Thursday, April 16, 2009

တစ်ခဏ

မိုးတွေ အုံ့တဲ့ နေ့တစ်နေ့
ထုံးစံအတိုင်း ကားတွေက ကျပ်
အိုင်းကာချယ် မပြယ်သေးတဲ့ မျက်နှာ
အဆီပြန် ရုပ်သေး
ဗွက်ထနေတဲ့ ညနေခင်း
ညာဘက်ကို ငေးနေသူတွေ
ဟယ်လို... နိဟောင်
စိတ်ရှုပ်ရှုပ်နဲ့ ပွားပစ်လိုက်တယ်။
အလို အိမ်ပြန်ချိန်ပါလား။

7 comments:

  1. အိမ်ပြန်ချိန်ကိုတောင် မသိတော့သူ ပဲ
    နိဟောင် ပြောပြီး
    မန်မန်စွတ်ပေါ့
    အစဉ်ပြေရင်လည်း
    ၀ အိုင့်နီ ဆက်ပြောပေါ့

    ReplyDelete
  2. ဘွန္ဒော...။
    မအယ် ရေးတတ်တယ်....

    ReplyDelete
  3. မိုးဖွဲဖွဲရွာလိုက် နေလေးပူလိုက်
    သောက်လို့ကောင်းတဲ့ တိုက်ဂါး
    ကလို့ကောင်းတဲ့ ဗွက်ကွင်း
    ဆိုလိုက်ရတဲ့ သင်္ကြန်သီချင်းတွေနဲ့
    မဒီတွေကို ရေလောင်းလိုက်ရတဲ့
    အဲဒီတခဏ နေ့ခင်း...

    ReplyDelete
  4. မြိုးက အဲဒီနေ့က နောက်ကနေ တစ်ကောက်ကောက် လိုက်ချောင်းနေတာတော့ မဟုတ်လောက်ပါဘူးနော့။

    ReplyDelete
  5. တယ်မိုက်တဲ့ ကဗျာပါလားဟရို့...

    ReplyDelete
  6. မိုးတွေအုံ့တဲ့ သင်္ကြန်အတက်နေ့
    လမ်းပေါ်မှာ ရေပက်ခံကားတွေနဲ့ကျပ်
    ငွေစမရွှင်တဲ့ ငါ့မျက်နှာ
    အလိုမကျတဲ့ ညနေခင်း
    မဏ္ဍပ်ပေါ်က မသတ္တ၀ါတွေကို နှာဘူးကျသူတွေ
    ဟေ့ကောင် ဘေးဖယ်
    စိပ်ပေါက်ပေါက်နဲ့ တွန်းဖယ်လိုက်တယ်
    တယ် ဒီနေ့တော့ သောက်မှဖြစ်မယ်။

    ReplyDelete
  7. ဟင်... ကော်မန့်က ပို့စ်ထက်ကောင်းနေပါလား...။
    စာလုံးပေါင်းလေးတော့ ပြင်ပါရစေ...။ စိပ် မဟုတ်ဘူး။ စိတ်။

    ReplyDelete