Tuesday, April 21, 2009

စုံစီနဖါ ကမ္ဘာတစ်လွှား သတင်းတိုထွာ 210409

  • ခြစားမှုနဲ့ တရားစွဲခံနေရတဲ့ အတိုက်အခံပါတီက နိုင်ငံရေးသမား တစ်ယောက်ဟာ တရားရုံးကို လာရောက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ Venezuela မြို့တော်ဝန် ဖြစ်တယ်လို့ သိရတယ်။
  • ကုလ လုံခြုံရေးကောင်စီကနေ Fiji နိုင်ငံက စစ်အာဏာရှင်စံနစ်ကို ရှုံ့ချ ပြစ်တင်လိုက်ပြီး ရွေးကောက်ပွဲ အမြန်ကျင်းပပေးဖို့ တောင်းဆိုလိုက်ပါတယ်။
  • နှစ်နိုင်ငံအကြား တင်းမာနေတဲ့ အခြေအနေကို စေ့စပ်ဆွေးနွေးရန် မြောက်နဲ့ တောင်ကိုရီးယား နှစ်နိုင်ံအကြား ဆွေးနွေးပွဲကို တစ်နှစ်ကြာ ရပ်တန့်ခဲ့ရာမှ ယမာန်နေ့က စတင်လိုက်ပါတယ်။
  • ကျောင်းသားနှစ်ယောက်ရဲ့ အကြမ်းဖက်မှုကြောင့် အပြစ်မဲ့သူ ၁၃ ယောက် သေဆုံးခဲ့တဲ့ ကိုလံဘိုင်း အကြမ်းဖက်မှု ဟာ ၁၀ နှစ်တိုင်ခဲ့ပါပြီ။ အောက်မေ့ဖွယ် အခမ်းအနားများကို ကျင်းပနေကြပါတယ်။
  • ဖမ်းဆီးမိ တရားခံများကို စီအိုင်အေကနေ မည်သို့ မည်ပုံ စစ်ကြတယ်ဆိုတဲ့ အချက်များကို အိုဘားမား အစိုးရအဖွဲ့က ပြည်သူများထံ အသိပေးပြီးတဲ့နောက်မှာ စီအိုင်အေကို အကာအကွယ်ပေးမှာ ဖြစ်ကြောင်း၊ အဆိုပါ စစ်မေးမှုမှာ ပါဝင်ခဲ့သူ စစ်ဆေးရေး အရာရှိများကို အရေးယူခြင်း မရှိပါကြောင်း ထပ်လောင်း အာမခံ ပြောကြားသွားပါတယ်။ အဲဒီထဲကမှ 9/11 အကြမ်းဖက်သမားများကို စစ်မေးခဲ့တဲ့ အမှုနှစ်ခုဟာ လူ့အခွင့်အရေးနဲ့ ကိုက်ညီမှု မရှိဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့က စွပ်စွဲသွားပါတယ်။ အကြမ်းဖက် ခေါင်းဆောင်နှစ်ယောက်ကို ရေမွန်းသည် အထိ ရေထဲနှစ်ချပြီး စစ်ချက်ယူတာ တစ်ယောက်ကို ၁၈၃ ကြိမ်နဲ့ ကျန်တဲ့ တစ်ယောက်ကို ၁၂၀ ကျော် ကျင့်သုံးခဲ့တယ်လို့ စစ်တမ်းမှာ ဖေါ်ပြပါရှိပါတယ်။
  • Oxfam စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ရာသီဥတုဒဏ်ကြောင့် လွန်ခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်းမှ ထိခိုက်သူ ဦးရေ ၅၀%အထိ ကိန်းဂဏန်းများ ထိုးတက်လာကြောင်း သတင်း ထုတ်ပြန်သွားပါတယ်။
  • နော်ဝေးနိုင်ငံ ရွေးကောက်ပွဲ အကြို နိုင်ငံရေး တိုက်ကွက်အဖြစ် မူဆလင် ဆန့်ကျင်ရေးသမားများက လှုပ်ရှားနေပါတယ်။
