ထိုနေ့က ကောင်းကင်ပြာကြီးတွင် တိမ်များ ကင်းစင်ကာ နေသာသော နေ့တစ်နေ့ ဖြစ်လေသည်။ ရှုလေတိုင်း မဆုံးနိုင်သော အပြောကျယ်သည့် သမုဒ္ဒရာ ပင်လယ်ပြင်ကျယ်ကြီးသည် အနားသတ် မိုးကုပ်စက်ဝိုင်းများနှင့် လုံးဝိုင်းနေသော ကမ္ဘာကြီး ဟူသည့် အဆိုကို ထောက်ခံနေခဲ့သည်။ ရာသီဥတု ကောင်းမွန်နေသောကြောင့် စက်လှေလေးမှာ ညင်သာစွာ တစ်ရွေ့ရွေ့ ခုတ်မောင်းနေလေ၏။ ပတ်ဝန်းကျင်တစ်ဝိုက်တွင် မော်တော်ဘုတ် စက်သံ သဲ့သဲ့မှ တစ်ပါး တိတ်ဆိတ် ငြိမ်သက်လှချေ၏။
Sandra Critelli ... သူမသည် သဘာဝ တရား၏ ဆန်းကြယ်သော အလှအပများကို ခံစားနေရာမှ ဤနေရာသို့ ရောက်ရှိလာခြင်း အကြောင်းရင်းကို ပြန်တွေးမိနေ၏။ သူမသည် အမှန်တကယ်တွင် အပျော်တမ်း ဓါတ်ပုံဆရာသာ ဖြစ်လေသည်။ မိမိ နေထိုင်ရာ ပတ်ဝန်းကျင်မှ နေ့စဉ်လှုပ်ရှားမှုများအား မှတ်တမ်းတင်ရုံနှင့် အားမရသောကြောင့် ရေနေသတ္တ၀ါများ ဖြစ်သော ဝေလငါးများနှင့် ငါးမန်းများ၏ နေ့စဉ် နေထိုင်မှုများကို မှတ်တမ်းတင်ရန် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ဤနေရာဆိုသည်မှာကား မက္ကဆီကို ကမ်းရိုးတန်း တစ်ဝိုက်ပင်တည်း။ အပျော်တမ်း ဓါတ်ပုံရိုက်ရန် ၀ါသနာပါသော သူမ အဖို့ မြို့ပြ၏ ပုံရိပ်၊ ကွန်ကရစ်တောများ၏ အလှကို ငြီးငွေ့နေရကား အသစ်အဆန်းကို တောင့်တနေလေရာ အဖေါ်ကောင်း၍ ဤ အပြောကျယ်လှသော မက္ကဆီကို ကမ်းရိုးတန်းသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်၏။
ယခုအထိတော့ ဝေလငါး တစ်ကောင်တစ်လေကိုမျှ မတွေ့ရသေး...။ သူမ ပင်လယ်ထဲ ရောက်ရှိချိန်မှ စ၍ ယခု အထိ ရာသီဥတု ကောင်းမွန်နေသော်လည်း အဆိုပါ ဝေလငါးများ၊ ငါးမန်းများကို ဓါတ်ပုံရိုက်ခွင့် မကြုံသေးချေ။ တစ်နေ၀င်၍ တစ်နေထွက်ကာ ရက်စွဲများသာ ပြောင်းလဲသွားသည်။ တစ်ကောင်တစ်မြီးမှ မတွေ့ရသေးချေ။ သူမ၏ စိတ်ပျက်စ ပြုနေသော အခြေအနေကို ရိပ်စားမိသော မိတ်ဆွေကပင် အားမလျှော့ရန် တစ်ဖန် အားပေးနေရချေ၏။
ယနေ့လည်း ထုံးစံအတိုင်း ဟိုး မိုးကုပ်စက်ဝိုင်း အစွန်ကို ကြည့်လိုက်၊ ပင်လယ်ပြင် မျက်နှာပြင်ပေါ်သို့ ခုန်ထွက်လာမည့် ဝေလငါးများ၏ လှုပ်ရှားမှုများကို မျက်ချေမပြတ် စောင့်ကြည့်လိုက်နှင့် တစ်မနက်လုံး အလုပ်ရှုပ်နေခဲ့၏။ ပြာလဲ့လဲ့ ပင်လယ်ပြာကြီး အောက်ခြေသို့တိုင် ထွင်းဖေါက်နေသော နေရောင်ခြည်၏ အလင်းရောင်နှင့် မှန်ပြောင်းတစ်လက် အကူအညီဖြင့် ရှာဖွေသော်ငြား မတွေ့ရှိရသေးချေ...။
