Showing posts with label iPhone 3GS. Show all posts
Showing posts with label iPhone 3GS. Show all posts

Monday, June 4, 2012

How to Jailbreak iPhone , iPad on iOS 5.1.1 with Absinthe

Apple product တွေ ဖြစ်တဲ့ iPhone နဲ့ iPad ကို Absinthe 2.0.4 ဖြစ်တဲ့ Jailbreak software ကို အသုံးပြုပြီး ထောင်ဖောက်ပုံ အဆင့်ဆင့်ပါ။
၁။ မိမိ ကွန်ပြူတာထဲမှာ iTunes ကို ဒေါင်းလုဒ် လုပ်ပြီး အင်စတော လုပ်ထားပါ။
၂။ Absinthe Software ကိုလဲ အောက်ကလင့်ခ်ကနေ မိမိသုံးတဲ့ ကွန်ပြူတာ အမျိုးအစားကို (Mac or Windows OS) လိုက်ပြီး Download လုပ်ထားပါ။

For Mac : https://sites.google.com/site/greenpois0nabsinthe/absinthe-mac-2.0.4.dmg?attredirects=0&d=1

For Windows : https://sites.google.com/site/greenpois0nabsinthe/absinthe-win-2.0.4.zip?attredirects=0&d=1

For Linux : https://sites.google.com/site/greenpois0nabsinthe/absinthe-linux-2.0.4.tar.bz2?attredirects=0&d=1

၃။ မိမိရဲ့ အိုင်ဖုန်း အိုင်ပက်ကို ကွန်ပြူတာနဲ့ ချိတ်ပြီး အိုင်ကျွန်းကနေ ဝင်လိုက်ပါ။ (အိုင်ကျွန်းက မိမိနရဲ့ အိုင်ဖုန်း အိုင်ပက်ကို Download and update လုပ်မလား။ Download only ပဲ လုပ်မလား မေးလာရင် Download only ပဲ ရွေးပြီး အိုင်ကျွန်းက ဒေါင်းလုဒ် လုပ်တာ ပြီးတဲ့ အထိ စောင့်ပေးပါ။)
၎။ အိုင်ကျွန်းမှာ ပေါ်နေတဲ့ Left Pane ထဲက မိမိရဲ့ အိုင်ဖုန်း/အိုင်ပက်ကို Right Click နှိပ်ပြီး Backup ဆိုတာကို ရွေးပေးပါ။ အိုင်ကျွန်းက မိမိဖုန်းထဲက အချက်အလက် Data, Contacts, SMS, Notes စတဲ့ အရေးကြီး အချက်အလက်တွေကို Backup လုပ်ပြီး သိမ်းထားပေးပါလိမ့်မယ်။ အိုင်ကျွန်း Title Bar က Backup status လေး ပျောက်သွားတဲ့ အထိ စောင့်ပေးပါ။
၅။ အိုင်ကျွန်းက Left Pane ထဲကပဲ အိုင်ဖုန်း/အိုင်ပက် ကို ကလစ်တစ်ချက် နှိပ်ပေးပါ။ Main Windows မှာ update နဲ့ Restore ဆိုတာ ပေါ်လာပါမယ်။ အဲဒီမှာ Restore ကို ရွေးပါ။ Factory Setting ကိုပဲ ရွေးပါ။ (Restore from Backup မရွေးပါနဲ့။)
၆။ အိုင်ကျွန်းက မိမိ အိုင်ဖုန်း/အိုင်ပက်ကို Restore လုပ်နေတာကို စောင့်ပေးလိုက်ပါ။ အိုင်ဖုန်း/အိုင်ပက်က ပါဝါ ဖွင့်ချည် ပိတ်ချည် လုပ်ပြီးရင် အိုင်ဖုန်း အိုင်ပက်သည် Restore လုပ်ပြီးပါပြီ။
၇။ အမှတ်စဉ် ၂ မှာ ဒေါင်းလုဒ်လုပ်ထားတဲ့ ဖိုင်ကို ဖြည်လိုက်ပါ။ ဖိုင်ဖြည်ပြီးရင် အရိုးခေါင်းပုံကို ကလစ်နှိပ်ပြီး Enter ခေါက်ပါ...။ 
၈။ ဖိုလ်ဒါ တစ်ခု ပေါ်လာပါမယ်။ ပေါ်လာတဲ့ ဖိုလ်ဒါထဲက Absinthe ဆိုတဲ့ apps ကို double click နှိပ်လိုက်ပါ...။
၉။ Absinthe ဆော့ဖ်ဝဲက အိုင်ဖုန်း/အိုင်ပက်ကို detect လုပ်မိရင် jailbreaking အဆင့်ကို စတင်ပါမယ်။
၁၀။ မိမိတို့ရဲ့ အိုင်ဖုန်း အိုင်ပက် အမျိုးအစားကို လိုက်ပြီး ထောင်ဖောက်ခြင်း ကြာချိန် ၂-၃ မိနစ်ခန့် ကြာတတ်ပါတယ်။ (မိမိဖုန်းကို ထောင်ဖောက်နေစဉ် ကာလအတွင်းမှာ ထိတို့ခြင်း မပြုပါနဲ့။ ဖုန်းက အော်တို ဖွင့်တာ ပိတ်တာ ပြုနေပါမယ်။)


ဇော်ဂျီဖွန် ထည့်သွင်းခြင်း။
၁။ ထောင်ဖောက်ပြီးရင် cydia ဆိုတာလေး home screen မှာ ပေါ်ပါလိမ့်မယ်။
၂။ အဲဒီ cydia ထဲက Manage> Source> Edit ကို နှိပ်ပြီး အောက်က Repo လင့်ခ်ကို Add ပေးပါ...။
http://cydia.macforus.com
၃။ Repo လင့်ခ်ကို ထည့်ပြီးတာနဲ့ Cydia က source ကို update လုပ်ပါလိမ့်မယ်။
၎။ အဲဒီနောက် cydia.macforus.com ကို နှိပ်ပြီး အောက်က ပုံထဲက အမှန်ခြစ် အစိမ်းလေး ခြစ်ထားတဲ့ ဖိုင် နှစ်ဖိုင်ကို install လုပ်လိုက်ပါ။


၅။ အိုင်ဖုန်း အိုင်ပက်ကို ပြန်ပြီး ရီစတတ်လုပ်လိုက်ပါ....။
၆။ ဖုန်း ပြန်ပွင့်လာရင် Setting > General > Keyboard > Add ကနေ Czech ကီးဘုတ်ကို Add ပေးလိုက်ပါ။ ဖုန်းကို ပြန်ပြီး Restart လုပ်လိုက်ပါ။
မြန်မာစာနဲ့ ပတ်သက်တဲ့ ပို့စ်များ၊ ဖိုင်များ ဖတ်ရှုနိုင် ရေးသားနိုင်ပါပြီ။


Credit : greenpois0n.com

Thursday, July 7, 2011

Why and What to do after JailBreak iPad 2

မင်္ဂလာပါ ချစ်မိတ်ဆွေများ။
မနေ့ကတော့ ချစ်မိတ်ဆွေတို့တစ်တွေ မိမိတို့ရဲ့ iPad 2  ကို ဝမ်းပန်းတစ်သာ ပျော်ရွှင်စွာ ထောင်ဖောက်ပြီးကြကုန်ပြီ ထင်ပါတယ်။
အောင်မြင်စွာ ထောင်ဖောက်ပြီးသူများကို ထောင်ဖောက်သူများ အသိုင်းအဝန်းကနေ နွေးထွေးလှိုက်လှဲ ပျော်ရွှင်စွာနဲ့ အတိုင်းမသိ သောင်းသောင်းဖြဖြ ကြိုဆိုလိုက်ပါတယ်။ (လက်ခုပ်တီးပေးကြပါ။ ဖြောင်းဖြောင်းဖြောင်း)


