Sunday, May 17, 2009

Happy Birthday Ko James

ယခုကဲ့သို့ ကျွေးရ ပြုရသော စေတနာအကျိုးကံကြောင့် နောင်လဲ ဒီထက်မက ကျွေးနိုင် မွေးနိုင်ပါစေဗျာ။
10k စား အဆင့်ကို မြန်မြန် ရောက်ပါစေဗျာ...။
Tom လေးလဲ သူ့ဒက်ဒက်နဲ့ အတူတူ အမြန်နေနိုင်ပါစေဗျာ။
ယနေ့ကျရာက်သော (xx)နှစ်မြှောက် မွေးနေ့မှသည် နောင်နှစ်ပေါင်း ၈၅ နှစ်တိုင်အောင် သားမြေးမြစ် တီတွတ်ကျွတ်ဆက်ဘောက်ဘက် နဲ့ ပျော်ပျော်ပါးပါး နေနိုင်ပါစေ။

ကိုဂျိမ်းစ် ကိုယ်တိုင် ဒီနေ့မနက်ကတည်းက ပြင်ဆင်တည်ခင်း ကျွေးမွေးတဲ့ ရှမ်းရိုးရာ မြီးရှည်ပါတဲ့ဗျား...။

ဒါက ထည့်ရမယ့် အဆာပလာ စာရင်းများ...။


ဒါကတော့ မပြောလဲ သိတဲ့ ငရုတ်သီး။


မပါမဖြစ် ဆီချက်၊ (ပါကော်ရှားကော ထည့်ထားသည်။)



ကြက်သွန်မြိတ်များ (မနေ့က ကျွန်တော် နည်းနည်း ကူလှီးပေးထားသည်။)



ကြက်သွန်ဖြူချဉ်။



ကော်ရည်။



ကြက်သားကြိုက်သူ ကြက်သား...။



ဝက်သားကြိုက်သူအတွက် ၀က်သား...။


ပြီးတော့ ဟင်းရည်။


ခေါက်ဆင့် (မုန့်တီပါ။)


ပြင်ဆင်ပြီးတော့ စားချင်စဖွယ်လေး။ နေ့လည်၊ ညစာ လွတ်ပါသည်။
အားလုံးပဲ လာရောက်သုံးဆောင်နိုင်ပါပြီ။ ၀၀လင်လင်ပါပဲ။
(တစ်ချို့များကတော့ ရခိုင်မုန့်တီ၊ ထောပတ်ထမင်း စားသည် ဟု လေသံပစ်ကြသည်။ အကျွန်ုပ်ကတော့ ပုံနှင့်တကွ တင်ပြပါသည်။ အပြောမဟုတ်၊ ဒ့ါပုံနှင့် သက်သေပြပါသည်။)

စားပြီးတော့ ဆုတောင်းပေးရပါမည်။

အားလုံး ၀ိုင်းဝန်းဆုတောင်းပေးကြပါ။ အောက်မှာပါတဲ့အတိုင်း ကျွန်တော် တိုင်ပေးတာ လိုက်ဆိုကြပါ။


Happy Birthday To You
You Belong To The Zoo
You Are Monkey And Donkey
Happy Birthday Bro James

6 comments:

  1. အောက်ဆုံးက ဘာမုန့်လဲ မွေးနေ့ကိတ်လား ခွိခွိ..
    ဆုတောင်းသီချင်းက မမကေအိုအမ်ကို တောင်းပေးတာနဲ့တူနေတယ်..နောက်တမျိုးပြောင်းဆိုပါ..

    တို့ကတော့ရခိုင်မုန့်တီကို စီးတီးဟောက ငါးဝယ်ပြီးကိုချက်ထားတာ ငွေသမုဒ္ဒရာကိုသက်သေလုပ်ခိုင်းလို့ရပါတယ်..။

    အိမ်လိပ်စာအတိအကျပေးပါ.. မြီးရှည်ကိုကိုယ်တိုင်လာရောက် သုံးဆောင်ပြီး မွေးနေ့ကိုချီးမြှင့်ပါမည်..
    ကျန်သေးတယ် လက်ဆောင်ပေးခြင်းသည်းခံပါဆိုမှ လာမှာနော်..။

    ဟိဟိ ဟက်ပီးဘက်ဒေး ကိုဂျိမ်းစ်...။
    Tom and Jerry တို့နဲ့လည်းမြန်မြန်တွေ့ပါစေ။

    ReplyDelete
  2. Happy Birthday To You
    You Belong To The Zoo
    You Are Monkey And Donkey
    Happy Birthday Bro James

    ၃၅ နှစ်မြောက်မွေးနေ့မှသည် ရှေ့ဆက်ဘဝခရီးစိတ်၏ချမ်းမြေ့ခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရန်ဆုမွန်တောင်းပါသည်။

    ReplyDelete
  3. You Belong To The Zoo ဆိုတော့ကာ Bro James က ကိုဘတို့ အိမ်သဂျီးလား.... ဟင်...။ :)
    မမက 35 နှစ်မှန်းဘယ်လိုသိတာလဲ.. ကိုဘက ဘရာသာခေါ်နေမှတော့
    ၅၀ ကျော်ပြီပေါ့ ..။

    ReplyDelete
  4. ကိုဘတို့ အိမ်သဂျီးဆိုရင်လဲ ကိုဘက ဇူးဆိုတာကြီးမှာ နေတာပေါ့နော် ...သွတ်သွတ်သွတ်။
    အဲနီးဝေး ... ဆုတောင်းပေးဆိုတော့လဲ ဆုတောင်းပေးသွားတယ်။ အသက်ရှည်ရှည် အနာဝေးဝေး တွန်မ်အန်မ်ဂျယ်ရီ များများကြည့်နိုင်ပါစေ။

    ReplyDelete
  5. လာလည်တယ်သိလား
    လားရှိုးမုန့် တီနဲ့ တူတယ်နော်
    အတူတူပဲလားဟင်???
    တခါထဲပြေားခဲ့မယ်လင့်ခ်လိုက်ပြီလို့ 

    ReplyDelete