Friday, May 8, 2009

ဂျေအိုင်ခေါင်းဆောင်ကို ပြန်ဖမ်းမိပြီ...။

တစ်နှစ်နီးပါး ကြာအောင် ထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ စင်ကာပူ ဂျေအိုင် ခေါင်းဆောင် မတ် ဆီလမတ်ကို ဖမ်းမိပါပြီလို့ အစိုးရက ပြောကြားသွားပါတယ်...။ ဖမ်းမိတဲ့ နေရာက မလေးရှားနိုင်ငံဖြစ်ပါတယ်။ မလေးရှားရဲတွေကို စလုံးဘက် အကူအညီတောင်းထားခဲ့ပါတယ်။ တစ်ကယ်တော့ ဆီလမတ်ကို မလေးရဲ့တို့ ဖမ်းမိတာ တစ်လလောက်ရှိပြီလို့ ပြောပါတယ်။ စင်ကာပူ အစိုးရက အခုမှသာ တရားဝင်ကြေငြာတာ ဖြစ်ပါတယ်...။

အဲဒီ ထောင်သား လွတ်မြောက်သွားတဲ့ အတွက် စင်ကာပူ ရဲ ၆ ယောက် ရာထူးလျှော့ချခံရသလို၊ စင်ကာပူ သမိုင်းမှာ ရဲအယောက်ပေါင်း ထောင်ချီပြီး တောလှန်ရှာဖွေခဲ့ရသည် အထိ မှတ်တမ်းတင်ခဲ့ပါတယ်။
ဒီကြားထဲ တစ်ချို့သော မီဒီယာများက ဆီလမတ်ကို ထောင်ထဲ စစ်ဆေးမေးမြန်းမှုမှာ လက်လွန်သွားလို့ ကာဗာဖြစ်အောင် ထွက်ပြေးသယောင်ယောင် ပြောဆိုခဲ့ပါတယ်...။
အစကတော့ သူထါက်ပြေးရင် ဖြစ်နိုင်ခြေကတော့ ဂျေအိုင် အကြမ်းဖက်သမားများရဲ့ ဘူမိနက်သန် ဖြစ်တဲ့ အင်ဒိုနီးရှားကို သွားရောက်ခိုလှုံဖွယ် ရှိတယ်လို့ ထင်မြင် ယူဆခဲ့ပေမယ့် အခု မလေးမှာ ဖမ်းမိတယ် ဆိုတော့ အံ့အားသင့်ခဲ့ကြပါတယ်..။

အခုလို တရားခံပြေး မတ် ဆီလမတ် ကပ်စ်ထရီကို ပြန်လည် ဖမ်းမိတဲ့ စင်ကာပူနိုင်ငံသားများ ပျော်မြူးနေကြတယ်လို့ သတင်းများက ဆိုပါတယ်။

သတင်း အကျယ်ကို သိလိုသူများ အောက်ကလင့်တွေမှာ သွားကြည့်နိုင်ပါတယ်။

Channel News Asia 1
Channel News Asia 2
Channel News Asia 3

8 comments:

  1. ဒီကိစ္စနဲ့ ပတ်သက်ပြီး စင်္ကာပူလူမျိုးတယောက်ရဲ့ ကွန်မင့်ကို ဖတ်ကြည့်ပါဦး။

    tew ah seow on May 8th, 2009 11.25 am

    Mas was caught in Indonesia and Malaysia. It shows that our neighbours police are much competent. Singapore police is sub standard, we have to admit it, though we are in the so-called first world league. Imagine for the past 1 year the Immigration at Woodsland checked every car boot, take thumb print and caused us much inconvenience and in the end, Mas escaped to Malaysia unnoticed. Singapore is incompetent, we have to admit it.

    နောက်ပြီး ပြည်ထဲရေးဝန်ကြီး ဝေါင်ကန်းဆင်းက ဆီလာမက်ကို လွန်ခဲ့တဲ့တစ်လ (ဧပြီလ ၁ ရက်နေ့)က မလေးရှားရဲတွေက ဖမ်းမိပြီး မိလျှင်မိချင်း သူတို့ကို သတင်းပို့တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် ဧပြီလ ၁၅ ရက်နေ့ အိုင်အက်စီဒီ ဆားဗစ် ပရိုမိုးရှင်း အခမ်းအနားမှာ မိန့်ခွန်းပြောကြားရာမှာတော့ “ I have been regularly updated on the Department’s efforts to track Mas Selamat Kastari down. I have no doubt of your determination. I have confidence that with patience – which has always been a virtue of the Department – we will recapture him.” လို့ ပြောကြားသွားတဲ့အတွက် ဧပြီလ ၁၅ အထိ ဖမ်းမိတာ သူမသိသေးဘူးလို့ ယူဆစရာရှိပါတယ်။ အဲသည်တော့ အခုပြောတဲ့စကားနဲ့ ရှေ့နောက်မညီ ဖြစ်နေကြောင်းပါဗျိုး။း-) သူ့ရဲ့ ဧပြီလ ၁၅ ရက်နေ့က မိန့်ခွန်းကို အောက်ကလင့်ခ်မှာ သွားဖတ်နိုင်ပါတယ်။

