သေးငယ်တဲ့ ကမ္ဘာပိုင်ရှင်က ပြုစုလို့ ဒီနေ့ ညနေစာ ဟန်ကျသွားတယ်။
Golden Miles က Din Deang Lea Lurk ဆိုလား။ စားနေကျ ဆိုင်လေးပါ။
ဗိုက်ကို ဖေါင်းကားသွားတာပဲ။
စားဖြစ်တာလေးတွေကတော့ အောက်မှာ ပုံလေးတွေနဲ့...။
၁။ ကိုက်လန် ၀က်ခေါက်ကြော်
၂။ မပါမဖြစ် ပင်လယ်စာ တုံယမ်း
၃။ သဘောင်္သီးထောင်း (လယ်ပုစွန်လုံး)
၎။ ကြက်အရေခွံကြော်
၅။ ဖားကြက်သွန်ကြော်
၆။ ၀က်သားပြုတ်သုပ် (ဆန်လှော်ထည့်) (ဒါ့ပုံ ရှာမတွေ့လို့ မထည့်လိုက်ရတော့ဘူး)
၇။ ပုဇွန်အစိမ်းသုပ်
သရက်သီး ဖျော်ရည် နှစ်ခွက်ဆင့် သောက်ခဲ့တယ်။ စပ်လွန်းလို့...
(ပို့စ်အသစ် မတင်ဖြစ်၊ ပုံတွေနဲ့ ဆားချက်တယ်။)
New Year Wishes - Tin Moe
5 years ago
အဟား သရေကျအောင် လာလုပ်ပြနေတယ်
ReplyDeleteသူ့ ကတော့ဗိုက်ကားလို့ ဗိုက်မှောက်အိပ်နေပြီးတော့
ကျန်တဲ့လူက ပုံလေးကြည့်ပြီးသရေတစ်ယိုယိုနဲ့ ဖြစ်အောင် လုပ်တယ်ပေါ့လေ
အရက်နဲ့ မြည်းရင် ပိုကောင်းမလားလို့ စဉ်းစားနေတာ
နောက်ဆို ပုံနဲ့ တစ်ကွ လုပ်ပုံလုပ်နည်းကို ရှင်းပြပါ
အရက်သောက်ရင် မြည်းချင်လို့ 
စိတ်ပိန်လိုက်တာ ခီလောက်ရာ...။
ReplyDeleteဆိုင်မှာ သွားစားပါတယ်ဆိုမှ လုပ်နည်း လာမေးနေတယ်။
ပိုက်ဆံနဲ့ လုပ်တယ်လို့ ဖြေလိုက်ရရင် ကောင်းမလား စဉ်းစားနေတယ် ခီလောက်ရယ်...။
အာဟိ...။
စားပြီးပြီဆိုတော့ ကုန်ပြီပေါ့...
ReplyDeleteး( ပြန်ပြီ.......
လာမလည်တော့ မတွေ့သွားဘူး မဟုတ်လား...
ReplyDeleteရပါတယ်ဗျာ.... အိမ်တိုင်ရာရောက် လာပေးပါတယ်...
brother,
oh..brother
you are not
zebra...
းP
တွေ့ပါတယ်ဗျ။ Rhyme မပါလို့ မမန့်တာ...။
ReplyDeleteကာရန်ထုံးနဲ့လွဲနေလို့...။ :D
ကြည့်ပြီးဖတ်သွားသည်။ ကလစ်လဲလုပ်သည်။ တွေးခေါ်သည်. အပေါ်အောက် စုန်ဆန်သည်။
ReplyDeleteကြက်အရေခွံကြော်တဲ့.. ကိုဘ သွားဆေးခန်းပြီးတော့ cholestrol စစ်ဖို့မေးထားပါ၊ အနော်တော့ raffles medical clinic က package ယူဖူးတယ်၊ boat quay နားမှာ ရှိတယ်၊
ReplyDelete(တကယ်က မစားရလို့ မနာလိုတာပါ)
ကိုက်လန်ဝက်ခေါက်ကြော်လေး စားချင်တယ် ....
ReplyDeleteနေဒေးသစ်။
ပုဇွန်အစိမ်းသုပ် မစားဖူးသေးဘူး။ ကြက်ဟင်းခါးသီးနဲ့ ပူတီနံတွေ ပါတာတွေ့တယ်။ စားလို့ ကောင်းလား ကိုဘ။
ReplyDeleteဟယ်..မနာလိုလိုက်တာ။
ReplyDeleteအပေါ်ဆုံးက ဝက်ခေါက်+ကိုက်လန်.. ချားချင်တယ်၊ ဖားကြော် စားချင်တယ်
ReplyDeleteဟယ်.. အဲဒါ နာပဲ...
