Friday, April 17, 2009

စကားလုံး မရှိတဲ့ ကောင်းကင်




Created By Publicis Mojo and @RadicalMedia Director: Patrick Hughes
Credit to : Uploader StevenMcDonald

ဘ၀ခရီးကို လက်တွဲဖေါ်မပါပဲ တစ်ကိုယ်တည်း ဖြတ်ကျော်နေရတဲ့ ဘ၀...။
မနက် ၇း၀၀ နာရီ နှိုးစက်အသံကြားရင် ပျင်းကြောဆွဲနေတဲ့ စိတ်ကို ဖြတ်။
အိပ်ရာထ၊ ရုံးသွားဖို့ အ၀တ်လဲ။
နေ့တိုင်း သွားနေကျ လမ်း..
စီးနေကျ ကား...
တက်စီးနေကျ ဓါတ်လှေကား...
မြင်နေကျ စက်ရုပ်ဆန်တဲ့ လူသားများ...
ငြီးငွေ့ဖွယ် ကောင်းလှတဲ့ လုပ်ငန်းခွင်....။
အိမ်ပြန်လာတော့လဲ ကြိုသူမဲ့ အခန်းလေးက တိတ်ဆိတ် မှောင်မိုက်စွာနဲ့ ကြိုနေလို့...။
စိတ်အပန်းဖြေစရာ နတ္ထိ။
ခေါ်သူမဲ့ ဖုန်းလေးမှာ မက်ဆေ့ခ်ျလေးများ ၀င်မလား ဖွင့်မိတော့ ကြော်ငြာမက်ဆေ့ခ်ျတွေပဲ ၀င်လာနေ...။
ဆိုးလိုက်တဲ့ ပျင်းရိဖို့ ကောင်းလိုက်တဲ့ ဘ၀...။
ပျင်းရိဖွယ် ညနေစာကို တစ်ယောက်တည်း စားသောက်ရင်း ဖြတ်သန်းခဲ့တာ ဘယ်လောက် ကြာပြီလဲ...။
အိပ်ခန်းထဲ ရောက်တော့ မီးမှိတ်လိုက်တာနဲ့ ချက်ချင်း အိပ်မပျော်နိုင်...။
ဒီလိုနဲ့ နေ့တစ်နေ့ဟာ စက်ရုပ်ဆန်ဆန် ကုန်သွားတယ်။

လောကီသားပေမို့ တစ်ခါတစ်လေမှာ ယုယကြင်နာချင်တဲ့ ချစ်သူလေး တစ်ယောက်လောက် တောင့်တမိပါရဲ့...။
သို့သော်လဲ ရူပါက ချူချာ၊ မူယာမာယာများလဲ လူတကာလို အမူပါပါ မပြောတတ်လေတော့ ဘယ်မဒီကမှ စိတ်ဝင်စားဟန် မပြ....။

ကံကြမ္မာက မျက်နှာသာ ပေးလာလေသလား...။
လမ်းတစ်ဘက်က တိုက်မှာ မျက်နှာခြင်းဆိုင် အခန်းက အလုပ်လုပ်နေတဲ့ သူလေးကို သတိထားမိတယ်။
သူအလုပ်လုပ်နေတာကို မသိမသာ လူရိပ်လူကဲ ခတ်ပြီးတော့ ချောင်းကြည့်ရတယ်...။
သူလေး မမြင်အောင်၊ သတိမထားမိအောင် ချောင်းကြည့်ရတာ အမော...။
သူလေးကို စမြင်တဲ့ နေ့က စပြီး လောကကြီးက စိုပြေစ ပြုလာတယ်...။

တစ်ရက်မှာ အကြည့်သူခိုးလေးကို လူမိသွားတယ်...။
စာရွက်တစ်ရွက်မှာ စာရေးပြီးတော့ ထောင်ပြတယ်...။
“ဓါတ်ပုံရိုက်မလို့လား”တဲ့...။
သူတော်တော် ထိတ်လန့်ပြီး ပျာသွားတယ်။
သူလေးက သူဖြစ်ပျက်နေတာကို ကြည့်ပြီး နောက်ထပ် စာရေးထောင်ပြတယ်...။
“နောက်တာပါ” တဲ့...။
တော်သေးတယ်...။ ရင်ထဲက အလုံးလေး ကျသွားတယ်...။
နောက်ထပ် စာရွက် ထောင်ပြတယ်။
“စတေစီ” ပါတဲ့။

