Monday, May 25, 2009

Boyz ဘာလဲ ဘယ်လဲ။

မနေ့က အရှုပ်တွေနဲ့ ပတ်ချာလည်နေခဲ့တဲ့ နေ့တစ်နေ့ပေါ့။ ပူလဲ တော်တော်ပူတာပဲ။ ကျွဲတွေ ရေစိမ်သလိုမျိုး ဘူးဂစ်မှာ သွားစိမ်ချင်စိတ်တောင် ပေါက်မိတယ်။ မှတ်မှတ်ရရ ရေ ၆ ခါတိတိ ချိုးမိတဲ့ နေ့တစ်နေ့ပါပဲ။ ဖန်လုံအိမ် အာနိသင်တွေလေ။ အီကွေတာနဲ့ နီးတဲ့ နေရာမှာ နေတာလဲ ပါမှာပေါ့။

ညပိုင်း အွန်လိုင်းတက်မိတော့ တစ်ယောက်က Gtalk ထဲမှာ လာပြောတယ်...။ မနိုင်းနိုင်း Tag ထားတယ်တဲ့။ ဘာကိုတက်ဂ်တာလဲ မသိလို့ အဲဒီပို့စ်ကို သွားဖတ်လိုက်တယ်။ အဲ အခုသုံးနေတဲ့ နစ်နိမ်းကို ဘယ်လိုသဘောနဲ့ သုံးတယ်၊ ဘာ့ကြောင့် သုံးတယ်ပေါ့။ နောက်စီဘောက်မှာလဲ ငှက်ကလေးက လာအော်ထားတယ်။ သူ့ဆီ လာခဲ့ဆိုတော့ သွားကြည့်တော့ သူလဲ ကိုယ့်ကို နစ်နိမ်းဘာကြောင့်ပေး ဆိုတာကို တက်ဂ်ထားတာ တွေ့ပြန်သပေါ့။ အကြောင်းအရာ တူနေတဲ့ အတွက် တစ်ပို့စ်ထဲပဲ ပြန်ပေးလိုက်ပါတယ်။

နစ်နိမ်းဆိုလို့ အခု အွန်လိုင်းလောကမှာ သူများနာမည်တွေများ လှတပတ။ နာမည်ရဲ့ ရာဇ၀င်ကလဲ ခန့်ညားပါ့။ တစ်ချို့နာမည်လေးတွေက ခပ်ဆန်းဆန်းလေးတွေ။ နာမည်ရင်းနဲ့ ရေးနေသူတွေ ရှိသလို တစ်ခြားနာမည်တွေနဲ့ ရေးထားတွေကိုလဲ တွေ့တယ်။ တာရာပွကြီးဆိုတာ ထည့်မလို့။ သူများ ယူထားတာ တွေ့တယ်။ မိုးလုံးဟိန်းခြုံး တို့ နေထက်ပူပြင်း တို့ကတော့ ပညတ်သွားရာ ဓါတ်သက်ပါနေမှာ စိုးလို့ မယူတော့ပါဘူးလေ။ ဟဲဟဲ။

ကိုယ့်နစ်နိမ်းကို ဘာ့ကြောင့် Boyz လို့ ရွေးမိလဲ။ တိုတို ပြောရရင်တော့ ကိုယ့်ကိုယ်ကို Male မှန်း သိစေဖို့ပေါ့။ အဟက်...။ အဲလို တိုတိုတုတ်တုတ် ဖြေလိုက်ရင် ကိုယ့်ကို တက်ဂ်တဲ့သူတွေ စိတ်ညစ်သွားမယ်။ ဒီလိုပါ။

