Wednesday, June 24, 2009

ွှTRANSFORMER II : REVENGE OF THE FALLEN






ကြည့်ပျော်တဲ့ ကားကောင်းလေး တစ်ကားပါ။ ပထမကားကို စံချိန်ချိုးနိုင်လိမ့်မယ် ထင်ပါတယ်။ ပထမကားထက် ပိုကောင်းလားပါတယ်။ ၂ နာရီနဲ့ မိနစ် ၄၀ နီးပါး မပျင်းမရိရအောင်ကို ကြည့်မိတဲ့ ကားလေးပါ။ ဆမ်ကတော့ ထုံးစံအတိုင်း အူတူတူ အတတ ပါပဲ။ ကောလိပ်သွားတက်ရပြီပေါ့။ ဒီတစ်ခေါက် စက်ရုပ်တွေ ပိုစုံတယ်။ ပိုလဲ ရယ်စရာ ကောင်းတယ်။ ကြည့်သင့်တဲ့ ကားလေးပါ။

မင်းသမီးက ပိုပြီး ဆက်ဆီ ဖြစ်လာတယ်။ မင်းသားက ရုပ်ကျသွားတယ်။ ငယ်နုတဲ့ ရုပ်မပေါ်တော့ဘူး...။ ကားတွေကနေ စက်ရုပ် အသွင်ပြောင်းတာ အတော့်ကို ချောချောမွေ့မွေ့ ဖြစ်လာတယ်။ ကြည့်ရတာ အားရတယ်။ စပါယ်ရှယ် အက်ဖ်ဖက်တွေ သုံးတာ မျက်စိပသာဒ ဖြစ်တယ်။

ဒီကားမှာတော့ BUMBLEBEE (Camaro) က မင်းသား ဖြစ်လုလုပဲ။ ခမျာ ပထမကားမှာ ရန်သူတွေနဲ့ တိုက်ခိုက်ရင်း အသံအိုးကွဲသွားတော့ ပင်ကိုယ်အသံ မရှိရှာဘူး။ ဆမ်ကို တစ်အား သံယောဇဉ် ဖြစ်တဲ့ စက်ရုပ်ပေါ့။
BumbleBee (Camaro)


၁၈ ဘီးတပ် ထရပ်ကားစက်ရုပ်ကြီး OPTIMUS PRIME (18 WHEELER) က ဒီကားမှ သေသွားလို့လေ...။ သူက ခေါင်းဆောင်ပေါ့။ သူမရှိရင် Fallen တွေကို ရင်ဆိုင်နိုင်သူ မရှိဘူး။ သူက ရာဇ၀င်မှာ တွင်တဲ့ ဒဏ္ဍာရီ စက်ရုပ် သူရဲကောင်းပေါ့။

OPTIMUS PRIME (18 WHEELER)

အခု အတောအတွင်း `ကြည့်မိတဲ့ ကားတွေမှာ Night of Musem II နဲ့ Transformers II နှစ်ခုမှာ သတိထားမိတာက အမေရိကန်က Smithsoneum ပြတိုက်ထဲမှာ ရိုက်တဲ့ အကွက်တွေ ပါတာပဲ။

6 comments:

  1. ရုံရှေ့ ဒီနေ့ရောက်ခဲ့သားဘဲ .မကြည့်ခဲ့ပါဘူး။ လူကြီးကားဘဲစိတ်ဝင်စားတယ်။

    ReplyDelete
  2. Toy story လို ကာတွန်းကားဆို ကြည့်မယ်

    ReplyDelete
  3. ကြည့်ပြီးသွားပြီ။ ခိုးကူးခွေဖြစ်ခြင်းသကာလ မှုန်ဝါးဝါးပေါ့။

    ကလေးကားတွေလည်း ကြည့်လို့ကောင်းပါတယ်။ (လူကြီးကားတွေများ ရင်တုန်လွန်းလို့)။

    Transformers များ ဘာဟုတ်သေးလဲ။ ကျွန်တော်ဆို အိမ်က ကလေးတွေနဲ့ ပေါင်းပြီး Ben10 တို့၊ Power Ranger တို့တောင် ကြည့်တယ်။

    ReplyDelete
  4. မနာလိုကြလို့ ကလေးကားလို့ ပြောတာပါ...။
    ကျွန်တော်ဆို စနိုးဝှိုက်တို့၊ စင်ဒရဲလားတို့၊ စလစ်ပင်း ဗြူတီတို့၊ The Lion King, Mulan, Beauty and The Beast, Toy Story 1,2,3 အကုန်ကြည့်တယ်။
    လူကြီးကားလဲ ကြည့်တယ်။ Enemy of the state, The art of War, The Thin Red Line, Eleven Days and Nights in Tokyo, Green Chair, La Belle, Hero, The Lover, အို အကုန်ကြည့်တယ်။

    ReplyDelete
  5. သိပါတယ။် မဝန်ခံပါနဲ့။

    ReplyDelete
  6. ကြည့်ရင်းအိပ်ပျော်သွားတယ်။ ဒါရိုက်တာသိရင် စိတ်မကောင်းဖြစ်မှာပဲ။သွားမပြောနဲ့နော်။

    ReplyDelete