ကဲ .... ကျွန်တော်တို့ ဒီ ကိုComex ရဲ့ Jailbreakme 3.0 ကို သုံးပြီး ထောင်ဖောက်တာ ဘယ်လောက်လွယ်တယ်ဆိုတာ သိခဲ့ကြပြီ မဟုတ်လား။ အိုင်ပက်ထဲက ဆာဖာရီလေးကိုဖွင့်၊ ပေးထားတဲ့ လင့်ခ်ကို သွား၊ ခလုတ်လေး တစ်ချက်၊ နှစ်ချက်လောက် နှိပ်လိုက်တာနဲ့ တန်ဒန့်တန်း ဆိုပြီး အပ်ချလောင်းနဲ့ ထောင်ဖောက်ပြီးသွားတယ်။ မကောင်းလား။ မလွယ်လား...။ 
အရင်က ကျွန်တော်တို့ သုံးခဲ့တဲ့ နှင်းပွင့်နီ(RedSnow)တို့၊ သံပုရာမိုး(Limerain)တို့၊ အဆိပ်စိမ်း(GreenPoison)တို့နဲ့ နှိုင်းယှဉ်ရင် အတော်ကို လွယ်ကူသက်သာတဲ့ ထောင်ဖောက်နည်းပါ။ နှင်းပွင့်နီနဲ့ သုံးပြီး ထောင်ဖောက်မယ်ဆိုရင် ပထမ DFU mode ဆိုတာ သိရမယ်။ Recovery mode ကို ရအောင် ဖုန်းရဲ့ Home Button နဲ့ power button ကို ဘယ်နှစ်စက္ကန့်ကြာအောင် နှိပ်ပြီး ဘယ်လောက်ကြာမှ ပါဝါ ခလုတ်ကို လွှတ်ပါ။ Home Button ကို ၁၀ စက္ကန့်လောက် ဆက်ဖိထားပါ ဘာညာဆိုပြီး ဇယား အတော် ရှုပ်ခဲ့တယ်ကလား...။ 
ဒါတောင် အနှိပ်မတော် အဖိမတော်ရင် ဖုန်းက DFU mode မဟုတ်ပဲ Recover mode ဖြစ်သွားလို့ error 1505 တွေ ပေါ်လာတာတွေ..... အိုင်ဖုန်းမှာ ပန်းသီးပုံလေးပဲ ပေါ်ပြီး ငုတ်တုတ် ဒီအတိုင်း ဖြစ်နေလို့ အမောင်ကယ်ပါ ကိုယူပါ ဖြစ်ခဲ့ရတာတွေလဲ မနည်းတော့ပါဘူး။ ခုတော့ ဒီ jailbreakme 3.0 ကျေးဇူးကြောင့် ခလုတ်လေး တစ်ချက် နှစ်ချက် ကလစ်နှိပ်လိုက်တာနဲ့ လွယ်ကူသက်သာ မြန်ကောင်းချောမွေ့ ထောင်ဖောက်နိုင်ပါပြီ။


ကဲ...။ ကျွန်တော်က ပြောလို့ ထောင်ဖောက်တယ်တဲ့။ ဘာလို့ ထောင်ဖောက်ကြလဲ။ (ဟမ်... သူပဲ ဖောက်ခိုင်းပြိးတော့ သများ ပြန်လာမေးနေသေးတယ်။ ဘူးဟူးဟူးဟူး...)
ပုံမှန်ဆိုရင် ပန်းသီးက သူ့အိုင်ထုတ်ကုန်တွေကို အတိုင်းအတာ တစ်ခုအထိသာ အသုံးချခွင့် ပေးထားပါတယ်။ Fully Functional ဖြစ်အောင် သူခွင့်မပြုထားပါဘူး။ 
နောက်တစ်ခုက သူ့ထုတ်ကုန်မှာ၊ Apps Store မှာ apps တွေ ထည့်ချင်တယ် သုံးချင်တယ်ဆိုရင် သူခွင့်ပြုတဲ့ apps တွေကိုမှ Install လုပ်ခွင့် ပေးပါတယ်။ 
ဒါတော်တော်ဆိုးပါတယ်။ အရမ်းကို ဆိုးပါတယ်။ ဆိုးဆိုးဝါးဝါးကို ဆိုးရွားပါတယ်။ (ခေါင်းခါလျက်)
ဒါဟာ မိုနိုပိုလီ လုပ်တာ ဖြစ်ပါတယ်။ Anti-Trust နဲ့လဲ ငြိနေပါတယ်။ (ပန်းသီးဟာ Anti-Trust နဲ့ ပါတ်သက်လို့ ငြိစွန်းမှု ရှိမရှိကို ဥပဒေပညာရှင်များက လေ့လာနေပါတယ်။)
ပန်းသီးက သူ့ Apps Store မှာ တင်ရောင်းနိုင်မယ့် apps တစ်ခု ဖြစ်ဖို့ အောက်က အချက်တွေနဲ့ အနည်းဆုံး ကိုက်ညီရပါမယ်။

  • သူ့ကို apps တစ်ခုရောင်းရတိုင်း ၃၀% ကော်မရှင်ပေးရမယ်။
  • ပန်းသီးက ထုတ်ခဲ့တဲ့၊ ထုတ်မယ့် apps တွေနဲ့ မတူရဘူး။ (ဒါကတော့ လူလည်ကျလွန်းတယ်။ သူမထုတ်သေးတဲ့ apps ကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ အခုတစ်လောတင် ပြဿနာ တက်နေတယ်။ Wifi-Sync ဆိုတဲ့ apps ဟာ Apps Store မှာ တင်ချခွင့် မရပါဘူး။ အခုတော့ Cydia Store မှာ လက်မလည်အောင် ရောင်းနေရပါတယ်။ ပန်းသီး လူလည်ကျတာကတော့ နောက်ထုတ်မယ့် iOS 5 ထဲမှာ အဲဒီ Wifi-Sync လို ဆန်ဆန် function တစ်ခု ထည့်လိုက်တာ ဖြစ်ပါတယ်။ အဲဒီ apps ထွင်တဲ့ တစ်ယောက် ဦးနှောက် ဖောက်ခံလိုက်ရလား ဆိုတာတော့ ပန်းသီးဖက်ကပဲ သိပါလိမ့်မယ်။)
  • ပန်းသီးအင်္ဂျင်နီယာတွေ စမ်းသပ်ပြီး approve ဖြစ်မှ ရပါတယ်။
အဲဒီအချက်တွေကြောင့် တစ်ချို့သော apps ကောင်းအများစုဟာ Apps Store မှာ တင်ခွင့် မရလိုက်ကြပါ။ ဒီအခါမှာ apps developer တစ်ယောက်ဖြစ်တဲ့ Saurik ဟာ ပန်းသီးရဲ့ Apps Store ကဲ့သို့သော Store တစ်ခုကို ထောင်လိုက်ပါတယ်။ အဲဒါကတော့ ထောင်ဖောက်သူများ အကြား ရေပန်းစားတဲ့ Cydia Store ဆိုတာပဲ ဖြစ်ပါတယ်။ ပန်းသီးက ခွင့်မပြုတဲ့ apps တွေဟာ အဆိုပါ Cydia Store မှာ တင်ရောင်းကြပါတယ်။ ဒီ Cydia Store က apps တွေကို သုံးချင်တယ်ဆိုရင်ဖြင့် မိမိတို့ရဲ့ iDevices ကို ထောင်ဖောက်မှသာ အသုံးပြုနိုင်ပါမယ်။ ပန်းသီးက Cydia Store ကို သူ့ရဲ့ Apps Store ထဲ အတင် မခံတဲ့ အတွက် Install လုပ်လို့ မရပါ။ ထောင်ဖောက်မှသာ Cydia Store ကို Install သုံးပြီး လုပ်ရတာပါ။
ဒါကတော့ ပန်းသီးက ခွင့်မပြုလိုက်ပေမယ့် User တွေအတွက် အသုံးဝင်တဲ့ apps တွေကို သုံးနိုင်ဖို့အတွက် ထောင်ဖောက်ရတဲ့ ရည်ရွယ်ချက်ပါ။

