Wednesday, May 20, 2009

ယိမ်းယိုင်လာတဲ့ GPS စနစ်။

Photo Credit : GPS Magazine
ကောင်းကင်ကြီး ပြုတ်ကျမယ်ဆိုတဲ့ သတင်းလေးများ ကြားဖူးကြလား မသိဘူး။ အခြေအမြစ်မရှိတဲ့ သတင်းဆိုတော့ ဘယ်သူကမှ ဂရုစိုက်ကြမယ် မထင်ပါဘူး။ ဒါပေမဲ့ မကြာတင်လေးကမှ အမေရိကန်နိုင်ငံက စောင့်ကြည့်သူ တစ်ချို့ရဲ့ သတိပေးချက်ကတော့ လူတိုင်း မျက်ခုံးကို ပင့်တင်လိုက်ပါတယ်။ အခု ကျွန်တော်တို့ လက်ရှိ အသုံးပြုနေတဲ့ GPS စနစ်ကြီးဟာ ပြိုလဲနိုင်ခြေ ရှိတော့မယ် ဆိုတာပါပဲ။ GPS လမ်းညွှန်ကိရိယာများ ၀ယ်ယူဖို့ စဉ်းစားနေသူများ ၀ယ်သင့် မ၀ယ်သင့်ကို နောက်ထပ် တစ်ခေါက်လောက် ပြန်စဉ်းစားရပါတော့မယ်။ ဖေါ့ပြောရမယ် ဆိုရင်တော့ ၀ယ်လိုက်ပါ.... ပေါ့လေ။

ဂျီပီအက်စ်စနစ်ကြီး ချွတ်ယွင်းနေတာ တစ်နှစ်လောက် ရှိပါပြီ။ ဂြိုဟ်တုအကူအညီနဲ့ ထိန်းကျောင်းနေတဲ့ လမ်းညွှန် စနစ်ကို ကွပ်ကဲစီမံနေတဲ့ အမေရိကန် လေတပ်ဟာလဲ အဆိုပါ စနစ် ချွတ်ယွင်းမှုအတွက် ဖိအားတွေ ပေးနေတာကို ခံရတယ်။Align Center

လက်ရှိဈေးကွက်မှာ ပြီးပြည့်စုံသော GPS စနစ်သုံး လမ်းညွှန်ကိရိယာ တစ်ခုရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၀၀ အောက်ပဲ ရှိပါတယ်။ စစ်တပ်သုံး အချက်အလက်တွေမှာလို မိမိတည်နေရာကို တိတိကျကျ မလိုတဲ့ သာမာန်အရပ်သုံး လမ်းညွှန်ကိန်ရိယာဟာ ဒေါ်လာတစ်ရာအောက်ပဲ တန်ဖိုးကျသင့်တယ် ဆိုတာ အဆန်း မဟုတ်ပါဘူး။

တစ်ကယ်တော့ ဒီ အလကားသုံးစွဲခွင့် ရှိတဲ့ GPS စနစ်ကို Upgrade လုပ်ဖို့ အတွက် အမေရိကန် လွတ်တော်က ဒေါ်လာ ၂ ဘီလီယံကို ခွင့်ပြုခဲ့ပါတယ်။ သို့သော် ဘတ်ဂျက်ကို သုံးစွဲရာမှာ အမှားအယွင်းများ ရှိခဲ့တဲ့ အတွက် လွှတ်တော်ဟာ မေးခွန်းများနဲ့ ရင်ဆိုင်နေရတယ်။ ဒီအခြေအနေဟာ GPS စနစ်ကို ဆက်လက် ရှင်သန်ဖို့ ခြိမ်းခြောက်မှု တစ်ခုပါပဲ။ လက်ရှိသုံးစွဲနေတဲ့ ဂြိုဟ်တုအဟောင်းထဲက တစ်ချို့တွေဟာ နောက်နှစ်ဆို သက်တမ်းကုန်ဆုံးပါတော့မယ်။ မှေးသုံးလို့ ရနေပေမယ့် သက်တမ်းကျော်လွန်သွားရင် လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ လွဲချော်မှုတွေ ရှိလာနိုင်ပါတယ်။ အဟောင်းတွေကို အစားထိုးဖို့ အသစ်လွှတ်တင်တဲ့ အစားထိုး စီမံကိန်းများဟာလဲ ထင်ထားတာထက်ကို အတော်လေး နောက်ကျနေတာ တွေ့ရတယ်။ ဒီအချက်ကလဲ GPS စနစ်ကို ဆက်လက်သုံးစွဲဖို့ သင့်မသင့် ဆိုတဲ့ မေးခွန်းကို ပိုမို လေးနက်စေပါတယ်။

