Friday, May 15, 2009

Bangkok Trip 5 နတ်မိမယ်တို့ ပျော်စံရာ (၅)

ိုဆက်စပ် ဖတ်ရှုရန်။
Bangkok Trip 1 ထွက်တော်မူ နန်းက ခွာတယ်။
Bangkok Trip 2 နတ်မိမယ်တို့ ပျော်စံရာ (၂)
Bangkok Trip 3 နတ်မိမယ်တို့ ပျော်စံရာ (၃)
Bangkok Trip 4 နတ်မိမယ်တို့ ပျော်စံရာ (၄)

ပြာလွင်နေပြီး တိမ်ဖြူတွေ ရောယှက်နေတဲ့ ကောင်းကင်ကြီးကို နောက်ခံထားပြီး ကောင်းကင်ကို ထိုးဖေါက်လုမတတ် ထီးထီးတည်း ရပ်တည်နေတဲ့ ကျောက်တိုင်ကြီးကို ကြည့်လိုက်ပါ။ ကိုယ့်နိုင်ငံတော်အတွက် ဂုဏ်ယူ ၀င့်ကြွားချင်စိတ်များ တစ်ဖွားဖွား ပေါက်မိပါသလား။ ဘာမှ မခံစားရဘူးဆိုရင်တော့ သင် တစ်ခုခု မှားနေပါပြီ။ သင့်ရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ တိုင်ပင်လို့မှ ဘာ အဖြေမှ မထွက်ဘူးဆိုရင်တော့ အောက်က ပို့စ်ကို ဆက်ဖတ်ပါ။ (ဘာမှလဲ မဆိုင်ဘူး။)


ဒီနေရာကို အနုစာဝါ့ရီ လို့ ခေါ်ပါတယ်။ ထိုင်းအမျိုးသားများရဲ့ လွတ်လပ်ရေး ကျောက်တိုင် တည်ရှိရာ နေရာပေါ့။ အဲဒီမှာ မ.ထသ ဂိတ်ပေါင်းစုံ ရှိပါတယ်။ ရန်ကုန်မြို့တော် ခန်းမနားက မ.ထ.သ ဂိတ်ကို အတုယူဖွင့်တာလို့ ကိုယ်လိုရာ ဆွဲတွေးလိုက်ပါတယ်။ (ဟင်းဟင်းဟင် အယုဒ္ဓယသားတွေဟာ ငါတို့ မြန်မာတွေရဲ့ နောက်လိုက်တွေပါကွ...။) ဒီလိုနဲ့ ဘတ်စ်ကားဂိတ်ပေါင်းစုံ စုဝေးရာ အနုစာဝါ့ရီကို ရောက်ခဲ့ပါပြီ။ အနုစာဝါ့ရီ ဆိုတာ တစ်ကယ်တော့ လွတ်လပ်ရေး ကျောက်တိုင် သဘောမျိုးပါ။ အ၀ိုင်းပတ် အကြီးကြီးပါ။ အလယ်မှာ ကျောက်တိုင် မြင့်မြင့် စိုက်ထူထားပါတယ်။


ကျောက်တိုင်အောက် လေးဘက် လေးတန်မှာတော့ တိုင်းချစ် ပြည်ချစ် မျိုးချစ် စစ်သားများ၊ ကြည်း၊ရေ၊လေ စသည်တို့ရဲ့ ရုပ်တုများနဲ့ တန်ဆာဆင်ထားပါတယ်။ ဘယ်စွန်က ရေတပ်သား၊ အလယ်က ကြည်းခြေလျင်တပ်သား၊ ညာစွန်က ပြည်သူ့ရဲ။ အန်.. ဒါဆို စောနက ပြောနေတဲ့ ကြည်းရေလေမှာ လေ ပျောက်နေတယ်။ အော်.. ဒီလိုပါ။ လေတပ်သားက အဲဒီတုန်းက လွတ်လပ်ရေး ကျောက်တိုင်မှာ စုရပ်ထားပြီး ချိန်းတာကို ကောင်းကင်ပေါ်ကနေ လေထီးနဲ့ ခုန်ချနေဆဲ ဖြစ်လို့ အရုပ်များထုလုပ်ဆဲ ကာလမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိလို့ မခိုင်လုံတဲ့ အတင်းရပ်ကွက်က သိုးသိုးသန့်သန့် ကြားသိရပါတယ်။ (ဟိုဘက် ကျောပေးထားတဲ့ အရပ်ကို သွားမရိုက်ချင်လို့ ဆင်ခြေများ ပေးနေတာ ဖြစ်တယ်လို့ ယူဆလိုက ယူဆနိုင်ကြောင်း...။)