နောက်တစ်ချက်ကတော့ ပန်းသီးထုတ်ကုန်တွေ အကုန်လုံးကို သုံးချင်တယ်ဆိုရင် ကွန်ပြူတာနဲ့ iTunes ကနေတစ်ဆင့် လုပ်ရပါတယ်။ ဒါဟာ အတော်ကို ဆိုးဝါးပါတယ်။ Sync လုပ်တယ်ဆိုတာ မသိတဲ့သူ လုပ်မိရင် မိမိတို့ရဲ့ iDevices ထဲက ဖိုင်တွေ၊ ဒေတာတွေ၊ ဖုန်းနံပါတ်တွေ၊ အရေးကြီး မှတ်တမ်းတွေ ဆုံးရှုံးတတ်ပါတယ်။ ကျွန်တော် ပန်းသီး ပစ္စည်းတွေ စစသုံးတုန်းကဆို သွင်းထားတဲ့ သီချင်းတွေ၊ ဖုန်းနံပါတ်တွေ ပျောက်ပျောက်ကုန်ပါတယ်။ နောက်မှ နည်းနည်းပါးပါး နားလည်လာတော့မှ အဲဒီဒဏ်တွေက သက်သာတာပါ။ 
ဆိုတော့... ဖုန်းကို ထောင်ဖောက်လိုက်ရင် အကျိုးကျေးဇူးတစ်ခုကတော့ iFile သို့မဟုတ် iFunBox ဆိုတာကို သုံးပြီးတော့ ဖုန်းရဲ့ Charging port နဲ့ ကွန်ပြူတာရဲ့ USB port ကို သွယ်ပြီး ဒေတာတွေ၊ ဓါတ်ပုံတွေကို လွယ်လင့်တကူ Drag and Drop လွဲပြောင်းကူးယူမှုတွေ လုပ်နိုင်ပါတယ်။ အိုင်ကျွန်းဆိုတာ ဖုန်းကို ရီစတိုး လုပ်ချင်မှ ဒါမှမဟုတ် iOS Version အသစ်ကို မြှင့်ချင်မှပဲ အသုံးပြုရမယ့် အဆင့်ကို ရောက်သွားနိုင်ပါတယ်။
အထက်က ရေးခဲ့တာတွေကတော့ ကျွန်တော် နားလည်သလောက် သိသလောက်တွေထဲက ကောင်းနိုးရာရာ ထောင်ဖောက်ခြင်း အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။
အခုတော့ အိုင်တီ လက်တက်လူငယ်များရဲ့ ကျေးဇူးကြောင့် ထောင်ဖောက်တဲ့ ဆော့ဝဲတွေ အများကြီး ပေါ်လာပါပြီ။ သူ့နည်းသူ့ဟန်နဲ့ ခက်တာတွေ ရှိသလို လွယ်တာတွေလဲ ရှိပါတယ်။ အလွယ်ဆုံးကတော့ အခု နောက်ဆုံး အိုင်ပက်တူးကိုပါ ထောင်ဖောက်လို့ရတဲ့ ကိုကောမက်ရဲ့ Jailbreakme 3.0 ပါပဲ။ သူ့ကို Untethered Jailbreak လို့ ခေါ်ပါတယ်။ အဲဒါကတော့ ထောင်ဖောက်ပြီး နောက်ပိုင်း ဖုန်းကို ပါဝါ ပြန်ဖွင့်တဲ့ အခါမှာ နောက်ထပ်တစ်ခါ ကွန်ပြူတာနဲ့ ချိတ်ပြီး ထောင်ဖောက်ပေးဖို့ မလိုတာကို ပြောတာပါ။ နှင်းနီတို့၊ သံပုရာမိုးတို့ဟာ ဗားရှင်းအဟောင်းတုန်းကဆို အဲလို ကွန်ပြူတာနဲ့ ပြန်ပြန်ချိတ်ပြီး ထောင်ပြန်ဖောက်ပေးရတဲ့ သာဓကတွေ ရှိပါတယ်။ အဲလို ထောင်ဖောက်တာမျိုးကိုတော့ Tethered Jailbreak လို့ ခေါ်ပါတယ်။ 

Jailbreakme 3.0 ဆော့ဖ်ဝဲ အလုပ်လုပ်ပုံကတော့ ရိုးရှင်းပါတယ်။ ရိုးရှင်းလွန်းလို့ ဗိုင်းရပ်စ်လို့ ဆိုရမယ့် malicius program တွေတောင် သူ့နည်းအသုံးပြုပြီး iDevices တွေကို ဒုက္ခပေးနိုင်ပါတယ်။ Apple iOS ဟာ စထုတ်ကတည်းက ပြစ်ချက်တွေနဲ့ မကင်းခဲ့ပါဘူး။ လုံခြုံရေးဟာကွက်၊ ယိုကွက်တွေနဲ့ ပြည့်နေခဲ့ပါတယ်။ အဲဒီအတွက် ပန်းသီးက သူ့အိုအက်စ်တွေကို အခါအားလျော်စွာ patch တွေထုတ်ပြီး မူလ အိုအက်စ်ထဲ ထည့်ပေါင်းပြီးတော့ အိုအက်စ်အသစ် ထုတ်ပေးခြင်းအားဖြင့် ယိုပေါက်တွေ လုံခြုံရေးအားနည်းချက်တွေကို ဖာထေးပါတယ်။

ဒါပေမယ့် iOS 3.1.3 အထိ ပါလာတဲ့ ယိုကွက်တစ်ခု ရှိပါတယ်။ အဲဒီတုန်းကလဲ Comex က အဲဒီ ယိုပေါက်တွေထဲက တစ်ခုကို အသုံးချပြီး iOS 3.1.3 ကို ထောင်ဖောက်ပေးနိုင်တဲ့ Jailbreakme 2.0 ကို ထုတ်ခဲ့ပါတယ်။ အဲဒီယိုကွက်ကို PDF Exploit လို့ ခေါ်ပါတယ်။ Comex က အဲလို ယိုကွက် PDF exploit ကို အများကြီး တွေ့ထားပါတယ်။ Jailbreakeme 2.0 မှာ ယိုကွက်တွေထဲက တစ်ခုက သုံးပြီး ပန်းသီး System ထဲကို ဝင်ရောက်ကာ ဖိုင်တစ်ချို့ကို ပြန်ပြင်ရေးခြင်းဖြင့် iDevices တွေကို ထောင်ဖောက်နိုင်အောင် လုပ်ပေးတာပါ။ အဲဒီတုန်းက Comex က သူသုံးခဲ့တဲ့ exploit ကနေ တစ်ဆင့် တစ်ခြား မသမာတဲ့ hacker တွေက အသုံးချမှာကို ကာကွယ်တဲ့ အနေနဲ့ PDF Patch တစ်ခုကို ထပ်မံ ထုတ်လိုက်ပြီး ထောင်ဖောက်တဲ့ ဖုန်းတွေတိုင်း အဆိုပါ patch ကို မဖြစ်မနေ Download လုပ်ပြီး မိမိစက်ထဲက ယိုကွက်ကို ပိတ်အောင် တိုက်တွန်းပေးခဲ့ပါတယ်။ 

ပန်းသီးကလဲ Comex သုံးခဲ့တဲ့ ယိုပေါက်ကို သူတို့နည်း သူတို့ဟန်နဲ့ ပြန်ပိတ်ပြီး နောက်ထွက်တဲ့ iOS တွေမှာ ဖြည့်ခဲ့ပါတယ်။ အဲဒီအတွက် exploit အဟောင်းကို သုံးခဲ့တဲ့ Comex ရဲ့ Jailbreakme 2.0 ဟာ iOS အသစ်တွေမှာ အလုပ်မလုပ်တော့ပါဘူး။ 

ဒါတွေကို ကြည့်ခြင်းအားဖြင့် အဲတုန်းက ထောင်မဖောက်ဖြစ်ခဲ့တဲ့ ဖုန်းတွေဟာ exploit တွေနဲ့ ပြည့်နေခဲ့ပြီး လုံခြုံရေးပိုင်းဆိုင်ရာမှာ ဘယ်လောက် vulnerable ဖြစ်ခဲ့တယ်ဆိုတာ သတိထားမိရင် အတော်ကြောက်ဖို့  ကောင်းခဲ့ပါတယ်။ (လတ်တလောမှာတော့ ပန်းသီးအတွက် ဗိုင်းရပ်စ်ဆိုတာ iKee လို့ခေါ်တဲ့ အန္တရာယ်မရှိတဲ့ ဆော့ဖ်ဝဲတစ်ခုပဲ ရှိပါသေးတယ်။)

ပန်းသီးကလဲ တတ်နိုင်သလောက် သူ့ iOS တွေထဲက exploit တွေကို ရှာပြီး ပိတ်ခဲ့ပါတယ်။ ပိတ်သလောက် iOS တွေကိုလဲ ခဏခဏ အဆင်မြှင့်ခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာပဲ Comex လဲ သူတွေ့ထားတဲ့ ယိုကွက်တွေထဲက တစ်ခုခုကို သုံးပြီး ထောင်ဖောက်မယ့် ဆော့ဖ်ဝဲ အသစ်ကို ရေးပါတယ်။ ရေးရင်းနဲ့ ပန်းသီးက သူသုံးနေတဲ့ ယိုကွက်ကို ပြန်ဖာထေးတဲ့ iOS ထုတ်လိုက်ပြန်ပြီဆို သူ့အနေနဲ့ နောက်ထပ် ယိုကွက်တစ်ခုက ထုတ်သုံးပြီး ရေးရပါတယ်။ ဒါ့ကြောင့် သူ့ဆော့ဖ်ဝဲက အချိန်ကြာသွားတာ ဖြစ်တယ်။ အခုထုတ်လိုက်တဲ့ Jailbreakme 3.0 တောင် မတတ်သာလို့ ထုတ်လိုက်ရတာပါ။ သူရေးနေတာ ကြာလွန်းလို့ မစောင့်နိုင်တဲ့ hacker တစ်ယောက်က ကောမက် ဆာဗာပေါ် တင်ထားတဲ့ စမ်းသပ်ဆဲ အဆင့် ရှိတဲ့ Beta Version ဖြစ်တဲ့ Jailbreakme ဆော့ဖ်ဝဲကို ခိုးယူပြီး အွန်လိုင်းပေါ်ကို ဖြန့်လိုက်တာကြောင့် သူ့ရဲ့ မပြီးသေးတဲ့ ဆော့ဖ်ဝဲကို အချောသတ်လိုက်ရတာပါ။ အခုဆော့ဖ်ဝဲက iOS 4.3.3 ကိုပဲ support လုပ်ထားပြီး ကျန်တဲ့ အဟောင်းတွေကို ထောင်ဖောက်လို့ မရပါဘူး။ နောက်မှပဲ သူပြန် update လုပ်ပေးမယ်လို့ ဆိုပါတယ်။ ဘာလို့ သူအလောတစ်ကြီး ထုတ်ပေးလိုက်လဲ ဆိုတော့ hacker က ရသွားတဲ့ ဆော့ဖ်ဝဲထဲမှာ သူသုံးထားတဲ့ exploit ပါနေတာကြောင့် ပန်းသီးက အဲဒီ exploit ကို ဖာထေးလိုက်ရင် သူ့ အလုပ်တွေ အလဟဿ ဖြစ်သွားမှာစိုးလို့ ဖြစ်ပါတယ်။ ဒါကြောင့် ပန်းသီးက အဲဒီ အပေါက်ကို ဖာတဲ့ iOS မထုတ်ခင် သူ့ဆော့ဖ်ဝဲကို ထုတ်ပေးခြင်းအားဖြင့် သူတွေ့ထားတဲ့ exploit တွေ waste မဖြစ်ပဲ ထောင်ဖောက်နိုင်တော့တာပေါ့။

