Sunday, July 5, 2009

လူမိုက်

ခွင့်သာခိုက်မှ မလိုက်ချင်
အမိုက် နင့်ပြင် ရှိသေးလား။
ခွင့်သာတုန်းမှ မရုန်းချင်
အရှုံးနင့်ပြင် ရှိသေးလား။
ခွင့်သာဆဲမှ မခဲချင်
အလွဲနင့်ပြင် ရှိသေးလား။

မာန်လည်ဆရာတော် ရေးစပ်ခဲ့တဲ့ ကဗျာတစ်ပုဒ်လို့ သိရပါတယ်။ အဲဒီကဗျာထဲ ပါတဲ့အတိုင်း လောကကြီးမှာ ရခဲလှတဲ့ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ခြင်း မပြုပဲ လက်လွှတ်လိုက်တဲ့ လူ့အန္ဓ၊ ဗာလနံ၊ လူမိုက်များစွာ ရှိသေး/ဆဲ/လတ္တံ့ ဆိုတာကို သိလိုက်ရတယ်။

ဆင်သေထက်က ကျီးငမိုက်သား။

16 comments:

  1. ဘယ်သူ့ကိုပြောတာလဲ ကိုဘ

    ReplyDelete
  2. လူမိုက်ကို ပြောတာ။

    ReplyDelete
  3. အယ် ကိုဘက မှတ်မိနေသေးသားပဲ ပြောပါဦး မှတ်မိတာလား ဒါမှမဟုတ်ရင် google ထဲကနေ ရှာတွေ့တာလား ဟင်

    ReplyDelete
  4. ညက အခွင့်သာခိုက် အိပ်ပြစ်လိုက်တယ် ကိုဘ။

    ReplyDelete
  5. I reckon I know what you mean. :)))

    ReplyDelete
  6. ရှားပါးတဲ့စာကလေးကိုဖတ်ခွင့်ရလို့ကျေးဇူးပါ။

    ReplyDelete
  7. ဒီနေ့ ဘီလို ဖြစ်ပါလိမ့်...လူ မိုက်အကြောင်းတွေ ပဲဖတ်နေရပါသကော...။ ကောင်းဧ။်...း)

    ReplyDelete
  8. ဘယ်သူ့ ကို ပြောချင်တာလဲ

    ReplyDelete
  9. လီယိုနာဒိုဒါကိုဘွိုင်းဇ်

    ဒါဆိုရင် စလေဦးပုညကို လူမိုက်ခေါ်ရမယ်ထင်ရဲ့။ သူက...

    သံသရာဝဋ်ထဲ
    မလွတ်ဘဲနေနေ
    ဇွတ်ဆွဲလို့ တပေပေငယ်
    သေပေစေခင်ရဲ့
    နိဗ္ဗာန်မြို့အမြိုက်ခွင်ကို
    မလိုက်ချင် ရုန်းကန်လို့ဖဲ။.... လို့ စပ်ဆိုခဲ့တယ်မို့လား။

    ဒါထက်စကားမစပ်... ကျနော် အိုင်အီးကနေ ကိုဘွိုင်းဇ်ဘလော့ဂ်ကိုဝင်ရင် ခဏလေးပေါ်လာပြီး လင့်ခ်ကို ဖွင့်မရဘူးဆိုပြီး မက်ဆေ့ခ်ျပြတယ်ဗျ။ အဲလိုဖြစ်နေတာကြာပြီ။ ကိုအင်ဒီဘလော့ဂ်ကို ၀င်ရင်လည်း ထိုနည်းတူပဲ။ (ကျနော့်စက်ကဖြစ်တာလားတော့ မသိဘူး။) တခြားဘလော့တွေတော့ ၀င်လို့ရတယ်။ အခု မြေခွေးမီးလျှံနဲ့ ၀င်လိုက်တာ။

    ReplyDelete
  10. စိတ်ထဲ မလုံလိုက်တာ

    ReplyDelete
  11. Pop up blocker များ Off ထားသလားဗျ။
    အိုင်အီးက ဘာဗားရှင်းလဲ။
    IE 7.57301.3 ဗားရှင်းနဲ့ တက်နေတာပဲ။
    Malware များ စစ်လိုက်ပါဦး ကိုပေါရေ။
    အခုပဲ ထပ်စမ်းလိုက်တယ်။ တက်တယ်ဗျ။

    ReplyDelete
  12. ပြန်မျှပေးတဲ့အတွက် ကျေးဇူးနော်။ နောက်လာလည်အုံးမယ်။

    ReplyDelete
  13. ဟုတ်ကဲ့ မဖြေလည်းမပေး ခေါင်းလည်း မခါပဲ အီလည်လည်လုပ်လို့
    ကိုယ်နဲ့မတွဲဖြစ်လိုက်တဲ့ ကောင်မလေးများကို ဒါလေး ပေးဖတ်ချင်ပါသည်။
    ကိုကိုဘမှတစ်ဆင့် မဟေသီများဆီ များများဖြန့်ဝေပေးပါ။

    ReplyDelete
  14. မီးချစ် လဲ လူမိုက် ပဲ.. ဝန်ခံလိုက်ပါတယ်..ဟီး..

    ReplyDelete
  15. တောထွက်ရင်ကောင်းမလား စဉ်စားနေကာမှ ဘာတွေလာပြောနေမှန်း မသိဘူး။

    ReplyDelete
  16. ဟိုအဘတွေကို ပြောတာမဟုတ်လားးး
    ဘန်ကြီးလဲ အဲလိုပြောတယ်လေ...

    ReplyDelete