    http://www.mha.gov.sg/news_details.aspx?nid=MTQwNg%3d%3d-SOITePml5jQ%3d

    ReplyDelete
  2. ဖတ်တော့ဖတ်တယ် အင်းဖတ်ပြီးပြန်တော့ ဘာတွေမန့်ရမှန်းမသိတာနဲ့ မန့်တော့ဘူးကိုဘွိုင်းရယ်နော်

    ReplyDelete
  3. သို့လော သို့လော တော့ ဖြစ်စရာပဲ

    ReplyDelete
  4. သူဖမ်းမိတာလားလို့. ဆုငွေရရင် မုန့်တော့ကျွေးမှာပဲ ဆိုပြီး အပြေးလာတာ။ ခလုတ်တောင်တိုက်တယ်
    သူမိတာလဲ မဟုတ်ဘူး အလကားလူကြီး
    :D

    ReplyDelete
  5. အတော်ဆိုးတာပဲ.. ဒီလူ.. ရဲတွေကို အရူးလုပ်လားလုပ်ရဲ့... ဘွိုင်းကျနေတာပဲ

    ReplyDelete
  6. 9 May 09, 08:12
ုkom: ဘီဘီစီကပြောသွားတာကြားတယ်လို့သူငယ်ချင်းကပြောတယ။် ။ အံသြသွားတယ်။

    ReplyDelete
  7. ဖမ်းမိတဲ့ရဲတွေကဆုငွေရမှာလားဟင်...ဖမ်းမိပြီးရင်ဘာဆက်လုပ်ကြမှာတဲ့လဲ။(စတာပါနော်)။ ဖမ်းမိတာကောင်းပါတယ်..နို့မို့ရင် check piont မှာသူတို့တွေ စစ်နေလိုက်ကြတာ..Mas Selamat က အနီးအနားမှာပဲရှိနေသလိုလို။

    ReplyDelete
  8. ကိုပေါ - ကိုပေါပြောပြတာလေးတွေ စိတ်ဝင်စားဖို့ ကောင်းတယ်။ ဟိုတစ်နေ့ကမှ ၀န်ကြီးချုပ်ကိုယ်တိုင် ဆင်းပြောတာကတော့ မလေးဘက် မေတ္တာရပ်ခံချက်မရ သူတို့ ခေတ္တနှုတ်ပိတ်ခဲ့တယ် ဆိုတာပဲ။ ဖမ်းမိတဲ့ နေရာက နေတဲ့သူတွေတောင် အဲဒီ မတ်စ် စီလမတ်ကို သတိမထားမိဘူးတဲ့။ ပြီးတော့ အဲဒီနေရာက တရုတ်လူမျိုးတွေ အများစု နေနေကြတဲ့ နေရာပါ။ တစ်ခုခုတော့ တစ်ခုခုပဲ။

    ကောင်းကင်ရဲ့ သမီးပျို - ဘာမန့်ရမှန်း မသိဆိုပြီး မန့်သွားတာကို မန့်တာပါပဲလေ...

    ပန်ဒိုရာ - သို့လော သို့လောကတော့ ဖြစ်တာ ကြာပါပြီ။

    သုနှင်းဆီ - အလကား လူကြီးဆိုတာ free man ကို ပြောတာလားဟင်ငှင်ငှင်...။


    ကိုလူထွေး - ကြည့်ရတာ သူတို့လဲ ကျွန်တော့် ဘလော့ဂါဖတ်နေပုံပဲ။ ဟာဟ

    အန်တီဂွိ - ဘာကို အံ့သြသွားတာလဲ

    ကြည် - ဆုငွေထုတ်တာက သတင်းပေးသူ/ဖမ်းမိသူ အရပ်သားများကိုပဲ ထုတ်ပေးမယ် ထင်တာပဲ။ ရဲတွေက သူတို့ နဂိုမူလ တာဝန်ကိုက လူဆိုးတွေ ဖမ်းဖို့ပဲဟာ။

    ReplyDelete