အခု exploit က PDF Exploit လို့ သိရပါတယ်...။ အဲဒီ exploit က ဆာဖာရီ ဘရောက်ဇာကနေတစ်ဆင့် သွားလို့ရပြီး apple file system တွေထဲကို မွေနှောက်နိုင်လောက်အောင် vulnerable ဖြစ်တဲ့ exploit ဖြစ်ပါတယ်။ မသမာသူများ အဲဒီ ယိုပေါက်ကို သုံးပြီး ဗိုင်းရပ်စ်တွေကို ကိုယ်မသိအောင် ထည့်သွားနိုင်ပါတယ်။ အဲဒါကြောင့် Comex က Jailbreame 3.0 ကို ထုတ်ပြီးပြီးချင်းပဲ အဲဒီ exploit ကို ပြန်ဖာထေးတဲ့ PDF Patcher2 ဆိုတာကို တစ်ပြိုင်နက်တည်း ဖြန့်လိုက်ပါတယ်။ ထောင်ဖောက်ပြီးသူများ အဆိုပါ patch ကို အသုံးပြုပြီး အခု လူတိုင်း သိနေပြီ ဖြစ်တဲ့ exploit ကို အမြန်ဆုံးဖာထေးကြပါ။ 

အဆိုပါ patch ကို အသုံးပြုဖို့က မိမိတို့ရဲ့ iDevices ကို ထောင်ဖောက်မှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ထောင်မဖောက်ရသေးတဲ့ iDevices တွေကတော့ ကျွန်တော်တို့လို ဖောက်ပြီးသား သမား များထက် ဗိုင်းရပ်စ်ကူးစက်ခံရမယ့်လမ်း ပိုများနေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ အဲဒီ အပေါက်ကို ဖာဖို့က လမ်းနှစ်လမ်းပဲ ရှိပါတယ်။ မဖာပဲ နေလိုက်ရင် သူတို့ ဆာဖာရီကနေတစ်ဆင့် သွားတတ်တဲ့ ဝက်ဘ်ဆိုဒ်တွေမှာ ဗိုင်းရပ်စ်ဆော့ဖ်ဝဲတွေ ကူးစက်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ထောင်မဖောက်ရသေးတဲ့ iDevices ပိုင်ရှင်များ ရေးရမယ့် လမ်းနှစ်လမ်းကတော့

၁။ Jailbreakme 3.0 ကို သုံးပြီး ထောင်ဖောက်ပါ။ ပြီးတော့ PDF Patcher 2 နဲ့ exploit တွေကို ဖာပါ။
၂။ ပန်းသီးကပဲ အဆိုပါ ယိုကွက်တွေကို ပြန်fix ပေးမယ့် iOS Version ထွက်လာတဲ့ အထိ စောင့်ပါ။ (ဒီကြားထဲတော့ ဗိုင်းရပ်စ်ကူးစက်ခြင်း မခံရအောင် သတိထားဖို့တော့ လိုတာပေါ့လေ။)

PDF Patcher 2 ရယူနည်းကတော့ Cydia ထဲက Search ကို အသုံးပြုပြီး PDF Patcher2 ဆိုတာ ရှာလိုက်ပါ။ တွေ့လာရင် အင်စတော လုပ်လိုက်တာနဲ့ အလိုအလျောက် exploit တွေကို ဖာထေးပြီး ဖြစ်ပါလိမ့်မယ်။

ဘလော့ရ်ဖတ်လာ မိတ်သဟာ အပေါင်း ကျန်းမာချမ်းသာကြပါစေသောဝ်။

စာကြွင်း ၁။ ။ ဘလော့ မရေးတာ ကြာလို့ ရေးဖြစ်အောင် တိုက်တွန်းပေးတဲ့ အသည်းလေးကို ကျေးဇူးတင်ပါတယ်။ သူတိုက်တွန်းလို့ ဒီပို့စ်ကို ရေးဖြစ်တာပါ။ ရေးရင်းနဲ့မှ exploit ဖာထေးဖို့ ကိစ္စ ဟာ အတော် အရေးကြီးမှန်း သိလို့ ပို့စ် အရှည်ကြီး ရေးလိုက်တာပါ။ သူ့ကို ကျေးဇူးတင်ကြပါ။ :P

စာကြွင်း ၂။ ။ ထောင်မဖောက်ရသေးတဲ့ တစ်ခြားသော အိုင်ဖုန်း အိုင်ပေါ့တ် အိုင်ပက် ပိုင်ရှင်တွေအနေနဲ့ ကျွန်တော့်ဘလော့ကို ဖတ်မရ ပြုမရ ဖြစ်မှာ မစိုးရိမ်ပါနဲ့။ စေတန်ဂေါ့ဒ် ရေးပေးတဲ့ Embedded Web Font ကို အသုံးပြုပြီး ကျွန်တော့်ဘလော့ကို ရေးထားပါတယ်။ အဲဒီအတွက် ထောင်မဖောက်ထားတဲ့၊ ဇော်ဂျီဖွန့်သွင်းမထားတဲ့  iDevices တွေနဲ့လဲ ကျွန်တော့်ဘလော့ကို ဖတ်ရှုနိုင်ပါတယ်။ ထိုနည်းတူ ဇော်ဂျီဖွန့် မသွင်းထားတဲ့ ကွန်ပြူတာကနေလဲ ကျွန်တော့ ဘလော့ကို ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

စာကြွင်း ၃။ ။ ဒီဘလော့ကို Mobile Version အနေနဲ့လဲ လွယ်လင့်တကူ သက်သာစွာ ကြည့်နိုင်အောင် စီစဉ်ထားပါတယ်။ Mobile Version မှာတော့ မူလ Web Version လို ဘေးနား side bar တွေနားက Feed Roll တွေ... နောက် ဘလော့အောက်ခြေနားက CBox တွေ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ အဲဒီဟာတွေ မြင်ချင်တွေ့ချင်တယ်ဆိုရင် မိမိတို့ရဲ့ Mobile Version စာမျက်နှာရဲ့ အောက်ခြေနားကနေ Web Version ဆိုတာကို နှိပ်လိုက်ပါ။ ကွန်ပြူတာထဲကနေ ကြည့်ရသလို Web စာမျက်နှာ အပြည့် ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် စာလုံးတွေ သေးသွားပါလိမ့်မယ်။ အဲဒီအတွက် Zoom ချဲ့ပြီး ကြည့်ကြပါဗျား...။ (ဟယ် ဆိုဒ်ဘားနားက ငွေလဲနှုန်းကို မျက်စေ့ ရောက်သွားတာ ကနေ့ ၆၄၉ ကျပ်တဲ့။ ကျသွားပြန်ပြီ။ :( )

ပေးထားချက် ။ ပုံပါအတိုင်း
မေးခွန်း ။ ။ ဤ ပုံတွင် ပန်းသီးက ခွင့်ပြုသော apps အရေအတွက်နှင့် ခွင့်မပြုသော apps အရေအတွက် ကို ဖော်ပြပါ။ (၅ မှတ်.. လွယ်လွန်းလို့။ မှန်ရင် အဲ့ထဲက တစ်ခုကို ထည့်သွင်းနည်း အသုံးပြုနည်း ပို့စ်တစ်ခုတင်ပေးမယ်။)