  • ယခုနှစ် ပူလစ်ဇာဆု အတွက် The New York Times သတင်းစာတိုက်မှ ရရှိသွားပါတယ်။
  • လိင်တူချင်း လက်ထပ်မှုကို ကန့်ကွက်မိလို့ သူမ Miss USA ဒုတိယဆုသာ ရသွားတယ်လို့ စွပ်စွဲပြောကြားသွားပါတယ်။
  • ရေဒီယို အသံလွှင့်ရုံ နှစ်ရုံကို ၀င်စီးတဲ့ မာဒါကတ်စ်ကာ အဓိကရုဏ်းမှာ လုံခြုံရေးရဲနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခ ဖြစ်ပွားပြီး အသေအပျောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရတယ်။
  • UN ကနေ ဦးဆောင် ကျင်းပတဲ့ Conference on Racism မှာ အီရန်သမ္မတက ပြောကြားတဲ့ မိန့်ခွန်းမှာ အစ္စရေးနိုင်ငံကို ဝေဖန်တဲ့ အချက်ပါရှိတဲ့အတွက် ပြင်သစ်နဲ့ ဗြိတိသျှ သံအရာရှိများဟာ ခန်းမကနေ ထွက်ခွာသွားကြပါတယ်။
  • “အချိန်ရဲ့ သမိုင်း အကျဉ်း” ဆိုတဲ့ နာမည်ကြီး သိပ္ပံစာအုပ်ကို ရေးသားခဲ့တဲ့ အင်္ဂလန်နိုင်ငံသား ပညာရှင် ပရော်ဖက်ဆာ စတီဖင် ဟော့ဖ်ကင်းဟာ ကျန်းမာရေး အလွန်ဆိုးဝါးနေတဲ့ အတွက် ဆေးရုံ တင်လိုက်ရတယ်လို့ ကန်းဘရစ်ခ်ျ တက္ကသိုလ်မှ သတင်း ထုတ်ပြန်ပါတယ်။
  • နိုင်ငံ့အပေါ် သူလျှို ပြုလုပ်မှုနဲ့ စွဲချက်တင်ပြီး ထောင်ဒဏ်ချမှတ်ခဲ့ရတဲ့ အီရန်-အမေရိကန် သတင်းထောက် အမျိုးသမီး Roxana Saberi အတွက် တရားမျှတတဲ့ အယူခံမှု ရရှိစေရမယ်လို့ အီရန်တရားရုံးက တရားသူကြီးချုပ် ထပ်လောင်း အာမခံ ပြောကြားလိုက်ပါတယ်။ အိုဘားမားက ဒီကိစ္စနဲ့ ပါတ်သက်ပြီး အလွန်အမင်း စိတ်ပျက်မိကြောင်း ရှုံ့ချ ပြောဆိုသွားပါတယ်။ အဲဒီ အမျိုးသမီး သတင်းထောက်ဟာ CNA သတင်းဌာနအတွက်လဲ သတင်းရယူပေးတဲ့ ဒေသဆိုင်ရာ သတင်းထောက် ဖြစ်ကြောင်း စင်ကာပူ အခြေစိုက် CNA သတင်းဌာနကလဲ သတင်း ထုတ်ပြန်သွားခဲ့ပါတယ်။
  • တမီးလ် ကျား သူပုန်များ ထိန်းချုပ်ရာ နေရာများကို လျှက်တစ်ပြက် တိုက်ခိုက်ခဲ့ရာမှာ အရပ်သားပေါင်း ၂၅၀၀၀ ကျော်ဟာ စစ်မက်ဘေး ကင်းဝေးရာ နေရာများဆီသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သီရိလင်္ကာာ စစ်တပ်မှ အရာရှိများက ပြောကြားသွားပါတယ်။
  • အမေရိကန် သဘောင်္ကပ်ပတိန်ကို ဖမ်းဆီးခဲ့တဲ့ ပင်လယ်ဓါးပြများထဲက ဆယ်ကျော်သက်အရွယ် ဓါးပြရဲ့ မိခင်ဟာ အိုဘားမားထံ အသနားခံစာ တင်သွင်းထားပါတယ်။