ReplyDeletesdl
ခင်ဦးမေ - အပေါ်အောက် စုန်ဆန်တော့ ဘာတွေ့လဲ။ ကလစ်စရာ ဘာမှ မပါဘူး ထင်တယ်။ (ဒါ့ပုံတွေက လွဲပြီးတော့)
ReplyDeleteမဲလေး - ကိုလက်စထရောများကို ကြာကြာနေ တစ်လနေမှ တစ်ခါသာ စားဖြစ်ပါသည်။ ဗိုက်ရွှဲနေ၍ အဆီများကို သတိထား စားနေသည်။
နေဒေးသစ် - ကိုက်လန် ၀က်ခေါက်ကြော်သည် ထိုညက ကျွန်တော့်အကြိုက် အစားအစာ ဖြစ်ကာ သေးငယ်သော ကမ္ဘာပိုင်ရှင်အတွက်ပင် မကျန်အောင် တုပ်လိုက်မိသည်။
မီယာ - ပုဇွန် အစိမ်းသုပ်ကို အစိမ်းမစားဖူးသူများ ကနဦး၌ မကြိုက်သော်လည်း စားပြီးလျင်ကား ကြိုက်သွားမည်မှာ မုချ ဖြစ်ပါသည်။ ကျွန်တော့်အတွက်ကတော့ ကောင်းသည်။ (ဘီလူးသေ၍ ၀င်စားသောကြောင့် သားစိမ်းငါးစိမ်း ကြိုက်ပါသည်။)
ဆင်ဆင် - နောင်တွင် ယခုကဲ့သို့ အကောင့် မှားမ၀င်မိအောင် သတိထားပါလေ။ ကိုက်လန်+၀က်ခေါက်၊ ဖားကြော် စားချင်လျင် လိုက်ပို့ပေးမည်။ ကုန်ကျစရိတ်များကို ဒကာ ခံပါလေ...။
ကိုဘ ပုဇွန် အမှီးလေးတော့ ချန်ထားနော့်..
ReplyDeleteတော်ကြာ ဒကာ တောင် မျက်လုံးပြူး နေမှာ ဆိုးလို့း))
ReplyDeleteမီးချစ်က ပုဇွန်ကို အမြီးပါ စားတယ်တဲ့လား။ တို့များတော့ မစားဘူး။ ချန်ထားခဲ့တယ်။
ReplyDeleteဒကာလား။ မျက်လုံး မပြူးပြီး (သူက ပုဇွန်အစိမ်းမှ မကြိုက်တာ)
ကိုက်လန်ကြော် မကျန်တာတော့ ပွစိတယ်...။ :D
အဲလောက် အများကြီး နှစ်ယောက်ထဲစားတာလား (ကတောက်)
ReplyDeleteဟေ့လူ နောက်တစ်ခါ အိုးပန်း အိုင်ဒီ နဲ့ ကွန်မန့်ပေးလို့ရအောင်လုပ်ထားပါ ဒါပဲ
ReplyDeleteဟင့်အင်း... အနောနီးမတ်စ်တွေကို ကြောက်တယ်။
ReplyDeleteဂျီမေးလ် အကောင့်နဲ့ လာပါ...။ ဒါပဲ..။ ဟွန့်..
ကွန့်ချင်သေးတယ်.. သူက
တိုတိုဂွနော်...။ ဟိဟိ
ဖားကြက်သွန်ကြော်၊ ကြက်အရေခွံကြော် တဂျွတ်ဂျွတ် ၀ါးသွားတယ်။
ReplyDeleteမိုက်တယ်။
မချိုသင်းက အစားနဲ့ သတင်းဆို ရောက်လာတယ်။ ကျန်တဲ့ချိန်ဆို ဒီဘက်ကို မလှည့်တာ။
ReplyDeleteအစားအသောက် တင် မကဘူး
ReplyDeleteဂေါ်လီလုံး ပိုင်ရှင် (N3) လား ၊ “ဘဘ” ဟာလားတော့ သိဘူး
Iphone နားကျပ် လေးပါ အစစ် ငမ်း သွားပါတယ်