Tuesday, September 7, 2010

iPhone Apps : Free Memory Pro


iPhone ထဲက apps တွေကို ကောင်းနိုးရာရာလေးတွေထဲက သွင်းထားပါတယ်။
အဲဒီအထဲက အသုံးဝင်တာလေး တွေ့လို့ ဘလော့ဖတ်ဖော်ဖတ်ဖက်တွေကို ဝေမျှချင်တဲ့ apps လေး တစ်ခုပါ။
သူက ဖုန်း built-in memory ကို တိုးပေးတယ်။ နောက်ပြီး တစ်ခြားသော Free Memory Apps နဲ့ မတူတာကတော့ ဖုန်းရဲ့ RAM ကိုပါ Fix လုပ်ပေးနိုင်တဲ့ အစွမ်းလေးပါ။

Wired ဆိုတာက ဖျက်လို့ မရတဲ့ built-in OS function တွေအတွက် သုံးထားတဲ့ Memory ဖြစ်ပါတယ်။
Active ဆိုတာကတော့ လက်ရှိ ဖွင့်ထားတဲ့ apps တွေက သုံးစွဲထားတဲ့ Memory တွေပါ။
Inactive ဆိုတာကတော့ ဖွင့်ထားခဲ့တဲ့ apps တွေသုံးစွဲထားတဲ့ memory တွေ ကျန်နေတဲ့ ပမာဏပါ။
Free ကတော့ သိတဲ့ အတိုင်း အလွတ်ကျန်နေတဲ့ memory တွေပေါ့။

အသုံးပြုပုံကတော့ ညာဘက်အောက်ထောင့်က စက်ဝိုင်းပုံ မြှားအစိမ်းလေး ကို နှိပ်ပေးလိုက်ရုံနဲ့ apps က အလိုအလျောက် Refresh လုပ်ပြီး inactive ထဲက memory တွေကို Free ထဲကို ပြောင်းထည့်ပေးခြင်းအားဖြင့် Free Memory ပမာဏတွေ တိုးလာပြီး ဖုန်းလုပ်ဆောင်ချက်တွေဟာ ဖလန်း ဖလန်းကို ထလာမှာ ဖြစ်ပါတယ်။

iPhone 3G, 3GS, iPhone 4 တွေအတွက် ရည်ရွယ်ထုတ်ထားပါတယ်။ iPod Touch တွေလဲ အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။

apps ကို download လုပ် သုံးစွဲချင်ရင်တော့ ပရိုမိုးရှင်းအနေနဲ့ free ပေးထားတဲ့ ဒီကာလ (စက်တင်ဘာ ၁၅ ရက်နေ့ မတိုင်ခင်) အတွင်း Apps Store ရော ဒီကနေရော download လုပ်ယူနိုင်ပါကြောင်း မောင်းထု ကြေငြာ ပေးလိုက်ရပါတယ်။

ဒီapps ကို သုံးပြီး memory ကို free လုပ်ပေးလိုက်တာ စွမ်းဆောင်ရည် ၃၀% မက တက်လာတာ တွေ့လို့ iPhone သုံးစွဲသူ မိတ်ဆွေများကို သုံးစေချင်တဲ့ စေတနာနဲ့ အသိပေးလိုက်ပါတယ်။

(စာကြွင်း။ ။ ဤစာရေးသူ တင်ပြသော apps ကို အသုံးပြုခြင်းအားဖြင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အကျိုးအပြစ်များ အားလုံးသည် စာရေးသူနှင့် သက်ဆိုင်ခြင်း မရှိကြောင်း အသိပေးအပ်ပါသည်။ :D )

Tuesday, June 22, 2010

Apple release iOS 4

new downloadable firmware for iPhone3,1: 4.0

(8A293) - http://ios.e-lite.org/ #ios #apple #iPhone3,1

အိုင်ဖုန်း အတွက် OS အသစ်ဖြစ်တဲ့ iOS 4 ကို အခုအချိန်က စပြီး Download လုပ်လို့ရနေပြီလို့ လာပြောတာ။ အိပ်ပြီ။ ဒေါင်းလုပ်ပြီးသွားပြီ။ JailBreak တွေ ပေါ်လာမှ သွင်းမယ်...။ :P
You can download here alternatively...(This is for iPhone 3GS.)

Here
.
Total Filel Size is 579MB. (It took me 9 min to download it. luckily I was at the first 5 min to get the downloading queue. Some failed to download it.)

Wednesday, March 3, 2010

meebo for iPhone

တစ်ချို့တွေကတော့ သိပြီး ဖြစ်ပါလိမ့်မယ်။ အခုပို့စ်ကတော့ မသိသေးသူများအတွက် မျှဝေခြင်း ဖြစ်ပါတယ်။ နောင်ကိုလဲ အလျဉ်းသင့်ရင် သင့်သလို ကြုံရာ iPhone နဲ့ ပတ်သက်တာလေးကို သိသလောက် ဖြန့်ဝေသွားပါမယ်။



iPhone အတွက် IM များကို တစ်နေရာတည်းမှာ အကုန်စုထားပေးတဲ့ apps တစ်ခုပါ။
msn, yahoo, gtalk, ICQ, AIM, FaceBook စတဲ့ အကောင့်တွေကို တစ်ခုချင်း လိုက်စစ်နေစရာမလိုပဲ တစ်ချိန်ထဲမှာ chatting ဝင်နိုင်ပါတယ်။



ebuddy တို့နဲ့ မတူတဲ့ အချက်ကတော့ iPhone မှာ သူ့ကို တစ်ခါတည်း log in လုပ်ထားလိုက်ရင် apps က နောက်ကနေ running လုပ်ထားမှာ ဖြစ်ပါတယ်။ iPhone မှာပါတဲ့ Push Function ရဲ့ လုပ်ဆောင်ချက်ကို အသုံးပြုထားတဲ့အတွက် apps ကို ပိတ်ထားပေမယ့် ကိုယ် log in လုပ်ထားတဲ့ chat messenger တစ်ခုခုကနေ ပြီးတော့ တစ်ယောက်ယောက်က ကိုယ့်ကို မက်ဆေ့ခ်ျပို့လာရင်၊ chatting လုပ်လာရင် ကိုယ့်ကို အလိုအလျောက် အသိပေးတဲ့ လုပ်ဆောင်ချက် ပါပါတယ်။ တစ်ခု သတိထားရမှာက apps ကို ပိတ်ထားသော်ငြားလည်း ကိုယ် log in ဝင်နေသမျှ ကာလပတ်လုံး ကိုယ်ဟာ အွန်လိုင်းမှာ ရှိနေတယ် ဆိုတာပါပဲ။ အွန်လိုင်း မရှိစေချင်ရင်တော့ သက်ဆိုင်ရာ အကောင့်ကို log out လုပ်ဖို့ မမေ့ပါနဲ့။ တစ်ညလုံး အွန်လိုင်း ဝင်ထားတယ် ဖြစ်နေဦးမယ်။ ကြုံဖူးပါပြိ။



ဘယ်သူတွေနဲ့ ဘယ်အချိန်မှာ ဘယ်အကောင့်ကနေ ဘာတွေ ပြောခဲ့တယ်ဆိုတာကိုလဲ မှတ်တမ်းတင်ပေးထားတဲ့ လုပ်ဆောင်ချက်လဲ ပါတယ်။


နောက် စာရိုက်ရတာ အဆင်ပြေအောင် အလျားလိုက် မုဒ်လဲ ထည့်ထားပေးတယ်။
အသေးစိတ်တော့ Install လုပ်ပြီး စမ်းကြည့်ကြပါလား။

Download လုပ်ချင်သူများအတွက် iTunes Store ရဲ့ အောက်က လင့်ခ်မှာ သွားယူနိုင်ပါတယ်။

http://itunes.apple.com/app/meebo/id351727311

iPhone အပြင် အခြားသော Windows Mobile Phone, Java Phone, Symbian Phone, Android Phone , BlackBerry Phone များ အတွက်လဲ သက်ဆိုင်ရာ ဗားရှင်းတွေ ရှိပါတယ်။ အောက်က လင့်ခ်မှာ ကိုယ်နဲ့ သက်ဆိုင်တဲ့ ဗားရှင်းကို Download လုပ်နိုင်ပါတယ်။ လုပ်ဆောင်ချက်တွေကတော့ ဖုန်းအမျိုးအစားပေါ် မူတည်လို့ ကွာခြားနိုင်ပါတယ်။

http://www.meebo.com/meebomobile/


iPhone အတွက် အောက်က ပုံကို ကလစ် နှိပ်လိုက်ရင် ရပါတယ်။



Android Phone သုံးသူတွေ အတွက်ကတော့ အောက်က ပုံကို ကလစ်လုပ်လိုက်ပါ...။



Windows Mobile, Symbian, BlackBerry phone အမျိုးအစား သုံးသူများအတွက်ကတော့ အောက်က လိုဂိုလေးကို နှိပ်ပေးလိုက်ပါ။

