အီးမေးလ်ထဲက ရလာတာလေးပါ။
ဂျာမဏီက ဆရာဝန်တွေ ကုသိုလ်ဖြစ် ဆေးကုပေးမယ့် အစီအစဉ်လို့ သိရပါတယ်။
နှုတ်ခမ်းကွဲ၊ နှာခေါင်းမှာ ဘုကြီးကြီးတွေ ထွက်တာ ဘာညာ ရောဂါတွေကို ခွဲစိတ်ပေးမယ့် အလှူလို့ သိရပါတယ်။
၂၀၁၁ ခုနှစ် ဇန်နဝါရီ လမှာ မြန်မာပြည်ကို လာပါမယ်တဲ့။
ရခိုင်ပြည်နယ် ငပလီနဲ့ သံတွဲအရပ်တွေမှာ အခမဲ့ ခွဲစိတ်ပေးမယ်လို့ သိရပါတယ်။
သွားစရိတ် နေစရိတ်ကတော့ ကိုယ်တိုင် ကျခံရမယ့် သဘော ထင်ပါတယ်။
အသေးစိတ် သိလိုသူများ အောက်က စာကို ဖတ်ပါ။
အချင်းချင်း လက်တို့ပေးလိုက်ကြပါလား။
Credit to : Ngu War Hlaing, MgLuAye Blog
-----------------------------------------------------------------------------------------------
Dear All,
Please distribute this mail to as widely as possible as it might help many children and young adults.
On January 1 to January 10, 2011 a team of German Doctors, Dr.Heinz Schoeneich and Interplast, will be Thandwe/ Ngapali to do free surgery of
- Cleft lips and cleft palates
- severe injuries from burns
- facial tumors, deformities, and fusions
- other skin tumors, e.g. on the back
The medical treatments/surgeries are organized by my friend Oliver E. (Esser) Soe Thet who lives in Yangon and his team.
Furthermore, Oliver arranges Meningocele operations in Yangon at the Neurological Department of the General Hospital. (Meningocele is a defect in the skull or spinal column forming a cyst filled with fluid which circulates around the brain or spinal cord; most visible kind of meningocele is a big cyst at the base of the nose forming a sort of "elephant nose").
If you have potential patients for the German team or for meningocele surgery please provide Oliver with
Name of the Patient (Male/Female)
Name of Father
Birthday of Patient
Village Name
Township, Area
Contact Number (Phone close by)
Description of Health Defect
Please call Oliver in Yangon at Tel 01 501123 or 09 5138411.
You can also send an email to Oliver, in particular if you should have any photos of the patient (you can copy me if you want): Oliver's email address is: angel@myanmar.com.mm.
Please don't hesitate to forward this email to Bishops, priests, other men and women congregations, religious communities, Karuna, YMCA, MCC, Christian Churches, Buddhist Monks and Muslim communities. Because of the location of the medical team and transport issues preference is on patients from Rakhine State and Chin State.
I hope you can help many members of your communities..
May God bless you all.
Gerhard
Dr Gerhard Baumgard
PEOPLE IN NEED - Gerhard Baumgard Stiftung,
Sakura Residence,
9, Inya Road, Kamaryut Township,
Yangon, Myanmar
Tel. +95 1 525001
Email: gerhardbaumgard@gmail.com
Friday, October 1, 2010
Free Surgery by Team of German Doctors in Myanmar
ရေးသားသူ
Ko Boyz
at
11:07 AM
0
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Sunday, July 18, 2010
Proximal Phalanx X-Ray - 2
Right Forefoot
A comparison is made with the previous examination done on 30/06/2010.
The proximal phalanx of the 5th toe at the distal interphalangeal joint appears deformed but no definite fracture line is seen.
No other abnormality is detected.
COMMENTS
Probable healing fracture of the proximal phalanx of little toe.
ရေးသားသူ
Ko Boyz
at
2:54 PM
1 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: health
Wednesday, July 7, 2010
Proximal Phalanx X-Ray
TOE - 1 SIDE
Right Fore Foot
?fracture of the proximal phalanx of the 5th toe.
No other bony injury or other abnormality is detected.
What can be found from here?
Any abnormality aside from proximal phalanx fracture?
What will be the worse scenario?
Any suggestions accepted. (Both good and bad news.)
Thanks in advance.
