Sunday, June 14, 2009

Korean Movies OST ကြိုက်မိသော ဇာတ်ဝင်သီချင်းများ (၂)

အခုတစ်ခေါက် နားဆင်စေချင်တဲ့ ဇာတ်ဝင်သီချင်းကတော့ ကိုရီးယားကားများထဲက ဖြစ်ပါတယ်။
ပထမကားကတော့ The Classic အမည်ရ ကိုရီးယားကားလေး ဖြစ်ပါတယ်။ April Snow ဇာတ်ကားထဲက မင်းသမီးလေး Son Ye Jin ပါဝင် သရုပ်ဆောင် ထားတာပါ။ အဲဒီထဲကမှ နားထောင်ချင်နေတဲ့ သီချင်း နှစ်ပုဒ် ရှိပါတယ်။ ပထမ တစ်ပုဒ်ကတော့ အအေးလေး၊ အလွမ်းအဆွေး အမျိုးအစားလေးပေါ့။ ဒီတစ်ခါလဲ စာသား နားမလည်ပေမယ့် သီချင်းသံစဉ်ကို ခံစားကြည့်လိုက်ပါ။


ဒုတိယ တစ်ပုဒ်ကတော့ အမြူးလေးပါ။ Me To You, You To Me လို့ အမည်ရပါတယ်။ ဗားရှင်းနှစ်မျိုး တင်လိုက်ပါတယ်။
Me To You, You To Me (Version 1)



Me To You, You To Me (Version 2)



Imeei ကနေ MP3 Version တော့ တွေ့တယ်။ ဒေါင်းလုဒ်လုပ်တာကတော့ ဘယ်လိုမှ မလုပ်တတ်လို့ တစ်ယောက်ယောက်ကို မေးလိုက်ပါ နန်းညီ။


I to you, You to me - THE CLASSIC


-----------------------------------------

နောက်တစ်ခါ ထပ်နားဆင်ကြည့်စေချင်တာကတော့ နာမည်ကျော် My Sassy Girl ဇာတ်ကားထဲက သီချင်းပါ။ I Believe လို့ အမည်ရပါတယ်။ ဒီသီချင်းကတော့ အတော့ကို နာမည်ကြီးသွားတယ်။ ဂျပန်၊ တရုတ်၊ မလေး၊ ဗီယက်နမ်၊ ထိုင်း အားလုံး ပြန်ဆိုထားကြတယ်။

I Believe



xxxxxxxxxxxxxxxxxxxxxx

ဘောနပ်စ်အနေနဲ့ကတော့ ကျွန်တော် သဘောကျတဲ့ Pachebell ရဲ့ Canon သီချင်းကို My Sassy Girl နဲ့ The Classic နှစ်ကားစလုံးမှာ သုံးထားပေးတာပါပဲ။ အခုဗားရှင်းကတော့ My Sassy Girl ထဲက သုံးထားတဲ့ ဗားရှင်းပါ။ နာမည်ကျော် ဂန္တ၀င်တေးသွားဖြစ်တဲ့ Pachebell ရဲ့ Canon ကို အောက်မှာ နားဆင် ခံစားကြည့်ပါ။ (ကျွန်တော့်ရဲ့ အိပ်ရာဝင်တေးသွားလေး လို့လဲ ပြောလို့ရပါတယ်။)

2 comments:

  1. ပြောရင် ယုံမှာ မဟုတ်ဘူး.
    အားလုံးကိုအချိန်ပေးပြီးသေချာနားထောင်သွားပါသည်။
    ကားလေးတွေ ကိုက ကားသန့်လေးတွေ ကောင်းမဲ့ပုံရှိတယ်။ မကြည့်ဖြစ်...လို့နောင်တ ရသလိုတောငဖြစ်သွားမိတယ်။
    ရှယ်တာ ကျေးဇူးပါလို့
    ပြောရင်တော့အလုပ်သဘောလိုဖြစ်သွားမှာစိုးလို့မပြောတော့ဘူ
    သူများတွေ ဖတ်သွားပြီးဘာမှ မပြောသွားကြလို့ခေတ်မီအောင် ဘာမှ မပြောဘဲနေဦးမလို့ဘဲ။ မနေနိုင်တာနဲ့ပြောမိတယ။်

    ReplyDelete
  2. Classics ကားထဲက သီချင်းလေးတွေ ပိုကြိုက်တယ် ...
    နေဒေးသစ်။

    ReplyDelete