Tuesday, March 2, 2010

iPhone apps on my phone









့ပထမ စစချင်း တင်လိုက်တုန်းက ဖုန်းထဲကနေ ဘလော့စပေါ့ကို Direct တင်လိုက်တာ။ ပုံတွေက တစ်ကြောင်းကို တစ်ပုံချင်း တက်သွားတယ်။ အခုမှ ပြန်ကြည့်မိတော့မှ ရှည်လမျော ဖြစ်နေလို့ ပြန်ပြင်လိုက်ပါတယ်။

သုံးထားတဲ့ apps တွေက အကုန်လုံး ဖရီးတွေချည်းပဲ။ ဒါပေမယ့် တစ်ချို့တွေက အခုအချိန်မှာ ၅ ကျပ် ၆ ကျပ်တွေ ပြန်ဖြစ်နေပြီ။

ကျွန်တော်ဘာလို့ ဖရီးရထားလဲ သိချင်လား။
ပထမဆုံးပုံရဲ့ ဘယ်ဘက်အောက်ဆုံးထောင့်နားက apps ကို တွေ့မိလား။
နာမည်က Pandora Box တဲ့။ ဒီ Application က Apple ရဲ့ iTunes စတိုးမှာ တင်ထားတဲ့ apps တွေထဲက တစ်နေ့တာ ဖရီးအနေနဲ့ ပေးထားတတ်တာတွေကို တစ်စုတစ်စည်းတည်း ပေါင်းထားပေးတယ်။ ကိုယ်ကြိုက်တာ တွေ့ရင် သုံးပေါ့ဗျာ..။ တစ်နေ့တစ်နေ့ ဘာတွေ ဖရီး တက်လာမလဲ စောင့်နေတာ အမော...။ :P

လောလောဆယ် လိုချင်နေတာက ၁၀၀ တန် Tom Tom Navigation Software. Singapore, Malaysia, Indonesia မြေပုံတွေ ပါတယ်။ ဟိုတစ်လောက ၅၀% ဈေးချတာ တရုတ်ပြည် ရောက်နေတော့ ဝယ်ဖို့ အခွင့်အရေး မရလိုက်ဘူး။

တော်သေးပြီ ဒေါ်အေးရီ။
နောက်မှ ဆက်ပါဦးမယ် ဒေါ်အုန်းကြွယ်...။


အပွေးမြင် အပင်သိ အသွေးမြင် အသွင်သိတဲ့။
ကျွန်တော် တင်ထားတဲ့ သုံးထားတဲ့ apps တွေကနေ တစ်ဆင့် ကျွန်တော့်စိတ်ကို ဖတ်နိုင်တယ်ဆိုရင် မှန်မလားဟင်။

Thursday, February 25, 2010

iPhone Trick for Un-JailBreaked

လူသုံးများနေတဲ့ အိုင်ဖုန်းကို နည်းနည်း နားလှည့်ပါးလှည့်ရိုက်တဲ့နည်းလေး ပြောပြချင်ပါတယ်။
အခု ကျွန်တော်ပြောပြမှာက အချုပ်မဖောက်ရသေးတဲ့ အိုင်ဖုန်း (Un-Jailed-Break iPhone 3GS) များအတွက် ဖြစ်ပါတယ်။

အိုင်ဖုန်းမှာ Apps များကို သိုလှောင်ဖို့ စာမျက်နှာပေါင်း ၁၁ မျက်နှာပါဝင်ပါတယ်။ စာမျက်နှာတစ်ခုမှာ Apps ပေါင်း ၁၆ ခု ကို သိမ်းဆည်း ပေးနိုင်ပါတယ်။ စာမျက်နှာ ၁၁ မျက်နှာကို Apps ပေါင်း ၁၇၆ ခု တင်ထား ပေးနိုင်ပါတယ်။ ဒါကတော့ Apple ကနေ iPhone များ ထုတ်လုပ်ကတည်းက သတ်မှတ်ထားတဲ့ ကန့်သတ်ချက်ပါ။ အဆိုပါ Apps များကို iTunes ကနေ ရယူနိုင်ပါတယ်။ အခပေး Apps များရှိသလို အခမဲ့ Apps များလဲ ရှိပါတယ်။ လက်ရှိမှာ iTunes မှာ Apps ပေါင်း တစ်သိန်းမက တင်ထားတယ်လို့ သိရပါတယ်။

iTunes ပေါ်မှာ တစ်နေ့ တစ်နေ့ အသစ်ပေါ်လာတဲ့ Apps များဟာ သူ့ထက်ငါ ကောင်းသထက် ကောင်းအောင် ထုတ်လုပ်လာကြပါတယ်။ သုံးစွဲသူများအတွက်လဲ ဟိုဟာကောင်းတော့ ဆွဲချထားလိုက်မဟဲ့.. ဒီဟာလေးလဲ ဆွဲချထားလိုက်မဟဲ့နဲ့ ဖြစ်ကုန်ပါတယ်။ ဖုန်းထဲ ဆွဲချရင်း ဆွဲချရင်းနဲ့ ဖုန်းထဲမှာ သိုလှောင်ထားဖို့ နေရာ မကျန်တော့ပါဘူး။ ကျွန်တော်ဆို ခဏခဏ ဖြစ်နေပါတယ်။ အဟောင်းကို ဖျက်ရမှာလဲ နှမြော၊ အသစ်ကလဲ လိုချင်နဲ့ အတော်ကို ခွကျတဲ့ အဖြစ်ပါ။ ဒီလိုမျိုး ကန့်သတ်ချက်ကို ကျော်လွှားနိုင်ဖို့ အခု အိုင်ဖုန်းဟက်ကာတွေက အချုပ်ဖောက်(JailBreak)တဲ့ ဆော့ဖ်ဝဲတွေ ထွင်ထားပါတယ်။ ကျွန်တော်ကို ဖုန်းကို JB မလုပ်ချင်ပါဘူး။ JB လုပ်ထားမိတဲ့ ဖုန်းက ပါဝါ ပိတ်ရာကနေ ပြန်ဖွင့်ရင် ကွန်ပြူတာနဲ့ ပြန်ချိတ်မှ ဖုန်းပြန်ပွင့်တာမို့ မလုပ်ချင်တာပါ။

အခု လောလောဆယ် တွေ့ထားတဲ့ နည်းကတော့ အချုပ်ဖောက်စရာ မလိုပဲ Apple က ကန့်သတ်ထားတဲ့ ၁၁ မျက်နှာအစား စာမျက်နှာတွေ ထပ်တိုးလို့ ရတဲ့နည်း ဖြစ်ပါတယ်။ အောက်မှာ တိုးပုံ တိုးနည်း အဆင့်ဆင့်ကို ပြသထားပါတယ်။ လိုသလောက် တိုးလို့ ရပါတယ်။ ပုံထဲမှာ ပြထားတဲ့အတိုင်း ကျွန်တော့်ဖုန်းကို တိုးထားတာ ၁၃ မျက်နှာ ရှိသွားပါပြီ။

၁။ နောက်ဆုံးစာမျက်နှာကို Apps များနဲ့ အပြည့်ဖြည့်လိုက်ပါ။
၂။ ပထမ စာမျက်နှာက Voice Memo Apps ကို ခပ်ကြာကြာလေး ဖိလိုက်ပါ။ icon လေးရဲ့ ဘယ်အပေါ်ထောင့်မှာ x ပုံစံ ပေါ်လာမယ်။ icon လေးက wiggling လှုပ်နေပါလိမ့်မယ်။
၃။ အဆိုပါ Voice Memo ကို နောက်ဆုံးစာမျက်နှာဆီသို့ Drag လုပ်ပြီး ရွှေ့လိုက်ပါ။
၎။ နောက်ဆုံးစာမျက်နှာရဲ့ အောက်ဆုံးတန်း ညာဘက်ဆုံးမှာ နေရာချထားပေးပါ။
၅။ Dock ပေါ်က Safari Browser icon ကို လက်နဲ့ဖိပြီး ခုနက နေရာရွှေ့ထားတဲ့ Voice Memo icon အပေါ်တည့်တည့်ကို Drag လုပ်ပြီး ဆွဲချလိုက်ပါ။
၆။ Voice Memo Icon ဟာ pop out ဖြစ်ပြီး ပျောက်သွားပါလိမ့်မယ်။
၇။ Home Button ကို ပြန်နှိပ်လိုက်ပါ။ လှုပ်တုတ် လှုပ်တုတ် Wiggling ဖြစ်နေတဲ့ icons, apps များ အားလုံး နဂိုအတိုင်း ပြန်ငြိမ်သွားပါလိမ့်မယ်။
၈။ ဖုန်းကို ပါဝါ ပိတ်လိုက်ပါ။
၉။ ဖုန်းကို ပါဝါ ပြန်ဖွင့်လိုက်ပါ။ ဒုတိယ စာမျက်နှာမှာ ခုနက နောက်ဆုံးစာမျက်နှာကနေ pop up ဖြစ်ပြီး ပျောက်သွားတဲ့ Voice Memo Apps က ပြန်ပေါ်နေတာ ဖြစ်ပါတယ်။ အဆိုပါ ဒုတိယ စာမျက်နှာဟာ အသစ်ထပ်တိုးလိုက်တဲ့ စာမျက်နှာပါ။ မယုံရင် ပြန်ရေကြည့်လိုက်ပါ။ စာမျက်နှာ ၁၂ ခု ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။
၁၀။ Safari Browser ကို သူ့နေရာဖြစ်တဲ့ နဂို Dock ပေါ်ကို ပြန်ပြီး Drag ဆွဲချဖို့ မမေ့ပါနဲ့။ တော်ကြာ safari ပျောက်တယ် ရှာမတွေ့ဘူး ဖြစ်နေပါဦးမယ်။