သူလဲ ကမန်းကတန်း စာရွက်လွတ် တစ်ရွက်ရှာပြီး နာမည်ကို ရေးပေးလိုက်တယ်။
“ဂျေဆန်”။
စတေစီ က နောက်ထပ် စာရေးပြတယ်။
“တွေ့ရတာ ၀မ်းသာပါတယ်”
ဂျေဆန်က အကြောင်းပြန်တယ်
“တို့လဲ တူတူပဲ”
ဒီနေ့တော့ ဂျေဆန် အိမ်အပြန်လမ်း တစ်လျှောက်မှာ ကောင်းကင်ကြီးဟာ လှပနေခဲ့တယ်။
စတေစီနဲ့ အဆက်အသွယ်လုပ် ရေးထားတဲ့ စာရွက်လေးကို ရေခဲသေတ္တာမှာ အမှတ်တရ ကပ်ထားမိတယ်။

နောက်တစ်နေ့မနက် နာရီနှိုးစက်သံဟာ ဂျေဆန် နားထဲမှာ သာယာနာပျော်ဖွယ် အတိပေါ့...။
ဒီလိုနဲ့ စာရွက်တွေပေါ်မှာ ပြောချင်တာလေးတွေကို ရေးပြီး အဆက်အသွယ် လုပ်နေခဲ့တယ်...။

နေ့တိုင်း သွားနေကျ လမ်းဟာ ချစ်စရာ ကောင်းနေတယ်
စီးနေကျ ကားဟာ လှပနေတယ်
တက်စီးနေကျ ဓါတ်လှေကားဟာ တင့်တယ်နေတယ်
မြင်နေကျ စက်ရုပ်ဆန်တဲ့ လူသားများဟာ ချစ်စရာ အပြုံးတွေ ကိုယ်စီနဲ့
ငြီးငွေ့ဖွယ် ကောင်းလှတဲ့ လုပ်ငန်းခွင်ဟာ အရင်ကလို မဟုတ်တော့ဘူး...။

စတေစီနဲ့ ဂျေဆန်တို့နှစ်ယောက်ကြား အသံတိတ် စာရေးဆက်သွယ်မှုဟာ တစ်ယောက်နဲ့ တစ်ယောက်ကြားကို ရင်းနှီးမှုတွေ တိုးပွားလာစေခဲ့တယ်...။
တစ်တက်တိုး လို့ခေါ်တဲ့ ဂိမ်းတွေကို စာရွက်တွေပေါ်မှာ အပြန်ပြန် အလှန်လှန် တူတူဆော့ခဲ့တယ်...။
စာရွက်ပေါ်မှာ ကာတွန်းမျက်နှာတွေ ဆွဲပြီး ကိုယ့်မျက်နှာပေါ် ထပ်... တစ်ယောက်ကို တစ်ယောက် နောက်ကြ ပြောင်ကြနဲ့ မမြင်ရတဲ့ သံယောဇဉ်တွေဟာ ရစ်ပတ်နေပါပြီ...။

ဒီလိုနဲ့ တစ်ရက်မှာ စတေစီက ဂျေဆန်ကို ထူးဆန်းတဲ့ စာသားတစ်ချို့ ရေးပြခဲ့တယ်...။
“နင့်ကို ဖုံးကွယ်ထားတာ တစ်ခု ပြောစရာရှိတယ်”
“တစ်ကယ်တော့ သူ့ကို တို့ အရင် စောင့်ကြည့်ခဲ့တာပါ”တဲ့...
စတေစီက စာပြလိုက်ပြီး ဂျေဆန်ကို အကဲခတ်နေတယ်...။

ဂျေဆန် ရင်ထဲ ဗြောင်းဆန်သွားတယ်...။ မျက်နှာ အမူအရာလဲ ပြောင်းသွားတယ်.
စတေစီလဲ ရိပ်မိတယ်...။
ဂျေဆန်က စာရွက်တစ်ရွက်ပေါ်မှာ စာသား တစ်ချို့ ကမန်းကတန်းရေးလိုက်တယ်...။
စတေစီက ဂျေဆန် ဘာရေးမလဲ ဆိုတာ စောင့်ကြည့်နေတုန်း...။