သို့နှင့် နေ့လည်စာ စားသုံးချိန်သို့ပင် ရောက်ခဲ့ချေပြီ။ ဟာနေသော ၀မ်းကို ဖြည့်တင်းရန် အလို့ငှာ လက်စွဲတော် ကင်မရာကို ဖြုတ်သိမ်းရန် မော်တော် လက်ရန်းသို့ အလျှောက်... ထိုခဏ...။
သူမ၏ မော်တော် ပတ်ဝန်းကျင်ရှိ ပြာလဲ့လဲ့ ပင်လယ်ပြင်သည် ရွှေရောင် အဖြစ်သို့ တစ်မုဟုတ်ချင်း ပြောင်းလဲသွားလေ၏။ အယ်လ်နီညိုး၏ ညီမတော် ဖြစ်သော လာနီညာ ရာသီဥတု ဖေါက်ပြန်မှုလေလော ဟု ထိတ်လန့်မိရာမှ အဆိုပါ ရွှေရောင်ပင်လယ်ပြင်ကို အသေအချာ ပြန်စူးစမ်းလေသော်.. ရွှေရောင် သစ်ရွက်များ လှုပ်ခတ်နေသည့်အလား တွေ့ရလေ၏။
Photo Credit : Sandra CritelliSandra Critelli ... သူမသည် သဘာဝ တရား၏ ဆန်းကြယ်သော အလှအပများကို ခံစားနေရာမှ ဤနေရာသို့ ရောက်ရှိလာခြင်း အကြောင်းရင်းကို ပြန်တွေးမိနေ၏။ သူမသည် အမှန်တကယ်တွင် အပျော်တမ်း ဓါတ်ပုံဆရာသာ ဖြစ်လေသည်။ မိမိ နေထိုင်ရာ ပတ်ဝန်းကျင်မှ နေ့စဉ်လှုပ်ရှားမှုများအား မှတ်တမ်းတင်ရုံနှင့် အားမရသောကြောင့် ရေနေသတ္တ၀ါများ ဖြစ်သော ဝေလငါးများနှင့် ငါးမန်းများ၏ နေ့စဉ် နေထိုင်မှုများကို မှတ်တမ်းတင်ရန် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ဤနေရာဆိုသည်မှာကား မက္ကဆီကို ကမ်းရိုးတန်း တစ်ဝိုက်ပင်တည်း။ အပျော်တမ်း ဓါတ်ပုံရိုက်ရန် ၀ါသနာပါသော သူမ အဖို့ မြို့ပြ၏ ပုံရိပ်၊ ကွန်ကရစ်တောများ၏ အလှကို ငြီးငွေ့နေရကား အသစ်အဆန်းကို တောင့်တနေလေရာ အဖေါ်ကောင်း၍ ဤ အပြောကျယ်လှသော မက္ကဆီကို ကမ်းရိုးတန်းသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်၏။
ယခုအထိတော့ ဝေလငါး တစ်ကောင်တစ်လေကိုမျှ မတွေ့ရသေး...။ သူမ ပင်လယ်ထဲ ရောက်ရှိချိန်မှ စ၍ ယခု အထိ ရာသီဥတု ကောင်းမွန်နေသော်လည်း အဆိုပါ ဝေလငါးများ၊ ငါးမန်းများကို ဓါတ်ပုံရိုက်ခွင့် မကြုံသေးချေ။ တစ်နေ၀င်၍ တစ်နေထွက်ကာ ရက်စွဲများသာ ပြောင်းလဲသွားသည်။ တစ်ကောင်တစ်မြီးမှ မတွေ့ရသေးချေ။ သူမ၏ စိတ်ပျက်စ ပြုနေသော အခြေအနေကို ရိပ်စားမိသော မိတ်ဆွေကပင် အားမလျှော့ရန် တစ်ဖန် အားပေးနေရချေ၏။