၁၉၉၄ လောက်တုန်းက အကြောင်းကြောင်းကြောင့် နိုင်ငံခြားဆိုတာ ရောက်ဖူးတယ်။ ဖြစ်ချင်တော့ ကိုယ်ရောက်တဲ့ နိုင်ငံလေးက လူကို နာမည်ရင်း မခေါ်ပဲ နစ်နိမ်းခေါ် နာမည်ပြောင်တွေပဲ ခေါ်ကြတာ။ ထိုင်း ကို ရောက်နေတာလေ။ သူတို့တစ်တွေက မွေးကတည်းက နာမည်ရင်းအပြင် နာမည်ပြောင်တွေ ရှိတယ်။ ရှိတဲ့ နာမည်ပြောင်တွေကလဲ အကောင်ပလောင် နာမည်တွေ။ ကိုယ့်ကိုလဲ အမျိုးတွေက နာမည်ပြောင်မရှိဘူးလား ဘာလား မေးကြတယ်။ မရှိဘူးဆိုတော့ တစ်ခုခု မှည့်ရမယ်ဆိုပြီး ပေးလိုက်တဲ့ တိရစ္ဆာန်နာမည်တွေ စုံနေတာပဲ။ Koongh လို့ခေါ်တဲ့ ပုဇွန်၊ Mooo လို့ခေါ်တဲ့ ၀က်၊ Kai လို့ခေါ်တဲ့ ကြက်... အို ရှိသမျှ အကောင်တွေ လာပေးနေတာ။ တိရစ္ဆာန်နာမည်တော့ မမှည့်ချင်ပါဘူး ဆိုပြီး ကိုယ့်ဟာကို ရွေးလိုက်တာ။ Boy ဆိုပြီး ဖြစ်သွားတာပဲ။ အဲဒီနာမည်ကလဲ ယောက်ျားလေးတွေ မှည့်နေကျ ဆိုတော့ အဆင်ပြေသွားတာပေါ့။

အဲဒီကနေ တောက်လျှောက် ကိုယ့်ကို Boy ဆိုပြီးပဲ ခေါ်လာကြတာ နာမည်ရင်းတောင် မေ့တယ်။ နာမည်ရင်းကို မှတ်ပုံတင်နဲ့ ရုံးတွေမှာသာ သုံးဖြစ်တော့တယ်။ အဲ တစ်ခါသားမယ် အွန်လိုင်းဆိုတာကြီးကို တက်ဖို့ ဖြစ်လာရော။ အဲဒီမှာ MSN နဲ့ Yahoo ဆိုတာကို သုံးဖို့ ဖြစ်လာတော့ နာမည်ရွေးဆိုတာနဲ့ ဒီ Boy ကိုပဲ နောက်က z ဆိုတာကို ထည့် နောက် ၆ လုံးပြည့်အောင် မွေးနှစ် ဂဏန်းနှစ်လုံးကို ထည့်ပြီး register လုပ်လိုက်တယ်။ ချက်ရွမ်းပေါ်တက်တော့ Boyz ဆိုတာပဲ သုံးဖြစ်လိုက်တာပေါ့။

အဲဒီတုန်းက BoyzIIMen ဆိုတဲ့ ကပ္ပလီ အဖွဲ့က နာမည်ကြီးနေတုန်း။ သူတို့အဖွဲ့နာမည်ကို သတိထားမိတယ်။ အဲဒီအဖွဲ့ရဲ့ နာမည်က Boyz ဆိုတာလေး သဘောကျမိတယ်။ Boyz ကို ပေါင်းတာ Z ထည့်ပြီး ပေါင်းတာပေါ့။ အဲဒါလဲ ပါတယ်။ အဲဒီတုန်းက တောက်လျှောက် Boyz ဆိုတဲ့ နစ်နဲ့ သုံးဖြစ်တာပဲ။ နောက်တော့ မြန်မာပြည် ပြန်ရောက်တာနဲ့ အင်တာနက် ဆိုတာနဲ့ မထိတွေ့ဖြစ်တော့ဘူး။ ရက်ဂျစ်စတာ လုပ်ထားတဲ့ ရာဟူးမေးလ်၊ အမ်အက်စ်အဲန်တွေလဲ acitvate မဖြစ်တာနဲ့ ပျက်သွားတာ ခုထိ ပြန်လုပ်လို့ မရတော့ဘူး။ ကြားထဲမှာ Boyz ဆိုတဲ့ နစ်လေးကို မေ့တေ့တေ့ ဖြစ်တာပေါ့။