သူရေးထားတာက
“တွေ့ချင်တယ်”
ရေးပြီးလို့ စတေစီကို ပြသင့် မပြသင့် ချီတုံ ချတုံ ဖြစ်နေချိန်မှာ...။
စတေစီကလဲ သူဘာရေးပြမလဲ ဆိုတာ ငံ့လင့်နေချိန်...။
အခန်းထဲကို လူတစ်ယောက် လာခေါ်လို့ စတေစီ ထွက်သွားတယ်။
ဂျေဆန် စတေ့စီကို သူရေးထားတဲ့ စာ ပြခွင့် မရလိုက်ဘူး...။
ဂျေဆန်တစ်ယောက် စတေစီကို ရေးထားတာလေး ပြဖို့ ရုံးအိမ်သာထဲက မှန်ရှေ့မှာ အခေါက်ခေါက် အခါခါ အမူအရာတွေ လေ့ကျင့်နေခဲ့တယ်...။
သူ့စိတ်ထဲမှာတော့ ကောင်မလေး တစ်ယောက်ကို ချစ်ခွင့်ပန်တော့မယ့်၊ တစ်ခါမှ အတွေ့အကြုံ မရှိဖူးတဲ့ ဆယ်ကျော်သက် အရွယ်လိုပဲ ရင်ခုန် စိတ်လှုပ်ရှားနေခဲ့တယ်...။

ဒါပေမဲ့ အဲဒီနေ့ တစ်နေ့လုံး စတေစီ သူ့နေရာကို ပြန်မလာခဲ့ဘူး...။

နောက်နေ့ မနက်မှာ အိပ်ရာက နိုးတော့ ဂျေဆန်တစ်ယောက် အတော့်ကို စိတ်လှုပ်ရှားနေခဲ့တယ်...။
ဖြတ်နေကျ လမ်းက ခါတိုင်းထက် ပိုရှည်လာသလိုလို...
စီးနေကျ ကားက ပိုနှေးနေသလိုလို...
စီးနေကျ ဓါတ်လှေကားက ဒီနေ့မှပဲ အချိန်ပိုကြာနေသလိုလို...
မစောင့်နိုင်တာနဲ့ ရိုးရိုးဓါတ်လှေကားကနေ အလုပ်ရုံးခန်းကို လာခဲ့တယ်...။
ရောက်ရောက်ချင်းပဲ လက်ထဲက အသင့်ဆောင်ထားတဲ့၊ မနေ့က ရေးထားတဲ့ စာရွက်လေးကို ကိုင်ကာ စတေစီ့ ရုံးခန်းဘက် လှည့်လိုက်တဲ့ အခိုက်မှာတော့...

စတေစီ့စားပွဲမှာ လူသစ် ရောက်နေတယ်.....
ဂျေဆန့်ရင်ထဲ ဟာသွားတယ်...
သူ စတေစီကို တွေ့ချင်တဲ့ အကြောင်း စာတွေ စီလာခဲ့တာ ရင်နဲ့ မဆန့်လောက်အောင်ပဲ...

ကံကြမ္မာက သူ့ဘက် အလေး မသာခဲ့ပါလား...
သူ တစ်ချက်လောက် နောက်ကျတာနဲ့ ....
လောကကြီး ရက်စက်လိုက်တာ...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
အခုမှ ဇာတ်လမ်းက အရှိန်မြင့်တုန်း..... ကျန်တာကို ဗွီဒီယိုမှာပဲ ဆက်ကြည့်လိုက်ပါလေ...။
အသံတိတ် သရုပ်ဆောင်ထားတာတွေ တော်တော် ကောင်းပါတယ်...။
ကြိုက်တယ် မကြိုက်ဘူး...
သဘောထား ကွဲလွဲနိုင်ပါတယ်။
ဒါရိုက်တာရဲ့ အတွေး အိုင်ဒီယာ ဆန်းသစ်တာလေး သဘောကျမိတယ်။
ထုတ်လုပ်မှု ကုန်ကျစရိတ် လောက်လောက်လားလား မရှိပါပဲနဲ့ ရိုက်ထားတဲ့ ကားလေးပါ။
နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...။
အဲ... မေ့သွားလို့...။ ရုပ်ရှင်နာမည်က Sign တဲ့...။ ၁၂ မိနစ်စာ ပဲ ရိုက်ထားတဲ့ ကားတိုလေးပါ။

20 comments:

  1. "သို့သော်လဲ ရူပါက ချူချာ၊ မူယာမာယာများလဲ လူတကာလို အမူပါပါ မပြောတတ်လေတော့ ဘယ်မဒီကမှ စိတ်ဝင်စားဟန် မပြ....။"

    အဲ့လို ရေးထားတော့ ကိုယ်တွေ့မှတ်လို့... :P

    ReplyDelete
  2. ကိုယ်တွေ့တွေပါကွယ်။ ရုပ်ရှင်လိုလို..၀တ်ထုလိုလို..လုပ်မပစ်ပါနဲ့လေ။ သိနေပါတယ်။

