Credit : nahu909yt
မြန်မာနိုင်ငံမှာလဲ ၂၀၀၈ ခုနှစ် မေလတုန်းက ဧရာဝတီတိုင်းဖက်ကို ၀င်ရောက် တိုက်ခတ်ခဲ့တဲ့ နာဂစ် လေဘေးဒဏ်ကြောင့် ဒုက္ခရောက်သူများအတွက် ရန်ပုံငွေဆိုပြီး အိုင်းရွန်းခရော့စ် အဖွက ကိုခင်မောင်သန့်က ကမကထ လုပ်ပြီး ကမ်းလင့်သော လက်များ အမည်ရ သီချင်းခွေကို အနုပညာရှင်များ စုပေါင်း သီဆိုခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီသီချင်းခွေနဲ့အတူ ပရိသတ်ရှေ့မှာ ပျောက်ကွယ်နေခဲ့တဲ့ ကိုလေးဖြူတစ်ယောက် သုဝဏ္ဏကွင်းမှာ စင်မြင့်ထက်ကို ပြန်တက်ခဲ့ပါတယ်။ အဲဒီ အခွေထဲက အားလုံးစုပေါင်း သီဆိုထားတဲ့ သီချင်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
(Original Version)
Credit : Petertual
နာဂစ် ဒုက္ခသည်များအတွက် အိပ်မက်ဆိုးခံစားခဲ့ရတာဟာ တစ်နှစ်တောင် ပြည့်သွားပါပကောလား။ သူတို့တစ်တွေ ဘယ်အခြေအနေအထိ တိုးတက်မှု ရနေပြီလဲ...။
တနှစ်မပြည့်သေးပါဘူး ကဘရဲ့ ဟိ လိုသေးတယ် ရက်ပိုင်း...
ReplyDeleteမေ ၃ ရက်နေ့မှ တစ်နှစ်ပြည့်တာ....နော့ အစ်မရာ..
ReplyDeleteသီချင်းတွေကို မျှဝေပေးတာ ကျေးဇူးပါ။
ReplyDeleteU2 လည်း ဒေါ်အောင်ဆန်းစုကြည်အတွက် walk on ကို ဆိုခဲ့ပါတယ်။
black eyed peas ကလည်း Where is the love ဆိုပြီး ဆိုခဲ့ပါတယ်..
မအယ်က သီချင်း မဆိုတတ်ပါ။ ကို boyz လူမှားတာ နေမှာပါ။
အာလူးပဲ ပေါတတ်ပါတယ်။
အဲဒီသီချင်း မြန်မာလိုလဲ ရှိတယ်လေ.. တို့ ချစ်တဲ့ ကမ္ဘာ ဘာညာဆိုပြီးတော့...
ReplyDeleteKO BOYZ ရေ.. သီချင်းတွေကို ခံစားသွားပါတယ်ဗျာ။ ဟုတ်ပါတယ် နာဂစ်ရဲ့ တနှစ်ဆိုတာ မနေ့ တနေ့ ကလိုပဲ။ သူတို့ ရင်ထဲ ဘယ်လောက်တောင် သတိရနေမလဲဗျာ။ ၀မ်းနည်းရပါတယ်။
ReplyDeleteမနှစ်က ဒီလိုအချိန်မှာ ငိုခဲ့ရတာပေါ့... အဆက်အသွယ်တွေကမရ..
ReplyDeleteအင်တာနက်သတင်းတွေဖတ်ပြီး..
"Song for Burma''-
ReplyDeleteEliana Cuevas & Jeremy Ledbetter
ဆိုတာလဲ ရှိသေးတယ်..
နားထောင်ဖူးပြီးသားပေမဲ့ ထပ်နားထောင်သွားပါတယ်။ အဲလို စိတ်ဓါတ်ခွန်အားပေးတဲ့ သီချင်းတွေကို နားထောင်ရတာကြိုက်တယ်။ အထူးသဖြင့် နာမည်ကြီးအဆိုတော်တွေကို တပေါင်းတစည်းတည်းသီဆို သရုပ်ဆောင်တာမြင်ရလို့ ပိုကြိုက်တာ။
ReplyDelete