  • အင်္ဂါနေ့ညမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြမယ့် အင်္ဂလန် ပရီးမီးယားလိဂ် အသင်းကြီးနှစ်သင်းဟာ အဓိက ဦးဆောင်သူတွေ မပါမယ့် အခြေအနေ ဖြစ်နေပါတယ်။ လီဗာပူးလ် အသင်းက ဂျာရတ် မပါသလို၊ အာဆင်နယ် အသင်းက ဗဲန်ဗါဆီနဲ့ အဒီဘာရော်တို့ ကွင်းဘေးမှာ ထိုင်နေရမယ့် အနေအထားပါပဲ။
  • ပထမဦးဆုံး အကြိမ် ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းများအရ တရုတ်ပြည်က မဟာတံတိုင်းကြီးဟာ မူလက ခန့်မှန်းထားတာတက် ရှည်လျားနေပါတယ်။ ဒီစစ်တမ်းကို အစိုးရကနေ ကြီးမှူးပြီး တိုင်းတာခဲ့တာ ဖြစ်ပါတယ်။
  • နာမည်ကြီး အော်စကာဆုရ အိန္ဒိယကား တစ်ကား ဖြစ်တဲ့ Slumdog Millionair မှာ မင်းသမီး Latika ငယ်စဉ်ကလေးဘ၀ကို သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ကလေးငယ်မလေးကို ဒူဘိုင်းစော်ဘွားဆီမှာ သမီးအဖြစ် ပေါင် နှစ်သိန်းနဲ့ ရောင်းချမယ်လို့ စွပ်စွဲခံရတဲ့ ဖခင် ဖြစ်သူက အဆိုပါ ကိစ္စကို ငြင်းဆိုလိုက်ပါတယ်။ သတင်းစာတိုက် တစ်တိုက်ကနေ ဖုန်းနဲ့ ဒူဘိုင်း သူဌေး ဟန်ဆောင်ပြီး ချဉ်းကပ်ခဲ့တာမှာ ဖခင်က သူဟာ ဓါးစာခံ ဖြစ်ရတာပါလို့ ငြင်းချက် ထုတ်ပြန်ပါတယ်။ ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှ ကောက်နှုတ်ချက် ဖြစ်ပါတယ်။
  • အင်တာနက်ပေါ်မှာ သတင်းမှားတွေကို ဖြန့်ချိခဲ့တယ်လို့ စွပ်စွဲခံရတဲ့ တောင်ကိုးရီးယားက အသက် ၃၁ နှစ်အရွယ် ဘလော့ဂါ တစ်ဦးကို တရားရုံးက ကွင်းလုံးကျွတ် လွှတ်လိုက်ပါတယ်။
ဤတွင် တစ်ပါတ်အတွင်း သတင်းစဉ် အကျဉ်းချုပ်ကို အစီရင်ခံလို့ ပြီးပါပြီ...။

3 comments:

  1. သတင်းတွေက အကျဉ်းချုပ်လွန်းနေတယ်.. တချို့ဟာတွေနားမလည်ဘူး..
    ဒီလိုအကျဉ်းချုပ်တင်ပြမယ့်အစား တခုခုကို အကျယ်ချဲ့ တင်ပြလျှင်
    လူတွေလည်း ပိုပြီးစိတ်ဝင်စားမယ်..

    (ပုံ/ ဝေဖန်ရေးနှင့်လေကန်ရေး)

    ReplyDelete
  2. သတင်းတွေကို အကျယ်ချဲ့သာတင်မယ်ဆို ကိုကိုဘွိုက် တစ်ယောက် ဘီဘီစီမှာ သတင်းအစီရင်ခံသူ လုပ်လို့ရပီ... လခကတော့ ဖရီးတဲ့ :D

    ReplyDelete
  3. သတင်းပြီးရင် ကြောငြာဝင်မယ် သီချင်းဆိုမယ် ရုပ်ရှင်ပြမယ်

    ReplyDelete