    ReplyDelete
  3. ကြည့်ပြီးသွားပြီ..အားကျရင် ဟိုဘက်လမ်းမှာ ဈေးရောင်းနေတဲ့ မလေးမ၀၀ကြီးနဲ့ စာတွေထောင်ပြပေါ့နော်။ အဟိ။

    ReplyDelete
  4. အဲ.. စိတ်တောင်မကောင်းဘူး...
    သူငယ်ချင်းကောင်လေးတွေရုပ်ဆိုးတယ်လို့မပြောတော့ပါဘူး..း(

    ReplyDelete
  5. ကဘွတ်ဇ် အဲ့ youtube က ဇာတ်လမ်းအစအဆုံးလား။ အစအဆုံးကိုဘယ်မှာကြည့်ရမလဲ

    ReplyDelete
  6. Short Story လေ...။
    ဇာတ်လမ်းက အဲမှာပြီးသွားပြီလေ...။ ၁၂ မိနစ်စာ ရှိတယ်...။

    ReplyDelete
  7. ဂလိုကိုး ဒါဆို အစကနေ အဆုံး ကြည့်လိုက်ဦးမယ်။ ကျေးဇူး

    ReplyDelete
  8. ကိုဘ..
    ကိုယ်တွေ့လို့ တကယ်ထင်မိတာပါဟယ်.....

    ReplyDelete
  9. ဟင်... အားလုံးက ဒီလောက်တောင် ထင်နေမင့်ဟာ....
    မထူးတော့ပါဘူး...။ မထူးဇာတ်ပဲ ခင်းပါတော့မယ်...။
    အဲဒီကားထဲ အမျိုးသမီးထက် မသာရင်တောင်မှ မလျော့တဲ့ ရုပ်ဆင်းရူပါ ရှိတဲ့ သယ်ရင်းများန့ မိတ်ဆက်ပေးဖို့ စိတ်မကူးကြဘူးလားဟင်...။
    ခွိခွိခွိ...။

    ReplyDelete
  10. အဟမ်း ဟမ်း..ဒီယုန်မြင်လို့ ဒီခြုံထွင်တာမလား ကိုဘ..

    ReplyDelete
  11. အချိန်တန်ရင် နွားပိန်ကန်မယ် မောင်ရင်ရယ်
    ဒီလောက်လည်း သွေးမပျက်ပါနဲ့ ငှဲငှဲငှဲ

    ReplyDelete
  12. ဒွတ်ခ...
    နွားပိန်တစ်ကောင်လောက်တော့ ကန်မှ ဖြစ်တော့မယ် ထင်ပါ့...
    (ကိုယ့်ကို သူမကန်ခင်)

    ReplyDelete
  13. ကိုဘ..
    ကိုယ်တွေ့ထင်လို့... မမKOM မရှိခင် ကိုဘ ထိန်းမဲ့သူမရှိလို့ ကြော်ငြာတွေ ထဲ့နေပြီလားလို့ :P

    ReplyDelete
  14. အင်း.. ချော်လဲ ရောထိုင်လုပ်ရင် ကောင်းမလား စဉ်းစားနေဒယ်... မီယာရယ်...။ အဲငှယ်

    ReplyDelete
  15. ကိုယ်တွေ့တောင် ရဲရဲမရေးရဲပါလား

    ReplyDelete
  16. ဒီကားကိုကြည့်ပြီး မြန်မာဒါရိုက်တာတွေက တိုးတိုးတိတ်တိတ် ပြောနေကြတယ်...
    "အသံတိတ်ကားဆိုတာ ခေတ်မရှိတော့ဘူး" တဲ့...
    ဒီလောက်တိုးတက်ပြီး အသံထွက် ဇာတ်ကားတွေရိုက်လို့ ရနေတဲ့ ခေတ်မှာ..
    တစ်ကားလုံးကို စကားပြောခန်းတွေချည်းပဲထည့်ပြီး ရိုက်မယ်တဲ့လေ...
    ဒီကားကိုလည်း ဘယ်ဆရာက ပြန် 'ခိုးရိုက်' အဲ အဲ 'မှီငြမ်း' ရိုက်ကြဦးမလည်း မသိဘူး..
    စောင့်ကြည့်ရတာပေါ့ဗျာ...

    ReplyDelete
  17. အင်း တို့ရန်ကုန်ရောက်နေတုံးက အဆက်ပြတ်သွားတာကိုး။

    ReplyDelete
  18. စာတော့ဖတ်လိုက်ရတယ်။ မှတ်မိတယ်။ ဘီဒိုသာ မကြည့်မိတာ။

    ReplyDelete
  19. ဘလော့က ပိုစ် ကို ဖဘထဲယူသွားပြန်ပြီ။

    ReplyDelete