကြားခြင်း မရှိပဲ ဖျက်လိုက်လို့ သူနဲ့ စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီတွေနဲ့ အမှု ဖြစ်လိုက်သေးတယ်။ မိုက်ကယ်ဟာ အသားအရေ လှပစေချင်လွန်းလို့ ခွဲစိတ်မှုတွေ အလီလီ လုပ်ခဲ့သလို Treatment အမျိုးမျိုးကိုလဲ လုပ်ခဲ့ပါသေးတယ်။ ကလေးတွေကို ချစ်တတ်တယ်လို့ နာမည်ကြီးသလို ကလေးတွေကို မတော်တရား ကျင့်တယ်ဆိုပြီး အမှုအခင်းတွေလဲ ဖြစ်ခဲ့ပါသေးတယ်။ ကွယ်လွန်သူ နာမည်ကြီး အဆိုတော့ အဲလ်ဗစ် ပရက်စလေရဲ့ သမီး လီဆာ ပရက်စလေနဲ့ လက်ထပ်ခဲ့သေးသော်လည်း လမ်းခွဲခဲ့ကြပါတယ်။ နောက်တော့ နပ်စ်မ တစ်ယောက်နဲ့ ကလေးမွေးတယ်လို့ ဆိုပြန်တယ်။ မွေးကာစကလေးလေးကို ပြတင်းပေါက်ကနေ တိုက်အောက်က ပရိတ်သတ်ကို လက်တစ်ဖက်တည်းနဲ့ ကိုင်မြောက်ပြလို့ ကလေးသူငယ်များ အခွင့်အရေး ကာကွယ်ရေး အဖွဲ့က တရားစွဲတာလဲ ခံရပါတယ်။ သူ့ဘ၀မှာ သူတစ်ခုခု လုပ်လိုက်တိုင်း ဟိုးလေးတစ်ကြော် ဖြစ်သွားတာချည်းပါပဲ။ ကလေးတွေ အတွက် နဲဗားလဲန်းကို သူ့ခြံထဲမှာ ဆောက်ပေးတယ်။ ကလေးတွေကို ဖိတ်ပြီး သူကိုယ်တိုင် လိုက်ကစားတယ်။ ကမ္ဘာကြီးအတွက် ကောင်းကျိုးကိုလဲ သူလုပ်ပေးခဲ့သေးတယ်။ သူသီဆိုခဲ့တဲ့ သီချင်းတွေထဲက အာဖရိက အငတ်ဘေးကို ကူညီဖို့အတွက် နိုင်ငံတစ်ကာက အဆိုတော်တွေ ပါတဲ့ We are the World ဆိုတဲ့ သီချင်း၊ စစ်မက်တွေ ဖြစ်ပွားနေတဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုပြီး ဆိုတဲ့ Heal The World ဆိုတဲ့ သီချင်းတွေဟာ အခုထိ လူသိများနေတုန်းပါပဲ။
သူဟာ Moon Walk အက ကို Thriller အခွေထဲမှာ စတင် မိတ်ဆက်ပေးပြီး ကမ္ဘာ့လူငယ်ထုကို ဘရိတ်ဒန့်စ် ဆိုတဲ့ အကကို မိတ်ဆက်ပေးခဲ့တယ်။ သီချင်းတွေ ထုတ်လုပ် သီဆိုခဲ့ပြီး ပလက်တီနမ် ဓါတ်ပြားဆု ပေါင်းများစွာကို ဆွတ်ခူးခဲ့ပါတယ်။

သူ့ရဲ့ အထင်ကရ အရှိဆုံး ကမ္ဘာလှည့် စတိတ်ရှိုးကတော့ Dangerous World Tour အမည်ရတဲ့ ခရီးစဉ် ဖြစ်ပါတယ် ၁၉၉၂ ၀န်းကျင်က လှည့်လည် ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

မနေ့က သူငှားရမ်းနေတထိုင်တဲ့ Bel Air မှာ သူ့ကို သတိလစ်နေတာ တွေ့ရပါတယ်။ ၆ မိနစ်သာ မောင်းရတဲ့ ဆေးရုံကို သယ်သွားပြီး လိုအပ်တဲ့ CPR စတာတွေကို လုပ်အပြီးမှာ သူ့ကို ကယ်တင်နိုင်ခြင်း မရှိပဲ ဆုံးပါးသွားပြီလို့ ကြေငြာလိုက်ရပါတယ်။ အကျယ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။
Wiki မှာတော့ သူ့ရဲ့ အကြောင်းကို ဒီလို ရေးထားပါတယ်။


We Are The World



Heal The World

9 comments:

  1. ခုပဲ သတင်းတွေထဲမှာတွေ့လို့ လိုက်ဖတ်နေတာ။ ဒါတောင် မိုက်ကယ်ဂျက်ဆင်သေတာပဲသိတယ်။Farah Fawcett သေတာ ဒီပိုစ့်ဖတ်မှသိတယ်။ စိတ်မကောင်းလိုက်တာ။ သေခြင်းတရား တော်တော်ကြောက်စရာကောင်းပါလား။ သတင်းအတွက်ကျေးဇူးပါ ဘွိုက်ဇ်။

    ReplyDelete
  2. နှစ်ယောက်စလုံးကို သိပ်ကြိုက်ခဲ့သူပါ။
    နှမြောလိုက်တာ။

    ReplyDelete
  3. သေတော့ ဘာမှ ဘာမသွားခဲ့ဘူး..
    ပကာဓန၊ စည်းစိမ်ဥစ္စာ ဘာတစ်ခုမှ ပါမသွားခဲ့ပေမယ့်
    သူတို့လုပ်ခဲ့တဲ့ ကောင်းကျိုးနဲ့ အောင်မြင်မှုတွေက လူတွေကြားထဲမှာ
    ကျန်ရစ်နေခဲ့ပါတယ်

    ReplyDelete
  4. မနက် ၈နာရီ စက်ဖွင့်တော့ တွေ့လိုက်ရတဲ့သတင်း
    ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်ဘူး..
    တရုတ်လိုသတင်း..ဘိုလို သတင်းတွေ
    ၂ဖက်စလုံးသေချာကြည့်ပြီးမှ..လက်ခံနိုင်တော့တယ်..

    ReplyDelete
  5. it's "for you and for me"
    not only "you and for me"

    ReplyDelete
  6. အင်း..ဒီနေ့ မနက်စောစော ဒီသတင်းတွေကိုစသိတာ ဒီဘလော့ကပဲ..အဲ ကောမန့်ပွတ်လိုက်မိတာက နောက်နေ့ မနက်စောစော..။

    ReplyDelete