ရေးသားသူ
Ko Boyz
at
11:22 PM
6
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: health
Tuesday, February 23, 2010
Arawjan Paraman Larban
ခေါင်းစဉ်ကြည့်ပြီးတော့ ဟင်ဒီနာမည်တွေ မထင်လိုက်ပါနဲ့။
အာရောဂျံ ပရမံ လာဘံ ကို ဗြိတိသျှလို တင်ထားတာပါ။
မှတ်မှတ်သားသားလေး ပြေးဖြစ်တာကို ပြောပြချင်တာ...။
နှစ်ပတ်လောက်တော့ ရှိလာပြီ။
ဒီနေ့မှ သေချာမှတ်တမ်းယူဖြစ်တယ်။
အိုင်ဖုန်းထဲက အလကားရထားတဲ့ အပလီကေးရှင်း ဖြစ်တဲ့ MotionX GPS application အကူနဲ့ ကိုယ်ဘယ်လောက်ပြေးထားတယ်ဆိုတာကို မှတ်တမ်းတင်တာပေါ့။
အလကားရတာဆိုတော့ လစ်မစ်လေးတွေ ရှိတယ်။
ကိုယ်ပြေးထားတဲ့ tracks ကို တစ်ခုပဲ သိမ်းထားလို့ရတယ်။
အသစ် သိမ်းချင်ရင် အဟောင်းဖျက်ပေါ့။
ကိုယ်လဲ ဘယ်ရမလဲ... သိမ်းထားတဲ့ အဟောင်းကို ဂျီမေလ်းထဲ ပို့ထားလိုက်ပြီး အဟောင်းကိုဖျက် အသစ်ကို ဆေ့ဖ်လုပ်သိမ်းထားလိုက်တာပေါ့။
ဒီနေ့ တိုက်ပတ်လည်ပြေးလိုက်တာ ၄.၅ ကီလို။
မနေ့က တော့ ၅.၅ ကီလို။
ဒီနေ့ အလုပ်နည်းနည်းပြိုင်းလို့ လျှော့ပြေးလိုက်တယ်....။
တစ်ဆက်တည်းပဲ ပြေးဖို့ တွန်းအားတစ်ခု ဖြစ်တဲ့ ညီမလေးကို ကျေးဇူးတင်ပါတယ်။
ဒီတစ်ခေါက် မာရသွန်တော့ မသွန်နိုင်တော့ စိတ်မကောင်း...။
ရေးသားသူ
Ko Boyz
at
11:48 PM
16
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: health, iPhone 3GS
Tuesday, June 23, 2009
အနိစ္စ၊ ဒုက္ခ၊ ဒန္တ
ခိုင်သင်းကြည်လေး တစ်ယောက် တောသူမလေး စတိုင်ဖမ်းလို့ ...
ပါးမှာလဲ ပါးကွက်လေး ကွက်လို့...။
လက်ထဲမှာတော့ ဗူးလေး တစ်ဗူး ကိုင်လို့ ဇွန်ဇီကြော်ငြာထဲကလို တင်ကလေးကို လှုပ်ကာ လှုပ်ကာနဲ့ပေါ့...။
“ဟိုင်း.. ဟိုင်း V5 Pepsodent” ဆိုပြီး အိန္ဒိတေးသံအလိုက် ကြော်ငြာနေတုန်း....
ဗြုန်းဆို.. ကလေးလေး တစ်ယောက် ခုန်ဝင်လာတယ်။
ပြီးတော့ အာဗြဲကြီးနဲ့ “သွား ဖြူဖွေးခိုင်ခံ့ ပိုးပေါက် မရှိ” ဆိုပြီး အသားကုန်အော်လိုက်တယ်။
အဲဒီအချိန်မှာပဲ ဂျူတီကုတ် အကျီင်္ဖြူရှည် ၀တ်ထားတဲ့ ဆရာဝန်တစ်ယောက်က အံသွားပုံစံ အတု လုပ်ထားတဲ့ မော်ဒယ်သွားရှေ့မှာ ရပ်နေရင်း “ပိုးစားထားတဲ့ သွားကို ခေါက်ကြည့်ရင် နာကျင်မှု ဝေဒနာကို ခံစားရပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်။ အဲဒီနောက် အဲဒီသွားကို သူ့လက်ထဲက ကိရိယာလေးနဲ့ တစ်ဂေါက်ဂေါက် စမ်းခေါက်ပြချိန်မှာ ကျွန်တော် အိပ်ရာက လန့်နိုးလာပါတယ်။ နာလိုက်တာဗျာ။ ကျွန်တော့်အံသွားက ကိုက်နေတာ။ သွေးတစ်ချက်ခုန်လိုက်တိုင်း တစ်စစ်စစ်နဲ့ ကိုက်နေတာ။ သိလိုက်ပါပြီ။ ပိုးစားတဲ့နေရာက သွားအာရုံကြောတွေ infection ၀င်နေပြီဆိုတာ။