နောက်ပိုင်း မြန်မာပြည်မှာ အများ ပြည်သူကို အင်တာနက်နဲ့ မိတ်ဆက်ပေးတဲ့ အွန်လိုင်းဆိုတာနဲ့ ထိတွေ့ပြန်တယ်။ အဲဒီအချိန်မတိုင်မီက ရှေ့ဆောင်ရုံမှာ ကာတွန်းအယ်နီမေးရှင်းကား The AntZ ဆိုတဲ့ ကားလေး တင်တယ်။ အဲဒီမှာ ဇာတ်ကောင်လေး နာမည်ကို Ant Z လို့ ပေးထားတာကို သဘောကျသွားတယ်။ ဒီအချိန်မှာ ပုဂံနက်ဆိုတဲ့ အိုင်အက်စ်ပီက ဖွင့်တဲ့ အေအက်စ်ပီ ဆိုတဲ့ ချက်ရွမ်းနဲ့ မိတ်ဆက်ပေးတယ်။ အေအက်စ်ပီချက်ပေါ်တက်တော့ နစ်နိမ်း လိုတာနဲ့ အရင်က သုံးဖြစ်တဲ့ Boyz ဆိုတဲ့ နစ်ကိုပဲ ရီဂျစ်စတာ လုပ်ပြီး သုံးဖြစ်ခဲ့တာ ခုထိပါပဲ။ နာမည်သွားရာ ဓါတ်သက်ပါတာလား မသိဘူး။ ခုထိ လူက Boyz ဆိုတဲ့ အတိုင်း နုနေတုန်းလို့ အပြင်မှာ တွေ့ဖူးသူများက ပြောကြပါတယ်။ ဒါ့ကြောင့် ခုထိ ဒါ့ပုံ မတင်ဖြစ်တာသာ ကြည့်ပေတော့။ ဟဲဟဲ။ နောက်တာပါ။

သူများတွေလို နာမည်လေးတွေက ခန့်ခန့်ညားညား၊ ချစ်စရာ၊ ရာဇ၀င်နဲ့ လာတာ မဟုတ်ပေမယ့် တက်ဂ်သူ ရှိလို့ ရေးလိုက်ပါတယ်။ ဆက်တက်ဂ်ချင်သူများကတော့ ကိုယ်နဲ့ ရင်းနှီးတဲ့ အသိုင်းအ၀ိုင်းထဲက ဖြစ်ပြီး နာမည်နောက်ကြောင်း ရာဇ၀င်ကို လူတွေ သိပ်မသိတဲ့သူတွေ တက်ဂ်ချင်ပါတယ်။ နေနေနိုင် ကို သွားတက်ဂ်ရင်တော့ သူက တိုတိုတုတ်တုတ် ဒါ သူ့နာမည်ပဲ ဆိုပြီး ပြောမှာ ဖြစ်တယ်ဆိုတာ သိနေတဲ့ အတွက် မတက်ဂ်တော့ပါဘူး။ ဒီကိုလာ လို့ခေါ်တဲ့ သဉ္ဇာအေးခေါ် တီဇက်အေကတော့ အများ သိကြတဲ့ အတိုင်း ဒီကိုလာခဲ့ ဆိုပြီး လူခေါ်တဲ့ စတိုင်နဲ့ နာမည် ပေးထားတယ် ဆိုတော့ သူ့ကိုလဲ မတက်ဂ်တော့ပါဘူး။ စမ်းချောင်းမှာ နေတဲ့ အတွက် ကိုစမ်းချောင်း လို့ နာမည် အတိုကောက် ယူထားတဲ့ ကိုksg ကိုလဲ မတက်ဂ်တော့ပါဘူး။ လူတွေကို ထွင်းထုတတ်လို့ ကိုလူထွင်းလို့ နာမည် အပေးခံရတဲ့ ကိုလူထွေးလဲ နာမည်ကိုက ရှင်းနေတော့ မတက်ဂ်တော့ပါဘူး။
(Tag Game မှာ အတက်ဂ်မခံရပေမယ့်လဲ နာမည်ပါရင် ရေးရတယ်လို့ ငှက်ကလေးက သူ့ပို့စ်ထဲမှာ ကျွန်တော့်ကို လူလည်ကျထားတော့ ကျွန်တော်လဲ တစ်ဖန် ပြန်လည် လူလည်ကျလိုက်ရပါတယ်။)