အဲဒီ အ၀ိုင်းပတ်ပတ်လည်မှာ သစ်ပင်တွေကို အရုပ်လေးတွေပုံးစံ ညှပ်ပေးထားတယ်။ အပေါ်စီးက ရိုက်တာဆိုတော့ သစ်ပင်ပုံတွေက သိပ်ပုံ မပေါ်ဘူး ဖြစ်နေတယ်။

ဒီနေရာ အနုစာဝါ့ရီမှာပေါ့။ အနီတွေ (သက်ဆင်ထောက်ခံသူ) ပတ္တယားမှာ ဆန္ဒပြပြီး အာဆီယံဆမ်မစ် မီတင် ပျက်အောင် လုပ်နိုင်လို့ ဘန်ကောက်ပေါ် တက်လာကြပြီး ထပ်ဆန္ဒပြကြရာမှာ တက်စီသမားများက အားပေးထောက်ခံတဲ့ အနေနဲ့ ဒီနေရာကို ၀င်စီးထားတာ။ မော်တော်ပီကယ်တွေ ကြက်ပျောက်ငှက်ပျောက်ပဲ။ တက်စီသမားတွေကပဲ လမ်းကြောကို ထိန်းသိမ်းပေးတယ်။ တစ်ခါတစ်လေလဲ တိုင်းသူပြည်သားတွေ ဒီမိုကရေစီဆိုပြီး ဗန်းပြ ဆန္ဒပြတာ တိုင်းပြည်နစ်နာတယ်။ အ၀ါတွေ(သက်ဆင်ကို ရှုံ့ချသူ)က ထိုအချိန်က ၀န်ကြီးတက်လုပ်နေတဲ့ သက်ဆင်ယောက်ဖဟာ နိုင်ငံရေး ကိစ္စ တော်တော်များများမှာ ကိုင်တွယ်နေတာတွေသည် နောက်ကွယ်က သက်ဆင် ပယောဂ မကင်းလို့ ဆိုပြီး အစိုးရရုံးကို ၀ိုင်း ဆန္ဒပြကြတယ်။ အဲဒီမှာ ၀န်ကြီးက လွယ်လွယ်နဲ့ အလျှော့မပေးတော့ သုဝဏ္ဏဘူမိ လေဆိပ်ကို ၀င်စီးလိုက်တာ နိုင်ငံ့ ခရီးသွားလုပ်ငန်း ရပ်တန့်သွားတယ်။ လေယာဉ်တွေ မဆင်းနိုင် မတက်နိုင်ဖြစ်ပြီး စီးပွားရေးတွေ ရပ်တန့်၊ အလည်လာတဲ့သူတွေ မပြန်နိုင် မလာနိုင် ဖြစ်ကုန်တယ်။ အဲဒီကတည်းက ထိုင်းစီးပွားရေး ထိုးကျသွားတာ အခု Recession ဖြစ်တဲ့ အထိပဲ။ အခု ၀န်ကြီးချုပ် ဖြစ်နေတဲ့ အဘိဇစ်ကတော့ အဲဒီ လေယာဉ်ကွင်း အပိုင်စီးတဲ့ ကိစ္စမှာ တာဝန်ရှိတဲ့သူကို အရေးယူမယ်လို့ ပြောပေမယ့် အရေး မယူသေးတော့ အခုတစ်ခေါက် အနီဝတ်တွေက အတင့်ရဲပြီး ပတ္တယားက အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပတဲ့ ဟိုတယ် ကို ချဉ်းနင်း ၀င်ရောက် နိုင်ခဲ့တာပေါ့။ အတင့်ရဲပုံကတော့ ၀န်ကြီးချုပ် စီးလာတဲ့ကားကို ဖျက်ဆီးပစ်မယ့်အထိ ဆိုးဝါးခဲ့တာပါပဲ။ ဒါကတော့ အစွန်းရောက်ရင် ဖြစ်တတ်တာကို ပြတာပါ။