အရင်တစ်ခါက ညာဘက်ခြမ်း အပေါ်ဘက် ဒုတိယ အံဆုံးမှာ ဒီလိုပဲ သွားပိုးစားပြီး အခေါင်းပေါက် ဖြစ်ဖူးတယ်။ နောက် အာရုံကြောကို ထိတယ်။ ဒါနဲ့ အာရုံကြောကို ဖြတ်ပြီး ပြန်ဖာလိုက်ရတယ်။ အဲဒါ ဆရာဝန်ဆီ အခေါက်ခေါက် အခါခါ သွားရတယ်။ အာရုံကြောဆိုတာ သွားကို nutrition ပေးနေတဲ့ အရာပေါ့။ သွားကို လိုအပ်တဲ့ အစာ၊ အာဟာရများ ပို့ပေးနေတာ ဆိုလဲ မမှားဘူး။ တော်ရုံတန်ရုံ သွားအက်တာများဆို သူ့အလိုအလျောက် ပြန်ကောင်းတယ်တဲ့။ ခုတော့ အဲလို သွားအာရုံကြောကို ဖြတ်လိုက်တော့ သွားက သေသွားပြီပေါ့။ ကယ်လ်စီယမ် အတုံးတစ်ခုက လွဲလို့ ဘာမှ ထူးထူးခြားခြား စွမ်းဆောင်မှုတွေ မပေးနိုင်တော့ဘူး။ အမာဝါးမိလို့ မတော်တဆ အက်သွားလဲ ပြန်မကောင်းတော့ဘူး။ သွားကျန်းမာရေးများ အရေးကြီးပုံ။
အခုလက်ရှိ ဖြစ်နေတာလေး ပြန်ဆက်မယ်။ အခုလဲ ဘယ်ဘက်အပေါ်ခြမ်း ဒုတိယ အံဆုံးပဲ။ ပထမဟာနဲ့ ဘယ်ညာပဲ လွဲတာ။ ရေအေးအေးသောက်ရင် ကျဉ်ပြီဗျာ။ ညညဆို ကိုက်လို့ အိပ်မရတော့ဘူးဗျာ။ လန့်လန့် နိုးတာ။ ပြီးတော့လဲ အကိုက်အခဲပျောက်ဆေးများ သောက်သော်လည်း မပျောက်ဘူးဗျ။ သွားနာတာ၊ သွားကိုက်တာ အတော့်ကို အခံရခက်တာကလား။ လူကို ပါးချိတ်ကို လက်သီးနဲ့ အသားကုန် လာထိုးစမ်းပါ... အခု သွားနာတာလောက်တောင် မနာဘူး ထင်တာပဲ။ အော်ငိုရအောင်လဲ မဖြစ်။ ကိုက်တာကတော့ တစ်စစ်စစ်နဲ့ဗျာ....။ အခုတစ်ခေါက် ဖြစ်တော့ လူသူမနီး ပင်လယ်ကြီးထဲမှာ...။ Medic တော့ ရှိပါရဲ့။ သူပေးတဲ့ ဆေးတွေက မတိုးဘူးဗျ။ ကောက်ပြန်ရအောင်လည်း အလုပ်က မပြီးပြတ်သေးတာရယ်၊ ပြန်ဖို့ ဟယ်လီကော်ပတာက ရာသီဥတု မကောင်းလို့ လာမကြိုနိုင်တာရယ်ကြောင့် ပင်လယ်ထဲမှာ တစ်ပတ်တိတိ ကြာသွားပါတယ်။ ဒီ ရက်သတ္တပတ် ၇ရက်ဟာ ကျွန်တော့်အတွက် ငရဲပါပဲ။
သွားကိုက်တာနာလွန်းလို့ လူတောင် ဖျားယူရတဲ့ အထိပဲ။ ပင်လယ်ထဲမှာ နေ့လည်ပိုင်း ပလက်ဖေါင်းပေါ် တက်အိပ်မိတာလဲ ပါမှာပေါ့။ လေတွေက တစ်ဟူးဟူး တိုက်နေတာ။ အာသီးရောင်တယ်။ တစ်ကိုယ်လုံး ကိုက်ခဲတယ်။ မျက်လုံးတစ်ဝိုက် အပူကြီးပြီး ကိုက်ခဲတယ်။ အို ခံလိုက်ရတာ ပြောမနေပါနဲ့တော့။ ဆေးတွေ သောက်လိုက်တာ...။ သူတို့ဆီမှာ ပန်နယ်ဒေါလို အစွမ်းထက်တဲ့ ဈေးတွေ မရှိဘူး။ မေပ်ာက္ဘူးေ်ာ။ မပျောက်တော့ လူက ခံနေရတာပေါ့။ (ကျွန်တော်က သာမာန် အာဂန္တုက အဖျားလောက်ဆို ဆေးမသောက်ဘူး။ တစ်ခုခုကို အပြင်းအထန်လုပ်တယ်။ ချွေးများများ ထွက်အောင် လုပ်တယ်။ အော်တို ပျောက်တာပဲ။ အပြင်းအထန် ဖျားရင်တော့ ဆရာဝန်ဆီ ပြေးတာပေါ့။ ဆေး တော်ရုံ မသောက်တော့ ဆေးသောက်ရင် အာနိသင် ထိရောက်တယ်။)
အဲဒါနဲ့ပဲ ပင်လယ်ထဲမှာ သွားနာခြင်း ဒုက္ခ၊ ကိုက်တွေ ကိုက်ခဲခြင်း ဒုက္ခ၊ ခေါင်းကိုက်ခြင်း ဒုက္ခ၊ မျက်စိကိုက်ခြင်း ဒုက္ခ၊ လည်ချောင်းထဲက အာသီးရောင်လို့ နာတဲ့ ဒုက္ခ စသဖြင့် ဒုက္ခပေါင်းစုံကို ခံစားပြီးသကာလ ဒုက္ခသစ္စာကို မသိပါလိုက်ဘူး။ စင်ကာပူ ပြန်ရောက်တော့ NUH လို့ ခေါ်တဲ့ အစိုးရ ဆေးရုံကြီးမှာ တစ်ခါတည်း သွားပြပါတယ်။ Appointment မယူပဲ တစ်ခါတည်း Walk in သွားပြတာပါ။ နည်းနည်းတော့ စောင့်ရတယ်။ အဲဒီမှာ သွားကို ဓါတ်မှန်ရိုက်ကြည့်ပြီးတဲ့နောက် သွားဆရာဝန်က ပြောပြပါတယ်။ သွားနာတာ သက်သာအောင် လုပ်ရမယ့် နည်း နှစ်နည်း ရှိပါတယ်။
၁။ သွားကို နှုတ်ပစ်ဖို့။
၂။ အမြစ်ကို ဖြတ်ပြီး Refill လုပ်ဖို့။