လောလောဆယ်တော့ ကိုယ်တက်ဂ်ချင်သူက များနေတယ်။ အကုန်လုံးကို တက်ဂ်ချင်ပေမယ့် တစ်ချို့တွေက အတက်ဂ်ခံပြီး ဖြစ်နေတဲ့ အတွက် လူနိုင်ထဲကပဲ တက်ဂ်လိုက်ပါတယ်။ (လူနိုင်လို့တော့ ထင်တာပဲဗျာ။)

သူတို့ကတော့
၁။ အများက စိတ်ဝင်တစ်စားနဲ့ လာရောက်ဖတ်ရှုတဲ့ ဘလော့ဂ်ပိုင်ရှင်၊ စာတစ်ကြောင်းပဲရေးရေး၊ ပုံတစ်ပုံပဲ တင်တင် ဘလော့ဖတ်သူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ အန်တီဂွိ၊ အရီးကွမ် ခေါ် kom
၂။ မအယ်ဇီ တစ်ဖြစ်လဲ မဂျူနို
၃။ ကိုကိုဒီဘီ လို့ သူ့ကို ခေါ်စေချင်တဲ့ mrdba blog ပိုင်ရှင် ကိုဒီဘီအေ၊
တို့ပဲ ဖြစ်ပါတယ်။

အားတဲ့ အချိန်လေးများမှာ မိမိရဲ့ နစ်နိမ်းလေးများရဲ့ ရာဇ၀င်ကို ခင်းကျင်းပေးကြပါလို့။

24 comments:

  1. ဘွိုင်းဇ်ပုံကို မှန်းကြည့်ပါတယ်
    Moooo ဆိုတော့ ဖြုဝဝကြီးလား
ုkoongh ဆိုတော့ ကွေးကောက်ကောက် လိမ်ဖယ်လိမ်ဖယ်လား
ုkai ဆိုတော့ အမောက်ထောက်ထားသလားပေါ့ :D

    အင်တာတွေဗျူးရလို့ မာနတွေကြီးပြီး မရေးတော့ဘူး ထင်နေတာ
    ရေးပေးတဲ့အတွက် ရှဲ့ရှဲ့ပါလို့...း)

    ReplyDelete
  2. ကိုဘွိုင်းဇ် ဒါ ညီမကို တဂ်တာလား ဟုတ်လား အဟိ
    ဘာပဲပြောပြော ကျေးဇူးပဲလို့နော် သိလား
    မကြွားပါနဲ့ ကိုဘွိုင်းဇ် ကိုယောက်ျားလေးမှန်းသိပါတယ်
    ဟို ပေါက်စီ ပို့စ်ကြောင့်ပေါ့ အဟိ
    အဲလို ပေါက်စီ ပို့စ်မျိုး များများတင်ပါဗျိုးးးးး အရမ်းစိတ်ဝင်စားလို့ တမျိုးမထင်နဲ့နော် ညီမ အစားအသောက်ကြိုက်လို့ပါ :P

    ReplyDelete
  3. သြော် ဘွိုင်းဆိုတာ ဒီလိုကိုး...
    နုတယ်ပြောလို့ မမကွန်တွေ့ရင်တော့ ဆိတ်ကြည့်ချင်တယ် ပြောမှာ မြင်ယောင်နေသေးတယ်..