ကဲကဲ... လမ်းလွဲနေတာ ပြန်တည့်မယ်။ အနုစာဝါ့ရီ ရောက်တော့ တံတားပေါ်ကနေ ဖြတ်တာ မြင်ကွင်းလေးလှလို့ ထပ်တင်လိုက်ပါတယ်။


ဟော ဒီပုံလေးကျတော့ သိမ်ကြီးဈေး ကုန်းကျော်တံတားကနေ အောက်ကို ကြည့်လိုက်ရတဲ့ မြင်ကွင်းနဲ့ ဆင်ပြန်ရော။


သူတို့ဆီမှာ တက်က်စီတွေကလဲ အရောင်အမျိုးမျိုးနဲ့။ ဒီလို ဖန်စီကာလာ ပန်းရောင်လေးတွေ ရှိတယ်။ ဗရိုက်ဗိတ် ကုမ္ပဏီတွေက အမျိုးမျိုးဆိုတော့လဲ ကိုယ်ထောင်တဲ့ တက်စီ ကိုယ်ကြိုက်တဲ့ ကာလာ ချယ်ကြတာပေါ့လေ။ တက်စီ အားလုံးက မီတာ တက်က်စီတွေ ဖြစ်ပါတယ်။ တစ်ခါ တက်လိုက်ရင် ၃၅ ဘတ် လား မသိဘူး ပေးရတယ်။

ရှေးဘ၀ အထုံပါရမီနည်းသူမို့
မွေးရာပါ စက္ခုမလင်းရှာတယ်။
မောင့်ကံငယ် နုံချာလွန်းတာကြောင့်
ခြေလက်အဂါင်္ စုံလင်သူများလိုဖြင့်
ဝမ်းကျောင်းကာ မနေရတယ်။
နှဲမှုတ်လို့ တောင်း...။


အဲလိုပဲ ငိုချင်းချပြီး စာချိုးရမှာလား မသိပါဘူးဗျာ...။
ဘန်ကောက်ရဲ့ ပူပြင်းလှတဲ့ မနက် နေရောင်ခြည်အောက်မှာ နေဒဏ်ကို အန်တုလို့ ကိုယ်တတ်တဲ့ နှဲမှုတ် အတတ်ပညာနဲ့ရယ် ဖျော်ဖြေပြီး တစ်ဝမ်းတစ်ခါးအတွက် ရုန်းကန်နေရသူပါ။ ဘ၀တစ်ကွေ့မှာ ကြုံခဲ့ဖူးသူ ရယ်လို့ဖြင့် မှတ်တမ်းတင် ဓါတ်ပုံလေး ရိုက်ပေးလိုက်ပြီး သူ့အနုပညာကို လေးစားသောအားဖြင့် ငွေစလေးများ ပေးသနားခဲ့တယ်...။

အဲဒီနောက်ကို အနုစာဝါ့ရီ တံတားအ၀ိုင်းကနေ အောက်ကို ဆင်းခဲ့တယ်။ ကားဂိတ်ဆိုတော့ လူပေါင်းစုံ ရှိတာပါ့။ သွားရည်စာ၊ မနက်စာများလဲ ရောင်းတဲ့ ဆိုင်လေးတွေ ရှိတယ်။ ကားစောင့်ရင်းနဲ့ ဟိုဟိုဒီဒီ မျက်စိကစားမိတယ်။


ဒီဆိုင်လေးက Dunkin' Donuts ဆိုတဲ့ သိုးဆောင်းလူမျိုးတို့ရဲ့ မုန့်လက်ကောက် အရောင်းဆိုင်ပေါ့ဗျာ။ လမ်းသွားလမ်းလာများ မနက်စာ သွားရည်စာ အလွယ် ၀ယ်လို့ရတဲ့ နေရာပေါ့။


ကားဂိတ်မှာ အာဂန္တု ခရီးသွားများ ခရီးတစ်ထောက် အေးအေးလူလူ အနားယူနိုင်ဖို့ ခုံတန်းလျားလေးတွေ မြို့ပြင်ထွက်ဖို့ ကားစီးပါတယ်။ ကိုယ်တော်တစ်ပါးကတော့ အရိပ် သိပ်မရပေမယ့် ရတဲ့ နေရာမှာ ထိုင်နေရင်း ခိုများကို ကြည့်နေလေရဲ့။ (ခိုတွေက ဘောင်အပြင်ဘက် ရောက်နေတယ်။ ဖြည့်ကြည့်လိုက်ပါလေ။)