ပထမ တစ်နည်းကို မလုပ်ချင်ဘူးလို့ ပြောတော့ ဒုတိယနည်းမှာ အမြစ်ဖြတ်ရင် ဒေါ်လာ ၉၀၀ ကျသင့်မှာပါတဲ့။ Crown လုပ်ပြီး ပြန်စွပ်တာ ဒေါ်လာ ၇၀၀ ကျပါမယ်တဲ့။ နင်သွားတာပဲ။ ဆရာဝန်လဲ ရိပ်မိတယ် ထင်ပါ့။ လောလောဆယ် သက်သာအောင် အမြစ်ဖြတ်ပြီး Temporary Dressing လုပ်ပေးမယ်။ တစ်နှစ်လောက်တော့ ခံကြတာပါပဲတဲ့။ ရာနှုန်းအနည်းငယ်သော လူနာများကသာ ပြန်နာကြတယ်တဲ့။ ဆိုတော့ အဲဒါလေးက ၁၅၀ ကျော်ကျော် ကျမယ်တဲ့။ လုပ်မယ်လို့ ပြောတော့ ဆရာဝန်များကလဲ လိုအပ်တာလေးတွေကို လုပ်ပေးပါတယ်။ ထုံဆေးပေး၊ အမြစ်ဖြတ်၊ ယာယီ သွားဖါတာ လုပ်ပေးလိုက်ပါတယ်။ စုစုပေါင်း တစ်နာရီကျော်ကြာပါတယ်။ ကျသင့်ငွေကတော့ Consultant fees, Operation Fees အားလုံး စုစုပေါင်း ၁၅၇ ဒေါ်လာပါ။ Pharmacy မှာ ဆေး ၀င်ဝယ်တော့ ၁၇ ကျပ် ထပ်ကုန်ပါတယ်။ ပြန်ကိုက်လာရင် သောက်ဖို့ ဆေးတွေပါ။
စကားမစပ် NUH ကို အခမဲ့ Shuttle Bus ဆွဲပေးပါတယ်။ Dover MRT ကနေ Singpore Polytechnics ရဲ့ ဆန့်ကျင်ဖတ် ကားမှတ်တိုင်နားမှာ ဘတ်စ်ကား စောင့်စီးနိုင်ပါတယ်။ ကားနံပါတ် ၁ ကို စီးပြီး Main Building က Level ၁ ကို သွားပါ။ Dental Center ဆိုတာ ရှိပါတယ်။ ဈေးသက်သာပါတယ်။
ကိုယ်ပိုင်ကား၊ တက္ကစီ၊ အမ်အာတီ နဲ့ ဘယ်လို သွားရမယ် လာရမယ်ဆိုတာ အောက်က လင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
How to get to NUH
ရေးသားသူ
Ko Boyz
at
12:04 PM
23
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Saturday, May 2, 2009
Swine Flu Case in Hong Kong (First Case in Asia)
အဆိုပါ ဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ခြောက်နှစ်တာ ကာလတုန်းက ဖြစ်ပွားခဲ့တဲ့ ဆားစ်အိပ်မက်ဆိုးကို လန့်နိုးလိုက်သလိုပါပဲ။ ယခု လူနာဟာ ရှန်ဟိုင်း လေဆိပ်ထဲကနေ အပြင်ကို ထွက်မသွားဘူးဆိုပေမယ့် ရှန်ဟိုင်းက တာဝန်ရှိသူတွေကို ခေါင်းခဲစေပါပြီ။ တုပ်ကွေးဆိုင်ရာ ကျွမ်းကျင်သူများ ပြောကြားချက်အရ လူနေ ထူထပ်တဲ့ အာရှနိုင်ငံတွေမှာ တုပ်ကွေး ကူးစက်မှု ဖြစ်ပွားခဲ့ရင်တော့ ရောဂါကို ထိန်းချုပ်ရန် အတော်ကို ခက်ခဲနိုင်လိမ့်မယ်လို့ တွက်ဆထားပါတယ်။
ကမ္ဘာနဲ့ အ၀ှမ်းမှာ ၀က်တုပ်ကွေး ကူးစက်ခံရသူ ဦးရေဟာ တစ်ဖြည်းဖြည်း တိုးတက်များပြားလာပါတယ်။ အမေရိကန် တစ်နိုင်ငံတည်းမှာတင် ကူးစက်ခံရသူ ဦးရေဟာ ပြည်နယ်ပေါင်း ၁၉ ပြည်နယ်မှာ ၁၄၁ ဦး အထိ ရှိသွားပြီ ဖြစ်ပါတယ်။
ဟောင်ကောင်က ပထမဦးဆုံး သတ်မှတ်ခံရတဲ့ ၀က်တုပ်ကွေး လူနာဟာ ကြာသပတေး ညနေပိုင်းက ချိုင်းနား အရှေ့လေကြောင်းနဲ့ ရောက်လာခဲ့တာ ဖြစ်ပြီး ဟိုတယ်မှာ ချက်အင်ပြီးတဲ့နောက် စတင် ဖျားနာခဲ့ရာက သတိပြုမိကြတာ ဖြစ်ပါတယ်။ အခင်း ဖြစ်ပွားတာနဲ့ တစ်ပြိုင်နက် သက်ဆိုင်ရာက လူနာကို ဒေသဆိုင်ရာ ဆေးရုံမှာ သီးသန့်ထားလိုက်ပြီး အဆိုပါ ဟိုတယ်ထဲက လူ၂၀၀ ကိုလဲ သီးသန့် နေစေကာ အနီးအနားက မက်ထရိုပတ်ခ်ကိုလဲ ၇ရက်တိတိ ပိတ်ခိုင်းလိုက်ပါတယ်။