    ReplyDelete
  4. အင်တာဗျူး ဘယ်မှာရေးထားတာလဲ
    ဖတ်မလို့ပါ link လေးပေးပါ

    ReplyDelete
  5. နုမနု ဆိတ်ကြည့်ချင်တယ်ဆိုတာ ဈေးထဲမှာ ရုံးပတီသီးဝယ်ရင် ထိပ်ကလေးချိုးကြည့်တာမျိုးကိုပြောတာလားငှင် (ဘုရား ဘုရား)

    ကိုဘတို့များ ကျွန်တော့်ဘလော့ကို လာအားမပေးတာ သေချာပါတယ်။ (စိတ်မကောင်းဖြစ်သွားပြီ) ဘာကြောင့်လဲ ဆိုတော့ မနေ့ကဘဲ သူများက တက်ဂ်သွားလို့ ကိုဘသိချင်တာလေး ရေးပြီးသွားကြောင်းပါခင်ဗျ။
    သို့သော်လည်း သတိတရ တက်ဂ်လိုက်တဲ့ အတွက် ဝမ်းသာကြောင်းလေးတော့ ပြောသွားပါတယ်။
    ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ (ဟမ်)

    ReplyDelete
  6. Boyz ဆိုတာ ယောက်ျားလေးကိုး.....။

    ReplyDelete
  7. ဘာလဲ ဘယ်လဲ ????

    ReplyDelete
  8. **နိုင်းနိုင်းစနေ** - မနေ့က မအားလို့ အွန်လိုင်း မတက်ဖြစ်တာပါဗျာ။ ဘလောက်ဂါကြီး ကိုယ်တိုင် လာတက်ဂ်ထားတာ ဆိုတော့ ရေးရမှာပေါ့။ မူလို ဖြူဖြူ၀၀၊ ကွန့်လို့ ကောက်ကွေးစတိုင်နဲ့ လမ်းလျှောက်တတ်တဲ့ ခေါင်းမှာ ခုခေတ်စားနေတဲ့ အမောက်ထောင်ကေနဲ့ ရုပ်က အနော်ပဲ...။ အဟက်

    **ငှက်ကလေး** - ရေးပြီးသာသူတွေကို မတက်ဂ်ပါဘူးကွယ်။ ပေါက်စီကြိုက်တယ်ဆိုတော့ အကြိုက်ချင်း တူနေတယ်။ ဟဲဟဲ။

    **မြိုး** - ဘွိုင်းဇ်ဆိုတာ ဒီလို နုတာပါပဲ။ စလုံးမှာတော့ ဆိတ်ရှားတယ်။ တိရစ္ဆာန်ရုံထဲတော့ သွားကြည့်လို့ရမယ် ထင်တာပဲ။

    **နေသီရိ** - လောကအလှမှာပါ။ လင့်ခ်တော့ မှတ်မိတော့ဘူး။ လောက အလှ ဟုမ်းပေ့ခ်ျကနေ သွားလို့ ရပါတယ်။

    **ကိုကိုဒီဘီ** - မနေ့က မအားလို့ ဘယ်မှကို မဖတ်ဖြစ်ပါဘူးလို့ စကားပလ္လင်ခံထားပါတယ်ဗျား။ လက်ညိုးတော့ လာမချိုးပါနဲ့နော်။

    **ဆင်ဆင်** - ယောက်ျားလေး အယောင်ဆောင်ထားတဲ့ ယောက်ျားလေးပါဗျန့်...။

    **ညီညီ** - ဘာလဲ ဘယ်လဲ ဆိုတာ ခေါင်းစဉ်နဲ့ လူကို ဖမ်းစားတာ။

    ReplyDelete
  9. သူများက အစောကြီးကမေးတော့boyz ဆိုတာဘာလဲဆိုတော့ဟိုလိုလိုဒီလိုလိုနဲ။ သူ့ နိုင်းနိုင်းမေးတော့ဖြေလိုက်တာ။ မုန်းစရာကြီး။

    ReplyDelete
  10. ပြောလိုက်သေးတယ် ။ဂျီတော့မှာ တစ်စုံတစ်ယောက်က လာပြောတယ်တဲ့ .အင်ကြီး။ နိုင်းနိုင်းကို ဘေးမှာ လင့်ထားပြီးထွက်သမျ သွားဖတ်နေတဲ့သူကများ အိုက်တင်ခံ နေသေးတယ။် တို့က အစောကြီကတည်းက သွားဖတ်ပြေီးသာ. တွေ့သားဘဲ. မပြောပါဘူး. သေတောင်မပြောဘူး။