ကားဂိတ်မှာ ကားစောင့်နေရင်း ပိုက်ဆံ ပြတ်သွားလို့ ပိုက်ဆံ ထုတ်ချင်သလား။ မပူပါနဲ့ ဘဏ်ပေါင်းစုံက နေရာတိုင်းမှာ သူတို့ရဲ့ အေတီအမ် ပိုက်ဆံ အလိုအလျောက် ထုတ်စက်တွေ တပ်ဆင်ထားပေးပါတယ်။ သတိတော့ထားပေါ့ဗျာ။ မသမာသူတွေက အေတီအမ် စက်အတုတွေ လုပ်လာတယ်လို့ ကြားမိတယ်။ မသပ်မရပ်နဲ့ အေတီအမ်တွေမှာတော့ သွားမထုတ်လေနဲ့။ လူမြင်ကွင်းက အေတီအမ်တွေမှာပဲ ထုတ်ပါလို့ အေတီအမ်ပိုင်းဆိုင်ရာ မှုခင်းကျွမ်းကျင်သူများက သုံးသပ်ပြတယ်။ ဒါ့ကြောင့် ဒီအမျိုးသမီး ဒီမှာ လာထုတ်တာနေမှာ။ တော်တယ်။


ကဲ.. ကားစီးမယ်။ ကြည့်ရတာ သူတို့ဆီမှာလဲ ကြားကား ဆွဲတယ် ထင်ပါရဲ့။ Ko Tu Airport ဆိုပါလား။ ဘာကြီးတုန်း။ လေဆိပ်နာမည်က ကိုတူး အဲယားပို့တဲ့။ မဟုတ်လောက်ဘူး ထင်တယ်။ အော်.. လေဆိပ် သွားမယ်တဲ့။ ဂိုးတူ အဲယားပို့ကို အသံထွက်ရေးလိုက်တာ အဲလို ဖြစ်သွားတာကိုး။

ကဲ.. ခုတစ်ခေါက် ခဏနားမယ်။ နောက်မှ ကားစီးတဲ့ အခန်းလာမယ် မပုကြွယ်နဲ့ ခရုငယ်။
တော်သေပြီ။

14 comments:

  1. 15 May 09, 18:58
    kom: ဆောရီးဘဏ်ကလေး အစ်မ မအားလို့ စောစော က အခုလဲ အိက်စကျူမီနော်သိတ်ပျော်မနေနဲ့ မန်းဒေးမှ ဘလူးဘလူးဖြစ်နေမယ။် ကြိုပြင်ထားပါ။

    15 May 09, 18:57
    kom: အီတွင်ပြီးပါပြီး ထပ်မတင်နဲ့တော့ဒီည. ။

    15 May 09, 18:57
    kom: တော့ အသည်းကွဲသွားတော့မှာဘဲ။ (.မြို့ပြရဲ့ အရိပ်အောက်မှာဘ၀သစ်ထူထောင်ရင်း..အသည်းကွဲခဲ့အမေံရဲ့သားလေးပြန်လာပြီ..)

    15 May 09, 18:56
    kom: မော်တော်ကားရေသုတ်တဲ့ဝိုက်ပါမှန်ကြီးကိုတွေ့ပြီ ဆိုတော့ကာ ဒါဘက်စကားကြီးဘဲ ဒါဆို ဘက်စကား ရှေ့နားက ဘာကြီးတုံးး အော် ဒါက ရှေ့ဘတ်စကားရဲ့နောက်ပိုင်းပါ။ အဖြေရပါပြီ။ စီပု့းလည်း ရှုပ်သွားပြီး အမေ့သားတစ်ယောက်ေ

    15 May 09, 18:55
    May Flower: Ko boyz, ma2 now go back home :P

    15 May 09, 18:54
    kom: မော်တော်ကား ကို ဘာကားလဲ မာစီးဒိးလား လို့တွေးခေါါ်ရင်းမနေနိုင်လို့ အကျယ်ချှဲရင်းစဉ်းစားနေတယ် ဘာကားလဲ ဘာကားလဲ ခုံကို တစ်ဒေါက်ဒေါက် ခေါက်ရင်းစဉ်းစားတယ။် တော်တဲ့သူများဆိုတော့လဲ သိတ်မစဉ်းစားရပါဘူး။