ဟိုတယ် ၀န်ထမ်းပေါင်း ၁၀၀ ကျော်ကိုလဲ သီးသန့်ဇုံအဖြစ် ညတွင်းချင်း ပြောင်းလဲထားတဲ့ နေရာကို ရွှေ့ပြောင်းနေထိုင်စေမယ်လို့ သိရပါတယ်။ အပြာရောင် ယူနီဖေါင်း ၀တ်စုံ ၀တ်ထားပြီး မျက်နှာဖုံးများ တပ်ဆင်ထားတဲ့ ကျန်းမာရေး လုပ်သားများဟာ တာမီဖလူး ဆေးဝါးများ လာရောက် ဝေငှတယ်လို့ သိရပါတယ်။ အဆိုပါ တာမီဖလူး ဆေးဟာ တုပ်ကွေးရောဂါပိုးရဲ့ သက်တမ်းကို တိုတောင်းစေတာ ဖြစ်ပါတယ်။
ဟောင်ကောင် ကျန်းမာရေးဌာန က ဒါရိုက်တာ ဒေါက်တာ လမ်ပင်းလျန်ရဲ့ ပြောကြားချက်အရ မည်သူ တစ်စုံတစ်ယောက်ကမှ ကျန်းမာရေး အရာရှိရဲ့ ခွင့်ပြုချက်မရပဲနဲ့ အဆိုပါ ဧရိယာအတွင်းသို့ ၀င်ရောက်၊ ထွက်ခွာခြင်း မပြုရဘူးလို့ သိရပါတယ်။
သတင်းအကျယ်ကို ဖတ်ရှုလိုပါက နယူးယောက်တိုင်းမ် သတင်း၊ ဝေါစထရိ ဂျာနယ် သတင်း နဲ့ အေပီ သတင်း တို့မှာ အသေးစိတ် ဖတ်ရှုနိုင်ကြပါတယ်။
စင်ကာပူနဲ့ ဟောင်ကောင်အကြားမှာ လေယာဉ်ခရီးစဉ် အပြန်အလှန် ပြေးဆွဲပါတယ်။ စင်ကာပူကနေ ဟောင်ကောင်ကို Singapore Airline ကနေပြီးတော့ ဟောင်ကောင်ကို နေ့စဉ် တစ်ရက်လျင် ခရီးစဉ် ငါးခေါက်နှုန်းနဲ့ လေးနာရီကြာ ခရီးစဉ်ကို ပုံမှန်ပြေးဆွဲနေပါတယ်။ တစ်ခြား ပြေးဆွဲတဲ့ လေကြောင်းများလဲ ရှိနိုင်ပါတယ်။
ရေးသားသူ
Ko Boyz
at
1:21 AM
9
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Friday, May 1, 2009
Swine Flu, Singapore, Orange Alert
Singapore နိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနဲ့ရဲ့ ဧပြီလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြောငြာတဲ့ ၀က်တုပ်ကွေး ရောဂါ နောက်ဆက်တွဲ သတင်းမှာ ယမာန်နေ့က အ၀ါရောင် အဆင့်အဖြစ် သတ်မှတ်ထားရာကနေ နောက်တစ်ဆင့် လိမ္မော်ရောင် အဆင့်သို့ ထပ်တိုးလိုက်ပါပြီ။ ၀က်တုပ်ကွေးရောဂါ ကူးစက်ခံရသူ မရှိသေးပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက တိုးမြှင့် ထုတ်ပြန်လိုက်တဲ့ သတိပေး Level ဖြစ်တဲ့ အဆင့်ငါးနဲ့ လိုက်ပြီး တိုးမြှင့် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
မက္ကဆီကိုနိုင်ငံသို့ ခရီးသွားလာပြီး ပြန်ရောက်လာတဲ့ နိုင်ငံသားများကိုလဲ Home Quarantine Order ထုတ်ပြီး ၇ ရက်အတွင်း အပြင်မထွက်ဖို့ကို တိုက်တွန်းနူိးဆော်ထားပါတယ်။
ကျန်းမာရေး ၀န်ကြီးရဲ့ ပြောကြားချက်အရ မက္ကဆီကိုက ၀က်တုပ်ကွေး ရောဂါကို ပထမဆုံး ကူးစက်ခံနိုင်ရဖို့ အခွင့်အလမ်း အများဆုံးက အရှေ့တောင်အာရှနိုင်ငံများထဲမှာ စင်ကာပူနိုင်ငံက ဖြစ်နိုင်ခြေ အများဆုံး ဖြစ်တဲ့ အတွက် သတိနဲ့ နေဖို့ တိုက်တွန်းလိုက်ပါတယ်။ ဖြစ်လာတဲ့ ဒဏ်ကို ကြောက်ရွံ့ခြင်းမရှိပဲ စံနစ်တကျ ခုခံကာကွယ်နိုင်ဖို့ အသင့်ပြင်ထားပြီး ဖြစ်တယ်လို့ ထပ်လောင်း ပြောကြားပါတယ်။
ဆားစ်ရောဂါ ဖြစ်တုန်းက ခုခံကာကွယ်မှုမျိုးဟာ အခုတစ်ကြိမ် ရောဂါအသစ်အဆန်းနဲ့ ကြုံလာချိန်မှာ အသုံးဝင်ချင်မှ ၀င်ပေမယ့် တစ်ကယ်တမ်း ဖြစ်လာချိန်မှာ ခြေကုန်လက်ပန်းကျနေတာ မဖြစ်ရလေအောင် သတိပေး ကာကွယ်ချက်တွေကို လိုတာထက် ပိုမလုပ်မိစေဖို့ ပြောကြားပါသေးတယ်။
