Showing posts with label Absinthe. Show all posts
Showing posts with label Absinthe. Show all posts

Monday, June 4, 2012

How to Jailbreak iPhone , iPad on iOS 5.1.1 with Absinthe

Apple product တွေ ဖြစ်တဲ့ iPhone နဲ့ iPad ကို Absinthe 2.0.4 ဖြစ်တဲ့ Jailbreak software ကို အသုံးပြုပြီး ထောင်ဖောက်ပုံ အဆင့်ဆင့်ပါ။
၁။ မိမိ ကွန်ပြူတာထဲမှာ iTunes ကို ဒေါင်းလုဒ် လုပ်ပြီး အင်စတော လုပ်ထားပါ။
၂။ Absinthe Software ကိုလဲ အောက်ကလင့်ခ်ကနေ မိမိသုံးတဲ့ ကွန်ပြူတာ အမျိုးအစားကို (Mac or Windows OS) လိုက်ပြီး Download လုပ်ထားပါ။

For Mac : https://sites.google.com/site/greenpois0nabsinthe/absinthe-mac-2.0.4.dmg?attredirects=0&d=1

For Windows : https://sites.google.com/site/greenpois0nabsinthe/absinthe-win-2.0.4.zip?attredirects=0&d=1

For Linux : https://sites.google.com/site/greenpois0nabsinthe/absinthe-linux-2.0.4.tar.bz2?attredirects=0&d=1

၃။ မိမိရဲ့ အိုင်ဖုန်း အိုင်ပက်ကို ကွန်ပြူတာနဲ့ ချိတ်ပြီး အိုင်ကျွန်းကနေ ဝင်လိုက်ပါ။ (အိုင်ကျွန်းက မိမိနရဲ့ အိုင်ဖုန်း အိုင်ပက်ကို Download and update လုပ်မလား။ Download only ပဲ လုပ်မလား မေးလာရင် Download only ပဲ ရွေးပြီး အိုင်ကျွန်းက ဒေါင်းလုဒ် လုပ်တာ ပြီးတဲ့ အထိ စောင့်ပေးပါ။)
၎။ အိုင်ကျွန်းမှာ ပေါ်နေတဲ့ Left Pane ထဲက မိမိရဲ့ အိုင်ဖုန်း/အိုင်ပက်ကို Right Click နှိပ်ပြီး Backup ဆိုတာကို ရွေးပေးပါ။ အိုင်ကျွန်းက မိမိဖုန်းထဲက အချက်အလက် Data, Contacts, SMS, Notes စတဲ့ အရေးကြီး အချက်အလက်တွေကို Backup လုပ်ပြီး သိမ်းထားပေးပါလိမ့်မယ်။ အိုင်ကျွန်း Title Bar က Backup status လေး ပျောက်သွားတဲ့ အထိ စောင့်ပေးပါ။
၅။ အိုင်ကျွန်းက Left Pane ထဲကပဲ အိုင်ဖုန်း/အိုင်ပက် ကို ကလစ်တစ်ချက် နှိပ်ပေးပါ။ Main Windows မှာ update နဲ့ Restore ဆိုတာ ပေါ်လာပါမယ်။ အဲဒီမှာ Restore ကို ရွေးပါ။ Factory Setting ကိုပဲ ရွေးပါ။ (Restore from Backup မရွေးပါနဲ့။)
၆။ အိုင်ကျွန်းက မိမိ အိုင်ဖုန်း/အိုင်ပက်ကို Restore လုပ်နေတာကို စောင့်ပေးလိုက်ပါ။ အိုင်ဖုန်း/အိုင်ပက်က ပါဝါ ဖွင့်ချည် ပိတ်ချည် လုပ်ပြီးရင် အိုင်ဖုန်း အိုင်ပက်သည် Restore လုပ်ပြီးပါပြီ။
၇။ အမှတ်စဉ် ၂ မှာ ဒေါင်းလုဒ်လုပ်ထားတဲ့ ဖိုင်ကို ဖြည်လိုက်ပါ။ ဖိုင်ဖြည်ပြီးရင် အရိုးခေါင်းပုံကို ကလစ်နှိပ်ပြီး Enter ခေါက်ပါ...။ 
၈။ ဖိုလ်ဒါ တစ်ခု ပေါ်လာပါမယ်။ ပေါ်လာတဲ့ ဖိုလ်ဒါထဲက Absinthe ဆိုတဲ့ apps ကို double click နှိပ်လိုက်ပါ...။
၉။ Absinthe ဆော့ဖ်ဝဲက အိုင်ဖုန်း/အိုင်ပက်ကို detect လုပ်မိရင် jailbreaking အဆင့်ကို စတင်ပါမယ်။
၁၀။ မိမိတို့ရဲ့ အိုင်ဖုန်း အိုင်ပက် အမျိုးအစားကို လိုက်ပြီး ထောင်ဖောက်ခြင်း ကြာချိန် ၂-၃ မိနစ်ခန့် ကြာတတ်ပါတယ်။ (မိမိဖုန်းကို ထောင်ဖောက်နေစဉ် ကာလအတွင်းမှာ ထိတို့ခြင်း မပြုပါနဲ့။ ဖုန်းက အော်တို ဖွင့်တာ ပိတ်တာ ပြုနေပါမယ်။)