    15 May 09, 18:54
    May Flower: Ko Boyz အ၀ိုင်းပတ်ပတ်လည်မှာ သစ်ပင်အရုပ်လေးပုံတင်မက ဖင်ကုန်းနေတဲ့ ပုံ ပါ ပါတယ။် ဟိ :P

    15 May 09, 18:51
    kom: ပိုက်ဆံကတော့ကုန်သွားရင် အင်း အမျိုူသမီးလေးလုပ်တာ မှန်ပါတယ။် သို့သော်ငြားလဲ တို့သာဆိုရင်အဲဒီနေရာမှာ မထုတ်သေးဘူး အနောက်ကိုလှည့်ကြည့်လိုက်ရင် မသမာသူရဲ့ ကင်မရာကြီးကို မြင်တာနဲ့ပြေးမှာဘဲ။

    15 May 09, 18:49
    kom:့ ပုံတွေ ကိုကလစ်ရင်းနဲ့ မယ်စံရှားမျက်လုံးများကလည် အငြိမ်မနေပါဘူး SANYO 207 JPG လို့မြင်တယ်ဆိုတော့ ကိုဘ ကင်မရာက ဆန်ညိုများလား ဆန်နီများလားလို့လည်း အတွေးနယ်ချဲ့သွားမိသေးတယ။်

    15 May 09, 18:48
    kom: ရွတ်ပြီး လက်ကနေ ဘယ်နစ်ခေါက်ရပြီလို့စိတ်နဲ့မှတ်ထားသလို ဖြစ်လို့ ရယ်မိပါတယ။်

    15 May 09, 18:45
    kom: မှူတ်ထုတ်နေပုံမို့လို့ပါးကြီးပိန်နေလို့ ပြုံးသလိုဖြစ်နေတာကိုး။ ဒီထက်ဆိုးတာက ကိုယ်တော့မလျန်းမကန်းက လူက ထိုင်နေပုံက ခါးကိုမတ်ပြီး တည်တည်ကြည်ကြည် လက်ကိုလည်းချိုးထားသေးတယ။် ပုတီးစိပ်သလို နမောတေ ..

    15 May 09, 18:44
    kom: ကိုယ်တော်ကို အကျယ်ချှဲ့ကြည့်လိုက်တာ စိတ်မထိန်းနိုင်ဘူး ရယ်မိတယ်။ ခိုတွေ ကိုတော့ မမြင်ရသေးဘူး ကိုယ်တော်က ဘာဖြစ်လို့ပြု့းပြုံးကြီးဖြစ်နေရတာလဲ လို့လေ့လာတဲ့အခါ ဆေးလိပ်သောက်နေလို့ ဆေးလိပ်မီးခိုးလေးတွေ မှူ

    15 May 09, 18:42
    kom: စားလို့ကတော့ တို့လိုသာဆိုရင် သက်သေခံပစ္စည်းပါလာမှာဘဲ။

    15 May 09, 18:41
    kom: မျက်စိကစားလိုက်တာ နဲ့ဘယ်သူနဲ့များတွေ့သွားပါလိမ့်လို့အကျယ်ချဲ့မိတဲ့အခါ ပြုံးပြုံးကြီး ဘန်ကောက်တေးရီးယန်း ကြိးကိုတွေ့တယ်။မသဲမကွဲ ဘန်ကောက် ပျီုဖြူလေးများလည်းများတယ။် ကိုဘ ဒီုနပ် ကိုစားခဲ့ပုံတော့မရဘူး

    15 May 09, 18:40
    kom: နောက်တစ်ခါ ကိုဘ လာမဲ့လမ်းမှာ ထိုင်နေပါရစေ. နဲမမှူတ်တတ်လို့ ဝါးဆစ်ကလေးဘဲ ထုပြီး အောရိုက် အောရိုက်လို့ ဘတ်စကား စပယ်ရာ အော်တဲ့ နူနံနဲ့အော်နေရင် အဲဒါ တို့ဘဲ။