ဒီနည်းအတိုင်းပဲ လိုအပ်ရင် လိုအပ်သလို စာမျက်နှာများကို တိုးနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
ဘလော့ဖတ်လာ မိတ်သဟာ ကျန်းမာကိုယ်စိတ် မြဲပါစေ။


မသက်ဝေတစ်ယောက် ဖတ်ပြီး ကလယ်ကလယ် ဖြစ်မှာ မြင်ယောင်သေး။ မလုပ်တတ်ရင် လုပ်ချင်ရင် ဖုန်းဆက်လိုက်ပါ။

Tuesday, February 23, 2010

Arawjan Paraman Larban

ခေါင်းစဉ်ကြည့်ပြီးတော့ ဟင်ဒီနာမည်တွေ မထင်လိုက်ပါနဲ့။
အာရောဂျံ ပရမံ လာဘံ ကို ဗြိတိသျှလို တင်ထားတာပါ။
မှတ်မှတ်သားသားလေး ပြေးဖြစ်တာကို ပြောပြချင်တာ...။
နှစ်ပတ်လောက်တော့ ရှိလာပြီ။
ဒီနေ့မှ သေချာမှတ်တမ်းယူဖြစ်တယ်။
အိုင်ဖုန်းထဲက အလကားရထားတဲ့ အပလီကေးရှင်း ဖြစ်တဲ့ MotionX GPS application အကူနဲ့ ကိုယ်ဘယ်လောက်ပြေးထားတယ်ဆိုတာကို မှတ်တမ်းတင်တာပေါ့။
အလကားရတာဆိုတော့ လစ်မစ်လေးတွေ ရှိတယ်။
ကိုယ်ပြေးထားတဲ့ tracks ကို တစ်ခုပဲ သိမ်းထားလို့ရတယ်။
အသစ် သိမ်းချင်ရင် အဟောင်းဖျက်ပေါ့။
ကိုယ်လဲ ဘယ်ရမလဲ... သိမ်းထားတဲ့ အဟောင်းကို ဂျီမေလ်းထဲ ပို့ထားလိုက်ပြီး အဟောင်းကိုဖျက် အသစ်ကို ဆေ့ဖ်လုပ်သိမ်းထားလိုက်တာပေါ့။
ဒီနေ့ တိုက်ပတ်လည်ပြေးလိုက်တာ ၄.၅ ကီလို။
မနေ့က တော့ ၅.၅ ကီလို။
ဒီနေ့ အလုပ်နည်းနည်းပြိုင်းလို့ လျှော့ပြေးလိုက်တယ်....။


တစ်ဆက်တည်းပဲ ပြေးဖို့ တွန်းအားတစ်ခု ဖြစ်တဲ့ ညီမလေးကို ကျေးဇူးတင်ပါတယ်။
ဒီတစ်ခေါက် မာရသွန်တော့ မသွန်နိုင်တော့ စိတ်မကောင်း...။

Friday, June 12, 2009

10 Cool Things About iPhone 3GS

ကျောက်ခေတ်မှာ ကျန်မနေခဲ့ဘူးဆိုရင်တော့ Apple က လတ်တလော ထုတ်ပြန်သွားတဲ့ iPhone နဲ့ပါတ်သက်တဲ့ ကြေငြာချက်ကို သိလောက်ရောပေါ့။ ဖုန်း အသစ်ပါ။ 3G အမျိုးအစား ဖုန်း ဖြစ်ပြီး ၂၀၀၈ ဇွန်လတုန်းက ထုတ်ခဲ့တဲ့ iPhone 3G နဲ့ ဘာကွာလာတာလဲ။ မော်ဒယ်နံပါတ်ကို ကြည့်လိုက်တာနဲ့ သိသာပါတယ်။ အဟောင်းက iPhone 3G ဖြစ်ပြီး အသစ်က iPhone 3GS ဖြစ်ပါတယ်။ S ပိုလာတာပါ။ S က ဘာ့ကြောင့် ပိုလာတာလဲ။ S ဆိုတာ Speed ကို ကိုယ်စားပြုပါသတဲ့။ အရင် မော်ဒယ်များထက် ပိုပြီး မြန်လာတဲ့ သဘောပေါ့ဗျာ...။



အိုင်ဖုန်း သမိုင်းကြောင်းကို နည်းနည်း ငဲ့စောင်းကြည့်လိုက်မယ်ဆိုရင် (ဒီနေရာမှာ မိတ်ဆွေရဲ့ လည်ပင်းကို ငဲ့စောင်းစရာ မလိုပါ။ ရိုးရိုး အနေအထားနဲ့ ဖတ်လို့ ရပါတယ်...။) စစထုတ်ခြင်းမှာ iPhone 2G ဆိုပြီး ထုတ်ခဲ့တယ်။ နောက်တစ်နှစ်ကြာတော့ iPhone 3G ဆိုပြီး ထပ်ထုတ်လာပြန်တယ်။ 4G, 8G, 16G စသဖြင့် ထုတ်လာတာပေါ့။ အိုင်ဖုန်း သရီးဂျီ ထုတ်တဲ့ နှစ်မှာ စမတ်ဖုန်း အများစုဟာ ဗွီဒီယို ရီကော့်ဒင်း၊ မာလ်တီမီဒီယာ မက်ဆေ့ခ်ျဂျင်း၊ ဖိုတိုရွှတ် ဖလက်ရှ် စတာတွေဟာ စမတ်ဖုန်းတစ်လုံးအတွက် မပါမဖြစ် ပါရမယ့် အချက်အလက် ဖြစ်ခဲ့ပေမယ့် အိုင်ဖုန်း သရီးဂျီမှာတော့ ပါမလာခဲ့ပါဘူး။ ဒီလို ပြစ်ချက်တွေကြောင့် အိုင်ဖုန်း အရောင်းထိုင်းမယ် မထင်ပါနဲ့။ Brand Crazy များဟာ အဆိုပါ အိုင်ဖုန်းရဖို့အတွက် ရောင်းချတဲ့ နေရာမှာ ၃ ရက်လောက် ကြိုပြီး တန်းစီနေကြပါတယ်တဲ့။ ဒါကတော့ အက်ပဲက မားကက်တင်း ကောင်းလို့ပေါ့။

နောက်တစ်ခု ဆိုးတာက bluetooth function ဟာ apple product တွေနဲ့သာ အလုပ်လုပ်ပြီး ကျန်သော တစ်ခြား third party တွေနဲ့ အဆင်မပြေပါဘူး။ ဒီအချက်ဟာ အတော်ကို ဆိုးဝါးပါတယ်။ သရီးဂျီ အိုင်ဖုန်း အမျိုးအစားကို ထုတ်ခဲ့တဲ့ နောက်ပိုင်းမှာလဲ သူ့ထဲမှာ ပါတဲ့ ဆော့ဝဲတွေဟာ တစ်ခြားကုမ္ပဏီ တွေရဲ့ မူပိုင်ခွင့်နဲ့ ငြိစွန်းတယ် အစရှိသဖြင့် တရားစွဲဆိုတာကို ခံနေခဲ့ရပါတယ်။ ခုလဲ ကြုံနေတုန်းပါပဲ။

ဒီလို အခက်အခဲတွေကြားကပဲ Apple ဟာ အခု နောက်ဆုံးမျိုးဆက်သစ် iPhone 3GS ကို ထုတ်လုပ်လိုက်ပါပြီ။ အခုပို့စ်မှာတော့ ဒီမော်ဒယ်မှာ ပါတဲ့ ထူးခြားချက်များကို တင်ပြသွားမှာ ဖြစ်ပါတယ်။

