Wednesday, October 24, 2007

The Seeker : The Dark Is Rising


ဒီတစ်ခါ သွားကြည့်မိတဲ့ ကားက The Seeker တဲ့...။ အင်္ဂလန်မှာ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းပေါ့လေ...။ ကာတွန်းဇာတ်လမ်းတစ်ခုကို မှီးပြီးတော့ ရိုက်ထားတာပါ...။ အလင်းဘက်တော်သားများနဲ့ အမှောင်ဘက်တော်သားတွေ အပြိုင် နွဲကြတဲ့ ဇာတ်လမ်းပါ...။ အမှောက်ဘက်တော်သားများက အတိတ်တုန်းက အလင်းဘက်တော်သားများကို ရှုံးနိမ့်ခဲ့ပါတယ်...။ အဲဒီလို ရှု့းနိမ့်ခဲ့တြ့ အတွက် အမှောက်ဘက်တော်သား ခေါင်းဆောင်ဟာ လိုအပ်တဲ့ တန်ခိုးအာဏာများ စုဆာင်းခဲ့တာ နှစ်ထောင်ချီနေပါပြီ။ အလင်းဘက်တော်သားများထဲကတော့ လူကြီးများသာ ကျန်ရှိနေပြီး အလင်းဘက်တော်သားများ အောင်နိုင်ရေးမှာ လိုအပ်တဲ့ အရာပေါင်း ၆ခုကို ရှာနိုင်ဖို့ လူငယ်တစ်ယောက်လိုပါတယ်။ အဲဒီလူငယ်ဟာ မိသားစုရဲ့ ခုနှစ်ယောက်မြောက်သားရဲ့ ခုနှစ်ယောက်မြောက် သား ဖြစ်ဖို့ လိုပါတယ်...။ အဲဒီမှာ သူတို့ လူငယ်လေး တစ်ယောက်ကို တွေ့သွားပါတယ်...။ ကြည့်လို့ ကောင်းတဲ့ ကားလေး တစ်ကား ဖြစ်ကြောင်း လက်တို့လိုက်ပါတယ်။

No comments:

Post a Comment