ယနေ့လည်း ထုံးစံအတိုင်း ဟိုး မိုးကုပ်စက်ဝိုင်း အစွန်ကို ကြည့်လိုက်၊ ပင်လယ်ပြင် မျက်နှာပြင်ပေါ်သို့ ခုန်ထွက်လာမည့် ဝေလငါးများ၏ လှုပ်ရှားမှုများကို မျက်ချေမပြတ် စောင့်ကြည့်လိုက်နှင့် တစ်မနက်လုံး အလုပ်ရှုပ်နေခဲ့၏။ ပြာလဲ့လဲ့ ပင်လယ်ပြာကြီး အောက်ခြေသို့တိုင် ထွင်းဖေါက်နေသော နေရောင်ခြည်၏ အလင်းရောင်နှင့် မှန်ပြောင်းတစ်လက် အကူအညီဖြင့် ရှာဖွေသော်ငြား မတွေ့ရှိရသေးချေ...။
သို့နှင့် နေ့လည်စာ စားသုံးချိန်သို့ပင် ရောက်ခဲ့ချေပြီ။ ဟာနေသော ၀မ်းကို ဖြည့်တင်းရန် အလို့ငှာ လက်စွဲတော် ကင်မရာကို ဖြုတ်သိမ်းရန် မော်တော် လက်ရန်းသို့ အလျှောက်... ထိုခဏ...။
သူမ၏ မော်တော် ပတ်ဝန်းကျင်ရှိ ပြာလဲ့လဲ့ ပင်လယ်ပြင်သည် ရွှေရောင် အဖြစ်သို့ တစ်မုဟုတ်ချင်း ပြောင်းလဲသွားလေ၏။ အယ်လ်နီညိုး၏ ညီမတော် ဖြစ်သော လာနီညာ ရာသီဥတု ဖေါက်ပြန်မှုလေလော ဟု ထိတ်လန့်မိရာမှ အဆိုပါ ရွှေရောင်ပင်လယ်ပြင်ကို အသေအချာ ပြန်စူးစမ်းလေသော်.. ရွှေရောင် သစ်ရွက်များ လှုပ်ခတ်နေသည့်အလား တွေ့ရလေ၏။
အလို.. လိပ်ကျောက်ငါး ဟု ခေါ်ဆိုအပ်သော Stingray Fish ပင်တည်း။ အုပ်စုလိုက် ကူးခပ်နေသည်မှာ ရှုမဆုံးနိုင်အောင်ပင်...။ အကောင်ရေ မည်မျှ ရှိသည်ကို လိုက်လံ ရေတွက်နေမိ၏။ ၁၊၂၊ ၃၊... ၁၀၀၊.. ၈၅၀၊... အို မရေမတွက်နိုင် လောက်အောင်ပင်။
နောင်တွင် သိရသည်မှာ တစ်နှစ် နှစ်ခါ ပြောင်းရွှေ့ကျက်စား နေထိုင်တတ်သော ငါးလိပ်ကျောက်များ၏ ဓလေ့ဖြစ်ချေသည်။ နေရာထိုင်ခင်း ပို၍ ကောင်းမွန်သော ယူကာတန် ကျွန်းဆွယ် အဖျားဆီသို့ ပြောင်းရွှေ့နေကြခြင်း ဖြစ်၏။ အပြောကျယ်သော ပင်လယ်ပြာအောက်တွင် အတောင်ပံများကို ဖြန့်ကျဲ၍ ရေဟုန်စီးနေကြသော ငါးလိပ်ကျောက်များသည် ပြာလဲ့လဲ့ ပင်လယ်ကို ရွှေရောင် အဖြစ်သို့ ပြောင်းလဲစေသော ထိုခဏအား မှတ်တမ်းတင်ရန် Sandra Critelli မမေ့ခဲ့ချေ...။ သူမ ကျေးဇူးကြောင့် ကမ္ဘာအနှံ့မှ လူများသည် လှပဆန်းကြယ်၍ လျို့ဝှက်လှသော သဘာဝ တရားကြီး၏ နက်နဲမှုကို ရင်သပ် ရှုမော ဖြစ်ခဲ့ရ၏။
Sandra Critelli မှ ထိုဖြစ်စဉ်ကို မြင်လိုက်စဉ်ခဏ၌ သူမ ခံစားချက်ကို ဤသို့ ထုတ်ဖေါ် ပြောဆိုခဲ့၏။
It was an unreal image, very difficult to describe. The surface of the water was covered by warm and different shades of gold and looked like a bed of autumn leaves gently moved by the wind.