    15 May 09, 18:38
    May Flower: ma2 kom, ko boyz ကဘန်ကောက်ဘန်းပြပြီး သက်စင်အကြောင်းက များနေတာ :P Ko Boyz အမြင့်ကိုရောက်နေမှာ ပေါ့ကောင်းကင်ပေါ်ကနေ လေထီးနဲ့ ခုန်ချနေတာ ဟိ

    15 May 09, 18:38
    kom: တက်စီပန်းရောင်ကလေးကတော့စီးချင်ဘူးကွယ် ကြွက်မီကိုဘဲစီးခိုင်းလိုက် ခလေးနဲ့လိုက်တယ။် (နှဲမှူတ်တဲ့သူ သီချင်းက အဲသလိုတော့ဟုတ်ဟန်မတူဘူး ကိုဘ က စပ်ပေးလိုက်တာ ဖြစ်မယ်။ နောက်ဆိုရင်ဆိုရုံမက သိချင်းပါရေးပါ။

    15 May 09, 18:36
    kom: မသဲကွဲဘူး ဘာသီးတွေလဲလို့ စဉ်းစားရင်းဗိုက်ဆာနေတယ်။ ကိုဘ ဘာဟင်းချက်သလဲ ဝက်သားနာမည် မပါရင် မုန့်ကျွေး အဲ ဘီယာတိုက်မယ်။ စိမ့်နေအောင် အေးနေတဲ့ဘီယာတိုက်မယ။် (အင်းသူက ငါ့ကိုမခင်ဘာဘူးလေ. )

    15 May 09, 18:34
    kom: (မယ်စံရှားမျက်စိလည်သွားပြီ) ထီးကလေးတွေ ကိုဘာစားစာရများလဲလို့ငတ်ကြီးကျက အကျယ်ချဲ့ကြီးတာ ခလေးကစားစရာတွေ ဖြစ်လို့ အသီးကွဲသွားတယ။် (တွန်းလှည်းသည်ခြင်းထဲကိုတော့ ကုန်းပြီး ဘာတွေ တုံးလို့ ကြည့်လိုက်သေးတယ။်

    15 May 09, 18:32
    kom: ဒါပေမဲ့ ပန်းခြံကို အဝေးက ရိုက်တဲ့ပုံမှာ တတာံးမပါဘူးဆိုတော့ကာ...........ဒီပန်းခြံထဲကို တံတားက ထိုးထားတာ မဟုတ်ဘူးး ကဲဒီတော့ဒီတံတားက ဘယ်လမ်းကနေ ဘယ်ကို ကူးပေးထားတာလဲ ကျောက်တိုင်ဆီသွားဘို့မဟုတ်ဘူးဆိုရင်
    [older messages]

    15 May 09, 18:31
    kom: လှည့်လိုက်သလိုဘဲ ဟိုဘက်ရောက်သွာြး့ပီးစစ်သား လေးယောက် ကနေ သုံးယောက်ကိုဘဲမြင်ရတော့တယ်။ဘယ်လိုဖြစ်လို့လဲ။ အဲဒီတော့ တံတားက ခပ်စောင်းစောင်းဖြစ်ရမယ်လို့ကောက်ချက်ချလိုက်တယ။်

    15 May 09, 18:28
    kom: အဲဒီထဲမသွားတော့ဘဲ တံတားပေပ်ါကနေ လှမ်းရိုက်တာကတော့ ဝန်ခံထားလို့ သေချာပြီ။ ဒါပေမဲ့ မရှင်းတာ က အနီးကပ်ပုံနဲ့အဝေးပုံကို ရှုစားရင် အဝေးက့ ပဲုက စစ်သားက ခလေးချီထားတာက အနီးကပ်ပုံမှာ ကျောက်တိုင်ကို လှည့်လိုက်သလ

    15 May 09, 18:26
    May Flower: ma2, ko boyz ဟိ ဟိ ပျော်တာ :P Boss က Monday မှ discuss လုပ်တဲ့ :D

    15 May 09, 18:26
    kom: မျက်စိလည်သွားလို့ပြန်ကြည့်နေရတယ်။ကျောက်တိုင်ကြီးက အတော်လှတာဘဲ။ အဝေးကြည့်မှာ စစ်သားလေးယောက်လားပါတယ။် အနီးကပ်မှာ သုံးယောက်ဘဲပါတယ်။ ပန်းခြံက သိတ်လဲမကြီးဘူး ဖြစ်နိုင်တာကို စဉ်းစာြး့ည့်ရင် ကိုယ်သာဆိုရင်