လေ့လာမှုများအရ လက်ရှိ ဂြိုဟ်တုအဟောင်းများနဲ့ လွှတ်တင်မယ့် ဂြိုဟ်တုအသစ်များအပေါ် ရေရှည် အားထားနိုင်မှု၊ သုံးစွဲနိုင်မှု ရှိမရှိဟာ စိုးရိမ်ဖွယ်ရာ အခြေအနေပါ။ မိမိတည်နေရာပေါ်မှာ ရပ်တည်ပြီး အလုပ်လုပ်နိုင်တဲ့ ဂြိုဟ်တု အရေအတွက် အနည်းဆုံး ၂၄ လုံးကို ထိန်းသိမ်းဖို့ဟာ သက္ကရာဇ် ၂၀၁၀ မှာ ၉၅% အောက်ကို ရောက်နေပါတယ်။ ၂၀၁၄ အထိကို ဆက်သွားရင် ၈၀% လောက် အထိဟာ လုံလောက်သော ထိန်းသိမ်းမှုကို ရရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါဆို ဒီပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ။ အသစ်တွေ မြန်မြန်လွှတ်ဖို့ တွန်းရင် ဖြစ်နိုင်ပါတယ်။ သို့သော်လဲ လက်ရှိ သုံးစွဲမှု အခြေအနေအရ အရပ်သုံး GPS စနစ်တွေဟာ ၂၄ လုံးထက် နည်းနေလဲ လက်ခံနိုင်လောက်တဲ့ လမ်းညွှန်မှုကို ပေးစွမ်းနိုင်သေးတယ် ဆိုတော့ မြန်မြန်လွှတ်အောင် ကွန်ဂရက်ကို ဘယ်သူကမှ တိုက်တွန်းမှာ လုပ်မှာ မဟုတ်လောက်ဘူး။ (တည်နေရာကို တိတိကျကျ ပြစေချင်ရင်တော့ ဂြိုဟ်တု အရေအတွက် ခပ်များများ လိုပါတယ်။)

Photo Credit : Direction Magazine

အကယ်၍ ဂြိုဟ်တု အရေအတွက်တွေ နည်းသွားမယ်ဆိုရင် လမ်းညွှန်ကိရိယာများရဲ့ တည်နေရာ တွက်ချက်ဖို့ အချိန် နည်းနည်း ပိုကြာသွားနိုင်တဲ့ အချက်က ရှိပါသေးတယ်။ လိုင်းကောင်းကောင်း ဖမ်းမမိနိုင်တဲ့ ဒေသတွေမှာဆို ဂြိုဟ်တု အရေအတွက် အနည်းအများက အတော် စကားပြောပါတယ်။ အိမ်ထဲကနေ သုံးမယ်ဆိုရင် ပိုဆိုးသွားပါလိမ့်မယ်။

သို့သော်လည်း GPS ကို ဆက်လက် ရှင်သန်စေနိုင်တဲ့ အချက် နှစ်ချက် ရှိပါတယ်။ ပထမ တစ်ချက်ကတော့ လူကြိုက်များခြင်း ဖြစ်ပါတယ်။ ဒုတိယ တစ်ချက်ကတော့ နိုင်ငံလုံခြုံရေးနဲ့ ယှဉ်လာရင် အရေးပါတဲ့ အတွက် မွမ်းမံပြုပြင် ထိန်းသိမ်းမှုများကို နိုင်ငံရေးအနေနဲ့ တွန်းအား ပေးနိုင်တာပါပဲ။

ဆိုတော့ကာ အစိုးရအနေနဲ့ အသစ်အသစ်သော လမ်းညွှန်ဂြိုဟ်တုများကို မြန်မြန်ထက်ထက် လွှင့်တင်နိုင်လိမ့်မယ်၊ လက်ရှိ GPS လမ်းညွှန်စနစ်ကို ဆက်လက်ထိန်းသိမ်းသွားလိမ့်မယ်လို့ သုတေသီများက မျှော်လင့်နေကြတယ်။


ဒါပေမဲ့လဲ အဆိုးအကောင်းဆိုတာ ဒွန်တွဲနေပါတယ်။ တစ်ချို့သော အရေးကြီးတယ်လို့ ဆိုခဲ့ကြတဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ လုပ်ငန်းကြီးတွေ ဖြစ်တဲ့ ဘဏ်လုပ်ငန်းတွေတောင် ပြိုလဲလို့ မဖြစ်ဘူးဆိုရင် အခု GPS လမ်းညွှန်စနစ် ဟာလဲ ထိုနည်းလည်းကောင်းပါပဲ။