လိမ္မော်ရောင် သတိပေးချက် အဆင့်မှာ ကိုယ်ပူချိန် တိုင်းတာနဲ့ ၀က်တုပ်ကွေးရောဂါ လက္ခဏာ စစ်ဆေးချက်တွေကို ဆေးရုံနဲ့ ဆေးခန်းတွေမှာ စစ်ဆေးမှာပါ။ ဆေးရုံများမှာ ဆေးစစ်တာ၊ ဆရာဝန်လာပြတာ တွေကို လူနာနဲ့ လိုက်ပါသူ အဖေါ် တစ်ဦးသာ ခွင့်ပြုမှာ ဖြစ်ပြီး နှစ်ယောက်စလုံးကို ကိုယ်ပူချိန် တိုင်းတာနဲ့ တုပ်ကွေး လက္ခဏာ စစ်ဆေးမှာ ဖြစ်ပါတယ်။
(လွန်ခဲ့တဲ့ တနင်္လာနေ့က ချန်ဂီဆေးရုံကို ခါးရိုး ဓါတ်မှန်ရိုက်ဖို့ အသွားမှာ ကျွန်တော်နဲ့ ပါလာသူ အဖေါ် တစ်ဦးကို Thermal Scanning, နားထဲ သာမိုမီတာ နဲ့ ကိုယ်ပူချိန် တိုင်းတာတွေ လုပ်ပါတယ်။ အဲဒီတုန်းက ကျွန်တော့် ကိုယ်အပူချိန် မြင့်နေလို့ ဆိုပြီး Fever Patient လူနာများ စောင့်ဆိုင်းရာ နေရာမှာ သွားစောင့်ခိုင်းတာ ကြုံပါတယ်။ Screening လုပ်တဲ့ အချိန်မှာ ကိုယ်ပူချိန် မရှိဆိုပြီး ရိုးရိုး လူနာခန်းထဲမှာပဲ သွားထားပါတော့တယ်။)
လူနာကို နီးနီးကပ်ကပ် ပြုစုစောင့်ရှောက်တဲ့ ကျန်းမာရေး ၀န်ထမ်းတိုင်းကို ကာကွယ်ရေး ၀တ်စုံ၊ ကိရယာတွေ အပြည့်အစုံ ၀တ်ဖို့ ညွှန်ကြားချက် ထုတ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
တုပ်ကွေး ရောဂါသည် ကိုယ်ခံအား နိမ့်ပါးတဲ့ အချိန်မှာ ၀င်ရောက် တိုက်ခိုက်နိုင်တာမို့ ကျန်းမာရေး ကောင်းနေတဲ့ နိုင်ငံသားတိုင်း ကိုယ်လက်လှုပ်ရှား ကျန်းမာရေး လေ့ကျင့်ခန်း ဖြစ်တဲ့ အပြေးလေ့ကျင့်ခန်း၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ စတာတွေ ကို ပုံမှန် လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။ အိပ်ရေး ၀၀ အိပ်ဖို့လဲ တိုက်တွန်းထားပါတယ်။
အကယ်၍ Swine Flu ၀က်တုပ်ကွေးနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်များ သိရှိလိုပါက ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ၀က်ဘ်ဆိုဒ်ဖြစ်တဲ့ www.moh.gov.sg သို့လည်းကောင်း၊ Hot Line Phone ဖြစ်တဲ့ 1800-333 9999 သို့လည်းကောင်း ဆက်သွယ် စုံစမ်းနိုင်တယ်လို့ သိရပါတယ်။
Source : CNA
ရေးသားသူ
Ko Boyz
at
10:55 AM
2
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Thursday, April 30, 2009
3S "Swine Flu, Stockpile, Singapore"
အခုလို တစ်ကမ္ဘာလုံးက တပ်လှန့်ထားရတဲ့ အခြေအနေ ရောက်နေတဲ့ ၀က်တုပ်ကွေးနဲ့ ပတ်သက်လို့ စင်ကာပူမှာ ဆေးဝါးများ သိုလှောင်ထားမှု အခြေအနေကို ကြည့်ရအောင်လား။
အကယ်၍ ၀က်တုပ်ကွေး ရောဂါ ကျရောက်လာခဲ့ရင် ကုသရာမှာ အသုံးပြုတဲ့ ဆေးဝါးများဟာ အလုံအလောက် ရှိပါတယ်။ ဆေးရုံများကိုလဲ အရေးပေါ်ဖြစ်လာခဲ့ရင် ချက်ချင်းကုသနိုင်အောင် ကုတင်များကို အသင့်ပြင်ထားပါတယ်။ Tan Tock Seng ဆေးရုံမှာတော့ အဖျားရောဂါနဲ့ ရောက်လာတဲ့ လူနာသည် ကိုယ်အပူချိန် ၃၈ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ကျော်နေမယ်၊ အသက်ရှုလမ်းကြောင်း အခက်အခဲ ဖြစ်နေမယ်၊ ၀က်တုပ်ကွေး ရောဂါ ဖြစ်ပွားရာ တိုင်းပြည်ကနေ ၇ ရက်အတွင်း ခရီးသွားလာဖူးသူ ဖြစ်မယ်ဆိုရင် ချက်ချင်းပဲ စင်ကာပူ ကျန်းမာရေး ဌာနရဲ့ တုပ်ကွေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ ရောဂါရှာဖွေရေးများကို စမ်းသပ်မှာ ဖြစ်ပါတယ်။