    15 May 09, 18:25
    kom: ထင်တဲ့အတိုင်းဘဲ ဘန်ကောက်ဘန်းပြပြီး ပြောချင်ရာတွေ ပြောနေပြန်ပြီး. သက်စင်ရော ဝန်ကြီးရော လိမ်ပျံတွေ ကောဘဲ။

    15 May 09, 18:22
    kom: အဲ. မျက်စိက မှူန်ပြန်ပြီး ငါ အသက် အတော်ကြီးနေပြီဘဲ။ နိုးနိတူဂိုး ဆိုတာကို နိတူဂိုးလို့ဖတ်မိတယ်။ ဘဏ်က စိတ်ညစ်တယ်လို့ပြောတာကိုး အဲဒီမှာ အမြန်ဖတ်လိုက်တော့လွဲကုန်တယ်။ ငွားငွားငွား

    15 May 09, 18:21
    kom: သစ်ပင်စစ်သားလေးတွေ ကထူးဆန်းတယ်။ ဘာဖြစ်လို့ကိုဘ က အမြင့်ကိုရောက်နေရတာလဲ။ ကျောက်တိုင်ပေါ်ကနေ လက်ပြနေလို့လား။ တကုန်းကုန်းနဲ့ မြက်နှူတ်နေသူကို ဝါသနာအရ အကျယ်ချဲ့ကြည့်သွားသည်။

    15 May 09, 18:20
    May Flower: ma2 ma2 kom ဘဏ်ကလေး က စနေနေ့မဖွင့်ဘူး ဟိ ပြောရတာ အရသာ ရှိတာ

    15 May 09, 18:19
    kom: တို့တော့ဆရာဝန်နဲ့ တိုင်ပင်စရာမလိုတော့ဘူး။ အာ.........မှားသွားလို့ဘန်ကောက် ငါးဘဲ မျက်စိက မကောင်းလို့ခွင့်လွတ်ပါ။ စစ်သားပျောက်နေရင်ဟိုဘက်သွားရမှာ ပျင်းရင် ကျောက်တိုင် ကိုဆွဲလှည့်လိုက်တာ မဟုတ်ဘူး။

    15 May 09, 18:17
    kom: သေချာတာကတော့ဘာမှ မခံစားရခင် ရန်ကုန်က ပန်းခြံထဲက ကျောက်တိုင်ကြီးကို သတိရသွားတာဘဲ။ အဲဒါ ဘာပန်းခြံလဲ မဟာဗန္စုလပန်းခြံထင်တယ်။ အဖြေတစ်ခုရပြီဆိုတော့ဆက်ဖတ်ခွင့်ရှိသွားပြီ.ဘာမှ မတွေးခေါ်နိုင်သူများဆက်မဖတ်ရန်။

    15 May 09, 18:15
    May Flower: ဟယ် Ko Boyz အိမ်ပြန်ေ်ရာက်ပြီပေါ့ Bangkok trip 5 တောင်တင်ပြီ အား ကြတာလိုက်တာ ဟင့် :( now still at office ဟင့် ဟင့်

    15 May 09, 18:14
    kom: ဘန်ကောက်လေးက တက်တာ နောက်ကျနေပါလား။ဖိုးစိန်ကိုဖတ်ပြီးတာ ကြာရော့။ တို့ရေပိုက်ကလည်း စိတ်မမှန်လိုက်တာ။

    ReplyDelete
  2. ရှည်ရှည်ဝေးဝေးတွေ သိပ်မမန့်ကြနဲ့။ ဒီကကောင်ခင်မျာ အချိန်လုပြီး ဖတ်နေရတာ။ အိမ်ပြန်နောက်ကျရင် မိန်းမက တမျိုး။ အားနာပါးနာနဲ့ လိုတိုရှင်း ရေးကြပြောကြ။ ဒါပဲ။

    ReplyDelete
  3. လန့်လိုက်တာ ကိုကေရယ် ဖြည်းဖြည်းသက်သက်သာပြောပါ။ ဒီမှာ ကိုယ့်ဘာသာ ကိုယ်ပြန်ဖတ်ပြီးပီတိကို စားပြီးအားရှိနေတာ.........။