မြင်ရခဲလှသော အဆိုပါ ဖြစ်စဉ်အား မှတ်တမ်းတင်နိုင်ခဲ့သောကြောင့် ပင်လယ်တွင်း သက်ရှိဇီဝ ဆင့်ကဲ ဖြစ်စဉ်များကို တစ်နည်းတစ်ဖုံ အထောက်အပံ့ ပေးနိုင်မည်မှာ မလွဲချေ။
အဆိုပါ ငါးလိပ်ကျောက်များသည် အတောင်နှစ်ဘက် အလျား ၇ ပေနီးပါး ခန့် ရှိကြလေ၏။ ယင်းတို့၏ သွင်ပြင်လက္ခဏာများကြောင့် နွားနှာခေါင်းငါး Cow Nose Rays ဟု ဒေသခံများက ခေါ်ဝေါ်ကြလေ၏။ အဆိပ်ရှိ သတ္တ၀ါများ ဖြစ်သော်လည်း ရန်ပြုလေ့ မရှိချေ။ ရှက်ကြောက်တတ်သော သဘော သဘာဝရှိသော ရေနေသတ္တ၀ါမျိုး ဖြစ်လေသည်။ ကောက်ယူရရှိသော မှတ်တမ်းများအရ မက္ကဆီကို ကမ်းရိုးတန်း တစ်လျှောက် အနောက် ဖရော်ရီဒါ မှသည် ယူကာတန် အရပ်ဆီသို့ အကောင်ရေပေါင်း ၁၀၀၀၀ အထက် ရှိမည်ဟု ခန့်မှန်းရ၏။
ရံဖန်ရံခါ သဘာဝတရားသည် မိမိတို့ တွေးထင်ထားသည်ထက်ပင် ထူးခြားဆန်းကြယ်သော လှပမှုတို့နှင့် ပြည့်နှက်နေချေ၏။
ဝန်ခံချက်။ ။ အီးမေးလ်မှ ရရှိလာသော အကြောင်းအရာများကို ခံစားချက်များနှင့် တင်ဆက်ခြင်း ဖြစ်၏။
သဘာဝတရားကြီး၏ နက်နဲမှုကို ရင်သပ်ကျောသပ် ရှုမောသွားပါတယ်...
ReplyDeleteပျော်စရာကြီး..ငါးတွေများကြီးတွေ့ရတာအုပ်လိုက်
ReplyDeleteအဲဒီအကောင်တွေတွေ့ရခဲတာအမှန်
Sichuan ငလျင်မလှုပ်ခင်က ဖားတွေအများကြီးလမ်းမပေါ်ကိုထွက်လာတယ်တဲ့ ။ အခုကော......ရိုးရိုးသားသားလား ၊ ထူးထူးခြားခြားလားမသိ ။
ReplyDelete**မြိုး** - ဝေမျှစရာလေးများ ရှိရင် ဖတ်ချင်ပါတယ်။
ReplyDelete**စန္ဒကူးမေ** - ငါးလိပ်ကျောက်ကို ပင်လယ်ခရီးထွက်တုန်းက တစ်ကောင် တွေ့ဖူးတယ်...။ လိပ်ပြာလိုပဲ တစ်ဖြည်းဖြည်းချင်း ရေထဲ ကူးနေတာ။ ဝေလငါးကျတော့ ကျောမှာ အပြောက်ကြီးနဲ့ ကောင်ကို တွေ့ဖူးတယ်။ သူက ပလက်ဖေါင်းနားမှာပဲ ပတ်ချာလှည့် ကူးနေတယ်။ ဝေလငါးသားပေါက်က သူ့ကျောပေါ်မှာ ခိုပြီး လိုက်နေလို့...။
ည ဆို ပလက်ဖေါင်းမှာ မီးတွေ ထိန်နေအောင် ထွန်းထားတော့ ငါးမျိုးစုံတွေ အုပ်လိုက် ပလက်ဖေါင်းကို ပတ်ချာလှည့် ကူးနေတာ ဆို လှသလား မမေးနဲ့...။ အမျိုးမျိုးရယ်တဲ့မှ အထွေထွေပေါ့...။
**သန့်** - ဒီလို ငါးလိပ်ကျောက်မျိုးက တစ်နှစ်ကို နှစ်ခါ စားကျက်ကောင်းမွန်ရာ ရေကြည်ရာ မြက်နုရာကို ရွှေ့ပြောင်းလေ့ ရှိပါတယ်။ စိုးရိမ်စရာ မဟုတ်ပါ။ ပုံမှာ သဘာဝရဲ့ ဖြစ်စဉ်တစ်ခုပါ။ လူတွေက မတွေ့မမြင်ဖူးလို့ အထူးအဆန်း ဖြစ်နေတာပါ။ ဇီဝပညာရှင်များ၊ အဏ္ဏ၀ါ ပညာရှင်များကြားမှာတော့ မထူးဆန်းတဲ့ အဖြစ်တစ်ခုပါတဲ့...။
စားကောင်းရင် ပြီးတာပါပဲကွာ
ReplyDelete