    ReplyDelete
  11. “ဗ” နဲ့ကော ဗွိုင်းလို့ရလားဟင်။

    စကားမစပ် လောကအလှက အင်တာဗျူးဖတ်လိုက်ရတော့မှ ကိုဗွိုင်းလည်း စီနီယာဖြစ်နေတာ သိရတယ်။

    ReplyDelete
  12. I thought that Boyz ဆိုတာ ယောက်ျားလေး
    sound was great: :D
    read everywhere.
    Bino

    ReplyDelete
  13. ကိုဘ.. ရင့်သွားတဲ့အခါ နာမည်ပြောင်းဖို့ ကြိုစဉ်းစားသင့်တယ်လို့ အကြံပေးပါရစေ၊

    p.s. "ယောက်ျားလေး" က အဲ့လိုပေါင်းလို့လား?

    ReplyDelete
  14. ဟား..ဟား...
    ခင်ဦးမေကတော့ လုပ်ပြီ...း)
    သူ့နိုင်းနိုင်းတော့ မလုပ်လိုက်ပါနဲ့
    ဖြေရှင်းရခက်ကုန်မှာ စိုးလို့ပါ... :D

    ReplyDelete
  15. **ခင်ဦးမေ** - ဒုက္ခ။ အန်တီ အိပ်ချင်မူးတူးနဲ့ ဂယောင်ကတမ်း ထလုပ်နေသည်။ စောစောအိပ်ပါ။ မနက် ၃ နာရီမှ အိပ်ပြီး မနက် ၆ နာရီကို ပြန်ထတာတွေ မလုပ်ပါနဲ့။ အိပ်ချိန် မလောက်ပါဘူး။

    **တောင်ငူ** - “” (ဗထက်ချိုင့်)နဲ့ ဗွိုင်း ရင် Voyz ဖြစ်သွားမှာပေါ့ကွယ်။ ဘယ်က စီနီယာဆိုတာ သေချာပြောပြပါ။ စီနီယာ ဖြစ်တာ များနေပြီကွယ်။ ရင်ခုန်လိုက်ထှာ...။

    **Mae** - နာမည်က နာမည်သာ ဖြစ်တဲ့ အတွက် ပြောင်းဖို့ မစဉ်းစားတော့ပါဘူး။ ပြောင်းရင် ကိုယ်ဘယ်သူဆိုတာ ချက်ချင်း ဖမ်းမိဖို့ ခက်ပါတယ်။ မဲလေးတို့ ခေါ်နေကျ ကိုဘ ဆိုတာလဲ မဆိုးဘူးပဲ။

    မြန်မာစာရေးနည်းမှာ အရင်က အတိုချုံးရေးနည်း ရှိပါတယ်။ လက်ဘက်ရည် ဆိုတာကို -က် ကသတ်က နှစ်ခု ဖြစ်နေတော့ ချွေတာရအောင် ဆိုပြီး -က် ကို ဘုံထုတ်ပြီး လ္ဘက်ရည် ဆိုတာ ရေးခဲ့တယ်။ အခုလဲ ယောက်ကျားလေး ဆိုတာကို ကကြီး နှစ်လုံးတူတာကို ဘုံထုတ် တစ်လုံးတည်း ရေးမယ် ဆိုပြီး ယောက်ကျားလေးကနေ ယောက်ျားလေး ဆိုတာ ဖြစ်လာတာပေါ့။ တစ်ချို့ကတော့ ကင်းစီး လို့ ခေါ်တယ်။ ဒါပေမဲ့ ကင်းစီး -ဆိုတာက သိသလောက် ငသတ် -င် ကို အတိုရေးတာပဲ။ ဥပမာ မင်္ဂလာ ဆိုတဲ့ စကားမှာ မင်ဂလာ ရဲ့ မင်နားက ငသတ် င် ကို အတိုကောင် -ဆိုပြီး ဂငယ် အပေါ် တင်လိုက်တာပဲ။ တစ်ချို့က ယောက်ျားလေးကို ယောင်္ကျားလေး ဆိုပြီး ကင်းစီးတပ် ရေးတယ်။ ယောင်္ကျားလေးဆို ယောင်ကျားလေး ဖြစ်သွားမှာပေါ့။ ယောက်ျားလေး လို့ရေးမှပဲ အမှန် ဖြစ်မယ် ထင်ပါတယ်။ ကိုးကားစရာ သတ်ပုံကျမ်းက လွယ်လင့်တကူ မရှိလေတော့ လေ့လာမှတ်သားမိသလောက် ရှင်းလင်းရတဲ့အတွက် မှားချင် မှားနိုင်ပါတယ်။