အကယ်၍ ရှွာေ တွေ့ရှိချက်များဟာ သာမာန် တုပ်ကွေးရောဂါ လက္ခဏာနဲ့ တူညီမှု မရှိပါက Genome Sequence နဲ့ လူနာကို စမ်းသပ်ပြီး လူနာကို ချက်ချင်းပဲ CDC လို့ အတိုကောက် ခေါ်တဲ့ Communicable Disease Center မှာ သီးသန့်ထားရှိမှာ ဖြစ်ပါတယ်။
ကျန်းမာရေး ၀န်ကြီးဌာန၊ ကူးစက်ရောဂါများ ဌာန ဒါရိုက်တာ Dr. Lyn James က ပြောကြားရာမှ “အကယ်၍ ပုံမှန်မဟုတ်သော တုပ်ကွေးလက္ခဏာ ပြသတဲ့ လူနဲ့ တွေ့ခဲ့ရင် ပထမဦးဆုံး သေချာအောင် စမ်းသပ်မှုများ ပြုလုပ်ပါတယ်။ ကျွန်တော်တို့ဆီမှာ လက်ရှိ ဆောင်ရွက်နိုင်တာကတော့ တစ်စိတ်တစ်ပိုင်း စမ်းသပ်မှုများသာ ဖြစ်ပါတယ်။ အဲဒီနောက် ရောဂါဖြစ်စဉ်ကို စစ်တမ်းထုတ်ပြီး Swine Flu ဖြစ်စဉ်နဲ့ နှိုင်းယှဉ်ပြီးမှသာ ၀က်တုပ်ကွေး ဖြစ်နိုင် မဖြစ်နိုင် ကို စစ်ဆေးနိုင်ပါမယ်။”
ကနဦးမှာတော့ ၀က်တုပ်ကွေးရောဂါ ဟုတ်မဟုတ် စစ်ဆေးခြင်းသည် ၇ ရက်ခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။ အခု လက်ရှိ စမ်းသပ်ထားတဲ့ ရောဂါရှာဖွေရေး ကိရိယာ တီထွင်ခြင်းများ အောင်မြင်ပါက ဒီ့ထက်ပို မြန်ဆန်စွာ စစ်ဆေးနိုင်မယ်လို့ ပြောကြားသွားပါတယ်။
သုံးပုံတစ်ပုံသော ၀က်တုပ်ကွေး ရောဂါ ကူးစက်ခံရသူဟာ စစချင်းမှာတော့ ဘယ်ရောဂါလက္ခဏာမှ ပြသခြင်း မရှိတဲ့ အတွက် ရောဂါဖြစ်ပွားရာ တိုင်းပြည်များဆီသို့ သွားလာခဲ့သူ ပြည်သူများအနေနဲ့ ရောဂါအစပျိုးတဲ့ ကာလဖြစ်တဲ့ ပထမ ၇ရက်အတွင်း အများပြည်သူ လူထူထပ်ရာနေရာများသို့ မသွားဖို့ ကျန်းမာရေး ၀န်ကြီးဌာနက တိုက်တွန်းထားပါတယ်။
၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ SARS ရောဂါအတွက် ကုသနိုင်မယ့် ဆေးဝါးများ မရှိခဲ့ပါဘူး။ ယခုအခါမှာတော့ Tamiflu , Relenza အစရှိတဲ့ ဆေးဝါးများဟာ Swine Flu ဖြစ်တယ်လို့ သေချာခဲ့ရင် ၄၈ နာရီအတွင်း ထိရောက်စွာ ကုသနိုင်တဲ့ ဆေးဝါးတွေ ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
Tamiflu ဆေးဝါးဟာ ကာကွယ်ဆေး မဟုတ်ဘူးလို့ ဆရာဝန်များက တစ်ညီတစ်ညွှတ်တည်း ပြောကြားထားပါတယ်။ စိုးရိမ်တတ်သူ တစ်ချို့က အဆိုပါ ဆေးဝါးကို ကာကွယ်ဆေးအနေနဲ့ ကြိုတင် သုံးစွဲထားလို့ရှိရင် မိမိရဲ့ ရောဂါ ကာကွယ်ရေး ခုခံအား အပေါ် တစ်နည်း တစ်ဖုံ ထိခိုက်နိုင်တယ်လို့ ဆရာဝန်များက သတိပေး တားမြစ်ထားပါတယ်။
စင်ကာပူ ကျန်းမာရေး ဌာနက ထုတ်ပြန်ချက်အရ လောလောဆယ် သိုလှောင်ထားတဲ့ ဆေးဝါး ပမာဏကတော့ Tamiflu = 1.15 million course, Relenza = 50,000 Course အသီးသီး ဖြစ်ကြောင်း သိရပါတယ်။
လက်ရှိဈေးကွက်ထဲမှာ ရောင်းချနေတဲ့ တာမီးဖလူး ဆေးဝါးများသည် Swine Flu ကို ကာကွယ်ရန် လုံလောက်သော အာနိသင် မရှိကြောင်းနဲ့ သုံးစွဲမိပါက ရောဂါပိုးသည် ဆေးယဉ်ပါးမှု ပြဿနာနဲ့ ကြုံတွေ့နိုင်ပြီး ကုသရ ခက်လဲမယ်လို့ သတိပေးထားပါတယ်။
