Thursday, May 21, 2009

KoKoRo No ToMo (သို့မဟုတ်) တိုးတိတ်တမ်းတ

ဆက်စပ်ဖတ်ရှုရန်။
"Kokoro No Tomo" by "Mayumi Itsuwa"

အရင်လဆန်းပိုင်းက ရေးခဲ့တဲ့ ဂျပန်သီချင်းလေး KoKoRo No ToMo နဲ့ ပတ်သက်တဲ့ ပို့စ်လေး တစ်ခုပါ။ ဒီသီချင်းဟာ ၁၉၈၀ နှစ်ဦးပိုင်းလောက်ဆီက အာရှတစ်လွှား အတော့်ကို ရေပန်းစားခဲ့တဲ့ သီချင်း ဖြစ်ခဲ့ပါတယ်။ အဆိုပါ သီချင်းကို သံစဉ်ယူပြီး တစ်ခြားသော ဘာသာစကားနဲ့ ပြန်ဆိုခဲ့ကြတာ တော်တော်များပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာလဲ ထိုစဉ်က နာမည်ကြီး အဆိုတော် စိမ်းမို့မို့ကလဲ ဒီသီချင်းကို ဆိုခဲ့ပါတယ်။ ဆိုဟန် တည်ငြိမ်ပြီးတော့ အသံပါဝါကောင်းတဲ့ ဒီအဆိုတော် မာယုမီရဲ့ အသံနဲ့ လိုက်ဖက်တာ စိမ်းမို့မို့ပဲ ရှိပါတယ်။ ဒီသီချင်းကိုလဲ စိမ်းမို့မို့ မှပဲ ဆိုနိုင်မှာပါ။ မူရင်းကို အောက်က ယူထုမှာ သေချာ နားဆင်ပြီးမှ ကျွန်တော်ပြောတာ ဟုတ်မဟုတ် ဆန်းစစ်ကြည့်စေချင်ပါတယ်။

အဆိုပါ ပို့စ်အဟောင်းထဲမှာ လာဖတ်မိတဲ့ တစ်ယောက်က မြန်မာဗားရှင်း စာသား ရှိခဲ့ရင် မြန်မာစာသားကို တင်ပေးဖို့ တောင်းဆိုထားပါတယ်။ အခု ကျွန်တော် မြန်မာစာသားကို သူငယ်ချင်း ဂီတဗလရဲ့ အကူအညီနဲ့ ရှာဖွေတွေ့ရှိခဲ့လို့ တောင်းဆိုသူအတွက်ရောက် အားလုံးအတွက်ပါ တင်ပေးလိုက်ပါတယ်။ ပျော်ရွှင်နိုင်ကြပါစေ။



တိုးတိတ်တမ်းတ

ရေး-ညီညီလှိုင်

V1- တိုးတိတ်ရင်ခုန်သံ ဆုံးဖြတ်ဝေဒနာရယ်
ခံစားချက်တွေ ပြောင်းလဲခဲ့တယ်..။
စွန့်လွှတ်အကြင်နာရယ် ရက်စက်အနိုင်ယူသူ
လှည့်စားရက်တယ် ..နာကျည်း မင်းအမုန်း (ကြွယ်/အတွက်)..။

V2- ခိုတွယ်စရာရင်ခွင်မဲ့သော နှလုံးသားမှာ
ဒဏ်ရာတွေ နာကြင်နေဆဲ အချစ်အတွက်တော့..။
ခံနိုင်ရည်ဆိုတာ အကုန်ပြိုကာလဲ
အချိန်တိုင်းအတွက် မျက်ရည်လည်...။

Cho - ဒဏ်ရာများနဲ့ အသည်းကလွမ်း(နေမယ်/တာပါ)။
ဒါပေမဲ့လည်း ကြေကွဲအချစ်အတွက်နဲ့..။
(ပြန်ဆုံကြဖို့တော့ ဝေးပြီကွယ် / ပြန်လည်တွေ့ကြဖို့တော့မဖြစ်နိုင်တယ်...။)
တိုးတိတ်လွမ်းလို့နေပါတယ်..။

V3 - ရှုံးနိမ့်ခြေသံရယ်.. ခြောက်လှန့်ရယ်သံတွေ
တစ်ယောက်တည်းနေ့ကို.. ကျော်ဖြတ်အားလည်းငယ် ...။
နေ့ညအချိန်တွေရယ်... အိပ်မက်တွေမှာကွယ်
ခံစားချက်တွေ... ဒီအလွမ်းမင်းပေးခဲ့...။

V4 - ယုံကြည်ရာရင်ခွင်မဲ့သော နှလုံးသားမှာ
ဒဏ်ရာတွေနာကြင်နေဆဲအချစ်အတွက်ပေါ့...။
ခံနိုင်ရည်ဆိုတာ အကုန်ပြိုကာလဲ
အချိန်တိုင်းအတွက် မျက်ရည်လည်....။

Cho.
Music Fade Out.

12 comments:

  1. ဒီသီချင်းကိုကြားဖူးတယ်..အရင်ပိုစ့်မှာတင်ထားတုန်းကလည်းလာနားထောင်ပါသေးတယ်..ခုလည်းထပ်တစ်ခေါက်လာနားထောင်သွားပါတယ်...ကြည့်ရတာ ဘွိုက်ဇ် တစ်ယောက်ဒီ သီချင်းကို တော်တော်ကြိုက်ပုံပဲနော်။

    ReplyDelete
  2. ခိုင်မာကျစ်လစ်တဲ့ ဆိုဟန်တွေနဲ့ သီချင်းအေးတိုင်းကို ကြိုက်နှစ်သက်မှု ရှိပါတယ်။
    ချိုချိုအေးအေးလေးများကတော့ ပိုပြီး နားထောင်ဖြစ်တာပေါ့လေ...။

    ReplyDelete
  3. သီချင်းစာသားတွေမြင်မှပဲ စိမ်းမို့မို့အသံကိုပြန်ခံစားလို့ရတော့တယ်..
    မေ့နေတာ တော်တော်ကြာပြီ.......။

    ReplyDelete
  4. i like the song. Thanks for sharing

    ReplyDelete
  5. သြော်.. ကိုဘွိုင်းဇ် ကိုဘွိုင်းဇ်....

    ReplyDelete
  6. ဗျာ ... ဗျ...။ နေနေ.. နေနေ...။

    ReplyDelete
  7. တီမြိုးက စိမ်းမို့မို့သံတဲ့.. ညီညီက ထွန်းအိန္ဒြာဗိုလ်ဆိုတာပဲ သိတယ်.. မကြိုက်ပေါင်..

    ReplyDelete
  8. နေနေအသံက တစ်စုံတစ်ခုကိုသိနေသလိုဘဲ။
    သိပရစေနေနေ..................
    khinoomay77@gmail.com

    ReplyDelete
  9. ကြိုက်တယ်ဗျာ

    ReplyDelete
  10. လာနားထောင်သွားတယ်။

    ReplyDelete
  11. ရှင်ဖုန်းဆိုတာ ပိုကောင်းတယ်...

    ReplyDelete
  12. မသက်ဝေဆီမှာ ရှင်ဖုန်းဆိုတဲ့ ဗားရှင်းရှိရင် အမ်ပီသရီး ဖြစ်ဖြစ် မျှပေးပါလား။ ခေါင်းစဉ်က ဘာပါလိမ့်ဗျာ။

    ReplyDelete