Friday, April 8, 2011

Moveis Marathon

ဒီနေ့ စိတ်ပေါက်ပေါက် ရှိတာနဲ့ ရုပ်ရှင်လေးကား ဆက်တိုက်ကြည့်လိုက်တယ်။
မနက် ၁၁ နာရီကနေ ည ၇ နာရီအထိ။

1. Natali 3D (R21)
2. Rio 3D
3. Limitless
4. Faster


1. Natali 3D
ကိုရီးယားကားပါ။ မိန်းကလေး တစ်ယောက်ကို ချစ်မိတဲ့ ယောကျာ်းနှစ်ယောက် နဲ့ ဇာတ်လမ်းဆင်ထားတယ်။ မောင်နဲ့ အစ်မ၊ သားနဲ့ အမိ ကြည့်ရန် မသင့်တော်ပါ။ ဇာတ်လမ်းမယ်မယ်ရရ မရှိပဲ ကိုရီးယား ထုံးစံအတိုင်း ဒဿနဆန်တဲ့ စကားတွေနဲ့ အသည်းယားစရာ ရိုက်ထားပါတယ်။

2. Rio 3D
 ကာတွန်းကားလေးပါ။ ရှားပါးမျိုးနွယ်ဝင် Blu အမည်ရ ငှက်ပြာလေးကို နောက်ဆုံးမျိုးဆက် ပျောက်မှာစိုးလို့ တစ်ကောင်တည်းကျန်တဲ့ မျိုးနွယ်တူ အမ ငှက်ကလေးနဲ့ မျိုးပွားအောင် ကြံဆောင်တဲ့ ကားလေး။ ရယ်ရပါတယ်။ သိပ်တော့ မရယ်ရ။ (ဒီ 3D နှစ်ကားစလုံး မစစ်တာလား မသိဘူး။ အရုပ်တွေ ၂ထပ် ထပ်နေတယ်။)


3. Limitless
Limitless Poster
သူကတော့ အက်ရှင်ကား တစ်ကားပဲ။ ဒီမင်းသားက Hang Over မှာ ပါသေးလား မသိဘူး။ ဒီကားမှာတော့ ထုံထိုင်းထိုင်း စာရေးဆရာ တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတယ်။ ၉ နှစ်ကြာ မတွေ့ဖြစ်တဲ့ ညီမရဲ့ ယောက်ျားနဲ့ ပြန်တွေ့မိရာက NZT ဆိုတဲ့ ဆေးကိုစားမိတဲ့နောက် ဦးနှောက်ဉာဏ်ရည်တွေ ပွင့်သွားပြီး ထက်ထက်မြက်မြက် ဖြစ်လာတာ၊ နောက်တော့ အန္တရာယ်တွေနဲ့ တွေ့တာ... ပြန်ဖြေရှင်းတာ ဘာညာ... အက်ရှင်ကား ကြိုက်သူများ အကြိုက်တွေ့နိုင်မယ့် ကားလေးပါ။


4. Faster
Faster Poster 
သည်ရော့ခ်မင်းသား ပါဝင်တဲ့ ဇာတ်ကြမ်း ဒရာမာကား။ အက်ရှင် သိပ်မပါ.. ဇာတ်အလယ်ပိုင်း ရောက်တဲ့အထိ အီလေးလေးကြီး ဖြစ်နေတုန်း။ နောက်ဆုံးအပိုင်းလေးက လှည့်ကွက်လေး ကောင်းတယ်။ မဆိုးဘူး။

Photo Credit to imdb

3 comments:

  1. Faster Poster အရုပ်မမြင်ရပါ။။ မူးသွားမယ်ထင်တယ် လေးကားဆက်တိုက်တော့မကြည့်ဘူးဘူး ။ နစ်ကားဆက်တိုက်ဘဲကြည့်ဘူးတယ် ဒါတောင် မူးတယ်။ ဒါဆိုရင်တော့ Limitless ကိုရွေးရမဲ့သဘောရှိတယ်။ ပထမကတော့ faster ကြည့်ဦးမလို့ တဝက်ထိ လေးတယ်ဆိုရင်တော့ပျင်းစရာကြီး. စကားပြောတာလဲနားမလည်တာနဲ့အိပ်ပျော်သွားမိမှာဘဲ။ အချစ်ကားတော့မကြည့်တော့ . ကာတွန်းကားလည်းမကြိုက်.တော့.

    ReplyDelete
  2. အညွှန်းကောင်းထာ။ တကားမှ ကြည့်ချင်စိတ်ပေါ်မသွားဘူး။

    ReplyDelete
  3. ရီတာ ပြောတာပဲ ရယ်ဖို့ကောင်းတယ် .. (တော်သေးတာပေါ့ ရီတာရှေ့က ရေးသွားလို့ပဲ မဟုတ်ရင် လာဖတ်ရတာ အလကားဖြစ်တော့မှာ ... ဟမ် ခွိ)

    ReplyDelete