၁။ လုပ်ဆောင်ချက် ပိုမို မြန်ဆန်လာခြင်း။
ပိုမိုမြန်ဆန်တဲ့ ပရိုဆက်ဆာကို သုံးထားတယ်လို့ ဆိုပါတယ်။ မှတ်ညဏ်ပမာဏ ပိုများလာပါတယ်။ မော်ဒယ်ဟောင်းမှာတော့ သိသိသာသာ နှေးကွေးမှု မရှိပေမယ့် application များ ဖွင့်တာ ပိတ်တာမှာ နှေးကွေးလေးလံပါတယ်တဲ့။ ကြော်ငြာမှာ ပါတဲ့အတိုင်းသာဆို အခု မော်ဒယ်အသစ်ကတော့ တော်တော်မြန်ဆန်ပါတယ်။

၂။ မှတ်ညဏ်ပမာဏ ပိုမိုလာခြင်း။
Apple ကနေပြီးတော့ iPhone 3GS ကို နှစ်မျိုးနှစ်စား ထုတ်လုပ် ရောင်းချပါလိမ့်မယ်။ 16GB နဲ့ 32GB ပါ။ မူလလက်ဟောင်း အိုင်ဖုန်းများကတော့ 4GB, 8GB နဲ့ 16GB အသီးသီး သိုလှောင်မှု ပမာဏတွေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။

၃။ ဗွီဒီယို ရိုက်ကူးနိုင်သော လုပ်ဆောင်ချက် ပါဝင်လာခြင်း။
အခုနောက်ပိုင်း စမတ်ဖုန်းအများစုမှာ မပါမဖြစ် ပါရမယ့် အချက် ဖြစ်ပါတယ်။ မူလလက်ဟောင်း အိုင်ဖုန်းမှာ မပါပဲ အခု အသစ်မှာသာ ထည့်သွင်းလာတာ ဖြစ်ပါတယ်။

၎။ အရည်အသွေး ပိုမိုကောင်းမွန်သော ကင်မရာ။
3-megapixel camera ကို autofocus ပါပါတယ်။ အဟောင်းတုန်းကတော့ 2-megapixel, non-autofocus camera အမျိုးအစားကနေ ပုံဖေါ်စွမ်းရည် တိုးပြီး အော်တို ဖိုးကပ်စ် ဖန်ရှင် ထည့်ပေးလိုက်တာပါ။ ပြောစရာ တစ်ခုကတော့ ဖလက်ရှ် မပါသေးပါဘူး။ ဒါပေမဲ့ Display မှာ ကိုယ်လိုချင်တဲ့ နေရာကို tap လုပ်လိုက်ရင် အဲဒီနေရာကို အလိုအလျောက် အော်တိုဖိုးကပ်စ် ဖြတ်ပေးတဲ့ ဖန်ရှင် ပါလာပါတယ်။

၅။ အသံနှင့် အမိန့်ပေး ခိုင်းစေခြင်း။
Apple က Voice Control လို့ခေါ်တဲ့ voice recognition feature တစ်ခုကို ဒီဖုန်း အသစ်မှာ မိတ်ဆက် ပေးထားပါတယ်။ ဖုန်းများ ခေါ်ဆိုမှုနဲ့ သီချင်း ရွေးချယ် ဖွင့်လှစ်မှုကို အသံနဲ့ အမိန့်ပေး ခိုင်းစေနိုင်ပါတယ်။ ယင်းအပြင် Voice Control ဟာ မိမိတို့ သွင်းထားတဲ့ contacts list ထဲက entry များကို ရှာဖွေပေးနိုင်ပါတယ်။ အသုံးပြုသူအနေနဲ့ မိမိခေါ်ဆိုလိုသူ နာမည် ဒါမှမဟုတ် ဖုန်းနံပါတ်ကို ရွတ်ပြလိုက်ရုံနဲ့ ဖုန်းက အလိုအလျောက်သဘောပေါက် နားလည်ပြီး ခေါ်ဆိုခြင်း အမှုကို ပြုလုပ်ပေးပါလိမ့်မယ်။ Music ကဏ္ဍမှာ ဘယ်သီချင်းကို ဖွင့်နေတာလဲ ဆိုတာကို မေးမြန်းနိုင်ပြီး စက်က အလိုအလျောက် တေးဆို၊ သီချင်းနာမည် စတာတွေကို အလိုအလျောက် ပြန်လည်ဖြေကြားပေးပါလိမ့်မယ်။ ကိုယ့်အကြိုက် သီချင်းများ၊ စုစည်းထားတဲ့ အကြိုက်များကို ဖွင့်ခိုင်းခြင်း စတာတွေကို အသံနဲ့ ခိုင်းစေ အမိန့်ပေးနိုင်ပါတယ်။

၆။ လမ်းညွှန် အိမ်မြောင်။
Built-in digital compass တစ်ခု ပါပါတယ်။ ဒီမော်ဒယ်မှာပါတဲ့ feature အသစ်ပါ။ လူတိုင်း အသုံးမပြု ပေမယ့် Google Maps နဲ့ တွဲဖက် အသုံးပြုမယ်ဆိုရင်တော့ Maps ဟာ အမြဲတမ်းလိုလို မြောက်ဘက်ကို လှည့်နေမှာ မဟုတ်ပဲ ကိုယ်မျက်နှာမူရာဘက်ကို ညွှန်ပြနေမယ့် ကြည့်ရလွယ်ကူမယ့် မြေပုံ အဖြစ်သို့ ပြောင်းလဲ ပေးနိုင်မှာပါ။

၇။ Internet tethering
ဒီလုပ်ဆောင်ချက်ကတော့ ဖုန်းကို မိုဒမ်လို အသုံးပြုနိုင်တာပါပဲ။ ကွန်ပြူတာကို အင်တာနက်နဲ့ ချိတ်ဆက်အသုံးပြုချင်ရင် ကြားခံ မိုဒမ် ဆိုတာ လိုပါတယ်။ အခု ထုတ်လုပ်လိုက်တဲ့ iPhone 3GS ဟာ မိုဒမ် တစ်လုံးကဲ့သို့ ပြုမူ ဆောင်ရွက်နိုင်ပါတယ်။ Mac သို့မဟုတ် PC ကို USB or Bluetooth ကနေတစ်ဆင့် ချိတ်ဆက်နိုင်ကာ အင်တာနက်နဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်။ အမေရိကားကို အိုင်ဖုန်းကို တစ်ဦးတည်း ဖြန့်ချိခွင့်ရထားတဲ့ AT&T ဖုန်းကုမ္ပဏီကတော့ ဒီ featureကို support မလုပ်သေးပေမယ့် သြစတေးလျက Optus ကတော့ ဒီဝန်ဆောင်မှုကို ပေးနိုင်မယ်လို့ ကြေငြာထားပါတယ်။ Telstra နဲ့ Vodafone ကတော့ ကြေငြာချက်များ ထုတ်ပြန်ခြင်း မပြုသေးပါဘူး။

၈။ တစ်ခြားသော လုပ်ဆောင်ချက်များ။
မသန်မစွမ်းသူများ ပါ အသုံးပြုနိုင်အောင် တစ်ခြားသော လုပ်ဆောင်ချက်များကိုလဲ ထည့်သွင်းလာပါတယ်။ VoiceOver function ဖြစ်ပါတယ်။ အသံထွက် ဖတ်ပေးပါတယ်။ Zoom function ကတော့ ငါးဆ အထိ ချဲ့ပေးနိုင်ပါတယ်။ မျက်စိ အမြင်အာရုံ မှုန်ဝါးသူများအတွက် အဆင်ပြေပါတယ်။

၉။ Nike+ iPod integration
အရင်တုန်းကတော့ အချို့သော iPod nano models မှာသာ အသုံးပြနိုင်တဲ့ လုပ်ဆောင်ချက်ပါ။ အခုတော့ ဒီဖုန်းထဲမှာပါ ထည့်သွင်းလာပါပြီ။ ဒီလုပ်ဆောင်ချက်ကတော့ fitness system တစ်ခု ဖြစ်ပြီး Nike shoe နဲ့ iPod နဲ့ အလိုအလျောက် ဆက်သွယ်ချိတ်ဆက်မှုကို ပြုလုပ်ပေးနိုင်ပါတယ်။ iPhone 3G S နဲ့ Nike ဖိနပ်တို့ ချိတ်ဆက်မှုတွေ ပြုလုပ်ပြီး real time walking နဲ့ running statistics တို့ကို ပြသနိုင်မှာ ဖြစ်ပါတယ်။

၁၀။ New headphones
iPhone 3G S မှာ Apple's remote headphones ပါလာပါမယ်။ Multi-button remote and volume control keys၊ voice calls ခေါ်ဆိုမှု ပြုလုပ်နိုင်တဲ့ microphone တို့လဲ ပါလာပါလိမ့်မယ်။

(အသစ်ထပ်တိုးတဲ့ လုပ်ဆောင်ချက်များကိုတော့ အပေါ်က ဗွီဒီယိုမှာ ကြည့်လိုက်ပါ။)