ဇော်ဂျီဖွန် ထည့်သွင်းခြင်း။
၁။ ထောင်ဖောက်ပြီးရင် cydia ဆိုတာလေး home screen မှာ ပေါ်ပါလိမ့်မယ်။
၂။ အဲဒီ cydia ထဲက Manage> Source> Edit ကို နှိပ်ပြီး အောက်က Repo လင့်ခ်ကို Add ပေးပါ...။
http://cydia.macforus.com
၃။ Repo လင့်ခ်ကို ထည့်ပြီးတာနဲ့ Cydia က source ကို update လုပ်ပါလိမ့်မယ်။
၎။ အဲဒီနောက် cydia.macforus.com ကို နှိပ်ပြီး အောက်က ပုံထဲက အမှန်ခြစ် အစိမ်းလေး ခြစ်ထားတဲ့ ဖိုင် နှစ်ဖိုင်ကို install လုပ်လိုက်ပါ။


၅။ အိုင်ဖုန်း အိုင်ပက်ကို ပြန်ပြီး ရီစတတ်လုပ်လိုက်ပါ....။
၆။ ဖုန်း ပြန်ပွင့်လာရင် Setting > General > Keyboard > Add ကနေ Czech ကီးဘုတ်ကို Add ပေးလိုက်ပါ။ ဖုန်းကို ပြန်ပြီး Restart လုပ်လိုက်ပါ။
မြန်မာစာနဲ့ ပတ်သက်တဲ့ ပို့စ်များ၊ ဖိုင်များ ဖတ်ရှုနိုင် ရေးသားနိုင်ပါပြီ။


Credit : greenpois0n.com

Sunday, January 22, 2012

How to JailBreak A5 Chips iDevices (iPhone 4S, iPad 2) iOS 5.0.1 with Windows Version Absinthe Software

How to Jailbreak A5 iDevices on iOS5.0.1 with Absinthe Software.