    **နိုင်းနိုင်း** - အဟက်။ သူ့နိုင်းနိုင်း မဟုတ်ပဲ ငါ့နိုင်းနိုင် ဆိုရင်ကော အဆင်ပြေလား။ (နောက်တာပါ။)

    ReplyDelete
  16. ကိုဘရေ
    သတိယတယ်ဆိုတော့ ၀မ်းသာတယ်ဗျို့ ။
    နေ့ ကောင်းရက်သာ တနေ့ နေ့ မှာ ရေးလိုက်မယ်။
    အဲ့ဒီခါကျ အကြောင်းကြားလိုက်မယ့်နော်။

    မအယ်

    ReplyDelete
  17. တစ်ခါသားမယ် ... (ခက်ဆစ်ဖြေပေးပါ)

    ခင်ဗျားပြောမှ ကျုပ်ကိုယ်ကျုပ် ပန်းပုဆရာဖြစ်မှန်းမသိ ဖြစ်နေပြီ...

    ကိကီတစ်ယောက်ကလဲ ဟိုထွေးဒီထွေး ကိုလူထွေးတဲ့... မြိုမချရက်လို့ ထွေးထုတ်သတဲ့...

    ပျက်ပါဘီ နာ့နာမီတော့

    ReplyDelete
  18. မအယ် - သတိရတဲ့ တစ်နေ့ ရေးပေးပါ။ ကျေးဇူးတင်ပါတယ်။

    ကိုလူထွင်း - တစ်ခါသားမယ် = တစ်ခါတုန်းက ဆိုတာကို ဆိုလိုပါတယ်။ မန်းလေးမှာ ကျောင်းတက်တုန်းက နယ်စုံက လူတွေ လာတာ ဆမိတ်ခုံက သယ်ရင်းတွေ အဲလို ပြောကြတာပဲ။

    ReplyDelete
  19. မမ ရေးတာ ဖတ်ပြီး ရီလိုက်ရတာ။ သူ ခြေဆောင့် နေပုံတောင် မြင်ယောင်သွားတယ်။
    ဒါနဲ့ ကဘ ဆိုတဲ့ နစ်ခ် ရဲ့ ဟစ်စထရီလေးရော သိရမလား။ ဖြေမယ့်ပုံလဲ မပေါက်ပါဘူး။ (ကိုယ့်ဖာသာကိုယ် ရေရွတ်သွားတယ်)

    ReplyDelete
  20. အယ်... မချိုသင်းက ကော်မန့်ပဲ လာဖတ်လေရော့သလား။
    ဒါမှမဟုတ် ကျွန်တော်ကပဲ ရေးတာ ဆိုလိုချင်တဲ့ အဓိပ္ပါယ် မရောက်လို့လား။

    ReplyDelete
  21. ရေးပြီးပြါီ့ပီ

    ReplyDelete
  22. http://khinoomay77.blogspot.com/2009/05/kom.html

    Saturday, May 30, 2009
    kom

    ReplyDelete
  23. 30 May 09, 05:56 AM
    MCT: မမက ကိုဘ တဂ်တာကျတော့ ရေးသကိုး။

    ReplyDelete
  24. အရီးအကြောင်းသိချင်တာမှန်သမျှ ကိုဘကိုဘဲ တက်ဂ်ခိုင်းရမယ်။ သိသွားပြီ။ ဒါ့ပုံပြပါဗျို့ဆိုတဲ့ တက်ဂ်ပို့ရေးခိုင်းပါလား ကိုဘ။ အဲဒါဆို သူမငြင်းရဲပါဘူးလေ ..ငှဲငှဲ။

    ReplyDelete