ဒါပေမဲ့ အမေရိကန် အစိုးရအနေနဲ့ ဒီစီမံကိန်းကို တစ်ခြားသော ပြိုင်လက် လုပ်ငန်းတွေ မစခင်မှာ အပြီးသတ်ဖို့ လိုပါလိမ့်မယ်။ ဒီလာမယ့် နှစ်ကုန်မှာ ဥရောပ နိုင်ငံများက စုပေါင်း လွှတ်တင်မယ့် ဂယ်လီလီယို လမ်းညွှန်စနစ်ဟာ GPS ရဲ့ ဈေးကွက်ကို လုယူနိုင်ဖွယ် ရှိပါတယ်။ သုံးစွဲသူများ အတွက်တော့ အမြတ်ပေါ့လေ။ GPS, Gellileo စနစ် နှစ်ခုသုံး လမ်းညွှန်ကိရိယာ သုံးရင်တော့ အခုထက် ပိုတိကျတဲ့ တည်နေရာပြ လမ်းညွှန်ချက်တွေ ရနိုင်ပါတယ်။

ဝန်ခံချက်။ ။ PC World မဂ္ဂဇင်းက With a GPS Failure Possible, Is It Still Safe To Buy? ဆောင်းပါးကို မှီငြမ်း ဘာသာပြန်ပါတယ်။

ှSource : With a GPS Failure Possible, Is It Still Safe To Buy?

ဖြည့်စွက်ချက်။ ။ GPS က အရင်က အမေရိကန် စစ်တပ်ပဲ အသုံးပြုရာက နောက်ပိုင်း ၁၉၇၀ ကျော်လောက်မှာ အများပြည်သူကို သုံးစွဲခွင့်ပေးခဲ့တယ်။ အလကား သုံးစွဲလွင့်ပေးခဲ့တယ်။ ခုထိပေါ့။ http://en.wikipedia.org/wiki/Galileo_positioning_system အဲဒီမှာ Galileo ဆိုတာ ဘာလဲဆိုတာ ပါတယ်။ ဖတ်လိုက်ပါ။ သူက ဥရောပကနေ လွှင့်တင်တဲ့ ဂြိုဟ်တုစနစ်ကို အသုံးပြုပြီးတော့ လမ်းညွှန်ပေးတာ ။ GPS က အမေရိကန်က လွှင့်တင်တဲ့ ဂြိုဟ်တု စနစ် သုံးပြီးတော့ လမ်းညွှန်ပေးတာ။

11 comments:

  1. မြန်မာစာတွေ ကမောက်ကမဖြစ်နေတယ်..
    ဖတ်တော့ဖတ်လိုက်တယ်..
    ဘာမှမသိလိုက်ဘူးး..

    ReplyDelete
  2. ဖတ်လို့ရပါတယ်။

    ReplyDelete
  3. သက်ပြင်းတော့ချသွားတ။် တို့တွေနဲ့ဝေးပါတယ်လေ..........

    ReplyDelete
  4. သုံးခါတော့ဖတ်ပြီးသွားပြီ။ ရေးတေးတေးဘဲ။။ မိုးချိုသင်းကို မျှော်မှဘဲ။ အခြေအနေ........တီးခေါက်ကြည့်ရမယ်။

    ReplyDelete
  5. မမျှော်နဲ့
    မလှထုံ ဒီမလာတာ တော်တော်ကြာပြီ။
    အန်တီ သွားခေါ်မှ သူမျက်စိလည် လမ်းမှားရောက်လာခဲ့တယ်။

    ReplyDelete
  6. I understand clearly coz of my nature of my job.
    We used GPS(Global Positioning System) in variously.
    for example,
    By using ARPA (Automatic Radar Plotting Aids)
    ECDIS=Electronic Chart Display and Information System
    AIS=Automatic Identification System
    VDR=Voyage Data Recorder
    EPIRB=Emergency Position Indicating Radio Beacon
    GMDSS=Global Maritime Distress and Safety System
    IMMARSAT A,B,C and M including
    VHF DSC
    MF DSC
    HF DSC
    Last 10 years, Many Shipping Companies alerted their fleet ship due to 2000 Y2K problem.
    Last year also my company warning to fleet vessel make sure to check GPS that Maker name, Serial No, Year in built and proper record.
    If something was wrong, immediately report back to head office.
    Recently is going OK.

    Anyway thanks for sharing.
    Bino

    ReplyDelete
  7. အာဖတ်ပြီး ဘာမှန်းမသိဘူး
    ဗိုက်လေးသွားဖြည့်ပြန်လာတာဂျ အဟီး
    ပီအိုက် သတင်းတွေ ကဆားချက်လား
    ရေထိုးထားတာလား
    ပြောချင်တာပြောသွားသည်

    ReplyDelete
  8. လာကြည့်တာ သုံးခေါက်ရှိပြီ၊ ဖတ်ဖို့ကြိုးစားပေမယ့် အာရုံသွင်းလို့ မရလို့၊ အတိုချုပ်ကို စာတစ်ကြောင်းနဲ့ ရေးပေးပါလား ကိုဘ?