၁။ ပေးထားတဲ့ လင့်ခ်အတိုင်း သွားပြီး မိမိတို့ အလိုရှိရာ OS Version ကို Download လုပ်လိုက်ပါ။
၂။ ဆွဲချလို့ ရလာတဲ့ RAR ဖိုင်ကို UnRar ပြန်လုပ်လိုက်ပါ။
၃။ ဖိုင်သိမ်းထားတဲ့ နေရာကို မှတ်ထားပါ။
၎။ မိမိတို့ရဲ့ အိုင်ဖုန်း (သို့မဟုတ်) အိုင်ပက်ကို ကွန်ပြူတာနဲ့ ချိတ်လိုက်ပါ။
    အိုင်ကျွန်းနဲ့ ချိတ်ပြီး မိမိတို့ရဲ့ ဒေတာတွေကို Backup လုပ်ပေးပါ။
   Right click on iphones/ipad and choose Transfer. After Tranfer finish, then again choose Backup.
   (ကျွန်တော်ကတော့ ဓါတ်ပုံတွေကို Windows Explorer သုံးပြီး သတ်သတ် ကော်ပီပေ့စ်လုပ်တယ်။)
၅။ အိုင်ကျွန်းကို ပိတ်လိုက်ပါ။ ဖုန်းကို Lock Screen ကနေ Password ပိတ်ထားတယ်ဆိုရင် Password ကို ဖျက်လိုက်ပါ။
၆။ ခုနက သိမ်းထားတဲ့ ဖိုင်ဖိုဒါကို သွားလိုက်ပါ။ အဲဒီထဲက absinthe ဆိုတဲ့ ဆော့ဖ်ဝဲလေးကို Run လိုက်ပါ။ မိမိတို့ရဲ့ အိုင်ဖုန်း/အိုင်ပက်က ကွန်ပြူတာနဲ့ ချိတ်ဆက်ထားတာ သေချာရင် အောက်က ပုံအတိုင်း ပေါ်လာပါလိမ့်မယ်။

၇။ Jailbreak ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။
၈။ ဆော့ဖ်ဝဲက အော်တို အလုပ်လုပ်နေပါလိမ့်မယ်။ ဖုန်းကို သွားမတို့မထိပါလေနဲ့။ ဆော့ဖ်ဝဲကို သူ့ဟာသူ အလုပ်ပေးလုပ်နေပါစေ။
၉။ Progress Bar လေး ပြည့်ခါနီးလောက်ရောက်ရင် မက်ဆေ့ခ်ျပေါ်လာပါလိမ့်မယ်။ မိမိတို့ ဖုန်း/အိုင်ပက်ကို Lock ကျနေတာကို ပြန်ဖွင့်ပြီး အရိုးခေါင်းပုံ icon လေး ရှိတဲ့ နေရာကို ရှာပါ။ အဲဒီ icon ကို နှိပ်လိုက်ပါ။ (အရိုးခေါင်းက Greenpois0n ရဲ့ လိုဂိုပါ။)
၁၀။ အဲဒီမှာ ဖုန်းက အော်တို ပိတ်ပြီး ပြန်ပွင့်လာပါလိမ့်မယ်။
၁၁။ Cydia icon လေးကို ကိုယ့်ဖုန်းထဲမှာ မြင်နေရရင် Jailbreak လုပ်တာ အောင်မြင်တယ်လို့ ဆိုရပါမယ်။
၁၂။ မမြင်ရရင်တော့ ဖုန်းကို ရီစတိုး လုပ်ပြီး အစက ပြန်လုပ်ရပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်။

စာကြွင်း ။ ။ 
၁။ အထက်ပါနည်းသည် ကျွန်ုပ်ကိုယ်တိုင် စမ်းသပ်၍ အောင်မြင်ထားသော နည်းဖြစ်ပါသည်။ 
၂။ ဖုန်းမတူ၍ အသင်တို့ဖုန်းနှင့် အကျွန်ုပ်၏ ဖုန်းရလဒ်ချင်း ကွာနိုင်ပါသည်။
၃။ အကျွန်ုပ်နည်းအတိုင်း စမ်းသပ်၍ မအောင်မြင်ပါက တာဝန်မယူပါ။ (Author takes no responsibilities by trying those mentioned method. Please, try it at your own risk)

As of now, My iPad 2 and iphone 4S were successfully jailbreak using Abisnthe.

Credit to All Dream Team and the site hosting.