၁၉၁၈ ခုနှစ်က ဒီလို တုပ်ကွေး ဖြစ်ပွားခဲ့ရာမှာ ကမ္ဘာသူ ကမ္ဘာသား သန်း ၅၀ အသက်ဆုံးရှုံးခဲ့ပါတယ်။ အခုလဲ ဒုတိယအကြိမ် တစ်ကျော့ ပြန်လာပါပြီ။ မိမိပတ်ဝန်းကျင်မှာ ရောဂါလက္ခဏာ ကူးစက်မှု လက္ခဏာများ တွေ့ရှိပါက ပေါ့ပေါ့တန်တန် မနေကြဖို့ ဆရာဝန်များက သတိပေးထားပါတယ်။
ဟောင်ကောင်၊ နယူးဇီလန်၊ သြစတေးလျမှာတော့ တစ်ချို့ တွေဟာ မျက်နှာဖုံးများ Masks များ တပ်ဆင်ကာ သွားလာနေတာ တွေ့ရပါတယ်။
Source : CNA
Update :
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက အဆိုပါ ၀က်တုပ်ကွေးကူးစက်မှုအတွက် တပ်လှန့်ရာမှာ ယခင် အဆင့် ၄ မှ ယခု အဆင့် ၅ သို့ တိုးမြှင့် တပ်လှန့်ထားပါတယ်။ Swine Flu Outbreak သို့ ရောက်ရန် တစ်ဆင့် သာ လိုပါတော့တယ်။
ရေးသားသူ
Ko Boyz
at
9:23 AM
4
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Wednesday, April 29, 2009
Swine Flu Outbreak
အခု စလုံး အစိုးရက ၀က်တုပ်ကွေးနဲ့ပတ်သက်လို့ စိုးရိမ်ရတဲ့ အဆင့် Yellow Alert အဆင့်အထိ သတ်မှတ်လိုက်ပါတယ်။ အစိမ်းကနေ အ၀ါရောင်ပေါ့နော်...။ ကူးစက်ရောဂါ ဖြစ်ပွားတဲ့ လူနာ မရှိသေးပေမယ့် ကာကွယ်ထားတာပါတဲ့။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ မက်ကဆီကိုမှာ ဆယ်မီနာ တက်ပြီး ပြန်လာတဲ့ အမျိုးသမီး တစ်ယောက်ကို တုပ်ကွေး ကူးစက်ခံရတယ် သံသယ ဖြစ်ပြီး သီးသန့်ခန်းထဲ ပြုစုထားပါတယ်...။
နယူးဇီလန်မှာ စပြန့်နေပါပြီ။ သြစတေးလျလဲ ပါနေပါပြီ...။
စင်ကာပူလဲ လူဝင်လူထွက်များတော့ သတိထားနေကြပါ။ အအိပ်မှန် အစားမှန်အောင် လုပ်ကြပါ...။ ကိုယ်ခံအား ကောင်းအောင်နေကြပါလို့...။
သတင်း အကျယ်ကို ဒီမှာ နဲ့ ဒီမှာ သွားဖတ်ကြပါ...။
Update :
(SG STD 8:30 pm 290409)
အမေရိကားမှာ ပထမဆုံးသော ၀က်တုပ်ကွေး ကူးစက်ခံရတဲ့ ကလေး အသက်ဆုံးရှုံးသွားပါပြီ။ တက်ဆပ်စ် ပြည်နယ်က အသက် တစ်နှစ်နဲ့ ၁၁လ အရွယ် ကလေးတစ်ယောက် ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူ ၆၄ ယောက် ရှိပါတယ်။ နယူးယောက်က ၄၅ ယောက် အပါအ၀င် ဖြစ်ပါတယ်။ မက္ကဆီကိုမှာတော့ လူပေါင်း ၁၅၉ ယောက်ကို ဇီဝန်ခြွေသွားပါပြီ။ နယူးယောက် မြို့တော်ဝန်ရဲ့ ပြောကြားချက်အရ ရာပေါင်းများစွာသော ကလေးငယ်များဟာ ၀က်တုပ်ကွေးရောဂါ ကူးစက်မှုနဲ့ ဆေးရုံမှာ ကုသမှု ခံယူနေကြပါတယ်။ လက်ရှိ ရောဂါပိုး ကူးစက်မှု ရှိတယ်လို့ တရားဝင် သတင်း ထုတ်ပြန်တဲ့ နိုင်ငံများကတော့
၁။ အမေရိကား
၂။ မက္ကဆီကို
၃။ ကနေဒါ
၃။ အစ္စရေး
၎။ နယူးဇီလန်
၅။ စပိန်
စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ အာရှမှာ အကူးစက်နိုင်ဆုံးက နိုင်ငံခြားသား ခရီးသည် အ၀င်အထွက်များတဲ့ ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။
သတင်း အကျယ်ကို ဒီမှာ နဲ့ ဒီမှာ ဖတ်ကြပါ။
ရေးသားသူ
Ko Boyz
at
4:32 PM
8
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။