    TomTom ဝယ်ရမလား စဉ်းစားနေတာ... ဒီမှာတော့ ကားမောင်းတာရော လမ်းလျှောက်တာရော အရန်းအသုံးဝင်တယ်

    ReplyDelete
  9. *ကိုဘီနို* - ဗဟုသုတ မျှဝေပေးတဲ့ အတွက် ကျေးဇူးပါ။

    *အိုက်ခီလောက်* - ရေထိုးပေမယ့် ကိုယ်တိုင် သွားခပ်လာတာဗျ...။ မနည်း ဘာသာပြန်ရတယ်။ :D

    *Mae* - Garmin ၀ယ်ပါ။ ပိုပြီးတော့ Reliable ဖြစ်တယ်။ Tom Tom ကတော့ စမ်းမသုံးဖြစ်တော့ မသိဘူး။ Garmin ကို ဖုန်းထဲ ထည့်ပြီး စမ်းဖူးတာ မဆိုးဘူး။ ၀ယ်မယ်ဆို ဆင်းမ်လင်းမ်မှာ အစားအစား ရှိတယ်။ ကားမှာ တပ်တာ ရှိသလို ပါစင်နယ် လမ်းလျှောက် ဂျော့ဂင်းအတွက်လဲ သတ်သတ်ရှိတယ်။ အတိုချုပ်ရေးဖို့ဆိုတာ ဘယ်လိုလဲလို့ စဉ်းစားရဦးမယ်။

    ReplyDelete
  10. ဒီလို လေထဲက စစ်စတမ်တွေနဲ့ပက်သက်လို့ (အမေရိကနဲ့ ဥရောပယှဉ်ရင်) ဥရောပက အမြဲပိုသာတတ်တဲ့ သာဓကတွေ အများကြီးရှိခဲ့ဖူးပါတယ်။ ဂျီအက်စ်အမ်နဲ့ စီဒီအမ်အေပဲ ကြည့်လေ။

    ကိုယ်ကတော့ သိပ်တိကျတဲ့ စစ်စတမ်တွေကို လတ်တလော အလိုမရှိဘူး။ ကိုယ်ဘယ်ရောက်နေလဲ ကိုယ့်မိန်းမက ခြေရာခံဖို့ သိပ်လွယ်သွားရင် ရှော့တ်ရှိတယ်။ (ငှဲငှဲငှဲ)။ အခု ဂျီအက်စ်အမ်ဖုန်းလေးတောင် အေရိယာ ပြင်ပရောက်သထက်ရောက်အောင် ဒန်အိုးနဲ့ အုပ်ထားရတာကွ။ သဘောပေါက်တယ်နော်။

    ReplyDelete
  11. ကိုကေ။
    ခင်မင်လို့ နည်းလမ်းကောင်း တစ်ခု ပေးပါရစေ။
    ဂျီအက်စ်အမ်ဖြစ်ဖြစ် ဆဲလ်လူလာ ဖြစ်ဖြစ် ဧရိယာ ပြင်ပကို ရောက်စေချင်ရင် ဖုန်းကို ပါဝါ မပိတ်ပဲ ဘက်ထရီကို ဒီအတိုင်း ဖြုတ်လိုက်ပါ။ ခေါ်တဲ့သူက ဧရိယာ ပြင်ပ ဆိုတာကို ကြားနေရပါလိမ့်မယ်။ အဲ.. တစ်နာရီခြား တစ်ခါလောက်တော့ ဘက်ထရီကို ပြန်တပ်ပေးရပါလိမ့်မယ်။ နို့မို့ဆို တစ်နာရီ ကျော်သွားရင်း စက်ပိတ်ထားပါသဖြင့် ခေါ်ဆို မရနိုင်ပါဆိုတဲ့ မက်ဆေ့ခ်ျ ပေးပါလိမ့်မယ်။ အိမ်သူသက်ထားက ဗိုက်ခေါက်လိမ်တာ ခံပါလိမ့်မယ်။
    တစ်နာရီခြား တစ်ခါ ပြန်တပ်၊ ဖုန်းကို ပါဝါ ပြန်ဖွင့်ပြီးတော့ ဘက်ထရီကို ပြန်ဖြုတ်လိုက်နော်။

    Disclaimer : Use at your own risk. The Blogger does not responsible for any misleading, mistake, problems, trouble caused by practicing the above notes.

    ReplyDelete