    ReplyDelete
  4. နတ်မိမယ်တို့ ပျော်စံရာဆိုလို့ ပြေးလာလိုက်ရတာ ဖတ်ဖတ်ကို မောရော။ နတ်မိမယ်ပုံလည်း တပုံမှ မတွေ့ဘူး။

    (သတိ။ လူကြီးများအား အလိုက်တသိရှိခြင်းဖြင့် သင်ကြီးပွါး တိုးတက်အံ့။)

    ReplyDelete
  5. သွားချင်လိုက်တာ။ အေးလေ သူက နတ်မိမယ်ဆိုလို့
    ဘောနပ်က ပေါက်စီ များပါမလားလို့ မှားပါတယ်။

    ReplyDelete
  6. နောက်တစ်ခါသွားရင် လက်တို့ပါဗျာ။
    ယပလ သူလေးတွေ ဘန်ဂေါက် ဒိန်းကြားရပ် ကြည့်ပြီးကတည်းက
    သွားကြည့်ချင်နေတာ။

    ReplyDelete
  7. အ၇ှည်ဆုံးကောမန့်ဆုကို မမခဥမ မှ ဆွတ်ခူးသွားပါတယ်...။

    ReplyDelete
  8. ဟုတ်ပါ့ ပြောကုန်ကြပြီ။ ၁၈+ တွေက နတ်မိမယ် တွေဘယ်တော့လာမလဲစောင့်နေကြတယ်။

    ReplyDelete
  9. စင်စင်ရယ်..ဒါ ကတော့ဒီလိုရှိပါတယ။် အဟိ။

    ReplyDelete
  10. ဟုတ်ပါ့ ပြောလည်း ပြောစရာဘဲ။ ငွားငွားငွား။ (မူလလက်ဟောင်း ရယ်သံပိုင်ရှင် ခဥမ)

    ReplyDelete
  11. ဟင်း... သက်ပြင်းရှည်ကြီးချသွားသည်။ ဘိုးဘိုး အတွက် စိတ်ပူမိတယ် ဘွားဘွားရယ်။ :D ဟိဟိ

    ReplyDelete
  12. အပေါ်စီးကနေရိုက်ထားတယ်ဆိုပေမဲ့ သစ်ပင်တွေကပုံပေါ်ပါတယ်။ နေပူထဲမှာနှဲမှုတ်နေတဲ့ လူကြီးပုံကိုရိုက်ပြီးတင်ကတည်းက ဘွိုက်ဇ် တစ်ယောက် အလှူငွေထည့်မယ်ဆိုတာ မဖတ်လည်းသိပြီးသား။ ဘုန်းကြီးရှေ့ကခိုတွေကိုလည်း ဖြည့်ပြီးကြည့်သွားပါတယ်။

    ReplyDelete
  13. မပုကြွယ်နဲ့ခရုငယ်က သမီးရည်းစားလား၊ ခရုငယ်က နတ်မိမယ်လား မပုကြွယ်က ပျော်စံရာလား။

    အော်.. ကောင်းလိုက်တဲ့ကော်မန့်.. တော်လိုက်တဲ့ငါ :P

    ReplyDelete
  14. ကိုဘွိုင်း ကလဲ အနုဆာဝါရီချိုင်း မှာပဲ ရပ်ထားပါလား။
    အဲဒီ ကားဂိတ် ( ဆူးလေအ၀ိုင်းမှာ ) ခဏခဏ ထိုင်ဖြစ်တယ်။
    ဘတ်စ်ကားမှာ ရေးထားတာက
    အပေါ်ပိုဒ် က “ ဆနမ်ဘိင် ”
    အောက်မှာရေးထားတာ က “ ဆူဝါနာဘုမ်”
    နှစ်ခုပေါင်း တော့ “ ဆနမ်ဘိင် ဆူဝါနာဘုမ်” မြန်မာလို ဆီလျှော်အောင်
    ရေးယင် တော့ “ သုဝဏ္ဏဘူမိလေဆိပ်” ကိုသွားမယ်ပေါ့ဗျာ။
    အင်္ဂလိပ်လို ရေးထားတာက စာမတတ်လို့ မရှင်းပြတော့ဘူးနော်။
    ငှဲငှဲငှဲ...

    ReplyDelete